Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ဇက်မခိုင်သေးတဲ့ကလေး ချီပိုးခြင်း – BurmeseHearts

ဇက်မခိုင်သေးတဲ့ကလေး ချီပိုးခြင်း

0

newborn and mother

ဗိုက်ခွဲမွေးလို့ပဲဖြစ်ဖြစ် သဘာဝအတိုင်း မွေးလို့ပဲဖြစ်ဖြစ် မိမိ၏ကလေး အောင်မြင်စွာ ကျန်းကျန်းမာမာ မွေးဖွားလာပြီဆိုပါစို့ ။

မိခင်ရော ကလေးပါ ကျန်းမာရေးကောင်းတယ်ဆိုရင် ချက်ကြိုးဖြတ် သန့်စင်ပြီးတဲ့ကလေးကို မိခင်ရဲ့ ရင်ဘတ်ပေါ်မှာ မိခင်အသားနဲ့ ကလေးအသား ထိတွေ့လို့ (Skin to Skin) မိနစ်အနည်းငယ်ကြာ ပွေ့ဖက်ထားခိုင်းပါတယ်။

ဒါဟာ မိခင်ဝမ်းထဲကနေ လူ့လောကထဲ အခုမှရောက်ရှိလာတဲ့ နေရာသစ် ၊ လောကသစ်ရဲ့ တွေ့ထိခံစားမှုတွေကြောင့် ကလေးစိတ်ဖိစီးမှု မဖြစ်သွားစေဖို့လည်း ဖြစ်ပါတယ်။ ခဏကြာရင်တော့ အမေ့ရဲ့ နို့ချိုမွှေးမွှေးနဲ့ ကလေးကို စပြီး မိတ်ဆက်ပေးပါတော့တယ်။

ကလေးလက်ပြောင်းလက်လွှဲ နှင့် အိပ်ယာထက်မှ သယ်ချီမပုံ

တံတောင့်ခွက်တွင် ကလေးဦးခေါင်းထား၍ ကလေးအား ပိုက်ပြီးချီပိုးထားခြင်းဟာ မခက်ခဲလှပေမယ့် ကလေးကို အိပ်ယာထဲမှ ချီပိုးခြင်း ၊ အိပ်ယာထက်သို့ ချခြင်း ၊ တစ်ဦးနှင့်တစ်ဦး လက်လွှဲလက်ပြောင်း ကလေးချီပိုးခြင်းတို့တွင် မွေးကင်းစကလေးအား ချီပိုးပုံသည် အလွန်အရေးကြီးလှသည်။

လက်ပြောင်းလက်လွှဲ နှင့် အိပ်ယာထက်မှ သယ်ချီမပုံ
လက်ပြောင်းလက်လွှဲ နှင့် အိပ်ယာထက်မှ သယ်ချီမပုံ

မွေးကင်းစအရွယ်ကနေ ကလေးငါးလစွန်းစွန်းအထိ ဇက်ဟာ ကောင်းကောင်း မခိုင်သေးပါဘူး။ ခြောက်လဆိုရင်တော့ ဇက်ကောင်းကောင်းခိုင်နေပါပြီ။ အထူးသဖြင့် မွေးကင်းစလို ဇက်မခိုင်သေးတဲ့အရွယ်မှာ ကလေးကို အိပ်ယာထက်က မချီပိုးဖို့ယူတာ ၊ တစ်ဦးနဲ့တစ်ဦး လက်ပြောင်းလက်လွှဲ ယူတာတွေမှာ ကလေးရဲ့ဇက်ကို အထောက်အပံ့ ပေးထားဖို့ အရမ်းအရေးကြီးပါတယ်။ ဒါမှမဟုတ်ရင် ဇက်လန်သွားနိုင်ပါတယ်။

ပုံမှာ ပြထားတဲ့ မယူသယ်ချီပိုးပုံဟာ ကလေးရဲ့ဇက် ၊ ဦးခေါင်းနဲ့ ကျောရိုးကို အထောက်အပံ့ပေးထားတဲ့အတွက် ကလေးဟာ သက်တောင့်သက်သာ ဖြစ်စေပါတယ်။

ဘယ်ဖြစ်ဖြစ် ၊ ညာဖြစ်ဖြစ် လက်တစ်ဖက်ရဲ့ လက်မနဲ့ လက်သန်းကြွယ်တို့ဟာ ကလေးရဲ့ ပုခုံးနှစ်ဖက်ကို အထောက်အပံ့ဖြစ်စေပြီး လက်သန်းကတော့ အလိုက်သင့်ထားနိုင်သည်။ လက်ညှိုးနဲ့ လက်ခလယ်ကတော့ ကလေးရဲ့ နောက်စေ့ကို အထောက်အပံ့ဖြစ်တဲ့အခါ ကလေးဇက်မခိုင်တာကို အလိုလို အထောက်အပံ့ဖြစ်သွားစေပါတယ်။

နောက်လက်တစ်ဖက်ရဲ့ လက်ဖျားထိပ်များဟာ ကလေးရဲ့ ကျောကုန်းကို အထောက်အပံ့ဖြစ်စေတဲ့အခါ ကလေးရဲ့ ကျောရိုးမကြီးအား အလိုလို အထောက်အပံ့ ဖြစ်စေပါတယ်။

ကလေးရဲ့ လက်နဲ့ ခြေထောက်များ ဘယ်လိုပင် လှုပ်ရှားစေဦး ၊ ရုန်းကန်စေဦး မိမိဟာ အဓိကနေရာများဖြစ်သည့် ဦးခေါင်း ၊ ပုခုံး နှင့် ကျောတပြင်လုံးကို အလိုက်သင့် ထိန်းချုပ်သွားနိုင်တဲ့အတွက် ချီပိုးရင်း ကလေးပြုတ်ကျမှာ ၊ မွေးကင်းစ နုနယ်တဲ့ကလေး ထိခိုက်ဒဏ်ဖြစ်သွားမှာတွေကို မစိုးရိမ်ရတော့ဘူးပေါ့။

ရတု (Burmesehearts.com)

You might also like