Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကိုယ်ဝန်ဆောင်ကာလအတွင်း လိင်အမှုပြုနိုင်သလား? – BurmeseHearts

ကိုယ်ဝန်ဆောင်ကာလအတွင်း လိင်အမှုပြုနိုင်သလား?

0

ကိုယ်ဝန်ဆောင်သည်များ လိင်ခံစားရန်မသင့်ဟု မည်သည့် တတ်ကျွမ်းနားလည်သည့် ဆေးပညာရှင်များက ဖော်ပြရေးသားခြင်း မရှိပေ။ ကိုယ်ဝန်ဆောင်သည်များသည် ကိုယ်ဝန်သုံးလအထိ ကိုယ်ဝန်ဆောင်စဉ် ထွက်လာသော ဟော်မုန်းများကြောင့် လိင်စိတ်ကြွတတ်ကြောင်း သိရသည်။

မိဘနှစ်ဦးက မိမိတို့ကြောင့် ဗိုက်ထဲက ကလေးတစ်ခုခုဖြစ်မည်စိုး၍သာ လူကြီးများ ခြိမ်ခြောက်ပြောဆိုထားခဲ့ခြင်း ၊ မိမိတို့၏ စိုးရိမ်မှုများကြောင့် ကိုယ်ဝန်ဆောင်နေစဉ် လိင်ဆက်ဆံခြင်းအား ကြောက်လန့်စိုးရိမ်နေခြင်းဖြစ်သည်။

လိင်ခံစားမှုသည် သဘာဝလုပ်ငန်းဆောင်တာ တစ်ခုပင် ဖြစ်တာမို့ ကိုယ်ဝန်ဆောင်သည်များသည်လည်း လိင်ခံစားနိုင်ကြသည်။

သန္ဓေသားလျောကျနိုင်သည့် ပုံစံဆန်းနှင့် အတတ်ဆန်းမျိုး ထွင်မပြုဘဲ သမရိုးကျ လိင်ဆက်ဆံပါက ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း၌ လင်မယားအတူဆက်ဆံနိုင်ကြသည်။

အထူးသဖြင့် စောစီးစွာ မိန်းမကိုယ်မှ သွေးဆင်းခြင်း ၊ စောစီးစွာ ကလေးမွေးဖွားခြင်း ၊ အချင်းအောက်ကျနေခြင်း မဖြစ်စေရန် ကိုယ်ဝန်လရင့်လာလျှင် ရင့်လာသလို မိမိ၏ကိုယ်ဝန်ကို ထိခိုက်မှုမရှိစေသော ပုံစံမျိုးဖြင့် ဇနီးမောင်နှံနှစ်ဦး ဆက်ဆံသင့်ကြောင်း သိရသည်။

ကိုယ်ဝန်ဆောင်ကာလ ပထမ သုံး ၊ လေးလ

ကိုယ်ဝန်ဆောင်မိခင်လောင်းဟာ ကိုယ်ဝန်ဆောင်ကာ ပထမ သုံး ၊ လေးလအတွင်းမှာ ရေဝင်လာလို့ လိင်အင်္ဂါတွေ တောင့်တင်းလာပြီး ထိုဘက်၌ စိတ်တွေယခင်ကထက်ပိုတက်လာသည်ဟု ပညာရှင်များဆိုကြပါတယ်။ တင်းလာပေမယ့် နူးညံ့လာတဲ့ ထိုအင်္ဂါကတော့ နှစ်ယောက်စပ်ယှက်တဲ့အခါ ယခင်ကထက် ဇနီးမောင်နှံနှစ်ဦးစလုံးကို စိတ်ကျေနပ်မှု ရစေတယ်လို့လည်း တွေ့ရှိရပါတယ်။

ကိုယ်ဝန်ဆောင်ကာလ ငါးလ နှင့် ခြောက်လဝန်းကျင်

ကလေးလှုပ်တာကို စသိနိုင်ပြီဖြစ်တဲ့ ကိုယ်ဝန်ဆောင်ကာလ ငါးလဝန်းကျင်ရောက်လာရင်ဖြင့် မိခင်လောင်းတွေဟာ မိခင်စိတ်ဝင်လာလို့ လိင်ဘက်မှာ စိတ်ဝင်စားမှု လျော့နည်းသွားပါတော့တယ်။ ခင်ပွန်းဖြစ်သူ စိတ်ကျေနပ်အောင်လို့ အတူနေပေးရသည့်တိုင် သန္ဓေသားကို ထိခိုက်မလားဆိုတဲ့ စိုးရိမ်းစိတ်က ရှိနေပြီး ဗိုက်ကလည်းထွက်လာတဲ့အတွက် ထိုဘက်မှာ စိတ်မပါတော့ပါဘူး။

ကိုယ်ဝန်ဆောင်ကာလ ခုနှစ်လ နှင့် ရှစ်လကျော်ဝန်းကျင်

ကိုယ်ဝန်ဆောင်ကာလ ခုနှစ်လ နှင့် ရှစ်လကျော်ဝန်းကျင်မှာတော့ မိခင်ကိုယ်တွင်းမှာ ယခင်ကထက်ရေများလာပါတယ်။ လိင်အင်္ဂါတွေဟာ ပိုတင်းလာပေမယ့် အရမ်းနူးညံ့တဲ့အတွက် ဆက်ဆံတဲ့အခါ မိခင်လောင်းကို နာကျင်တဲ့ခံစားမှု ပေးပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ခုနှစ်လ နှင့် ရှစ်လကျော်ဆိုတဲ့ကာလမှာ သားအိမ်ခေါင်းနဲ့ ယောနိအင်္ဂါတွေက သန္ဓေသားအတွက် မွေးလမ်းကြောင်းဖြစ်နေပါတယ်။ ဒီအချိန်ဖခင်ရဲ့ အင်္ဂါအပါအဝင် ဘယ်ပစ္စည်းကိုပဲထည့်ထည့် မသန့်ရှင်းရင် ရောဂါပိုးထည့်သလို ဖြစ်သွားပါတော့တယ်။ ဒီတော့ မိခင်ဟာ မီးတွင်းထဲမှာ ဖျားနာတတ်ပါတယ်။

ဒါ့အပြင် ရေမြွှာဟာ သားအိမ်ခေါင်းထိပ်မှာ ပြူထွက်နေတဲ့အတွက် ဆက်ဆံရင်းအခန့်မသင့်လို့ ရေမြွှာပေါက်သွားတဲ့အခါ အချိန်မကျမီ ကလေးမွေးလာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလ ခုနှစ်လ နှင့် ရှစ်လကျော်ကာလမှာ ဆက်ဆံတဲ့အခါ ဇနီးမောင်နှံနှစ်ဦးစလုံးကို ကျေနပ်မှုမပေးနိုင်ရုံအပြင် အခန့်မသင့်ရင် ဒုက္ခပေးနိုင်လို့ တတ်နိုင်သမျှ ရှောင်နိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။

အကြိမ်အရေအတွက်

ကိုယ်ဝန်ဆောင်ကာလအတွင်း လိင်ဆက်ဆံမှုမှာ ကိုယ်ဝန်အနုအရင့်နဲ့ မိခင်လောင်းရဲ့ ဆန္ဒကိုလိုက်နာသင့်ပါတယ်။ ကိုယ်ဝန်နှင့်သူမ၏ခံစားမှု သက်တောင့်သက်သာရှိမှု ၊ မအီမသာဖြစ်မှုတွေကို သူမသာလျှင် အသိဆုံးဖြစ်နေပါတယ်။

ပညာရှင်တွေက ကိုယ်ဝန်ပထမ(၅)လအထိ တစ်ပတ်လျှင် တစ်ကြိမ် ၊ ကိုယ်ဝန်(၈)လအထိ တစ်လလျှင် သုံးကြိမ် ၊ (၉)လအထိ တစ်လလျှင် နှစ်ကြိမ် အများဆုံး ဆက်ဆံနိုင်ပြီး ကိုယ်ဝန်ဆယ်လအတွင်း ရောက်လရင်တော့ လုံးဝမဆက်ဆံသင့်ပါလို့ သတိပေးထားပါတယ်။

အထူးသဖြင့် စောစီးစွာ မိန်းမကိုယ်မှ သွေးဆင်းခြင်း ၊ စောစီးစွာ ကလေးမွေးဖွားခြင်း ၊ အချင်းအောက်ကျနေခြင်း မဖြစ်စေရန် ကိုယ်ဝန်လရင့်လာလျှင် ရင့်လာသလို မိမိ၏ကိုယ်ဝန်ကို ထိခိုက်မှုမရှိစေသော ပုံစံမျိုးဖြင့် ဇနီးမောင်နှံနှစ်ဦး ဆက်ဆံသင့်ပါတယ်။

သတိထားရမည်များ

အမျိုးသားအင်္ဂါ ယောနိအတွင်း နက်ရှိုင်းစွာ ဝင်နိုင်မည့် ပုံစံဖြင့်မပြုရ။

မိခင်လောင်းက အဓိကလှုပ်ရှားပေးရမည့် ပုံစံမျိုးမဖြစ်ရ။

မိခင်လောင်း၏အင်္ဂါကို အလွန်အကျွံ ပွတ်တိုက်လှုံ့ဆော်ခြင်း ၊ စိတ်ကျေနပ်မှုရအောင် ခင်ပွန်းသော်လည်းကောင်း မိမိကိုယ်တိုင်သော်လည်းကောင်း မပြုရ။ ပြုပါက သားအိမ်ရှုံ့၍ သားလျောနိုင်သည်။

ယောနိအတွင်း လက်မထိုးရတဲ့အပြင် ဆက်ဆံမှုမပြုမီ အမျိုးသားအင်္ဂါကို သန့်ရှင်းအောင် သေချာဆေးကြောပါ။

စိတ်လာသော ခင်ပွန်းကို ယောနိအတွင်း မထိုးသွင်းစေဘဲ ဖြေဖျောက်ပေးနိုင်မည့် နည်းလမ်းများကို ဇနီးက ပြုလုပ်ပေးပါမှ ကိုယ်ဝန်ဆောင်သည်အထိ ထူထောင်လာခဲ့သော အိမ်ထောင်ရေးဟာ ဆက်လက် မြဲမြံသာယာနိုင်မည်ကိုလည်း သတိချပ်သင့်သည်။

ရှောင်ကြဉ်ရန်မှာ ခင်ပွန်းကို တဏှာကြီးသူ ၊ စိတ်မထိန်းနိုင်သူဟု စွပ်စွဲခြင်းဖြစ်ပြီး အတူလဲမနေရ ၊ အပြစ်တင်လဲ ခံရသည့် ခင်ပွန်း၏ခံစားမှုကို စာနာ နားလည်ရမည်ဖြစ်သည်။

ခင်ပွန်းကလည်း ကိုယ်ဝန်သည်ဇနီးက မိမိဆန္ဒကို မလိုက်လျောနိုင်သည်မှာ မိမိကို မချစ်တော့လို့မဟုတ်ဘဲ မိမိတို့ရင်သွေးလေးပျက်စီးသွားမှာ စိုးစိတ်နှင့်ဆိုတာကို နားလည်သဘောပေါက်၍ မိမိ၏စိတ်ဆန္ဒကို အပျော်ရှာဖောက်ပြန်ခြင်းမပြုဘဲ မိမိဘာသာ စိတ်လျှော့ချနိုင်အောင် ကြိုးစားပါမှ သစ္စာရှိသော ၊ နားလည်တတ်သော ခင်ပွန်းကောင်းဖြစ်မည်။

ဘာဆက်လုပ်ရမလဲ?

ဆွေးနွေးမယ်ဆိုရင်တော့ အဆင့်(၁)နဲ့အဆင့်(၂)ကို လုပ်ဖို့လိုပါတယ်။

အဆင့်(၁)

  • BurmeseApp on Google Play ကနေ BurmeseApp ကို ဒေါင်းလုတ် လုပ်ရင်လုပ် ၊ ဒါမှမဟုတ်    ဒီမှာ    ဒေါင်းလုတ်လုပ်ရပါမယ်။ 
  • ပြီးရင် ကိုယ်ဝန်ဆောင်သည်လက်စွဲ နဲ့ပတ်သက်လို့ အဖွဲ့လိုက်ဆွေးနွေးဖို့ ဒီပေ့ခ်ျကို ပြန်လာရပါမယ်။ 

အဆင့်(၂)

ဝက်ဘ်ဆိုဒ်ကနေ တိုက်ရိုက် ဆွေးနွေးချင်တယ်ဆိုရင်တော့   ဒီမှာ    ကလစ်နှိပ်ပြီး အဆင့်လိုက် လုပ်ဆောင်ရပါမယ်။

( PregnancyKnowledge)

You might also like