Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကလေးတွေရဲ့ တိုးတက်ဖွံ့ဖြိုးမှုနှုန်းအား သတိထားမိစေရန် အပိုင်း(၁) – BurmeseHearts

ကလေးတွေရဲ့ တိုးတက်ဖွံ့ဖြိုးမှုနှုန်းအား သတိထားမိစေရန် အပိုင်း(၁)

0

မွေးကင်းစကနေ တစ်နှစ်ခွဲအထိ  ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ တလချင်းစီအသေးစိတ်ကို အရင်ပို့စ်တွေမှာ ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ကလေးတွေဟာ မျိုးရိုးဗီဇနဲ့ သူ့ပင်ကိုယ်ဗီဇတို့အပေါ် မူတည်ပြီးသော်လည်းကောင်း ၊ တကိုယ်ရည်ကျန်းမာရေးအပေါ် မူတည်ပြီးသော်လည်းကောင်း ၊ ပတ်ဝန်းကျင်ရဲ့ စေ့ဆော်နှောင့်ယှက်မှုတွေကြောင့်သော်လည်းကောင်း တစ်ဦးနဲ့တစ်ဦး တိုးတက်ဖွံ့ဖြိုးမှုနှုန်း မတူညီကြပါဘူး။

ကလေးတွေ တစ်ဦးနဲ့တစ်ဦး တိုးတက်ဖွံ့ဖြိုးမှုနှုန်းဟာ လအနည်းငယ်စောတာ ၊ နောက်ကျတာတွေရှိလို့ မတူညီကြဘူးဆိုပေမယ့် ကလေးတစ်ဦးဟာ သူ့အဆင့်နဲ့သူ ဖွံ့ဖြိုးတိုးတက်နေရမှာပါ။ ဥပမာ မထိုင်တတ်တဲ့ကလေးဟာ လမ်းလျှောက်ဖို့အဆင့်ကို ကျော်မသွားနိုင်ပါဘူး။ ထိုင်ပြီးမှ လမ်းလျှောက်တတ်မှာပါ။ ထိုင်တတ်ဖို့ဆိုတာက သူ့ကိုယ်သူ ဘယ်လိုလဲမကျအောင်ထိန်းမယ်လို့ သင်ယူတတ်မြောက်ခဲ့တာပဲလေ။ ထိုင်လျက်နဲ့တောင် ကိုယ်မထိန်းတတ်သေးတဲ့ကလေးကို အတင်းလမ်းလျှောက်တတ်စေချင်လို့တော့ ဘယ်ရမလဲနော်။

အခုအောက်မှာ ဖော်ပြပေးမယ့် ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ သိကို သိတတ်နေသင့်တဲ့ (ဖွံ့ဖြိုးမှု ပုံမှန်တိုးတက်နေသော ကလေးများရဲ့) ဖွံ့ဖြိုးမှုအမှန်ဖြစ်ပါတယ်။ ဒီ့ထက်စောတိုးတက်ရင် ပြောစရာမရှိပေမယ့် အဲဒီအရွယ်တိုင်အောင် ဒီလိုတိုးတက်မှုနှုန်းမရှိဘူးဆိုရင် မိမိကလေးဟာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့ကလေးဖြစ်တာမို့ တတ်သိကျွမ်းကျင်ရာ ကလေးဆရာဝန်နဲ့ ပြသဆွေးနွေးတာမျိုး လုပ်သင့်ပါတယ်။ အဲဒီအခါ ကလေးအတွက်လိုအပ်ရင် အထူးသင်ကြားနည်းတွေ ၊ ကုသနည်းတွေနဲ့ ကလေးကို ပုံမှန်အတိုင်းဖွံ့ဖြိုးလာဖို့ ကူပေးနိုင်ပါတယ်။ စောစောသိ စောစောကူနိုင်တာမို့ ကလေးအတွက် အကျိုးထူးမှာပါ။

(၃)လအရွယ်ကလေး

ပြုံးတတ်မယ် ။ သူ့ကိုတဦးဦးက လာရောက်ပြောဆိုဆက်ဆံတဲ့အခါ မျက်နှာနဲ့ ကိုယ်နေဟန်ထားမှာ သူကြိုက်တဲ့ ၊ မကြိုက်တဲ့ သဘောကို ပြနိုင်နေရမယ်။ (ဥပမာ အမေ့တွေ့ရင် မြူးသွားတာမျိုး ၊ လန့်စရာတွေ ကြားရရင် လန့်သွားတတ်တာမျိုးတွေပါ။) နာကျင်တာမျိုးတွေနဲ့ ဆာလောင်တာမျိုးတွေကို ငိုကြွေးခြင်းနဲ့ တုန့်ပြန်ပြသမယ်။

ဝမ်းလျားမှောက်ထားရင် ကလေးဟာ ခေါင်းထောင်ပြီး ရင်ဘတ်ကလေးပါ မတ်မတ်လေးဖြစ်နေဖို့ ကြိုးစားမှာပါ။ ခြေတွေလက်တွေ ဆန့်တန်းကန်ကြောက်တာမျိုးလုပ်မယ်။ လက်နှစ်ဖက်ကို အရှေ့နဲ့ဘေး ကားကားယားယား ကောင်းကောင်းလှုပ်ရှားတတ်လာမယ်။ ပါးစပ်ထဲ လက်ထည့်တတ်လာမယ်။ လက်ထဲပစ္စည်းထည့်ပေးရင် လှုပ်တတ်လာမယ်။

လှုပ်ရှားနေတဲ့အရာတွေနဲ့ မျက်နှာတွေကို လိုက်ကြည့်တာမျိုးတွေလုပ်မယ်။ မလှမ်းမကမ်းက လူတွေနဲ့ ပစ္စည်းတွေကို မှတ်မိသိရှိတတ်လာမယ်။ သူကြိုက်တဲ့အသံကြားရင် ရယ်တတ် ၊ ပြုံးတတ်တယ်။ ဘူးစမှုတ်တတ်လာမယ်။

(၅)လအရွယ်

သူ့လက်နှ်စ်ဖက်ကလေးနဲ့ ယိုင်မလဲအောင်ထိန်းပြီး ထိုင်တတ်လာမယ်။ ခြောက်လအရွယ်မှာတော့ အလွတ်ထိုင်တတ်လာမယ်။ လက်တဖက်ကနေ တဖက် သူ့ဘာသာသူပြောင်းလို့ ပစ္စည်းတွေကိုင်တတ်လာမယ်။ ရှေ့လှိမ့်နောက်လှိမ့် လှိမ့်တတ်လာမယ်။

BurmeseHearts Blog

(၇)လအရွယ်ကလေး

မှန်ထဲကပုံရိပ်တွေကို စိတ်ဝင်တစား ကြည့်ရှုတတ်လာမယ်။  သူများကခြောက်ရင်ကြောက်တတ်လာသလို သူများမြှူရင်ပျော်ရွှင်တတ်တာမျိုးရှိမယ်။ တွေ့တာတွေကို လက်ကနေလှမ်းယူပြီး ပါးစပ်ထဲကောက်ထည့်မယ်။ ပစ္စည်းတွေကို မမီ့တမီ လှမ်းယူတာမျိုးတွေလုပ်မယ်။ သူလိုချင်တာလုပ်ပေးတဲ့သူကို ပိုလိုလားတာမျိုးတွေပြသမယ်။ သူ့ပင်ကိုယ်စရိုက်လက္ခဏာကို ထုတ်ဖော်ပြသလာမယ်။

(၈)လကနေ တစ်နှစ်အတွင်းမှာတော့ သူ့နာမည်တပ်ပြောပြီဆိုရင် ကြည့်မယ်။ တခုခုကိုကြားတဲ့အခါ သူ့ဘာသာစကားနဲ့ ဝူးဝူးဝါးဝါးပြောတတ်လာမယ်။ ပျော်တာ ၊ ဝမ်းနည်းတာ ၊ စိတ်လှုပ်ရှားတာ ၊ စိတ်ပျက်တာ စတဲ့ ခံစားမှုတွေကို မတူညီတဲ့အသံမျိုးနဲ့ တုန့်ပြန်ပြသမယ်။ ဘူးမှုတ်ပြီး ပါးစပ်ထဲကလည်း ပူစီဖောင်းမှုတ်သလိုမျိုး လုပ်တတ်လာမယ်။

တစ်နှစ်အရွယ်ကလေး

လူစိမ်းကို ရှက်တတ် ၊ ကြောက်တတ်လာတာ ၊ မကြိုက်တာကို ပြတာမျိုးရှိမယ်။ အိမ်က သူချစ်တဲ့လူကြီးမိဘတွေ သူ့ထားခဲ့ရင် ငိုတတ်လာမယ်။ သူ့ကို အမြဲလိုပုံမှန်ထိန်းပြီး ဂရုစိုက်နားလည်ပေးတဲ့သူနဲ့သာ အတူရှိလိုတာပြသမယ်။ တစ်ခွန်းစ ၊ နှစ်ခွန်းစ သင်ပေးတာ အထပ်ထပ်အခါခါ လိုက်ပြောမယ်။ လူတွေနဲ့ကစားရတာကို စတင်ခုံမင်လာမယ်။

လက်ထဲပစ္စည်းတခုရောက်လာရင် လှုပ်ကြည့်တာမျိုး ၊ ထုရိုက်ကြည့်တာမျိုးနဲ့ တခုခုလုပ်ကြည့်မယ်။ ခွက်ဆိုရင် ပါးစပ်ထဲထည့်တာမျိုးလို ဒီပစ္စည်းဒီလိုသုံးရမယ်ဆိုတာ စတင်သိတတ်လာမယ်။ ကားဆိုကားကို မျက်လုံးရောက်ပြီး အိမ်ဆိုရင် အိမ်ကိုမျက်လုံးရောက်တာမျိုးနဲ့ ပစ္စည်းတွေ၊ ပုံတွေကို ခွဲခြားသိတတ်လာမယ်။

သူ့ဘာသာသူ ဝူးဝူးဝါးဝါးပြောဆိုနေချိန်မှာ တသံတည်းလိုမဟုတ်ဘဲ အသံအမျိုးမျိုး ပြောင်းတတ်လာမယ်။ ဖေ ၊ မေ ၊ ဖိုး ၊ ဖွား စတဲ့ တလုံးတည်းသော လွယ်ကူရာစကားလုံးတွေကို ပြန်ပြောတတ်လာမယ်။ စကားလုံးတွေကို မှတ်သားလေ့လာလို့ သင်ယူနေတာမျိုးရှိမယ်။ လက်ညှိုးလေးတထိုးထိုးနဲ့ သူလိုချင်ရာပစ္စည်းတွေကို ညွှန်ပြတတ်လာမယ်။

တချို့ကလေးတွေက လေးဘက်ထောက်သွားတာမျိုး မလုပ်တာမို့ စိုးရိမ်စရာမရှိပါဘူး။ ဒါပေမယ့် တစ်နှစ်အရွယ် ကလေးအများစုဟာ သူ့ခြေ ၊ လက်တွေကို အသုံးပြုပြီး ကောင်းကောင်း လေးဘက်တွားတတ်ပါတယ်။ သူ့ဘာသာသူ ထိုင် ၊ ထတာမျိုး လုပ်တတ်လာမယ်။ ပရိဘောဂတွေ ၊ အတွယ်တွေကိုအားပြုလို့ လမ်းလျှောက်တာမျိုးလည်းရှိမယ်။ ခဏတာပဲဖြစ်ဖြစ် အလွတ်မတ်တပ်ရပ်နိုင်လာတယ်။ တခါတလေမှာ ခြေလှမ်းအနည်းငယ်ကို ဘာမှ အကိုင်အတွယ်မလုပ်ဘဲ သူ့ဘာသာသူ အလွတ်လျှောက်မယ်။

(၁၂)လ နဲ့ (၁၅)လကြားရောက်ပြီဆို ပစ္စည်းတွေကို ပုံးထဲ ၊ ခွက်ထဲ ထည့်တတ် ၊ ထုတ်တတ်တာမျိုးတွေလုပ်မယ်။ ပစ္စည်းတခုနဲ့တခု ဆင့်တာမျိုး ၊ ပစ္စည်းနှစ်ခုကို အတူကိုင်ရိုက်တာမျိုးတွေ လုပ်မယ်။ လက်ကလေးနဲ့ တို့ကနန်း ၊ ဆိတ်ကနန်း လုပ်တတ်လာမယ်။ စာရွက်တရွက်ချထားပေးမယ်ဆိုရင်တော့ ရေးခြစ်လို့ အမှတ်အသားလုပ်ဖို့ ကြိုးစားမယ်။

ဆက်လက်ဖော်ပြသွားပါမည်။

ရတု (Burmesehearts.com)

You might also like