Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ဘယ်အချိန်ကစပြီး ကိုယ်ဝန်ရှိတာကို စမ်းသပ်သိနိုင်မလဲ? – BurmeseHearts

ဘယ်အချိန်ကစပြီး ကိုယ်ဝန်ရှိတာကို စမ်းသပ်သိနိုင်မလဲ?

0

မ-မျိုးဥနဲ့ ကျားသုက်ပိုးတို့ ပေါင်းစပ်ပြီးနောက် ၆ ရက်အကြာမှာ သန္ဓေက သားအိမ်အတွင်းဆုံးအလွှာမှာ လာကပ်မယ်။ အဲဒီအချိန်ကစပြီး HCG ဟော်မုန်း ထွက်လာပြီ။ သန္ဓေကပ်ပြီးနောက် ၁ဝ ရက်ဆိုရင် စမ်းလို့ရပါပြီ။

ဆီးစစ်ကိရိယာကို ရာသီလာရမဲ့ရက်ထက် တချို့က တရက်နောက်ကျရင်တောင်မှ စမ်းနိုင်တယ်ဆိုပေမဲ့၊ တပါတ်နောက်ျချိန်မှာ စမ်းသင့်တယ်။ တပ်သေချာချင်သေးရင် တခါစမ်းပြီးနောက် တပါတ်နေရင် ပြန်စမ်းပါ။

သွေးစစ်တာကို ရာသီလာရမဲ့ရက်အထိတောင် စောင့်စရာ မလိုပါ။ လလည်ရက်နောက် တပါတ်၊ ဆိုလိုတာက မျိုးဥ ထွက်ချိန်နောက် တပါတ် တနည်းပြောရရင် သွေးဆင်းရမဲ့ရက်ထက် တပါတ်စောချိန်မှာ စမ်းရင်တောင်မှ ပြမယ်။

ပုံမှန်အားဖြင့် မိမိရာသီပေါ်မည့်ရက်ထက် ရက်သတ္တပတ် လေးပတ်မှ ငါးပတ်အထိ ရာသီမပေါ်သေးပါလျှင် မနက်ဆီးဖြင့် စမ်းသပ်စစ်ဆေးနိုင်ပြီး ထိုလေးပတ်မှ ငါးပတ်အချိန်တွင် ပဋိသန္ဓေတည်နေပါက ကိုယ်ဝန်တည် ဟိုမုန်းများသည် ဆီးထဲတွင် ပါဝင်လာသောကြောင့် ဆီးစစ်ကိရိယာဖြင့် ကိုယ်ဝန်ရှိ ၊ မရှိ အလွယ်တကူ စစ်ဆေးသိရှိနိုင်ပေသည်။

HCG ဟော်မုန်းက ကိုယ်ဝန်ပထမ(၃)လအတွင်း တရက်ပြီးတရက် များများလာတယ်။ နောက်တော့ ကျသွားတယ်။

ဘာဆက်လုပ်ရမလဲ?

ဆွေးနွေးမယ်ဆိုရင်တော့ အဆင့်(၁)နဲ့အဆင့်(၂)ကို လုပ်ဖို့လိုပါတယ်။

အဆင့်(၁)

  • BurmeseApp on Google Play ကနေ BurmeseApp ကို ဒေါင်းလုတ် လုပ်ရင်လုပ် ၊ ဒါမှမဟုတ်    ဒီမှာ    ဒေါင်းလုတ်လုပ်ရပါမယ်။ 
  • ပြီးရင် သန္ဓေတည်ခြင်း နဲ့ပတ်သက်လို့ အဖွဲ့လိုက်ဆွေးနွေးဖို့ ဒီပေ့ခ်ျကို ပြန်လာရပါမယ်။ 

အဆင့်(၂)

ဝက်ဘ်ဆိုဒ်ကနေ တိုက်ရိုက် ဆွေးနွေးချင်တယ်ဆိုရင်တော့   ဒီမှာ    ကလစ်နှိပ်ပြီး အဆင့်လိုက် လုပ်ဆောင်ရပါမယ်။

( CONCEPTION)

You might also like