Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မသင်ချင်သော သင်ခန်းစာ – BurmeseHearts

မသင်ချင်သော သင်ခန်းစာ

0

ကျွန်မအနေနဲ့ သင်ခန်းစာတွေထဲက လိင်ပညာပေး သင်ခန်းစာ သင်ရတာကို စိတ်အညစ်ဆုံးပါ။ဟီရိသြတပ္ပတရားကို လက်ကိုင်ထားကြတဲ့ မြန်မာလူမျိုး သဘာဝအရ ဒီခေါင်းစဉ်အောက်မှာ အမျိုးသမီးတစ်ဦးအနေနဲ့ ဖြစ်နိုင်ရင် မဆွေးနွေး ၊ မသင်ပြလိုပါဘူး။

တကယ်လိုအပ်တဲ့ သင်ခန်းစာတွေ ဦးစားပေး ပို့ချနေချိန် အရွယ်ရောက်ဖို့ စိုင်းပြင်းနေတဲ့ ဆယ်ကျော်သက်လေးတွေနဲ့ အရွယ်ရောက်ပြီးသား လူငယ် ၊ လူရွယ်တွေအတွက် ဒီသင်ခန်းစာဟာ မရှိမဖြစ် လိုအပ်တဲ့ သင်ခန်းစာတစ်ခုပါ။

အပျို ၊ လူပျိုဖြစ်ခါစ မြန်မာနိုင်ငံက ဆယ်ကျော်သက်လေးတွေဟာ သွေးသားပြောင်းလဲမှုအရ တဖက်လိင်ကို အလိုလို စတင်စိတ်ဝင်စားမှုတွေ ဖြစ်ပေါ်လာပါတယ်။ ခံစားမှု မထိန်းနိုင်သူတွေက ချစ်ကြ ၊ ကြိုက်ကြ ၊ တွဲကြတာပေါ့။ ဒီလို ချစ်ကြိုက်တွဲသွားရုံနဲ့ ရပ်နေရင် တော်သေးရဲ့။ ရှေ့တလှမ်းဆက်တက်မယ်ဆိုရင် ဒီလိင်ပညာပေးဟာ မသိမဖြစ် သိထားသင့်တဲ့ အချက်တွေပါ။

မြီးကောင်ပေါက် အပျိုလေးတွေဟာ မြန်မာ့ဓလေ့ထုံးစံအတိုင်း နေထိုင်ကြရတာမို့ ကိုယ်စိတ်ဝင်တစား သိချင်လာတဲ့ ဒီလိင်ကိစ္စကို မှန်မှန်ကန်ကန် သိရှိနိုင်ဖို့ ဘယ်လိုလုပ်ကြမလဲ။

စာအုပ်ဆိုင်မှာ အဲဒီစာအုပ်ပေးပါလို့မေးပြီး ရှာဖတ်ရမလား။
ဒါလဲ မဖြစ်နိုင်သေးဘူး။ မေးဖို့ကိုက ရှက်စရာနော်။ အဲဒီစာအုပ်ကြီး ထိုင်ဖတ်ရင်လည်း ရှက်စရာကောင်းနေတယ်။ အိမ်ယူသွားပြီး ဖတ်လို့ကလဲမဖြစ်။ ဝယ်နိုင်သည့်တိုင်အောင် ခိုးဝှက်ဖတ်ရမယ့်သဘောနော်။ မိဘတွေ တွေ့လို့သွားကတော့ ဘာပြောကောင်းမလဲပေါ့။

အနီးစပ်ဆုံးဖြစ်တဲ့ မိဘ ညီအစ်ကို မောင်နှမတွေကို လိင်ကိစ္စ ပွင့်ပွင့်လင်းလင်း ရှင်းပြသင်ကြားပေးပါလို့ ပြောရမလား။
စာအုပ်ဖတ်နေရင်တောင် မိုးမီးလောင်နိုင်တဲ့ အခြေအနေမှာ ဖွင့်မေးလိုက်လို့ကတော့ သေပြီပေါ့။ ဒီတော့ မြီးကောင်ပေါက် အပျိုလေးတွေဟာ သိလဲသိချင် ၊ မေးလဲမမေးရဲ ဟိုနားစွင့် ဒီနားစွင့်နဲ့ တစွန်းတစ ကြားသိရတာလေးကို အဟုတ်လုပ် ကြီးပြင်းကြရတာ မဟုတ်ဘူးလား။

ဒီလို ဟိုတစ ၊ သည်တစ ကိုယ်သိရှိ ကြားသိရတဲ့ လိင်ကိစ္စဆိုတာ မှန်ရင်တော်ပါသေးရဲ့ ။ မှားနေခဲ့ရင် မခက်ပေဘူးလား။ တကယ်တိတိကျကျ မိမိအန္တရာယ်ကိုသိပြီး ကာကွယ်သွားနိုင်ဖို့ဆိုတာ မြန်မာနိုင်ငံက မြီးကောင်ပေါက်လေးတွေအတွက် ပိုခက်ခဲနေသေးတယ်။ အဲဒီအခါ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာတာပေါ့။

မြီးကောင်ပေါက် အပျိုလေးတွေချည်းလားဆို မဟုတ်ပါဘူး။ လူပျိုလေးတွေလည်း ပါနေတယ်။ အရွယ်ရောက်စ လူပျိုလေးတွေဟာ ဇလဲထုတ်ပြချင် ၊ ထဲထဲဝင်ဝင်လဲ မသိတော့ နီးစပ်ရာ အတွေ့အကြုံရှိ အမျိုးသားတွေဆီမှာာ မေးရပြန်ရော။ ရရှိတဲ့ သတင်းတွေဟာ မှန်ရင်တော်သေးရဲ့ မှားရင် မခက်ချေဘူးလား။

ဒီလိုစူးစမ်းတဲ့ သူတို့တွေ သိရှိသွားတာကတော့ ညစ်ညမ်းစာတွေထဲက တချို့သော အကြောင်းအရာများ အများစုဖြစ်၍ လက်တွေ့လုပ်ဆောင်မှုမှာ အခက်အခဲတွေ တွေ့ရှိလာပါမှ ဘယ်လိုကာကွယ်ရမယ်ဆိုတာတွေကို အဖြေရှာမိကြတာဖြစ်တယ်။

သန္ဓေတားဆေး စား ၊ သောက် ၊ ထိုးခိုင်းရင် ပွဲသိမ်းတယ်လို့ ထင်ထားတဲ့ ဒီလူပျို ၊ အပျိုလေးတွေဟာ ဒီဆေးတွေရဲ့ အာနိသင်က ဖြစ်ပေါ်လာမယ့် ဘေးထွက်ဆိုးကျိုးတွေကို တကယ်မသိရှိခဲ့တာကြောင့် မိနစ်အနည်းငယ် စပ်ယှက်မှုအတွက် အများအားဖြင့် မိန်းကလေးက ကျန်းမာရေး နစ်နာသွားကြရတာများပါတယ်။ ဒါကြောင့် ဒီအဖြစ်တွေ နည်းသထက်နည်းနိုင်ဖို့ အမျိုးသမီးတစ်ဦးဖြစ်တဲ့ ကျွန်မဟာ ဒီလိင်ပညာပေး သင်ခန်းစာ ပို့ချဖို့ ဖြစ်လာတာပါပဲ။

ရတု(Burmesehearts.com)

You might also like