Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
သန္ဓေသားဖြစ်လာခြင်း အပိုင်း(၂) – BurmeseHearts

သန္ဓေသားဖြစ်လာခြင်း အပိုင်း(၂)

0

Fetal

ကိုယ်ဝန်ဆောင်သည့် လေးလတာကာလအတွင်း ရောက်လာသည်ဆိုပါက မစားမသောက်နိုင် ပျို့အန်ခြင်းများ အနည်းနှင့်အများ သက်သာလာကာ အစားအသောက် စားချင်စိတ် ပြန်ဖြစ်လာနိုင်သည်။ ကိုယ်ဝန်ဆောင်ကာလ လေးလကျော် ငါးလအထိ ထိုသို့မဖြစ်လာပါက မိမိ ကိုယ်ဝန်အပ်ထားသော ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးသင့်သည်။

ကိုယ်ဝန်ဆောင်ကာလ လေးလမှ ခြောက်လအချိန်သည် ကိုယ်ဝန်ဆောင်စဉ် ကာလတလျောက်၌ အသက်သာ အပေါ့ပါးဆုံးဟု ကျွန်မ၏လက်တွေ့ ခံစားမှုဖြင့် ဆိုချင်သည်။ အဘယ်ကြောင့်ဆိုသော် ပထမသုံးလကလို မစားမသောက် ပျို့အန်ပြီး မအီမသာဖြစ်ခြင်းမျိုး မရှိသလို မိမိခြေထောက် မိမိပြန်မမြင်သည်အထိ မိမိကိုယ်ဝန်ကို အချိန်နဲ့အမျှ အထူးသတိထားရခြင်းမျိုး မရှိသောကြောင့်ဖြစ်သည်။

ကိုယ်ဝန်လေးလမှ စတင်၍ မိမိကိုယ်ထဲ ကလေးရှိနေသည်ကို ကလေး၏ လှုပ်ရှားမှုအရ သိနိုင်သည်။ ထိုကာလမတိုင်မီ ကိုယ်ဝန်သုံးလခန့်တွင်မူ ကလေး၏ နှလုံးခုန်သံကို ဗိုက်ပေါ်လက်တင်ပြီး အာရုံစူးစိုက် သိရှိနိုင်ပေသည်။ ကလေး၏ နှလုံးခုန်သံနှင့် လှုပ်ရှားမှုသည် ကိုယ်ဝန်လေးလမှသည် လရင့်လာလေလေ ပိုသိသာလေဖြစ်သည်။

ကလေးနှလုံးမခုန်တော့လျှင် ၊ ကလေးမလှုပ်တော့လျှင် ဆေးရုံသို့ အမြန်သွားသင့်သည်ဟု ဆိုထားသော်လည်း ကလေးမလှုပ်လျှင် ၊ ကလေးနှလုံးမခုန်တော့လျှင် စိတ်လောမကြီးဘဲ စိတ်အေးအေးထားပါ။ ကလေးအိပ်ပျော်နေသောကြောင့်လည်း ဖြစ်နိုင်ပေသည်။

ထိုအခြေအနေမျိုးတွင် ရေအေးအေးသောက်ကြည့်ပါ ။ ဟာသကားကြည့်ပြီး ရယ်ကြည့်ပါ။ မြူးကြွသည့်သီချင်းများ ကျယ်ကျယ် နားထောင်ကြည့်ပါ။ လမ်းထလျှောက်ကြည့်ပါ။ ထိုကဲ့သို့ ပြုမူလှုပ်ရှားပါလျက် နာရီအနည်းငယ်အတွင်း ဗိုက်ထဲမှကလေး ဘာမှလှုပ်ရှားမှု မရှိပါမှ  ဆေးရုံသွားသင့်သည်။

တတိယ ကိုယ်ဝန်ဆောင်စဉ်ကာလဖြစ်သည့် ကိုယ်ဝန်(၇)လမှ (၉)လအတွင်းတွင်မူ ကိုယ်ဝန်လရင့်လာသည်နှင့်အမျှ နေရထိုင်ရ ခက်ခဲလာသည်။ ထိုအခါမှ မပေါ့မပါးဆိုသည့် မြန်မာစကားမှာ လေးနက်လာပေတော့သည်။ ကိုယ်ဝန်ရင့်လာပြီး မိမိခြေမိမိမမြင်ရ ၊တကယ့်ကို မပေါ့မပါးကြီးနှင့်မို့ ထိုင်လျှင်လဲခက် ၊ ထလဲခက် ၊ လမ်းလျှောက်လဲခက်သလို အိပ်လျှင်လဲ ခက်ပေတော့သည်။

ကိုယ်ဝန်လရင့်လာပါက ကလေး၏လှုပ်ရှားမှု ပိုများလာသလို ကလေးက ပိုသန်လာသောကြောင့် အထူးသဖြင့် အအိပ်အနေ နည်းလာတတ်သည်။ ထို့ကြောင့် အိပ်ချင်စိတ်ရှိသည့်အချိန် အိပ်ချလိုက်နိုင်ကာမှ ပိုအားရှိပေမည်။ အလုပ်လုပ်သည့် မိခင်များအဖို့ ပင်ပန်းနွမ်းနယ်မှု ၊ အားယုတ်လျော့မှုများကို ထိုကာလများတွင် ပိုခံစားရလိမ့်မည်။

နိုင်ငံတကာတွင် ကိုယ်ဝန်ဆောင်ကာလအား ရက်သတ္တပတ်ဖြင့်တွက်ကာ ရက်သတ္တပတ် (၄၀)စွန်းစွန်း သို့မဟုတ် (၄၁)ပတ်တွင် သန္ဓေသားအား နေ့စေ့လစေ့ ဖွားမြင်သည်ဟု အလွယ်တကူ မှတ်ယူနိုင်သည်။ သို့ပေမယ့် ရက်သတ္တပတ် (၃၈)ပတ်မှသည် ရက်သတ္တပတ်(၄၀)အတွင်း သန္ဓေသားအား ဖွားမြင်နိုင်ပေသည်။

ရတု (Burmesehearts.com)

You might also like