Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မီးတွင်းထဲက စိတ်ဖိစီးမှု – BurmeseHearts

မီးတွင်းထဲက စိတ်ဖိစီးမှု

0

တမဟုတ်ချင်း ဟော်မုန်းပြောင်းလဲခြင်းခံလိုက်ရတဲ့ မိခင်ဟာ စိတ်ဖိစီးမှု ခံရပါတယ်။
တမဟုတ်ချင်း ဟော်မုန်းပြောင်းလဲခြင်းခံလိုက်ရတဲ့ မိခင်ဟာ စိတ်ဖိစီးမှု ခံရပါတယ်။

ကိုယ်ဝန်ဆောင်တုန်းသာ ဟော်မုန်းပြောင်းလဲလို့ ဂရုစိုက်သင့်တယ်။ ကလေးမွေးပြီးရင် မလိုတော့ဘူးလို့ ထင်နေရင် လုံးဝမှားပါမယ်။ ကလေးမီးဖွားလိုက်တာနဲ့ တရိပ်ရိပ်ပြောင်းလဲလာခဲ့တဲ့ ကိုယ်ဝန်ဆောင် ဟော်မုန်းအဆင့်ဟာ တမဟုတ်ချင်း ကျသွားပါတော့တယ်။ ကိုယ်တွင်းဟော်မုန်းပြောင်းလဲမှုဒဏ်ကို မိခင်ဟာ အလူးအလဲခံရမှာပါ။ ဘယ်လိုခံစားကြရလဲ လေ့လာရအောင်နော်။

ကျသွားတဲ့ ဟော်မုန်းအဆင့် (တမဟုတ်ချင်း ဟော်မုန်းပြောင်းလဲမှု)ကြောင့် မိခင်ဟာ ထိလွယ်ရှလွယ် ခံစားမှုနဲ့ ပြည့်နှက်နေပါတယ်။ သူမဟာ အကြောင်းမရှိဘဲလဲ ငိုချင်နေမယ်။ စိတ်တွေ ခက်ထန်ကြမ်းတမ်းနေနိုင်သလို စိတ်ပြောင်းလဲလို့နေပါတယ်။ ပြီးတော့ စိတ်ဖိစီးမှုအပြည့်ရှိလို့ နေနိုင်ပါတယ်။ ဒါဟာ အိမ်ထောင်ရေးအခြေအနေကြောင့် ၊ စီးပွားရေးအခြေအနေကြောင့် ၊ မွေးကင်းစကလေးကြောင့် ၊ ကိုယ်ပေါ်က နာကျင်မှုတွေကြောင့်ဆိုတာထက် မိမိကိုယ်တွင်းက ဟော်မုန်းပြောင်းလဲမှုတွေကြောင့်ပါ။
BurmeseHearts Blog
ဒီအချက်ကို မိခင်ကိုယ်တိုင်နဲ့ မိသားစုအတွင်းမှာ မသိထားရင် အိမ်ထောင်ရေး ပဋိပက္ခအသွင် ဖြစ်သွားတတ်ပါတယ်။ သူမရဲ့ကိုယ်တွင်းဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ပြောင်းလဲမှုတွေ ၊ စိတ်ဖိစီးမှုတွေကို နားလည်ပေးရပါမယ်။ မလိုအပ်ဘဲ စိတ်ထိခိုက် ငိုကြွေးနေနိုင်တဲ့ သူမကို နားလည်ပြီး ကိုယ်မှန်နေသည့်တိုင် အလျှော့ပေး ဖြောင်းဖျပြောဆိုပေးရမှာပါ။ မိခင်ကိုယ်တိုင်ကလည်း သူမခံစားနေရတာတွေကို တစ်ဦးတည်းကျိတ်ခံစားတာမျိုးမလုပ်ဘဲ မိမိခင်ပွန်း ၊ မိမိကို နားလည်မှု အပေးနိုင်ဆုံးလူတွေကို ဖွင့်ထုတ်ပြောဆိုရမှာပါ။ ဒါမှ စိတ်ခံစားမှု မြန်မြန် သက်သာလာနိုင်ပါတယ်။

ကိုယ်ထဲက သားအိမ်ကျုံ့နေလို့နာ ၊ ဗိုက်ခွဲမွေးသူနဲ့ မိန်းမကိုယ်ညှပ်မွေးသူတွေက ဒဏ်ရာတွေကနာ ၊ သားဦးမိခင်တွေက ပထမဆုံးနို့တိုက်တဲ့အတွေ့အကြုံကြောင့် နို့အုံယောင်ယမ်းပြီးနာ ၊ အနာရှိန်တွေကြောင့် အဖျားလဲဝင်နိုင် ၊ ကလေးလဲ နှစ်နာရီခြားတစ်ခါ နို့တိုက်ရ ၊ ကိုယ်ခွဲမရှိတဲ့ မိခင်တွေ ကလေးချီးဝတ် သေးဝတ် လုပ်ပေးရတာ ၊ ကိုယ်တိုင် သန့်စင်ရေချိုးပေးရတာ ၊ ကိုယ်တိုင်ချက်ပြုတ်စားရတာ စတဲ့ အခက်အခဲတွေ အများကြီးရှိနေချိန်မှာ ကိုယ်တွင်းက ဟော်မုန်းပြောင်းလဲမှုကြောင့် စိတ်ပြောင်းလဲမှုတွေလဲ ခံစားနေရပါတယ်။ သူမကို သနားကြင်နာစွာ နားလည်မှု မပေးသင့်ဘူးလား ။ လိုအပ်တဲ့ ကူညီမှုတွေ မပေးသင့်ဘူးလားနော်။

မီးဖွားပြီးနောက် ဟော်မုန်းပြောင်းလဲမှုကြောင့် ခံစားရတဲ့ စိတ်ပြောင်းလဲမှုတွေဟာ တစ်လကြာပြီးတဲ့နောက်ပိုင်း နဂိုပုံမှန် ပြန်ဖြစ်လာမှာ ဖြစ်ပါတယ်။ တစ်လနောက်ပိုင်းကြာလို့မှ နဂိုစိတ်ပုံမှန်အခြေအနေမျိုးမဟုတ်ဘဲ ဆက်ပြီး ထိလွယ်ရှလွယ်ခံစားချက်တွေနဲ့ စိတ်ဖိစီးမှုတွေ ရှိနေရင်တော့ တတ်ကျွမ်းနားလည်တဲ့ အထူးကုဆရာဝန်နဲ့ တိုင်ပင်ပြသရမှာပါ။ ဒါဟာရှက်ကြောက်စရာ ကိစ္စမဟုတ်ဘဲ ဒီစိတ်ဖိစီးမှုတွေ မိမိတသက်တာ ပါမသွားဖို့ဖြစ်ပါတယ်။

ရတု (Burmesehearts.com)
BurmeseHearts Courses

You might also like