Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကိုယ်ဝန်ဆောင်သည်များ ၊ မီးနေသည်များ ၊ နို့တိုက်မိခင်များ ကလေးများအတွက် အစာအာဟာရ အပိုင်း(၁) – BurmeseHearts

ကိုယ်ဝန်ဆောင်သည်များ ၊ မီးနေသည်များ ၊ နို့တိုက်မိခင်များ ကလေးများအတွက် အစာအာဟာရ အပိုင်း(၁)

0

မမှန်တဲ့ ရှေးရိုးအယူအဆတွေကို ပယ်ပါ။ မိမိနှင့်ကလေးအတွက် အာဟာရ မျှတစွာစားပါ။
ကလေးအထူးကုသမားတော်ကြီး ဦးတင်ဦး M.B.B.S., F.R.C.P.(E), D.C.H. မှတ်တမ်းလုပ်ပြီး ရေးသားဖော်ပြခဲ့တဲ့ ကလေးနှင့်အာဟာရစာအုပ်မှ ကိုယ်ဝန်ဆောင်သည်များ ၊ မီးနေသည်များ ၊ နို့တိုက်ကလေးမိခင်များ သိကောင်းစရာ အစာအာဟာရ ဗဟုသုတ အဖြာဖြာကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။
မြန်မာမိသားစုတွေက ရှေးရိုးယုံကြည်မှုအစွဲတွေနဲ့ အစားအသောက် ရှောင်ကြတဲ့ဓလေ့ရှိပါတယ်။ ကလေးကိုယ်ဝန်ဆာင်မှသည် ကလေးနို့တိုက်ကျွေးတဲ့မိခင်တွေဟာ ဟိုလူက ဒီဟာမစားနဲ့ ၊ ဒီလူက ဟိုဟာမတည့်ဘူးဆိုတဲ့စကားတွေအပေါ် နားယောင်ပြီး ဒီဟားလည်းရှောင် ၊ ဟိုဟာလည်းရှောင် လုပ်ရာက ကိုယ်ဝန်ဆောင်သည်မိခင်များ ၊ ကလေးမိခင်များဟာ အာဟာရဓါတ်ချို့တဲ့မှု ဖြစ်လာပါတယ်။

ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးနို့တိုက်မိခင်တွေကိုယ်တိုင်က အစားရှောင်ရင်း အာဟာရဓါတ်ချို့တဲ့လာတော့ ဒီမိခင်ရဲ့ အာဟာရဓါတ်ကိုမှ မှီတွယ်အားထားနေရတဲ့ ကလေးတွေဟာ သန်စွမ်း ကျန်းမာလာနိုင်ပါတော့မလား။ သူတို့တွေဟာလည်း အာဟာရဓါတ် ချို့တဲ့လာပါတယ်။

ရှေးရိုးအယူအဆတွေဖြစ်တဲ့ ငှက်ပျောသီးစားလို့ ကလေးချွဲထတယ် ၊ ပဲစားရင် ဝမ်းသက်တယ် ၊ အသားငါးစားရင် သန်ထတယ် ၊ ဘဲဥ ကြက်ဥတွေစားရင် ဝမ်းပုပ်တယ် စသဖြင့်သော အယူအဆတွေဟာ မမှန်ကန်ပါဘူး။

ပဲဟာ Protein လို့ခေါ်တဲ့ အသားဓါတ်ကိုပေးပြီး အသား ၊ ငါး နဲ့ ကြက်ဥ ၊ ဘဲဥတွေဟာလည်း အာဟာရဓါတ်ပြည့်ဝတဲ့ အစာတွေဖြစ်ပါတယ်။ ဒါကြောင့် မွေးလာမယ့်ကလေးနဲ့ နို့စို့ကလေးတွေကို တကယ်ပဲ အားပြည့်သန်စွမ်း ကျန်းမာစေချင်တယ်ဆိုရင်ဖြင့် (၁)ဓလေ့ထုံးတမ်းတွေထဲက မှားယွင်းတဲ့ အယူအဆတွေကို စွန့်ပစ်ပါ။ (၂)လက်တွေ့ကျကျ မှန်ကန်တဲ့အယူအဆတွေကို လက်ခံကျင့်သုံးပါ။

မြန်မာနိုင်ငံမှာရှိတဲ့ အကောင်းဆုံးအာဟာရများမှာ အသား ၊ ငါး ၊ ပဲ ၊ ဟင်းသီးဟင်းရွက် ၊ ကြက်ဥ ၊ ဘဲဥ ၊ ဆန် ၊ သစ်သီးဝလံတို့ဖြစ်ပါတယ်။ ဆန်မရှိတဲ့ ၊ ဆန်ရှားပါးတဲ့ အရပ်ဒေသတွေမှာ ဆန်အစား ဂျုံကို အစားထိုးစားကြပါတယ်။

ကြက်ဥ ၊ ဘဲဥ ၊ ငုံးဥ နဲ့ ဥအမျိုးမျိုးအနက် ဘယ်ဥက အားအဖြစ်ဆုံးလဲဆိုရင် ဥတိုင်းဟာ အာဟာရဓါတ် နည်းသည်များသည် ထူးထူးခြားခြားကြီး ကွာခြားမှုမရှိဘဲ အလေးချိန်အလိုက် အာဟာရဓါတ်အနည်းများ ကွားခြားမှုရှိပါတယ်။ ဥပမာ ငုံးဥတစ်လုံးစားရုံ ရတဲ့အာဟာရဓါတ်ဟာ ကြက်ဥ ၊ ဘဲဥ တစ်လုံးစားလို့ရတဲ့ အာဟာရဓါတ်ချင်းမတူပါ။ ကြက်ဥဟာ ငုံးဥထက် အလေးချိန်ပိုလို့ ကြက်ဥဟာ အာဟာရဓါတ်ပိုမှာပါ။ ငုံးဥကို ကြက်ဥအလေးချိန်နဲ့တူညီစွာ ပမာဏများများစားရင်ဖြင့် အာဟာရဓါတ်တူလာမှာဖြစ်ပါတယ်။ ဒီတော့ ဘာဥ ၊ ညာဥဆိုတာထက် ဘယ်လောက်အလေးချိန်ရှိလဲဆိုတာကို ပိုအသားပေးရမှာဖြစ်ပါတယ်။

ဥကို အစိမ်းသောက်လျှင် ပိုအားရှိသည်ဆိုတဲ့အယူအဆ မမှန်ကန်ပါ။ အသားစိမ်း ၊ ငါးစိမ်းစားလို့ အာဟာရဓါတ် ပိုရတယ်ဆိုတာလည်း မမှန်ကန်ပါ။ အစိမ်းစားတဲ့အခါ အသားငါး ၊ ဥတွေမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေကို အစိမ်းလိုက်မြိုချသလို ဖြစ်သွားတဲ့အတွက် ရောဂါတွေကို ဖိတ်ခေါ်နေသလို ဖြစ်နေပါတယ်။ ဒါကြောင့် အထူးသဖြင့် ကိုယ်ဝန်ဆောင်သည်တွေနဲ့ နို့တိုက်ကလေးမိခင်တွေဟာ အသားငါးတွေ ၊ ဥတွေကို မကျက်တကျက်စားတာမျိုး ရှောင်ကြဉ်ပြီး ကောင်းစွာကျက်တဲ့အထိ ချက်ပြုတ်လို့ ပူပူနွေးနွေးစားသောက်ရမှာ ဖြစ်ပါတယ်။

ဥမှာ အကာနဲ့အနှစ် ဘယ်ဟာကပိုအားရှိသလဲဆိုရင် အကာဟာ Protein လို့ခေါ်တဲ့ အသားဓါတ်ကိုပေးပြီး အနှစ်ကတော့ အဆီ ၊ သံဓါတ်နဲ့ ဗီတာမင်အေ တို့ကိုပေးပါတယ်။ ဒီတော့ အကာလည်း အာဟာရဖြစ်သလို အနှစ်လည်း အာဟာရဖြစ်ပါတယ်။ ဒီတော့ ကလေးကို ကြက်ဥ ၊ ဘဲဥကြော်ကျွေးတဲ့အခါမှာ အနှစ်ကော ၊ အကာကော ရောခေါက်ပြီး ကျွေးနိုင်ရင် ကလေးစားရင်စားသလောက် အာဟာရပြည့်ဝစွာ ရရှိမှာဖြစ်ပါတယ်။ အစာကြေညက်မှုဟာလည်း အတူတူပဲဖြစ်ပါတယ်။

မြန်မာကြက်ဥနဲ့ မွေးမြူရေးကြက်ဥ ဘယ်ဥက ပိုလို့ အားဖြစ်စေသလဲဆိုရင် အလေးချိန်ကိုပဲ ဦးစားပေးရမှာဖြစ်ပါတယ်။ ကြီးတဲ့ဥက အာဟာရဓါတ်ပိုပါဝင်တာမို့ အာဟာရပိုဖြစ်ပြီး သေးတဲ့ဥက အာဟာရဓါတ်နည်းလို့ အာဟာရနည်းနည်းပဲရမှာဖြစ်ပါတယ်။ မြန်မာကြက်ဥက ပိုအာဟာရဖြစ်တယ်ဆိုတဲ့ အယူအဆ မမှန်ပါဘူး။ မွေးမြူရေးကြက်ဥချင်းအတူတူမှာ အာဟာရဓါတ်ပြည့်ပြည့်ဝဝကျွေးပြီး မွေးမြူတဲ့ကြက်တွေ ဥတဲ့ ဥတွေက ပိုအာဟာရဓါတ်ပြည့်ဝမှာ ဖြစ်ပါတယ်။
BurmeseHearts Blog

လိပ်ဥ ၊ လိပ်သားစားရင် အနာကြီးရောဂါဖြစ်တတ်တယ်ဆိုတဲ့ အယူအဆဟာ မမှန်ပါ။ လိပ်ဥက ညှီပြီး လိပ်မှာ အကွက်တွေရှိနေတဲ့အတွက် လိပ်ဥ ၊ လိပ်သားစာရင် အနာကြီးရောဂါဖြစ်မယ်လို့ ရှေးမြန်မာတွေ ယူဆခဲ့ကြတာဖြစ်ပါတယ်။ ဒီအယူအဆဟာ မမှန်ဘဲ လိပ်ဥ ၊ လိပ်သားစားတိုင်း အနာကြီးရောဂါမဖြစ်ပါ။ အနာကြီးရောဂါဟာ အနာကြီးရောဂါရစေတဲ့ပိုးကြောင့် ဖြစ်လာတာပါ။ လိပ်ဥ ၊ လိပ်သားစားလို့ ဖြစ်လာတာမဟုတ်ပါ။

ကြက်ပြုတ်ရည်နဲ့ ကြက်သား ဘယ်ဟာကပိုအာဟာရပြည့်မလဲဆိုရင် မူရင်းအာဟာဖြစ်စေတဲ့ ကြက်သားကို အရသာရှိရှိ ပြုတ်လိုက်လို့သာ ကြက်ပြုတ်ရည်ရရှိတာမို့ အာဟာရ စုနေတာ ကြက်သားမှာ ဖြစ်ပါတယ်။ ကြက်ပြုတ်ရည်က ပိုအာဟာရရှိတယ်ဆိုပြီး ပြုတ်ထားတဲ့ ကြက်သားမစားဘဲ ကြက်ပြုတ်ရည်ကိုပဲ ကိုယ်ဝန်ဆောင်မိခင် ၊ ကလေးနို့တိုက်မိခင်နဲ့ နလန်ထစ ကလေးငယ်တွေကို တိုက်ကျွေးရင် ကြက်ပြုတ်ရည်နဲ့ ကြက်သား နှစ်ခုလုံးစားတဲ့ အာဟာရဓါတ်လောက် မရနိုင်ပါဘူး။ လူမမာရဲ့ အစာအိမ်က ဆန်နဲ့အခြားအစာမာမာတွေကို ကောင်းကောင်း အစာမချက်နိုင်လို့ ဒီလိုကာလမှာ  မြန်မြန်အစာကျေပြီး များများနဲ့ခဏခဏ စားနိုင်မယ့် မြူစွမ်လိုမျိုး ၊ စွပ်ပြုတ်လိုမျိုးတွေကို လူမမာတွေစားသောက်ဖို့ ၊ နလန်ထတွေစားသောက်ဖို့ ဆရာဝန်တွေက ညွှန်ကြားတာဖြစ်ပါတယ်။ ကောင်းကောင်း အစာချေဖျက်နိုင်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ၊ မီးနေသည်တွေ ၊ နို့တိုက်ကလေးမိခင်တွေနဲ့ နလန်ထစကလေးငယ်တွေကို စွပ်ပြုတ်လုပ်တိုက်ရင် အသားရော စွပ်ပြုတ်ရည် နှစ်ခုစလုံးကို စားသောက်စေရပါမှ အာဟာရဓါတ်ပိုပြီး ပြည့်ပြည့်ဝဝရရှိမှာ ဖြစ်ပါတယ်။

Chicken Essence လို့ခေါ်တဲ့ (ကြက်ပေါင်းရည်ပုလင်း) တကယ်တော့ ကြက်ရဲ့အဆီကို သီးသန့်ထုတ်ထားတဲ့ ကြက်အဆီရည်ဟာ အလွန်အားရှိတယ်ဆိုပြီး လူမမာတွေနဲ့ နလန်ထစတွေကို တကူးတက ဝယ်ကျွေးကြပါတယ်။ တကယ်ဆို ကြက်သားကနေ ဖြစ်လာတဲ့ ကြက်အဆီရည် ၊ ကြက်ပြုတ်ရည်တွေဟာ အားရှိသလို လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားသောက်တဲ့ ကြက်သားနဲ့ ၎င်းရဲ့အရည်ဟာ ပိုအားမရှိဘူးလား။ ဒါကြောင့် ဈေးကြီးတာ ၊ ဈေးပေါတာတွေထက် လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားသောက်တဲ့ ဟင်းလျာတွေလောက် ဘယ်အရာကမှ ထူးပြီး အာဟာရပြီးပြည့်စုံနေတာမျိုး မရှိနိုင်ပါ။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like