Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကလေးဘဝတသက်စာ ပါသွားမယ့် ခံစားချက်နှင့် သင်ယူမှု – BurmeseHearts

ကလေးဘဝတသက်စာ ပါသွားမယ့် ခံစားချက်နှင့် သင်ယူမှု

0

ကလေးဘဝတသက်စာအတွက် ဘယ်လိုလက်ဆောင်မျိုး ထည့်ပေးလိုက်မလဲ။

ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု သုံးပုံနှစ်ပုံဟာ မွေးဖွားပြီးလို့ အပြင်ရောက်လာမှ ဖွံ့ဖြိုးတိုးတက်လာတာပါဆိုရင် ယုံနိုင်ပါ့မလား။ မယုံမရှိပါနဲ့ ကလေးသူငယ်များဆိုင်ရာ စိတ်ပညာရှင် Steve Biddulph  ကိုယ်တိုင် သုတေသနပြုလုပ်ရရှိလာခဲ့တဲ့ ရလဒ်တွေအပါအဝင် ကျွမ်းကျင်သူတွေရဲ့ရလဒ်က ဒီလိုပဲ ဆိုထားပါတယ်။

ကလေးတွေဟာ မွေးဖွားလာခဲ့ပြီးပါမှ သူတို့အပေါ် လူကြီးမိဘ ပတ်ဝန်းကျင်က သူတို့ဦးနှောက်ထဲ ဘာတွေထည့်ပေးသလဲ ၊ ဘယ်လိုသွန်သင်ဆုံးမ နားလည်ပေးမှုမျိုးနဲ့ ဖွံ့ဖြိုးစေသလဲအပေါ် မူတည်ပြီးတော့ သူတို့တွေရဲ့ တွေးခေါ်မှုစွမ်းအား ၊ တီထွင်မှုစွမ်းအား ၊ အခက်အခဲဖြေရှင်းနိုင်မှု ၊ အရည်အသွေး တိုးတက်ထွန်းပြောင်လာမှုဆိုတာတွေဟာ  ဆက်ဖြစ်လာတာပါ။

မွေးကင်းစကလေးလေးပဲ ဘာသိဦးမှာလဲ။ ကလေးပဲရှိသေးတာ ဘာသိဦးမှာလဲလို့ ကိုယ်တွေ ထင်မြင်ယူဆနေတာတွေဟာ မှားယွင်းနေပါတယ်။

တကယ်ဆို မွေးကင်းစကနေ တစ်နှစ်အောက် ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု သင်ယူနိုင်စွမ်းဟာ ဘဝတလျောက်လုံးမှာ အမြင့်ဆုံးဖြစ်လို့နေပါတယ်။ ဘယ်လောက်အထိ သင်ယူနိုင်စွမ်း ၊ ဦးနှောက်ဖွံ့ဖြိုးမှုနှုန်း မြင့်မားသလဲဆိုရင် သာမာန်အချိန်တွေထက် နှစ်ဆ မြင့်မားလို့ နေတယ်လို့ လေ့လာတွေ့ရှိခဲ့တာပါ။

ဒါကြောင့်မို့လို့ တစ်နှစ်အောက် ကလေးတွေကို မိဘမေတ္တာ ၊ နွေးထွေးမှု ၊ ချစ်ခင်မှု ၊ ဂရုစိုက်စောင့်ရှောက်မှုဆိုတာတွေကို အကောင်းဆုံး ပေးသင့်တဲ့ အချိန်ပါ။
BurmeseHearts Blog

 

ဒီအချိန်မှာ သူတို့ကို မေတ္တာပေးဖို့ ပျက်ကွက်သွားမယ် ၊ နွေးထွေးမှု ၊ ချစ်ခင်မှု ၊ ဂရုစိုက်စောင့်ရှောက်မှု မပေးဖြစ်ခဲ့ဘူးဆို ဘာဖြစ်မလဲ။ သူတို့ရဲ့ စိတ်နေစိတ်ထားနဲ့ ပင်ကိုယ်စရိုက်ကိုတော့ ဘာမှထိခိုက်မှာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ရဲ့ တသက်စာ သင်ယူမှုစွမ်းရည် ၊ သင်ယူနိုင်တဲ့ အရည်အချင်းကိုတော့ ကြီးစွာသက်ရောက်စေမှာဖြစ်ပါတယ်။

တစ်နှစ်အောက် ကလေးတွေကို မိဘမေတ္တာ ၊ နွေးထွေးမှု ၊ ချစ်ခင်မှု ၊ ဂရုစိုက်စောင့်ရှောက်မှု ဆိုတာတွေကို အကောင်းဆုံး ပေးခဲ့ရင် ကလေးဟာ သင်လွယ် ၊ တတ်လွယ် ဖြစ်သွားမှာပါ။ သူတို့ရဲ့သင်ယူနိုင်စွမ်းရည်ဟာ မြင့်မားလို့နေမယ်လေ။

နဖူးနောက်က ဦးနှောက်အပိုင်းတဲ့ Prefrontal Cortex (PFC) ဟာ ကျွန်ုပ်တို့ မွေးဖွားတုန်းကမဖွံ့ဖြိုးသေးဘဲ မွေးကင်းစအရွယ်ကနေ သုံးနှစ်အတွင်းမှာမှ ဖွံ့ဖြိုးတိုးတက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီအပိုင်းက လူနေမှုဝန်းကျင်ဆိုင်ရာ နားလည်သဘောပေါက်မှုကို ဖွံ့ဖြိုးစေတဲ့နေရာပေါ့။

မွေးတုန်းကမဖွံ့ဖြိုးလာခဲ့တဲ့ အဲဒီအပိုင်း ဖွံ့ဖြိုးဆဲ မွေးကင်းစကနေ သုံးနှစ်အရွယ်အတွင်းမှာ ကလေးတွေဟာ အမှားတွေ လုပ်တတ်ကြတယ်။ ဒါဟာ သူတို့ သိလို့ တမင်ရည်ရွယ်လုပ်တာမျိုးမဟုတ်ဘဲ မသိလို့ အမှားလုပ်မိခြင်းပါ။ ဒီလိုအမှားလုပ်ပြီး သိနားလည်ရာကနေ သူတို့ဟာ အဲဒီအပိုင်းမှာ ဘယ်လိုမှန်အောင် လုပ်ရမယ်ဆိုတာကို သင်ယူကြတာဖြစ်ပါတယ်။

ဒီတော့ တစ်နှစ်က သုံးနှစ်အောက် ကလေးငယ်တွေ အမှားတွေလုပ်တာ ၊ မဟုတ်တာတွေလုပ်တာ ၊ မပြုသင့်တာတွေပြုတာ ၊ ပြုသင့်တာတွေ မပြုတာကို ရိုက်နှက်ဆုံးမခြင်း ၊ လှောင်ပြောင်သရော်ခြင်းထက် နားလည်သဘောပေါက်အောင် ပြောပြဆုံးမရမှာဖြစ်ပါတယ်။

လူကြီးမိဘက ရိုက်နှက်ဆုံးမလို့ အကြောက်တရားဖုံးသွားတဲ့ကလေးဟာ သူ့ရဲ့မျက်လုံးတွေကသာ လှုပ်ရှားနေပေမယ့် ဦးနှောက်ကတော့ ငါငြိမ်နေမှဖြစ်မယ်ဆိုပြီး သူလုပ်သင့်တဲ့အလုပ်ကို မလုပ်တော့ပါဘူး။ ဒီလိုဆိုရင် ဘာကြောင့် မထုံတက်တေးလေးတွေဖြစ်သွားတာလဲဆိုတာ သိလောက်ရောပေါ့နော်။ မိဘဟာ နားလည်မှုအခြေခံနဲ့ မွေးစကနေ သုံးနှစ်အရွယ်သားသမီးကို နူးညံ့စွာမဆုံးမခဲ့ရင် သားသမီးတွေဟာ မထုံတက်တေးလေးတွေ ဖြစ်သွားမှာပါ။ သူတို့မှာ ငယ်ရွယ်စဉ်က ကြောက်စိတ်အခံကြောင့် ခံစားမှုတွေထုံသွားပြီး အခြေအနေအပေါ် ဘယ်လိုတုန့်ပြန်လို့ တုန့်ပြန်ရမှန်း မသိတော့တာပါ။

ကလေးသုံးနှစ်နောက်ပိုင်းမှ ငါဆုံးမခဲ့တာမှားသွားပြီ။ ပြန်ပြင်လို့ရမလားလို့ နောက်ကျတဲ့နောင်တရလည်း အပိုပါပဲ။ ကုန်ဆုံးသွားတဲ့နေ့ရက်ကို ပြန်ရချင်လို့ မဖြစ်နိုင်သလို ဖွံ့ဖြိုးပြီးသားဦးနှောက်ကို အသစ်ကပြန်စ ပြန်ဖွံ့ဖြိုးချင်လို့မရတော့ပါဘူး။ နေ့သစ်တွေမှာ အကောင်းဆုံးလုပ်သွားရုံပဲ ရှိတော့သလို မိမိသားသမီးကို ဘဝတသက်စာ နားလည်မှု ပေးသွားရုံပဲရှိတာပါ။

မွေးကင်းစကနေ သုံးနှစ်အရွယ်ထိ ကလေးတွေဟာ ဘဝမှာ အရေးအကြီးဆုံးဆိုတဲ့ သင်ခန်းစာကို သင်ယူကြတာပါ။ အဲဒီအချိန်မှာ သူတို့ကိုပေးသမျှအရာတွေ ၊ သင်ပေးတာတွေ ၊ နားလည်တာတွေနဲ့ သူတို့သင်ယူခဲ့တာတွေကို သူတို့တသက်စာ အသုံးချသွားမှာဖြစ်ပါတယ်။ အုတ်မြစ်ချပြီးတဲ့ အဆောက်အအုံမကောင်းရင် ပြန်ဖြိုချပြီး အုတ်မြစ်ပြန်ချ တည်ဆောက်နိုင်ပေမယ့် လူ့ဘဝတသက်တာမှာတော့ မွေးကင်းစအရွယ်ကို ပြန်မရောက်နိုင်တော့တာမို့ သူသင်ယူခဲ့ပြီးတဲ့ မကောင်းတဲ့အကျင့်စရိုက်တွေ ၊ မှားယွင်းတဲ့ သင်ကြားခဲ့မှုတွေအတွက် ပြန်ချေဖျက်ပေးဖို့ မရှိနိုင်တော့ပါဘူး။

မိမိသားသမီးကို တကယ်ချစ်လို့ သူ့တသက်စာလုံး ပျော်ရွှင်တဲ့လူတစ်ယောက်အဖြစ် တက်ကြွစွာ လောကကြီးကို အကောင်းမြင်စေချင်တယ် ၊ သင်လွယ် ၊ တတ်လွယ် ဦးနှောက်ဥာဏ်ပြေးတဲ့ ကလေးမျိုး ဖြစ်စေချင်တယ်ဆိုရင် သူ့ဘဝအစဖြစ်တဲ့ မွေးကင်းစကနေ သုံးနှစ်အရွယ်အထိ အကောင်းဆုံး ဂရုစိုက်လို့ နွေးနွေးထွေးထွေး နားလည်မှုနဲ့ သင်ကြားပြသပေးပါလို့ တိုက်တွန်းလိုက်ပါတယ်။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like