Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ရက်ရှောင်၍ အတူနေနည်း အပိုင်း(၂) – BurmeseHearts

ရက်ရှောင်၍ အတူနေနည်း အပိုင်း(၂)

0

ရက်ရှောင်၍ အတူနေနည်း အပိုင်း(၁) အား ဒီမှာ ကလစ်နှိပ် လေ့လာနိုင်သည်။

လှလှသည် ယခု မေလ(၅)ရက်နေ့တွင် ရာသီပေါ်မည်ဆိုပါစို့ ။ အောက်ပါဇယားကိုကြည့်၍ မေလအတွက် လှလှ၏ ရာသီခွင်အား တွက်ချက်နိုင်သည်။

how to calculate

ပုံမှန်ရာသီသုံးရက် ရာသီပေါ်သော လှလှသည် မေလ(၅)ရက်နေ့တွင် ရာသီပေါ်ပါက မေလ(၇)ရက်တွင် ရာသီပြီးမည်။ ထိုအခါ မေလ(၈)ရက်မှ (၁၅)ရက်အထိ ခင်ပွန်းနှင့် အကာအကွယ်မသုံးဘဲ အတူနေထိုင်နိုင်သည်။

မေလ(၁၆)ရက်နေ့မှ (၂၅)ရက်နေ့များအတွင်း ခင်ပွန်းနှင့် အတူနေလိုပါက မိမိသော်လည်းကောင်း ၊ ခင်ပွန်းသော်လည်းကောင်း ရာဘာ(Condom)ကို အကာအကွယ်ယူ၍ အတူနေကြမည်။

မေလ(၂၆)ရက်နေ့မှ ဇွန်လ(၂)ရက်နေ့အတွင်းတွင်မူ လှလှတို့ဇနီးမောင်နှံ အကာအကွယ်မသုံးဘဲ အတူပြန်နေနိုင်သည်။

လှလှနည်းတူ မိမိရာသီစလာသောရက်အား ထိုဇယားတွင် ချမှတ်သား၍ ယခုလ၏ မည်သည့်ရက်တွင် မိမိ၌ မမျိုးဥကြွေမည်။ ယခုလ၏ မည်သည့်ရက်များသည် မိမိအတွက် စိတ်ချရသည့်ရက်များဖြစ်သည်။ မည်သည့်ရက်များကတော့ အကာအကွယ်လိုသည်ဆိုတာကို မှတ်သားသိရှိနိုင်သည်။

ထိုဇယားအတိုင်း လစဉ် မိမိ၏ရာသီခွင်အား တွက်ချက်၍ အတူနေမည်ဆိုပါက ကလေးရနိုင်မှုကို အထိုက်အလျောက် တားဆီးနိုင်ပြီး သားသမီးယူလိုက အချိန်မရွေး ယူနိုင်ပေမည်။

အထက်ဖော်ပြပါဇယားမှာ ရာသီလာစောခြင်း ၊ နောက်ကျခြင်းများမရှိဘဲ လစဉ် ထိုရက်တွင် ရာသီပေါ်လေ့ရှိသော ဓမ္မတာမှန်သည့် အမျိုးသမီးများအတွက်ဖြစ်သည်။ ရာသီပေါ်ရက်မမှန်ပါက မိမိနှင့်သင့်တော်သော သန္ဓေတားဆေးများကို သုံးစွဲသင့်သည်။

အထက်ပါ အကြောင်းအရာများသည် အရွယ်ရောက်သူများအတွက် လိင်ပညာပေး သင်ခန်းစာတွင် ပါဝင်ပြီးသားဖြစ်ပေမယ့် သင်ခန်းစာမယူရသေးသူများအတွက် စာအဖြစ် မျှဝေပေးလိုက်ခြင်း ဖြစ်သည်။

ရာသီပုံမှန် မပေါ်သူများနှင့် ဇနီးကော ၊ ခင်ပွန်းကော ကျန်းမာလျက်မှ ရင်သွေးမရနိုင်သေးသူများအတွက် ဤလင့်ခ် တွင် သွားရောက်လေ့လာနိုင်သည်။ သင်ခန်းစာဖြစ်၍ ထိုသို့လေ့လာနိုင်ရန် Register လုပ်ရမည်ဖြစ်သည်။

ကိုးကား – ဒေါက်တာမောင်မောင်ညို(သိပ္ပံနည်းကျ အိမ်ထောင်သည်ဘဝ)

ရတု(burmesehearts.com)

You might also like