ကိုယ်ဝန်ရှိ ၊ မရှိ သိဖို့ ဆီးစစ်ကိရိယာဖြင့် ဘယ်လို စစ်ဆေးကြည့်နိုင်မလဲ?

0

မိမိဝယ်သော ဆီးစစ်ကိရိယာတွင်ပါသည့် အသုံးပြုနည်းအတိုင်း မနက်အစောပိုင်း ပထမဆုံးအကြိမ်သွားသည့် ဆီးဖြင့် စမ်းသပ်စစ်ဆေးသင့်သည်။ အဘယ်ကြောင့်ဆိုသော် hCG (human chorionic gonadotropin) ဟုခေါ်သည့် ကိုယ်ဝန်ရှိစဉ် ဖြစ်ပေါ်နေသော ဟိုမုန်းများသည် မနက်ပိုင်းဆီးသွားချိန်တွင် ပမာဏအများဆုံး ဆီးထဲ၌ ပါဝင်နေသောကြောင့်ဖြစ်သည်။ ဆီးထဲမှာ ကလေး-သန္ဓေသားနဲ့ဆိုင်တာ ရှိနေ-မနေကို စမ်းတာ မဟုတ်ဘဲ အချင်းနဲ့ ဆိုင်တဲ့ ဟော်မုန်း ရှိ-မရှိကို စမ်းတာပါ။

မနက်အစောပိုင်း ကိုယ်ဝန်စစ်ဆေးမှု မလုပ်နိုင်ကြသူများအနေဖြင့် ရေကိုမိမိသောက်နေကျထက် လျှော့သောက်ပြီး အနည်းဆုံးလေးနာရီ ဆီးမသွားဘဲ ထိုနောက်ပိုင်း ပထမဆုံးအကြိမ်သွားသည့်ဆီးအား ဆီးစစ်ကိရိယာဖြင့် စမ်းသပ်နိုင်ကြောင်းလည်း သိရသည်။ ဆီးအတင်းသွားအောင် ရေတဝကြီးတော့ မသောက်ပါနဲ့။ ဟော်မုန်း ရေရောသလို ဖြစ်နိုင်တယ်။

ဘာဆက်လုပ်ရမလဲ?

ဆွေးနွေးမယ်ဆိုရင်တော့ အဆင့်(၁)နဲ့အဆင့်(၂)ကို လုပ်ဖို့လိုပါတယ်။

အဆင့်(၁)

  • BurmeseApp on Google Play ကနေ BurmeseApp ကို ဒေါင်းလုတ် လုပ်ရင်လုပ် ၊ ဒါမှမဟုတ်    ဒီမှာ    ဒေါင်းလုတ်လုပ်ရပါမယ်။ 
  • ပြီးရင် သန္ဓေတည်ခြင်း နဲ့ပတ်သက်လို့ အဖွဲ့လိုက်ဆွေးနွေးဖို့ ဒီပေ့ခ်ျကို ပြန်လာရပါမယ်။ 

အဆင့်(၂)

ဝက်ဘ်ဆိုဒ်ကနေ တိုက်ရိုက် ဆွေးနွေးချင်တယ်ဆိုရင်တော့   ဒီမှာ    ကလစ်နှိပ်ပြီး အဆင့်လိုက် လုပ်ဆောင်ရပါမယ်။

( CONCEPTION)

You might also like