Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကလေးတစ်လအရွယ်အတွင်း အပြင်ထွက်လျှင် လိုအပ်သောပစ္စည်းများ – BurmeseHearts

ကလေးတစ်လအရွယ်အတွင်း အပြင်ထွက်လျှင် လိုအပ်သောပစ္စည်းများ

0

ကလေးမီးဖွားပြီး တစ်ပတ်ကျော်လာလို့ အားလုံး ကျန်းကျန်းမာမာရှိတယ်ဆိုရင် မထွက်မဖြစ် ကလေးနဲ့အတူ အပြင်ထွက်ဖို့လိုလာတဲ့ မိဘအုပ်ထိန်းသူ (အထူးသဖြင့်)မိခင်ဟာ မိမိနဲ့ ကလေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို တပါတည်း ဖြစ်နိုင်ရင်တအိတ်ထဲမှာ သယ်လာရမှာဖြစ်ပါတယ်။

ကလေးခုံ

ကိုယ်ပိုင်ကားနဲ့ အပြင်ထွက် သွားလာတတ်သူက ကလေးသီးသန့်ထိုင်ခုံ (Infant & Toddler car seat) လိုပါတယ်။ ကလေးကို မိခင်ကပိုက်ပြီး ကားစီးတာကို ရှောင်ကြဉ်သင့်ပါတယ်။ ကလေးပိုက်ထားတဲ့မိခင်က မောင်းသူဘေးကခုံမှာ မထိုင်သင့်ပါဘူး။ တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ မောင်းသူဘေးနားက ထိုင်ခုံမှာ ကလေးကိုရင်ခွင်ပိုက်ပြီး ထိုင်ခွင့်မပေးပါဘူး။ မတော်တဆ ကားတိုက်မှု ဖြစ်တဲ့အခါ အနောက်ကဝင်တိုက်ရင် ကလေးဟာ ကားရှေ့မှန်က လွင့်ထွက်ရင်ထွက် မထွက်ရင် အဲဒီကားရှေ့မှန်ကွဲရှလို့ ပိုပြီး ထိခိုက်ဒဏ်ရာ ရတတ်ပါတယ်။ ကလေးပိုက်ပြီး အနောက်မှာထိုင်တာထက် အရှေ့မှာ ပိုအန္တရာယ်များပါတယ်။ ပုံမှာပြထားတဲ့ ကလေးခုံကတော့ အပြင်သွားရင် ကားပေါ်မှာ စနစ်တကျထားနိုင်သလို သယ်ရပြုရတာလည်း အဆင်ပြေပါတယ်။ အိမ်ထဲမှာ သုံးသည့်တိုင် ကလေးကို လှုပ်ရင်းသိပ်လို့ရတဲ့ ပုခက်ငယ်အသွင်လည်း ဖြစ်နေပါတယ်။ မွေးကင်းစကနေ နှစ်နှစ်အောက် ကလေးငယ်တွေ အသုံးပြုလို့ရတဲ့အတွက် ဒီလိုကလေးခုံမျိုးကို ဝယ်ယူနိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။

baby carrier

အိပ်ပျော်နေတဲ့ကလေးကို အမြဲတမ်း ပိုက်ချီထားဖို့ မဖြစ်နိုင်တဲ့အခါမှာ ချီရသက်သာစေမယ့် (Baby carrier) လေး လိုနေပါမယ်။ ဈေးကွက်ထဲမှာ ပုံစံအမျိုးမျိုးရှိပေမယ့် ပုံမှာပြထားတဲ့ ပုံစံမျိုးလေး ရနိုင်တယ်ဆိုရင်ဖြင့် မဆိုးပါဘူး။ တချို့တွေက ချည်ပျော့သားသက်သက် သုံးကြတယ်။ ကျွန်မကတော့ သိပ်အားမပေးပါဘူး။ ကလေးခေါင်းကို လုံလုံခြုံခြုံ ကာထားနိုင်မယ့် ခပ်တောင့်တောင့် မပျော့မမာအကာလေးက ဇက်မခိုင်တဲ့ကလေးအတွက် ပိုသင့်တော်နေပါတယ်။ ကိုယ်ကမထိမိတောင် သူများက မတော်တဆ တိုက်မိ ၊ တံတောင်နဲ့တွက်မိ အမှတ်တမဲ့ဖြစ်လာတဲ့အခါမှာ ပိတ်စချည်းမဟုတ်ဘဲ နည်းနည်းမာတာက ပိုစိတ်ချရတယ်။ ဒီလို Baby carrier တွေက ရင်ခွင်ပိုက်အနေနဲ့ မွေးကင်းစကလေးတွေကို ချီထားနိုင်သလို ကလေးကြီးလာတဲ့နောက်ပိုင်းမှာ ကလေးကို မိမိရင်ဘတ်ရှေ့မှာ လွယ်ပိုးထားလို့လည်း ရပါတယ်။ ကျွန်မ ကလေးတုန်းကတော့ ဒီတစ်ခုတည်းနဲ့ အရမ်းအဆင်ပြေတာ။ ဒီ့ထက်ပိုအဆင်ပြေတာတွေလည်း ရှိနိုင်ပါတယ်။ ချဲ့ရင် ချဲ့သလိုလည်း တတ်နိုင်ရင် တတ်နိုင်သလောက် ဝယ်လို့ရပေမယ့် ချွေတာလိုသူတွေအတွက်ကတော့ ဈေးလဲသင့် ၊ ကလေးအတွက်လည်းသင့်ပြီး ရေရှည်လည်း သုံးနိုင်မယ့် ပစ္စည်းကို အဓိက ဦးစားပေး မိတ်ဆက်ပေးတာဖြစ်ပါတယ်။

nursing cover

နို့တိုက်မိခင်တွေဟာ အများသုံးယာဉ်တွေ ၊ အငှါးယာဉ်တွေ ၊ ရထားတွေပေါ်မှာ ကလေးငိုလို့ နို့တိုက်မယ့်အချိန်ကျလာရင် ဝိုင်းကြည့်မယ့်မျက်လုံးတွေကို ရှက်နေလို့မရတော့ပါဘူး။ ကလေးက နို့မတိုက်မချင်း ငိုနေမှာမို့ မသိတတ်တဲ့ ကလေးကို ရိုက်နေရုံနဲ့ တိတ်သွားမှာမဟုတ်ဘဲ ပိုငိုလာဖို့ပဲ ရှိတာပါ။ ဒီတော့ ကလေးနို့ဆာတဲ့အချိန်မှာ နေရာမရွေး ၊ အရှက်လုံလုံ နို့တိုက်နိုင်ဖို့ အပေါ်မှာ ပြထားတဲ့ နို့တိုက်အကာနဲ့ နို့တိုက်တဲ့အခါ ကိုယ်လဲ အရှက်လုံ ၊ ကလေးလဲ နို့ဝ ၊ ကလေးမျက်နှာကို အလင်းကာထားပေးလို့ ကလေးလဲ ကောင်းကောင်း အိပ်ပျော်သွားမှာပါ။

အဲဒီ နို့တိုက်အဝတ်ဟာမိမိကလေးရဲ့ နို့ချိုသောက်စို့နေတဲ့မျက်နှာကို အပေါ်ကနေ ကြည့်နိုင်အောင်လည်း ဖန်တီးချုပ်ပေးထားတာပါ။ ပူအိုက်တဲ့ရာသီမှာတော့ မိခင်ရဲ့ အပူချိန် ၊ ကလေးရဲ့အပူချိန်နဲ့ လေလုံတဲ့ နို့တိုက်အဝတ် ပေါင်းလိုက်တဲ့အခါ မိခင်နဲ့ကလေးကို ချွေးပြိုက်ပြိုက် ကျစေမှာဖြစ်ပါတယ်။ မပူအိုက်ဘဲ ရာသီဥတု သင့်တော်မျှတနဲ့ နေရာတွေမှာဆိုရင် ပိုအဆင်ပြေပါတယ်။
BurmeseHearts Blog

ကလေးနဲ့မိခင်ကိုယ်မှာ ဆင်မြန်းထားတာတွေအပြင် ကျန်တဲ့ပစ္စည်းတွေကတော့ အိတ်တစ်ခုထဲမှာ စုထည့်ထားနိုင်ရင် တစုတဝေးတည်းမို့ အကောင်းဆုံး ဖြစ်ပါတယ်။ ကလေးတစ်လအရွယ်အတွင်း လိုအပ်နိုင်တဲ့ ပစ္စည်းတွေကို အောက်မှာ တစုတဝေးတည်း ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်အပြင်မသွားခင် ဒါတွေပါသွားအောင် ကြိုတင် ပြင်ဆင်ထားပေါ့။

၁။ မိခင်အတွက် မိမိသွားမယ့် ခရီးအနီးအဝေးအပေါ်မူတည်ပြီး နို့ခံ (Nursing Pad)လုံလောက်အောင် ယူသွားရပါမယ်။ နို့ရည်ရွှဲလာချိန် လဲပေးနိုင်ပါမှ မိမိဝတ်ထားတဲ့ အင်္ကျီပေါ် နို့ကွက်တွေ ပေါ်မလာမှာ ဖြစ်ပါတယ်။

၂။ မိခင်အတွက် ရာသီဥတုအေးလျှင်ဝတ်ဖို့ ခြုံပုဝါ သို့မဟုတ် အနွေးထည် (ရာသီဥတုအေးလို့ သို့မဟုတ် အဲကွန်းအေးလို့ ချမ်းလာတဲ့နို့တိုက်မိခင်ဟာ နွေးနွေးထွေးထွေးရှိသင့်ပါတယ်။)

၃။ ကလေးမိခင် အစာပြေစားသောက်ဖို့ ရေနှင့် ဘီစကစ် ၊ မုန့်ကြွပ်စသည့် အလွယ်မုန့်တခုခု (နို့တိုက်ပြီးတဲ့ ကလေးမိခင်ဟာ တခါတရံ ဗိုက်ဟပ်ပြီး ဆာလာတတ်ပါတယ်။)

၎။ ကလေးအင်္ကျီပို လက်တိုတစ်ထည် ၊ လက်ရှည်တစ်ထည်  (နို့အန်တတ်တဲ့ ကလေးတွေအတွက် ပိုယူဆောင်လာခဲ့ပါ။)

၅။ Diaper မသုံးတဲ့ကလေးအတွက် အနှီးပို လေး ၊ ငါးထည် (ခရီးအကွာအဝေးနှင့် ကြာချိန်ပေါ်မူတည်ပြီး ပိုပိုလိုလို ယူလာနိုင်သည်။)

၆။ Diaper လေး ၊ ငါးခု (ခရီးအကွာအဝေးကြာချိန်အပေါ် တွက်ချက်ပြီး ပိုယူလာပါ။ Diaper Rash သုံးတတ်သူတွေကလည်း ထည့်လာရမှာပါ။)

၇။ Wet Tissue ထုပ် (ကလေး ချီး ၊ သေး သန့်စင်တဲ့အခါ အရှေ့ကအင်္ဂါကနေ အနောက်အင်္ဂါကို ဆွဲယူသန့်စင်ပေးဖို့လိုသည်။)

၈။ ချည်သားလက်ကိုင်ပုဝါ သို့မဟုတ် တစ်ရှူးစက္ကူတစ်ထုပ်အား လိုလိုမယ်မယ် အသုံးပြုနိုင်ဖို့ထည့်လာပါ။

၉။ ကလေးက ချိုလိမ်စို့တတ်ရင် ချိုလိမ်ယူခဲ့ရန် (ကလေးရဲ့ချိုလိမ်ကို ကလေးပါးစပ်ထဲမထည့်မီ ကလေးသီးသန့်သုံး hand & mouth wet tissue သို့မဟုတ် pacifier သီးသန့်သုံး တစ်ရှူးနဲ့ သန့်စင်ပြီးမှ ကလေးခံတွင်းထဲသို့ထည့်ပါ။ မျက်စိနဲ့မမြင်နိုင်တဲ့ပိုးတွေ ချိုလိမ်မှာ ကပ်ပါပြီး ကလေးပါးစပ်ထဲကို ရောက်ရှိရောဂါရမှာ စိုးတဲ့အတွက် ဖြစ်ပါတယ်။)

၁၀။ နေပူထဲသွားမယ်ဆို ကလေးဦးထုပ်နဲ့ မိခင်ဆောင်းဖို့ ထီး ယူလာရပါမယ်။

ရတု (Burmesehearts.com)

BurmeseHearts Courses

 

You might also like