Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ရင်သွေးအတွက် အစီအစဉ်ဆွဲခြင်း – BurmeseHearts

ရင်သွေးအတွက် အစီအစဉ်ဆွဲခြင်း

0

ဘယ်လိုအခက်အခဲရှိရှိ လက်တွဲမဖြုတ်ကြေး

အိမ်ထောင်ရက်သား ကျသွားပြီဆိုရင် ရင်သွေးတဖြစ်လဲ ကလေးယူဖို့ကိစ္စဟာ ဇနီးမောင်နှံနှစ်ဦး အထူးဂရုစိုက် ဆွေးနွေးထားရမယ့် အချက်ပါပဲ။

လက်ထပ်ပြီးပြီးချင်း ကလေးယူမှာလား ။

နှစ်ခြားပြီးမှ ကလေးယူမှာလား ။

ဘယ်အချိန် ကလေးယူရင် အကောင်းဆုံးဖြစ်မလဲ ။

ကျွန်မကို တတိယမြောက်မေးခွန်းမေးပြီး အကြံဥာဏ်တောင်းရင်ဖြင့် နှစ်ဦးနှစ်ဖက် စိတ်တူ ၊ သဘောတူ အစစ အဆင်ပြေပြီး ကလေးတစ်ယောက် ပြုစုပျိုးထောင်ဖို့ လူအား ၊ ငွေအား သင့်တင့်တဲ့အချိန်မှာ ယူပါလို့ ဆိုရမှာပါ။

ဘယ်အချိန်ဟာ နှစ်ဦးနှစ်ဖက် စိတ်တူ ၊ သဘောတူ ဖြစ်မှာလဲ

စိတ်တူ ၊ သဘောတူလို့ ပြောတဲ့အခါ လွယ်ပေမယ့် တကယ်ဖြစ်ဖို့ကတော့ မလွယ်လှပါ ။ တအူတုံချင်း မောင်နှမရင်းမပြောနဲ့ ၊ အမွှာမွေးလာသူတွေတောင် အစစ ၊ အရာရာ စိတ်တူ ၊ သဘောတူဖြစ်ဖို့ မလွယ်လှပါ ။ ချစ်လို့ ခင်လို့ တစ်အိမ်ထောင် ထူထောင်လို့ပဲဖြစ်ဖြစ် ၊ အကြောင်းကြောင်းကြောင့် အိမ်ထောင်ကျလာတဲ့အခါ အိမ်ထောင်ဖက်နဲ့ ဘယ်အချိန်အထိ စိတ်ထဲမြဲမြံစွာ တစ်ဦးကိုတစ်ဦး နားလည်စွာ ပေါင်းဖက်သွားနိုင်မလဲ ။

သူ့အကြိုက် ၊ ကိုယ့်အကြိုက် သက်သက်ချည်း ရေရှည် လုပ်သွား၍ မဖြစ်နိုင်သောအခါ သူ့အကြိုက် ၊ ကိုယ့်အကြိုက်တွေကို ရေရှည် သူနဲ့မြဲချင်သည်ဆိုလျှင်ဖြင့် ညှိယူရတော့မည်။ အိမ်ထောင်သက်နုစဉ် တစ်နှစ် ၊ နှစ်နှစ်အတွင်း ချစ်လို့ယူထားတဲ့ သူ့ကို/သူမကို အပြစ်မမြင်ရက် ၊ အပြစ်မြင်လဲ ခွင့်လွှတ်ထားနိုင်ပေမယ့် အိမ်ထောင်သက် သုံး ၊ လေး ၊ ငါးနှစ် ဆိုလျှင်ဖြင့် အရင်လို မဟုတ်တော့ပေ။ ဒါကို အိမ်ထောင်သက် ရင့်လာသောသူတိုင်း သိလိမ့်မည်။

တစ်ဦးအပေါ် တစ်ဦးနားလည်ပြီး တစ်ယာက်အပေါ် တစ်ယောက်ခွင့်လွှတ် ညှိနှိုင်းသည့် အိမ်ထောင်ဖက်များသာ ပျော်ရွှင်ချမ်းမြေ့သည့် အိမ်ထောင်သည်ဘဝကို အိုအောင်မင်းအောင် ဖြတ်သန်းနိုင်လိမ့်မည်။ ထိုအကြောင်းကို အဓိက စပြောရခြင်းမှာ မိသားစုတစ်စုတွင် မိဘများ ချစ်ခင်ပျော်ရွှင်ပြီး ယင်းအိမ်ထောင်မြဲမြံမှသာ ပျော်ရွှင်သည့်ကလေးငယ်ကို ရရှိပေလိမ့်မည်။

ကိုယ်ဝန်ရလာပြီဆိုပါက ယင်းကိုယ်ဝန်အား မွေးဖွားမည်ဟု ဆုံးဖြတ်လိုက်ကတည်းက ကိုယ်ဝန်ဆောင်နေသည့် မိခင်ကျန်းမာရေး ၊ ကလေးကျန်းမာရေးမှသည် ကလေးတစ်ယောက် မိမိခြေထောက်အပေါ် မိမိရပ်တည်နိုင်သည်အထိ လူလားမြောက်အောင် မွေးဖွားသွားဖို့ဆိုသည်မှာ တကယ် နက်နက်နဲနဲ တွေးသည့်သူများအတွက် မလွယ်ကူလှပေ။

မွေးပြီး သူ့ဟာသူ ဖြစ်သွားမှာပေါ့ဟူသည့် အတွေးတိမ်တိမ်တွေးပြီး မွေးလာသော မိသားစုများကိုတော့ ကျွန်မ မဆိုလိုပါ။ မိမိကလေး မိမိ အကောင်းဆုံး စောင့်ရှောက်လိုသည်ဆိုသော မိဘများကိုသာ အကြံဥာဏ်ပေးခြင်းဖြစ်သည်။ အထူးသဖြင့် သားဦး မွေးဖွားမည့် မိဘများကို မိဘတာဝန်အား မိတ်ဆက်ပေးလိုခြင်း ဖြစ်သည်။

မိဘ၏ ယုယချစ်ခင်မှုကို မခံစားရသော ၊ မိဘမစုံမလင် သော်လည်းကောင်း ၊ မိဘနှင့် ခွဲခွါနေထိုင်ရလျှင်သော်လည်းကောင်း ၊ မိဘ ဆွေမျိုး ပတ်ဝန်းကျင် အသိုင်းအဝန်း၏ ဖိနှိပ် ချုပ်ခြယ်မှုကို ခံရသော ကလေးများသည် လည်းကောင်း စိတ်ဒဏ်ရာဖြင့် ကြီးပြင်းရသော ကလေးများ ၊ စိတ်အားငယ်မှုဖြင့် ကြီးပြင်းလာရသော ကလေးများဖြစ်ဖို့ ရာခိုင်နှုန်းများသည်။

ယခု အိမ်ထောင်မသာယာလျှင် ကလေးရပြီး အိမ်ထောင်သာယာလာမည်ဟု မည်သူအတပ်ပြောနိုင်မည်နည်း။ မသာယာလာခဲ့သော် ဘာမသိ ညာမသိ လူ့လောကအလယ် ရောက်လာသော ကလေးသာ စိတ်ဒဏ်ရာ ရပေမည်။

အိမ်ထောင်တစ်ခုသည် သူစိမ်းနှစ်ဦး ပေါင်းစပ်ခြင်းဖြစ်သည်။ စိတ်သဘောထား မတိုက်ဆိုင်လို့ ထိုသူစိမ်းနှစ်ဦး လမ်းခွဲလိုက်ပါက သူစိမ်းနှစ်ဦးသာ ပြန်ဖြစ်သွားမည်။ ထိုသူစိမ်းနှစ်ဦး လမ်းခွဲပြီးနောက် သူ့လမ်းသူလျှောက် ကိုယ့်လမ်းကိုယ်လျှောက်နိုင်သည်။

သားသမီးရှိတဲ့ မိဘနှစ်ဦး လမ်းခွဲလိုက်လျှင် ကလေး က အမေနှင့် လိုက်ရမည်လော ၊ အဖေနှင့်လိုက်ရမည်လော ဒွိဟဖြင့် အကောင်းဆုံးထင်သူနောက် လိုက်လာသည့်တိုင် စိတ်ဒဏ်ရာ မပေးတတ်သည့် မိဘများနှင့် မိစုံဖစုံ အတူမနေလိုသော သားသမီးမရှိပေ။

ကလေးမွေးဖွားပြီးမှ လင်မယား စိတ်ဝမ်းကွဲလို့ လမ်းခွဲခြင်း ၊ လမ်းမခွဲဘဲ မထူးဇတ်ခင်းပြီး တခြိမ်းခြိမ်း ရန်ဖြစ်နေခြင်း စသဖြင့်သော အကြောင်းအရာများကား ကလေးစိတ်ကို ဒဏ်ရာရစေလိမ့်မည်။

ကလေးတစ်ဦးသည် မည်သည့်မိဘတွင် ဘယ်အချိန် ဝင်စားခွင့်ရချင်သည်ဟု ရွေးချယ်ခွင့်မရှိ။ မိဘများကသာ ဘယ်အချိန်တွင် ကလေးယူမည်ဟု ရွေးချယ်ခွင့်ရှိသည်။

ထို့ကြောင့် ကလေးကို ကလေး၏ တာဝန်ယူနိုင်မှ မွေးခြင်းသည် အကောင်းဆုံးဖြစ်သည်။ ကလေးတာဝန်ဟု ဆိုရာဝယ် ကလေးကျန်းမာရေး ၊ ပညာရေး ၊ အဝတ်အစား ၊ ကစားစရာမှအစ ကလေးစိတ်ပျော်ရွှင်မှုအထိ အဖက်ဖက်မှ ပါဝင်သည်။ မိဘအနေနဲ့ ဒါတွေဖြည့်ဆည်းဖို့ စိတ်ရော ၊ လူရော အဆင်သင့် ပြင်ဆင်ပြီးပါမှ ကလေးယူသင့်သည်။

စိတ်အားဖြင့် ပြင်ဆင်ထားရမည်ဆိုသည်မှာ ကိုယ်ဝန်ရလာသည်နှင့် အထူးသဖြင့် မိခင်ဖြစ်သူမှာ အစားအသောက် ၊ အနေအထိုင် စသဖြင့် ယခင်ကလို လွတ်လပ်မှုမျိုး မရှိတော့ပေ ။ ဒါ့အပြင် အိမ်ဝေယျာဝစ္စ ၊ ခင်ပွန်းဝေယျာဝစ္စ စသဖြင့်တို့လည်း လစ်ဟင်းချက်များ ၊ အလိုမကျချက်များ ရှိလာမည်။ ဒါ့အပြင် အလုပ်လုပ်သည့်မိခင်အဖို့ စိတ်အလိုမကျမှုများ ပိုများလာနိုင်သည်ကို ပြင်ဆင်ထားသင့်သည်။

ခင်ပွန်အနေဖြင့်လည်း ကိုယ်ဝန်ဆောင် ဇနီးသည်၏ လစ်ဟင်းမှုများကို မငြိုငြင်ဘဲ ဇနီးလိုအပ်သည့် ကိစ္စရပ်များဖြည့်ဆည်းပေးဖို့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်သည်။

ဒါ့အပြင် ကလေးမွေးဖွားလာပါက ကလေးငိုသံကြောင့် အိပ်ရေးပျက်လာနိုင်မည့်အရေး ၊ ကလေးကို ဦးစားပေးဂရုစိုက်နေရလို့ မိမိအပေါ် ယခင်ကလို ရာနှုန်းပြည့် ဂရုမစိုက်နိုင်တော့တဲ့ဇနီး အစရှိသည်တို့ကိုလည်း နားလည်းပေးနိုင်ရန် ပြင်ဆင်ထားသင့်သည်။

ဖခင်တစ်ဦးအနေဖြင့် အရေးအကြီးဆုံးအရာမှာ အိမ်ထောင်တစ်ခုလုံးစာအတွက် နေထိုင်စားသောက်ရေး နှင့် ကျန်းမာရေး အစရှိသည်တို့အတွက် ငွေကို ပြည့်စုံအောင် ရှာပေးနိုင်ဖို့ကလည်း အရေးကြီးပေသည်။

ငွေကြေး နှင့် စိတ်ဓါတ်ပိုင်းဆိုင်ရာ အစရှိသည်တို့ကို ကလေးအတွက် ပြင်ဆင်ပြီး၍ အစစ အဆင်သင့်ရှိပြီဆိုပါက အိမ့်ဆည်းလည်းဖြစ်သည့် ကလေးတစ်ဦးကို ရယူဖို့ ဒုတိယအဆင့်ကလေးရရှိဖို့ ကြိုးစားအားထုတ်ခြင်းလည်း ရှိရပေမည်။ ထီမထိုးသူအတွက် ထီပေါက်ဖို့ အခွင့်အလမ်း ဘယ်ရှိမည်နည်း။ ထို့အတူ ထီထိုးတိုင်းလည်း ထီပေါက်သူတွေချည်းတော့ မဟုတ်ပေ။

ကိုယ်ဝန်ရရှိခြင်းဟူသည် ဖိုမျိုးဥနှင့် မမျိုးဥ နှစ်ခုအောင်ပြီးမှ ပဋိသန္ဓေတည်ခြင်း ဖြစ်ပေရာ အမျိုးသားရော ၊ အမျိုးသမီးရော ကျန်းမာသန်စွမ်းပြီး ကလေးရနိုင်ကြသူများဖြစ်လျက် ကလေးမရနိုင်သေးပါက ကလေးရနိုင်မည့် နည်းလမ်းများ ၊ အချိန်များအား ကြိုးစားရပေမည်။

ဖိုမျိုးဥသည် အမျိုးသား၏ သုတ်နှင့်ပါသွားပေရာ အမျိုးသမီး၏ မမျိုးဥနှင့် ပေါင်းစပ်ပါမှ သန္ဓေအောင်ပြီး ကိုယ်ဝန်ရရှိခြင်းဖြစ်သည်။ အမျိုးသမီး၏ မမျိုးဥမှာ တစ်လလျှင် တစ်ကြိမ်သာ ကြွေပြီး (၅)ရက်သာ အသက်ရှင်ကြောင်းလည်း သိရသည်။

ဆေးပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ မမျိုးဥကြွေခြင်းသည် အမျိုးသမီးတစ်ဦး၏ ရာသီမပေါ်မီ (၁၂)ရက်နှင့် (၁၆)ရက်အကြာ၌ ဖြစ်ပေါ်ကြောင်းသိရသည်။

ကိုယ်ဝန်ရလိုသော အမျိုးသမီးတစ်ဦးသည် ပြက္ခဒိန်တစ်ခုပေါ်တွင် မိမိရာသီလာသော နေ့ရက်အား (၁)ဟု စတင်ရေးချ ရေတွက်ထားပါက ရာသီလာပြီး (၁၅)ရက်မှ (၁၉)ရက်အတွင်းသည် မမျိုးဥ ရှင်သောရက်များဟု သတ်မှတ်နိုင်သည်။ ထိုအတောအတွင်း အိမ်ထောင်ဆက်ဆံပါက ကိုယ်ဝန်ရနိုင်ပေသည်။

ရတု(burmesehearts.com)

You might also like