Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကိုယ်ဝန် ရက်သတ္တပတ် (၃၂)ပတ်မှ (၃၅)ပတ်အတွင်း – BurmeseHearts

ကိုယ်ဝန် ရက်သတ္တပတ် (၃၂)ပတ်မှ (၃၅)ပတ်အတွင်း

0

9th month

ကိုယ်ဝန် ရက်သတ္တပတ် (၃၂)ပတ်မှ (၃၅)ပတ်အတွင်းရောက်လာပြီဆိုရင်ဖြင့် သားအိမ်အနေအထားက အောက်ဘက်ကိုချဲ့ထွင်လာတာမှာ အစာအိမ်ဘက်ကို ခေတ္တအစားထိုး ရောက်ရှိလာတယ်လို့ သိရပါတယ်။ ဒီအတွက် ကိုယ်ဝန်ဆောင်သည်မိခင်လောင်းဟာ ရင်ပူတာတွေ ၊ အစာမကျေသလိုဖြစ်တာတွေကိုလည်း ခံစားရနိုင်ပါတယ်။

နှလုံးနဲ့ အဆုတ်ဟာလည်း ဖိအားကြောင့် အသက်မရှူနိုင်အောင် ဖြစ်တာတွေ ၊ နှလုံးတုန်တာ ၊ ရင်တုန်ပန်းတုန်ဖြစ်တာတွေ ၊ နှလုံးခုန်မြန်တာတွေကိုလည်း မကြာခဏဆိုသလို ကြုံတွေ့ရနိုင်ပါတယ်။

ဆီးအိမ်ကို ကလေးရဲ့ဦးခေါင်းပိုင်းက ဖိသားသလိုအနေအထား ဖြစ်နေတာကြောင့် ဆီးဝမ်းမထိန်းနိုင်တာတွေ ၊ ဆီးအကြိမ်ကြိမ်သွားတာတွေကိုလည်း ကြုံတွေ့ရပါတယ်။ ဆီးမကြာခဏသွားတဲ့ ဆီးအိတ်ရောင်နာ အန္တရာယ်ရှိနေနိုင်တဲ့အတွက် အဲဒီလိုဖြစ်မသွားဖို့ရာ မိမိရဲ့အတွင်းခံကို ခဏ ခဏလဲပေးသင့်ပါတယ်။ မိန်းမကိုယ်ကိုလည်း သန့်သန့်ရှင်းရှင်းထားသင့်ပါတယ်။

လမ်းလျှောက်တဲ့အခါမှာ ဆီးခုံရိုးနဲ့  ခြေထောက်အထက်ပိုင်း အစစ်တွေက နာကျင်မှုတချို့ကိုလည်း ခံစားရနိုင်ပါတယ်။ မွေးဖွားချိန်နီးကပ်လာတဲ့အတွက် သန္ဓေသားရဲ့ဦးခေါင်းက ဆီးခုံရိုးကို ရောက်ရှိနေလို့ ဒီလိုခံစားရတာပါ။

ကိုယ်ဝန်(၃၄)ပတ်အရွယ်မှာ သန္ဓေသားဟာ (၄၅)စင်တီမီတာ အရွယ်အစားဝန်းကျင်ရှိလာပြီဖြစ်ကာ အလေးချိန်ကတော့ (၂.၂)ကီလိုဂရမ်ဝန်းကျင် ရှိနေပါပြီ။ သန္ဓေသားဟာ ယခုအချိန်မှာ ရေမြွှာအတွင်းက သူ့အနီးဝန်းကျင်ရှိတဲ့ရေတွေကို သောက်နိုင်ပြီးတော့ ဆီးသွားပါတယ်။ ဗိုက်အပြင်မှာ ဖြစ်ပျက်သမျှနေတဲ့ အခြေအနေတွေကို ဗိုက်ထဲမှာရှိနေတဲ့ သန္ဓေသားက ပျော်ရွှင်ကျေနပ်မှု ၊မပျော်ရွှင် မကျေမနပ်ဖြစ်မှုတွေကိုလည်း ခံစားနိုင်ပြီလို့ သိရပါတယ်။

မိခင်လောင်းဟာ ဘာကြောင့်ဝမ်းချုပ်သလဲ

progestational hormone နဲ့ ကိုယ်ဝန်ဆောင်စဉ်ဖြစ်ပေါ်လာတဲ့  အခြားဟော်မုန်းတွေဟာ အူတွေကို ပုံမှန်အတိုင်းအလုပ်လုပ်ဖို့ အတားအဆီးဖြစ်စေတဲ့အတွက် ယခုကာလသို့ရောက်လာလျှင် မိခင်လောင်းတွေဟာ ဝမ်းချုပ်တတ်ပါတယ်။

သားအိမ်က အူတွေကို ဖိထားသလိုဖြစ်တာကြောင့်လည်း အူတွေဟာ ကျဉ်းလာပြီး အူသိမ်အူမတွေက လှုပ်ရှားရာမှာ ပိုပြီးခက်ခဲစေပါတယ်။

ဝမ်းချုပ်တာတွေရော့သွားဖို့

ကိုယ်ဝမ်းသွားနေကျ အချိန်အတိုင်း နေ့စဉ် ရေအိမ်အသုံးပြုပါ။

လမ်းမှန်မှန်လျှောက်တာမျိုးလိုမျိုး မပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို ပြုလုပ်ပေးပါ။

ရေများများသောက်ပေးပြီး အမျှင်ဓါတ်ပါတဲ့ အစားအစာကို တိုင်းချင့်ပြီး စားပေးပါ။ Lactic acid ဟာလည်း ဒီအချိန်မှာ အသုံးဝင်တယ်လို့ သိရပါတယ်။

ရှောင်ကြဉ်ရန်

စိတ်ဖိစီးနိုင်မယ့် ကိစ္စတွေ ၊ အတွေးတွေကို တတ်နိုင်သမျှရှောင်ပြီး နေ့စဉ် သက်တောင့်သက်သာနဲ့ နေသာထိုင်သာရှိအောင် ကြိုးစားရပါမယ်။

ရတု (Burmesehearts.com)

You might also like