Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကိုယ်ဝန် ရက်သတ္တပတ် (၃၆)ပတ်မှ (၃၉)ပတ်အတွင်း – BurmeseHearts

ကိုယ်ဝန် ရက်သတ္တပတ် (၃၆)ပတ်မှ (၃၉)ပတ်အတွင်း

0

10th month

ကိုယ်ဝန် ရက်သတ္တပတ် (၃၆)ပတ်မှ (၃၉)ပတ်အတွင်းရောက်ရင်ဖြင့် သန္ဓေသားဟာ အောက်လျှောလာတဲ့ အနေအထားနဲ့ တင်ပဆုံရိုးဆီသို့ ရောက်လာပါတော့တယ်။ ဗိုက်ကားထွက်နေတာကိုလည်း ပိုထင်ထင်ရှားရှား ရှိလာပါတယ်။ ထိုကာလအတွင်းမှာ တချို့ကိုယ်ဝန်ဆောင်သည်တွေကတော့ ချက်ကြီး စူထွက်လာတတ်ပါတယ်။ ဒါဟာ အမြဲဒီလိုဖြစ်သွားမှာမဟုတ်ဘဲ တခဏတာဖြစ်ခြင်းပါ။

ကိုယ်ဝန် ရက်သတ္တပတ် (၃၆)ပတ်မှ (၃၉)ပတ်အတွင်းရောက်ရင်ဖြင့် မွေးဖို့နီးလာပါပြီး မိန်းမကိုယ်က ဆင်းတာတွေဟာလည်း ပိုများလာပါမယ်။ ဗိုက်ကြီးကျပ်နေသလို ခဏခဏ ခံစားနေရပြီး ယောင်တာတွေ ၊ နာကျင်တာတွေလည်း ခံစားရတတ်ပါတယ်။

တချို့ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကတော့ ထိုကာလအတွင်းမှာ ဗိုက်နာသလိုခံစားချက်မျိုးနဲ့ ဆင်ဆင်တူတဲ့ ခံစားချက်မျိုးတွေကို ခံစားရနိုင်ပါတယ်။ ဒါဟာ မီးမဖွားမီအကြိုနာကျင်ရတဲ့ ခံစားချက်ပါ။

ကိုယ်ဝန်(၃၉)ပတ်မှာ ကလေးဟာ (၅၀)စင်တီမီတာ အရွယ်အစားရှိပြီး (၃)ကီလိုဂရမ်ဝန်းကျင်အလေးချိန် ရှိလာပါတယ်။ သန္ဓေသားရဲ့ ပါးစပ်ဝန်းကျင်က ကြွက်သားတွေဟာ နို့တိုက်ကျွေးနိုင်တဲ့အနေအထားသို့ ရောက်ရှိလာတဲ့အထိ တိုးတက်ဖွံ့ဖြိုးလာပါပြီ။ ဒီကာလအတွင်းမှာ ကလေးဟာ မီးဖွားချိန်အတွက် အဆင်သင့်ဖြစ်လို့နေပါပြီ။

ရတု (Burmesehearts.com)

You might also like