Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
သန္ဓေတားခြင်း (အပိုင်း-၂) – BurmeseHearts

သန္ဓေတားခြင်း (အပိုင်း-၂)

0

သန္ဓေတားဆေးများ သုံးစွဲခြင်း

အမျိုးသမီးများအနေဖြင့် သန္ဓေတားဆေးများ သုံးစွဲနိုင်သည်။ ထိုသို့သုံးစွဲရာတွင် သောက်ဆေး ၊ ထိုးဆေး ၊ သားအိမ်အတွင်းထည့်သည့်ပစ္စည်း ၊ လက်မောင်းအတွင်း ပိုက်ထည့်ထားခြင်း (Contraceptive Implant) စသဖြင့်သော နည်းလမ်းများစွာ ရှိပေသည်။

သောက်ဆေးသုံးစွဲသည့် အမျိုးသမီးများ သောက်ဆေးကို သောက်ချိန်မှန်အောင် သုံးစွဲသင့်သည်။ မေ့လျော့ပြီး ဆေးသောက်ချိန်မမှန်ပါက ကိုယ်ဝန်ရရှိနိုင်သည်။

ထိုးဆေးသုံးစွဲသည့် အမျိုးသမီးများအဖို့  ထိုးဆေးသုံးစွဲပါက ရာသီသွေး ပေါ်သူများရှိသလို ၊ မပေါ်သူများလည်း ရှိသည်။ ထိုသူများသည် ကလေးယူမည်ဆိုသည့် ဆုံးဖြတ်ချက်နှင့် ထိုးဆေးဖြတ်လိုက်သည့်တိုင် တချို့မှာ ချက်ချင်း ကလေးမရနိုင်ကြကြောင်းလည်း တွေ့ရှိရသည်။

အမျိုးသမီးလက်မောင်းအတွင်း ပိုက်ထည့်သည့်နည်းကိုမူ တတ်ကျွမ်းနားလည်သည့် ဆရာဝန်များ၏ စီမံမှုဖြင့် ထည့်နိုင်သည်။

အထက်ပါနည်းများအားလုံးသည် ဘေးထွက်ဆိုးကျိုးများ ရှိနိုင်သောကြောင့် မိမိသဘောဖြင့် သုံးစွဲခြင်းကို အားမပေးပေ။ မိမိ၏ရှိရင်းစွဲ ကျန်းမာရေးအခြေအနေကို မိမိအသုံးပြုလိုသည့် နည်းလမ်းဖြင့် တတ်ကျွမ်းနားလည်သည့် ဆရာဝန်အား အရင်ဆွေးနွေးစေလိုသည်။ (သုံးစွဲလိုသူ၏ ကျန်းမာရေးကို အရင်မသုံးသပ်ဘဲ သုံးစွဲလိုသူစိတ်တိုင်းကျ ငွေရပြီးရော လုပ်ပေးတတ်သည့် ဆရာဝန်များဖြင့် သွားရောက် မဆွေးနွေးစေလိုပေ။)

Condom အသုံးပြု ခြင်း

ရာဘာစွပ်တွင် အမျိုးသားသုံး ရာဘာစွပ်နှင့် အမျိုးသမီးသုံး ရာဘာစွပ်ဟူ၍ နှစ်မျိုးရှိပေသည်။

အမျိုးသားသုံး ရာဘာစွပ်သည် ၈၆ ရာခိုင်နှုန်းမှ ၉၈ ရာခိုင်နှုန်းအထိ စိတ်ချရကြောင်း သိရသည်။ သို့ပေမယ့် ရာဘာအမျိုးအစား ကောင်း ၊မကောင်း ၊ ရက်လွန်ရာဘာဖြစ်နေလား ဆိုတာတွေကိုတော့ မသုံးခင် စစ်သင့်သည်။ ထို့အပြင် ရာဘာသုံးထားပေမယ့် သုတ်လွှတ်ပြီးတာနှင့် မိန်းမကိုယ်အတွင်းမှ ထုတ်ပစ်ရန်လည်း အရေးကြီးပေသည်။ နောက်ထပ် အလေးထားသင့်သောအချက်မှာ လိင်တံဖြင့် ထိတွေ့ထားသော လက်ချောင်းများဖြင့် ရာဘာစွပ်ခြင်းဖြစ်သည်။ ထိုအချက်များသည် ရာဘာသုံးလျက်နှင့် ကလေးရရှိသွားနိုင်သော အချက်များဖြစ်သည်။

အမျိုးသမီးသုံး ရာဘာများမှာ ၇၉ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်းအထိ စိတ်ချရကြောင်း သိရသည်။ သို့ပေမယ့် အမျိုးသမီးရော အမျိုးသားပါ နှစ်ယောက်လုံး ရာဘာအသုံးပြုခြင်းကိုတော့ ရှောင်သင့်သည်။ ရာဘာချင်း ပွတ်တိုက်မိပြီး ပေါက်ပြဲ အနေအထားလွဲကာ ကလေးရရှိနိုင်ခြင်း ၊ ရာဘာများ ပွတ်တိုက်မှုကြောင့် အတွင်းအင်္ဂါထိခိုက်ခြင်း ၊ ရောဂါဝင်ခြင်းတို့ ဖြစ်နိုင်သည်။

သားအိမ်ထဲထည့်သည့် သန္ဓေတားနည်း

Intra-Utrine Contraceptive Device (IUCD) သို့မဟုတ်  IUD ဟုခေါ်သော ပစ္စည်းကိုလည်း အမျိုးသမီးက အသုံးပြုခြင်းဖြင့် သန္ဒေသားတားနိုင်သည်။ ထိုပစ္စည်းသည် ၉၇.၄ ရာခိုင်နှုန်းမှသည် ၉၉ ရာခိုင်နှုန်းအထိ စိတ်ချရပြီး (၃)နှစ်ကနေ (၅)နှစ်အထိခံသောကြောင့် လက်ရှိတွင် အသုံးတွင်ကျယ်လှသည်။ မလိုချင်သေးသော သန္ဓေသားရရှိမှုကို တားဆီးနိုင်ပြီး ကလေးလိုချင်လျှင် IUD ကို ကျွမ်းကျင်သူနှင့် အချိန်မရွေးပြန်လည်ထုတ်ယူကာ သန္ဓေသား ရရှိနိုင်ကြောင်း သိရသည်။

ထိုးဆေး ၊ သောက်ဆေးတို့ဖြင့် နှိုင်းယှဉ်လျှင် IUD ဟာ ဘေးထွက်ဆိုးကျိုးနည်းကြောင်း သိရသည်။ နေရာမှား သန္ဓေတည်ဖူးသူတွေအနေနဲ့တော့ လုံးဝမသင့်တော်သော ပစ္စည်းတစ်ခုဖြစ်ကြောင်း သိရသည်။ သို့ပေမယ့် IUD အသုံးပြုသော အမျိုးသမီးများသည် ရာသီပေါ်ချိန်တွင် သွေးဆင်းများနိုင်သဖြင့် သွေးအားနည်းရောဂါ ဖြစ်နိုင်သည့် အန္တရာယ်ရှိကြောင်းလည်း သိရသည်။

ရတု (Burmesehearts.com)
You might also like