Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မပျော်ရွှင်တဲ့ ကလေးငယ်များ ဘာကြောင့်ဖြစ်ရတယ် – BurmeseHearts

မပျော်ရွှင်တဲ့ ကလေးငယ်များ ဘာကြောင့်ဖြစ်ရတယ်

0

အပြစ်မဲ့ဆုံးလူသားသည် ကလေးသူငယ်များဖြစ်သည်။
အပြစ်မဲ့ဆုံးလူသားသည် ကလေးသူငယ်များဖြစ်သည်။

သားဦး သမီးဦးရလာတဲ့ သားဦးမိဘတွေအတွက် မိဘတစ်ယောက်ရဲ့ ခံစားမှုဟာ မယုံနိုင်လောက်တဲ့ ခံစားမှုတစ်ခုပါ။ ပျော်စရာတစ်ခုလိုလို အဲဒီခံစားမှုဟာ ကြောက်စရာကောင်းသလိုလေးလည်း ခံစားရစေပါတယ်။ ဒီကလေး ပိစိကွေးလေးကို ကိုယ့်ရဲ့အိမ်မှာ ၊ ကိုယ့်လက်ထဲမှာ ရှိနေမယ်ဆိုတဲ့ ခံစားချက်ဟာ ကိုယ့်မှာတာဝန်ရှိတယ်လို့ ခံစားစေမှာဖြစ်သလို ကိုယ့်ကလေးအတွက် အကောင်းဆုံး လုပ်ပေးသွားမယ်ဆိုတဲ့ ခံစားချက်ကိုလည်း ခံစားစေနိုင်မှာပါ။

ကလေးပိစိကွေးလေး လူ့လောကထဲ စရောက်တဲ့ အချိန်ကစလို့ သူမရောက်လာခင် ကိုယ်လုပ်ကိုင်ခဲ့တဲ့ နေ့တဓူဝကိစ္စတွေကို ရွှေ့တန်ရွှေ့ ပြောင်းတန်ပြောင်းနဲ့ ညညဆိုလည်း သူလေးအတွက် အိပ်ရေးပျက်တဲ့ညတွေ ကြုံရတော့တာပါပဲ။

ဒီလိုနဲ့ ကလေးအဖေ ၊ အမေ ဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာ ကိုယ်နေထိုင်မှုပုံစံဟာလည်း ကလေးမရခင်ကလို ပုံစံမျိုးမဟုတ်ဘဲ ပြောင်းလဲလို့ ဘဝဆိုတာကို ပိုပြီး လေးလေးနက်နက် ခံစားလာတတ်ပါတယ်။

ဒီ့နောက်ပိုင်း အလုပ်လုပ်တဲ့ မိခင်တွေအတွက် ကလေးနဲ့အတူဆက်ပြီး မိခင်တာဝန်ဗာဟီရတွေကို နေ့စဉ်လုပ်သွားမလား ၊ အလုပ်ပြန်ဝင်မလားဆိုတာကို ဆုံးဖြတ်ရတော့မှာပါ။ ဖြစ်သင့်တာတွေ ၊ လုပ်သင့်တာတွေ ရှိပေမယ့် သင်ဘာလုပ်ချင်သလဲဆိုတာ သင့်ကိုသင် ပြန်မေးရမှာပါ။ သင်ဘာလုပ်ချင်ပါသလဲ။

ဒီမေးခွန်းကို ဆုံးဖြတ်တဲ့အခါမှာ သူများတွေ ဘာလုပ်သလဲ ၊ ဘာရွေးချယ်သလဲဆိုတာကို သင်ကြည့်ပြီး သင်ယူတော့တာပဲ။ ငွေကြေးမပြည့်စုံလို့ အလုပ်ပြန်ဝင်ရတယ်ဆိုတဲ့ မိဘတွေထက် ဖခင်တစ်ဦးလုပ်စာနဲ့ နေထိုင်စားသောက်နိုင်ရက်နဲ့ အလုပ်ပြန်ဝင်တဲ့ မိခင်တွေလည်း ရှိပါတယ်။

ငွေကြေးပြည့်စုံတဲ့ မိသားစုထဲမှာလည်း ကိုယ့်ကလေးကိုယ် ပြုစုစောင့်ရှောက်ခြင်းမရှိဘဲ လူငှါးစောင့်ရှောက်စေတာလည်း ရှိပါတယ်။ ဒါကြောင့် မဖြစ်လွန်းလို့ ကိုယ့်ကလေး ကိုယ်မစောင့်ရှောက်နိုင်တာပါဆိုတဲ့ အဖြေဟာ ရာနှုန်းပြည့် မှန်ကန်ခြင်း မရှိပါဘူး။

 မွေးကင်းစကလေးအရွယ်ကနေ (၃)နှစ်အတွင်းမှာ ကလေးငယ်များဟာ တဘဝလုံးအတွက် ဘဝမှာ အရေးအကြီးဆုံးဆိုတဲ့ ဘဝသင်ခန်းစာတွေကို သင်ယူတဲ့အရွယ်ပါ။ အဲဒီလို သင်ယူတဲ့ ဘဝသင်ခန်းစာထဲမှာ ဘယ်လို ချစ်ခင်ကြင်နာရမလဲဆိုတာလဲ ပါနေပါတယ်။

ဒါပေမယ့် ယနေ့ခေတ်ထဲမှာတော့ အလုပ်များမြောင်ပြီး အားချိန်ရှားလွန်းတဲ့ မိဘတွေနဲ့ ကလေးအနီးအနား ရှိသူတွေကြောင့် ယနေ့ခေတ်ကလေးများဟာ စိတ်အတွင်းဝယ် အေးစက်စက်နဲ့ တခုခုကိုပဲ ဝမ်းနည်းနေသလို ၊ ပိုပိုပြီး စိတ်ဖိစီးမှုတွေ ရှိနေလို့ ဆတ်ဆတ်ထိမခံတဲ့ စိတ်တွေနဲ့ ကြီးပြင်းလာကြတယ် ဆိုရင်ဖြင့် သေချာပါတယ် ဒီကလေးတွေဟာ ကိုယ်တွင်းစိတ် အေးချမ်းတည်ငြိမ်မှုလို့ခေါ်တဲ့ (Inner Peace) နဲ့ မိဘအုပ်ထိန်းသူနဲ့ ပူးပူးကပ်ကပ်နေထိုင်ခြင်း (Closeness) ဆိုတာတွေ မရှိခဲ့လို့ပါလို့ ကလေးသူငယ်များ စိတ်ပညာရှင်တစ်ဦးဖြစ်သူ Steve Biddulph က ဆိုခဲ့ပါတယ်။

ရတု (Burmesehearts.com)

You might also like