Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
တရားကိုသိမြင်၍ ဘုရားနှင့်သံဃာဂုဏ်ကိုပါ သေချာသိမြင်လာခြင်း – BurmeseHearts

တရားကိုသိမြင်၍ ဘုရားနှင့်သံဃာဂုဏ်ကိုပါ သေချာသိမြင်လာခြင်း

0

ငယ်ငယ်တုန်းကတည်းက ရွတ်ဆိုခဲ့တဲ့ သရဏဂုံသုံးပါးရဲ့ ဂုဏ်ကို သူများအပြောလောက်နဲ့သိပြီး လေးလေးနက်နက် ခံစားသိမြင်ခဲ့ရတာမျိုးမရှိပါဘူး။ ဘာကြောင့် ဘုရားကို ကိုးကွယ်တာလဲ ၊ ဘာကြောင့် တရားကို အနှိုင်းမဲ့လို့ပြောဆိုနေကြတာလဲ ၊ ဘာကြောင့် သံဃာကို ဦးထိပ်ထားရမလဲ ဆိုတာတွေကို သေချာ နားလည်သိမြင်ခဲ့ခြင်း မရှိတာပါ။

ဗုဒ္ဓဘုရား ရှာဖွေတွေ့ရှိခဲ့တဲ့ ဝိပဿ      နာကို ကျင့်ကြံအားထုတ်ရင်း အကြောင်းကြောင့် အကျိုးဖြစ်နေတာရယ် (ကံ ကံ၏အကျိုး) ၊ ဖြစ်ပျက်နေတဲ့သဘောတရား (အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ)ရယ် ၊ သံသရာလည်နေတဲ့သဘောဆိုတာကို ကောင်းကောင်း သိမြင်လာခဲ့တဲ့အချိန်မှာ တရားနဲ့ကိုယ်တိုင်ထိတွေ့လာခဲ့ပြီမို့ တရားရဲ့ ဂုဏ်သတ္တိကို သိမြင်လာခဲ့ပါတယ်။ ဒီတော့ “ဓမ္မံပူဇေမိ” ဆိုတာကို စိတ်နှလုံးထဲကနေ ယုံယုံကြည်ကြည် ရွတ်ဆိုနိုင်ခဲ့ပြီလေ။

လောကထဲရှိနေတဲ့ တရားစစ် ၊ တရားမှန် ဘယ်လိုရှာရမယ်လို့ ဝိပဿ      နာတရားတော် ကျင့်ကြံပုံကို နည်းပေးလမ်းပြလုပ်ခဲ့တဲ့ ဗုဒ္ဓမြတ်စွာဘုရားဟာ ကျွန်မအတွက် အကြီးမြတ်ဆုံးသော ဆရာတစ်ဦးပါပဲ။ ဗုဒ္ဓပေးခဲ့တဲ့နည်းလမ်းအတိုင်း ကျင့်ကြံလို့ တရားတွေ့ခဲ့တာမို့ တရားတော်ကိုနည်းပြ သတ္တဝါတို့အကျိုးငှါ ပျံ့ပွားအောင် ချန်ရစ်ထားခဲ့တဲ့ ဗုဒ္ဓဘုရားရဲ့ကျေးဇူးဟာ တုနှိုင်းစရာမရှိအောင် ကြီးမားလှပါပေတယ်။ ဒါကြောင့် ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကို ရည်စူးပြီး ဗုဒ္ဓံပူဇေမိ” ဆိုတာကို စိတ်နှလုံးထဲကနေ လေးနက်ယုံကြည်စွာ ရွတ်ဆိုနိုင်ခဲ့ပြီ။

ဗုဒ္ဓနည်းနဲ့ ဝိပဿ      နာတရားကို တကယ်ကျင့်ခဲ့တော့ ရက်သတ္တပတ်အတွင်း တရားဆိုတဲ့အရသာကို ခံစားနိုင်ခဲ့တယ်။ ငြိမ်းအေးမှုအစစ်ကိုခံစားနိုင်ခဲ့တယ်။ ကိုယ်တောင် ဒီလောက်လေးကျင့်ရုံနဲ့ ဒီလောက်ကလေးသိလို့ ဒီလောက်ထိ ငြိမ်းအေးချမ်းသာမှုကို ခံစားရရင် အသေင်္ချေများစွာနဲ့ချီပြီး ကျင့်ကြံခဲ့တဲ့ ဗုဒ္ဓမြတ်စွာဘုရား ၊ တရားကို ဒီလိုရှာရတယ်လို့ နည်းပေးလမ်းပြလုပ်ခဲ့တဲ့ ဗုဒ္ဓမြတ်စွာဘုရားက ဘယ်လောက်များ တရားတော်ကို နှံ့စပ်သိမြင်လိုက်မလဲနော်။ ဒီတော့ မြတ်စွာဘုရားရဲ့ ဥာဏ်ပညာတော်ကိုလည်း အကြွင်းမရှိ ယုံကြည်သွားတယ်။

ဗုဒ္ဓရဲ့ ဝိပဿ      နာတရားတော်တွေကို ယနေ့အချိန်အထိ ပြန့်ပွားအောင် ၊ ကျင့်ကြံအားထုတ်နိုင်အောင် အသိပညာတွေ ၊ အကျင့်တွေ လက်ဆင့်ကမ်းပေးနေတဲ့ သံဃာတော်တွေရဲ့ ဂုဏ်ကျေးဇူးဆိုတာကိုလည်း ဒီမှာ သိမြင်လာပါပြီ။ ကိုယ်တိုင်ကလည်း ရွှေမင်းဝံဆရာတော်ကြီးရဲ့ သာသနာ့ရိပ်သာမှာ ကျင့်ကြံပြီး ဒီလိုတရားတွေကို သိမြင်လာခဲ့တော့ ကိုယ်ကျိုးကိုစွန့်ပြီး သာသနာ့အကျိုးအတွက် စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့ ဒီလိုသံဃာတော်တွေရဲ့ ဂုဏ်ကျေးဇူးဆိုတာလည်း ကြီးမားလှပါတယ်။ ဒါကြောင့် ဒီသံဃာတော်တွေရဲ့ ဂုဏ်ကျေးဇူးကို ရည်မှန်းပြီး “သံဃံပူဇေမိ” ဆိုတာကို စိတ်နှလုံးထဲကနေ လေးနက်ယုံကြည်စွာ ရွတ်ဆိုနိုင်ခဲ့ပါပြီ။

ဘုရားကိုယုံကြည်ခြင်း ၊ တရားကိုယုံကြည်ခြင်း ၊ သံဃာကိုယုံကြည်ခြင်းဆိုတာကို သံသယကင်းစွာ ပြုလာနိုင်ပြီဆိုတော့ ဘုရား ၊ တရား ၊ သံဃာအပေါ်မှာ ယုံမှားသံသယဖြစ်နေတဲ့ ဒိဠိပယ်သွားတာပေါ့။ ဘယ်သူကမှလာဖယ်တာမဟုတ်ဘဲ ကိုယ်တိုင်တွေ့ရှိတဲ့တရားက သံသယတွေကို ဖယ်ရှားလိုက်တာပါ။ ကိုယ်တိုင်ကျင့်ကြံပြီး ကိုယ်တိုင်သိမြင်လို့ ကိုယ်တိုင်သံသယတွေ ရှင်းသွားတာပေါ့။

ဒီလို တရားကို ကိုယ်တိုင်သိမြင်လာပြီးနောက်ပိုင်းမှာတော့ ဗုဒ္ဓံပူဇေမိ” “ဓမ္မံပူဇေမိ” “သံဃံပူဇေမိ” ဆိုတာနဲ့ ဗုဒ္ဓံသရဏံ ဂစ္ဆာမိ” “ဓမ္မံသရဏံ ဂစ္ဆာမိ” “သံဃံသရဏံ ဂစ္ဆာမိ” ဆိုတာကို ကျေးဇူးတွေ ၊ ဂုဏ်တော်တွေ ရည်မှန်းလို့ ရင်ထဲကနေ လှိုက်လှုက်လှဲလှဲ (သံသယတွေအကြွင်းမဲ့) ရွတ်ဆိုနိုင်ခဲ့ပါပြီ။

သြကာသ (Burmesehearts.com)

You might also like