Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မိခင်နို့၏ ဂုဏ်သတ္တိ – BurmeseHearts

မိခင်နို့၏ ဂုဏ်သတ္တိ

0

ကလေးနို့စို့တဲ့အခါ မိခင်နို့ ကလေးခံတွင်းထဲဝင်သွားပုံ
ကလေးနို့စို့တဲ့အခါ မိခင်နို့ဝင်သွားပုံ

ကမ္ဘာပေါ်ရှိ ဆရာဝန်များ ၊ သိပ္ပံပညာရှင်များ ၊ စိတ်ပညာရှင်များ နဲ့ မနုသဗေဒပညာရှင်တို့က ၎င်းတို့ရဲ့ ရှုထောင့်အသီးသီးကနေ အကုန်လုံး တညီတညွတ်တမ်း ထောက်ခံထားတာကတော့ ရင်သွေးငယ်တို့အတွက် မိခင်နို့ရည်ဟာ အကောင်းဆုံးသော အာဟာရဖြစ်ကြောင်းပါ။

ဘာကြောင့်ကောင်းသလဲဆိုလို့ရှိရင် ကလေးရဲ့ ဦးနှောက်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးတဲ့ DHA ပါဝင်နေလို့ဖြစ်ပါတယ်။ ဒီလိုဆိုရင် DHA ပါဝင်တဲ့ ကလေးသီးသန့်သောက်တဲ့ နို့မှုန့်ဝယ်တိုက်လို့ မရဘူးလားလို့ မေးနိုင်ပါတယ်။ မိခင်နို့ လုံးဝ မတိုက်နိုင်ဘူးဆိုရင်တော့ ကလေးကို အငတ်ထားလို့ မဖြစ်တာမို့ တိုက်ပါလို့ ဆိုရမှာဖြစ်ပါတယ်။

ဒါပေမယ့် နောက်ဆုံးလေ့လာတွေ့ရှိချက်တွေအရ နို့ကြာကြာတိုက်ခဲ့တဲ့ မိခင်တွေရဲ့ ရင်သွေးတွေဟာ နို့ကိုမဖြစ်ညစ်ကျယ်လေးတိုက်ခဲ့တဲ့ မိခင်တွေရဲ့ရင်သွေးတွေထက် ပိုထက်မြက်လို့နေပါတယ်။

မိခင်နို့ချိုတိုက်ကျွေးခြင်းဖြင့် ကလေးအတွက် ရရှိသော အကျိုးအာနိသင်များ

၁။ မိခင်၏နို့ရည်သည် ရင်သွေးငယ် ပြီးပြည့်စုံစွာ ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်သော အာဟာရဓါတ် နှင့် ရောဂါကာကွယ်ရေးဓါတ်များ အပြည့်အဝပါဝင်သည်။

၂။ မိခင်နို့ရည်သည် အခြားသော အစာအာဟာရများထက် အစာချေလွယ်ကူကာ ကလေးငယ်များ လေထခြင်း ၊ ဝမ်းသွားခြင်း ၊ ဗိုက်နာခြင်းတို့ ဖြစ်ပွားမှု နည်းစေသည်။

၃။ မိခင်နို့ရည်ထဲတွင် ကလေးငယ်အတွက် ကိုယ်ခံအားတိုးတက် ကောင်းမွန်စေကာ ရောဂါပိုး ကူးစက်မှုအန္တရာယ် လျော့နည်းစေသော ဓါတ်သတ္တိများ ပါဝင်သည်။

၎။မိခင်နို့ချို တိုက်ကျွေးခြင်းအားခြင့် ရုတ်တရက် ကလေးသေဆုံးခြင်း အန္တရာယ်မှ လျော့နည်းစေပြီး နောင်ကလေးကြီးလာသောအခါ အဝလွန်ခြင်း ၊ ဆီးချိုရောဂါ ဖြစ်ပွားခြင်း အန္တရာယ်တို့မှ လျော့နည်းစေသည်။

၅။ မိခင်နို့ချို့ ကောင်းမွန်စွာ သောက်စို့ခွင့်ရသော ကလေးငယ်များ၏ ဥာဏ်ရည် နှင့် အမြင်အာရုံများသည် မိခင်နို့ချို ကောင်းမွန်စွာ သောက်စို့ခွင့်မရသော အခြားကလေးများထက် ပိုမို ကောင်းမွန်သည်။

၆။ မိခင်က အနီးကပ်ချီပွေ့၍ နို့ချိုတိုက်ကျွေးခြင်းခံရသော  ကလေး နှင့် မိခင်အကြား သံယောဇဉ်ပိုမိုခိုင်မြဲလာကြောင်း လေ့လာတွေ့ရှိရသည်။

၇။ နို့ချိုတိုက်ကျွေးခြင်းကြောင့် ကိုယ်ခံအားကောင်းလာသော ကလေးဟာ ဖျားခဲ ၊ နာခဲလှသဖြင့် ဆရာဝန်ပြသခနှင့် ကလေး ဆေးကုသစရိတ်သက်သာပြီး နို့မှုန့်တိုက်ကျွေးလို့ ကုန်ကျစရိတ်များမှလည်း သက်သာစေသည်။

၈။ ရာသီမရွေး အပူအအေးမျှတသော မိခင်နို့ရည်ဟာ နေ့နေ့ညည (၂၄)နာရီကာလပတ်လုံး အဆင်သင့်ရှိနေသည်။ (နို့မှုန့်ဖျော်တိုက်သည့်အခါ အေးလွန်း ၊ပူလွန်းသည့် နို့အခြေအနေကို ကလေးဒုက္ခခံရနိုင်သည်။)

၉။ မိခင်နို့သောက်စို့ရင်း မိခင်ရင်ခွင်၌ နေခွင့်ရသော ကလေးများဟာ လုံခြုံမှုကို ခံစားရပြီး နို့စို့ချိန်တိုင်း မိခင်မေတ္တာကို ခံယူခွင့်ရသောကြောင့် ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်ကြောင်း သိရသည်။

BurmeseHearts Blog

မိခင်နို့ချိုတိုက်ကျွေးခြင်းဖြင့် မိခင်အတွက် ရရှိသော အကျိုးအာနိသင်များ

၁။ မွေးကင်းစကလေး နို့ချိုသောက်စို့သည့်အခါ မိခင်၏သားအိမ်ကျုံ့အားကို အားကောင်းစေပြီး ကလေးမွေးဖွားပြီးနောက် သွေးဆင်းများခြင်းမှလည်း သက်သာရာရစေသည်။

၂။ မိမိရာသီပြန်ပေါ်နိုင်သောကာလအား နှောင့်နှေးစေပြီး သဘာဝအတိုင်း ခံစားစေသည်။

၃။ ကလေးအား နို့ချိုတိုက်ကျွေးနေသမျှ ကာလပတ်လုံးတွင် မိမိစားသုံးခဲ့သော အဆီအဆိမ့်များဟာ လောင်ကျွမ်းသွားသဖြင့် မိမိကိုယ်အလေးချိန် တက်ခြင်းကို ထိန်းထားနိုင်ပြီး ကိုယ်ဝန်လွယ်ချိန်က တက်လာခဲ့သော ကိုယ်အလေးချိန်များကိုလည်း နဂိုအတိုင်း ခပ်မြန်မြန် လျော့ကျစသေည်။

၅။ ရင်သားကင်ဆာ ၊ သားအိမ်ကင်ဆာ ၊ သားအိမ်ပိုင်းဆိုင်ရာ ကင်ဆာများ နှင့် အရိုးပွခြင်းရောဂါ ဖြစ်နိုင်သည့် အန္တရာယ်များ လျော့ကျစေသည်။

နို့ချို့တိုက်ကျွေးခြင်းကြောင့် ရရှိမည့်ကောင်းကျိုးများဖော်ပြပြီးနောက် မိခင်နို့ချို မသောက်စို့ခဲ့ရသော ကလေးများ ရရှိနိုင်သည့် ဆိုးကျိုးများကိုလည်း ဖော်ပြရပေမည်။

မိခင်နို့ချို လုံလောက်စွာ သောက်စို့ခွင့်မရသော ကလေးများဟာ အစာအိမ်လမ်းကြောင်းပိုင်းဆိုင်ရာ ရောဂါပိုးများ ဝင်ရောက်နိုင်ခြင်း ၊ ဆီးလမ်းကြောင်းပိုင်းဆိုင်ရာ ရောဂါပိုးများ ဝင်ရောက်နိုင်ခြင်း ၊ အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားခြင်းစသည့် အန္တရာယ်များ ကြီးစွာရှိနေကြောင်း သိရသည်။

ကလေးကို နို့ချိုမတိုက်ကျွေးခဲ့သော မိခင်များမှာမူ သားမြတ်ကင်ဆာ နှင့် သားအိမ်ပိုင်းဆိုင်ရာ ကင်ဆာများအပြင် အရိုးပွရောဂါ ခံစားနိုင်သည့်အန္တရာယ်များ ကြီးစွာရှိကြောင်းလည်း သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းများ လက်ခံထားသော ကလေးတစ်ဦးအား လုံလောက်စွာ နို့ချိုတိုက်ကျွေးရမည့်ကာလမှာ မွေးကင်းစမှ ခြောက်လအထိ (အခြားဖြည့်စွက်အစာနှင့် ရေမလိုဘဲ မိခင်နို့သီးသန့်) တိုက်ကျွေးရန်ဖြစ်သည်။

ရတု (Burmesehearts.com)

 
BurmeseHearts Courses

You might also like