Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကိုယ်ဝန်ဆောင်သည်များ မဖြစ်မနေ ဆေးရုံသွားသင့်သည့် လက္ခဏာများ – BurmeseHearts

ကိုယ်ဝန်ဆောင်သည်များ မဖြစ်မနေ ဆေးရုံသွားသင့်သည့် လက္ခဏာများ

0

ရှောင်သင့်သည်များကို ရှောင်ပါမှ ကျန်းမာမည်။
ရှောင်သင့်သည်များကို ရှောင်ပါမှ ကျန်းမာမည်။

သွေးတိုးခြင်း (သို့မဟုတ်) ဆီးထဲ ပရိုတင်းများနေခြင်း

ကိုယ်ဝန် ရက်သတ္တပတ်နှစ်ဆယ်ကျော်သော ကိုယ်ဝန်ဆောင်သည် ဆယ်ဦးတွင် တစ်ဦးသည် ထိုလက္ခဏာမျိုးဖြစ်ပွားတတ်ကြောင်း သိရသည်။ ပထမဆုံး ကိုယ်ဝန်ဆောင်သည့် ကိုယ်ဝန်ဆောင်သည် ငါးဦးတွင် တစ်ဦးဟာ ထိုလက္ခဏာမျိုး ဖြစ်ပွားတတ်ကြောင်း သိရသည်။ ကိုယ်ဝန်ဆောင်ကာ ရက်သတ္တပတ်(၃၇)ပတ်ကျော်သော ကိုယ်ဝန်ဆောင်သည်အများစုဟာ ထိုလက္ခဏာမျိုး ခံစားရတတ်ကြောင်း သိရသည်။

အထူးသဖြင့် ခေါင်းကိုက်ခြင်း ၊ မူးဝေခြင်း ၊ မအီမသာပျို့အန်ခြင်း၊ အမြင်ဝေဝါးကာ အမြင်နှစ်ထပ်ဖြစ်ခြင်း ၊ ယေဘူယျအားဖြင့် ဗိုက်အထက်ပိုင်း နာကျင်ကာ နေလို့ထိုင်လို့မကောင်းကြောင်း သိရသည်။

တချို့သော ကိုယ်ဝန်ဆောင်သည်များသည် ကိုယ်ဝန်ဆောင် ဒုတိယကာလအတွင်း၌သော်လည်းကောင်း ၊ မီးဖွားစဉ်နှင့် မီးဖွားပြီး (၄၈)နာရီအတွင်း တိုင်အောင် ထိုလက္ခဏာမျိုးကို ခံစားရတတ်ကြောင်း သိရသည်။

ဒါဟာ သွေးတိုးခြင်း တစ်ခုသာမဟုတ်ဘဲ ဆီးထဲတွင်ပါဝင်နေသည့် ပရိုတင်းပမာဏ များလွန်းပါကလည်း ထိုလက္ခဏာမျိုး ခံစားရတတ်ကြောင်း သိရသည်။ ထို့ကြောင့် ဆရာဝန်များက ကိုယ်ဝန်ဆောင်သည်များအား ချိန်းဆိုထားသည့် အချိန်၌(အရပ်ခေါ် ဗိုက်ပြသည့်အချိန်၌) ဆီးစစ်ကာ ဆီးထဲတွင်ပါဝင်နေသည့် ပရိုတင်းပမာဏအား စစ်ဆေးခြင်းဖြစ်သည်။

ထိုလက္ခာအား အချိန်မီကောင်းမွန်စွာ မကုသပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားတတ်ကြောင်းနှင့် အချို့သောအဖြစ်များတွင် မိခင်ကော ၊ ကလေးကိုပါ ထိခိုက်တတ်ကြောင်းလည်း သိရသည်။

 

ကလေးစောမွေးခြင်း

ကိုယ်ဝန်ဆောင်ကာလ ရက်သ္တပတ် (၃၇)ပတ်မတိုင်မီ မွေးဖွားလာခဲ့သော ကလေးငယ်များဟာ အထွေထွေသော ကျန်းမာရေး ချို့ယွင်းချက်များ ရှိနိုင်ပြီး အထူးသဖြင့် အသက်ရှူခြင်းဆိုင်ရာ ပြဿနာများ ရှိတတ်ကြောင်း သိရသည်။

ကလေးစော မွေးဖွားခြင်းဟာ ပုံမှန်မွေးဖွားသကဲ့သို့ပင် ရေဆင်း ၊ သွေးဆင်း ၊ ဗိုက်နာခြင်း စသဖြင့် ခံစားရတတ်ပြီး ကိုယ်ဝန်ဆောင်ကာလ ရက်သ္တပတ် (၃၇)ပတ်မတိုင်မီ မွေးဖွားလာခဲ့သော ကိုယ်ဝန်များအား ကလေးစောမွေးခြင်းဟု သတ်မှတ်ကြောင်း သိရသည်။

သို့ပေမယ့် ကိုယ်ဝန်ဆောင်ကာလ ရက်သတ္တပတ် (၃၂)ပတ်ကျော်ပြီး ကိုယ်ဝန်ဆောင်ကာလ ရက်သ္တပတ် (၃၇)ပတ်မတိုင်မီ ကြားကာလတွင် မွေးဖွားလာသော ကလေးငယ်များကတော့ အသက်ရှင် ကျန်းမာစွာ နေထိုင်ကြီးပြင်းဖို့ အခွင့်အရေး ကောင်းကောင်း ရှိသည်ဟု သိရသည်။

ဒီ့မတိုင်မီ စောမွေးလာသော ကလေးငယ်များအား ၎င်းတို့၏ ကိုယ်တွင်းအင်္ဂါများ ပုံမှန်အလုပ်လုပ်နိုင်သည်အထိ ဖွံ့ဖြိုးလာအောင် အထူးကြပ်မတ်ဆောင်တွင် ထားရှိစေသည့်အတွက် ထိုသို့ ထားခွင့်မရသော ကလေးငယ်များ၏ အခြေအနေနှင့် နှိုင်းယှဉ်ပါက ကျန်းမာလာဖို့အခွင့်အရေး ပိုမိုသာလွန်ကြောင်း သိရသည်။

မိခင်ဝမ်းထဲ ကြာကြာနေနိုင်သမျှ နေသည့်ကလေးငယ်များဟာ ကျန်းမာစွာ မွေးဖွားလာဖို့ အခွင့်အလမ်း ပိုမိုရရှိကြောင်းလည်း သိရသည်။ ပုံမှန်အားဖြင့် ကိုယ်ဝန်ဆောင်ကာလ ရက်သတ္တပတ် (၃၇)ပတ်မှသည် (၄၂)ပတ်အတွင်း မွေးဖွားသော ကလေးငယ်များကို နေ့စေ့လစေ့ မွေးဖွားသော ကလေးငယ်များဟု သတ်မှတ်ထားကြောင်း သိရသည်။

 

မိန်းမကိုယ်မှ သွေးဆင်းခြင်း

နေ့စေ့လစေ့ မွေးဖွားခါနီး အချိန်မဟုတ်ဘဲ ကိုယ်ဝန်ဆောင်စဉ်ကာလ အစောပိုင်းအချိန်တွင် ပန်းရောင်အဆင်းလိုလိုပဲဖြစ်ဖြစ် သွေးလိုပဲဖြစ်ဖြစ် မိန်းမကိုယ်မှဆင်းလာပါက ကိုယ်ဝန်ပျက်ဖို့ အလားအလာများကြောင်း သိရသည်။

သို့မဟုတ်ပါကလည်း သားအိမ်အပြင်၌ သန္ဓေတည်ခြင်းကြောင့် ယင်းကဲ့သို့ သွေးဆင်းခြင်း ဖြစ်နေနိုင်ကြောင်း သိရသည်။

ထိုကဲ့သို့သော အဖြစ်များဟာ ကိုယ်ဝန်ဆောင် ပထမကာလဖြစ်သည့် ရက်သတ္တပတ် (၄)ပတ်မှ (၅)ပတ်အတွင်း ဖြစ်ပွားတတ်ကြောင်း သိရသည်။ ထို့နောက်ပိုင်းကာလများတွင် သန္ဓေသားလောင်းသည် သားအိမ်၌ သွားတွယ်ကပ်နေမည် ဖြစ်သဖြင့် သာမန် အလွယ်တကူ သားလျှော ၊ သားပျက်ခြင်းကို မပူရတော့ပေ။

သွေးစလေးလိုလိုပါတဲ့ အချွဲဟာ ကိုယ်ဝန်မွေးဖွားမည့် ရက်မတိုင်မီ တစ်လအတွင်း ဆင်းသည်ဆိုပါက သင်ဟာ ရက်အနည်းငယ် သို့မဟုတ် ရက်သတ္တပတ်အတွင်း ကလေးမွေးဖွားမည်ဟု လက္ခဏာပြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကာလအတွင်း သွေးစနီနီတို့ဟာ ပေါ်လိုက် ပျောက်လိုက်ဖြစ်နေလျှင်တော့ အချင်း အောက်ကျနေတာမျိုး ဖြစ်နိုင်ကြောင်းလည်း သိရသည်။

 

ကလေးအလှုပ်နည်းလာခြင်း

ကိုယ်ဝန်ဆောင်မိခင် အနားယူသောအချိန်တွင် ကလေးဟာ ဗိုက်ထဲတွင် အလှုပ်အများဆုံး အချိန်ဖြစ်ကြောင်း သိရသည်။

တကယ်ဆို အလုပ်များမြောင်လှသော မိခင်က မိမိဘာသာ ရှုပ်နေသည့်အတွက် ကလေးလှုပ်တာကို သတိမထားမိဘဲ မိမိအနားယူချိန်မှ ကလေးလှုပ်တာကို သတိထားမိ၍ ဖြစ်ကြောင်း ၊ မိမိအနားယူချိန်မှ ကလေးဟာ ပိုလှုပ်တာမျိုးမဟုတ်ဘဲ ကလေးလှုပ်တာကို မိမိအနားယူချိန်မှ ပိုသတိထားမိတာသာ ဖြစ်ကြောင်းလည်း သိရသည်။

ထို့ကြောင့် ညနေပိုင်းနှင့် ညအိပ်ရာဝင်ချိန်များတွင် ဗိုက်ထဲမှ ကလေးလှုပ်တာကို ကိုယ်ဝန်ဆောင်မိခင်များ ပိုသတိထားမိခြင်းဖြစ်ကြောင်း သိရသည်။

အချိန်(၁၂)နာရီအတွင်း ဗိုက်ထဲမှကလေးဟာ ဆယ်ကြိမ်ထက်မနည်း ကန်တာကို မိခင်က သိရှိခံစားနိုင်ပေသည်။ ဗိုက်ထဲကကလေး ဒီ့ထက်ပိုကန်လျှင် စိုးရိမ်စရာ မဟုတ်ပေမယ့် ကလေးလှုပ်ရှားတာကို (၁၂)နာရီအတွင်း လုံးဝမခံစားရလျှင်သော်လည်းကောင်း ၊ ကလေးလှုပ်သည့်အကြိမ်ရေ နည်းသည်ဟု မိမိက သံသယရှိလျှင်သော်လည်းကောင်း မိမိကိုယ်ဝန်အပ်ထားသည့် ဆရာဝန် (သို့မဟုတ်) ဆေးရုံသို့ အမြန်ဆွေးနွေးသင့်သည်။

မမွေးဖွားမီ ဗိုက်ထဲသေဆုံးသွားခဲ့သော ကလေးငယ်များဟာ ထိုကဲ့သို့ ဗိုက်ထဲ လှုပ်ရှားသည့် အကြိမ်ရေနည်းရာမှ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မိန်းမကိုယ်မှ ရေဆင်းခြင်း

ကလေးမွေးမည့်အချိန်ကျမှ ရေမြွှာပေါက်လေ့ရှိတာမျိုးဖြစ်ပေမယ့် ကလေးမွေမည့်အချိန်မတိုင်မီ ရုတ်တရက် မိန်းမကိုယ်မှ ရေဆင်းသလို ခံစားရလျှင်သော်လည်းကောင်း ၊ ရေအဆက်မပြတ် ဆင်းလာလျှင်သော်လည်းကောင်း ဆေးရုံသို့အမြန်သွားသင့်သည်။

ရတု(burmesehearts.com)

You might also like