Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ဆန့်ကျင်ဘက် အမျိုးသမီးတွေရဲ့ အိမ်ထောင်ရေးဒုက္ခ – BurmeseHearts

ဆန့်ကျင်ဘက် အမျိုးသမီးတွေရဲ့ အိမ်ထောင်ရေးဒုက္ခ

0

လူတိုင်းမှာ အလှကိုယ်စီရှိပြီး စိတ်အလှသာလျှင် တသက်တာခံသည်။
လူတိုင်းမှာ အလှကိုယ်စီရှိပြီး စိတ်အလှသာလျှင် တသက်တာခံသည်။

“ဣတ္ထိရူပံဓနံ” ဆိုသည်မှာ မိန်းမတို့၏အဆင်းဟာ ဥစ္စာမည်၏လို့ အဓိပ္ပါယ် သက်ရောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လှပချောမောတဲ့ အမျိုးသမီးတွေဟာ ချမ်းသာတဲ့ခင်ပွန်းကိုရပြီး ကြွယ်ဝချမ်းသာနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ဒါဆို မလှတဲ့သူတွေကော ယောကျာ်းမရနိုင်တော့ဘူးလား ။ ချမ်းသာတဲ့သူ မရနိုင်တော့ဘူးလား။ မချမ်းသာနိုင်တော့ဘူးလားလို့ မေးစရာရှိပါတယ်။

ပိုနည်းလည်အောင် ရှင်းပြရရင် ရုပ်လှတဲ့သူ ၊ ချောတဲ့သူတွေက ဒါကို အရင်းပြုပြီး စည်းစိမ်ဥစ္စာနဲ့ ပြည့်စုံတဲ့ အိမ်ထောင်သည်ဘဝကို ရဖို့လွယ်ကြပါတယ်။ ရုပ်မလှတဲ့သူတွေရဲ့ စိတ်အလှကိုမြင်တဲ့ အမျိုးသားတွေကလည်း ရုပ်ဆိုးတဲ့မိန်းကလေးကို သူမရဲ့ စိတ်အလှကြောင့် လက်ထပ်ယူ ပေါင်းသင်းတဲ့အခါမှာ ပြည့်စုံတဲ့အမျိုးသားကယူရင် ပြည့်စုံတဲ့ အိမ်ထောင်သည်ဘဝကို ရနိုင်ကြပါတယ်။

လူအမျိုးမျိုး စိတ်အထွေထွေမို့ ယောက်ျားတွေမှာလည်း သူတို့အကြိုက်နဲ့သူတို့ ၊ သူတို့စံနဲ့သူတို့ ကွဲပြားမှုတွေ ရှိနေနိုင်ပါတယ်။ ဒါကြောင့် ရုပ်မလှတဲ့သူတွေလည်း အိမ်ထောင်ရက်သားကျလို့ သားသမီး ရကြတာပါ။

ရုပ်လှသည်ဖြစ်စေ ၊ ရုပ်မလှသည်ဖြစ်စေ ချစ်မြတ်နိုးလို့ လက်ထပ်ယူထားကြတဲ့ ဇနီးမောင်နှံစုံတွဲတွေမှာ ထိုခင်ပွန်းအတွက် ထိုဇနီးဟာ ချစ်မေတ္တာကြောင့် အမြဲလှပနေမှာပါ။ ခင်ပွန်းချစ်မြတ်နိုးတဲ့ အရာကို အမြဲထိန်းသိမ်းထားနိုင်ဖို့ မကြိုးစားဘဲ ရထားတဲ့ခင်ပွန်းကောင်း ကိုယ့်ရုပ်မလှလို့ ပစ်သွားမှာစိုးပြီး ယောက်ျားစွဲမက်အောင် အမျိုးမျိုး အလှပြင် ၊ ကနွဲ့ကလျတွေ လုပ်ရာက ယောက်ျားတကယ်စိတ်ပျက်ပြီး ပစ်သွားတာမျိုးလည်း ကြုံရနိုင်ပါတယ်။
BurmeseHearts Blog
မိမိရုပ်ဆိုးပါလျက် မိမိကိုယူသော ယောက်ျားဟာ မိမိဆီမှာ သူကြိုက်တဲ့ အရည်အချင်းတခုခု ရှိနေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဒါကို နားလည် သဘောမပေါက်ဘဲ ရှားရှားပါးပါး ရလာတဲ့ယောကျာ်း ပစ်သွားမှာစိုးရိမ်လို့ လိုတာထက်ပိုပြီး အလှပြင်လို့ ကနွဲ့ကလျလုပ်နေရင် ယောကျာ်းရဲ့အချစ်ပိုမရရုံအပြင် ယောက်ျားက စိတ်ကုန်ပြီး ပစ်သွားနိုင်တာကို သတိပြုရမှာပါ။ ဒါကြောင့် အမျိုးသမီးတစ်ယောက်ဟာ ရုပ်အလှထက် မိမိခင်ပွန်း မြတ်နိုးတန်ဖိုးထားတဲ့ စိတ်အလှ (သို့မဟုတ်) အရည်အချင်းကို တည်မြဲအောင် ၊ ပိုမိုတောက်ပအောင် ၊ တန်ဖိုးရှိအောင် အသုံးချသွားရမှာပါ။

တချို့အမျိုးသမီးတွေကျတော့ ရုပ်ရည်အလွန်လှကြတယ်။ ကိုယ်လုံးတောင့်တင်းပြီး လှပကြတယ်။ ဒီလိုလှပလွန်းတဲ့သူတွေကျတော့ သူတို့အလှပေါ် သူတို့ အလှမာန်တက်ပြီး ဒီအလှကပဲ တသက်တာ မြဲသွားမလိုလိုနဲ့ တသတသလုပ်လို့ အလှမပျက်အောင် လိုတာထက်ပို ဂရုစိုက်ကြပြန်ရော။

ခင်ပွန်းနဲ့ အတူနေပါများရင် မိမိကိုယ်လုံးအလှအပ ပျက်သွားမှာ ၊ ကလေးရတဲ့အခါ မိမိအလှပျက်သွားမှာ စတဲ့ အလှပျက်မှာစိုးစိတ်တွေနဲ့ ခင်ပွန်းကို တကယ့်အိမ်ထောင့်သာယာမှုဆိုတာ မပေးဘဲ အိပ်ယာထဲ အတူနေဖို့အရေး ရှောင်ဖယ် ရှောင်ဖယ် လုပ်ရာကနေ ခင်ပွန်းက စိတ်ပျက်ပြီး ပစ်သွားခဲ့တာမျိုးတွေလည်း ကြုံနိုင်ပါတယ်။ ဒါကတော့ လှပချောမောရက် မိမိနောက်ကွယ်မှာ ဖောက်ပြန်တဲ့ ခင်ပွန်းရထားသူတွေ ၊ အိမ်ထောင်ကွဲကြသူတွေရဲ့ ချို့ယွင်းချက်တွေဖြစ်ပါတယ်။

ဒါကြောင့်မို့ လှလွန်းတဲ့ အမျိုးသမီးတွေ ၊ ရုပ်ဆိုးတဲ့အမျိုးသမီးတွေဟာ ကိုယ်ဘာထိန်းသိမ်းရမယ်လို့ စဉ်းစားဥာဏ်ရှိရှိနဲ့ မတွေးခေါ်တဲ့အခါမှာ ထိန်းသိမ်းမှုလွဲမှားသွားတဲ့အတွက် အိမ်ထောင်ရေးမှာလည်း အမှားအယွင်းတွေဖြစ်လို့ ခင်ပွန်းဖြစ်သူရဲ့ ပစ်ခွါခြင်းတွေကို ခံကြရပါတယ်။ ဒါဟာ ဆန့်ကျင်ဘက် အမျိုးသမီးတွေရဲ့ အိမ်ထောင်ရေးဒုက္ခကြုံကြရပုံတွေပါ။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like