Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်တော့ ရှိသင့်တာပေါ့ – BurmeseHearts

ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်တော့ ရှိသင့်တာပေါ့

0

choice

ကိုယ့်ရဲ့နေ့ရက်တွေဟာ အဓိပ္ပါယ်မရှိသလိုဖြစ်နေတယ် ၊ မပျော်ရွှင်နိုင်သလိုဖြစ်နေမယ် ၊ စိတ်ဖိစီးစရာတွေချည်းပဲ ကြုံနေရတယ်ဆို ကိုယ်ဘာဖြစ်ချင်သလဲဆိုတာကို ကိုယ့်ဘာသာသေချာအောင် အရင်လုပ်ပါ။

ကိုယ်ဘာဖြစ်သလဲဆိုတာသေချာရင် ဒီလိုဖြစ်လာဖို့ ဘယ်အရာကစပြီးလုပ်ကိုင်ရင် အကောင်းဆုံးဖြစ်မလဲလို့ တွေးပါ။

ကိုယ့်ဦးနှောက် ၊ ကိုယ့်အတွေ့အကြုံနဲ့ တွေးလို့မရရင် သူများတွေ ဒီလိုဖြစ်သွားအောင် ဘယ်လိုလုပ်ကိုင်သွားသလဲဆိုတာ ရှာဖွေလေ့လာပါ။ နမူနာယူပါ။

သူလုပ်နိုင်ရင် ကိုယ်လည်း လုပ်နိုင်ရမယ်ဆိုတဲ့ မိမိကိုယ်ကိုယုံကြည်ချက် မွေးထားပါ။ စိတ်ဓါတ်ခွန်အား ၊ ဗဟုသုတခွန်အားနဲ့ ၊ ကိုယ်ကာယခွန်အားတွေ တိုးပွားအောင် နေထိုင်ကျင့်ကြံပါ။

ကိုယ်ဖြစ်ချင်တာဖြစ်သွားအောင် နည်းလမ်းရှာပြီး အချိန်နဲ့အမျှကြိုးစားပါ။

သိပ်မကြာခင်မှာပဲ သင်ဟာ ယုံကြည်ချက်အတွက်လုပ်ကိုင်ရင်း အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းနေတဲ့ နေ့ရက်တွေကို ရရှိလာပါလိမ့်မယ်။

ရတု (Burmesehearts.com)

You might also like