Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကိုယ်ဝန်အပ်ခြင်းဆိုင်ရာ သိကောင်းစရာ – BurmeseHearts

ကိုယ်ဝန်အပ်ခြင်းဆိုင်ရာ သိကောင်းစရာ

0

ရင်သွေးအတွက် ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုတင် အစီအစဉ်ဆွဲပါ။
ရင်သွေးအတွက် ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုတင် အစီအစဉ်ဆွဲပါ။

ရာသီပေါ်သည့်ရက်အား မှတ်သားထားတတ်သူများအဖို့ ရာသီပေါ်ရမည့်ရက်ထက် ရက်သတ္တပတ် တစ်ပတ်မှ နှစ်ပတ်အထိ နောက်ကျနေပြီး ကိုယ်တိုင်လည်း အမျိုးသားနှင့် ထိုရက်များအတွင်း အတူနေခဲ့လျှင် ဆရာဝန်နှင့် ပြသ တိုင်ပင်ဆွေးနွေးခြင်း (သို့မဟုတ်) ဆီးစစ်ကိရိယာဖြင့် မိမိဘာသာ စမ်းသပ်စစ်ဆေးခြင်းတို့ ပြုလုပ်သင့်သည်။ သို့မှသာ မိမိတွင် ကိုယ်ဝန်ရှိခြင်း မရှိခြင်းကို ကြိုတင်သိရှိနိုင်ပေသည်။

ကိုယ်ဝန်အပ်ခြင်း

ကိုယ်ဝန်အပ်ခြင်းမှာ ပုံမှန်အားဖြင့် ရာသီနောက်ဆုံး ပေါ်ပြီးသည့်ရက်မှသည် ရက်သတ္တပတ်(၈)ပတ်မှ (၁၀)ပတ်အတွင်း မိမိကိုယ်ဝန် မွေးဖွားပေးစေလိုသည့် ဆရာဝန်အား မိမိ၏ကိုယ်ဝန်အား ပြသခြင်းဖြစ်သည်။

မိမိကိုယ်ဝန်အပ်ဖို့ ထိုရက်သတ္တပတ် တွက်ချက်မှုမှာ သာမန်လူများအတွက် အကြမ်းဖျင်းသာဖြစ်၍ တစ်ဦးနှင့်တစ်ဦး လုံးဝတူသည်တော့ မဟုတ်ပေ။

ဥပမာအားဖြင့် ကိုယ်ဝန် လျှောကျ ၊ ပျက်ကျလေ့ရှိသူများအဖို့ ရာသီပေါ်မည့်ရက်မပေါ်ဘဲ ဆီးစစ်ကိရိယာဖြင့် စမ်းသပ်၍ ရသောအဖြေသည် ကလေးရှိနေပါက သိလျှင်သိချင်း ဆရာဝန်နှင့် စောစီးစွာ ပြသထားသင့်သည်။ သို့မှသာ သန္ဓေလျောခြင်း ၊ ပျက်ခြင်းများကို အထိုက်အလျောက် ကြိုတင်တားဆီးနိုင်ပေသည်။

ကလေးများ မွေးဖွားသည့်အတွေ့အကြုံ ရှိပြီးသည့်သူများအဖို့ ပြုနေကျမို့ ဆရာဝန်နှင့် ကိုယ်ဝန်အပ်ခြင်း မပြုလုပ်သော်ငြား အချိန်တန်လျှင် သဘာဝအတိုင်း မီးဖွားမည်မှာ အမှန်ပင်ဖြစ်သည်။ ဥပမာအားဖြင့် ဝေးလံသော နယ်မြို့ ၊ ရွာကလေးများတွင် ဆရာဝန် ၊ ဆရာမ မရှိသော နေရာများ၌ ကိုယ်ဝန်အပ်ခြင်းဓလေ့မရှိဘဲ အချိန်တန်တော့ အရပ်လက်သည်နှင့် မီးဖွားလိုက်သည်က ဓလေ့ဖြစ်နေသည်။

 

ဘာကြောင့် ဆရာဝန်နှင့် မိမိကိုယ်ဝန် ပြသသင့်သလဲ

ကိုယ်ဝန်ရှိပြီဆိုပါက မိမိ၏ ကလေးဟာ ပုံမှန်ဟုတ်မဟုတ် ၊ မိမိ၏ ကျန်းမာရေးဟာလည်း ပုံမှန် ဟုတ်မဟုတ် ဆိုသည်ကို နားလည်တတ်ကျွမ်းသည့် ဆရာဝန် ၊ ဆရာမများနှင့် မှန်မှန် ဆွေးနွေးပြသခြင်းဖြင့် မလိုလားအပ်သော အဖြစ်အပျက်များကို ကာကွယ်ပြီးသားဖြစ်သည်။

မိမိကိုယ်ဝန်ကို ဆရာဝန်အား ပြသဆွေးနွေးပြီး လိုအပ်သော စစ်ဆေးချက်များ ရယူစစ်ဆေးခြင်းအားဖြင့် ကလေးရော အမေပါ ကလေးမွေးဖွားသည်အထိ ကျန်းကျန်းမာမာရှိနိုင်မည်။ မလွယ်သင့်သည့် ကိုယ်ဝန်(ဥပမာ-သားအိမ်မဟုတ်သည့် နေရာ၌ သန္ဓေတည်ခြင်း အစရှိသည်) အားလည်း ကြိုတင်သိရှိ ကုစားနိုင်မည်။

ဆရာဝန်နှင့် ပြသသည့်အခါ ဆရာဝန်က ကိုယ်ဝန်ဆောင်သည်အတွက် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်၍ မိခင်လောင်းတစ်ဦးသည် မိမိ၏ ကျန်းမာရေး ၊ ကလေး၏ ကျန်းမာရေးအခြေအနေကို သိရှိနိုင်ပေသည်။

ဥပမာ – မိမိတွင် HIV ရောဂါ ရှိနေမှန်း မသိသေးသူသည် ဆရာဝန်ဖြင့် ကိုယ်ဝန်အပ်သော်အခါ လိုအပ်တာ စစ်ဆေးရသည့်အတွက် မိမိ၏ရောဂါဖြင့် ထိုကလေး မွေးဖွားဖို့ သင့် ၊ မသင့်ကို ကြိုတင် သိရှိနိုင်သည်။

ထို့ကြောင့် ကိုယ်ဝန်ရှိနေသော မိခင်လောင်းတိုင်း မဖြစ်သင့်တာများ မဖြစ်အောင် ဆရာဝန်အား မိမိကိုယ်ဝန်ကို မှန်မှန်ပြသသင့်သည်။

ရတု (Burmesehearts.com)

You might also like