Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကိုယ်ဝန်ဆောင်ကာလအတွင်း ဖြစ်လေ့ဖြစ်ထရှိသော လက္ခဏာများ အပိုင်း(၃) – BurmeseHearts

ကိုယ်ဝန်ဆောင်ကာလအတွင်း ဖြစ်လေ့ဖြစ်ထရှိသော လက္ခဏာများ အပိုင်း(၃)

0

ဆီးပြဿနာ နှင့် သွေးကြောထုံးခြင်းတို့ ခံစားရနိုင်သည်။
ဆီးပြဿနာ နှင့် သွေးကြောထုံးခြင်းတို့ ခံစားရနိုင်သည်။

ရင်သားများ အထိမခံနိုင်ခြင်း

ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် မိမိလွယ်ထားသော ရင်သွေးကို နို့ချို့တိုက်ကျွေးနိုင်ရန် မိမိကိုယ်တွင်း၌ ပြောင်းလဲပြင်ဆင်နေသောကြောင့် ရင်သားများ အထိမခံနိုင်အောင် နာကျင်သော ဝေဒနာများလည်း ခံစားရတတ်ကြောင်း သိရသည်။

ထိုသို့ ရင်သားများ အထိမခံနိုင်အောင် နာကျင်စွာ ခံစားရပါက အပေါ်ပိုင်း အတွင်းခံဝတ်ခြင်းမှ ရှောင်ရှား၍ မိမိ၏ရင်သားများအား ပွတ်တိုက်ခြင်း ၊ လှုပ်ခါခြင်းနည်းစေမည့် မိမိစိတ်တိုင်းကျဖြစ်နိုင်သော ချည်ထည်ဆွဲသားကိုယ်ကပ် တီရှပ်များကို အတွင်းခံအစား ဝတ်ဆင်ထားနိုင်သည်။ အရမ်းမခံနိုင်အောင် နာကျင်ခံစားရပါက မိမိကိုယ်ဝန်အပ်ထားသော ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ အဖြေရှာသင့်သည်။

 

မိန်းမကိုယ်ယားယံခြင်း

၇၅ရာခိုင်နှုန်းခန့်သော ကိုယ်ဝန်ဆောင်သည်များသည် မိန်းမကိုယ် ယားယံခြင်းကို ခံစားရတတ်ပြီး သားအိမ်လမ်းကြောင်း၌ ရောဂါကပ်ငြိခြင်းကို ကုသရန် ထည့်သွင်းသည့် ပက်ဆရီ ဆေးတောင့် သို့မဟုတ် ထိုအတွက် အထူးပြုခရင်မ်ကို လိမ်းပြီး လျှင်မြန်စွာကုသသင့်သည်။ ထိုဆေးများအား ဆင်တူယိုးမှား အတုအပစိုးရိမ်ပါက မိမိကိုယ်ဝန်အပ်ထားသော ဆရာဝန်ကို ပွင့်ပွင့်လင်းလင်းပြောပြပြီး ၎င်း၏ဆေးညွှန်းအတိုင်း သုံးစွဲသင့်သည်။

 

ဆီးပြဿနာ

ကိုယ်ဝန်ဆောင်သည်အမျိုးသမီးများသည် တိုးလာသော ကိုယ်အလေးချိန်ကြောင့်သော်လည်းကောင်း ကလေးက ဆီးအိမ်ကိုဖိ၍သော်လည်းကောင်း အကြောင်းကြောင်းကြောင့် မကြာခဏဆိုသလို ဆီးသွားခြင်း ၊ နာချေသောအခါ ၊ ပြေးလွှားသောအခါ နှင့် ရယ်မောသောအခါများတွင် ဆီးထွက်ခြင်းတို့လည်း ဖြစ်ပွားတတ်ကြောင်း သိရသည်။

မပြင်းထန်သော တင်ပဆုံရိုး လေ့ကျင့်ခန်းပေးမည့် လှုပ်ရှားမှုများကို ပြုလုပ်ပြီး ထိုဆီးပြဿနာကို ဖြေရှင်းနိုင်သည်။ ဥပမာ။ ။ လက်တန်းကိုင်ထားပြီး မတ်တပ်လျက်ဖြင့် ရှေ့နောက်လွှဲ လေ့ကျင့်ခန်းပြုခြင်း ၊ ဒူးမှနေ ခြေကွေးအဆန့် ပြုလုပ်ပေးခြင်းတို့ ပြုလုပ်ပေးနိုင်သည်။

 

မိန်းမကိုယ်မှ အဖြူဆင်းခြင်း

ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ကိုယ်ဝန်လွယ်ထားစဉ်ကာလအတွင်း မိန်းမကိုယ်အတွင်းမှ အဖြူဆင်းခြင်း သို့မဟုတ် အကြည်ရောင်များဆင်းခြင်းတို့ ပိုများလာနိုင်ကြောင်း သိရသည်။ ထိုအရာသည် သဘာဝမို့ စိတ်ပူစရာမဟုတ်ပေမယ့် မိမိသံသယဖြစ်သည်အထိ ဆင်းသည့်ပမာဏ များပြားပါမူ မိမိကိုယ်ဝန်အပ်ထားသည့် ဆရာဝန်နှင့် တိုင်ပင်သင့်သည်။

 

သွေးကြောထုံးခြင်း

ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ခြေသလုံးကြွက်သားများ၌သော်လည်းကောင်း ၊ နောက်ကျော၌သော်လည်းကောင်း ၊ ခြေထောက်၌သော်လည်းကောင်း ၊ ပေါင်၌သော်လည်းကောင်း သွေးကြောများထုံးတတ်ကြောင်းလည်း သိရသည်။

ထိုသို့ သွေးကြောထုံးခြင်းမှ ကာကွယ်ရန် အချိန်ကြာကြာ မတ်တပ်ရပ်ခြင်းကို ရှောင်ကြဉ်ပြီး ကိုယ်ဝန်ဆောင်သည်များ ပြုသင့်သည့် မပြင်းထန်သော လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်းဖြင့် ကိုယ်ဝန်ဆောင်သည် သွေးကြောထုံးခြင်းမှ ကာကွယ်နိုင်သည်။

ရတု(burmesehearts.com)

You might also like