Myanmar video – BurmeseHearts http://www.burmesehearts.com Online courses marketplace in Burmese language. Become a student, become a teacher, learn Thu, 29 Nov 2018 07:26:45 +0000 en-US hourly 1 https://wordpress.org/?v=5.1.1 http://www.burmesehearts.com/wp-content/uploads/2015/09/cropped-SortingBurmeseNumbersA-32x32.png Myanmar video – BurmeseHearts http://www.burmesehearts.com 32 32 ပျော်ရွှင်မှုကိုသတ်တဲ့ ဟန်ဆောင်မှု http://www.burmesehearts.com/%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%b9%e1%82%90%e1%82%8a%e1%80%84%e1%80%b9%e1%80%99%e1%82%88%e1%80%80%e1%80%ad%e1%80%af%e1%80%9e%e1%80%90%e1%80%b9%e1%80%90%e1%80%b2%e1%80%b7-%e1%80%9f%e1%80%94/ http://www.burmesehearts.com/%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%b9%e1%82%90%e1%82%8a%e1%80%84%e1%80%b9%e1%80%99%e1%82%88%e1%80%80%e1%80%ad%e1%80%af%e1%80%9e%e1%80%90%e1%80%b9%e1%80%90%e1%80%b2%e1%80%b7-%e1%80%9f%e1%80%94/#respond Wed, 16 Dec 2015 00:48:04 +0000 http://www.burmesehearts.com/?p=23051

]]>
http://www.burmesehearts.com/%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%b9%e1%82%90%e1%82%8a%e1%80%84%e1%80%b9%e1%80%99%e1%82%88%e1%80%80%e1%80%ad%e1%80%af%e1%80%9e%e1%80%90%e1%80%b9%e1%80%90%e1%80%b2%e1%80%b7-%e1%80%9f%e1%80%94/feed/ 0
သူငယ်ချင်းဆိုတဲ့အဓိပ္ပါယ် http://www.burmesehearts.com/%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%93%e1%80%ad%e1%80%95%e1%81%b8%e1%80%ab/ http://www.burmesehearts.com/%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%93%e1%80%ad%e1%80%95%e1%81%b8%e1%80%ab/#respond Fri, 11 Dec 2015 12:02:54 +0000 http://www.burmesehearts.com/?p=22533

ကစားတတ်တဲ့အရွယ်ကနေစပြီး ကစားဖော်သူငယ်ချင်း ၊ ကျောင်းနေတဲ့အရွယ်ရောက်တော့ ကျောင်းနေဖက်သူငယ်ချင်း ၊ အလုပ်လုပ်တဲ့အရွယ်ရောက်တော့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း ၊ တရားရှာတဲ့အရွယ်ရောက်တော့ တရားရှာဖက်သူငယ်ချင်း စသဖြင့် အရွယ်အလိုက် ခင်ရာမင်ရာကနေ စိတ်တူကိုယ်တူ ပေါင်းသင်းဖြစ်တဲ့ သူငယ်ချင်းတွေရှိမှာပဲ။

ရွယ်တူတွေ ၊ အရွယ်မတူတွေ ၊ လူအများကြီးထဲမှာမှ ဒီလူ ဒီလူတွေ သူငယ်ချင်းဖြစ်ပြီး အနွံအတာခံလို့ ခံစားချက်တွေဝေမျှ ပေါင်းဖက်ဖြစ်ကြတယ်။ သူငယ်ချင်းတွေဟာ သွေးသားတော်စပ်သူတွေမဟုတ်ဘူး။ ဒါပေမယ့် တချို့သူငယ်ချင်းတွေကို သွေးသားတော်စပ်သူတွေထက် ပိုယုံကြည်အားကိုးတဲ့သူရှိတယ်။ တချို့သူငယ်ချင်းတွေက လူမျိုးတူချင်မှတူမယ်။ ခံစားချက်ချင်းမျှဝေနိုင်ရင် သူငယ်ချင်းတွေလို့ ပေါင်းဖက်လို့ရပြီပေါ့။ တချို့သူငယ်ချင်းတွေက ဘာသာတူချင်မှတူမယ်။ ယုံကြည်ခံစားတဲ့ဘက်ချင်းညီရင်တော့ သူငယ်ချင်းအဖြစ် ပေါင်းဖက်မိကြတယ်။

တကယ်တော့ သူငယ်ချင်းဆိုတာ သွေးသားမတော်စပ်သူတွေဖြစ်ပေမယ့် သွေးရင်းတွေထက် ပိုရင်းနှီးချစ်ခင်နိုင်ကြသူတွေဖြစ်တယ်။ ချစ်သူတွေမဟုတ်ပေမယ့် ချစ်သူတွေထက် ပိုနားလည်နိုင်ကြသူတွေဖြစ်တယ်။ အကြံပေးအရာရှိတွေမဟုတ်ကြပေမယ့် လိုအပ်လာတဲ့အချိန်မှာ တိုင်ပင်ဖော်တိုင်ပင်ဖက်တွေလည်း ဖြစ်ကြတယ်။ ရင်ဘတ်ချင်းမတူပေမယ့် မျှဝေခံစားပေးနိုင်ကြသူတွေဖြစ်တယ်။ ကယ်တင်ရှင်ကြီးမဟုတ်ကြပေမယ့် အချင်းချင်း အနစ်နာခံကူညီတတ်သူတွေဖြစ်တယ်။  လိုအပ်ရင် ပုခုံးငှါးပြီး ထုရိုက်ငိုကြွေးခွင့်ပြုကြသူတွေဖြစ်တယ်။ ကိုယ်တိုင်ဆက်မလှမ်းနိုင်လည်း လက်ကမ်းဖို့ အသင့်ရှိသူတွေဖြစ်တယ်။ ရန်သူကြီးတွေမဟုတ်ပေမယ့် ငြင်းလိုက်ခုန်လိုက် ၊ စကားများရန်ဖြစ်လိုက် ၊ ကွာပြဲလိုက် ပြန်ပေါင်းလိုက် ၊ ပြောမနာဆိုမနာတွေဖြစ်တယ်။

ငယ်သူငယ်ချင်းဖြစ်လေ ခင်မင်မှုနက်ရှိုင်းလေ ရင်ဘတ်ချင်းထပ်တူကျနေသလို ခံစားရလေပဲနော်။ တခုခုများဆိုရင် ကိုယ်တိုင်ပင်နေကျ သူငယ်ချင်းမျက်နှာကို အရင်ပြေးမြင်တယ်။ ဒီအချိန်မှာ အိမ်ကမိဘကိုလည်း မတိုင်ပင်ချင်ဘူး။ ညီအစ်ကိုမောင်နှမကိုလည်း မတောင့်တဘူး။ ချစ်သူရည်းစား အိမ်ထောင်ဖက်လည်း မဟုတ်ဘူး။ ငါ့သူငယ်ချင်းသာ ငါ့အနားရှိရင် ဖွင့်ပြောလိုက်ရ ပေါ့သွားမှာပဲလို့ ခံစားမိကြတယ်။ ကိုယ့်ကိုနားအလည်ဆုံးဖြစ်တဲ့ အတွင်းသိ ၊ အစင်းသိ အခင်မင်ရဆုံး ငယ်သူငယ်ချင်းရှိခဲ့ရင်ပေါ့။

ငယ်သူငယ်ချင်းဆိုတာ ငယ်ငယ်တုန်းကတည်းက စိတ်တူကိုယ်တူ ကာလရှည်ကြာ ပေါင်းသင်းဖြစ်ခဲ့ကြတဲ့ သူငယ်ချင်းတွေကို ပြောတာပါ။ State ကျောင်းပြီးတာနဲ့ တက္ကသိုလ်တွေကွဲ ၊ မေဂျာတွေကွဲ ၊ အရင်လိုတပူးတွဲတွဲ မလုပ်ဖြစ်တော့ဘဲ အဆင်ပြေတဲ့ သူငယ်ချင်းအသစ်တွေနဲ့တွဲရာက အဆင်ပြေပြေ ပေါင်းသင်းတဲ့အတတ်ပညာကို စတင်သင်ယူလာတယ်။ ဒီကနေ အလုပ်ခွင်ဝင်တော့လည်း အလုပ်ထဲမှာအဆင်ပြေအောင် ပေါင်းသင်းရင်း မိတ်ဆွေသူငယ်ချင်းတွေ တိုးပွားလာတယ်။ မိတ်ဆွေသူငယ်ချင်းလို့ ခေါ်ရတဲ့သူ အရေအတွက် ဘယ်လောက်များပါစေ ကိုယ်စိတ်ဓါတ်ကျအားငယ်နေချိန်မှာ ရင်ဖွင့်ပြောဆိုတိုင်ပင်ဖို့ ဒီလူတွေထဲက တစ်ယောက်လောက်ကိုမှ မယုံရဘူးဆိုရင် ကိုယ့်အနားရှိနေသူတွေဟာ ကိုယ့်သူငယ်ချင်းအစစ်မဟုတ်ဘူးနော်။

အရွယ်ရောက်လာလေ ဟန်ဆောင်ခြင်းအတတ်ဆိုတာကို တတ်မြောက်လေမို့ အရိုးခံ ဖြူဖြူစင်စင် စိတ်ကလေးတွေနဲ့ ယုံယုံကြည်ကြည် ပေါင်းသင်းရတဲ့သူဆိုတာ ရှားလာတယ်။ အလုပ်ခွင်ထဲရောက်လာလေ လူတွေရဲ့ ဆက်ဆံပေါင်းသင်းမှုဆိုင်ရာ ပရိယာယ်တွေကို နားလည်လာလေ  ကိုယ်တိုင်လည်း ဟန်ဆောင်ခြင်းအတတ်ပညာကို အနည်းနဲ့အများ တတ်မြောက်လာရင်း အပေါ်ယံပေါင်းသင်းမှု အတတ်ပညာမှာ ကျွမ်းကျင်လာတော့ ပြုံးသာပြုံးရတယ် ဒီအပြုံးတွေက အပြုံးစစ်ဟုတ်ချင်မှဟုတ်မယ်။ အတူသွားလာ ပေါင်းသင်းနေပေမယ့် စိတ်ချင်းဝေးကွာကောင်း ဝေးကွာနိုင်တယ်။ သေချာတာက ရင်ဘတ်ချင်း ထပ်တူမကျဘူးလေ။

BurmeseHearts Blog

ကျွန်မအသက်(၂၀)ကျော်လောက်က ဘဝမှာအခက်ခဲဆုံးအချိန်တွေထဲက တစ်ခုလို့ပြောလို့ရတဲ့ အခြေအနေကို ကြုံခဲ့တယ်။ အားကိုးတကြီးပြေးရင်ဖွင့် အကူအညီတောင်းဖို့ တစ်ဦးကိုပဲသတိရတယ်။ ဘယ်သူ့ဆီမှပြေးမသွားဘဲ အဲဒီသူငယ်ချင်းမဆီ ပြေးသွားမိတယ်။ ရင်ဘတ်ချင်းထပ်တူညီနေတော့ ကျွန်မကိုသူက ရင်ဖွင့်ကြိုဆိုခဲ့တယ်။ ကျွန်မရဲ့ခံစားချက်တွေကို ဝေမျှနားထောင်ခဲ့တယ်။ ကျွန်မကို နွေးထွေးစွာ နှစ်သိမ့်မှုပေးခဲ့တယ်။ ကျွန်မကို လုံခြုံစွာ ခိုလှုံခွင့်ပေးခဲ့တယ်။ ကျွန်မကို တတ်အားသရွေ့ စိတ်အား ၊ ကိုယ်အား ကူညီမှုပေးခဲ့တယ်။ သူမဟာ ကျွန်မနဲ့ ခုနှစ်တန်းနှစ်မှာ စတင်သိကျွမ်းခဲ့ပြီး အဆက်အသွယ်ပြတ်ခဲ့သူပါ။ ဆယ်တန်းနှစ်မှာ ပြန်တွေ့ပြီး ပြန်တွဲဖြစ်ပြီးတဲ့နောက် တက္ကသိုလ်တက်ချိန်မှာ မေဂျာတွေကွဲသွားတာမို့ တတွဲတွဲမဖြစ်တော့ဘဲ လတော်တော်ကြာမှ သူ့အိမ် ၊ ကိုယ့်အိမ် လမ်းကြုံဝင်လည်လေ့ရှိသူပါ။

အဆက်အသွယ်တွေ ပြတ်ခဲ့ပေမယ့် ကိုယ့်သူငယ်ချင်းဒုက္ခရောက်ချိန်မှာ ကူညီနိုင်တာထက်ကူညီ ၊ ဖေးမနိုင်တာထက်ဖေးမလို့ ကိုယ်ချင်းစာတရား လက်ကိုင်ထားခဲ့တဲ့ ကျွန်မသူငယ်ချင်းဟာ ကျွန်မနဲ့ ဘာသာမတူပါဘူး။ လူမျိုးမတူပါဘူး။ ဒါပေမယ့် ရင်ဘတ်ချင်း ထပ်တူညီနေတယ်။ အခုအချိန်မှာ အပေါင်းအသင်း သူငယ်ချင်းစုံ ၊ လူမျိုးစုံ ၊ ဘာသာစုံကို ပေါင်းသင်းနေပေမယ့် အခုအချိန်အထိ ကျွန်မရင်တွင်းနက်နက် တနေရာမှာ ရာသက်ပန်သူငယ်ချင်းနေရာယူထားတဲ့ အဲဒီသူငယ်ချင်းမလောက် ဘယ်သူ့ကိုမှ မယုံကြည်နိုင်ပါဘူး။

အခုအချိန်အထိ ကျွန်မတို့ ရိုးသားစွာ ရင်ဖွင့် ဆက်ဆံကြတုန်း ၊ တမြေစီ လူချင်းမတွေရပေမယ့် ခံစားချက်တွေ ၊ အတွေးအခေါ်တွေ ထပ်တူညီနေတုန်းပါ။ ဒီလိုသူငယ်ချင်းမျိုးရခဲ့တဲ့ကံကြမ္မာကို ကျွန်မအလွန်ကျေးဇူးတင်ပါတယ်။ ဘုရားသခင် သူမကို ကောင်းချီးပေးပါစေ။ သူမ ယုံကြည်တဲ့ဘာသာအလျောက် ဘုရားသခင်ရဲ့ ကောင်းချီးကို သူမ ရရှိနေမှာပါ။

ဘာကြောင့် ကျွန်မရဲ့ ငယ်သူငယ်ချင်းမ ကောင်းကြောင်းပြောရသလဲဆိုရင် သူငယ်ချင်းတွေထဲမှာမှ ကောင်းတဲ့သူငယ်ချင်းရှိသလို မကောင်းတဲ့သူငယ်ချင်းတွေလည်း ရှိလို့ပါ။ ကျောင်းတုန်းက ကိုယ်တွေအတူ ပေါင်းဖက်တုန်းကကောင်းပေမယ့် တကွဲတပြားစီ ဖြစ်သွားတဲ့အခါမှာ အထာလေးတွေကျလာပြီ။ နောင်လမ်းမှာပြန်ဆုံကြတဲ့အခါ နင်ကဘာလဲ ၊ ငါကဘာပဲ ၊ နင်ကဘယ်သူနဲ့တွဲနေလဲ ၊ ငါကဘယ်သူနဲ့တွဲနေတယ်။ နင်ဘာလုပ် ၊ နင့်မိသားစုကဘယ်လို စတဲ့မေးခွန်းအထွေထွေရဲ့ အဖြေပေါ်မူတည်လို့ စိတ်တွေ ၊ ဆက်ဆံမှုတွေ ပြောင်းသွားတာကို ကြုံဖူးလို့ပါ။

ကိုယ့်ကမြင့်တယ်ဆို လုပ်ပါဦးငါ့ကို ၊ ကူပါဦးငါ့ကို ၊ ချေးပါဦးငါ့ကိုဆိုတာတွေရှိသလို အကြိမ်ကြိမ်ကိုယ်ကူပေမယ့် အကြိမ်ကြိမ် ကတိမတည်တဲ့သူတွေလည်း ကြုံဖူးတယ်။ ကိုယ့်ထက်မြင့်နေတဲ့သူတွေက ငါကတော့ဘာကြီးဖြစ်နေပြီဆိုပြီး ပြန်ခေါ်ပြောဆက်ဆံ ပေါင်းသင်းရမှာကို မတူသလို ၊ မတန်သလို နှုတ်ဆက်ဖို့တောင် နှုတ်ဆွံ့အနေသူတွေလည်း ကြုံဖူးလို့ပါ။ တတန်းတည်းတက် ၊ တကျောင်းတည်းထွက်ပေမယ့် လူကွဲသွားတာနဲ့ စိတ်ကွဲသွားတတ်တာကို ပြောတာပါ။

သူငယ်ချင်းအချင်းချင်း ကူညီသင့်တယ်ဆိုပေမယ့် သူငယ်ချင်းဆီက လိုတိုင်းတောင်းရအောင် သူငယ်ချင်းဆိုတာ ငွေထုတ်စက်မှမဟုတ်တာ။ သူအလုပ်အကိုင်ကောင်းရပေမယ့် ကိုယ့်ကြိုးစားမှုနဲ့ ထိုက်တန်တာပဲ ရနိုင်တာပေါ့။ ငါ့သူငယ်ချင်းဒီမှာလုပ်လို့ ရာထူးကြီးတဲ့ ငါ့သူငယ်ချင်းနဲ့တန်းတူ ငါအလုပ်ရမယ်လို့ မထင်ရဘူးလေ။ ကိုယ့်လက်အောက်မှာ ရအောင်ခန့်ပေးလိုက်သည့်တိုင် သူငယ်ချင်းဆိုတဲ့စိတ်ကြီးနဲ့ နာခံလိုစိတ်မရှိတာ ၊ အလုပ်သွင်းပေးထားတာကိုမှမထောက် ကိုယ့်လက်အောက်လုပ်နေရတာကို သိမ်ငယ်တယ်လို့ ခံစားနေရပြီး ကိုယ်မရှိရင် ကိုယ့်နေရာထိုင်ရမလားလို့ ခြေထိုးခံနေတာ စတဲ့ ဒီလိုသူငယ်ချင်းတွေကိုလည်း ကြုံဖူးတယ်။

ကွဲကွာသွားတာကြာတဲ့ အဆင့်ခပ်မြင့်မြင့် သူငယ်ချင်းကျပြန်တော့ ကိုယ်ကဘယ်သူပါလို့ မိတ်ဆက်သည့်တိုင် ကိုယ့်ကိုနှုတ်ဆက်ခေါ်ပြောလိုက်ရင်ပဲ ကိုယ်နဲ့တတန်းတစားတည်း နိမ့်ကျသွားမယောင် မခေါ်နိုင် ၊ မပြောနိုင် ၊ မပြုံးနိုင် ၊ မရယ်နိုင် မသိချင်ယောင်ဆောင်သွားတာ ကြုံခဲ့ဖူးပါရဲ့။ သူငယ်ချင်းနဲ့ လမ်းကြုံဆုံနှုတ်ဆက်ခွင့်ရနိုင်ဖို့ Formal Suit အမြဲဝတ်ထားရမှာလားလို့ မေးချင်ခဲ့တာ။ နာမည်နောက်က ဂုဏ်ဒြပ်တွေ ၊ ကျော်ကြားမှုတွေကိုသာ သူကအသားပေးပြီး ရင်ဘတ်ထဲက ခံစားချက်တွေ လျစ်လျူရှုတတ်သူလို့ ခံယူလိုက်တာမို့ သူ့အပြုအမူအတွက် ဝမ်းမနည်းတော့ပါဘူး။

သူငယ်ချင်းအစစ်ဆိုတာ ကိုယ်မရောက်တဲ့အမြင့်တနေရာမှာ ကိုယ့်သူငယ်ချင်းရောက်နေရင် ဒါငါ့သူငယ်ချင်းကွလို့ ဂုဏ်ယူချင်သူပါ။ ကိုယ့်ထက်နိမ့်ပါးနေရင် ကိုယ်နဲ့တန်းတူမဟုတ်တောင် တတ်နိုင်သမျှ ကူညီမြှင့်တင်ပေးချင်သူပါ။ သူငယ်ချင်းဒုက္ခရောက်နေတယ်ကြားရင် ကိုယ်တိုင်ဒုက္ခရောက်နေသည့်တိုင်အောင် သူစိတ်အားမငယ်ဖို့ ဘဝတူတွေပါလို့ အရိုးခံအားပေးချင်သူပါ။ ကိုယ့်ထက်မြင့်မားနေတဲ့ သူငယ်ချင်းအတွက် လက်ခုပ်တီးအားပေးလို့ ဂုဏ်ယူချင်ယူ ၊ ကိုယ့်ထက်နိမ့်ပါးနေရင် လက်တွဲခေါ်ပြီးကူချင်သူတွေဟာ သူငယ်ချင်းတွေပါ။ ဘယ်သူတွေ ဘယ်လိုပြောင်းသွားသွား အတိတ်ကခင်မင်မှုဆိုတာ ဖျောက်ဖျက်လို့ မရပါဘူး။ ရှိမြဲရှိနေဦးမှာပါ။ အတိတ်ကသူငယ်ချင်းဟာ ပစ္စုပ္ပန်ထိ မခင်မင်ချင်သည့်တိုင် အတိတ်ထဲမှာ သူငယ်ချင်းပါပဲ။ ဒါကိုတော့ ပြောင်းလဲလို့မရဘူးလေ။

ဒီပို့စ်ကို ချစ်ခင်ရသော သူငယ်ချင်းများစွာအတွက် ရေးသားလိုက်ပါတယ်။ တို့တွေ အသက်အရွယ်ပြောင်းသွားဦးမှာဖြစ်တယ်။ အဆင့်အတန်းတွေလည်း ပြောင်းသွားနိုင်သေးတယ်။ ဒါပေမယ့် ခင်မင်မှုဆိုတာကတော့ ပြောင်းသွားမှာမဟုတ်ပါဘူး။ တခါတလေမှာ တစုံတရာကြောင့် ပွင့်လင်းစွာ မရိုးသားနိုင်ခဲ့တာတွေရှိပေမယ့် သူငယ်ချင်းကတော့ သူငယ်ချင်းပါပဲ။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

]]>
http://www.burmesehearts.com/%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%93%e1%80%ad%e1%80%95%e1%81%b8%e1%80%ab/feed/ 0
စွန့်သွားသူရဲ့နောက်ကျော ပြုံးပြနိုင်ပ့ါမလား http://www.burmesehearts.com/%e1%80%85%e1%80%bc%e1%80%94%e1%80%b9%e1%82%94%e1%80%9e%e1%80%bc%e1%80%ac%e1%80%b8%e1%80%9e%e1%80%b0%e1%80%9b%e1%80%b2%e1%82%95%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9%e1%80%b1%e1%80%80%e1%80%ba/ http://www.burmesehearts.com/%e1%80%85%e1%80%bc%e1%80%94%e1%80%b9%e1%82%94%e1%80%9e%e1%80%bc%e1%80%ac%e1%80%b8%e1%80%9e%e1%80%b0%e1%80%9b%e1%80%b2%e1%82%95%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9%e1%80%b1%e1%80%80%e1%80%ba/#respond Fri, 11 Dec 2015 05:40:56 +0000 http://www.burmesehearts.com/?p=22506

ကျောခိုင်းထွက်သွားသူတစ်ယောက်အတွက် ရင်ကွဲပက်လက်ဖြစ်ရင်ဖြစ်ပါစေ။ အေးစက်စက်မျက်ဝန်းတွေ ၊ ရက်စက်ကြမ်းကြုတ်မှုတွေ ၊ ကိုယ်ချင်းမစာနာမှုတွေနဲ့ သစ္စာဖောက်ကျောခိုင်းသွားတဲ့ သူ့နောက်ကျောကို သံယောဇဉ်မပြတ်ရင် ငေးကြည့်နေလို့ရပါတယ်။ ဒါပေမယ့် အတင်းလိုက်ဆွဲဖို့တော့မကြိုးစားနဲ့။ စိတ်မထင်ရင် ဆောင့်တွန်းခံထိလိမ့်မယ်။ မထွက်သွားစေချင်ရင် အော်တားချင်တားပါ။ ပြန်စဉ်းစားဖို့သတိပေးပါ။ ရှေ့ဆက်ကျောခိုင်းသွားသူတစ်ယောက်နောက် ပြေးမလိုက်ပါနဲ့။ ကိုယ့်ကို ကျောခိုင်းသွားဖို့ သူဟာ ဆုံးဖြတ်ချက်ချပြီးသားလေ။ ဒါကိုခံစားချက်တွေဖုံးလွှမ်းလို့ မေ့မသွားပါနဲ့။

ကျောခိုင်းသွားသူက တချိန်မှာ တန်ဖိုးမရှိတဲ့စကားနဲ့ ပြောလာနိုင်ပါတယ်။ ဘာကြောင့် သူ့ကိုအတင်းမတားခဲ့တာလဲလို့။ ကျောခိုင်းထွက်သွားရအောင် သံယောဇဉ်ဆိုတာ ဘယ်သွားထားခဲ့သလဲလို့ ပြန်မေးလိုက်ပါ။ တကယ်ချစ်ခင်ကြင်နာပြီး သံယောဇဉ်တွေမြဲခဲ့ရင် ဒီလူကိုယ့်ကို ကျောခိုင်းထွက်သွားပါ့မလား။ အသစ်နဲ့ပျော်နေသူတစ်ယောက်ကို ခံစားချက်အဟောင်းတွေ ရင်မှာပိုက်ပြီး တမ်းတမနေပါနဲ့။ ဖြစ်နေတဲ့ဘဝမှာ ကိုယ့်ဘာသာ ပျော်အောင်ကြိုးစားလိုက်ပါ။ ရသစုံပေးတဲ့ဘဝမှာ မျက်ရည်တွေနဲ့အားငယ်မှုတွေပဲ ပိုက်မထားနဲ့လေ။ ညပြီးရင်နေ့ရောက်တာ သဘာဝမို့ ခံစားချက်တွေကို အားတင်းပြီး ကိုယ့်ဘဝကို တဆင့်ထက်တဆင့် မြင့်မားအောင် ကြိုးစားလိုက်ပါ။ မခံချင်စိတ်နဲ့ပဲဖြစ်ဖြစ် ၊ တိုးတက်လိုစိတ်နဲ့ပဲဖြစ်ဖြစ်ပေါ့။ ချောင်မှာထိုင်ငိုနေတာထက်တော့ သာမှာပါ။

မိသားစုမျက်နှာ ငဲ့မကြည့်သူအတွက် ပတ်ဝန်းကျင်မျက်နှာ ငဲ့ကြည့်မနေပါနဲ့။ ချီးမွမ်းခုနှစ်ရက် ၊ ကဲ့ရဲ့ ခုနှစ်ရက်မို့ ကိုယ့်ဘဝ ကိုယ်တိုင်တည်ဆောက်ရမှာပါ။ Broken Family မို့ ပြိုကွဲသွားတဲ့အိမ်ထောင်စုအတွက် ကလေးတွေ စိတ်အားငယ်ကောင်း ငယ်နိုင်ပါတယ်။ ကလေးတွေစာရိတ္တ စံပြအရွေးမမှားရအောင် ကလေးတွေအတွက် မတွေးတဲ့မိဘ သူ့လမ်းသူရွေးချယ်ပါစေ။ ကိုယ်က မိနေရာ ၊ ဖနေရာ နှစ်ခုပေါင်းလို့ တိုးချစ် ၊ တိုးပံ့ပိုးရုံပေါ့။ ပိုပင်ပန်းကောင်း ပင်ပန်းနိုင်တယ်။ သူကြောင့်နာကျင်ခံစားရမှုတွေ ပေါ့သွားမှာပါ။ တဖက်လပ်သွားတဲ့ မိဘနေရာကြောင့် ကလေးဟာ လစ်ဟာချက်တွေ ခံစားရကောင်း ခံစားရနိုင်ပေမယ့် ကလေးကို စိတ်ဒဏ်ရာတွေ ပေးတာထက်တော့ သာမှာပါ။ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ တချိန်မှာ ကလေးနားလည်လာမှာပါ။

လောကမှာ သင်ယူလိုစိတ်ရှိရင် အရာရာသင်ယူလို့ရပါတယ်။ ပြောင်းလဲလိုစိတ်ရှိရင်လည်း ပြောင်းလဲလို့ရပါတယ်။ ကြိုးစားချင်စိတ်မရှိသူနဲ့ ဖောက်ပြန်တတ်သူတွေအတွက်တော့ ကုစားရာဆေးမရှိပါဘူး။ သူတို့ကိုယ်တိုင်က ပြောင်းလဲပစ်လိုက်မှပဲ ဖြစ်နိုင်မယ်လေ။ ကိုယ့်တန်ဖိုးမထားဘဲ ဖောက်ပြန်သူအတွက် ရင်နဲ့ရင်းပြီး ဘဝအချိန်ကုန်ခံ ခံစားမနေပါနဲ့။ သူဖောက်ပြန်တဲ့ မိန်းမတွေကိုလဲ လိုက်ရန်မရှာနဲ့။ အဓိက က ကိုယ့်လူလေ။ ကိုယ့်လူကိုယ်မနိုင်ရင် တပါးလူကို ဖိမမဲပါနဲ့။ သူတို့နှစ်ယောက်လုံးက လုပ်သင့် ၊ မလုပ်သင့်ဆိုတာတွေကို မခွဲခြားတတ်သူတွေပါ။ သူတို့နဲ့ ပတ်သက်နေသမျှ ကိုယ်ပါ မလုပ်သင့်တာတွေ လုပ်နေမိဦးမှာမို့ လုံးဝမပတ်သက်လေ ပိုကောင်းလေပါ။

ကိုယ့်လူလုသွားတာကို ရန်မလိုနဲ့။ ကိုယ့်လူ ကိုယ့်ဘက်ရှိနေရင် သူလုလဲ သူအရှက်ကွဲရုံပေါ့။ ကိုယ့်လူကိုယ့်ဘက် မြဲနေအောင် မဆွဲဆောင်ထားနိုင်ရင်တော့ ကိုယ့်လစ်ဟာချို့ယွင်းချက်လို့ မှတ်လိုက်ပါ။ တပါးသူ အပြစ်မြင်နေတာထက် ကိုယ့်အပြစ်လည်းပါတယ်လို့ မှတ်လိုက်ရင် ခံစားရပိုသက်သာလာလို့ ပြောတာပါ။ ကိုယ့်တန်ဖိုးမထားသူက ကိုယ့်တန်ဖိုးကို ဘယ်သိပါ့မလဲ။

BurmeseHearts Blog

မဖောက်ပြန်သေးသူတွေကို ဘယ်တော့ဖောက်ပြန်မလဲဆိုတဲ့ သံသယမျက်လုံးနဲ့မကြည့်ပါနဲ့။ ပစ္စည်းတစ်ခုကိုင်ကြည့်ရုံနဲ့ ကိုယ့်ကို ခိုးနိုး ခိုးနိုး စောင့်ကြည့်ခံရရင် ကိုယ့်စိတ်ထဲ ဘယ်လိုနေမလဲ။ မခံနိုင်တဲ့အဆုံးမှာ ရိုးသားတဲ့စိတ်ကလေးတောင် မခိုင်တဲ့အကျင့်သီလနဲ့ပေါင်းပြီး အရောင်ပြောင်းသွားနိုင်သလို မဖောက်ပြန်တဲ့သူက ကိုယ့်သံသယကြောင့် နီးစပ်သူနဲ့ ဖောက်ပြန်သွားနိုင်ပါတယ်။

မိမိ ချစ်ခင်ကြင်နာမှုကို အခါအားလျော်တိုင်း ပြသပါ။ ဝတ္တရားမှန်သမျှ ကျေပွန်ပါ။ လုပ်ကိုင်သမျှ စေတနာထားပါ။ မေတ္တာထားပြီး ကျိုးနွံပါ။ ဒီလိုအကောင်းဆုံး လုပ်ကိုင်ပေးနေရက်နဲ့ ကျောခိုင်းသွားရက်သူအတွက် ဝမ်းမနည်းနေပါနဲ့ ။ ကိုယ်နဲ့သူ မထိုက်ဖူးလို့ သဘောထားလိုက်ပါ။ သူကမြင့်လို့ မထိုက်တာထက် သူလိုယုတ်ညံ့တဲ့စိတ်ထားနဲ့ ကိုယ့်မေတ္တာ မထိုက်ဘူးလို့ သဘောထားလိုက်ပါ။

သူနဲ့ထိုက်တန်သူဆီ သူသွားတာမို့ ဘယ်သူ ၊ ဘာဆိုတာ အချိန်က သက်သေတည်သွားမယ်လေ။ ကိုယ်တိုင်က ကိုယ့်လမ်းကိုယ်ဆက်လျှောက်ဖို့ပဲ ရွေးချယ်ပါ။ တိုးတက်ချင်ရင် ကြိုးစားပါ။ အမြင့်ရောက်ချင်ရင် ဆက်လှမ်းတက်ပါ။ သူတို့တွေနဲ့ ယှဉ်ပြိုင်နေဖို့ထက် ကိုယ့်ဘဝအတွက် ကောင်းရာမွန်ရာ လုပ်ဆောင်ပါ။

သူ့ဘဝပျက်ပါစေလို့လည်း ကျိန်စာမတိုက်နဲ့။ သူ့ကျိန်စာတိုက်ဖို့ အဆိုးဆုံးစကားတွေ ကိုယ်ဆိုနေရဦးမယ်။ သူ့အရှက်ကွဲအောင်လည်း တမင်မလုပ်နဲ့။ သူများကိုအရှက်ခွဲရင်း ကိုယ်ပါအရှက်ကွဲတယ်။ တစ်ရှက်က နှစ်ရှက်မဖြစ်နဲ့လေ။

သူများစုပ်သပ်သံတွေဟာ သာယာစရာမကောင်းပါဘူး။ အားငယ်စိတ်တွေ အောင်းသွားနိုင်တယ်။ ဘဝမှာ စိတ်ထားတတ်ဖို့ပဲလိုတယ်။ စိတ်ထားမှန်ရင် လူမှန် ၊ နေရာမှန် မြဲမြံနေမှာပါ။ စိတ်မထားတတ်ရင် မှားတတ်တယ်။ မှားယွင်းတဲ့ခံစားချက်တွေနဲ့ မှားယွင်းတဲ့လုပ်ကိုင်မှုတွေက မှားယွင်းတဲ့ဘဝကို ဦးဆောင်သွားတယ်။

ကိုယ့်ကိုကျောခိုင်းသွားသူရဲ့ကျောပြင်ကို နောက်ဆုံးအကြိမ်အဖြစ် စွဲစွဲမြဲမြဲ မှတ်မိအောင်ကြည့်ပါ။ ဒီကျောပြင်ဟာ ကိုယ့်ကိုတင် ကျောခိုင်းသွားတာမဟုတ်ပါဘူး။ ကိုယ့်ခံစားမှုကို ကျောခိုင်းသွားခဲ့တာ ၊ ကိုယ့်မေတ္တာကို ကျောခိုင်းသွားခဲ့တာ ၊ ကိုယ့်စေတနာကို ကျောခိုင်းသွားခဲ့တာ ၊ ကတိသစ္စာတွေကို ကျော်ခိုင်းသွားခဲ့တာ ၊ တူနှစ်ကိုယ်လို့ ရည်စူးထားတဲ့ အနာဂါတ်ကို ကျောခိုင်းသွားခဲ့တာ ၊ မိသားစုများရှိခဲ့ရင် ကိုယ်တွေမိသားစုနဲ့ ခံစားချက်ဟူသမျှကို ကျောခိုင်းသွားခဲ့တာဖြစ်ပါတယ်။

နောင်တချိန် သူပြန်လာခဲ့ရင်တောင် နောက်တကြိမ် ထပ်ကျောခိုင်းနိုင်သေးတယ်လို့ သတိရပါ။ ဖောက်ပြန်တတ်တဲ့သူဟာ ဖောက်ပြန်ခြင်းမှာ ပျော်မွေ့နေပြီလေ။ သူ့အမှားသိလို့ အမှန်ပြင်ပါပြီဆိုတဲ့တိုင် ထပ်ခါထပ်ခါ မှားတတ်သူတွေက အမှားမှာ ပျော်မွေ့နေတာမို့ သတိထား မမှားဘူးပေါ့။ ပြန်လက်ခံတာ ၊ ပြန်ပေါင်းတာ ကိုယ့်ဆုံးဖြတ်ချက်လေ။ ထပ်ခါထပ်ခါ မခံစားစေချင်တာလည်း ကျွန်မစေတနာဖြစ်ပါတယ်။ ကျန်ခဲ့ရသူတိုင်း ပျော်မွေ့တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

]]>
http://www.burmesehearts.com/%e1%80%85%e1%80%bc%e1%80%94%e1%80%b9%e1%82%94%e1%80%9e%e1%80%bc%e1%80%ac%e1%80%b8%e1%80%9e%e1%80%b0%e1%80%9b%e1%80%b2%e1%82%95%e1%80%b1%e1%80%94%e1%80%ac%e1%80%80%e1%80%b9%e1%80%b1%e1%80%80%e1%80%ba/feed/ 0
စိတ်ကစားခြင်းနှင့် ချစ်ခြင်းမေတ္တာကွာခြားပုံ http://www.burmesehearts.com/%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%80%e1%80%85%e1%80%ac%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%81%e1%80%ba%e1%80%85%e1%80%b9/ http://www.burmesehearts.com/%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%80%e1%80%85%e1%80%ac%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%81%e1%80%ba%e1%80%85%e1%80%b9/#respond Thu, 10 Dec 2015 11:05:12 +0000 http://www.burmesehearts.com/?p=22417

သစ်ရွက်လှုပ်တောင် ရင်ခုန်တတ်တဲ့အရွယ်ဆိုတော့ ဒီအရွယ်ဖြတ်သန်းဖူးသူတိုင်း စိတ်ကစားဖူးတာမို့ စိတ်မကစားခဲ့ဖူးဘူးပြောတဲ့သူဟာ ညာပြောတာပါပဲ။ စိတ်ကစားခဲ့ဖူးပေမယ့် ဒီစိတ်ကို ထိန်းသိမ်းနိုင်ခဲ့တာနဲ့ လုံးဝ စိတ်မကစားဖူးတာ ကွဲပြားတယ်လေ။ စိတ်ကစားတယ်ဆိုတာဘာလဲ လွယ်လွယ်နဲ့ရှင်းရှင်းပြောရရင် တဘက်လိင်အပေါ် သဘောကျနှစ်ခြိုက်တဲ့စိတ် ၊ သူ့အပေါ် သာယာတဲ့စိတ်တွေ ဝင်လာတယ်လေ။ သူ့ကို သဘောကျစိတ်တွေဝင်နေတော့ သူ့ကိုမြင်ရင် ရင်ခုန်တာ ၊ သူ့ကိုပဲ မြင်ချင်နေတာ ၊ သူနဲ့ပတ်သက်တာတွေဆို (အချိန်ကာလတခုတိုင်) အမှတ်တရ သိမ်းထားမိနေတာ စသဖြင့်သော စိတ်ပိုင်းဆိုင်ရာ သာယာမှုတွေမှာ အရင်နဲ့မတူတဲ့ ခံစားချက် ၊ တခြားသူတွေနဲ့ မတူတဲ့ ခံစားချက်မျိုး ဖြစ်ပေါ်ခံစားလာတာမျိုးပေါ့။

စိတ်ကစားတဲ့အရွယ်ဟာ ဆယ်ကျော်သက်အရွယ်ပဲလို့ ထင်ရင်မှားပါတယ်။ မိမိစိတ်ကို မိမိမထိန်းသိမ်းနိုင်သေးတဲ့သူတွေဟာ ဘယ်အရွယ်ရောက်ရောက် ရင့်ကျက်တဲ့ခံစားမှုနဲ့ အတွေးအခေါ်မျိုး မကိန်းအောင်းသေးတာမို့ ဟိုလူ့မြင် စိတ်ဝင်စားလိုက် ၊ ဒီလူနဲ့အနေများရင် စိတ်ယိမ်းယိုင်လိုက်နဲ့ စိတ်ကစားတတ်ပါသေးတယ်။ ဒီတော့ စိတ်ကစားတယ်ဆိုတဲ့ စကားလုံးရဲ့နောက်မှာ မရင့်ကျက်မှုတွေက ပါဝင်နေသေးတာဖြစ်ပါတယ်။ စိတ်သာယာမှုနောက် တကောက်ကောက် လိုက်ပါတတ်သူတွေဟာ မကြာခဏဆိုသလို စိတ်မတည်မငြိမ်နဲ့ စိတ်နောက်ကိုယ်ပါ ခံစားတတ်ကြပါတယ်။

ဆယ်ကျော်သက်အရွယ်အများစုဟာ အတန်းထဲမှာသော်လည်းကောင်း ၊ ကျောင်းထဲမှာသော်လည်းကောင်း ၊ ရပ်ကွက်ထဲမှာသော်လည်းကောင်း မိမိကျင်လည်ရာ ပတ်ဝန်းကျင်က မိမိစိတ်ကို လှုပ်ရှားစေနိုင်တဲ့ တဘက်လိင်အပေါ် စိတ်ကစားတတ်ကြပါတယ်။ စိတ်ခံစားမှု မရင့်ကျက်သေးသူတွေမှ စိတ်ကစားတတ်ကြတာဆိုတော့ သူတို့စိတ်ကစားတဲ့သူတွေဟာ ပျိုပျို အိုအို အကုန်ပါဝင်နိုင်ပါတယ်။ ဒီလိုစိတ်ကစားတတ်တဲ့ မနူးမနပ်လေးတွေကို စားနေကျကြောင်ပါးတွေက တမင်စိတ်ကစားအောင်လုပ် ၊ ပြီးရင်သိမ်းသွင်းပြီး သူတို့လိုချင်ရာ အရယူတတ်ကြတယ်။ တဖက် မနူးမနပ်စိတ်ကလေးနဲ့ စိတ်လှုပ်ရှားမိသူက စိတ်နောက်ကိုယ်ပါခံစားရင် သူတို့လှည့်ကွက်ထဲ သက်ဆင်းရပြီပေါ့။

စိတ်ကစားတယ်ဆိုတာ တခါတလေကျတော့လည်း နီးစပ်မှုအရသော်လည်းကောင်း ၊ ပတ်ဝန်းကျင် အပြောင်းအလဲအရသော်လည်းကောင်း ၊ အားကိုးလိုတဲ့အချိန်မှာသော်လည်းကောင်း ၊ အထီးကျန်စိတ်အားငယ်နေချိန်မှာသော်လည်းကောင်း ဖြစ်ပေါ်လာတတ်ပါသေးတယ်။ ဥပမာ အနေနီးလို့စိတ်နီးပြီး တွဲဖြစ်သွားတာမျိုး ၊ ခရီးသွားလာရင်း အတွဲလေးတွေပါလာတာမျိုး ၊ သင်္ကြန်လေးငါးရက်အတွင်းမှာ ဇတ်လမ်းလေးတွေ ဖြစ်သွားတာမျိုး ၊ ကိုယ်လိုအပ်နေချိန်မှာ ပေါ်လာပြီး ကိုယ့်ကိုအဖော်လုပ်ပေးသူ ၊ ကူညီပေးတတ်တဲ့သူကိုလည်း အားကိုးစိတ်ကလေးနဲ့ တွယ်ငြိသွားပြန်ရော။ ဒီလိုငြိတွယ်လာတဲ့စိတ်တွေဟာ လတ်တလောဖြစ်ချိန်ကလေးမှာ အချစ်ဆိုတဲ့ ခံစားမှုနဲ့ ဆင်တူယိုးမှား တူနေတတ်တယ်။ ဒါပေမယ့် တကယ်ကွာခြားချက်ကြီးကတော့ အချိန်ခြားနားချက်ကြီးပါပဲ။

စိတ်ကစားရုံပဲ ငြိတွယ်မိသူတွေက ကွယ်တာနဲ့မေ့မေ့ပျောက်ပျောက် ၊ အနေဝေးရင်သွေးအေး ၊ ကွယ်တာနဲ့ဖောက်ဆိုတာမျိုးတွေ ရှိပါတယ်။ ဝေးသွားလို့ နေမထိထိုင်မသာ ခံစားရလှ အလွန်ဆုံး လပိုင်း ၊ နှစ်ပိုင်းလောက်ပါပဲ။ ပေါ့ပေါ့လေးခံစားလေ မြန်မြန်လေးမေ့ပျောက်လေ ၊ ခံစားချက်တွေတိမ်လေ လွယ်လွယ်လေးမေ့ပျောက်လေပါပဲ။ စိတ်ကစားရုံကစတဲ့ခံစားမှု နက်ရှိုင်းလာလေ အချစ်တစ်ခုလို ပုံစံပြောင်းသွားလေပါ။ ဒီလူနဲ့ပတ်သက်ပြီး လေးနက်တဲ့စိတ်ထား ၊ ရေရှည်အတူလက်တွဲလိုမှု ၊ နားလည်မှုပေးနိုင်ခြင်း ၊ သည်းညည်းခံနိုင်ခြင်းတွေဆိုတာ အချိန်ကြာလေ ထုတည်မြင့်မားလာလေ သံယောဇဉ်တွေ ရစ်ပတ်လာလေပဲပေါ့။

စိတ်ကစားရင်းချစ်ကြိုက်ရာက တအိုးတအိမ် ထူထောင်သွားကြတဲ့ စုံတွဲတွေရှိတယ်။ တကယ်အချစ်စစ်နဲ့ ချစ်ခဲ့ကြတဲ့သူတွေက ဘဝကိုရိုးမြေကျ ချစ်ခင်ကြင်နာစွာ မိသားစုပျော်ပျော်ပါးပါး ပေါင်းသင်းနေကြတာလည်း တွေ့ဖူးတယ်။ စိတ်ကစားရင်း ဆုံးဖြတ်ချက်မှားခဲ့လို့ ဘဝရေတိမ်နစ်သွားရသူတွေလည်း တွေ့ဖူးတယ်။ ကျွန်မ အတန်းဖော်တွေထဲက တချို့ဟာ (၁၀)တန်းမတိုင်မီ ခိုးရာလိုက်ပြေးခဲ့သူတွေလည်း တွေ့ဖူးတယ်။ (၁၀)နောက်ဆုံးနေ့ ခိုးရာလိုက်ပြေးသူနဲ့ တက္ကသိုလ်မတက်ခင် လိုက်ပြေးသွားသူ ၊ ဘွဲ့မရခင် အိမ်ထောင်ကျသွားသူတွေလည်း ရှိနေပါတယ်။

ဒီအရွယ်က ကျင်လည်ရာအသိုင်းအဝန်းကျဉ်းမြောင်းတော့ ရွယ်တူတွေ ၊ နီးစပ်ရာတွေနဲ့ ပါသွားခဲ့တာပါ။ သူတို့ထဲကမှ အိမ်ထောင်ပျော်ပျော်ရွှင်ရွှင်နဲ့ မြဲတဲ့သူဆိုလို့ နှစ်ဦးတည်း တွေ့ဖူးတယ်။ အတန်းဖော်နဲ့ လိုက်ပြေးသွားခဲ့တဲ့ သူငယ်ချင်းမနှစ်ဦးလေ။ သိပ်မရင်းခဲ့ပေမယ့် ဆရာကန်တော့ပွဲမှာ ပြန်ဆုံတော့ ဘဝအခြေအနေချင်း ကွာခြားသွားခဲ့ပြီဖြစ်တဲ့ ကျွန်မတို့တွေ အတွေ့အကြုံတွေ ဖလှယ်ဖြစ်ခဲ့တယ်။ ကျွန်မတို့တွေ မိဘရင်ခွင်မှာ အေးအေးလူလူ ပညာဆုံးခန်းတိုင် ဆက်သင်နေနိုင်တဲ့အရွယ်မှာ သူတို့ကတော့ အိမ်ထောင်ဘက်ရင်ခွင်မှာ မိဘအသိုင်းအဝန်း အငြိုအငြင်ခံပြိး ဘဝကို ခက်ခဲစွာ ရုန်းကန်ခဲ့ကြရတယ်။ အဲဒီမှာ အချစ်စစ်နဲ့ စိတ်ကစားတာ ကွာသွားတာပဲ။

တကယ်ချစ်တဲ့သူတွေကျတော့ ဆင်းရဲဒဏ် ၊ ချမ်းသာဒဏ်နဲ့ လောကဓံဆိုတာကို ခံနိုင်ကြတယ်။ အချစ်စစ်ဆိုတာ လောကဓံကြောင့် ပြောင်းလဲသွားတာမျိုးမှမဟုတ်တာ။ အစမ်းသပ်ခံနိုင်တယ်။ စိတ်ကစားခဲ့ပြီး အိမ်ထောင်ရေးခြေလှမ်းကျွံခဲ့သူတွေကျတော့ ဒီလိုမဟုတ်တော့ဘူး။ ဆင်းရဲဒဏ် ၊ ချမ်းသာဒဏ်နဲ့ လောကဓံဆိုတာကို မပြောနဲ့။ တစ်ဦးဒဏ်ကိုတောင် တစ်ဦးက သည်းမခံနိုင်ကြဘူး။ ခွင့်လွှတ်မယ်ဆိုတာလည်းမတွေး ၊ လောကဓံကို နှစ်ယောက်လက်တွဲလို့ ကြံ့ကြံ့ခံမယ်ဆိုတာလည်းမတွေးဘူး။ အိမ်ထောင်ဖက်ထက် သာသူတစ်ဦးဦးများ အနားမှာရှိကြည့် အနေနီးစပ်မှုနဲ့ ပါသွားရော။ ဒါတွေက စိတ်ကစားတဲ့ခံစားချက်ကို အချစ်လို့ထင်ခဲ့သူတွေ ဖြစ်တတ်တာတွေပေါ့။ နှစ်ယောက်စလုံးက အချစ်စစ်နဲ့ လက်တွဲခဲ့တာမျိုးမဟုတ်ရင် အကြောင်းကြောင်းနဲ့ ကွဲကြပြဲကြ ၊ စိတ်ဒဏ်ရာတွေရကြပေါ့။

BurmeseHearts Blog

ကျွန်မဟာ အမြင့်ဆုံးဆိုတဲ့နေရာမှာ ရပ်တည်နေတာမဟုတ်ပေမယ့် ကိုယ်ရပ်တည်နေတဲ့နေရာကို ကျေနပ်ပြီး အချိန်နဲ့အမျှ ဆက်လှမ်းနေသူပါ။ လှမ်းနေသမျှ ခရီးရောက်မယ်လို့လည်း ယုံကြည်တယ်လေ။ State ကျောင်းတုန်းက ကျွန်မသူငယ်ချင်းတွေနဲ့ ပြန်တွေ့တဲ့အခါ သူတို့နဲ့အခြေအနေတွေ ခြားနားသွားခဲ့ပြီဖြစ်တဲ့ ကျွန်မကို သူတို့က စိတ်ဝင်တစားမေးကြတယ်။ ဘယ်လိုကဘယ်လို ဒီလိုအခြေအနေတွေ ဖြစ်သွားတာလဲတဲ့။ ပြောရင်အရှည်ကြီးမို့ သူတို့နားလည်နိုင်မယ့်တခွန်းတည်း ပြောဖြစ်တယ်။ ငါက ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်မပြုခဲ့လို့ ဒီလိုအခြေအနေမျိုး ရောက်နေတာပါလို့။ သူတို့တွေဟာ နုံချာတဲ့အခြေအနေလို့ ကျွန်မ မဆိုလိုဘူးနော်။ ပြည့်စုံသူတွေလည်းရှိကြတယ်။ ဒါပေမယ့် ရှင်းအောင်ပြောရရင် ရေအိုင်ထဲကငါးနဲ့ သမုဒ္ဒရာထဲကငါး ကျင်လည်ရာကွာသွားသလိုပေါ့။

ကျွန်မရေးတဲ့စာတွေ အထူးသဖြင့် အချစ်ရေး ၊ အိမ်ထောင်ရေးနဲ့ပတ်သက်တဲ့ (Relationship) ဆိုင်ရာ အကြောင်းအရာတွေကို  ဖတ်တဲ့သူတွေထဲမှာ State ကျောင်းသား ၊ ကျောင်းသူအရွယ်တွေနဲ့ ဆယ်ကျော်သက်တွေ ၊ အပျို ၊ လူပျိုတွေပါမှာပါ။ သူတို့အတွက် ရည်ရွယ်ပြီး ဒီပို့စ်ရေးဖြစ်တာပဲလေ။ ဆယ်ကျော်သက်အသိုင်းအဝိုင်း ဝင်ဆန့်မှုဆိုတာဟာ သုံးဆယ်အရွယ် အသိုင်းအဝန်း ဝင်ဆန့်မှုနဲ့ ကွာခြားလှပါတယ်။ ဗဟုသုတ ၊ အတတ်ပညာ ၊ အပေါင်းအသင်း ၊ သတင်းအချက်အလက် ၊ အတွေ့အကြုံ ဆိုတာတွေဟာလည်း အရွယ်ရလာလေ တိုးတက်ပြည့်စုံလာလေပါ။ ဒါကြောင့် အိမ်ထောင်ပြုမယ်ဆိုရင် ငယ်ငယ်ရွယ်ရွယ်အချိန်မှာ စိတ်ကစားပြီး ကိုယ်ကျင်လည်ရာဝန်းကျင်က ကိုယ်အကောင်းဆုံးလို့ ထင်မြင်ရာနဲ့ ပေါင်းစပ်လိုက်မယ်ဆို မမြဲရင် တခုလပ် ၊ နှစ်ခုလပ် ဖြစ်မှာပေါ့။ မြဲရင်လည်း ဒီ့ထက်ပိုသာလွန်ကောင်းမွန်တဲ့ ယောက်ျားကောင်းနဲ့ ဖူးစာဆုံခွင့် ဒီဘဝမှာဝေးသွားပြီလေ။ ရရာနဲ့ ကျေနပ်လိုက်ရတဲ့သဘောပေါ့။

နှစ်ဦးနှစ်ဖက်သာ အချစ်စစ်ရင် ဘယ်ဘဝမှာပဲ ရပ်တည်ရ ၊ ရပ်တည်ရ ဒီအိမ်ထောင် ၊ ဒီမိသားစုလေးရရှိတာ ပျော်ရွှင်ကျေနပ်တယ်။ တကယ်မချစ်ခဲ့ဘဲ စိတ်ကစားတဲ့ကာလအတွင်း ယူခဲ့ရင်သာ ရနေတဲ့ဘဝကို မကျေနပ် ၊ သူများတွေဘဝကိုအားကျ ဒီ့ထက်တဆင့်တက်လာရင် သူများဘဝတွေလို ရလိုရငြား တအိမ်ထောင်ပြောင်းဖို့ စိတ်တွန်းအားတွေ ဖြစ်ပေါ်လာပါတယ်။ သူ့ကို ချစ်မိတယ်လို့ ထင်နေရင် သူ့ကိုချစ်ရေးမဆိုခင် ၊ သူ့အချစ်ကို လက်မခံခင် ငါဟာ စိတ်ကစားနေမိတာလားလို့ ပြန်သုံးသပ်ဖို့လိုတယ်။ ဘယ်လိုသိနိုင်မလဲ ဒီလူနဲ့ ဝေးဝေးခွါခွါနေကြည့် ၊ အဆက်အဆံကင်းကင်းနေကြည့် ၊ သူနဲ့ဝေးတဲ့နေရာ ခရီးထွက်ကြည့်။

လအနည်းငယ်ကနေ နှစ်ပိုင်းအတွင်း ခံစားချက်တွေပါးလျပြီး မေ့မေ့ပျောက်ပျောက် ရှိသွားပြီဆိုရင် မီးဝေးလို့ချိတ်အေး ၊ နီးစပ်လို့ စိတ်ကစားမိခဲ့တာပါလို့ အကြံပေးချင်တယ်။ ကျွန်မ စိတ်ကစားတဲ့ ငယ်နုစဉ်အရွယ်တွေတုန်းက ဒီလိုလုပ်ခဲ့ပြီး မိမိ စိတ်ကစားမှုမှန်သမျှ ပယ်ရှားနိုင်ခဲ့တယ်။ ဒီလူ့အကြောင်းတွေးမယ့်အစား ကိုယ်လေ့လာစရာရှိတာတွေ ၊ လုပ်ကိုင်စရာရှိတာတွေကိုပဲ အာရုံစိုက်တယ်။ တကယ်မချစ်ရင် ခံစားချက်တွေ ပါးသွားတာပဲ။ ဒီလိုကာလအတွင်းမှာ သူဟာ အတွဲတွေ့သွားတယ်ဆိုလည်း လွတ်တဲ့ငါးကြီးပြီး ဝမ်းမနည်းနေဘူး။ ဒီကာလအတွင်းမှာတောင် သူဟာ  နီးစပ်ရာနဲ့ဖြစ်သွားတယ်ဆိုရင် သူလည်း ကိုယ့်ကိုစိတ်ကစားရုံရှိခဲ့လို့ပေါ့။ ဒီလိုလူနဲ့ ရည်းစားမဖြစ်ခင်ကွဲခဲ့တာ ဘယ်လောက်ကံကောင်းလိုက်သလဲ။ ယူပြီးမှ နီးစပ်ရာနဲ့ ဖောက်ပြန်နေရင် မခက်ပေဘူးလား။

တကယ်ချစ်တဲ့သူက လပိုင်း ၊ နှစ်ပိုင်းအတွင်း ကောက်ယူမှာလား။ ချစ်ခွင့်ရဖို့ ၊ လက်ထပ်ခွင့်ရဖို့ ကိုယ့်ကို စိတ်ရှည်လက်ရှည်စောင့်မျှော်နေမှာပေါ့။ သူ့အိမ်ထောင်ဖက်နေရာကို ကိုယ့်အတွက်လို့ စရံသတ်ထားမှာပေါ့။ ဟုတ်ဘူးလား။ ဒီတော့ သူကိုယ့်ကို တကယ်ချစ်မချစ်လည်း တကယ်သိရ ၊ ကိုယ်သူ့ကို ချစ်မချစ်တကယ်သိရ တခါစမ်းသပ်ကြည့်ရုံနဲ့ နှစ်ခုပွဲပြတ်ပြီး အချစ်စစ်ကိုရှာတွေ့မယ်လေ။ ဒါဟာ စိတ်ကစားတဲ့သူနဲ့ တကယ်ချစ်တဲ့သူတွေရဲ့ ခံစားချက်နဲ့အပြုအမူ ကွဲပြားချက်တွေပဲပေါ့။ အပျို ၊ လူပျိုတိုင်းလည်း စိတ်ကစားခြင်းနဲ့ အချစ်စစ် ကွဲကွဲပြားပြားနားလည်လို့ အချစ်စစ်နဲ့တွေ့ဆုံ ပေါင်းဖက်နိုင်ကြပါစေနော်။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

]]>
http://www.burmesehearts.com/%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%80%e1%80%85%e1%80%ac%e1%80%b8%e1%80%bb%e1%80%81%e1%80%84%e1%80%b9%e1%80%b8%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%81%e1%80%ba%e1%80%85%e1%80%b9/feed/ 0
အချစ်ကို ကစားတတ်သူများ၏ နိဂုံး http://www.burmesehearts.com/%e1%80%a1%e1%80%81%e1%80%ba%e1%80%85%e1%80%b9%e1%80%80%e1%80%ad%e1%80%af-%e1%80%80%e1%80%85%e1%80%ac%e1%80%b8%e1%80%90%e1%80%90%e1%80%b9%e1%80%9e%e1%80%b0%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-2/ http://www.burmesehearts.com/%e1%80%a1%e1%80%81%e1%80%ba%e1%80%85%e1%80%b9%e1%80%80%e1%80%ad%e1%80%af-%e1%80%80%e1%80%85%e1%80%ac%e1%80%b8%e1%80%90%e1%80%90%e1%80%b9%e1%80%9e%e1%80%b0%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-2/#respond Wed, 09 Dec 2015 11:10:22 +0000 http://www.burmesehearts.com/?p=22360

အချစ်ကို ကစားတယ်ဆိုတာ ခံစားချက်တွေကို ကစားတာပါ။ ကိုယ်တကယ်မချစ်ဘဲ ချစ်ဟန်ဆောင်တာ ၊ ကိုယ်တကယ်ခံစားလို့မရဘဲ သူတပါးအချစ်နဲ့ ပျော်မွေ့ဖို့ကြိုးစားတာတွေဟာ အချစ်နဲ့ကစားနေတာပါ။ အချစ်နဲ့ကစားနေသူတွေဟာ မာန်တက်နေသူတွေများပါတယ်။ အလှမာန်တက်သူတွေ ၊ ပစ္စည်းမာန်တက်သူတွေစသဖြင့်ပေါ့။ သူတို့တွေဟာ မမြဲတဲ့အရာတွေကို အဟုတ်လုပ် မြဲတယ်ဆိုပြီး တလွဲဂုဏ်မောက်နေသူတွေပါ။

အချစ်နဲ့ကစားတတ်သူတွေဟာ စွံတယ်ဆိုတဲ့စကားနဲ့ မြာပွေတယ်စကား အဓိပ္ပါယ်နှစ်ခုကို ကွဲကွဲပြားပြား မသိသူတွေဖြစ်ပါတယ်။ စွံတယ်ဆိုတာ ကိုယ်မကြိုက်လည်း ကိုယ့်ကိုကြိုက်သူတွေများနေတာဖြစ်ပြီး မြာပွေတယ်ဆိုတာကတော့ လူတွေအမြင်မှာ ကိုယ်နဲ့ရည်းစားလိုလို ဘာလိုလို (တကယ်လည်းရည်းစားတွေဖြစ်ကောင်းဖြစ်မယ်) တွဲတဲ့သူအရေအတွက်များနေတာပါ။ သူတို့နှစ်ဦးရဲ့ တန်ဖိုးချင်းက လုံးဝမတူပါဘူး။ ပိုမြင်အောင် ပြောရမယ်ဆို တကယ်စားကောင်းတဲ့ဆိုင်မို့ စားခွင့်ရအောင် စိတ်ရှည်လက်ရှည် တန်းစီစောင့်နေသူတွေရှိတဲ့ဆိုင်နဲ့ အလကားကျွေးတဲ့နေရာမို့ လူတွေ လူးလားခတ်နေတဲ့နေရာ တန်ဖိုးချင်း တူနိုင်ပါဦးမလား။ လာတဲ့သူတွေရဲ့ ရည်ရွယ်ချက်ချင်းလည်း မတူနိုင်ပါဘူး။

အလကားစားရသူတွေက အလကားစားရတာမို့ အရှုံးမရှိဘူး မြည်းကြည့်မယ်ဆိုတဲ့ စမ်းသပ်လိုစိတ်နဲ့ လာစားကြတာဖြစ်ပြီး စိတ်ရှည်လက်ရှည် တန်းစီစောင့်နေတဲ့သူတွေကတော့ သူများတွေရဲ့ အပြောကြောင့်ပဲဖြစ်ဖြစ် ၊ ကိုယ်တိုင်အရသာခံစားသိလို့ပဲဖြစ်ဖြစ် လာစားခွင့်ရဖို့ ကြိုးစားကြသူတွေဖြစ်ပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ဘဝဟာ စားသောက်ဆိုင်တစ်ခုမဟုတ်ပါဘူး။ အရှက်တရား ၊ အကြောက်တရားဆိုတဲ့ လူ့ကျင့်ဝတ်တွေဝန်းရံထားတဲ့ လူ့သိက္ခာရပ်ဝန်းတစ်ခုဖြစ်ပါတယ်။ ကိုယ်ထည်လဲတွဲနေသူတွေဟာ ကိုယ့်ကို မြည်းစမ်းချင်တဲ့စိတ် ၊ အလကားရလို့ လာမြည်းတာဆိုတဲ့စိတ်ကလေးနဲ့ ခံစားကြည့်လိုက်စမ်းပါ။ ဘယ်လောက် အောက်ကျနောက်ကျနိုင်ပြီး သိက္ခာမဲ့လိုက်သလဲလို့ …. ကိုယ့်ရဲ့မိန်းမသိက္ခာဟာ ကိုယ်ထည်လဲတွဲသူတွေနဲ့ လဲလိုက်ရတယ်ဆိုတာ အစကကြိုသိခဲ့မယ်ဆိုရင် ကိုယ့်ဘဝကို သူတို့တွေလက် ပေးမြည်းချင်ပါရဲ့လား။

ယောက်ျားများစွာနဲ့ ဆက်ဆံနေတယ်ဆိုတဲ့ အမျိုးသမီးဟာ ငွေပေးရင်အအိပ်ခံတဲ့ အမျိုးသမီးတွေပါ။ သူတို့ဟာ ဒီလိုလုပ်ရင်း သူတို့ဝမ်းစာကိုဖြေရှင်းကြတာပါ။ သူတို့ပညာဟာ ယောကျာ်းများများနဲ့ ဆက်ဆံရဖို့နဲ့ နေ့တွက်ဝင်ငွေ ပိုကိုက်ဖို့အရေးဖြစ်ပါတယ်။ နောင်ခါမှ ကျန်းမာရေးထိချင်ထိ ဒီနေ့အတွက်တော့ ယောကျာ်းများများဝင်မှဖြစ်မယ်ဆိုတာ သူတို့ရဲ့ခံယူချက်လေ။ ကိုယ်ဟာလည်း ငွေလိုချင်လို့ ခန္ဓာပေးတယ်ဆိုတဲ့ အမျိုးအစားထဲဝင်သွားပြီဆိုရင် မိန်းမကောင်းတစ်ယောက်လို့ ခေါ်နိုင်ပါသေးရဲ့လား။ ကိုယ်နဲ့တွဲနေသူတိုင်းနဲ့ အိပ်တယ်ဆိုရင်လည်း ငွေမရဘဲအအိပ်ခံတဲ့ဘဝမို့ မိန်းမပျက်တွေထက်တောင် ဈေးပေါနေပါသေးတယ်။

ခန္ဓာပေးမှအချစ်စစ်လို့ အချစ်စမ်းနေတဲ့ ဒီလိုယောကျာ်းတွေနဲ့ပဲ ပတ်သက်နေရတယ်ဆို ကိုယ့်တန်ဖိုး ကိုယ်ပြန်မြှင့်ဖို့ ဒီလိုယောက်ျားတွေနဲ့ မပတ်သက်မိအောင် နေလိုက်ပါ။ ကိုယ့်အရည်အချင်းကို အချစ်ဝတ္ထုတွေမဟုတ်တဲ့ ကိုယ်စိတ်ပါဝင်စားရာ ပညာရေးရသ စာအုပ်တွေကို ဖတ်ရှုလေ့လာပြီး ကိုယ့်တန်ဖိုးကို ကိုယ်မြှင့်တင်လိုက်ပါ။ ငယ်ရွယ်လေ ပညာရှာသင့်လေ ၊ လေ့လာမှုအားကောင်းလေ ဘဝအဆင့်မြင့်နိုင်လေဖြစ်ပါတယ်။

ယောက်ျားတွေနဲ့အိပ်မှ ခေတ်မီတယ်လို့ ဖြစ်နေတဲ့ မိန်းမဈေးကျကျခေတ်ကြီးထဲမှာ ယောကျာ်းတွေနဲ့ လုံးဝမအိပ်ဖူးတဲ့ အပျိုစင်စစ်စစ် ကိုယ့်တန်ဖိုးဟာ ဘယ်လောက်များ တန်ဖိုးကြီးလိုက်သလဲနော်။ ဒီလို ကိုယ့်တန်ဖိုးကိုယ်ထိန်းထားနိုင်တဲ့ အပျိုစင်မိန်းကလေးကို ရတဲ့သူ ကံကောင်းလိုက်လေခြင်း။ ဒါ့အပြင် ဒီမိန်းကလေးဟာ အချစ်စမ်းတဲ့ယောကျာ်းတွေနဲ့ ပတ်သက်မယ့်အစား ပညာရပ်ဆိုင်ရာတွေ လေ့လာလိုက်စားနေသူမို့ ဥာဏ်ပညာမြင့်တဲ့ မိန်းကလေးအဖြစ်နဲ့လည်း ရပ်တည်နေဦးမှာလေ။ ဒီခေတ်ကြီးထဲမှာ ဒီလိုမိန်းကလေးတွေကမှ တန်ဖိုးအမြင့်ဆုံး မိန်းမကောင်းလေးတွေဖြစ်ပါတယ်။

ရုပ်အလှဟာ အလွန်ဆုံးခံလှ နောင်နှစ်သုံးဆယ်ပေါ့။ ဒီခေတ်ကြီးထဲမှာ ထက်မြက်တော်မော်တဲ့ အမျိုးသမီးတွေဟာ ကြိုးစားရင်ကြိုးစားသလောက် နေရာကောင်းရနိုင်တဲ့ခေတ် ဖြစ်နေပါပြီ။ အဲဒီအချိန်မှာ ကိုယ့်ကို တကယ်တန်ဖိုးထားချစ်တဲ့သူနဲ့ ကိုယ့်ခန္ဓာကို မြည်းစမ်းချင်သူတွေဆိုတာကို လူကဲခတ်အတွေ့အကြုံ ၊ စာအုပ်ထဲက ဗဟုသုတတွေအရ ကွဲကွဲပြားပြား သိနိုင်ပြီလေ။ အစွန်းအထင်းမရှိတဲ့ ထက်မြက်တဲ့မိန်းကလေးဟာ တွေးခေါ်မှုအဆင့်အတန်း ၊ သိက္ခာအဆင့်အတန်း မြင့်မားတဲ့မိန်းကလေးဖြစ်တာမို့ သူနဲ့ထိုက်တန်တဲ့ တွေးခေါ်မှုအဆင့်အတန်းမြင့်မြင့် ယောကျာ်းကောင်း ၊ ယောကျာ်းမြတ်တွေကိုပဲ အိမ်ထောင်ဖက်အချစ် ရည်ရွယ်ချစ်ကြိုက်တော့တယ်။ ကျွန်မအကြိုက်ဆုံး စကားစုတစ်ခုရှိတယ်။ ကျွန်မအသက်(၁၉)နှစ်လောက်က ဆရာတော် ဦးဇောတိကရေးသားထားခဲ့တဲ့ ဘဝဆိုတဲ့ကျောင်း စာအုပ်ထဲကနေ ဖတ်မှတ်သားထားခဲ့တာ။  “On the long run, you will get what you deserve.” တဲ့။ ရေရှည်မှာ ကိုယ်နဲ့ထိုက်တန်ရာကိုပဲ ကိုယ်ရမှာလို့ ဆိုလိုတာ ဖြစ်ပါတယ်။

အဲဒီစကားဟာ တကယ်မှန်ကန်တယ်။ လူဆိုတာ ရေရှည်မှာ ကိုယ်နဲ့ထိုက်တန်တာကိုပဲ ကိုယ်ရရှိကြမှာဖြစ်ပါတယ်။ မိမိရဲ့အတွေးအခေါ် ၊ ခံယူချက် ၊ ယုံကြည်မှု ၊ ကြိုးစားအားထုတ်မှု ၊ ရည်မှန်းချက် စတာတွေနဲ့ ထိုက်တန်တဲ့အရာကိုပဲ ရေရှည်ကာလမှာ ရရှိတာဖြစ်ပါတယ်။ ရေတိုကာလကို ကျွန်မ မဆိုလိုဘူးနော်။ အခုလုပ် ၊ အခုဖြစ် ၊ အခုရလဒ်ထွက်နေတာကို မကြည့်ဘဲ နောင် ဆယ်နှစ်ကျော် ၊ နှစ်နှစ်ဆယ် ၊ နှစ်သုံး ၊ လေးဆယ်ကျော်ဆိုတဲ့ ရေရှည်ကာလမှာ ထွက်လာမယ့် ရလဒ်ကို ကျွန်မဆိုလိုတာဖြစ်ပါတယ်။ ရေရှည်မကြည့်ဘဲဆုံးဖြတ်လုပ်ကိုင်ခဲ့ရင် အခုပျော်ကောင်းပျော်မယ်။ ရေရှည်ကာလ ရောက်လာခဲ့ချိန်မှာ စိတ်ဆင်းရဲ ၊ ကိုယ်ဆင်းရဲဆိုတဲ့ အပူအထွေထွေကို ပိုက်နေရတာကို ဆိုလိုတာ။ အခုမျက်မှောက် ခက်ခဲကောင်းခက်ခဲနိုင်ပေမယ့် မလျှော့သောဇွဲနဲ့ ကိုယ့်ရည်မှန်းချက်အတိုင်း ကြိုးစားအားထုတ်လို့ ရေရှည်မှာ ခံစားရမယ့် အသီးအပွင့်ရလဒ်ကို ဆိုလိုတာဖြစ်ပါတယ်။

အသိုင်းအဝန်းကျဉ်းပြီး အမြင့်မဝင်ဆန့်နိုင်ဘူးလို့ သိမ်ငယ်နေတဲ့ မိန်းကလေးတွေအတွက် ဥပမာတစ်ခုအနေနဲ့ ကျွန်မငယ်ဘဝကို ကျွန်မချပြပါ့မယ်။ ကျွန်မအသက်(၁၈)နှစ်မပြည့်ခင် ဆယ်တန်းအောင်စအရွယ်မှာ အလုပ်စလုပ်နေပြီ။ ကျောင်းတုန်းကလည်း ကျောင်းစာနဲ့ အချစ်ရေးမစဉ်းစားဖြစ်ခဲ့သလို ဆယ်တန်းပြီးပေမယ့် စိတ်မလေအောင်လို့ အလုပ်စဝင်ခဲ့တာဖြစ်ပါတယ်။ ဒီ့နောက်ပိုင်းက ကျွန်မအချစ်ရေးကိုတော့ ဒီမှာဆွေးနွေးမှာမဟုတ်ဘူးနော်။ အလုပ်လုပ်နေချိန်မှာပဲ အလုပ်ချိန်ပြင်ပ သင်တန်းတွေတက်ပါတယ်။ အလုပ်ပိတ်ရက်တွေနဲ့ မိမိအားချိန်တွေမှာ စာကြည့်တိုက်တွေသွားပြီး စာဖတ်တယ်။ အဲဒီကနေ စာအုပ်တွေငှါးပြီး မိမိသင်တန်းက စာလုပ်ပြီးချိန် နဲ့ မိမိမအိပ်ခင်အချိန်တွေမှာ ဖတ်ရှုပါတယ်။ ဒါဟာ ကျွန်မဘဝကို ပညာရေးအရောင်တင်ခဲ့တာပါ။ ဒါတွေဟာ မိမိစိတ်တွေ လေနေချိန်မရအောင် ၊ မဟုတ်တဲ့အရာတွေအပေါ် အာရုံထားပြီး အချိန်တွေမပုပ်ရအောင် မိမိစိတ်ကို ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။

လူတိုင်း (၁၀၀)ရာခိုင်နှုန်း အကောင်းချည်း မရှိနိုင်ဘူးပေါ့။ ဒါပေမယ့် အဆိုးနည်းနိုင်သမျှ နည်းအောင်နေထိုင်ရမှာပဲလေ။ ဒီအသိုင်းအဝန်းမှာပဲကျင်လည်ပြီး ဒါလူတွေနဲ့ပဲ ပျော်နေရင် ဒီအသိုင်းအဝန်းမှာပဲ ရှေ့ဆက်ဘဝရပ်တည်ရဖို့များနေပါတယ်။ ဒါကြောင့် မိမိပညာအစွမ်းနဲ့ တဆင့်ထက်တဆင့် မြင့်အောင်ကြိုးစားသွားသင့်တယ်။ သူများကိုနင်းပြီးတက်ဖို့ထက် ကိုယ့်ကိုယ်ကို သိက္ခာရှိရှိ တဆင့်ပြီးတဆင့် မြင့်သထက်မြင့်အောင် တက်သွားနိုင်ဖို့ ကြိုးစားပါ။

ကျွန်မကိုနင်းပြီး တက်သွားခဲ့သူတွေနဲ့လည်း ကျွန်မကြုံဖူးတာပဲ။ အဲဒီအချိန်မှာ ကျွန်မဘယ်လိုစိတ်ထားသလဲဆိုရင် သြော် … သူတို့မှာ ဒီနေရာကလွဲပြီး ဒီ့ထက်ကောင်းတဲ့နေရာမရှိဘူးထင်လို့ ဒီနေရာလေး ကပ်လုနေကြပါလားလို့မြင်တယ်။ ဘဝဟာ ပြေးလမ်းဆိုရင် ကိုယ့်ကိုတွန်းတိုက်သွားသူတွေကို ပြန်တွန်းတိုက်ဖို့ မကြိုးစားပါနဲ့။ သူတွန်းတိုက်လာနိုင်ချိန်ကို သတိထားပြီး သူတိုက်လာချိန်မှာ သူ့အရှိန်နဲ့သူလဲသွားအောင် အချက်ကျကျ ရှောင်နိုင်ဖို့ကြိုးစားလို့ ကိုယ့်ခရီးကိုယ် ဆက်လှမ်းပါ။ သူတွန်းလို့ ကိုယ်တိုက်နေရင် ခြေလှမ်းတွေ ခရီးရောက်နိုင်ပါတော့မလား။

တချို့တွေက ဘဝတဆင့်မြင့်အောင် ကြိုးစားပါဆိုတဲ့စကားကို ကိုယ့်ထက်မြင့်တဲ့သူကိုမှ ယူရမယ်လို့ တလွဲတွေးကြတယ်။ ဒါဟာ ဖြတ်လမ်းလိုက်တာပေါ့။ ကျွန်မ အသက်(၂၆)နှစ်လောက်တုန်းက အရမ်းချောတဲ့ ကျွန်မသူငယ်ချင်းတစ်ယောက် သူ့ထက် အသက်နှစ်ဆယ်ကျော်ကြီးတဲ့ လူချမ်းသာတစ်ယောက်နဲ့ လက်ထပ်သွားတယ်။ အဲဒီလူကလည်း မယားကြီးကိုကွာပြီး ကျွန်မသူငယ်ချင်းကို အတည်တကျ ခမ်းခမ်းနားနား လက်ထပ်ယူခဲ့တာပါ။ ဒါပေမယ့် မယားကြီးကမွေးတဲ့သမီးနဲ့ သူနဲ့က သက်တူရွယ်တူလိုဖြစ်နေတယ်။ တကယ်တင့်တောင့်တင့်တယ်ယူထားတဲ့ အိမ်ထောင်ရေးဆိုပေမယ့် လူကြားထဲသွားတဲ့အခါ ကျွန်မသူငယ်ချင်းဟာ သူ့ဘဝအခြေအနေကို ပိုမြင်သထက်မြင်လာတယ်။

ဘယ်လောက်ပဲပြည့်စုံတဲ့ဘဝမှာပဲနေရနေရ ၊ ဘယ်လောက်ပဲ ကိုယ့်ခင်ပွန်းက ဖူးဖူးမှုတ်ချစ်တယ်ဆိုဆို အရွယ်ကွာဟမှုကတော့ အတိုင်းသားကြီးပဲလေ။ မိတ်ဆုံစားပွဲ ၊ ဧည့်ခံပွဲတွေသွားရင် ခင်ပွန်းအသိုင်းအဝန်းက သူမခင်ပွန်းနဲ့ သက်တူရွယ်တူတွေကြားမှာ သူမတစ်ယောက်ပဲ ဂုဏ်သရေရှိလူကြီးတစ်ယောက်ရဲ့ မယားအဖြစ်ရှိနေတော့ မျက်ဝန်းပေါင်းစုံတွေဒဏ်မခံနိုင်လို့ ခင်ပွန်းအသိုင်းအဝန်းနဲ့ ဝေးရာရှောင်လာတယ်။

သူမအသိုင်းအဝန်းက ဧည့်ခံပွဲတွေမှာလည်း သူမနဲ့သက်တူရွယ်တူတွေအကြား အဖေအရွယ်လောက်ရှိတဲ့ သူမခင်ပွန်းက သူမအနားမှာရှိနေတာ ၊ ရွယ်တူတွေရဲ့ ခြားနားတဲ့အကြည့်တွေမှာ သူမဒဏ်မခံနိုင်ပြန်တော့ တဖြည်းဖြည်းနဲ့ လင်စုံမယားစုံ ပွဲတက်ရမယ့်ဧည့်ခံပွဲဆိုတာကို ရှောင်လာပြီး အရွယ်ကွာဟမှုကြောင့် စိတ်မချတဲ့ခင်ပွန်းအလိုကျ နေထိုင်ရင်းက စိတ်ကျရောဂါရလာပါတယ်။ သူမမှာ သမီးကလေးတစ်ယောက် ထွန်းကားလာခဲ့တယ်။ ကလေးဟာ မိဘက ဖူးဖူးမှုတ်ချစ် ၊ လိုတရဘဝမှာနေထိုင်ရပေမယ့် ရွယ်တူကလေးမိဘတွေလို အရွယ်မမျှတဲ့ မိဘနှစ်ဦးကြောင့် ရွယ်တူတွေကြား မကြားတကြား ဟားစရာဖြစ်တာကို မကျေနပ်စိတ်တွေ ၊ အလိုမကျစိတ်တွေနဲ့ ကြွတ်ဆတ်ဆတ်လေး မနာမခံဖြစ်လာတယ်။

တကယ်ချစ်ပါတယ်ဆိုတဲ့လူ ၊ အတည်တကျ လက်ထပ်ပါတယ်ဆိုတဲ့လူ ၊ ကိုယ်ကလည်း ချစ်ပါတယ် ၊ နောင်မပူမပင်နဲ့ ပျော်ရမယ့်ဘဝလို့ တွေးထင်ထားသည့်တိုင် ဘာတွေ ဖြစ်လာသလဲနော်။ ကိုယ့်ကို မရိုးသွားခင်ကာလကလေးတခုမှာ ကိုယ်လိုချင်တာတွေ ဖြည့်ဆည်းပေးရင်း ကိုယ့်ခန္ဓာကိုယ်အလှ အငမ်းမရဖြစ်နေတဲ့ဒီလူကြီး ကိုယ့်မလိုတော့လို့ ပစ်သွားခဲ့တဲ့အချိန်မှာ ကိုယ်ဟာ ကိုယ့်အသိုင်းအဝန်းအလယ် ၊ ကိုယ့်ပတ်ဝန်းကျင်အလယ် ၊ နောက်ဆုံး ကိုယ့်ကိုယ်ကို စိတ်လုံစွာ ပျော်ရွှင်နေထိုင်နိုင်ပါ့မလား။

သူ့သားကြီး ၊ မယားကြီးတွေကိုတောင် ပစ်ပယ်ပြီး ကိုယ့်ကိုပတ်သက်နေတဲ့သူဟာ နောင်တချိန်မှာ ကိုယ့်ကိုပစ်ပယ်ပြီး ကိုယ့်ထက်ချောလှသူတွေနဲ့ မပတ်သက်နိုင်တော့ဘူးလား။ အပေါ်ကအမျိုးသမီးလို တချိန်မှာ ကိုယ်လည်း သူ့လို မခံစားရပေဘူးလား။ မှန်တာပြောသစ္စာပါ။ ကျွန်မသူငယ်ချင်းဟာ ခုချိန်အထိ စိတ်ကျရောဂါနဲ့ ဆေးကုနေရတုန်းပါ။ အရင်တုန်းကလို တက်ကြွမှုတွေသူ့မှာမရှိတော့သလို ၊ သူ့အလှပေါ်မှာ ယုံကြည်မှုတွေလည်း မရှိတော့ပါဘူး။ စိတ်ကျရောဂါနဲ့ အိမ်တွင်းအောင်းပြီး ပတ်ဝန်းကျင်နဲ့ အဆက်ဖြတ်ထားတဲ့သူမဟာ သူမမျှော်လင့်ထားခဲ့သလို ပျော်ရွှင်နေနိုင်ပါရဲ့လား။

BurmeseHearts Blog

နိုင်ငံကူးလက်မှတ် လုပ်ရခက်ခဲလွန်းတဲ့ ဟိုးတချိန်တုန်းက သံရုံးဝင်ဖို့ နိုင်ငံကူးလက်မှတ် အသည်းအသန်လိုနေလို့ နိုင်ငံကူးလက်မှတ် ခပ်မြန်မြန်ထွက်လာအောင် သိန်းပေါင်းများစွာသောငွေပေးပြီး ရဲမှူးတစ်ယောက် လက်မှတ်နဲ့ အကပ်ကလေးရဖို့လိုက်ရတဲ့အချိန် အဲဒီရဲမှူးအိမ်ကို ကျွန်မဝင်ထွက်ဖူးတယ်။ ကျွန်မနဲ့ရွယ်တူ သားနဲ့ သမီးငယ်လေးလည်းရှိတဲ့ ဒီရဲမှူးဟာ ခပ်ပြောင်ပြောင်ပဲ သူနဲ့ငြိနေတဲ့ မယားပျော်တစ်ယောက်နဲ့ ကျွန်မကို မိတ်ဆက်ပေးခဲ့တယ်။ ကျွန်မကိစ္စလိုက်လုပ်ပေးမယ်လို့ သူ့မိန်းမကိုပြောပြီး ကျွန်မက သူ့ကိုလာခေါ်ထုတ်စေခဲ့တယ်။ တကယ်က သူ့အပျော်မယားနဲ့ ပလူးလို့ ညစာအတူစားတာကို ငွေရှင်းပေးဖို့ ကျွန်မက သူတို့နဲ့တဝိုင်းတည်း ငွေထုပ်ပိုက် ထိုင်စောင့်ခဲ့ရဖူးတယ်။

ငွေလည်းသူ့လက်ထဲကျွံနေပြီး ကျွန်မလိုချင်တဲ့ နိုင်ငံကူးလက်မှတ် သူ့အရှိန်အဝါနဲ့ မြန်မြန်ရအောင် မသတီစရာကောင်းလှတဲ့ သူ့မျက်နှာကို ဟန်လုပ်ပြုံးရယ်ကြည့်နေခဲ့ရပေမယ့် သူ့မိသားစုအစား အတော်ခံပြင်းမိတယ်။ အတော်မျက်နှာပြောင်တိုက်နိုင်တဲ့လူနော်။ နောင်မှာ ဆက်ဆံပေါင်းသင်းမှု ကျယ်ပြန့်လာတာနဲ့အမျှ သူလိုလူမျိုးတွေကို ခပ်များများတွေ့ဖူးလာတော့တာပဲ။ တချို့သော ငွေရှိသူတွေဟာ ငွေကြောင့်ပျက်စီးကြပြီး ဂုဏ်ရှိသူတွေဟာ ဂုဏ်ကြောင့်ပျက်စီးကြပါလား။ သြော် … သူတို့မှာ ဆင်ခြင်တုံတရားဆိုတဲ့ အသိဥာဏ် မရှိလို့လေပဲလို့ ကျွန်မကောက်ချက်ချပြီး ဒီလိုအပေါ်ယံ ဆက်ဆံပေါင်းသင်းမှုတွေကို ကျွန်မ ရှောင်နိုင်သမျှ ရှောင်လာတော့တယ်။

သူတို့တွေကတော့ သူတို့ကိုယ်သူတို့ အလန်းလေးတွေနဲ့ အပျော်ရှာတာပေါ့။ တကယ်တော့ သူတို့ဟာ အပျက်ဘက်ရောက်နေတာ သူတို့ကိုယ်သူတို့ သတိမထားမိကြတာပါ။ ဘာတွေပျက်သလဲဆို သူတို့ရဲ့ ကိုယ်ကျင့်တရား ပျက်နေတာ ၊ သူတို့ရဲ့ စာရိတ္တပျက်နေတာ ၊ သူတို့ရဲ့ ဆင်ခြင်တုံတရား ပျက်နေတာ ၊ သူတို့ရဲ့ စဉ်းစားဥာဏ်တွေ ပျက်နေတာ ၊ အဆိုးဆုံးကတော့ သူတို့ကိုယ်သူတို့ ဖျက်နေကြတာပါ။

လူယုတ်မာအချင်းချင်းကတော့ အားပေးကြမှာပေါ့။ သူတို့တွဲနေတဲ့ အချစ်လေး ၊ အသည်းလေး ၊ ဘာလေး ညာလေးဆိုတဲ့ အမျိုးသမီးတွေက ဗိုက်ပူ အဆီရွှဲ သူတို့ကိုကြိုက်တယ် ၊ ချစ်တယ်ထင်ရင်မှားမှာပေါ့။ ဒီလိုအမျိုးသမီးတွေကြိုက်တာက ဒီလူကြီးဆီကကျလာမယ့် ရွှေတွေ ၊ ငွေတွေ ၊ ဇိမ်ခံပစ္စည်းနဲ့ စည်းစိမ်တွေဖြစ်နေတာ မသိ ၊ မမြင်နိုင်လောက်အောင် ဦးနှောက်ထဲသုတ်မွှန်နေတာလေ။

ကိုယ်များခေါက်ကနဲ မမာကြည့်ပါလား သူတို့ကိုလာမပေးနိုင်တဲ့ကိုယ့်ကိုပစ်ပြီး ပေးနိုင်တဲ့သူကိုတွဲမှာ ၊ ကိုယ်ကများ အပြည့်ပေးထားပြီး အနားနေခိုင်းမိတယ်ဆိုရင်တော့ မမာတဲ့ကိုယ့်ကို တခြားသူတွေနဲ့ပစ်ထားပြီး သူ့ကိုသာယာမှုပေးနိုင်တဲ့ အမျိုးသားတွေဆီ ကိုယ့်ငွေတွေ ၊ စည်းစိမ်တွေသုံး ပျော်ပါးနေမှာပါ။ ငနာကြီးကိုယ့်ကို အနစ်နာခံပြီး  ပြုစုပေးမယ့် မယားအလိမ္မာလေးလို့တွေးရင် မှားမှာပေါ့။

ဒီအမျိုးသမီးကို ကိုယ်က ဘယ်နေရာက တွေ့ခဲ့တာလဲ ၊ ကိုယ်ဟာ ကာမပိုင်ရှိမှန်းသိရက် ရှေ့တိုးရဲတဲ့စိတ်ထားဟာ အချစ်လား ၊ ကိုယ့်ပိုင်ဆိုင်မှုလားဆိုတာ ခုတင်ပေါ်လဲမှသိပြီး မျက်ရည်စက်လက်နဲ့ နောင်တတွေပိုက်ပြီး နောက်ဆုံးအချိန်ဆိုတာကို ရင်ဆိုင်လိုက်ဦးပေါ့။  နောင်တတွေ ၊ သောကတွေ ၊ မကျေနပ်ချက်တွေပိုက်ပြီး ဇောအတန်တန် ဖြတ်ရမယ်ဆို ဒီပုံနဲ့သေသွားရင် လူပြန်ဖြစ်ရင်တောင် ကံကောင်းရဲ့နော်

အချစ်ကို မကစားကောင်းဘူးဆိုတာထက် ခံစားချက်တွေကို မကစားကောင်းပါဘူး။ ဒီခံစားချက်တွေဟာ ရေချိန်မြင့်လာတဲ့အခါမှာ မထိန်းသိမ်းနိုင်သူတွေ ခြေလှမ်းလွန်ကျွံပြီး အသည်းနာသူတွေ နာကြတဲ့ရလဒ်ပဲထွက်လာတတ်တာပါ။ အချစ်ကို ကစားတတ်သူတွေရဲ့ နိဂုံးဟာ သူတို့မျှော်လင့်ထားသလို တသွေမတိမ်း မဖြစ်လာနိုင်ပါဘူး။ ပျော်မယ်ထင်ထားတဲ့နေ့ရက်တွေမှာ စိတ်အားငယ်မှုတွေ ၊ အထီးကျန်မှုတွေ စတဲ့ အဆိုးဘက်က ခံစားချက်တွေကိုပိုက်ပြီး နောင်တတွေကို ပိုက်နေရမှာပါ။ ဒိုးတူဘောင်ဘက် လက်တွဲညီညီ နားလည်မှုတွေနဲ့ ရုန်းကန်လာခဲ့တဲ့ သက်တူရွယ်တူစုံတွဲတွေ ပျော်ပါးနေချိန်မှာ ကိုယ်ဘာကြောင့် သူတို့လို ဂုဏ်သရေရှိရှိ မပျော်ပါးနိုင်တာလဲ။ ကိုယ်ဟာ အချစ်နဲ့ကစားခဲ့လို့ပါ။ ခံစားချက်တွေနဲ့ ကစားခဲ့လို့ ရေရှည်မှာ ကိုယ့်လုပ်ရပ်တွေက ကိုယ့်ကို ပြန်ဒဏ်ခတ်နိုင်တယ်လေ။ အချစ်တွေ ၊ ခံစားမှုတွေနဲ့ ကစားခြင်း ကင်းပါစေ။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

]]>
http://www.burmesehearts.com/%e1%80%a1%e1%80%81%e1%80%ba%e1%80%85%e1%80%b9%e1%80%80%e1%80%ad%e1%80%af-%e1%80%80%e1%80%85%e1%80%ac%e1%80%b8%e1%80%90%e1%80%90%e1%80%b9%e1%80%9e%e1%80%b0%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-2/feed/ 0
မေတ္တာတရားဖြင့် ချစ်ခြင်းမှသည် သစ္စာတရားဖြင့် ချစ်ခြင်းသို့ http://www.burmesehearts.com/%e1%80%b1%e1%80%99%e1%80%90%e1%81%b1%e1%80%ac%e1%80%90%e1%80%9b%e1%80%ac%e1%80%b8%e1%80%bb%e1%80%96%e1%80%84%e1%80%b9%e1%80%b7-%e1%80%81%e1%80%ba%e1%80%85%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9/ http://www.burmesehearts.com/%e1%80%b1%e1%80%99%e1%80%90%e1%81%b1%e1%80%ac%e1%80%90%e1%80%9b%e1%80%ac%e1%80%b8%e1%80%bb%e1%80%96%e1%80%84%e1%80%b9%e1%80%b7-%e1%80%81%e1%80%ba%e1%80%85%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9/#respond Tue, 08 Dec 2015 11:18:21 +0000 http://www.burmesehearts.com/?p=22031

မေတ္တာတရားနဲ့ချစ်ခြင်းဆိုတာ လက်တွဲဖော်နှစ်ဦးကြား ရမက်မပြယ်ခင် ၊ အချစ်မပြယ်ခင် ကာလတွေမှာချစ်ခြင်းမျိုးပေါ့။ သစ္စာတရားနဲ့ချစ်ခြင်းကတော့ လက်တွဲဖော်နှစ်ဦးကြားမှာ ရမက်တွေပါးလာတာမျိုး ၊ အဆင်မပြေမှုတွေဝင်လာတာမျိုး ၊ ထိန်းချုပ်ရမယ့်အနေအထားမျိုးတွေ ဖြစ်လာမယ့်အချိန်တွေမှာ အသိတရားနဲ့ချစ်တာပါ။

မေတ္တာတရားနဲ့ချစ်ခြင်းက ရမက်တွေပါနေတော့ ပူလောင်တယ်။ သစ္စာတရားနဲ့ချစ်ခြင်းကျတော့ အေးမြပြီး ကိုယ်တိုင်လည်း သိက္ခာရှိရှိစိတ်လုံ ၊ လက်တွဲဖော်လည်း ယုံကြည်စိတ်ချလို့ ငြိမ်းချမ်းရ ၊ စောင့်သိသင့်တာတွေ စောင့်သိတာမို့ လူကျင့်ဝတ်နဲ့အညီနေထိုင်ခြင်းပေါ့။

မေတ္တာတရားနဲ့ချစ်ခြင်းဟာ ငယ်ရွယ်ကျန်းမာ သန်စွမ်းတဲ့ လက်တွဲဖော်နှစ်ဦး (သမီးရည်းစားနဲ့အိမ်ထောင်ဦး)တွေ ခံစားတတ်ကြတာဖြစ်ပြီး သစ္စာတရားနဲ့ချစ်ခြင်းကျတော့ အားနည်းမှုရှိတဲ့လက်တွဲဖော်ကို ဆက် လက်တွဲတဲ့သူတွေ ၊ အိုမင်းလာတဲ့စုံတွဲတွေ ၊ လက်တွဲဖော်နှစ်ဦးမှာ တစ်ဦးက သာမာန်ကျန်းမာရေးအခြေအနေမျိုး မဟုတ်တော့တဲ့ အချိန်တွေမှာ ကာလရှည်ကြာစွာ သေကွဲကွဲတဲ့အထိ သစ္စာတရားနဲ့ချစ်တတ်တာပါ။

အခုခေတ်မှာ ခေတ်မီအောင် ဖောက်ပြန်နေကြတာလားမသိဘူးနော်။ ကျွန်မတို့ငယ်ငယ်တုန်းကတော့ ဖောက်ပြန်တဲ့သူတွေဆိုတာ လက်ချိုးရေလို့ရတယ်။ တစ်လမ်းလုံးနေလို့ တစ်ယောက်ရှိခဲတယ်။ ကျွန်မတို့ငယ်ငယ်တုန်းက ဖောက်ပြန်တဲ့သူတွေဟာ မိန်းမအရွယ်ကျသွားလို့ ၊ အိမ်ထောင်ဖက်က ကျန်းမာရေးချို့တဲ့သွားလို့ ၊ မိန်းမကိုယ်ဝန်ဆောင်နေလို့ ၊ မိန်းမဟာ စိတ်ကြမ်းလူကြမ်းနဲ့ အပျိုတုန်းကလို ကိုကို မောင်မောင် ချိုချိုသာသာ ပြင်ပြင်ဆင်ဆင် ဆွဲဆောင်မှုတွေ မရှိတော့လို့ ၊ အိမ်ထောင်ရေးအဆင်မပြေလို့ ၊ တပါးသူနဲ့ စိတ်ကွယ်ရာအချိန်တွေ ၊ နေရာတွေမှာ အနေနီးစပ်သွားကြလို့ ၊ အိမ်ထောင်ဖက်နဲ့ ကာလအတော်ကြာ အမြဲခွဲနေရလို့ စသဖြင့်သော အကြောင်းတွေကြောင့် ဖြစ်ပါတယ်။

ကျွန်မတို့ ငယ်ငယ်တုန်းက ဖောက်ပြန်တဲ့သူတွေဟာ အမျိုးသားတွေ အများစုဖြစ်ကြပြီး မိန်းမပျက်နဲ့ ငွေပေးလို့ အတူသွားနေတာကိုကအစ ဖောက်ပြန်တယ်လို့ သတ်မှတ်ကြတာပါ။ မယားငယ်ပေါ်တင်ထားတာ ၊ အပျော်တွဲတွေ ထည်လဲတွဲနေတာမျိုး အတော့်ကို ရှားလှပါတယ်။ ကျွန်မအပျိုဖော်ဝင်စတုန်းက ကျွန်မတို့မောင်နှမတွေကို အဖေက အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အမှာစကားပြောဖူးတယ်။ အိမ်ထောင်ဘက်ကို ဆင်းရဲချမ်းသာမရွေး ရွေးချယ်နိုင်တယ်တဲ့။ အိမ်ထောင်ရှိသူကိုယူပြီး သူများအိမ်ထောင်ကို မဖျက်စီးရဘူးတဲ့။ ကာမပိုင်ရှိတဲ့သူနဲ့ မပတ်သက်ရဘူးတဲ့။ မသိလို့ ပတ်သက်မိရင် သိတဲ့အချိန်မှာ ချက်ချင်းရုန်းထွက်ရမယ်တဲ့။ ဆက်မမိုက်ရဘူးတဲ့။ မိမိကိုးကွယ်တဲ့ဘာသာကိုလည်း မျိုးရိုးစဉ်ဆက် ထိန်းသိမ်းသွားရမယ်တဲ့။ အဲဒီတုန်းက အပျိုဖော်ဝင်စဆိုတော့ အဖေ ဘာတွေပြောနေမှန်းမသိပေမယ့် ရှားရှားပါးပါး တခါတည်းပြောခဲ့ဖူးတာမို့ မှတ်မိနေတာပါ။

အမေကကျတော့ ပြတ်တယ်။ ရှင်းတယ်။ ဘယ်ယောက်ျားယူယူ ဒီဟာက မလွဲမသွေပါမှာပဲတဲ့။ ဒီတော့ ကိုယ့်နဲ့ထိုက်တန်တာကို ကိုယ့်ဘာသာရွေးချယ် စဉ်းစားပြီးယူကြတဲ့။ သူတို့ အမှာစကားပြော ဆိုဆုံးမချိန်တုန်းက ကိုယ်ဟာ ဆယ်ကျော်သက်စွန်းစွန်း အပျိုဖော်ဝင်စဆိုတော့လေ ဘာမှကို နားမလည်တာပါ။

ကိုယ့်မိဘက ဒီလိုသင်ခဲ့တော့ ကိုယ်ဟာ မိဘစကားကို တသွေမတိမ်းနားထောင်ခဲ့ပါတယ်။ အခုခေတ်မှာ မိဘတွေက ဒီလိုမဆုံးမကြဖူးလားလို့ ကျွန်မတွေးမိတယ်။ ဒါတောင် ကျွန်မအဖေက ကျွန်မ ဆယ့်သုံးနှစ်သမီးမှာ ဆုံးပါးသွားခဲ့တာနော်။ ကျွန်မတို့ကို ထပ်မဆုံးမနိုင်တော့ပေမယ့် တကြိမ်တခါ ဆိုဆုံးမ ၊ မှာကြားခဲ့တာတွေကို ကျွန်မတို့ဟာ လိုက်နာထိန်းသိမ်းခဲ့ပါတယ်။ ဒါဟာ မိမိဂုဏ်နဲ့ မိဘဂုဏ်တက်စေတဲ့ လုပ်ရပ်တခုမဟုတ်လား။

အိမ်ထောင်ရှင်တွေ ဖောက်ပြန်တဲ့အခါ သူ့ကိုယ်သူ သနားစရာလို့ တဘက်လူ မသနား သနားလာအောင် ပြောတတ်ကြတယ်။ အနေလည်းနီးစပ်မယ် ၊ သနားစိတ်လေးလည်း ဝင်လာပြီဆိုရင် နောက်တဆင့်က ဖောက်ပြန်ဖို့ဖြစ်လာတာပေါ့။ မသိလို့ခြေလှမ်းကျွံ ဖောက်ပြန်မိတာက မသိလို့ဆိုပြီး ခွင့်လွှတ်ပေးလို့ရသေးတယ်။ သိရက်နဲ့ဆိုရင် အမျိုးသမီးတစ်ယောက်အနေနဲ့ အတော့်ကို ကိုယ်ချင်းစာတရားမဲ့သွားပြီ။ ကိုယ်တယုတယပျိုးထားတဲ့အပင်လေးကို အသီးအပွင့်ပြည့်စုံမယ်ကြံရုံရှိသေး တပါးသူက အပိုင်သိမ်းသွားတယ်ဆို ဘယ်လိုခံစားရမလဲ။ အချစ်ဟာ ပျိုးပင်တစ်ခုမဟုတ်သလို ဘဝဟာ အပင်တစ်ခုမဟုတ်ဘူးလေ။

သိရက်နဲ့ဖောက်ပြန်တယ်ဆိုရင် ကိုယ်ပြုတဲ့ကံကိုယ့်ထံပြန်လာဦးမှာမို့ ကိုယ်ဟာလည်း ဒီလိုခံစားမှုမျိုး ၊ ဒီလိုစိုးရိမ်ပူပင်မှုမျိုးကို ပိုက်ပြီးနေရလိမ့်ဦးမယ်။ တချိန် ကိုယ့်နောက်ကွယ်မှာ သူဖောက်ပြန်လေဦးမလားပေါ့။ ခြံခုန်တဲ့နွားကလေ ခြံကိုခုန်တာ ၊ စားနေကျကြောင်ပါးက ဘယ်လိုအကွက်ချောင်းစားသောက်ရမယ်လို့ သိပ်ပါးနပ်တာ။ တပါးသူလှည့်စားခဲ့လို့ ကာမပိုင်ရှိမှန်းမသိဘဲဖောက်ပြန်မိရင် သိတဲ့အချိန်မှာ ရပ်တန်းကရပ်ပြီး ဆက်မမိုက်ကြဖို့ပါ။ ကျွန်မအမေ ဆုံးမခဲ့ဖူးသလို ဘယ်ယောကျာ်းယူယူ ဒါပါမှာပဲလေ။ အဲဒီတုန်းက ဒါဆိုတဲ့အဓိပ္ပါယ် မသိသေးပေမယ့် အရွယ်ရောက်လာလို့ ဒါနဲ့ပတ်သက်မိရင် ဒါဟာဘာလဲလို့ နားလည်သဘောပေါက်လာမှာပါ။

ဘယ်ယောက်ျားယူယူ ဒါပါလာမယ့်ကိစ္စကို သူများပိုင်ပစ္စည်းမှ တမ်းတမ်းစွဲနေရလောက်အောင် ကိုယ်ဟာ သူများအကျပဲ (စားကြွင်းစားကျန်နဲ့ပဲ) တန်သူလား။ ကိုယ့်တန်ဖိုးဟာ ဒါလား။ ကိုယ့်သိက္ခာသူများချလို့ သိက္ခာရှိနေတဲ့သူတစ်ယောက်ဟာ သိက္ခာမကျသွားနိုင်ဘူး။ ကိုယ့်လုပ်ရပ်ကသာ ကိုယ့်ကို သိက္ခာကျသွားစေတာ ၊ တန်ဖိုးကျသွားစေတာဖြစ်ပါတယ်။ ကိုယ့်တန်ဖိုးကို ကိုယ့်ဘာသာ မြှင့်တင်ရတာပါ။ ဒီရုပ်ရည်ဟာလည်း တန်ဖိုးမဟုတ်ဘူး။ အရွယ်ရလာတာနဲ့ ပျက်စီးသွားမယ့်အလှ။ အိုလာတာနဲ့ ရွဲသွားမယ့် ကိုယ်ပြင်ပကအရာပါ။ လူ့တန်ဖိုးဆိုတာ အသိတရား ၊ ပညာရွှေအိုး လူမခိုးတဲ့ ။

ပညာဆိုတာအတန်းပညာလို့ချည်းမမှတ်ပါနဲ့။ စဉ်းစားတွေးခေါ်တတ်တာလည်း ပညာဖြစ်သလို ကိုယ့်ဘဝကို မြင့်သထက်မြင့်အောင် ကိုယ့်အသိဥာဏ် ၊ ကိုယ်ကျင့်တရား ၊ ကြိုးစားအားထုတ်မှုတွေနဲ့ တဆင့်ထက်တဆင့် တက်သွားနိုင်တာမှ တကယ်ကို မြင့်မြတ်တဲ့ အသိဥာဏ်ပညာပါ။ ငယ်စဉ်မှာ ဘဝအဆင့်အတန်းမြင့်အောင် ကိုယ်ကျင့်တရားလုံလုံနဲ့ကြိုးစားအားထုတ်ရမယ်။ ကောင်းကောင်းနားလည်သိတတ်လာချိန်မှာ ဥာဏ်အဆင့်အတန်းမြင့်အောင် သံသရာအတွက် ကြိုးစားအားထုတ်နိုင်ရမယ်။

ဇနီးကိုကြင်နာတတ်တဲ့ခင်ပွန်း ၊ ငွေဝင်ဖြောင့်တဲ့သူ ၊ အနာဂါတ်ခိုင်မာမှု ပေးနိုင်တဲ့သူဟာ သူတို့ပိုင်ဖြစ်လာမလားလို့ ကြောင်တောင်နှိုက်အမျိုးသမီးတွေက ပထမ မျက်လုံးအထာနဲ့ပေးမယ်။ အမျိုးသားဟာ Welcome ဆိုတဲ့အထာပြန်ပေးရင် ခပ်တည်တည်နဲ့ သူများအိမ်ထောင် ကိုယ့်အိမ်ထောင်လုပ်ယူချင်ကြသူတွေ ရှိပါတယ်။ အမျိုးသားက ဘာသိဘာသာမသိယောင်ဆောင်သည့်တိုင် တဆင့်တိုးလို့ သူတို့မှာလည်း ဒါပါကြောင်း ဟိုဖော် ၊ ဒီဖော်လုပ်ပြမယ်။ စကားအရာနဲ့ ဆွဲညုမယ်။ အတွေ့အထိတွေနဲ့ သိမ်းသွင်းမယ်။ သူတို့က ကျလောက်တဲ့အောက်လုံးတွေ ထုတ်သုံးမှာပေါ့။ သူတို့ဟာ ဒီလိုနည်းတွေနဲ့ပဲ သူတို့တန်ဖိုးဆိုတာကို မြှင့်တင်ဖို့ ကြိုးစားကြပါလားလို့ ကရုဏာသက်မိတယ်။ သူတို့ဦးနှောက်က ဒီလောက်ပဲ အသိတရားရှိတာကိုး။

ခင်ပွန်းကိုဂရုစိုက်တတ်တဲ့ အမျိုးသမီးတွေ ၊ ငွေသုံးနိုင်တဲ့ အမျိုးသမီးတွေကိုကျတော့ ကြာကူလီယောက်ျားတွေက အချောင်ရမလား ဝင်လုံးကြတာတွေလည်းရှိပါတယ်။ ခင်ပွန်းလုပ်သူက ဇနီးကို ငွေပေးရင်တာဝန်ကျေပြီလို့ ယူဆတဲ့စုံတွဲတွေမှာ ဒီလိုဖောက်ပြန်မှုမျိုးကို ပိုတွေ့ရတယ်။ ခင်ပွန်းဆီကကြင်နာမှု ၊ နားလည်မှု ၊ သာယာမှုမရတော့ ဒါတွေပေးနိုင်တဲ့သူဘက်ကို ပါလာပြီး မလုပ်သင့်တာတွေ လုပ်ဖြစ်တာ ရေရှည် မစဉ်းစားတတ်တဲ့အမျိုးသမီးတွေပေါ့။

ဒီလိုကြာကူလီအမျိုးသား ၊ အမျိုးသမီးတွေရဲ့ အောက်လုံးဆွဲဆောင်မှုတွေကို ခံနိုင်ရည်ရှိဖို့ဆိုတာ အိမ်ထောင်သည်နှစ်ဦးစလုံးရဲ့ ဆက်ဆံရေး ပွင့်လင်းခိုင်မာဖို့လိုတယ်။ အပြန်အလှန် နားလည်ပေးနိုင်မှုလည်းလိုတယ်။ အကြောင်းအကျိုး ကောင်းကောင်းဆွေးနွေးပြနိုင်ဖို့လည်းလိုတယ်။ တခါတလေ မြွေမြွေချင်း ခြေပိုမြင်သလို မိန်းမအထာကို မိန်းမချင်းပိုသိတယ်။ ယောကျာ်းအထာကိုလည်း ယောကျာ်းချင်းပိုသိတယ်။ ဒါကိုယုံကြည်ဖို့လိုတယ်။ တစ်ဦးကပြောရင် တစ်ဦးကလက်ခံနိုင်ရမယ်။ အန္တရာယ်ကိုရှောင်ရှားနိုင်ရမယ်။

ကြောင်တောင်နှိုက်တွေက အောက်ကွက်တွေ အမျိုးမျိုးသုံးတတ်တယ်။ ဒီမိသားစုလေးကို အားကျတယ်ဆိုတာမျိုး ၊ ဒီလူမျိုးရတာ အရမ်းကံကောင်းတယ်ဆိုတာမျိုး ၊ ဒီလူမျိုးနဲ့ ဖူးစာဆုံချင်လိုက်တာမျိုးတွေကို ထမင်းစားရေသောက်ပြောရင်း လမ်းကြောင်းတတ်တယ်။ စမ်းသပ်တတ်တယ်။ မသိရင်ခံလေ။ ရိုးတဲ့သူ ၊ သူတို့အထာမနပ်တဲ့သူက သူတို့လှည့်ကွက်ထဲသက်ဆင်းပြီး နားဖားကြိုးတပ်တာ ခံလိုက်ဦးပေါ့။

BurmeseHearts Blog

ကျွန်မခင်ပွန်းကို ကျွန်မယုံကြည်စွာ လွတ်လပ်ခွင့်ပေးထားတယ်။ Facebook လို လူမှုကွန်ယက် ဝက်ဘ်ဆိုဒ်ပေါ်မှာ သူ့ဇနီးဟာကျွန်မဆိုတဲ့ Status မရှိသလို ကျွန်မခင်ပွန်းဟာ သူလို့လည်း မဖော်ပြထားဘူး။ လက်ထပ်လက်စွပ်ဆိုတာကိုလည်း မယုံကြည်လို့ မဝတ်ဆင်ကြဘူး။ ကျွန်မတို့ယုံကြည်တာက ဒီလူရဲ့ရင်ထဲကခံစားမှု ၊ တွေးခေါ်စဉ်းစားတတ်မှု နဲ့ လုပ်ရပ်ကိုပဲဖြစ်ပါတယ်။

သူကကျွန်မကို လွတ်လပ်ခွင့်ပေးထားသလို ကျွန်မကလည်း သူ့ကို လွတ်လပ်ခွင့်ပေးထားတယ်။ ဘာလုပ် ၊ ဘာမလုပ်နဲ့ဆိုတာမျိုးတွေ တားထားတာမျိုးမရှိသလို ချုပ်ခြယ်ထားတာမျိုးလည်းမရှိပါဘူး။ သူ့ Mail နဲ့ လူမှုကွန်ယက်က Password တွေမှန်သမျှ ကျွန်မ မသိသလို ကျွန်မ Password တွေမှန်သမျှ သူစိတ်မဝင်စားဘူး။ တကယ်ဆို တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုက အဓိက။ သစ္စာတရားက ပဓါနဖြစ်ပါတယ်။ သံသယတွေထားပြီး ဟိုစစ် ၊ ဒီဆေးလုပ်လာရင် မလွတ်လပ်တဲ့စိတ်နဲ့ ခိုးလုပ်လာနိုင်တယ်။ ဒီအခါ လင်မယားအဆင်မပြေဖို့ ၊ ရန်ဖြစ်ဖို့ အစပျိုးလာတာပေါ့။

ဒီလိုလွတ်လပ်မှုပေးထားပေမယ့် ဒီအခြေအနေအထိရောက်ဆောင် စိတ်တူကိုယ်တူ ထူထောင်လာခဲ့တဲ့အိမ်ထောင်ရေး ၊ သံယောဇဉ်ဆိုတာတွေနဲ့ သူ့အတွက်ကိုယ်ဟာ နားလည်မှုအပေးနိုင်ဆုံးလူ ၊ ကိုယ့်အတွက်သူဟာလည်း အကောင်းဆုံးလူတစ်ယောက်အဖြစ် ယုံကြည်မှုစွဲစွဲမြဲမြဲထားပါတယ်။ ဒီလိုအသင့်တော်ဆုံး ၊ အကောင်းဆုံးလူနှစ်ယောက်အဖြစ် ယုံကြည်ခဲ့လို့ ဒီအိမ်ထောင်သက် ဒီလောက်ကြာခဲ့တာမဟုတ်လား။

ကျွန်မခင်ပွန်းကို မကြာခဏဆိုသလို ပြောတတ်တာက သူကျန်းမာရေးချို့ယွင်းသွားသည့်တိုင် သူမလုပ်နိုင်မကိုင်နိုင် ဖြစ်သွားသည့်တိုင် သူ့အနွံအတာမှန်သမျှကို ကျွန်မကခံသွားမယ့်သူပါလို့။ သူကလည်း ကျွန်မလိုပါပဲတဲ့။ ဒီလိုမျိုး ပြောပေးသင့်ပါတယ်။ ဒါဟာ သူ့ခေါင်းထဲကို အသိတရားထည့်ပေးလိုက်တာပါ။ စောင့်ထိန်းရမယ့်ကျင့်ဝတ်နဲ့ သစ္စာတရားဆိုတာကို ကိုယ်စီအပြန်အလှန် ကတိကဝတ်ပြုကြတာပါ။ လက်ထပ်စာချုပ် လက်မှတ်မထိုးခင် ၊ မင်္ဂလာဧည့်ခံပွဲကျင်းပချိန်မှာပဲ ဒီကတိကဝတ်တွေက စောင့်ထိန်းရမှာမဟုတ်ဘူးလေ။ တဘဝစာ စောင့်ထိန်းသွားရမှာ။

ခင်ပွန်းဆီကအကြင်နာ ခံစားလိုတယ်ဆိုတဲ့အိမ်ရှင်မတွေ အိမ်ထောင်သက်ကြာပြီဆိုတာနဲ့ ခင်ပွန်းအပေါ် အခေါ်အဝေါ်တွေ ပြောင်းမသွားသင့်ဘူး။ သူပြောင်းခေါ်လို့ ကိုယ်ပြောင်းခေါ်မယ်ဆိုတာလည်း မဖြစ်သင့်ဘူး။ သူပြောင်းသွားသည့်တိုင် ကိုယ်တွေလက်မထပ်ခင်က ဘယ်လိုအခေါ်အဝေါ် ကြင်နာမှုတွေနဲ့ ချစ်ခဲ့ကြတယ်ဆိုတာကို သူပြန်ပြောင်းမှတ်မိအောင် ဒီလိုစွဲမြဲစွာခေါ်ဝေါ်ရင်း မပြောင်းလဲသော ကြင်နာမှုကို ကိုယ်တိုင်ကထိန်းသိမ်း ပြသဖို့လိုတယ်။ ဒါမှ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ကပြောင်းလဲသွားသည့်တိုင် (ပိန်တာ ၊ ဝတာ ၊ အိုတာတွေ ဖြစ်လာသည့်တိုင်) သူ့အပေါ် ကိုယ့်ခံစားချက်နဲ့ ကြင်နာမှုတွေဟာ မပြောင်းမလဲဖြစ်တယ်လို့ သက်သေပြရာရောက်တယ်။

အိမ်ထောင်ရှင်မဆိုတော့ အပျိုတုန်းကလောက် မိမိကိုယ်ကိုပြင်ဆင်ဖို့ အချိန်မရတော့ပေမယ့် ကလေးတွေအရွယ်ရလာရင် ရလာသလို တပတ်တရက် ၊ နှစ်ရက် (အထူးသဖြင့် ခင်ပွန်းရုံးပိတ်ရက်တွေမှာ) အပျိုတုန်းကလို ပြင်ပြင်ဆင်ဆင် လန်းလန်းဆန်းဆန်းလေးနေပြီး ခင်ပွန်းနဲ့ မိသားစုအတူ နေ့လည်စာ ၊ ညနေစာ ဈေးဝယ်ထွက်ရင်း စားနိုင်ဖို့ မိသားစုအချိန်ဆိုတာလေးကို ဖန်တီးပါ။ ဘယ်မှမထွက်လည်း ခင်ပွန်းအကြိုက်တွေ ဒီရက်ကလေးမှာ ဂရုတစိုက် လုပ်ကျွေးနိုင်ဖို့ ကြိုးစားပါ။ အပတ်စဉ်မဟုတ်တောင် တပတ်ခြား ၊ နှစ်ပတ်ခြား တခါလိုမျိုး ခင်ပွန်းအကြိုက် အလိုက်သိစွာချက်ကျွေးပါ။ ဒါတွေဟာ ကိုယ်သူ့ကို ဂရုစိုက်တုန်း ၊ သူ့အကြိုက်တွေကို မမေ့မလျော့ သိနေတုန်း ၊ ဖြည့်ဆည်းဖို့ ကြိုးစားနေတုန်းဆိုတာကို ပြောတာထက်ပိုသိစေတယ်လေ။

အလုပ်ကလည်းမအား ၊ အိမ်အလုပ်တဖက် ၊ သားသမီးတာဝန် ၊ ခင်ပွန်းတာဝန်တွေနဲ့ မအားလပ်ပေမယ့် ခင်ပွန်းနဲ့ ညအိပ်ရာဝင်ချိန်မှာ တပတ်တစ်ကြိမ်လောက်တော့ဖြင့် ကိုယ်လက် နှိပ်နယ်ပေးလို့ သူ့စိတ်ကို ဖြေဖျောက်မှုတွေပေးပါ။ ဒီအချိန်ဟာ ရှေးဟောင်းနှောင်းဖြစ်တွေ ၊ ဟာသတွေ ပြောဖို့အကောင်းဆုံးအချိန်ပဲ။ လက်ရှိတွေ့ကြုံနေရတဲ့ နေ့တဓူဝဟာသလေးတွေ ၊ သူနဲ့ကိုယ်ရဲ့ အတိတ်က ဟာသလေးတွေ ပြန်ပြောင်းပြောရင်း နှစ်ဦးဆက်ဆံရေး နွေးထွေးမှုထိန်းသိမ်းနိုင်အောင် ကြိုးစားပါ။

မယားဝတ္တရားအရ ကိုယ်စိတ်ပါသည်ဖြစ်စေ ၊ စိတ်မပါသည်ဖြစ်စေ ခင်ပွန်းစိတ်ပါတဲ့အချိန်မှာဖြစ်ဖြစ် ၊ မစပ်ယှက်တာ ကြာလာရင်ပဲဖြစ်ဖြစ် သူ့သွေးသားဆန္ဒဆိုတာကို အလိုက်တသိ ဖြေထုတ်ခွင့်ပေးပါ။ ကိုယ့်ဆီမဖြေထုတ်ရင် တခြားမှာ သွားဖြေထုတ်နိုင်တာကို သတိချပ်ပါ။ အသက်တွေရလာပေမယ့် ၊ အိမ်ထောင်သက်ကြာလာပေမယ့် ကာမဆန္ဒဟာလည်း လူ့ဆန္ဒတခုပေပဲမို့ လူ့သက်တမ်းအိုမင်းလို့ မနိုင်တော့တဲ့အထိတော့ ဆက်တည်နေဦးမှာပဲလေ။

ကလေးတွေအကြောင်း ၊ ကိုယ့်အကြောင်း အကောင်းအဆိုး မျှမျှတတ ဖြစ်ပျက်နေတာကို အိမ်ထောင်ဦးစီးဖြစ်တဲ့ သူသိထားအောင် ပြောတတ်ဖို့လည်း လိုပါတယ်။ စိတ်ဖိစီးစရာကြီးပဲတော့ ဘယ်သူမှ မကြားချင်ဘူးလေ။ ကလေးတွေရဲ့ကောင်းကွက်ကလေးတွေလည်းပြော ၊ ကိုယ်တွေကြုံနေတဲ့ အခက်အခဲတွေလည်း သူနားလည်အောင် ပြောပြတတ်ဖို့လိုပါတယ်။ ဒါတွေက အိမ်ရှင်မတွေရဲ့ စကားပရိယာယ်အပေါ် မူတည်ပြီး အိမ်ထောင်ဦးစီးရဲ့ စိတ်နှလုံးကို ဆွဲဆောင်ထိန်းသိမ်းထားနိုင်ပါတယ်။

နောက်ဆုံးမှာ ကိုယ်ဟာ ကိုယ့်နုပျိုမှုတွေကို ဒီမိသားစုအတွက် ဘယ်နှစ်နှစ်တာ ပေးဆပ်ထားခဲ့လို့ ဘယ်လိုရုပ်ဖြစ်သွားပြီ ၊ ဘယ်လိုကိုယ်ဖြစ်သွားပြီဆိုတာ ကိုယ့်ခံစားမှုအတိုင်းလည်း မျှဝေနိုင်ပါတယ်။ ဒါမှလည်း ဒီမိသားစုအတွက် ကိုယ့်ပေးဆပ်မှုတွေကို သူသတိထားမိလာမှာပါ။ သူလည်း အရင်လိုရုပ်သွင်မဟုတ်တော့သလို ကိုယ်လည်း အရင်လိုရုပ်သွင်မဖြစ်တော့တာဟာ သဘာဝပါ။ ဘယ်သူမဆို အိုမှာ ၊ နာမှာ ၊ သေမှာပဲလေ။ အိုသွားလို့ ၊ နာလာလို့ ဆိုပြီး မအို ၊ မနာသေးတဲ့ အပျို လေးတွေနဲ့ အပျော်ထွက်ရှာတယ်ဆိုတာ မဖြစ်သင့်ဘူးလို့ သူယုံကြည်မှ သူဟာ ပြင်ပမှာ အပျော်ရှာတာမျိုးတွေ မရှိတော့မှာဖြစ်ပါတယ်။

မေတ္တာတရားနဲ့ တည်ဆောက်ခဲ့တဲ့ ဒီအချစ်ရိပ်မြုံလေး ကာလတွေ ကြာသထက်ကြာအောင် မြဲမြံဖို့ဆိုရင် သစ္စာတရားနဲ့ ဆက်တည်ဆောက်ပါမှ ဒီအသိုက်အမြုံထဲက ခင်ပွန်းလည်းပျော်မယ် ၊ ဇနီးလည်းပျော်မယ်။ သားသမီးတွေလည်းပျော်နိုင်မှာဖြစ်ပါတယ်။ မိရင်း ၊ ဖရင်း သွေးသားရင်ထက် ဘယ် မိထွေး ၊ ပထွေးမှ မကောင်းနိုင်ဘူးလေ။ ဘယ်သူတရားပျက်ပျက် ကိုယ်တရားမပျက်ဖို့ပိုအရေးကြီးပါတယ်။ သူ့အရိပ်သူ့နောက်လိုက်မှာဖြစ်ပြီး ကိုယ့်အရိပ် ကိုယ့်နောက်လိုက်မှာဖြစ်ပါတယ်။

သူ့ရဲ့ နုပျိုမှုတွေ ဝါးမြိုစားခဲ့တဲ့ကိုယ် ၊ ကိုယ့်သွေးသားတွေကို ပြုစုပျိုးထောင်ရင်း အလှပျက်ပြယ်လာတဲ့သူကို မလှတော့လို့ ၊ နှစ်လိုဖွယ်မရှိတော့လို့ အလန်းလေးတွေနဲ့ ပျော်ပါးနေတယ်ဆိုတာ ဖြစ်သင့်ပါရဲ့လား ။ ဒါတွေလုပ်နေတဲ့ကိုယ်ဟာ လူ့ကျင့်ဝတ်အရရော ၊ ဘာသာတရားအဆုံးအမအရရော မိသားစုအပေါ်မှာ တရားပါရဲ့လား။ အချိန်မနှောင်းခင်ပြင်နိုင်ပါတယ်။ ဇနီးနဲ့သားသမီးတွေက ကိုယ့်ကို အိမ်ထောင့်ဦးစီးအဖြစ် မှီခိုအားထားနေရတာလေ။ ကိုယ်မရှိရင်လည်း အဆင်ပြေပါတယ် ၊ အဆင်ပြေမှာပါလို့ တွေးထင်နေတဲ့ သူနဲ့ကိုယ်ဟာ ကိုယ်ဆိုတဲ့ အိမ်ထောင်ဦးစီးမရှိရင် ဒီကလေးတွေရဲ့စိတ် ၊ ခံစားချက် ၊ ဒီမိသားစုတွင်းက ပျော်ရွှင်မှုတွေဟာ ဘယ်လိုဖြစ်သွားမလဲ ပြန်သုံးသပ်လို့ မိမိ မိသားစုသာ မိမိအတွက် အကောင်းဆုံး ရဲဘော်ရဲဘက်တွေပါလို့။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

]]>
http://www.burmesehearts.com/%e1%80%b1%e1%80%99%e1%80%90%e1%81%b1%e1%80%ac%e1%80%90%e1%80%9b%e1%80%ac%e1%80%b8%e1%80%bb%e1%80%96%e1%80%84%e1%80%b9%e1%80%b7-%e1%80%81%e1%80%ba%e1%80%85%e1%80%b9%e1%80%bb%e1%80%81%e1%80%84%e1%80%b9/feed/ 0
TOP FACEBOOK POSTS http://www.burmesehearts.com/top-facebook-posts/ http://www.burmesehearts.com/top-facebook-posts/#respond Sat, 05 Dec 2015 07:36:18 +0000 http://www.burmesehearts.com/?p=21862 BurmeseHearts.com ]]> BurmeseHearts.com

 

]]>
http://www.burmesehearts.com/top-facebook-posts/feed/ 0
အချစ်စစ်နဲ့ အိမ်ထောင်ဖက် http://www.burmesehearts.com/%e1%80%a1%e1%80%81%e1%80%ba%e1%80%85%e1%80%b9%e1%80%85%e1%80%85%e1%80%b9%e1%80%94%e1%80%b2%e1%82%94-%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%b1%e1%80%91%e1%80%ac%e1%80%84%e1%80%b9%e1%80%96%e1%80%80/ http://www.burmesehearts.com/%e1%80%a1%e1%80%81%e1%80%ba%e1%80%85%e1%80%b9%e1%80%85%e1%80%85%e1%80%b9%e1%80%94%e1%80%b2%e1%82%94-%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%b1%e1%80%91%e1%80%ac%e1%80%84%e1%80%b9%e1%80%96%e1%80%80/#comments Sat, 05 Dec 2015 04:32:07 +0000 http://www.burmesehearts.com/?p=8894
သမီးရည်းစားအဆင့်မှာတောင် မပျော်ရွှင်ရရင် ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးကို သူနဲ့ထူထောင်နိုင်ပါ့မလား။
သမီးရည်းစားအဆင့်မှာတောင် မပျော်ရွှင်ရရင် ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးကို သူနဲ့ထူထောင်နိုင်ပါ့မလား။

ကျွန်မခံစားခဲ့ရဖူးတဲ့ အချစ်စစ်ကို မျှဝေလိုက်မယ်နော်။ ဘယ်ဝတ္ထုစာအုပ်ကမှ ကူးချထားတာမဟုတ်ဘူး။ ကိုယ်တိုင်ခံစားရချိန်တွေမှာ အမှတ်တရဖြစ်အောင် ချရေးခဲ့တဲ့ တချိန်က မှတ်တမ်းတွေပေါ့။ ဘဝမှတ်တမ်းတခုအဖြစ် အမှတ်တရသိမ်းထားဆဲလေ။

အချစ်ဆိုတာ ကိုယ်ကခိုင်းစေလို့မရဘဲ ကိုယ့်ကိုသာ အမျိုးမျိုး ခိုင်းစေသွားတာပါ။

အချစ်ဆိုတာ စတင်ခြင်း ၊ ပြီးဆုံးခြင်းတွေကို ဖန်တီးယူလို့မရဘူး။

အချစ်ဆိုတာ တကယ်စစ်မှန်ရင် တူညီတဲ့ခံစားမှု (အချစ်ဆိုတာမျိုး) နောက်ထပ် လုံးဝမရှိနိုင်တော့ဘူး။

အချစ်ဆိုတာ နီးခြင်း ၊ ဝေးခြင်းတွေကြောင့် ပြောင်းလဲသွားတာမျိုးမရှိဘူး။

အချစ်ဆိုတာ အချိန်ကာလတွေအပေါ်မူတည်ပြီး ဟောင်းနွမ်း မပျောက်ကွယ်သွားနိုင်ဘူး။

အချစ်ဆိုတာ ရယူလိုခြင်း ၊ ပေးဆပ်လိုခြင်းစတဲ့ အစွန်းနှစ်ဘက် ခံစားချက်တွေအပြင် အစွန်းနှစ်ဘက်အကြားက ခံစားချက်တွေလဲ ဖြစ်ပေါ်စေတယ်။

အချစ်စစ်မှန်ရင် နိမ့်ခြင်း ၊ မြင့်ခြင်းနဲ့ အရာရာအပေါ်မူတည်လို့ လုံးဝမပြောင်းလဲနိုင်သလို ဒီလိုကွာဟမှုတွေကိုလဲ မမြင်တော့ဘူး။

အချစ်ဆိုတာ ပေါင်းစပ်ခွင့်ဆိုတဲ့ မျှော်လင့်ချက်တစ်ခုကြောင့်မဟုတ်ဘဲ ဘယ်လိုမှ မပေါင်းစပ်နိုင်တော့တာ ယုံကြည်လက်ခံနေရက်က မေ့ပျောက်မရ ၊ စူးစူးနစ်နစ် ခံစားချစ်မိနေတယ်။

အချစ်ဆိုတာ နာကြည်းသင့်မှန်း ၊ မုန်းမေ့လိုက်သင့်မှန်း သိနေရက်က ဘယ်လိုမှ မနာကြည်းနိုင် ၊ မမုန်းနိုင်တဲ့ အဖြစ်မျိုးနဲ့ ရှင်သန်စေတယ်။

အချစ်ဆိုတာ နီးစပ်နေတဲ့အခါ ပြီးပြည့်စုံသော ဘဝအဓိပ္ပါယ်ကို ခံစားစေနိုင်သလို ဝေးသွားတဲ့အခါ ဘာကို ဘယ်လိုလုပ်လုပ် အဓိပ္ပါယ်မရှိတော့ဘူးလို့လည်း ယုံကြည်သွားစေတယ်။

အချစ်ဆိုတာ အထူးဆန်းဆုံးနဲ့ အင်အားအကြီးဆုံးစိတ်ခံစားမှုဖြစ်ပြီး အဲဒီအချစ်ကြောင့် အရာရာကိုရင်ဆိုင်သွားနိုင်သလို ကိုယ့်ဘဝထဲက အရာရာကိုလည်း ပျက်စီးသွားစေနိုင်တယ်။

အပေါ်ကအချက်တွေထဲက တစ်ချက်တည်း ကွက်ခံစားနေရင် (သို့မဟုတ်) အချက်အနည်းငယ် ကိုက်ညီနေလို့ဆိုပြီး အချစ်စစ်လို့ မတွက်လိုက်ပါနဲ့။ စိတ်ကစားတာနဲ့ ကြိုက်မိတာလည်းဖြစ်နိုင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်တိုင်က သူ့ကို ချစ်မိပြီလို့ ယုံကြည်မိနေတာကိုး။

ဒါပေမယ့် အပေါ်ကအချက်တွေအားလုံးကို တကယ်ခံစားရပြီဆို အချစ်စစ်မှ အချစ်စစ်ပဲနော်။ အချစ်စစ်အတွက် ခံစားချက်တွေ လိုနေသေးရင် Comment မှာ ထပ်ဖြည့်ရေးပေးနိုင်ပါတယ်။ ကိုယ်ခံစားရတဲ့အချစ်စစ် သူများလည်း သိတာပေါ့။

BurmeseHearts Blog

ကျွန်မရဲ့ ဒီခံစားချက်တွေက လွန်လေပြီးသောအခါက ခံစားချက်တွေလေ။ အဲဒီအချိန်တုန်းက ကိုယ်ခံစားရတာတွေကို အမှတ်တရအနေနဲ့ တချက်ချင်း ချရေးခဲ့တာပေါ့။ ဒီလောက်ချစ်တတ်ရက်နဲ့ ကိုယ်ချစ်တဲ့သူနဲ့ ဘာကြောင့်ကွေကွင်းရတာလဲ။ တဖက်သတ်အချစ်ကြောင့်ထင်ရင်မှားမယ်နော်။ နှစ်ဦးသဘောတူ အရူးအမူး ချစ်ခဲ့ကြတဲ့ အချစ်ဦးတွေပါ။

ဒါဆို ကျွန်မကကြည့်ပျော်ရှုပျော်မရှိတဲ့ရုပ်ရည်မို့ ပစ်သွားတာလား တွေးစရာပဲ။ ကိုယ့်ကိုယ်ကိုမို့ ပြောတာမဟုတ်ဘဲ ကျွန်မဆွေမျိုး ၊ အပေါင်းအသင်း သူငယ်ချင်းတွေက ကျွန်မကို နဂိုမပြင်လည်း ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိသူအဖြစ် မှတ်ချက်ပေးကြတဲ့ ရုပ်ရည်မျိုးရှိသူမို့ ရုပ်ဆိုးလို့ ပစ်သွားတာတော့ မဟုတ်လောက်ပါဘူး။(လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်လောက်က ရုပ်ရည်ကို ပြောတာပါ။)

ဒါဆို ခပ်တုံးတုံးမိန်းမမို့ ပစ်သွားတာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ မိသားစု ၊ ဆွေမျိုးနဲ့ ပတ်ဝန်းကျင်မှာ ခုချိန်အထိ ကျွန်မကို ထက်မြက်သူတစ်ယောက်အနေနဲ့ အသိအမှတ်ပြု လက်ခံနေကြတုန်းပဲ။

ဒါဆို မာန်တက်နေတဲ့သူတစ်ယောက်မို့ ပစ်သွားတာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ကျွန်မက မာနရယ်လို့မထားဘဲ သူ့ကို အစစနှိမ့်ချဆက်ဆံပြီး အလိုလိုက်ခဲ့သူပါ။

ဒါဆို အဲဒီသူက အတော့်ကိုချောပြီး ပြည့်စုံလွန်းသူမို့လားလို့ တွေးစရာရှိတယ်နော်။ တကယ်ဆို ရှမ်းကြိုက်လို့ နွားချောတာပါ။ သူ့ထက်ပိုချောပြီး သူ့ထက်ပိုပြည့်စုံတဲ့သူတွေ ကျွန်မအနားမှာ ရှိခဲ့သားပဲ။ နှလုံးသားဆန္ဒအရ ငြိတွယ်မိသူက သူဖြစ်နေခဲ့လို့ပါ။

ဒါဆို ကိုယ်ခံစားရတာတွေ ပွင့်လင်းမှုမရှိခဲ့ဘဲ အုံပုန်းလုပ်ခဲ့လို့ သူက ကျွန်မခံစားချက်တွေမသိဘဲ ပစ်သွားတာလား တွေးစရာရှိပြန်ရော။ ကျွန်မရဲ့  ပွင့်လင်းချက်က ကျွန်မဘာခံစားရတယ် ၊ ဘယ်လိုနဲ့ ဘယ်လောက်ချစ်တယ်ဆိုတာကို အတိုင်းသားမြင်ရအောင် သူ့ကို အမြဲပြောပြလေ့ရှိတဲ့သူပါ။

ကလေးတစ်ယောက်အမေဖြစ်ပြီး ဇတ်လမ်းဟောင်းတွေ ဘာလို့ ပြောပြနေတာလဲလို့ တွေးစရာရှိတယ်နော်။ တန်ဖိုးမထားတတ်သူတွေလက်ထဲမှာ အမျိုးသမီးတွေရဲ့ ဘဝနဲ့ ခံစားချက်တွေ တန်ဖိုးမဲ့မသွားရအောင်လို့ ဇတ်လမ်းဟောင်းကြီးကို ပြန်ချပြီး နမူနာပြ ပြောရတာပါ။ တကယ့်အဖြစ်အပျက်မို့ လုပ်ဇတ်မဟုတ်ဘူးနော်။

အမျိုးသမီးတွေ ကိုယ့်ရဲ့လက်တွဲဖော်က ကိုယ့်ကိုတန်ဖိုးမထားဘူးလို့ ခံစားနေရရင်တောင် ကိုယ့်ကိုယ်ကို တန်ဖိုးမဲ့နေတယ်လို့ မထင်မြင်လိုက်ပါနဲ့။ လူတိုင်းမှာ သူ့တန်ဖိုးနဲ့သူရှိတယ်။ သူ့အလှနဲ့သူရှိတယ်။ ကိုယ့်ကိုတန်ဖိုးမထားတဲ့သူနဲ့ အတူရှိနေလို့ ကိုယ်ဟာ တန်ဖိုးမဲ့သူတစ်ယောက်လို ဖြစ်နေရတာပါ။ တန်ဖိုးမသိတဲ့လူတစ်ယောက်က ဘယ်လောက်ပဲ တန်ဖိုးရှိတဲ့ပစ္စည်းလက်ထဲရှိနေပစေ တန်ဖိုးမထားတတ်ဘူးလေ။

ကိုယ့်ကိုတန်ဖိုးမထားတဲ့သူ ၊ ကိုယ့်အချစ်ကို ဂရုမမူတဲ့သူ ၊ ကိုယ့်ခံစားချက်ကို နားလည်မှုမပေးနိုင်တဲ့သူ စတဲ့ ဒီလိုလူတွေနဲ့ ခပ်ဝေးဝေးမှာနေပြီး ကိုယ့်တန်ဖိုးကိုယ်ပြန်မြှင့်တင်လို့ ကိုယ့်ဘာသာပျော်အောင်အရင်နေလိုက်ပါ။  ဘာလို့ ကိုယ့်ဘာသာအရင်ပျော်အောင် နေခိုင်းသလဲဆိုရင် သူ့ကိုအရွဲ့တိုက်ချင်စိတ်နဲ့ သူ့ထက်သာတာရှာပြမယ်ဆိုတဲ့စိတ်ကြီးက ရှေ့ကဦးဆောင်နေရင် ကျားကြောက်လို့ ရှင်ကြီးခိုး ၊ ရှင်ကြီးကျားထက်ဆိုးမယ်နော်။

အရင်တစ်ယောက်ထက် သာတာရှာပါတယ်ဆိုမှ ဒီတစ်ယောက်ကြောင့် ထပ်စိတ်ဆင်းရဲ ၊ ကိုယ်ဆင်းရဲဖြစ်ရမယ်ဆိုရင် တစ်ယောက်တွဲလိုက် စိတ်တိုင်းမကျလိုက် ကွဲလိုက်နဲ့ ကိုယ့်မိန်းမတန်ဖိုး ပိုတောင်ကျလာဦးမယ်လေ။ တချိန်မှာ အချစ်နဲ့ ယောကျာ်းတွေဆိုတာတွဲပြီး မယုံမကြည်ဖြစ်လာမယ်။ ယောကျာ်းတွေရဲ့အချစ်ကို မယုံကြည်နိုင်တော့တာပေါ့။ ဒါကြောင့် ကိုယ့်ဘာသာ အရင်ပျော်အောင် နေခိုင်းတာဖြစ်ပါတယ်။

တကယ်တော့ လောကကြီးမှာ ယောက်ျားကောင်း ယောကျာ်းမြတ်တွေ အများအပြားရှိပါတယ်။ သူတို့တွေက နှမချင်းစာနာတတ်တယ် ၊ အားနည်းတဲ့မိန်းမသားတွေကို ဘယ်လိုညှာတာရမယ်ဆိုတာ နားလည်တယ်။ ကိုယ်ချစ်တဲ့သူကို ဘယ်အခြေအနေဖြစ်ဖြစ် ဦးစားပေးရမယ်လို့လည်း သဘောပေါက်တယ်။ သစ္စာတရားကိုလည်း တန်ဖိုးထားတယ်။ သူတို့တွေရဲ့ လိုလားချက်ကလည်း သူတို့နဲ့ထိုက်တန်တဲ့ မိန်းမကောင်းကိုပဲ ဘဝလက်တွဲဖော်အဖြစ် လက်တွဲလိုကြပါတယ်။

ယောကျာ်းကောင်းတွေဟာ ဘဝလက်တွဲဖော်ကို မိန်းမကောင်း ၊ မိန်းမမြတ်ဆိုတာတွေပဲ ဦးစားပေးရွေးတော့ ကိုယ်ဟာ ယောကျာ်းများစွာနဲ့ အခါခါတွဲ ၊ အခါခါကွဲ မိန်းမတန်ဖိုးကျနေသူတစ်ယောက်ဆိုရင် ဒီလိုယောကျာ်ကောင်းမျိုးနဲ့ ဖူးစာဆုံဖို့ အခွင့်အရေးရနိုင်ပါဦးမလား။ ပိုင်းယူမယ်လို့တွေးလည်း ကံကောင်းရင်ရမှာပေါ့။ ဒါပေမယ့် မသေချာလှပါဘူး။ အသွင်တူမှ အိမ်သူဖြစ်တာလေ။ အသွင်မတူရင် ကွဲနိုင်တာပဲ။ ဒါကြောင့် ကိုယ့်တန်ဖိုးကို ကိုယ်မြှင့်တင်နိုင်အောင် (စိတ်ဓါတ်ကျပြီး အရွဲ့တိုက်တွဲတာမျိုးတွေမရှိအောင်) ကိုယ့်ဘာသာ အရင်ပျော်အောင်နေပါလို့ ဆိုတာဖြစ်ပါတယ်။

ကိုယ့်ဘာသာပျော်လာနိုင်ပြီဆိုမှ ကိုယ့်ကိုတကယ်တန်ဖိုးထားတဲ့သူကို မျက်စိဖွင့် ၊ နားစွင့်လို့ ခံစားကြည့်ပါ။ ကိုယ့်ကိုတကယ်တန်ဖိုးထားတဲ့သူက ကိုယ့်ကို ပျော်ရွှင်စေချင်တဲ့သူဖြစ်တယ်။ ကိုယ့်အနွံအတာကို အချိန်မရွေး (အလှပျက်တဲ့အထိ ၊ အိုတဲ့အထိ ၊ နာတဲ့အထိ ၊ မကျန်းမမာ ဖြစ်သွားခဲ့သည်အထိ) သည်းခံနိုင်တဲ့သူဖြစ်တယ်။ ကိုယ့်ကိုတန်ဖိုးထားချစ်တတ်သူမို့ ကိုယ်ဘာတွေဖြစ်ဖြစ် သည်းခံနားလည်မှုပေးနိုင်တဲ့သူဖြစ်တယ်။ ဒီလိုလူမျိုးနဲ့ဆုံရမှ ပျော်ရွှင်တဲ့အချစ်ရေးနဲ့ အိမ်ထောင်ရေးကို ခံစားရမှာဖြစ်တယ်။ ဒါကို ရင့်ကျက်မှုရှိတဲ့ အချစ်လို့လည်း ဆိုနိုင်တယ်လေ။ ရင့်ကျက်လာတဲ့အချစ်မှာကျတော့ နားလည်မှုရယ် ၊ ဖေးမမှုရယ်ပေါင်းပြီး ညှိနှိုင်းမှုတွေနဲ့ ဘဝကာရံညီအောင် ချစ်တတ်တာမျိုးပါ။

ဒီလိုလူမျိုးနဲ့တွေ့ပြီဆိုတော့မှ ကိုယ့်ရဲ့ နှလုံးသားတံခါးတွေ ပြန်ဆွဲဖွင့်လို့ သူချစ်သလို ကိုယ်ပြန်ချစ်နိုင်အောင် ၊ သူဂရုစိုက်သလို ကိုယ်ဂရုစိုက်တတ်အောင် ၊ သူနားလည်မှုပေးသလို ကိုယ်နားလည်မှုပေးနိုင်အောင် ၊ သူသဘောထားကြီးသလို ကိုယ်သဘောထားကြီးနိုင်အောင် သူနဲ့ကိုယ် ဘဝတလျောက် လက်တွဲသွားဖို့ ခံစားချက်တွေကာရံညီအောင် ညှိနှိုင်းသွားပါမှ တကယ်ပျော်ရွှင်သာယာတဲ့အိမ်ထောင်ရေးကို ရရှိမှာဖြစ်ပါတယ်။

ရတု(burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

]]>
http://www.burmesehearts.com/%e1%80%a1%e1%80%81%e1%80%ba%e1%80%85%e1%80%b9%e1%80%85%e1%80%85%e1%80%b9%e1%80%94%e1%80%b2%e1%82%94-%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%b1%e1%80%91%e1%80%ac%e1%80%84%e1%80%b9%e1%80%96%e1%80%80/feed/ 2
အသွင်မတူ အိမ်သူမဖြစ် http://www.burmesehearts.com/%e1%80%a1%e1%80%9e%e1%80%bc%e1%80%84%e1%80%b9%e1%80%99%e1%80%90%e1%80%b0-%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%9e%e1%80%b0%e1%80%99%e1%80%bb%e1%80%96%e1%80%85%e1%80%b9/ http://www.burmesehearts.com/%e1%80%a1%e1%80%9e%e1%80%bc%e1%80%84%e1%80%b9%e1%80%99%e1%80%90%e1%80%b0-%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%9e%e1%80%b0%e1%80%99%e1%80%bb%e1%80%96%e1%80%85%e1%80%b9/#respond Fri, 04 Dec 2015 03:11:51 +0000 http://www.burmesehearts.com/?p=21757

ဘယ်လိုအခက်အခဲရှိရှိ လက်တွဲမဖြုတ်ကြေး

အသွင်မတူတဲ့ သူနှစ်ဦးဟာ ပေါင်းစပ်လို့မရဘူးတဲ့ ရှေးစကားကြားဖူးတယ်။ အသွင်မတူရင် ရေရှည်မမြဲဘဲ ကွဲကြတာပါပဲ။ ရည်းစားဘဝမှာ ကွဲရင်ကွဲ ၊ ဒီလိုမှမဟုတ်ရင် အိမ်ထောင်ဘက်တွေဖြစ်လာတဲ့အခါ တစ်ဦးနဲ့တစ်ဦး အကြောင်းပိုသိလေ ရေရှည်ရှေ့ဆက်ဖို့ ညှိနှိုင်းဆက်ယှက်လို့မရတော့ဘဲ လမ်းခွဲကြတာပါပဲ။ ဘယ်အချိန်မှာဘဲ လမ်းခွဲရပါစေ ချစ်လက်စမကုန်သေးရင်တော့ ချစ်နေသူတွေဟာ ချစ်အရိပ်တွေ လွမ်းဆွတ်သတိရပြီး ကြေကွဲဝမ်းနည်းကြရတာပေါ့။

ခံစားမှုတွေ နုနယ်သေးတဲ့ ဆယ်ကျော်သက် ၊ နှစ်ဆယ်ကျော်အရွယ်လေးမှာ ကိုယ်ချစ်တဲ့သူနဲ့ လမ်းခွဲရတဲ့အခါ ဘာမှမလုပ်ချင် ၊ မကိုင်ချင် ၊ စားမဝင်လောက်အောင် အသည်းကွဲဝေဒနာကို ခံစားကြရတယ်။ သုံးဆယ်ကျော် ၊ လေးဆယ် အရွယ်အတိုင်အောင် ချစ်တတ်တဲ့သူတွေက ခံစားမှုတွေ ပြင်းထန်လေ့ရှိပါတယ်။ ဒီလိုအချိန်တွေဟာ ကုန်ဆုံးဖြတ်သန်းဖို့ အတော်ခက်ခဲတဲ့အချိန်တွေပါပဲ။ အချိန်က ကုစားသွားလိမ့်မယ်ဆိုတဲ့တိုင် အဲဒီအချိန်တွေဟာ မျက်ရည်တွေအဖော်ပြုနေတဲ့အချိန်တွေပါပဲ။

အသွင်မတူ အိမ်သူမဖြစ်ဆိုတာကို တွေးကြည့်လိုက်မယ်ဆိုရင် သူနဲ့ကိုယ် ဖူးစာမပါလို့ ၊ ကြောင်းကျိုး မတိုက်ဆိုင်လို့ အခုလမ်းခွဲလိုက်တာဟာ ဇတ်မြောကြီးအတိုင်း မပျော်မရွှင် သွားနေရတာထက် ပိုသာပါတယ်။ အနည်းဆုံးတော့ ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်ဖန်တီးခွင့်ရှိသေးတယ်လေ။ ရည်းစားနဲ့ပြတ်လို့ အသည်းကွဲနေရင် ကိုယ့်အပေါ် တကယ်ချစ်ပြီးကြင်နာတဲ့သူ ၊ အခုခွဲလိုက်ရတဲ့ ရည်းစားဟောင်းထက် ပိုသာတဲ့သူ ရနိုင်ဖို့ အခွင့်အရေးရှိသေးပါလားလို့ အကောင်းဘက်က မြင်ကြည့်လိုက်ပါ။ လောကမှာ ယောက်ျားဆိုလို့ သူတစ်ယောက်တည်းရှိတာမှ မဟုတ်ပဲနော်။

အိမ်ထောင်ပြတ်စဲတယ်ဆိုတာ လုံးဝ သည်းမခံနိုင်လွန်းမှသာ တည်ထားတဲ့အိမ်ထောင်က ရုန်းထွက်ပြတ်စဲပြီး သူ့လမ်းသူလျှောက် ၊ ကိုယ့်လမ်းကိုယ်လျှောက်ဖို့ ဆုံးဖြတ်လိုက်ခြင်းပါ။ အိမ်ထောင်ကွဲတဲ့အမျိုးသမီးတွေ မိဘဆွေမျိုး ၊ မောင်နှမသားချင်း ၊ မိတ်ဆွေသူငယ်ချင်း ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ မျက်ဝန်းအကြည့်တွေ ၊ လိုသလို မလိုသလို အပြောတွေ ၊ အပြုအမူတွေကို ရင်ဆိုင်နိုင်ဖို့ ခွန်အားမွေးရဦးမယ်။ သားသမီးတွေရှိနေရင် သားသမီးတွေ မျက်နှာမငယ်ဖို့ ကြိုးစားရဦးမယ်။ ကိုယ့်ခံစားချက်ကတမျိုး ၊ အားငယ်စိတ်ကတဖုံ ၊ ဘေးပယောဂတွေဒဏ် ရင်ဆိုင်နိုင်ဖို့ မာန်တင်းရတာနဲ့ စိတ်ရော ၊ လူပါ ပင်ပန်းလှပါတယ်။ ဒါပေမယ့် စိတ်ဓါတ်မကျပါနဲ့။ ကိုယ်ဟာ မီးဖိုပေါ်က ဖားသူငယ်ထက်တော့ အများကြီးသာတယ်လေ။

မီးဖိုပေါ်မှာ ရေထည့်ထားတဲ့အိုးထဲကို ဖားအရှင်တွေထည့်ကြည့် ၊ ပထမရေအေးအေးလေးနဲ့မို့ သူတို့ဟာ မီးဖိုပေါ် ရောက်နေကြမှန်းမသိဘူး။ မီးအရှိန်ကြောင့် ရေအေးကနေ နွေးနွေးလေးဖြစ်လာလည်း သူတို့ဟာ မီးမြှိုက်ခံနေရတယ်ဆိုတာကို နားမလည်နိုင်သေးဘူး။ ဒီလိုနဲ့ရေဟာ ပူသထက်ပူလာပြီး လုံးဝမခံနိုင်လောက်တဲ့ အပူချိန်ရောက်မှ ရေနွေးအိုးထဲမှာ သူတို့ မီးမြှိုက်ခံနေရတယ်ဆိုတာကို သိရချိန် အရာရာ နောက်ကျသွားခဲ့ပြီလေ။ အရှင်လတ်လတ် အပြုတ်ခံလိုက်ရတာပေါ့။ ဒါဟာ မှားယွင်းတဲ့ အိမ်ထောင်ရေးထဲက အိမ်ထောင်သည်တွေအတွက် နမူနာယူစရာပါပဲ။

လူဆိုတာ ကိုယ့်အခြေအနေကို အမြဲသုံးသပ်တတ်ဖို့လိုတယ်။ အေးရာက ပူလာရင် ပူလာတဲ့အကြောင်းကို ဆန်းစစ် အဖြေရှာသင့်တယ်။ ပူသထက်ပူလာပြီ ၊ ထပ်အေးသွားဖို့ မရှိဘူးဆိုရင် ပွက်ပွက်ဆူတဲ့အထိ မစောင့်နေသင့်ဘူး။ ဘယ်အချိန်မှာ မီးဖိုပေါ်တင်ထားတဲ့ အိုးထဲက ခုန်ထွက်သင့်တယ်လို့ အမြဲချိန်ဆသင့်တယ်။ ကိုယ့်ခံနိုင်ရည်ထက် ကျော်လွန်လာသည့်တိုင် ရုန်းထွက်မှုမလုပ်ရင် မီးဖိုပေါ်ကဖားလို အရှင်လတ်လတ် အပြုတ်ခံရသလိုမျိုး ဒီတဘဝတာမှာ ဒီလိုစိတ်ဆင်းရဲမှုတွေနဲ့ (တိုးပြီးတော့လည်း စိတ်ဆင်းရဲနိုင်သေးတယ်) ရှေ့ဆက် စခန်းသွားရပေဦးမှာပေါ့။

ကိုယ်တွေရဲ့ဆက်ဆံရေးဟာ အရင်လို သာသာယာယာမဟုတ်တော့ဘဲ တကျက်တကျက်ဖြစ်တဲ့အကြိမ်အရေအတွက်ဟာ အပတ်စဉ်ကနေ နေ့စဉ် နောက် မျက်နှာချင်းဆိုင်တာနဲ့ စကားများရန်ဖြစ် သာယာမှုတွေ မရှိတော့ဘူးဆိုရင် ဒီလိုလူနဲ့ ကျန်နေသေးတဲ့ ကိုယ့်သက်တမ်းတလျှောက် နေ့စဉ်နဲ့အမျှ အတူနေထိုင်သွားမှာလားလို့ ရေရှည်ကို စဉ်းစားရမှာဖြစ်ပါတယ်။ ဒီလိုစဉ်းစားတဲ့နေရာမှာ တနေ့ပဲဖြစ်ဖြစ် ၊ တလပဲဖြစ်ဖြစ် ၊ တနှစ်ပဲဖြစ်ဖြစ် စောရင်စောသလောက် ကိုယ့်အတွက် ကံကောင်းနေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်ပျော်ရွှင်မှုကို ကိုယ်တိုင်ပြန်ရှာဖွေခွင့် ခပ်စောစောလေး ရနိုင်မှာမို့လို့ဖြစ်ပါတယ်။ နောက်လူထားမှာတွေ ၊ နောက်လူယူမှာတွေကို လောလောဆယ်မစဉ်းစားဘဲနဲ့ ကိုယ့်ပျော်ရွှင်မှု ကိုယ်ရယူနိုင်သေးတယ်လို့တွေးပါ။ လွတ်လပ်စွာ ပျံသန်းနိုင်သေးတယ်။ အနည်းဆုံးတော့ နေ့စဉ်ရင်ဆိုင်ခံစားနေရတဲ့ စိတ်ဆင်းရဲမှုတွေ ပေးတဲ့သူနဲ့ မဆက်ဆံရတော့ဘူးလေ။

BurmeseHearts Blog

တိုးတက်တဲ့ အနောက်နိုင်ငံတွေမှာ ဒီလိုခံစားနေရတဲ့ မိန်းမသားတွေကို ကာကွယ်မှု အပြည့်အဝပေးကြတယ်။ အကြောင်းအချက်အလက်ခိုင်လှုံရင် အမျိုးသမီးကို ကိုယ်စိတ်ဆင်းရဲအောင် ခြောက်လှန့်တတ်တဲ့အမျိုးသား ၊ ပြုမူတတ်တဲ့အမျိုးသား (ရည်းစား သို့မဟုတ် ခင်ပွန်း)ကို အဲဒီအမျိုးသမီးရဲ့ ဘယ်လောက်အကွာအဝေးအထိ မလာရဘူးလို့ ကာလအတိုင်းအတာအထိ ခံဝန်လက်မှတ်ထိုးခိုင်းတယ်။ ဒါကိုချိုးဖောက်ရင် ထောင်ဒဏ် ၊ ငွေဒဏ်ကျခံရတယ်။ ဆိုလိုတာက အမျိုးသမီးတွေဘက်ကနေ ဥပဒေက ရပ်တည်မှုပေးတယ်။

မြန်မာနိုင်ငံမှာကျတော့ ဆိုးတဲ့အမျိုးသားကို ရည်းစားတော်မိရင် ၊ ခင်ပွန်းတော်မိရင် တဘဝစာ ကြောက်နေရသလို ဘဝသေသွားတတ်တယ်နော်။ တကယ်ဥပဒေကျူးလွန်နေတဲ့ ထင်ထင်ရှားရှားပြစ်မှုရှိနေသူတွေတောင် ပြစ်ဒဏ်ချဖို့ကို လိုတမျိုး ၊ မလိုတမျိုးတွေအပြင် လွတ်ငြိမ်းချမ်းသာခွင့်တွေက လိုရင်လိုသလိုပေးနေတော့ ဥပဒေက အမျိုးသမီးတွေကို အပြည့်အဝ အကာအကွယ်မပေးနိုင်သေးတဲ့ ကာလတလျောက်လုံး ကိုယ့်အန္တရာယ်ကိုယ် သတိရှိရှိ ၊ ဥာဏ်ရှိရှိနဲ့ ဆုံးဖြတ်နေထိုင်ရမှာပဲပေါ့။

နင်နဲ့ နင့်မိသားစုကို ဘာလုပ်လိုက်မယ် ၊ ဘာဖြစ်သွားမလဲ စောင့်ကြည့်လိုက်ဆိုတဲ့စကားက ဒီဘဝကြီးကနေ ရုန်းမထွက်နိုင်အောင် ၊ သူ့စိတ်တိုင်းကျ ကိုယ့်ကို လုပ်ချင်သလိုလုပ်ခွင့်ရအောင် တဘဝလုံး ပေးဆပ်လိုက်ရမလိုကြီးနော်။ အမျိုးသမီးတွေဟာ ရည်းစား ၊ ခင်ပွန်းအဖြစ် စဉ်းစားမယ့် အမျိုးသားကို ကြောက်လို့လည်း ခေါင်းမငြိမ့်ပါနဲ့ ၊ မလွန်ဆန်နိုင်လို့လည်း ခေါင်းမငြိမ့်ပါနဲ့။ လက်မှတ်တခုနဲ့ ၊ သဘောတူညီမှုတခုဟာ ကိုယ့်တဘဝလုံးကို ဝါးမြိုသွားနိုင်တယ်လေ။

တခါတလေကျတော့ အမျိုးသားတွေက မခြိမ်းခြောက်လိုသည့်တိုင် အမျိုးသမီးတွေက “အပြစ်မမြင်ပါဘူး ….. ချစ်ချင်တာပဲသိတဲ့နောက်မှာ …. ဖြစ်သမျှဟာအကောင်းပဲပေါ့” ဆိုတဲ့ ဝိုင်းစုခိုင်သိန်းရဲ့ သီချင်းစာသားထဲကလို သူဘယ်လောက်ဆိုးဆိုး ၊ မကြင်နာပစေ ၊ ပစ်ခါပစေ အပြစ်မမြင်ဘူး ချစ်မြဲချစ်လျက် ချစ်ချင်နေတုန်း ၊ ဘဝကို နှစ်ယောက်အတူ တည်ဆောက်လိုဆဲပဲ ဆိုသူတွေလည်း ရှိတတ်ပါတယ်။ သူများတွေကိုတင် ပြောနေတာမဟုတ်ဘူး။ ကိုယ်ဖြစ်ခဲ့ဖူးတာကို ကိုယ်ပြောတာ။ အဲဒီအချိန်တုန်းက အသည်းအသန်ခံစားခဲ့ရတဲ့ အကြောင်းတွေ အခုများပြန်တွေးရင် ရယ်စရာကြီးကို ဖြစ်နေတော့တာပေါ့။

ကျွန်မအခု အိမ်ထောင်ရေးသာယာတယ်။ ခင်ပွန်းကောင်းကိုရထားတယ်။ ဇနီးကောင်း ၊ မိခင်ကောင်းဘဝမှာကျေနပ်တယ်။ ဒါတွေမတိုင်ခင်က ကျွန်မကိုယ်တိုင်လည်း (ယခု ကျွန်မခင်ပွန်းမဟုတ်သူအတွက်) ပြင်းပြင်းထန်ထန် ဆယ်စုနှစ်တခုလောက် အသည်းကွဲဖူးတယ်ဆိုရင် အံ့သြသွားကြမလား။ ကျွန်မက ကျွန်မကိုယ်ကျွန်မနဲ့ယှဉ်ပြီး အတွေ့အကြုံနုနယ်သေးတဲ့ မိန်းကလေးတွေ ဘဝမနစ်မွန်းဖို့ အကြံပေးချင်တာပါ။ လက်ခံတာ ၊ လက်မခံတာကတော့ သူ့အပိုင်းပေါ့လေ။

အချစ်ဆိုတာ လိုက်လေ ပြေးလေတဲ့။ ဒီအတိုင်းပဲ ကိုယ်ကအလျှော့ပေးချစ်လေ တဖက်က ကိုယ့်အချစ်ကို တန်ဖိုးမထား အနိုင်ယူလေပဲ။ လွယ်လွယ်မြင်အောင်ပြောမယ်ဆို ရှားပါးတဲ့ပစ္စည်းပေးသည့်တိုင် ပေါပေါလေးရနေတော့ တန်ဖိုးမထားတတ်တာမျိုးလိုပေါ့။ ငွေတွေ ပေါချင်းသောချင်း မလိုချင်လောက်အောင်ရနေတော့ ရနေတဲ့ငွေအပေါ် တန်ဖိုးထားမှုသိပ်မရှိတော့ဘဲ ပေါ့ပေါ့လေးသုံး ၊ မလိုရင် ပစ်ထားလိုက်တာမျိုးပေါ့။

ကိုယ်က တကယ့်အချစ်စစ် ၊ အချစ်မှန်နဲ့ ချစ်မြတ်နိုးပြီး ပေးဆပ်နေသည့်တိုင် တန်ဖိုးမထားတတ်သူတွေက ကိုယ့်အချစ်ကိုလည်း တန်ဖိုးမထား ၊ ကိုယ့်ကိုလည်း တန်ဖိုးမထား ၊ ကိုယ့်ပေးဆပ်မှုဆိုတာတွေလည်း မျက်ကွယ်ပြုလို့ ဒီ့ထက်ဆိုးတဲ့အခြေအနေမှာ အပြစ်တွေတင် ၊ မကျေမနပ်တွေဖြစ် ၊ နှစ်ဦးစကားဆုံတိုင်းရန်ဖြစ်ကြရတာ ဘာကြောင့်များလဲကွယ်။ သူဟာ ကိုယ့်ကိုတန်ဖိုးမထားလို့ပေါ့။

လူ့သဘာဝအရ လူဟာ ကိုယ့်ကိုယ်ကိုအချစ်ဆုံးပါ။ ကိုယ်ပေးဆပ်သလောက်ပြန်မရလေ ဒီဘဝကြီးကို စိတ်နာလေ ၊ ဒီလူကိုစိတ်နာလေ ဒီလူနဲ့လည်းမခွဲနိုင် ၊ ရနေတဲ့ဘဝကြီးကိုလည်းမကျေနပ်နဲ့ မီးဖိုပေါ်က ဖားသူငယ်တွေလို တဘဝလုံးထိုးအပ်လို့ ပေးဆပ်လိုက်တော့မှာလား။ ဒါကတော့ ကိုယ့်ဆုံးဖြတ်ချက်ပေါ့။ သည်းမခံနိုင်တဲ့အဆုံးမှာ လမ်းခွဲလိုက်ပါ။ ခံတော့ ခံစားရမှာပေါ့။ ဒီခံစားမှုတွေကို အချိန်က ကုစားသွားပါလိမ့်မယ်။

သူနဲ့ရှေ့ဆက်လျှောက်မယ့် ဘဝခရီးကို စိတ်ကူးယဉ်ထားနှင့်သူမို့ သူနဲ့လမ်းခွဲလိုက်တဲ့အခါ (ကွဲကွာသွားတဲ့အခါ)မှာ သူမပါတဲ့ ကိုယ့်ဘဝကြီးထဲ ကိုယ့်ဘာသာနေပျော်ဖို့ ကျင့်ယူလိုက်ပါ။ အိမ်ထောင်ကွဲလို့ သားသမီးတွေကျန်ခဲ့ရင် မိဘတွေအဆင်မပြေကြလို့ စိတ်ဒဏ်ရာနဲ့ကြီးပြင်းလာခဲ့ရတဲ့ ကလေးတွေမဖြစ်လာတာပဲ ကျေးဇူးတင်ရမှာပေါ့။ အဖေ့နေရာကနေတိုးလို့ ဂရုစိုက်ရုံရှိတာပေါ့။ စိတ်လေနေတဲ့အချိန် ၊ စိတ်ဓါတ်ကျနေတာတွေ နည်းသထက်နည်းနိုင်အောင် အာရုံလွှဲနိုင်အောင်ကြိုးစားပါ။ အာရုံမစိုက်နိုင်လည်း ကိုယ့်ကျွမ်းကျင်ရာ ၊ ဝါသနာပါရာတွေကို အဆင့်မြှင့်တင်နိုင်ဖို့ လေ့လာရင်း အချိန်ကုန်ဆုံးစေပါ။ ဒီအခါ ဝမ်းနည်းတဲ့ ခံစားမှုကြီးနဲ့ ၊ ကြွေကွဲနေတဲ့စိတ်တွေဟာ ပါးလာတာ ၊ ဖြေလျော့လာတာတွေ အချိန်နဲ့အမျှ သတိထားမိမှာပါ။ ဝမ်းနည်းကြေကွဲစိတ်ကိုပဲ အလေးပေးနေရင် ဒါနဲ့ပဲ အချိန်တွေကုန်ပြီး ကိုယ့်ဘဝအတွက် အရည်အသွေးမြှင့်တင်ဖို့ အာရုံမထားနိုင်တော့ဘူးလေ။

အချစ်စစ်ဟာ အချိန်အလိုက် ပြောင်းလဲသွားရိုး ထုံးစံမရှိပေမယ့် အချိန်က အချစ်ကိုပြောင်းလဲလိုက်တာပါ။ ငယ်ငယ်တုန်းက ငယ်နုတဲ့အတွေ့အကြုံနဲ့ ဒီအချစ်ဆိုတာကို ရူးရူးမူးမူးခံစားခဲ့ပေမယ့် အချိန်တွေပြောင်းလဲလို့ အသက်တွေရလာတဲ့အခါမှာ ရင့်ကျက်လာတဲ့အတွေ့အကြုံတွေက ရင့်ကျက်မှုပေးတဲ့အချစ် ၊ နားလည်မှုပေးနိုင်တဲ့သူကိုပဲ လိုအပ် တောင့်တလာပါတယ်။ ဟိုတချိန်က အသည်းကွဲဒဏ်ရာကို နည်းအမျိုးမျိုးနဲ့ ဆယ်စုနှစ်လောက် ကုစားခဲ့ရတဲ့ကျွန်မ အခုလို သာယာတဲ့အိမ်ထောင်ရေးကိုရနေချိန်မှာ ငါဟိုတစ်ယောက်နဲ့ အိမ်ထောင်မကျတာ (လမ်းခွဲခဲ့ရတာ) အတော်ကံကောင်းပါလား ။ ငါ့ဆုံးဖြတ်ချက်မှန်ကန်လှပါလားလို့ အမြဲကျေနပ်မိတယ်။

ဖန်ဆင်းရှင်တစ်ဦးက အတိတ်ကိုပြန်ပြင်ပေးမယ်ပြောသည့်တိုင် ကျွန်မဟာ ကျွန်မအတိတ်ကို ဒီအတိုင်းမပြောင်းမလဲရှိစေမှာပါ။ လူဆိုတာ ခါးသည်းမှုဆိုတာကိုလည်း ရင့်ကျက်တဲ့အတွေ့အကြုံရှိဖို့ လိုအပ်တယ်လေ။ ဒီလိုခါးသည်းမှုတွေ ၊ ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်နိုင်မှ ရင့်ကျက်တဲ့အသိဥာဏ်နဲ့ အတွေးအခေါ်တွေကို ရလာတာမဟုတ်လား။

ဟိုအရင်အချိန်ကိုပြန်သွားရင် အဲဒီအရွယ်တုန်းက အဲဒီလူကို အဲဒီခံစားမှုအတိုင်း ပြန်ခံစားနေဦးမှာဖြစ်ပေမယ့် ဒီလူ အခုအချိန်မှာ ကျွန်မရှေ့ပေါ်လာရင်တောင် အချိန်တွေပြောင်းလဲသွားခဲ့ပြီမို့ ဘာမှခံစားရတော့မှာမဟုတ်ဘူး။ လူချင်းတော့ အတူတူပဲနော်။ ခံစားမှုတွေကို အချိန်ကပြောင်းလဲလိုက်တာပါ။ ဆယ်ကျော်သက်ခံစားမှုနဲ့ ဘဝအတွေ့အကြုံ ၊ လောကဓံတွေဟာ ရင့်ကျက်လာတဲ့အရွယ်မှာ ခံစားရတဲ့ ခံစားချက်ချင်း မတူနိုင်တော့ဘူး။ မတူသင့်တော့ဘူး။ အချိန်တွေပြောင်းလဲလာတာနဲ့အမျှ ရင့်ကိုရင့်ကျက်လာရမှာလေ။

အတွေ့အကြုံနဲ့ ခံစားချက်တွေ ၊ အတွေးအခေါ်တွေ ရင့်ကျက်လာတဲ့အခါ ကိုယ့်ကို စိတ်ဒဏ်ရာပေးခဲ့တဲ့သူကိုတောင် သူ့ကြောင့် ဒီခံစားမှုတွေရခဲ့ပါလား ၊ ဒီကနေသင်ယူခွင့်ရခဲ့ပါလားလို့ သူ့ကို ကျေးဇူးတောင်တင်မိတယ်။ ဒီလိုလူမျိုးနဲ့ကြုံဖူးမှ ဒီလိုလူမျိုးနဲ့နောက်မကြုံဖို့ သတိထားတတ်လာမှာပေါ့။ မီးဟာပူမှန်းသိရက်နဲ့ အချစ်လူစွမ်းကောင်းလုပ်ပြီး မီးပုံထဲခုန်ချမယ်ဆိုရင်တော့ တဘဝစာပေးဆပ်လိုက်ပေါ့။

ကျွန်မကတော့လေ အချိန်ရဲ့ကုစားမှုတွေနဲ့ ရင့်ကျက်လာတဲ့ အတွေးအခေါ်တွေ ရရှိလာချိန်မှာ တချိန်က ကိုယ့်ကိုအပြင်းအထန်ခံစားစေခဲ့တဲ့သူကို ကျေးဇူးတင်တယ်။ သူ့ကြောင့်မှမဟုတ်ရင် ကျွန်မရဲ့ခံစားချက်တွေဟာ ရင့်ကျက်လာဦးမှာမဟုတ်ဘူးလေ။ အချစ်ဦးနဲ့လွဲခဲ့ပေမယ့် အချစ်စစ်နဲ့ချစ်တတ်အောင် သင်ပေးခဲ့တဲ့သူကို ကျေးဇူးတင်တယ်။ သူ့ကြောင့်မှမဟုတ်ရင် စည်းနဲ့ကမ်းနဲ့ ထိန်းထိန်းသိမ်းသိမ်း နားလည်မှုပေး ချစ်တတ်ဖို့ဆိုတာကို ကျွန်မဘယ်သိနိုင်ဦးမလဲ။ နောက်ဆုံးမှာ ကိုယ့်ကိုစိတ်ဒဏ်ရာပေးခဲ့တဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့ကြောင့်သာမဟုတ်ရင် ဒီစိတ်ဒဏ်ရာကို ဘယ်လိုစိတ်ထားနဲ့ ကျော်ဖြတ်ရမယ်လို့ ကျွန်မသိနိုင်ဦးမှာမဟုတ်ဘူးလေ။

အချစ်ရေးအဆင်မပြေတဲ့ အမျိုးသမီးတွေ ၊ အိမ်ထောင်ရေးအဆင်မပြေတဲ့ အမျိုးသမီးတွေ အရှင်လတ်လတ် မီးမြှိုက်ခံရတဲ့ဖားသူငယ်လို ကိုယ့်ဘဝကိုယ် မနစ်မွန်းပါစေနဲ့နော်။ အသက်ရှင်နေသမျှ ပျော်ရွှင်ခွင့်ရှိသင့်ပါတယ်။ နေ့စဉ်နဲ့အမျှ သူနဲ့ဆက်ဆံရေးမှာ ၊ သူနဲ့လက်တွဲနေတဲ့အချိန်တွေမှာ မပျော်နိုင်ဘူးဆိုရင် မပျော်အောင်လုပ်နေသူတွေနဲ့ ဝေးဝေးခွါခွါနေနိုင်အောင်ကြိုးစားပါ။ ကိုယ့်ဘာသာ အရင်ပျော်နိုင်ဖို့ ပြန်လေ့ကျင့်ပါ။ မိမိစိတ်ဝင်စားသေးရင်တော့ နောက်တဆင့်မှာ ကိုယ့်ကိုတကယ်နားလည် တန်ဖိုးထားပြီး ပျော်ရွှင်မှုပေးနိုင်တဲ့သူနဲ့သာ ဘဝတခု အတူတည်ဆောက်ပါ။ အသွင်တူမှ အိမ်သူဖြစ်တာပါ။ အကြိုက်ချင်းမတူတောင် ခံစားချက်ချင်းဝေမျှ တူညီနိုင်ရမယ် ၊ တစ်ဦးနဲ့တစ်ဦး နားလည်မှုအပြန်အလှန်ပေးနိုင်ရမယ် ၊ အနည်းဆုံး အချစ်ချင်းတော့ တူညီနေရမယ်လေ။ ဒါမှလည်း အိမ်ထောင်တခုဟာ ပျော်ရွှင်စွာ မြဲမြံနေနိုင်မှာပေါ့။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

]]>
http://www.burmesehearts.com/%e1%80%a1%e1%80%9e%e1%80%bc%e1%80%84%e1%80%b9%e1%80%99%e1%80%90%e1%80%b0-%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%9e%e1%80%b0%e1%80%99%e1%80%bb%e1%80%96%e1%80%85%e1%80%b9/feed/ 0
ပန်းပျိုးလက်ရဲ့ မှတ်တမ်း http://www.burmesehearts.com/%e1%80%95%e1%80%94%e1%80%b9%e1%80%b8%e1%80%95%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9c%e1%80%80%e1%80%b9%e1%80%9b%e1%80%b2%e1%82%95-%e1%80%99%e1%80%bd%e1%80%90%e1%80%b9%e1%80%90%e1%80%99/ http://www.burmesehearts.com/%e1%80%95%e1%80%94%e1%80%b9%e1%80%b8%e1%80%95%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9c%e1%80%80%e1%80%b9%e1%80%9b%e1%80%b2%e1%82%95-%e1%80%99%e1%80%bd%e1%80%90%e1%80%b9%e1%80%90%e1%80%99/#respond Thu, 03 Dec 2015 12:00:21 +0000 http://www.burmesehearts.com/?p=21719

ကုန်လွန်နေတဲ့အချိန်တွေကို တားဆီးလို့မရဘူး။ ဒါပေမယ့် ကိုယ့်အချိန်တွေကို စနစ်တကျ အသုံပြုချွေတာတတ်ရင် ချွေတာလို့တော့ရပါတယ်။ ဒီလို ဥာဏ်ရှိရှိ ချွေတာလို့ရတဲ့အချိန်တွေကို ကိုယ့်အတွက်သာမက ကိုယ့်မိသားစုဖြစ်တဲ့ မိဘ ၊ အိမ်ထောင်ဖက်နဲ့ သားသမီးတွေအတွက် အချိန်ပေးမယ် ၊ သူတို့အတွက် အမှတ်တရလေးတွေ ဖန်တီးပေးမယ် ၊ အဲဒါလေးတွေကို မှတ်တမ်းတင်ထားမယ်ဆိုရင် တချိန်မှာ ဒီမှတ်တမ်းတွေက ငွေပေးဝယ်လို့မရတဲ့ တန်ဖိုးအကြီးဆုံးအရာတွေ ဖြစ်နေမှာပါ။ ဘာဖြစ်လို့လဲဆိုရင် အဲဒီအချိန်ကို ပြန်ရယူလို့မှ မရတော့ဘဲလေ။ ဒီမှတ်တမ်းတွေက ကိုယ်သူတို့အတွက် ဘာတွေ ၊ ဘယ်လို လုပ်ပေးခဲ့တယ်ဆိုတာ သက်သေထူနေပြီး အပြောထက် လက်တွေ့ ပိုကျနေတယ်မဟုတ်လား။

ကလေးငယ်ငယ်တုန်းက ကိုယ်ဘာလုပ်ပေးခဲ့တယ် ၊ ဘယ်လိုအနွံအတာခံခဲ့တယ် ၊ ဘယ်လိုချစ်မြတ်နိုးစွာ ပြုစုပေးခဲ့တယ်ဆိုတာကို သူအရွယ်ရောက်လာတဲ့အခါမှာ သူမှတ်မိတာတွေလောက်ပဲ သတိရတော့မှာပါ။ ကိုယ်ပြန်ပြောလည်း အပိုတွေပါလို့ သူ့စိတ်ထဲ ထင်ရင် ထင်နိုင်သေးတယ်လေ။ မမြင်တော့ ဘယ်ယုံနိုင်မလဲ။ ဒါတွေကို ချေဖျက်ဖို့ ဒီဘက်အိုင်တီခေတ်ထဲမှာ အစစ အဆင်ပြေနေပြီလေ။

ဖုန်းကင်မရာနဲ့ပဲဖြစ်ဖြစ် ၊ နိုင်ရာတွေနဲ့ ကိုယ်မှတ်တမ်းတင်ထားရင် တင်သလောက် ဓါတ်ပုံမှတ်တမ်း ၊ ဗွီဒီယိုမှတ်တမ်းတွေ တင်ထားလို့ရပြီ။ ဒါတွေကို တနေရာတည်းမှာ နှစ်အလိုက် သူ့ကြီးပြင်းလာမှု အဆင့်ဆင့်ကို စနစ်တကျ သီးသန့် သိမ်းဆည်းထားနိုင်မယ်ဆိုရင် ကလေးဟာ သူအဆင့်ဆင့် ကြီးပြင်းလာမှု အရွယ်အဆင့်ဆင့်က  ရယ်စရာလေးတွေ ၊ ပေါက်ကရတွေ ၊ လိမ်မာတာလေးတွေ စတာ စတာတွေကို သူဆန္ဒရှိတဲ့အချိန်မှာ အချိန်မရွေး ပြန်ကြည့်ပြီး မိဘမေတ္တာ ပြန်ပြောင်းသတိရနိုင်ပြီပေါ့။ ဒါက Digital Record လေ။

Physical Record အနေနဲ့ကတော့ သူနဲ့ပတ်သက်တာလေးတွေ ဟိုတစ ၊ သည်တစ အမှတ်တရ စုသိမ်းထားတာ ၊ သူနဲ့ပတ်သက်တာလေးတွေ ရေးခြစ် မှတ်တမ်းတင်ထားတဲ့ ဒိုင်ယာယီ ၊ သူပထမဆုံး ဖန်တီးထားတဲ့ ပန်းချီ ၊ ကဗျာ ၊ စာစီစာကုံး စသဖြင့်ဆိုတာတွေကို သိမ်းပေးထားခဲ့မယ်ဆိုရင် နှစ်ကာလအရှည်ကြီးတခုအထိကတော့ အထုပ်တထုပ်နဲ့ အိမ်ရှုပ်တယ်လို့ ထင်ချင်စရာပါပဲ။ ဒါပေမယ့် အဲဒီအထုပ်ကို ကိုယ်သာ မသိမ်းဆည်းထားခဲ့ရင် သူအရွယ်ရောက်လာတဲ့အချိန် ၊ ရာထူးကြီးကြီးဖြစ်လာတဲ့အချိန် ၊ ငွေကြေးများစွာရှိလာတဲ့အချိန် ၊ ဒါတွေ ပြန်လိုချင်လှချည်ရဲ့လို့ ငွေဘယ်လောက်ပေးပေး ပြန်ဝယ်လို့မရနိုင်ပါဘူး။

ကျွန်မဆိုရင် နေရာစုံမှာ ကလေးအတွက် ဘာလုပ်ပေးပေး တနည်းမဟုတ်တနည်း မှတ်တမ်းတင်ထားတယ်။ ကလေးနို့ချိုတိုက်ကျွေးတဲ့ပုံအမျိုးမျိုးကအစ မှတ်တမ်းတင်ထားတယ်။ သူဆန္ဒရှိတဲ့အချိန်တိုင်း အမေဟာ မညည်းမငြူ သူ့ဆန္ဒကို ဘယ်လောက် လိုက်လျောပေးထားခဲ့တယ်ဆိုတာ တချိန်မှာ သိနားလည်စေချင်လို့ပါ။ ကလေးရဲ့ အပေါ့ ၊ အလေး သန့်စင်ပုံတွေကိုလည်း မှတ်တမ်းတင်ထားပါတယ်။ ကျွန်မတင်မက ကျွန်မအမျိုးသား (သမီးအဖေ) လုပ်ကိုင်ပေးတာကိုလည်း မှတ်တမ်းတင်ထားတယ်လေ။ တချိန်မှာ ဒီအဖေနဲ့အမေက သူနဲ့ပတ်သက်တာတွေဆို အညစ်အကြေးတွေကအစ မရွံမရှာ လုပ်ကိုင်ပေးခဲ့တယ် ဆိုတာကို မှတ်တမ်းအနေနဲ့ ပြန်ပြနိုင်အောင်ဖြစ်ပါတယ်။ မိဘဟာ ကိုယ့်ကိုချစ်တယ်ဆိုတာ ခံစားသိတာထက် ဘယ်လောက်ချစ်ခဲ့တယ် ၊ ဘယ်လောက်အနွံအတာခံခဲ့တယ်ဆိုတာကို ဒီမှတ်တမ်းတွေက သက်သေပြနေတယ်လေ။

ကိုယ်ဝန်ဆောင်ကတည်းကနေ တနေ့တပုံမဟုတ်တောင် တရက်ခြားတပုံလောက် သမီးသက်တမ်းတလျောက် မှတ်တမ်းတင်ထားတယ်။ အမေဟာ သူ့ကို ဘယ်လိုဒုက္ခတွေ ကျော်ဖြတ်လို့ ဘယ်လိုချစ်ခြင်းမေတ္တာနဲ့ ကြီးပြင်းစေခဲ့တယ်ဆိုတာ တချိန်မှာ သက်သေပြနိုင်အောင်ဖြစ်ပါတယ်။ ဒီအတိုင်းပဲ အဖေသူ့ဝေယျာဝစ္စ လုပ်နေတာတွေကိုလည်း မှတ်တမ်းတင်ထားတယ်။ ဒီပုံတွေဟာ မိသားစုပုံတွေဖြစ်လို့ ပုံတိုင်းကို လူမှုကွန်ယက်က မိတ်ဆွေသူငယ်ချင်းတွေကို ဝေမျှခြင်း မလုပ်ပါဘူး။

ကလေးဟာ ငယ်သေးလို့ ကိုယ်တင်သမျှပုံတွေ ၊ တင်သမျှဗွီဒီယိုတွေကို တားရကောင်းမှန်းမသိပေမယ့် သူသိတတ်လာလေလေ သူ့ Privacy ဆိုတာကို နားလည်လာလေလေပါပဲ။ ဒီအခါ ရှက်တတ်လာတယ်။ မိဘတွေ တင်ထားခဲ့တဲ့ပုံတွေက တချိန် သူနေရာကောင်းတခုရလာချိန်မှာ ရှက်စရာဖြစ်လာတာပေါ့။ ဒါကြောင့် ကျွန်မကော ၊ ကျွန်မခင်ပွန်းပါ ကိုယ့်မိတ်ဆွေ လူမှုကွန်ယက်ပေါ်က မိတ်ဆွေသူငယ်ချင်း ၊ အပေါင်းအသင်းဆိုတာတွေကို အရမ်းစိစစ်ပါတယ်။

ကိုယ့်သူငယ်ချင်း ၊ ဆွေမျိုးအရင်းအချာမဟုတ်ရင် သူငယ်ချင်းအဖြစ် လက်မခံသလို ဒီအရင်းအချာတွေထဲကမှ တချို့ဆို ပုံတွေ မမြင်စေတဲ့အထိ Privacy ကန့်သတ်ထားပါတယ်။ အထူးသဖြင့် သိပ်မယုံကြည်ရဘူးထင်တဲ့သူ (သူငယ်ချင်းအဖြစ်လည်း ဆက်စပ်နေသေးတဲ့သူ)ဆိုရင် မမြင်အောင် ကန့်သတ်လိုက်တာမျိုးပါ။ ကလေး သူ့ဘာသာသူ သိတတ်လာတဲ့အချိန် သူဝေမျှချင်တဲ့အကြောင်းအရာ ၊ မဝေမျှချင်တဲ့အကြောင်းအရာကို သူ့ဘာသာဆုံးဖြတ်ပါစေလေ။ ကိုယ့်သားသမီးကို ဝိုင်းချစ်ကြတာ မိဘဖြစ်တဲ့ကိုယ်က ဂုဏ်ယူပေမယ့် ကလေးက ဒါမျိုး မလိုလားတဲ့သူဆို ဘယ်လိုလုပ်မလဲနော်။ သူ့ပုံတွေကို ကာယကံရှင်ဖြစ်တဲ့ သူကပိုပိုင်ဆိုင်တယ် မဟုတ်လား။

BurmeseHearts Blog

နောက်တခုက ဒိုင်ယာယီမရေးတတ်သေးတဲ့သမီးအတွက် သူ့ဘဝရဲ့ ထင်ထင်ရှားရှား အဖြစ်အပျက်လေးတွေကို ကိုယ်စား မှတ်တမ်းတင်ပေးထားပါတယ်။ ဥပမာ သွားစပေါက်တဲ့ရက်က ဘယ်ရက် ၊ ဘယ်ရက်က စလေးဘက်တွားပြီး ဘယ်ရက်မှာ စထိုင်တတ်တယ်ကအစ အသေးစိတ်အမှတ်တရလေးတွေကို နေ့စွဲနဲ့တကွ ရေးမှတ်ပေးထားတယ်။

သူနားလည်သိတတ်တဲ့တချိန်မှာပဲဖြစ်ဖြစ် ၊ သူကိုယ့်မေတ္တာကို နားမလည် အထင်အမြင်လွဲနေတဲ့ တချိန်မှာပဲဖြစ်ဖြစ် ဒါတွေက ကိုယ်သူ့အပေါ် ဘယ်လောက်ထိ အသေးစိတ် ဂရုစိုက်ပေးခဲ့တာကို သူခံစားသိမြင်နိုင်တယ်လေ။ ဒါဟာ စကားလုံးတွေထက် ပိုထင်ရှားသိသာလှပြီး ကိုယ့်မေတ္တာတရားကို ရှင်းရှင်း ဖော်ပြနေတဲ့အရာတွေပေါ့။ ဒီအရာတွေကို မှတ်တမ်းမတင်မိခဲ့ရင် ကိုယ်ချစ်ပါတယ်ဆိုတဲ့စကားဟာ သူ့အတွက် ကြားနေကျစကားမို့ ပေါ့သွမ်းကောင်း ပေါ့သွမ်းနေနိုင်တယ်လေ။

ဒီလိုမျိုး မှတ်တမ်းလေးတွေ လုပ်ထားနိုင်ဖို့ဆိုတာ ကလေးနဲ့အတူရှိနေတဲ့အချိန်များပါမှ ဒါလေးတွေ သတိထားမိမှာပေါ့။ ကလေးနဲ့အတူမရှိတဲ့အချိန်တွေ များနေတယ်ဆိုရင် ကလေးဟာ ဘယ်တုန်းက စကားစပြောလို့ သူ့ဘဝရဲ့ ပထမဆုံးစကားလုံးဟာ ဘာလဲလို့တောင် သိလိုက်မှာမဟုတ်ပါဘူး။ ကျွန်မဒီလိုပြောတဲ့အခါ တနေ့လုပ်မှ တနေ့စားစရတယ်ဆိုတဲ့လူတွေ ၊ ဝမ်းစာအတွက်ရှာရလို့ ကလေးအနား မနေနိုင်ပါဘူးဆိုတဲ့လူတွေက ကန့်ကွက်လေ့ရှိတယ်။ မအားဘူးတဲ့။

ကလေးကို တနေ့တာလေးမှာ နာရီပိုင်းလေးတောင် အတူနေဖို့ အချိန်မပေးနိုင်ရလောက်အောင် မအားရင် ဘာကြောင့် ကလေးမွေးထားသေးလဲ (ဘာကြောင့် ကလေးမတားခဲ့သလဲ)လို့ ပြန်မေးချင်လိုက်တာ။ ကိုယ်လည်းအလုပ်ရှုပ်ဝန်ပို ၊ ကလေးလည်းမပျော်မရွှင် လစ်ဟာချက်တွေ တပုံတပင်နဲ့ ဒီဇတ်လမ်းကို ဘယ်သူဖန်တီးခဲ့တာလဲ။ ဒီမိဘတွေပဲမဟုတ်လား။ အထူးသဖြင့် သန္ဓေမတားခဲ့တဲ့မိခင်ပေါ့နော်။

ကလေးရဲ့တန်ဖိုးဟာ ကြီးမားပါတယ်။ အသက်တစ်ချောင်း ၊ ဘဝတစ်ခုရဲ့တန်ဖိုးဟာ ဘယ်လောက်ကြီးမားလိုက်သလဲဆို တချို့ ကလေးလိုချင်လို့တောင် ကလေးမရနိုင်တဲ့သူတွေ ရှိနေတဲ့အထိ ဘဝတစ်ခုရဲ့တန်ဖိုးဟာ ကြီးမားလှပါတယ်။ ဘဝတစ်ခုတန်ဖိုး ကြီးမားတဲ့အလျောက် ရရှိတဲ့ဘဝကို ပျော်ပျော်ရွှင်ရွှင် ၊ အကောင်းမြင်စိတ် နဲ့ မေတ္တာတရားကိုခံစားရင်း ကြီးပြင်းလာဖို့က ပိုအရေးမကြီးပေဘူးလား။

ဥပမာ ပန်းတော့ပွင့်ပါရဲ့ အဆိပ်ပန်းချည်းဆိုရင် ကမ္ဘာမြေကြီးအတွက် အဆိပ်အတောက်ဖြစ်နေမှာပါ။ လူဖြစ်အောင်တော့ မွေးပေးလိုက်ပါရဲ့။ မွေးပြီးကြီးလာတဲ့ကလေးဟာ မိဘအပေါ် မကျေနပ်ချက်တွေ ၊ ဘဝအပေါ်မကျေနပ်ချက်တွေ ၊ ခါးသည်းမှုတွေ တပုံတပင်ပွေ့ပိုက်လို့ အဆိုးမြင်စိတ်နဲ့ (စိတ်ဒဏ်ရာကြီးနဲ့) ကြီးပြင်းလာတယ်ဆိုရင် ဒီလူဟာ လူသားတွေအတွက်တော့ အဆိပ်အတောက်ပါပဲ။ ဒီတော့ ကိုယ်ပျိုးတဲ့ပန်းဟာ အဆိပ်ပန်း မဖြစ်ပါစေနဲ့လေ။

ကိုယ်ပျိုးလိုက်တဲ့ပင်ဟာ မျိုးကောင်းပါစေ။ မျိုးရိုးကောင်းအောင် သားသမီးတွေအတွက် စံပြနေပြမယ်လေ။ ကိုယ်ပျိုးလိုက်တဲ့အပင်ဟာ အပင်သန်ပါစေ။ ကလေးပျော်ရွှင်စွာ ရှင်သန်အောင် ဂရုတစိုက်နဲ့ ပြုစုပျိုးထောင်ရမယ်လေ။ ကိုယ်ပျိုးလိုက်တဲအပင်ဟာ အသီးမှန်ပါစေ။ ကိုယ်က ရှေ့ဆောင်လမ်းပြ သားသမီးကို ဒီလိုဂရုစိုက်ရတယ်လို့ ဂရုစိုက်ပြမှ သူဟာ သူ့သားသမီးတွေကို ဒီလို ဂရုစိုက်ရကောင်းမှန်း ၊ မေတ္တာပေးရကောင်းမှန်း သိမှာပါ။

ကိုယ်ပျိုးလိုက်တဲ့အပင်ဟာ တထောင့်တနေရာက ကမ္ဘာမြေအတွက် အရိပ်ပေးလို့ပဲဖြစ်ဖြစ် ၊ မွှေးထုံဖို့ပဲဖြစ်ဖြစ် ၊ အလှဆင်လို့ပဲဖြစ်ဖြစ် ၊ ဆေးဘက်ဝင်စေဖို့ပဲဖြစ်ဖြစ် အကျိုးပြုပါစေ။ ကိုယ်မွေးခဲ့တဲ့သားသမီးဟာ အများအကျိုးအတွက် အကျိုးပြုနိုင်ရင် အကောင်းဆုံးပေါ့။ အများအကျိုးအတွက်မဟုတ်တောင် မိဘကျေးဇူးဖြစ်တဲ့ ကြွေးဟာင်းလည်းကျေအောင် ဆပ်တဲ့သူ ၊ ကိုယ့်မိသားစုအပေါ်လည်း တာဝန်ကျေတဲ့သူ ၊ သားသမီးအပေါ်လည်း မေတ္တာနဲ့ပျိုးထောင်ပြီး တာဝန်ကျေတဲ့သူ ဖြစ်ပါစေလေ။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

]]>
http://www.burmesehearts.com/%e1%80%95%e1%80%94%e1%80%b9%e1%80%b8%e1%80%95%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9c%e1%80%80%e1%80%b9%e1%80%9b%e1%80%b2%e1%82%95-%e1%80%99%e1%80%bd%e1%80%90%e1%80%b9%e1%80%90%e1%80%99/feed/ 0
ကလေးတွေကို ရွတ်တတ်ဖို့ထက် ကျင့်တတ်ဖို့ သင်ပေးပါ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%80%e1%80%ad%e1%80%af-%e1%80%9b%e1%80%bc%e1%80%90%e1%80%b9%e1%80%90%e1%80%90%e1%80%b9%e1%80%96%e1%80%ad%e1%80%af%e1%82%94%e1%80%91/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%80%e1%80%ad%e1%80%af-%e1%80%9b%e1%80%bc%e1%80%90%e1%80%b9%e1%80%90%e1%80%90%e1%80%b9%e1%80%96%e1%80%ad%e1%80%af%e1%82%94%e1%80%91/#respond Wed, 02 Dec 2015 10:31:13 +0000 http://www.burmesehearts.com/?p=21638

စကားပြောတတ်ကာစအရွယ်နဲ့ မပီကလာ ၊ ပီကလာ ပြောနေတတ်တဲ့ ကလေးတွေအရွယ်ဟာ ဘာသာစကားလေ့လာမှုအတွက် တကယ့်ကို ချစ်စရာအကောင်းဆုံးအရွယ်တွေပေါ့။ သင်ပေးလိုက်တာလေးတွေ ၊ သူသိတာလေးတွေ ၊ အသံထွက်မှန်တာရော ၊ မမှန်တာရော ပြောနေတာလေးကိုက ဘယ်လိုချစ်စရာကောင်းမှန်းမသိတာနော်။

ဒီလိုအရွယ်လေးတွေဟာ ကြက်တူရွေးလေးတွေကို နှုတ်တိုက်သင်ပေးလိုက်တာတွေ အထပ်ထပ် သတိရတိုင်း ၊ ဆန္ဒရှိတိုင်း ၊ ရွတ်ကောင်းတိုင်း ၊ ရွတ်ခိုင်းတိုင်း ရွတ်နေတတ်တယ်။ ဟာသတွေ သင်ပေးထားရင် သူပြောတဲ့အသံနဲ့ ဟန်က အလိုလိုဟာသပိုဖြစ်နေတယ်။ ကောင်းတာသင်ပေးထားရင် ကြားရသူကို ပျော်ရွှင်ကြည်နူးစေပြီး မကောင်းတာသင်ပေးထားရင် မသိတတ် ၊ သိတတ် ရွတ်နေတဲ့ကလေးဟာ တဖက်လူစိတ်ထဲမှာ အလိုလို မြင်ပြင်းကပ်စရာလေး ဖြစ်နေမှာပေါ့။ ဒါကြောင့် ကလေးကို ဘာတွေသင်ပေးသလဲ ၊ သူဘာတွေ ပြောဆိုရွတ်ဖတ်နေတတ်သလဲဆိုတာ ဂရုစိုက်ပေးဖို့ လိုပါတယ်။

ကောင်းတာသင်ပေးရင် ကောင်းတာလေး ကလေးရဲ့စိတ်ထဲ သွင်းပေးလိုက်သလို မကောင်းတာသင်ပေးလိုက်ရင်တော့ မကောင်းတဲ့စိတ် ကလေးဆီမှာ အနည်းနဲ့အများ ဝင်သွားတာပေါ့။ ဆဲတာသင်ပေးထားလို့ ဆဲတတ်သွားတဲ့ကလေးဟာ သူစိတ်ဆိုးဒေါသထွက်တိုင်း ၊ စိတ်မကျေနပ်တိုင်း ဆဲတော့မှာပေါ့။ ဒီအခါ ဆဲတဲ့ကလေးဟာ အရိုက်ခံ ၊ အဆော်ခံရလို့ တဗြဲဗြဲငိုရပေဦးမယ်။ တကယ်တော့ ဆဲတဲ့ကလေးအပြစ်ထက် ကလေးကို ဆဲတတ်အောင် သင်ပေးတဲ့လူကြီးတွေအပြစ်ပါ။ မိဘက မသင်ပေးသည့်တိုင် ဆဲတတ်တဲ့သူတွေ ကလေးအနားမှာရှိနေရင် ကလေးဟာ သူကြားတာကို ကြက်တူရွေးလို သံယောင်လိုက်ပြီး ပြောမှာပါ။ စပြောခါစကတော့ ဟာသလိုပဲ ရယ်ကြမှာပေါ့။ ကလေးကို ဆိုဆုံးမနေတဲ့အချိန် ၊ သွားစတဲ့အချိန် အဲဒီစကားလုံးတွေနဲ့ ကလေးက ကိုယ့်ပြန်ဆဲရင် ဒီလိုပဲ ရယ်နေနိုင်ဦးမှာလား။ ဒါကြောင့် ကလေးဆဲတယ်လို့ စကြားတဲ့အချိန်မှာကတည်းက ဒါဟာ မပြောကောင်းတဲ့စကားအနေနဲ့ ဟန့်ပြီးတားရမှာ ၊ နောင်မပြောအောင် လုံးဝနားလည်တဲ့အထိ တားရမှာဖြစ်ပါတယ်။ မကောင်းတဲ့အပြုအမူတွေကိုလည်း စသတိထားမိတာနဲ့ နောက်တကြိမ်ဆိုတာ စောင့်မနေဘဲ ဒီအတိုင်း နားလည်အောင်ပြောဆို တားဆီးရမှာဖြစ်ပါတယ်။

ကောင်းတဲ့ဟာလေးသင်ပေးတော့ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဘုရားရှိခိုးနေပုံလေးတွေ ၊ လူကြီးသူမသိတတ်နေပုံလေးတွေ ၊ ဘုရားစာကို မပီကလာ ပီကလာ ဆိုနေပုံလေးတွေဟာ တဘက်မြင်ရ ၊ ကြားရသူအဖို့ ဘဝင်အေးစရာပါ။ မကောင်းတာရွတ်နေတာထက် ကောင်းတာရွတ်နေတာ ကောင်းပါတယ်။ ဒါပေမယ့် ဒါဟာ အကောင်းဆုံးတော့ မဟုတ်ပါဘူး။ ဘယ်ဘာသာတရားမှာပဲဖြစ်ဖြစ် သူတပါးကို မညှဉ်းဆဲမသတ်ဖြတ်ဖို့ ၊ သူ့ဥစ္စာမခိုးဖို့ ၊ လူ့ကျင့်ဝတ်အတိုင်း သူများသားမယားတွေကို မပြစ်မှားကြဖို့ဆိုတာတွေကို အခြေခံအဖြစ် သင်ယူကြရပါတယ်။ ဒီလိုမသင်ထား ၊ မသိထားရင် လူ့ကျင့်ဝတ်တွေ ဖောက်ပြန်ကုန်ကြတာပေါ့။

ဗုဒ္ဓဘာသာမှာတော့ နေ့စဉ်လုံသင့်တာ ကံငါးပါးဖြစ်တဲ့ ငါးပါးသီလပေါ့။ ငယ်ငယ်လေးနဲ့ ငါးပါးသီလကို အလွတ်ရွတ်တတ်တယ် ၊ ဘာဆိုတာ ရှင်းပြတတ်တယ်ဆိုရင် ကလေးဘေးက မိဘတွေဟာ နှုတ်တိုက်သင်တဲ့နေရာမှာ အလွန်တော်သူတွေပေါ့။ တံငါနားနီးတံငါ ၊ မုဆိုးနားနီးမုဆိုး ဆိုသလို ဘယ်လိုလူမျိုးတွေနဲ့ ကလေးဟာ အချိန်များများ အဖော်ပြုနေရသလဲအပေါ်မူတည်ပြီး ကလေးရဲ့ အပြုအမူ ၊ အပြောအဆိုဟာလည်း ပြောင်းလဲသွားပါတယ်။ ဒါပေမယ့်လေ ကျွန်မကတော့ ရွတ်တတ်ဖို့ထက် ကျင့်တတ်ဖို့ကို သင်ပြပေးဖို့ လူကြီးမိဘ ဆရာသမားတွေကို တိုက်တွန်းချင်ပါတယ်။

ကျွန်မဟာ ဗုဒ္ဓဘာသာပါ။ သမီးကိုလည်း ကိုးကွယ်တဲ့ဘာသာမှာ ဗုဒ္ဓဘာသာလို့ ရေးသားထားခဲ့တယ်။ မရေးမဖြစ် ရေးရမယ့် အခြေအနေမို့လို့သာ အဲဒီလိုရေးရတာ ကျွန်မက မိရိုးဖလာဗုဒ္ဓဘာသာဖြစ်ဖို့ထက် သူ့ယုံကြည်မှုအရ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်တာမျိုးပဲ ဖြစ်စေချင်ပါတယ်။ သူ့ယုံကြည်မှုအရ ကိုးကွယ်တာမျိုးဆိုရင် ဘယ်ဘာသာကဆွယ်ဆွယ် ၊ ဘယ်သူဖျက်ဖျက် ပျက်ပြယ်သွားဖို့မရှိတော့သလို ဗုဒ္ဓဘာသာအမည်ခံပြီး ဘာသာတရားနဲ့မလျော် ကိုယ်လုပ်ချင်ရာ လုပ်နေတာမျိုးတွေ မရှိနိုင်တော့ဘူးပေါ့။

ကျွန်မသိနားလည်ထားသလောက် ဗုဒ္ဓဘာသာဝင်တစ်ဦးရဲ့ အနိမ့်ဆုံးတရားအကျင့်ဟာ ငါးပါးသီလဖြစ်ပြီး အမြင့်ဆုံးတရားအကျင့်ဟာ နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ဖြစ်တဲ့ ဝိပဿ      နာ (တရားကျင့်ခြင်း) ဖြစ်ပါတယ်။ ဒီတော့ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာတဲ့ သမီးကို ဘာသာတရား ဘာမှ နားမလည်သေးတဲ့ သူ့အရွယ်လေးနဲ့ ထိုက်သင့်တဲ့အကျင့်တွေကို သင်ပေးရမှာ ၊ ဘာသာတရား မျိုးစေ့ချပေးရမှာလည်း မိဘတာဝန်ပဲပေါ့။

ကလေးဟာငယ်သေးတာနဲ့အမျှ “ကာမေသုမိစ္ဆာစာရာ” (သူတပါးသားမယားပြစ်မှားခြင်း) နဲ့ “သုရာ မေရယ မဇ္ဇပမာဒဋ္ဌာနာ” (သေရည်သေရက်သောက်စားခြင်း)ဆိုတဲ့ နှစ်ချက်ကို သူနားလည်မယ့် အရွယ်တိုင်တဲ့အချိန်အထိ ခဏချန်ထားပါတယ်။ သူ့အဖေက သေရည်နဲ့ ဆေးလိပ်စတဲ့ မူးယစ်စေတတ်တာတွေ လုံးဝမသောက်သုံးတတ်တော့ သူ့ပတ်ဝန်းကျင်မှာ ဒီလိုသောက်စားတတ်သူတွေမရှိဘူးလေ။ ဒါကြောင့် ဒီဟာ မကောင်းဘူးလို့ ထူးမသင်သေးဘဲ လိုအပ်တာတွေကိုပဲ ဦးစားပေး လေ့ကျင့်ပေးခဲ့တာပါ။

“ပါဏာတိပါတာ” ဆိုတဲ့ သူ့အသက်သတ်ခြင်းကို ရှောင်ရမယ်လို့ပြောရင် အမိန့်တစ်ခုလိုဖြစ်နေတဲ့အတွက် ကလေးဟာ ရှောင်ချင်မှရှောင်မှာပါ။ ဒါကြောင့် ကျွန်မဟာ သတ္တဝါတွေကို စာနာသနားတတ်ဖို့ကို ကိုယ်ချင်စာစိတ် သင်ပေးခဲ့ပါတယ်။ တစ်နှစ်ခွဲဝန်းကျင်မှာ ပုရွဲဆိတ်ကလေးတွေ ၊ လိပ်ပြာကလေးတွေ ၊ ငှက်ကလေးတွေကို သတိထားမိလာတဲ့ကလေး ၊ စူးစမ်းလေ့လာတတ်လာပြီဖြစ်တဲ့ကလေးကို အသက်ရဲ့တန်ဖိုး ၊ နာကျင်မှုရဲ့ခါးသီးခြင်းဆိုတာကို ကိုယ်ချင်းစာတတ်ဖို့ ကျွန်မဟာ သူနာကျင်တိုင်း ပြောဆိုသင်ပြပေးခဲ့ပါတယ်။

ကလေးဟာ ကိုယ်ချင်းစာတရားကို နားလည်သွားတဲ့အခါမှာ နာကျင်မှုခံစားသွားရတဲ့ တပါးသူ (အခြားသတ္တဝါတွေ)ကို သနားတတ်လာတယ်။ ဒီစိတ်ဟာ အရေးကြီးပါတယ်။ တပါးသူကို သနားတတ်မှ တပါးသူကို နာကျင်အောင်မလုပ်မှာ ၊ တပါးသူကို ကိုယ်ချင်းစာပြီးဆက်ဆံမှာ ၊ အားနည်းသူကို ညှာတာတတ်မှာ ဖြစ်ပါတယ်။

သနားတတ်လာပြီးတာနဲ့ နောက်တဆင့်မှာ ဖေးမတတ်ဖို့ကို ကျွန်မသင်ပေးပါတယ်။ နာကျင်သွားတဲ့သူကို ထူကယ်ပေးတာ ၊ သူ့အနာသက်သာအောင် ဖြောင်းဖျပြောဆိုတာ ၊ သူ့ထက်ငယ်တဲ့သူ အားနည်းတဲ့သူတွေကို သနားစိတ်နဲ့ ညှာတာတတ်အောင် သင်ပေးတာ ဒါတွေဟာ တဆင့်ချင်း ဆက်စပ်နေတယ်လေ။

သနားညှာတာစိတ်တွေ ကိန်းအောင်းသွားတဲ့ ကလေးဟာ ပုရွဲဆိတ်ကလေးတွေမြင်ရင် စူးစမ်းစိတ် ၊ ပျော်ရွှင်နှစ်လိုစိတ်နဲ့ကြည့်ပေမယ့် လက်နဲ့ချေတာမျိုးတွေ မလုပ်တော့ဘူး။ ငှက်ကလေးတွေမြင်ရင် နှစ်လိုပျော်ရွှင်တာမျိုးရှိပေမယ့် ဘာသာဘာဝနေထိုင်တဲ့ တရိစ္ဆာန်တွေ ၊ ခွေးတွေကို တွေ့ရာနဲ့ ကောက်ပေါက်ခြောက်တတ်တာမျိုး မလုပ်ဘူး။ တနည်းအားဖြင့် သတ္တဝါတွေကို ဒုက္ခမပေးတော့ဘူးပေါ့။ ဒါဟာ “ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” လို့ နှုတ်တိုက်ရွတ်တတ်ဖို့ သင်ပေးလိုက်တာထက် သူ့တသက်တာ ကျင့်ကြံနေထိုင်သွားတတ်ဖို့ သင်ပေးလိုက်ခြင်းပါ။

“အဒိန္နာဒါနာ” ဆိုတဲ့ တပါးသူဥစ္စာခိုးယူခြင်းဆိုတဲ့အရာကိုလည်း မခိုးရဘူးလို့ အမိန့်တစ်ခုလို ကျွန်မဟာ နှုတ်တိုက်မသင်ပေးခဲ့ပါဘူး။ တပါးသူပစ္စည်းခိုးဖို့ဆိုတာ တခြားသူပစ္စည်းကို နှစ်သက်သဘောကျတဲ့မျက်စိနဲ့ အရင်ကြည့်တတ်ဖို့လိုတယ်လို ကျွန်မခံယူတယ်လေ။ ဒီကတဆင့်မှာ ထိကြည့်ကိုင်ကြည့်ရာက ရယူလိုစိတ်တွေ မထိန်းနိုင်မသိမ်းနိုင်ဖြစ်ပြီး ခိုးယူတာဖြစ်ပါတယ်။ တချို့ကျတော့လည်း ခိုးကျင့်ဖြစ်ပြီး ခိုးတာကျွမ်းကျင်သွားတော့ ဝမ်းစာအတွက် ခိုးပဲခိုးနေတော့တယ်နော်။ ဒီလိုစိတ်မျိုးတွေမဖြစ်ဖို့ အစကနဦးဖြစ်တဲ့ တပါးသူပစ္စည်းကို စိတ်ဝင်စားတဲ့စိတ် အမြစ်နှုတ်ဖျောက်ထားဖို့လိုပါတယ်။

BurmeseHearts Blog

လူ့လောကထဲရောက်လာကာစ ကလေးဘာသာဘာဝအရ သူမတွေ့မမြင်ဖူးတာတွေ အများကြီးပဲလေ။ အသစ်အဆန်းတွေ စုံစေ့နေတဲ့ ဒီဘက်ခေတ်ကြီးထဲမှာလည်း ပစ္စည်းချင်းတူရင်တောင် အမျိုးအစားမတူတာ ၊ ပုံစံကွဲနေတာ ၊ အရောင်ကွဲနေတာတွေလည်း ပေါမှပေါပဲ။ ဒါတွေနောက်မလိုက်ဖို့ဆိုရင် ကိုယ်ရှိတာလေးနဲ့ ကျေနပ်တတ်စိတ်ကို အရင်လေ့ကျင့်ပေးထားဖို့ လိုပါတယ်။ ကျွန်မသမီးက မသိတတ်ခင်ကတည်းက ဘောလုံးဆိုရင် လက်နှစ်ဖက်လုံးရှိမှ ၊ ပူဖောင်းဆိုရင်လည်း လက်နှစ်ဖက်လုံးရှိမှ ဘာမဆို နှစ်ဖက်စလုံးမှာ စုံရှိနေမှကျေနပ်တတ်တာဆိုတော့ တစ်ယောက်တစ်ခုပေးစတမ်းဆို သူဟာ တစ်ခုတည်းနဲ့ မကျေနပ်တတ်ပါဘူး။

ဒါဟာ သူများလက်ထဲကဟာ လိုချင်တာထက်ကို သူ့လက်ထဲမှာ နှစ်ဖက်လုံး အပြည့်ကိုင်ထားရမှ ကျေနပ်တတ်တဲ့စိတ်ပါ။ လက်နှစ်ဖက်လုံးမှာရသွားရင်တော့ နောက်ထပ် စိတ်မဝင်စားတတ်တော့တာမို့ ကျွန်မတို့ဟာ ဘောလုံးတွေ ၊ ပူဖောင်း ၊ ပူစီဖောင်း ၊ ကား ဆိုတာတွေကို သူနဲ့သွားလေရာ အမြဲအပိုယူသွားရပါတယ်။ သူ့စိတ်ဝင်စားမှုက ဒါတွေကိုး။ ဒီလိုယူသွားမှလည်း သူများလက်ထဲကဟာ ရယူလိုစိတ်မရှိတော့မှာလေ။ ယူသွားဖို့မေ့သွားခဲ့ရင်တော့ တခြားဟာတွေနဲ့သူ့ကို စိတ်ပြောင်းစိတ်လွှဲ လုပ်ရတာပေါ့။

ကိုယ့်မှာရှိတာနဲ့ ကျေနပ်တတ်စိတ် ကိန်းအောင်းသွားတဲ့အခါ သူများတဲ့ဟာတွေကို ပိုင်ရှင်သဘောမတူဘဲ ၊ အုပ်ထိန်းသူတွေခွင့်မပြုဘဲ မကိုင်ရဘူးလို့ သင်ပေးထားပါတယ်။ ကိုယ့်ရှိတာနဲ့ ကျေနပ်စိတ်ကလေးဖြစ်နေတော့ ရွယ်တူကလေးလက်ထဲကဟာကို စူးစမ်းချင်စိတ်ကလေးနဲ့ ကြည့်သည့်တိုင် ဆွဲယူလိုက်တာမျိုး မရှိဘူး။ တပါးသူက ဆော့ပါ ၊ ယူပါလို့ပေးသည့်တိုင် ကိုယ့်ရှိနေတာကိုပဲ ကျေနပ်တော့ သူများပစ္စည်းတွေနဲ့ ကိုယ့်ပျော်ရွှင်မှုကို လုပ်မယူနေတော့ဘူး။ ဆိုလိုတာက သူများပေးလည်း ကိုယ့်ရှိတာကိုပဲ တန်ဖိုးထားတတ်တာပေါ့။ သူများပစ္စည်းကို ခဏတာတောင်မှ လိုချင်မက်မောစိတ် မရှိဘူးပေါ့။

မုသာဝါဒါကတော့ သူ့ကိုညာပြောမယ့်သူမရှိရင် သူကလည်း ညာပြောမှာမဟုတ်ပါဘူး။ ညာပြောတတ်သူတွေနဲ့ ရင်းနှီးပေါင်းသင်းမိပါမှ ၊ လက်ပွန်းတတီးရှိပါမှ ညာပြောတတ်လာမှာဖြစ်ပါတယ်။ ညာပြောတဲ့ ရုပ်သံတွေ ၊ လှည့်စားတတ်တဲ့ ရုပ်သံဇတ်လမ်းတွေ ကြည့်မိရင်တော့ ဒီအကျင့်တွေ ကူးနိုင်တယ်လေ။ ဒီလိုညာပြောလာတာကို သိသိချင်းမှာလည်း မိသားစုထဲ ဘယ်သူကညာပြောလဲ ၊ ညာပြောတာမကောင်းလို့ မိသားစုထဲ ဘယ်သူမှ ညာမပြောဘူး။ တခါညာပြောစရှိရင် သူပြောတဲ့စကား တပါးသူယုံတော့မှာမဟုတ်ဘူး ဆိုတာတွေ နားလည်အောင် ပြောပြသင်ပေးတဲ့အခါမှာ ညာပြောတတ်တာမျိုး နည်းလာမှာပါ။

ညာပြောတယ်ဆိုတာက တကယ့်ကို လွယ်လွယ်လေး ချိုးဖောက်မိနေကြတယ်နော်။ ကိုယ့်အတွက် အကျိုးရှိရှိ ၊ မရှိရှိ ဘာရယ်မဟုတ် ညာပြောမိကြတယ်။ တခါတလေ (White Lie) လို့ခေါ်တဲ့ အလိမ်စကားကို တပါးသူမပူပင်အောင် ၊ စိတ်ချမ်းသာအောင် လိမ်ညာပြောကြပြန်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း ဒီကံကို လုံးဝမချိုးဖောက်ဖြစ်အောင်ထိန်းဖို့ မလွယ်သေးပါဘူး။ လူများများနဲ့ ဆက်ဆံနေရလေ ချိုးဖောက်မိဖို့ လွယ်လေလားမသိဘူးနော်။ မလှတဲ့သူက အကျအနပြင်ထားပြီး လှလားလို့မေးရင် အမှန်အတိုင်း မလှဘူးပြောရင် သူစိတ်ဆင်းရဲသွားမှာဖြစ်သလို သူ့အကြိုက်လှတယ်ပြောပြန်တော့လည်း မဟုတ်မှန်တဲ့ မုသာဝါဒ ဆိုမိသွားပြန်ရော ။ ဥပမာပေးတာပါ။ ဒီတော့ ဒီကံကို ထိန်းနိုင်သမျှ လုံအောင်ထိန်းကြဖို့ပဲလိုတာပါ။ လုံးဝလုံဖို့ဆို အပေါ်ယံဆက်ဆံမှုတွေနဲ့ ဝေးသထက်ဝေးနိုင်မှပဲဖြစ်မယ်လေ။

ကျွန်မက ကျွန်မ သမီးကို ပညာရှိဖြစ်ဖို့ထက် ပညာတတ်ဖြစ်ဖို့ကိုပဲ ဦးစားပေးချင်တယ်။ ကျွန်မနားလည်ထားတဲ့ ပညာရှိနဲ့ ပညာတတ် ကွဲပြားချက်ကို ပြောပြမယ်နော်။ ပညာရှိဆိုတာ ကျွန်မအမြင်မှာ စာချပုဂ္ဂိုလ်လိုပဲ။ ပညာတတ်ဆိုတာကျတော့ တရားပြပုဂ္ဂိုလ်လိုပဲ။ ပညာရှိဆိုတာက သူလေ့လာထားတာတွေနဲ့ ဝေမျှလို့ရတယ်လေ။ ပညာတတ်ဖြစ်ဖို့ကျတော့ သူကျင့်ထားတဲ့အသိနဲ့ ဝေမျှရတာပါ။ တချို့တွေက သိပေမယ့် သိတဲ့အတိုင်း ကျင့်ချင်မှကျင့်တာလေ။ ကျွန်မ နှစ်ခြိုက်တဲ့စကားတစ်ခုရှိတယ်။ သိပြီးမကျင့်သေးရင် မသိသေးလို့ပဲတဲ့။ တရားကိုသိပြီး တရားကို မကျင့်နိုင်သေးရင် ၊ မလိုက်နာနိုင်သေးရင် တကယ်မသိသေးလို့ဖြစ်ပါတယ်။ ဒါဟာ ပညာရှိနဲ့ပညာတတ် ကွဲပြားချက်ပဲပေါ့။

ရွတ်သာရွတ်ပြီး ကိုယ်ရွတ်တာ မကျင့်ဘူးဆိုရင် ကိုယ်ရွတ်တာ ဘာမှန်းမသိတာနဲ့ ဘာထူးသေးလို့လဲ။ ပါးစပ်က ဘုရား ဘုရား လက်က ကားယား ကားယား ဆိုသူတွေကလည်း ရွတ်သာရွတ်ပြီး မသိသူတွေပါပဲ။ ရွတ်တာတမျိုး ၊ လုပ်တာတမျိုးလေ။ တခါတလေ ဆန့်ကျင်ဘက်တွေဖြစ်နေတော့ ကိုယ်ရွတ်နေတဲ့စာတွေ ၊ ကိုယ်ကိုးကွယ်တဲ့ဘာသာဟာ တန်ဖိုးမဲ့သွားတာပေါ့။ ကလေးဘဝတသက်တာလုံး သူလူတလုံးသူတလုံး အိမ်ထောင်ရက်သားကျပြီးတဲ့အထိ ကိုယ်က အမြဲ(၂၄)နာရီလုံး ဘေးကနေ လိုက်ကြည့် မပြောနိုင်ပါဘူး။ ပြောနိုင်လှ ဆယ်ကျော်သက်စွန်းစွန်း အရွယ်လောက်ပဲပေါ့။ မြီးကောင်ပေါက်ဆိုတာနဲ့ သူ့ဘာသာသူ ပျံသန်းထွက်ခွါသွားဖို့ အတောင်တွေ တဖြန့်ဖြန့်နဲ့လေ။

ကလေးတွေကို ဘဝတသက်တာလုံး သူ့အသိနဲ့ ကျင့်ကြံနေထိုင်သွားနိုင်အောင် အသိကလေးစွဲနေအောင် ထည့်ပေးရမှာဖြစ်ပါတယ်။ ရွတ်စေချင်တာလား ၊ သိစေချင်တာလားနော်။ ရွတ်စေချင်တယ်ဆို နှုတ်တိုက်သင်ပေးပါ။ သိစေချင်တယ်ဆို အကြောင်း ၊ အကျိုး ဝေဖန်းပိုင်းခြားပြောပြလို့ အသိတရားကို မျိုးစေ့ချပြီး ကလေးကို စွဲစွဲမြဲမြဲသိသွားအောင် ၊ ဒီအသိကနေ သူ့ဘဝတသက်တာလုံး ကျင့်ကြံနေထိုင်သွားအောင် လုပ်ပါလေ။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%80%e1%80%ad%e1%80%af-%e1%80%9b%e1%80%bc%e1%80%90%e1%80%b9%e1%80%90%e1%80%90%e1%80%b9%e1%80%96%e1%80%ad%e1%80%af%e1%82%94%e1%80%91/feed/ 0
ကလေးသူငယ်များအား ဦးဆောင်နိုင်မှုစွမ်းရည် လေ့ကျင့်သင်ကြားပေးခြင်း http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%a5%e1%80%ae%e1%80%b8%e1%80%b1%e1%80%86%e1%80%ac/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%a5%e1%80%ae%e1%80%b8%e1%80%b1%e1%80%86%e1%80%ac/#respond Tue, 01 Dec 2015 08:25:42 +0000 http://www.burmesehearts.com/?p=21372
ခေါင်းဆောင်ဆိုတာ ပဲ့လည်းကိုင်ရင်း ၊ ကိုယ်တိုင်လည်းလှုပ်ရှားရင်း ဦးဆောင်မှုအရည်အချင်း ရှိနေတဲ့သူပေါ့။

ဦးဆောင်နိုင်မှုစွမ်းရည်ဆိုတာ ခေါင်းဆောင်တွေမှာပဲ အရှိများကြတော့ ဦးဆောင်နိုင်မှုစွမ်းရည်ရှိသူတွေဟာ မိမိပတ်ဝန်းကျင်နဲ့ လုပ်ငန်းခွင်မှာ ခေါင်းဆောင်အနေနဲ့သော်လည်းကောင်း အတိုင်ပင်ခံအနေနဲ့သော်လည်းကောင်း ရှိတတ်ကြပါတယ်။ ခေါင်းဆောင်နဲ့နောက်လိုက် ဘယ်သူက ပိုများသလဲနော်။ မိဘတိုင်းက ကိုယ့်သားသမီးတွေကို ခေါင်းဆောင်တွေ ဖြစ်စေချင်ကြတာပေါ့။ ဒါပေမယ့်လေ နောက်လိုက်များနေတဲ့ သဘာဝအရ လူတိုင်းဟာ ခေါင်းဆောင်တွေ ဖြစ်မလာကြပါဘူး။

ခေါင်းဆောင်ဖြစ်ချင်သူတိုင်းကတော့ အရင်ဦးစွာ ဦးဆောင်နိုင်မှုစွမ်းရည်ကို လေ့ကျင့်သင်ယူဖို့လိုပါတယ်။ ကိုယ့်သားသမီးနဲ့ တပည့်တပန်းတွေကို ခေါင်းဆောင်ဖြစ်စေချင်ရင် ဦးဆောင်နိုင်မှုစွမ်းရည်ကို လေ့ကျင့်သင်ကြားပေးရမှာပေါ့။

နောက်လိုက်အဖြစ်ဘဲ တောက်လျောက်လုပ်နေတဲ့သူက ခေါင်းဆောင်ဖြစ်ဖို့ အခွင့်အရေးရှိသည့်တိုင် မိမိကိုယ်ကို ယုံကြည်ချက်မရှိတတ်ပါဘူး။ တကယ်က သူ့ရဲ့ ဦးဆောင်နိုင်မှုစွမ်းရည်ကို ယုံကြည်ချက်မရှိတာပါ။ ဒါကြောင့် ဦးဆောင်နိုင်မှုစွမ်းရည်ဆိုတာကို ကလေးဘဝကတည်းက မြှင့်တင်ပေးဖို့လိုအပ်ပါတယ်။

ကမ္ဘာ့သမိုင်းတလျောက်လုံးမှာ အထူးအမြတ်ထားပြီး တီထွင်ဆန်းသစ် ကယ်တင်မှုတွေလုပ်ခဲ့တဲ့ ခေါင်းဆောင်ကောင်းရဲ့  ဦးဆောင်မှုစွမ်းရည်ဟာ တခြားသူတွေထက် သာလွန်ပြီး သူတို့ဟာ ဇွဲနပဲရှိစွာ လုံ့လ ၊ ဝီရိယ စိုက်ထုတ်လို့ မဆုတ်မနစ် ကြိုးစားတတ်သူတွေဖြစ်ပါတယ်။ ထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့ ၊ ရပ်တည်နေတဲ့ ခေါင်းဆောင်ကြီးတွေဟာ အကြိမ်ကြိမ် ကျရှုံးဖူးကြတယ် ။ ကျရှုံးတဲ့ဒဏ်ခံနိုင်ရင်တောင်မှ အောင်မြင်မှုဒဏ်ကို ခံနိုင်ဖို့ လေ့ကျင့်ရဦးမှာပါ။ သူတို့တွေဟာ အကြိမ်ကြိမ်ရှုံ့ချခံခဲ့ရဖူးသူတွေဖြစ်တယ်။ ရှုံ့ချတဲ့ဒဏ်ခံနိုင်ရင်တောင်မှ မြှောက်ပင့်တဲ့ဒဏ်ခံနိုင်အောင် လေ့ကျင့်ရဦးမှာပါ။ သူတို့တွေဟာ ဆင်းရဲဒဏ် (လူဆင်းရဲ ၊ စိတ်ဆင်းရဲဒဏ်)ကို အလူးအလဲခံခဲ့ရဖူးသူတွေဖြစ်တယ်။ ဆင်းရဲဒဏ် ခံနိုင်ရင်တောင်မှ ချမ်းသာဒဏ် (လူချမ်းသာ ၊ စိတ်ချမ်းသာဒဏ်) ခံနိုင်ဖို့ ဆက်ကြိုးစားရဦးမယ်။

ကျွန်မပြောတဲ့ ဆန့်ကျင်ဘက် ခံနိုင်ရည်တွေကို အောင်မြင်နေဆဲနဲ့ အောင်မြင်ခဲ့သူတွေကတော့ ကောင်းကောင်း သိနားလည်မှာပါ။ အောင်မြင်မှုကို ရေရှည် ဆက်မထိန်းနိုင်သူတွေက ဒီဒဏ်တွေကို မခံနိုင်လို့ဖြစ်ပါတယ်။ ဒါကို လောကဓံလို့လည်း လွယ်လွယ်ခေါ်လို့ရပါတယ်။ အောင်မြင်မှု ၊ ဆုံးရှုံးမှုစတဲ့ လောကဓံကိုခံနိုင်ဖို့ဆိုရင် စိတ်ဓါတ်ကြံ့ခိုင်ဖို့လိုတယ်။

စိတ်ဓါတ်ကြံ့ခိုင်ဖို့ဆိုတာ စိတ်ဓါတ်မယိမ်းယိုင်တတ်တာကို ဆိုလိုပြီး စိတ်ဓါတ်ပျော့ပျောင်းနူးညံ့တဲ့သူကို စိတ်ဓါတ်မကြံ့ခိုင်သူလို့ ပြောမရပါဘူး။ သပ်သပ်စီလေ။ စိတ်ဓါတ်မယိမ်းယိုင်တတ်သူဆိုတာက သူများပြောတာကို နားမယောင်တတ်တာ ၊ သူများသွေးထိုးတာကို လိုက်ပါမခံစားနေတာ ၊ သူများရှုံ့ချတာကို သိမ်ငယ်မခံစားနေတာ ၊ သူများမြှောက်ပင့်တာကို ဘဝင်လေဟပ်ပြီး မြောက်မနေတာ ၊ သူများတွေလုပ်နေတာကို အာရုံစိုက်ဖို့ထက် ကိုယ်ဘာလုပ်ရမယ်ဆိုတာကို အစီအစဉ်တကျသိရှိပြီး ဒီအစီအစဉ်အတိုင်း လုပ်ကိုင်နေသူကို ဆိုလိုပါတယ်။

ရင်လောက်မှန်းမှ ဒူးလောက်တင်တာတဲ့။ ဆိုလိုတာက ကိုယ်ကမြင့်မြင့်မှန်းထားပြီး လုပ်ဆောင်နေပေမယ့် အကြောင်းကြောင်းတွေကြောင့် ကိုယ်မှန်းတဲ့အတိုင်း ဖြစ်မလာရင်တောင် ကိုယ့်ကြိုးစာမှုအရှိန်ကြောင့် ကိုယ့်လိုမကြိုးစားခဲ့တဲ့ သူများတကာတွေလောက် အောက်မကျဘူးပေါ့။ ကျွန်မလည်း ကျွန်မရဲ့ တစ်ဦးတည်းသော သမီးလေးကို ခေါင်းဆောင်ဖြစ်စေချင်ပါတယ်။ ဒါပေမယ့် ကျွန်မဆန္ဒကို ကျွန်မရင်ထဲမှာပဲထားရှိပြီး သူ့အပေါ်ကို ဖိအားမပေးပါဘူး။ ကိုယ်ဖြစ်စေချင်တာနဲ့ ကိုယ်ဖြစ်ချင်တာတွေကို ကိုယ်တောင်မလုပ်ခဲ့နိုင်တာ အခုမှ လူဖြစ်မယ်ကြံတုန်းရှိတဲ့ကလေးကို ကိုယ့်ဆန္ဒတွေ ဖိအားပေး အကောင်အထည်ဖော်ခိုင်းတာ ၊ ဖော်နေတာ တဆိတ် မမျှတရာ ကျမနေဘူးလားနော်။ ဘာကြောင့် တအားကြီး စိတ်ဖိစီးမှုတွေပေးလို့ ကိုယ်ဖြစ်စေချင်တာကို အတင်းလုပ်ယူနေမလဲ။ ဖိအားပေးပါများလို့ လွတ်ထွက်သွားမှ ကိုယ်ဖြစ်စေချင်တာလဲ သူဖြစ်မလာ ၊ ကလေးနဲ့ ကိုယ်ရဲ့ ဆက်ဆံရေးမှာလည်း မနွေးထွေး ၊ နားလည်မှုတွေကင်းမဲ့နေရင် ဒီမိဘနဲ့သားသမီးအကြားက ဆက်ဆံရေးဟာ ကောင်းနိုင်ပါတော့မလား။

BurmeseHearts Blog

ကျွန်မသမီးကို ခေါင်းဆောင်ဖြစ်ရမယ် ၊ ဘယ်နေရာမဆို ထိပ်ဆုံးမှာရှိရမယ်လို့ ပြောဆိုတာမျိုး ဖိအားပေးတာမျိုး တခါမှမလုပ်ပေမယ့် ခေါင်းဆောင်တစ်ယောက်ရဲ့  အရည်အချင်းတွေ ၊ စိတ်ထားတွေကို ကလေးသူ့ဆန္ဒသူသိလာစ ငါးလ ၊ ခြောက်လလောက်အရွယ်ကတည်းကစပြီး လေ့ကျင့်ပေးတယ်။

ရောယောင်တဲ့သူတွေဟာ နောက်လိုက်ပဲဖြစ်တာများတဲ့အတွက် သူများတွေလုပ်တိုင်း ရောယောင် မလုပ်မိအောင် ၊ အကြောင်းအကျိုး ၊ အခြေအနေနဲ့ အချိန်အခါဆိုတာတွေကို မိမိဘာသာ သုံးသပ်တတ်အောင် ၊ အမှန်ကို သည်းခံရှာဖွေတတ်အောင် ကျွန်မသမီးလေးကို လေ့ကျင့်ပေးထားပါတယ်။ သူရယူချင်တာကို မဆုတ်မနစ်ရယူဖို့ ကြိုးပမ်းတတ်အောင် ၊ တပါးသူအပေါ်မှီခိုစိတ် မထားတတ်အောင် ၊ လဲကျချော်ကျ နာကျင်ဒဏ်ရာရသွားသည့်တိုင် ဒါဟာခဏပဲ ရင်ထဲသိမ်းထားပြီး ခံစားဝမ်းနည်းနေဖို့မလိုဘူး ၊ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ရမယ်ဆိုတဲ့ အတွေးမျိုးတွေနဲ့ နေထိုင်ကျင့်ကြံတတ်အောင် သင်ပေးထားပါတယ်။

အင်တာနက်ခေတ်ကြီးထဲမှာ အွန်လိုင်းပေါ်ရှိနေပြီဆိုတာနဲ့ လူမှုကွန်ယက်ဝက်ဘ်ဆိုဒ်တွေကနေ ဘယ်သူကတင်လို့ ဘယ်သူဘာစား ၊ ဘာလုပ်ဆိုတာတွေကို မိန်းမောနေတော့ သူများလုပ်ပြတာတွေကြည့်ပြီး ကိုယ်လုပ်ရမယ့်အလုပ်ဆိုတာကို မသိတော့တာ ၊ မေ့လျော့နေတာတွေလည်း ဖြစ်နိုင်တယ်။ ဝေဝါးသွားတာလည်း ဖြစ်နိုင်တယ်။ ဒီခေတ်က ရောယောင်ရတာ သိပ်လွယ်တဲ့ ခေတ်ကြီးပဲနော်။ အွန်လိုင်းပေါ်ကထွက် ၊ ဖုန်းနဲ့မျက်နှာခွာဖို့ ၊ ဂိမ်းတွေမဆော့ဖို့ ၊ ဇတ်လမ်းတွဲတွေ မကြည့်မိဖို့ ၊ Facebook နဲ့ ဖျော်ဖြေရေး ဝက်ဘ်ဆိုဒ်တွေ မသုံးမိဖို့ဆိုတာ အတော်ခက်နေတဲ့ ခေတ်ကြီးပဲ။ ခက်နေတဲ့အခြေအနေကြီးကနေ ထွင်းဖောက်လာနိုင်ပြီး ငါ့ကိုယ်ငါသိ ၊ ငါလုပ်စရာရှိတာ လုပ်နေနိုင်တဲ့သူတွေဟာ ခေါင်းဆောင်ဖြစ်လာဖို့ အတော်နီးစပ်နေပါပြီ။

သူများယောင်တိုင်း လိုက်မယောင်တတ်တာဟာ ခေါင်းဆောင်ကောင်းတွေရဲ့ အရည်အချင်းထဲကတစ်ခုပေါ့။ ဒါဟာ သူများကို ကန့်လန့်တိုက်ဖို့ ဆိုလိုတာမဟုတ်ဘဲ အကြောင်းအကျိုး အချက်အလက်လျော်ညီစွာ တွေးခေါ်စဉ်းစားပြီး ဒါတော့ ဖြစ်သင့်တယ် ၊ ဒါတော့မဖြစ်သင့်ဘူးဆိုတာကို ကိုယ်တိုင်လည်း ရှာဖွေစူးစမ်း ၊ သူများလည်း ပြန်သုံးသပ်ဖို့ အမှန်ထောက်ပြပြောဆိုခြင်းပါ။

ခေါင်းဆောင်တွေဟာ နောက်လိုက်လုပ်ရတာကို ဝါသနာမပါပေမယ့် သူပညာရယူနိုင်မယ့်အရေးဆို နောက်လိုက်ကောင်းတစ်ယောက်ဖြစ်ဖို့ကိုလည်း အမြဲအဆင့်သင့်ဖြစ်နေရမယ်လေ။ ဒီလိုသင်ယူတဲ့အခါမှာလည်း ကျိုးနွံနှိမ့်ချသင်ယူချင်စိတ်ရှိမှ ဖြစ်မှာပါ။ ငါသိပါတယ်ဆိုပြီး သင်ယူနေသမျှ ငါမသိတာတွေကို သိလာအောင် မကြိုးစားချင်တော့ဘူးလေ။ ပညာရယူနိုင်တဲ့နေရာနဲ့ ပညာပေးနိုင်သူတွေဆီမှာ ပညာယူဖို့ အမြဲအသင့်ဖြစ်နေတဲ့စိတ်ကလေးလည်းရှိရမယ်။ မိုးရွာလို့နေပူလို့ နေ့ရွှေ့ညရွှေ့ ရွှေ့နေရင် ဒီလိုမရွှေ့ဘဲ ဆည်းပူးတတ်သူက နှာတဖျားအသာနဲ့ ခေါင်းဆောင်နေရာမှာ ရပ်တည်နေမှာပါ။

အောင်မြင်မှုရသွားပြီဆို အောင်မြင်မှုမှာသာယာ ၊ နောက်လိုက်တွေများပြီဆို ဒီနောက်လိုက်တွေ ၊ အခြွေအရံတွေ ၊ စည်းစိမ်တွေနဲ့ သာယာနေပြီဆို မိမိရဲ့  နာမည်ကောင်းနဲ့ နေရာကို ရေရှည်ထိန်းသိမ်းထားဖို့ဆိုတာ မသေချာတော့ပါဘူး။ အကျဘက်များနေပြီ။ အောင်မြင်ရင်ပွဲသိမ်းပြီပေါ့လို့ထင်ရင် မှားပါတယ်။ အောင်မြင်မှ စိန်ခေါ်မှုတွေရဲ့အစဖြစ်ပါတယ်။ သွေးတိုးစမ်းသူတွေရှိမယ်။ ပညာစမ်းသူတွေကြုံရမယ်။ မနာလိုသူတွေကဖျက်မယ်။ မယုံကြည်သူတွေက ကိုယ်ဟာမယုံကြည်သင့်သူပါလို့ သက်သေထူနိုင်ဖို့ အပြစ်ရှာကြိုးစားမယ်။ ဒီဒဏ်တွေဟာ အောင်မြင်လေ ကြီးကြီးမားမားခံရလေ ၊ စိတ်ဖိစီးမှုများလေပါ။ ဒါကို အောင်မြင်နေသူတိုင်းနဲ့ အောင်မြင်ခဲ့သူတိုင်း သိပါတယ်။ အပင်မြင့်လေ လေတိုက်လေဆိုတာ ဒါပေါ့။

ကြီးကြီးမားမား အောင်မြင်သူနဲ့ ဆုံးရှုံးသူတွေရဲ့ တူညီသောအချက်က အထီးကျန်ခံစားရခြင်းဆိုရင် ယုံမလား။ လုံးဝဆုံးရှုံး ၊ ကျရှုံးသွားတဲ့သူတွေက လူတွေကို ရင်မဆိုင်ရဲတာ ၊ မယုံကြည်ရဲတာ စတာတွေနဲ့ တစ်ယောက်တည်း အထီးကျန်နေချင်လာတာဖြစ်ပြီး ကြီးကြီးမားမား အောင်မြင်ထားသူတွေကတော့ အပြုံးတုတွေအဖော်လုပ်ပြီး လူတွေကို ရင်မဆိုင်ချင်တာ ၊ မိမိကလွဲလို့ ဘယ်သူ့ကိုမှ မယုံကြည်နိုင်တာ စတာတွေနဲ့ အထီးကျန် ခံစားလာရပါတယ်။

အထီးကျန်တဲ့ဒဏ်တွေခံနိုင်ဖို့ တစ်ဦးတည်းနေချိန်တွေကို ကိုယ့်အကျိုး ၊ အများအကျိုးအတွက် ရည်ရွယ်အသုံးပြုပြီး ပျော်အောင်ကြိုးစားရင်ကြိုးစား ၊ ဒီလိုမှမဟုတ်ရင် ဒီလိုခက်ခဲတဲ့အချိန်တွေကို တည်ငြိမ်စွာရင်ဆိုနိုင်ဖို့ တရားကိုနှလုံးသွင်းပြီး တရားထိုင်ခြင်းမှာ မွေ့လျော်တ်ရပါမယ်။ တရားထိုင်ခြင်းနဲ့ တရားစကားတွေကို နားမလည်နိုင်သေးတဲ့ ကျွန်မရဲ့သမီးလေးကိုတော့ တစ်ဦးတည်းဖြစ်နေချိန်တွေမှာ စာတွေဖတ်ရင်း အချိန်ကုန်ဆုံးတတ်အောင် ၊ အနုပညာနဲ့ အချိန်ကုန်ဆုံးတတ်အောင် သင်ပေးထားပါတယ်။ ကိုယ့်ဘာသာတစ်ယောက်တည်း စိတ်ပျော်အောင် ၊ စိတ်ငြိမ်းချမ်းအောင် ကျင့်ကြံနေထိုင်သူတစ်ယောက်ဟာ ဘယ်သူတွေပယ်ထား ၊ ပယ်ထား ၊ ဘယ်လိုအထီးကျန်ဖြစ်နေပါစေ မမှုတော့ပါဘူး။

တကယ်ဆိုရင် ဆရာပဲဖြစ်ဖြစ် ၊ အောင်မြင်သူပဲဖြစ်ဖြစ် ၊ အုပ်ချုပ်သူပဲဖြစ်ဖြစ် အကြီးအကဲနေရာတွေကို ရရှိရပ်တည်နေသူတွေဟာ ကိုယ့်အဖွဲ့အစည်းနဲ့ လက်အောက်ငယ်သားတွေကို ကိုယ့်ထက်ထွန်းပြောင်အောင်ပဲဖြစ်ဖြစ် ၊ ကိုယ့်လောက်ထွန်းပြောင်အောင်ပဲဖြစ်ဖြစ် သူတို့ရှိရင်းစွဲအရည်အချင်းထက်ပိုပြီး တိုးတက်ကောင်းမွန်လာအောင် အသိပညာပေးဖို့ ၊ မြှင့်တင်ပေးဖို့လိုပါတယ်။

ပညာပေးသူဟာ ပညာကို ပြန်ဆည်းပူးရတယ်။ ရေစည်ပိုင်းထဲကရေကို တခြားသူကို ငှဲ့ပေးလိုက်ရင် နောင်လူတွေကို ထပ်ထပ် ငှဲ့ပေးဖို့ ပြန်ဖြည့်ရသလိုမျိုး …. ခုတ်နေတဲ့ဓါးဟာ သွေးပေးဖို့ လိုသလိုမျိုး …. နေ့စဉ်နဲ့အမျှ တိုးတက်ထွန်းကားတဲ့ နည်းပညာသစ်တွေ ၊ အကြောင်းအရာသစ်တွေ ၊ အချက်အလက်သစ်တွေ ထွန်းကားနေတဲ့ခေတ်ကြီးထဲ ပညာပေးသူကိုယ်တိုင်လည်း ပညာတွေကို တချိန်တည်းမှာ လေ့လာသင်ယူနေဖို့လိုပါတယ်။ ကျွန်မဆိုရင် သမီးဆီက ကိုယ်မသိသေးတာတွေကို ပြန်ပညာယူတာပဲ။ သူ့ရဲ့အတွေးအခေါ်တွေ ၊ သူ့ရဲ့ထင်မြင်ယူဆချက်တွေ ၊ သူ့ရဲ့ခံစားချက်တွေကို ကိုယ်မသိမမြင်နိုင်တဲ့ထောင့်ကနေ တွေ့မြင်ကြားသိရတာ စိတ်ဝင်စားစရာကောင်းပါတယ်။ ဘယ်သူမှ အမြဲ မှန်မနေနိုင်ဘူးလေ။

သည်းခံစိတ် ၊ ကိုယ်ချင်းစာစိတ်တွေဟာလည်း ခေါင်းဆောင်ကောင်းတို့ရဲ့ မရှိမဖြစ်သော အရည်အသွေးတွေပဲဖြစ်ပါတယ်။ ဒါတွေပြည့်ဝတဲ့သူနောက်ကို အလိုလိုနောက်လိုက်တွေ များလာတာဟာ မွှေးပျံ့သောပန်းတွေဆီကို ပျား ၊ ပုတုန်းတွေ အလိုလိုရောက်လာသလိုမျိုးပါ။ အဆုံးမှာတော့ ခေါင်းဆောင်အရည်းအချင်း အပြည့်အဝရှိပြီး ဦးဆောင်မှုစွမ်းရည်ပြည့်ဝသူတွေသာ ခေါင်းဆောင်ဖြစ်နေနိုင်ပြီး ဦးဆောင်မှုစွမ်းရည်မရှိသူတွေကတော့ နောက်လိုက်တွေအဖြစ် ရှိနေဦးမှာပါ။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%a5%e1%80%ae%e1%80%b8%e1%80%b1%e1%80%86%e1%80%ac/feed/ 0
ကလေးသူငယ်များအား ဆုံးမခြင်း http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%bb/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%bb/#respond Mon, 30 Nov 2015 08:32:09 +0000 http://www.burmesehearts.com/?p=21274
မှန်ကွဲကို မှန်သစ်နဲ့ အစားထိုးနိုင်ပေမယ့် စိတ်ဒဏ်ရာဒဏ်ချက်တွေကို ဘာနဲ့ အစားထိုးရပါ့။
မှန်ကွဲကို မှန်သစ်နဲ့ အစားထိုးနိုင်ပေမယ့် စိတ်ဒဏ်ရာဒဏ်ချက်တွေကို ဘာနဲ့ အစားထိုးရပါ့။

မိဘတွေရဲ့စိတ်ထဲမှာ ကလေးကို ရိုက်ပြီးဆုံးမမှ ကလေးဟာ သင်ယူမယ်လို့ တွေးထင်နေရင် အမှားကြီးမှားနေပါပြီ။ ကလေးကိုရိုက်တာဟာ ကလေးအသားကို နာကျင်စေရုံတင်မဟုတ်ဘူး။ စိတ်ကိုလည်း နာကျင်စေပါတယ်။ ကလေးကို ရိုက်ဆုံးမလိုက်မှ ကလေးဟာ ကိုယ်ပြုစေချင်တာကို တကယ်ပြုမှာလား။ တစ်ကြိမ်ကနေ နှစ်ကြိမ် ၊ နှစ်ကြိမ်ကနေ အကြိမ်ကြိမ် အချက်ရေထပ်တိုးရိုက်မယ် ၊ ခပ်ကြမ်းကြမ်း ဆုံးမရင်းကနေ ခြေလွန်လက်လွန်တွေဖြစ်ပြီး ကလေးဟာ အရိုးအဆစ်ပြုတ် ၊ ကျိုးပဲ့တာတွေနဲ့ ဆေးရုံဆေးခန်းပြေးကြရတာတွေကိုလည်း ကျွန်မမြင်တွေ့ဖူးပါတယ်။

သူ့သားသမီးသူ ဘယ်လိုဆုံးမ ဆုံးမ ကိုယ်နဲ့မဆိုင်ဘူးလို့ မျက်နှာလွှဲလိုက်လို့ရပေမယ့် ကျွန်မစိတ်ထဲမှာတော့ အဲဒီအခြင်းအရာကြီးက စွဲထင်ကျန်ရစ်စေပါတယ်။ ကျွန်မကလေ စိတ်ဒဏ်ရာရစွာ ကြီးပြင်းခဲ့ရတဲ့သူအရေအတွက် နည်းစေချင်တယ်။ ဒီလိုနည်းဖို့ဆို ကလေးသူငယ်တွေ စိတ်ဒဏ်ရာနဲ့ မကြီးပြင်းလာဖို့ အာရုံထားရမှာပါပဲ။ ကလေးသူငယ်တွေ စိတ်ဒဏ်ရာနဲ့ မကြီးပြင်းလာဖို့ဆိုရင် ကလေးသူငယ်တွေကို ကြည့်ရှုစောင့်ရှောက်လို့ ပဲ့ပြင်အုပ်ထိန်းနေတဲ့ လူကြီးသူမတွေ ၊ ဆရာ ၊ ဆရာမတွေ ၊ ပတ်ဝန်းကျင် အသိုင်းအဝန်းမှာ ရှိတဲ့သူတွေရဲ့ ကလေးကို သွန်သင်ပြသမှုနည်းလမ်းတွေဟာ နူးညံ့စွာ ၊ စိတ်ရှည်စွာ ၊ မှန်ကန်တဲ့နည်းလမ်းနဲ့ ဆုံးမပဲ့ပြင်တတ်ဖို့ ဦးစားပေးရမှာပါပဲ။

စိတ်ဒဏ်ရာရတဲ့သူတွေနည်းလေ လူမှုဝန်းကျင်ဟာ ပိုပြီး နူးညံ့ညင်သာလို့ ပြုမူဆက်ဆံရေး ၊ ခံယူချက်တွေဟာ အကောင်းဘက်က တွေးခေါ်လုပ်ကိုင်မှာဖြစ်ပါတယ်။ စိတ်ဒဏ်ရရတဲ့သူတွေများနေရင်တော့ ဤကိုကျွဲဖြစ်သလို အမှားဟာအမှန်ဖြစ်ပြီး ကြမ်းတမ်းခက်ထန်မှုတွေ ၊ မနာလိုမရှုစိမ့်မှုတွေ ၊ သူများတိုးတက်ပျော်ရွှင်တာကို မလိုလားမှုတွေနဲ့ ပြုမူလုပ်ကိုင်သမျှဟာ အဆိုးဘက်ကပဲ တွေးခေါ်လုပ်ကိုင်သူတွေ များနေမှာပါ။ ဒါကြောင့် ကလေးသူငယ်တွေကို နူးညံ့စွာဆက်ဆံခြင်း ၊ နားလည်မှုပေးပြီး သွန်သင်ခြင်း ၊ သည်းခံမှုနဲ့သွန်သင်ပေးခြင်း ၊ ကိုယ်ချင်းစာမှုနဲ့ ဆုံးမခြင်းတွေဟာ အနာဂါတ်လူမှုဝန်းကျင်ကောင်းမွန်ဖို့ မဖြစ်မနေလိုအပ်နေပါတယ်။

ဖိတ်စင်အောင်လုပ်လိုက်တဲ့ကလေး ၊ ပျက်စီးမှုတွေ ဖြစ်စေတဲ့ကလေး ၊ ပစ္စည်းတွေကွဲစေခြင်း ၊ ဖြဲဆုတ်ခြင်း ၊ ပွရှုပ်ခြင်း စတဲ့ အထွေထွေသော စိတ်မရှည်စဖွယ် ၊ စိတ်ပျက်ဖွယ် ၊ သည်းမခံနိုင်ဖွယ် အလုပ်တွေကို လုပ်မိတဲ့ကလေးဟာ အပြစ်လုပ်မိသူ ၊ အမှားလုပ်မိသူပေါ့။ အပြစ်လုပ်မိသူ ၊ အမှားလုပ်မိတဲ့ကလေးကို အော်ဟစ်ဆူပူငေါက်ငမ်းတာ ၊ လုပ်ရကောင်းရဲ့လို့ ရိုက်နှက်တာ ၊ လုပ်ဦးမလားဆိုပြီး ပြစ်ဒဏ်ပေးတာတွေ မလုပ်ခင် ကလေးဟာ ဒါကို ဖြစ်စေချင်တဲ့ဆန္ဒနဲ့ (တနည်းအားဖြင့် ဖြစ်ပါစေတော့လို့) တမင်ရည်ရွယ်လုပ်ခဲ့တာလား အရင်စဉ်းစားပါ။

ကလေးဆိုတာ နုငယ်လေ မသိတတ်သေးလေပါပဲ။ အဲဒီလိုမသိတတ်သေးတဲ့ သုံးနှစ်အောက်လို အရွယ်တွေမှာ သိတတ်အောင် စမ်းသပ် သင်ယူနေတဲ့အရွယ်မို့ ဒါဟာလုပ်သင့်တယ် ၊ ဒါဟာ မလုပ်သင့်ဘူးဆိုတာ ခွဲခြားမသိဘဲ လုပ်မိတာတွေပါ။ သူ့စိတ်ထဲမှာ ဒါကို ဒီလိုလုပ်လိုက်ရင် ဘာဖြစ်သွားမလဲဆိုတဲ့ စူးစမ်းချင်စိတ်ရယ် ၊ ဒါကို ဒီလိုလုပ်လိုက်ရင် ဘာဖြစ်သွားမလဲလို့ စမ်းသပ်ချင်စိတ်ရယ်ဆိုတာတွေကို အခြေခံ လုပ်ကြည့်ရင်းနဲ့မှ သင်ယူလေ့လာနေတာဖြစ်ပါတယ်။ ဒါတွေကို သူတို့က အကြိမ်ကြိမ် ၊ အဖန်ဖန် လုပ်ကြည့်ရင်းနဲ့ သင်ယူနေတာပါ။ တခါလုပ်ပြီးလို့ မှတ်သွားပြီ ၊ တတ်သွားပြီမထင်နဲ့လေ။

ဒီလိုစူးစမ်းလေ့လာနေတဲ့အရွယ်မို့ သူတို့လုပ်လိုက်လို့ ပစ္စည်းတွေဟာ ဖိတ်စင် ၊ ကွဲကြေ ၊ ပျက်စီးသွားခဲ့မယ်ဆိုရင် ကလေးဟာ ဒီလိုလုပ်ရင်း သင်ယူနေပါလားလို့ အရင်ဆုံး တွေးပေးကြည့်ပါလား။ ဒီလိုအတွေး အရင်ဝင်လာခဲ့မယ်ဆိုရင် ဖိတ်စင်ပျက်စီးသွားတဲ့ပစ္စည်းအတွက် ကလေးကို ဆူပူငေါက်ငမ်း ရိုက်နှက်ပြစ်ဒဏ်ပေးဖို့ မတွေးဖြစ်တော့ဘူးလေ။ ကလေးဟာ ဒီလိုလုပ်ရင်း သင်ယူနေတယ်ဆိုတဲ့ အတွေးရဲ့နောက်မှာ ဘယ်လိုမှန်မှန်ကန်ကန် လုပ်သင့်တယ်လို့ ကလေးကို နားလည်အောင် စိတ်ရှည်ရှည် ပြောဆိုသင်ပြပေးရမှာပါ။

တမင်ပျက်စီးပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ မလုပ်ခဲ့ဘဲ မတော်တဆဖြစ်လို့ ပျက်စီးဖိတ်စင်သွားခဲ့တဲ့အဖြစ်ကို နားလည်ပေးလိုက်ပါ။ မှားတတ်တဲ့ လူ့သဘာဝကို နားလည်ပေးလိုက်ပါ။ စူးစမ်းသင်ယူနေတတ်တဲ့ ကလေးသဘာဝကို နားလည်ပေးလိုက်ပါ။ ဖြစ်သွားခဲ့တာတော့ ဖြစ်သွားခဲ့ပြီ ၊ ပျက်သွားခဲ့တာတော့ ပျက်သွားခဲ့ပြီး နောက်မဖြစ်အောင် ဘယ်လိုလုပ်ရမယ်လို့ ဦးစားပေးသင်ပေးရမှာဖြစ်ပါတယ်။

တမင်ပျက်စီးပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ မလုပ်ခဲ့တဲ့ကလေးကို နာမှမှတ်မှာဆိုတဲ့စိတ်နဲ့ တမင်နာအောင် ၊ မှတ်အောင် တရကြမ်းရိုက်နှက်ဆုံးမတတ်တဲ့ လူကြီးမိဘ ၊ ဆရာသမားတွေဟာ ကလေးကို လုံးဝမှားယွင်းစွာ ဆုံးမနေတာပါ။ ကလေးဟာ စိတ်ထဲမှာ မှတ်ကောင်းမှတ်သွားမယ်။ ဒါပေမယ့် ကောင်းသောမှတ်ခြင်းမျိုးမဟုတ်ဘဲ ဒီလူဟာ ငါ့ကို ဒီလို ရက်ရက်စက်စက် လုပ်တတ်ပါလား ၊ ဒီလူဟာ ငါအမှားလုပ်တိုင်း စိတ်ဆိုးဒေါသထွက်ပြီး ရိုက်နှက်တတ်တာ အတော်ကြောက်စရာကောင်းပါလားလို့ အကြောက်တရား စိုးမိုးတဲ့စိတ်နဲ့ သူ့ရဲ့ အမှတ်သညာထဲမှာ မှတ်သွားပါတယ်။

BurmeseHearts Blog

ကလေးတွေကို ထုလေမာလေ ငါးဖယ်လို့ တင်စားပြီး မိဘတွေက သရော်ဆုံးမတတ်ကြသေးတယ်။ ကလေးဟာ ငါးဖယ်မှမဟုတ်ဘဲလေ။ ထုလေမာလေ ဖြစ်လာတာက ကလေးရဲ့စိတ်ဓါတ်တွေ မာကြောလာတာကို ပြတာပါ။ အမြဲရိုက်နှက်ခံနေရတော့ လူကြီးမိဘတွေရဲ့ ရိုက်နိုင်အားကို ခံနိုင်ရည်ရှိလာတာပေါ့။ လူကြီးမိဘတွေရဲ့ ရိုက်နိုင်အားကို ငယ်ငယ်လေးနဲ့ ခံနိုင်ရည်ရှိလာလေ ဆိုဆုံးမရခက်လေ ဖြစ်လာမှာပါ။ ဘယ်လောက်ရိုက်ရိုက် လုပ်မြဲလုပ်ကျင့်ဖြစ်နေတဲ့ ကလေးရဲ့ အကျင့်ဟာ ပြောင်းလဲမသွားဘူးဆိုရင် ကလေးရဲ့စိတ်ဓါတ်မာကြောမှုဟာ အရမ်းကို ရေချိန်မြင့်မားနေပါပြီ။

ကလေးစိတ်ဓါတ်မာကြောလာတယ်ဆိုလို့ အကောင်းဘက်ကပဲလို့ မထင်လိုက်နဲ့နော်။ ဒါဟာ အဆိုးဘက်ကဖြစ်ပါတယ်။ လူကြီးမိဘ ၊ ဆရာသမားတွေရဲ့ ရိုက်နှက်ဆုံးမတာ ခံရပါများတော့ ကလေးရဲ့စိတ်ဓါတ်မာကြောလာတယ်ဆိုတာ ကလေးရဲ့ ခံစားမှုတွေ မာကြောလာတာ ၊ တနည်းအားဖြင့် ကလေးရဲ့ခံစားမှုတွေ အေးစက်လာတာ ၊ အဆုံးစွန်မှာတော့ တော်ရုံဝမ်းနည်းခံစားမနေတတ်တဲ့ သွေးအေးအေးနဲ့ ရက်စက်တတ်သူတွေ ဖြစ်လာနိုင်တယ်လေ။

ဒီလိုစိတ်နဲ့ ကြီးလာတဲ့ကလေး ၊ လူငယ် ၊ လူရွယ် ၊ လူကြီးတွေဟာ တပါးသူကို ကိုယ်ချင်းမစာတတ်ဘူး။ သူ့တို့တုန်းက ကိုယ်ချင်းစာဖေးမတဲ့သူ မရှိခဲ့လို့ ဖြစ်နိုင်တယ်။ တပါးသူကို မသနားတတ်ဘူး။ သူ့တို့တုန်းက ဘယ်လောက်ငိုယို တောင်းပန်တောင်းပန် မသနားမညှာတာ ရိုက်နှက်အနှိပ်စက်ခံခဲ့ရလို့ ဖြစ်နိုင်တယ်။ တပါးသူကို ဖေးမညှာတာချင်စိတ် မရှိဘူး။ သူတို့တုန်းက ဖေးမညှာတာတဲ့သူ မပေါ်ခဲ့ဖူးလို့ ဖြစ်နိုင်တယ်။ သူတို့တွေဟာ တပါးသူပျော်တာကို မလိုလားဘူး။ သူ့တို့တုန်းက ပျော်ရွှင်မှုဆိုတာကို မခံစားခဲ့ရလို့ဖြစ်တယ်။ သူတို့တွေဟာ ချစ်ခြင်းမေတ္တာကို မယုံကြည်ဘူး။ သူတို့တုန်းက ချစ်ခင်ကြင်နာတဲ့သူ မတွေ့ခဲ့ရလို့ဖြစ်တယ်။ အဆုံးစွန်မှာတော့ သူတို့ဟာ သွေးအေးအေးနဲ့ စီရင်တတ်သူတွေ ဖြစ်လာပါတယ်။

တကယ်ဆို သူတို့ဟာ ကလေးဘဝကတည်းက စိတ်ဒဏ်ရာနဲ့ ကြီးပြင်းလာခဲ့ရတာပေါ့။ သူတို့ရဲ့စိတ်ဒဏ်ရာ နက်ရင်နက်သလောက် သူတို့ကြီးပြင်းလာတဲ့ လူ့အသိုင်းအဝန်းအတွက် အန္တရာယ်ကြီးကြီးပေးနိုင်တဲ့ အဆိပ်အတောက်တွေ ဖြစ်လာပါတယ်။ အနည်းဆုံး သူ့မိသားစု ၊ သူ့မိဘ ၊ သူ့ဇနီး ၊ သူ့ကလေးနဲ့ သူ့လူမှုဝန်းကျင်မှသည် သူ့ရဲ့အလုပ်အကိုင် ၊ ရာထူး ၊ ဂုဏ်ရှိန်ကြီးရင်ကြီးသလောက် လူ့အသိုင်းအဝန်းအတွက် အန္တရာယ်ရှိနေပါတယ်။

ဒါတွေဟာ ဘယ်ကစသလဲဆိုရင် လူကြီးမိဘ ၊ ဆရာသမားတွေရဲ့  သွန်သင်ဆုံးမမှုကနေ စတာလို့ ဆိုနိုင်ပါတယ်။ အပြောမတတ်ရင် ဆဲသလိုဖြစ်သွားတယ်ဆိုတာ နားလည်ပေးလို့ရပေမယ့် ဆိုဆုံးမမှုမတတ်ရင်တော့ လူ့ဘဝတစ်ခုမှသည် လူ့အသိုင်းအဝန်းတခုလုံးကို ခြိမ်းခြောက်နေနိုင်ပါတယ်။ ဒီလိုစိတ်ဒဏ်ရာနဲ့ ကြီးပြင်းလာတဲ့သူတွေများလေ လူ့အသိုင်းအဝန်းအတွက် အန္တရာယ်ကြီးလေမို့ ကလေးကို မဆုံးမခင် ငါလည်း မှားတတ်တာပဲ ၊ ငါ့ထက်ငယ်နုသေးတဲ့ ဒီကလေးလည်း မှားတတ်တာပဲဆိုတဲ့ နားလည်ခွင့်လွှတ်စိတ်ကလေး ရှေ့ပြေးတွေးပေးနိုင်မယ်ဆိုရင်တော့ လူကြီးမိဘ ၊ ဆရာသမားတွေရဲ့ ဆိုဆုံးမမှုဟာ နားလည်မှုအခြေခံ ပျော့ပျောင်းလာနိုင်တာမို့ စိတ်ဒဏ်ရာရတဲ့ ကလေးတွေ နည်းသထက် နည်းလာနိုင်ပါတယ်။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%bb/feed/ 0
မိတ်ကပ်အလှပြင်ပစ္စည်း ရွေးချယ်သုံးစွဲနည်း http://www.burmesehearts.com/%e1%80%99%e1%80%ad%e1%80%90%e1%80%b9%e1%80%80%e1%80%95%e1%80%b9%e1%80%a1%e1%80%9c%e1%80%bd%e1%80%bb%e1%80%95%e1%80%84%e1%80%b9%e1%80%95%e1%80%85%e1%81%a5%e1%80%8a%e1%80%b9%e1%80%b8-%e1%80%b1%e1%80%9b/ http://www.burmesehearts.com/%e1%80%99%e1%80%ad%e1%80%90%e1%80%b9%e1%80%80%e1%80%95%e1%80%b9%e1%80%a1%e1%80%9c%e1%80%bd%e1%80%bb%e1%80%95%e1%80%84%e1%80%b9%e1%80%95%e1%80%85%e1%81%a5%e1%80%8a%e1%80%b9%e1%80%b8-%e1%80%b1%e1%80%9b/#respond Sun, 29 Nov 2015 13:48:04 +0000 http://www.burmesehearts.com/?p=21175
သဘာဝကျကျလေး လှနေဖို့ဆိုရင် ကိုယ့်မျက်နှာအသားအရည်နဲ့ အနီးစပ်ဆုံးတူတဲ့ မိတ်ကပ်အရောင်ကို ရွေးချယ်သုံးစွဲပါ။

သဘာဝအတိုင်းလှဖို့ဆိုရင် သဘာဝအတိုင်းလှအောင်ပြင်ရမှာပေါ့နော်။ ဒီလို သဘာဝကျကျ လှအောင်ပြင်ဖို့ဆိုရင် မိမိရွေးချယ်တဲ့ မိတ်ကပ်ဟာ အရမ်းအရေးကြီးပါတယ်။ မိမိသုံးတဲ့မိတ်ကပ်အရေးကြီးတယ်ဆိုတာက ဈေးအနည်း ၊ အများကို ဆိုလိုခြင်းထက် မိတ်ကပ်အရောင်ကို အဓိက ဆိုလိုတာဖြစ်ပါတယ်။ ပြီးတော့ မိတ်ကပ်အမျိုးအစား ဖြစ်ပါတယ်။ မိတ်ကပ်အမျိုးအစားဟာ ကိုယ့်အသားအရည်နဲ့ အဆင်မပြေတာမျိုး ၊ မသုံးဖူးတာမျိုး ၊ မယုံကြည်ရတဲ့ အမျိုးအစားမျိုးတွေ ဖြစ်နေမယ်ဆိုရင်လည်း ကိုယ့်ရဲ့ မျက်နှာအသားအရည် ပျက်စီးနိုင်တယ်လေ။ အချင်းချင်း မျက်နှာစုံညီ ဆက်ဆံပြောဆိုတော့မယ်ဆို မျက်နှာဟာ လူတစ်ကိုယ်လုံးမှာ ပထမဆုံး သတိထားကြည့်တဲ့နေရာပါပဲ။ ဒီတော့ မျက်နှာအသားအရည် ပျက်စီးတာဟာ ခြေ ၊ လက် ၊ ကိုယ်ပေါ်က အသားအရည် ပျက်စီးသွားတာထက် ပိုသိသာသလို ပိုကြည့်ရဆိုးစေတယ်။ ဒါကြောင့်ကိုယ်မျက်နှာဆိုတာ အထူးဂရုစိုက်ရမယ့် အရေပြားဖြစ်နေတယ်လေ။

မျက်နှာကို အလှဆင်ဖို့ မိတ်ကပ်ရွေးမယ်ဆိုရင် ဘာတွေ သတိထားရမလဲလို့ အောက်မှာ အချက်အလက်တွေနဲ့ ဖော်ပြပေးလိုက်တယ်နော်။

၁။ မိတ်ကပ်အရည်ပဲဝယ်ဝယ် ၊ ပေါင်ဒါပဲဝယ်ဝယ် ၊ ကိုယ့်မျက်နှာပေါ်တင်မယ့် အလှပြင်ပစ္စည်းတွေကို အွန်လိုင်းပေါ်က ဝယ်တာမျိုးကို ရှောင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အွန်လိုင်ပေါ်မှာက အတုအပတွေတအားများတာမို့ ကိုယ်ဝယ်လိုက်တာ တံဆိပ်အတုလား ၊ အစစ်လား ဘယ်လိုစစ်ဆေးလို့ သိနိုင်ပါ့မလဲ။ ကိုယ်မသုံးဖူးတဲ့တံဆိပ်ဝယ်သုံးမိရင် ပိုပြီး အန္တရာယ်များတယ်။ ကိုယ်သုံးဖူးတဲ့ တံဆိပ်ဖြစ်တဲ့တိုင်အောင် အွန်လိုင်းပေါ်က အခုကိုယ်ဝယ်လိုက်တာက အစစ်လား ၊ အတုလား ဘယ်လိုခွဲခြားနိုင်ပါ့မလဲ။ ဒီတော့ ကိုယ်ဝယ်ချင်တဲ့ ပစ္စည်းတံဆိပ်ကို စတိုးဆိုင်ကြီးတွေ ၊ စူပါးမားကက်တွေလို စိတ်ချရတဲ့နေရာတွေမှာ သွားဝယ်ပါ။ ရပ်ကွက်ဈေးမှာရောင်းတာထက် ဈေးနည်းနည်း ကြီးချင်ကြီးနေနိုင်ပါတယ်။ ဒါပေမယ့် ပင်ရင်းဆိုင်တွေက ပို့ထားတဲ့ပစ္စည်းတွေကိုပဲ စတိုးဆိုင်ကြီးတွေ ၊ စူပါးမားကက်တွေက တင်ရောင်းတာမို့ အတုအတွက် စိတ်အေးရပါတယ်။ ဒီ့ထက်ပိုစိတ်အေးချင်တယ်ဆို ပင်ရင်းစတိုးဆိုင်တွေမှာ အားပေးပါ။ ဥပမာ – l’oreal ၊ maybelline စသဖြင့် သူတို့ပစ္စည်းတွေပဲ သီးသန့်ရောင်းတဲ့ ပင်ရင်းအရောင်းဆိုင်ငယ်တွေမှာ အားပေးပါ။

၂။ တချို့ အလှပြင်ပစ္စည်းတွေက Expire Date ပါတာတွေရှိတယ်။ ဒီလိုမျိုးတွေရှိတယ်ဆို ငွေမချေခင် ဗူးခွံဖုံးက ရက်လွန်မယ့်နေ့စွဲကို ရှာကြည့်ပြီးမှ ငွေချေပါ။ ဆိုလိုတာက ရက်လွန်ပစ္စည်းတွေ သုံးတဲ့အခါ ကိုယ့်မှာ အန္တရာယ်ဖြစ်နိုင်တယ်လေ။ မိတ်ကပ် ၊ ပေါင်ဒါ စသဖြင့် အသားမှာတင်ရတာတွေဆို အသားအရေမှာ မှဲ့ခြောက် ၊ တင်းတိတ်တွေ ပေါ်လာတာမျိုး ၊ ဝက်ခြံတွေ ပေါက်လာတာမျိုး ၊ အသားမညီတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ မျက်လုံးတို့ နှုတ်ခမ်းတို့လိုမျိုးနေရာတွေမှာ သုံးတဲ့ပစ္စည်းတွေ ဒိတ်လွန်နေတယ်ဆိုရင်လည်း ကိုယ့်မျက်လုံးနဲ့ နှုတ်ခမ်းကို ဒုက္ခပေးလာမှာပဲပေါ့။ ဒါကြောင့် ရေရှည်ကြည့်တဲ့အနေနဲ့ အတုအပပစ္စည်းတွေ မသုံးမိအောင် ၊ ရက်လွန်ပစ္စည်းတွေ မသုံးမိအောင် သူတို့တံဆိပ်တွေ သီးသန့်ရောင်းတဲ့ အရောင်းဆိုင်တွေမှာ  (ဒါမှမဟုတ်) စိတ်ချရတဲ့ ကုန်တိုက်က စတိုးဆိုင်ကြီးတွေမှာ ဝယ်ပါလို့ဆိုတာဖြစ်ပါတယ်။ ကိုယ်ပိုပေးလိုက်ရတဲ့ ပိုက်ဆံနဲ့ တကူးတကသွားရတဲ့ အချိန်ကုန် ၊ လူပန်း ဖြစ်မှာကို မြင်မနေဘဲ တကယ်လို့များ နီးရာက ဈေးတော်ရာ ဝယ်သုံးလိုက်လို့ ၊ အိမ်အရောက်ပို့ပေးတဲ့ အွန်လိုင်းပေါ်က ပစ္စည်းဝယ်သုံးလိုက်လို့ ကိုယ့်အသားအရည်နဲ့ အလှအပ ပျက်စီးသွားမယ်ဆိုရင်လို့ တွေးပြီးတော့ ရေရှည်အတွက် စိတ်ချရတဲ့နေရာကပဲ အလှပြင်ပစ္စည်းတွေ ဝယ်သုံးပါနော်။

၃။ ဟုတ်ပါပြီ။ မိတ်ကပ် ၊ ပေါင်ဒါ စသဖြင့်သော မျက်နှာကို အခြေခံလိမ်းမယ့် အရာတွေ ဝယ်တော့မယ်ဆိုပါတော့။ ရောင်းတဲ့သူကတော့ ပစ္စည်းခပ်များများရောင်းရအောင် ဟိုဟာသုံးပါ။ ဒီဟာသုံးပါ ပြောမှာပါ။ ကိုယ့်အတွက် မလိုအပ်တဲ့ပစ္စည်းကို မဝယ်ဖြစ်အောင် မိမိ တကယ်ဘာသုံးဖို့လိုတယ်ဆိုတာကို သတိထားရပါမယ်။ သူများပြောတိုင်း နားမယောင်နဲ့ပေါ့။ ငွေပေါတဲ့သူဆို ရောင်းတဲ့သူအပြောကြောင့် သဘောကျပြီးဝယ်လိုက်လို့ ငွေကုန်သွားတာထားပါဦး ။ ကိုယ့်အသားအရည်နဲ့ မတည့်တာသုံးမိတယ်ဆိုရင်လည်း ကိုယ့်အသားအရည်ဟာ ပျက်စီးနိုင်တယ်နော်။ ဒီတော့ ကိုယ်ဘာလိုအပ်တယ်ဆိုတာကို ကိုယ့်ဘာသာကိုယ် ပြန်ဆန်းစစ်ပြီးမှ ဝယ်ယူသုံးစွဲပါ။

၎။ ကိုယ်ဟာ မျက်နှာ အဆီပျံတတ်သူလား သိနိုင်ဖို့ နေ့လည်နေ့ခင်း အိမ်ထဲနေချိန်မှာ မျက်နှာပြောင်နေတတ်သူက နှာဖူးပေါ် ၊ နှာခေါင်းပေါ် လက်ဖျံလေးနဲ့ သုတ်ကြည့်ပါ။ အဆီတွေကပ်ပါလာတယ်ဆို မိမိဟာ အဆီပျံတတ်သူပါ။ သနပ်ခါးလိမ်းထားပြီး သိပ်မကြာခင်မှာ ပါးကွက်က ဆီကွက်တွေလို ဖြစ်လာတယ်။ နဖူးပေါ်က သနပ်ခါးဟာလည်း မူရင်းသနပ်ခါးအရောင်ကနေ ဆီကွက်သလို ဝါကျင့်ကျင့်တွေ ဖြစ်လာတယ်ဆို ကိုယ်ဟာ မျက်နှာအဆီပျံတတ်သူပါ။ ဒီလိုလူမျိုးတွေရဲ့ အသားအရည်ကို (Oily Skin)လို့ ခေါ်ပါတယ်။ အဆီပျံတတ်သူတွေပေါ့။ အဆီပျံတတ်သူတွေက မျက်နှာအဆီပျံတာကို ထိန်းသိမ်းကာကွယ်ဖို့ (Oil Control) ပစ္စည်းတွေကို အသုံးပြုသင့်ပါတယ်။ ကိုယ်ဝယ်တဲ့အခါမှာ ဒီလိုပစ္စည်းတွေကို အဓိက ဦးစားပေးဝယ်ရမှာပေါ့။ ဒီလူတွေက မျက်နှာသီးသန့်သုံး အရည်ဓါတ်များများပါတဲ့ Lotion ကို ဝယ်သုံးချင်သုံးနိုင်ပေမယ့် Moisture လို့ခေါ်တဲ့ မိတ်ကပ်မသုံးမီ အသားအရည်မခြောက်အောင် သုံးတဲ့ဟာကို သုံးစရာမလိုပါဘူး။ သူများသုံးလို့ ကိုယ်ကလိုက်ဝယ်သုံးရင် ကိုယ့်မျက်နှာက ပိုအဆီပျံပြီး လိမ်းထားတဲ့မိတ်ကပ်တွေ လွယ်လွယ်ပျက်တော့ ကြာကြာမခံဘူးပေါ့။ ပြီးတော့ မျက်နှာပိုအဆီပျံလာတော့ ဘယ်လိုလို့ သဘာဝအတိုင်း လှနိုင်ပါတော့မလဲ။ ဒါကြောင့် အဆီပျံတတ်သူတွေက (Oil Control) ပစ္စည်းတွေကိုပဲ မျက်နှာအသားအရည်အတွက် အဓိက အသုံးပြုသင့်ပါတယ်။

၅။ ကိုယ်ဟာ မျက်နှာအသားအရည် ခြောက်ခမ်းတတ်သူလား သိနိုင်ဖို့ဆိုရင် သနပ်ခါး လိမ်းတတ်သူတွေက ကိုယ်သိသာတာပေါ့။ သနပ်ခါးလိမ်းပြီး သိပ်မကြာခင် သူ့အလိုလို အဖတ်လိုက် ကွာကျလာတာမျိုး ဖြစ်တတ်ရင် ဒါမှမဟုတ် မျက်နှာပြောင်နေတတ်သူက ဆောင်းတွင်းမဟုတ်တဲ့အချိန်မှာတောင် နှုတ်ခမ်းတွေခြောက်ပြီး ကွာတတ်တာမျိုး ဖြစ်တတ်ရင် ၊ T Zone ဆိုတဲ့ နဖူးနဲ့ နှာခေါင်း ၊ နှုတ်ခမ်းပေါ် ၊ နှုတ်ခမ်းအောက်မှာ ချွေးစို့တတ်တာကလွဲရင် ကျန်တဲ့နေရာတွေဟာ အများအားဖြင့် ခြောက်နေတတ်တယ်ဆို မိမိဟာ အသားအရည် ခြောက်ခမ်းတတ်သူပါ။ အသားအရည် ခြောက်ခမ်းတတ်သူကျတော့ မျက်နှာကို အစိုဓါတ် ထိန်းသိမ်းပေးနိုင်မယ့် Moisture အသုံးပြုပေးဖို့ လိုပါတယ်။ ရေချိုးပြီးချိန် ၊ ညအိပ်ရာဝင်ချိန်နဲ့ မိတ်ကပ်မလိမ်းခင်တို့မှာ Moisture သုံးပေးသင့်ပါတယ်။ ဒါမှ အသားအရည်ခြောက်သွေ့မှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အများအားဖြင့် လေအေးပေးစက်ခန်းထဲမှာ အလုပ်လုပ်ရသူတွေက Moisture အသားအရည် ခြောက်တတ်တဲ့အတွက် Moisture အသုံးပြုပေးဖို့ လိုတတ်ပါတယ်။

၆။ မိမိမျက်နှာနဲ့ လိုက်ဖက်တဲ့ မိတ်ကပ်ပေါင်ဒါ ရွေးမယ်ဆိုရင်တော့ မှန်ကန်တဲ့အရောင်ကို ရွေးဖို့လိုပါတယ်။ ကိုယ်ကညိုတဲ့သူမို့ မျက်နှာပိုဝင်းလာအောင် ၊ ပိုဖြူလာအောင်ဆိုပြီး ကိုယ့်မျက်နှာ အသားအရည်ထက် ပိုနု (ပိုဖြူ)တဲ့အရောင် ရွေးဝယ်သုံးမယ်ဆိုရင်တော့ မျက်နှာတကွက်တည်း ပိုဝင်းဖြူလာမှာပါ။ ဒီလိုဆို မိတ်ကပ်လိမ်းပြီးတဲ့အခါမှာ မျက်နှာကအသားအရည်ဟာ မေးစေ့အောက်၊ နားရွက် ၊ နားရွက်နောက် ၊ လည်ပင်း ၊ လည်ကုတ်က အသားအရည်တွေနဲ့ တခြားစီဖြစ်နေမှာပေါ့။ ဒါဟာ မိတ်ကပ်အရောင်ရွေးခြယ်မှု မှားယွင်းနေတာပါ။ သဘာဝအတိုင်းလှဖို့ဆိုရင် မိမိအသားအရည်နဲ့ လိုက်ဖက်ညီမျှတဲ့ အရောင်ကိုပဲ ရွေးသုံးရမှာဖြစ်ပါတယ်။ မိမိနဲ့ လိုက်တဲ့အရောင်ကို ဘယ်လိုသိနိုင်မလဲဆိုရင် မိမိရဲ့ လက်ဖဝါး လက်ဖမိုးဆုံတဲ့ လက်မအရင်းအောက်က အသားအရည်နေရာကနေ ရွေးရမှာပါ။ အဲဒီနေရာက မိမိမျက်နှာက အသားအရည်နဲ့ အနီးစပ်ဆုံးအသားရောင်ပဲဖြစ်ပါတယ်။ ကိုယ်နဲ့ လိုက်ဖက်မယ်ထင်တဲ့ မိတ်ကပ်ရည် ၊ ပေါင်ဒါ ၊ မိတ်ကပ် စသဖြင့်သော အရောင်ရွေးလိုရာတွေကို လက်ဖဝါးဘေးစောင်းလို့ လက်မအဆစ်အောက်ကနေ လက်ကောက်ဝတ် အရိုးနေရာတလျောက် စမ်းသပ်လိမ်းလို့ ရွေးချယ်နိုင်ပါတယ်။ အဲဒီမှာ အသားအရောင်နဲ့ ထပ်တူနီးပါးဖြစ်တဲ့ မိတ်ကပ် ၊ ပေါင်ဒါအရောင်ဟာ ကိုယ့်အသားအရည်နဲ့ လိုက်ဖက်တဲ့အရောင်ဖြစ်မှာပါ။ မိတ်ကပ် စမ်းလိမ်းထားတဲ့ အဲဒီနေရာက မိမိရှိရင်းစွဲ အသားထက် ပိုဖြူလာတာမျိုးဆိုရင် ကိုယ်ဟာ ကိုယ့်မျက်နှာအသားရောင်ထက် ပိုဖြူ (ပိုနု)တဲ့အရောင်ကို ရွေးချယ်မိတာမို့ ဒီမိတ်ကပ်သာ ဝယ်လိမ်းမိရင် မျက်နှာတကွက်ထဲ ကွက်ဖြူနေမှာပေါ့။ မိတ်ကပ် စမ်းလိမ်းထားတဲ့ အဲဒီနေရာက မိမိရှိရင်းစွဲ အသားထက် ပိုညိုလာတာမျိုးဆိုရင် ကိုယ်ဟာ ကိုယ့်မျက်နှာအသားရောင်ထက် ပိုရင့်တဲ့အရောင်ကို ရွေးမိတာပေါ့။ ဒီမိတ်ကပ်အရောင်ကို ဝယ်လိမ်းမိရင် မိမိမျက်နှာဟာ ညိုပြာလာတာမျိုး ဖြစ်လာမှာပါ။ ဒါကြောင့် မိမိအသားအရောင်နဲ့ ထပ်တူနီးပါးဖြစ်တဲ့ မိတ်ကပ် ၊ ပေါင်ဒါအရောင်ဟာ ကိုယ့်အသားအရည်နဲ့ လိုက်ဖက်တဲ့အရောင်ကိုပဲ ရွေးချယ်လို့ ဝယ်လိမ်းပါ။

၇။ အိပ်ရေးပျက်လို့ပဲဖြစ်ဖြစ် ၊ အလုပ်ပင်ပန်းလို့ပဲဖြစ်ဖြစ် ၊ နေထိုင်မကောင်းလို့ပဲဖြစ်ဖြစ် ၊ ပင်ကိုယ်သဘာဝအလျောက်ပဲဖြစ်ဖြစ် မျက်ကွင်းညိုညိုလေးတွေ ဖြစ်နေတတ်တယ်နော်။ ဒီလိုမျက်ကွင်းညိုတတ်သူတွေက Concealer ကို အသုံးပြုပေးနိုင်ရင် မျက်ကွင်းညိုတာကို လိမ်းထားတဲ့အချိန်တလျောက် ဖျောက်ပေးနိုင်တယ်လေ။ Concealer နှစ်မျိုးရှိပါတယ်။ အရည်ရယ် ၊ အခဲရယ် ပုံစံနှစ်မျိုးလာပါတယ်။ အရည်ကို အသားအရည်ပါးတဲ့ မျက်ကွင်းနဲ့ မျက်ရည်အိတ်နေရာတွေကို အသုံးပြုကြပါတယ်။ အခဲကို အဲဒီနေရာတွေ သုံးလို့မရဘူးလားဆို သုံးချင်ရင် သုံးနိုင်ပါတယ်။ ဒါပေမယ့် တချို့သော Concealer အခဲအမျိုးအစားတွေဟာ မျက်ရည်အိတ်က အသားအရည်ပါးပါးမှာ လိမ်းပါများရင် ငါးမျက်စိလို့ အဖုအလုံးကလေးတွေ ဖြစ်လာတတ်တာကိုပေါ့ သတိထားပေါ့။ ဒါကြောင့် မျက်လုံးတဝိုက်က မျက်ကွင်းညိုညိုလေးတွေကို Concealer အရည်သုံးတာ ပိုသင့်တော်ပါတယ်။ Concealer အခဲကျတော့ မျက်နှာပေါ်က အသားအရည်မညီတဲ့နေရာတွေမှာ ၊ နှုတ်ခမ်းထောင့် ၊ နှာခေါင်းစပ်နေရာတွေနဲ့ အသားအညီ မညီတဲ့နေရာတွေကို ညီအောင်သုံးနိုင်သလို နှာတံပိုပေါ်စေအောင် နှာတံတလျောက်ကိုလည်း သုတ်လိမ်းတတ်ပါတယ်။ Concealer ဝယ်ရင်တော့ ခုနက မိတ်ကပ်စမ်းတဲ့နေရာမှာ မိမိအသားအရည်ထက် တဆင့်ပိုနုတဲ့ အရောက်ကို ရွေးရမှာဖြစ်ပါတယ်။

၈။ လိမ်းထားတဲ့မိတ်ကပ်ကို မဖျက်ဘဲ အိပ်ယာဝင်တဲ့အထိ ဒီအတိုင်း မျက်နှာမဆေးမကြောဘဲ အိပ်မယ်ဆိုရင် ရေရှည်မှာ မိမိမျက်နှာက အသားအရည် ပျက်စီးလာမှာပါ။ မျက်နှာအသားအရည်က ချွေးပေါက်လေးတွေဟာ လေဝင်လေထွက်ကောင်းပါမှ အသားအရည်ဟာ ကောင်းမွန်မှာဖြစ်ပါတယ်။ မိတ်ကပ်တွေက ချွေးပေါက်တွေကို ပိတ်နေပြီဆိုရင် အသားအရည်ပျက်စီးလာတာပေါ့။ ဒါကြောင့် ညအိပ်ရာမဝင်မီမှာ မိမိမျက်နှာကို သန့်စင်ဖို့ လိုပါတယ်။ လိမ်းထားတဲ့ မိတ်ကပ်ဖျက်မယ်ဆို Toner လိုပါတယ်။ Toner သုံးတဲ့နေရာမှာ မျက်နှာအသားအရည် ခြောက်သွေ့တတ်သူတွေက အရက်ပျံလို အငွေ့ပျံလွယ်တဲ့ Toner ရှောင်သုံးပါ။ ရှောင်မသုံးရင် မိမိရဲ့ မျက်နှာအသားအရည် ပိုခြောက်သွေ့လာမှာဖြစ်ပါတယ်။ မျက်နှာအဆီပျံတတ်သူတွေကတော့ Oil Control Toner ကို ရွေးအသုံးပြုနိုင်ပါတယ်။ ဒီလိုမှမဟုတ်ရင် ရေဓါတ်အခြေခံထားတဲ့ (Water based Toner) ကို နှစ်ဦးလုံးသုံးနိုင်ပါတယ်။ ရေဓါတ်အခြေခံထားတာမို့ မျက်နှာခြောက်တဲ့သူလည်း သုံးနိုင်သလို အဆီပျံတဲ့သူတွေလည်း သုံးနိုင်ပါတယ်။ မျက်ခွံ ၊ မျက်တောင် ခြယ်လိမ်းတတ်သူတွေကတော့ မျက်လုံးအတွက်အဓိက ထုတ်ထားတဲ့ Toner ကို ဝယ်သုံးပါ။ အဲဒါက Waterproof လို့ခေါ်တဲ့ ရေစိုခံ မျက်တောင်ကော့ဆေး ၊ မျက်လုံးဆွဲခဲတံနဲ့ ဆေးရည်တွေကိုပါ ဖျက်ပေးနိုင်ပါတယ်။ ရေစိုခံမိတ်ကပ်လိမ်းထားရင် တချို့က အဲဒီToner အမျိုးအစားနဲ့ပဲ ဖျက်တတ်ကြပါတယ်။ ရေစိုခံမိတ်ကပ်ကို ဘယ်သူ့မှ နေ့စဉ်မလိမ်းကြတာမို့ တခါတရံအနေနဲ့ အသုံးပြုကြတာပါ။

၉။ တနေကုန် မိတ်ကပ်လိမ်းထားတတ်သူတွေက ညအိပ်ရာဝင်ရင် Night Cream သို့မဟုတ် Moisture ကို လိမ်းပြီးမှ အိပ်မယ်ဆိုရင် နောက်တနေ့ မနက်အိပ်ယာထတဲ့အခါမှာ နုညံ့ဖူးမွတ်နေတဲ့ မျက်နှာအသားအရည် အထိအတွေ့လေးကို သတိထားမိနိုင်တာပေါ့။ Night Cream သို့မဟုတ် Moisture ဝယ်တဲ့အခါမှာလည်း အဆီပျံတတ်သူတွေက ရေဓါတ်အခြေခံထားတဲ့ (Water based facial lotion) မျက်နှာသုံးအရည်ကို ဝယ်ရမှာဖြစ်ပြီး မျက်နှာခြောက်သွေ့တတ်သူတွေကတော့ (Dry Skin/ Dehydrated Skin) လို့ သီးသန့်ရေးသား ဖော်ပြထားတဲ့ Night Cream သို့မဟုတ် Moisture ကို ဝယ်သုံးဖို့ မမေ့နဲ့နော်။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

]]>
http://www.burmesehearts.com/%e1%80%99%e1%80%ad%e1%80%90%e1%80%b9%e1%80%80%e1%80%95%e1%80%b9%e1%80%a1%e1%80%9c%e1%80%bd%e1%80%bb%e1%80%95%e1%80%84%e1%80%b9%e1%80%95%e1%80%85%e1%81%a5%e1%80%8a%e1%80%b9%e1%80%b8-%e1%80%b1%e1%80%9b/feed/ 0
ကလေးငယ်များကို ကိုယ်ချင်းစာသနားညှာတာ၍ ဖေးမနှစ်သိမ့်ပေးတတ်သောစိတ် ပျိုးထောင်ပေးခြင်း http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%84%e1%80%9a%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%81%e1%80%ba%e1%80%84/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%84%e1%80%9a%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%81%e1%80%ba%e1%80%84/#respond Thu, 19 Nov 2015 10:19:40 +0000 http://www.burmesehearts.com/?p=20194

လူကြီးမိဘတွေဟာ အနာဂါတ်ကလေးငယ်ငယ်များကို ကိုယ်ချင်းစာသနားညှာတာ၍ ဖေးမနှစ်သိမ့်ပေးတတ်သောစိတ် မဖြစ်မနေ ပျိုးထောင်ပေးရမှာပါ။ ကိုယ်ချင်းစာသနားညှာတာ၍ ဖေးမနှစ်သိမ့်ပေးတတ်သောစိတ်ဟာ နှစ်ခုဒွန်တွဲလို့နေတာပါ။ နှစ်ခုလို့သာပြောတာ တကယ်တော့လည်း နှစ်ခုမကဘဲ အဆင့်ဆင့်ဆက်စပ်နေပါတယ်။

ပထမဦးစွာ တပါးသူဒုက္ခရောက်တာ တွေ့မြင်ကြားသိရတဲ့အချိန် သူ့နေရာမှာ ငါဆိုရင်ဆိုတဲ့ ခံစားချက်ကလေးက ကိုယ်ချင်းစာနာစိတ်ကလေးပါ။ သူနာတာကို ကိုယ်နာသလို ကိုယ်ချင်းစာတတ်ပြီဆိုရင်တော့ နာနေတဲ့သူ့ကို သနားမယ်။ ဒီလိုသနားတဲ့စိတ်ကြောင့် ညှာတာတတ်လာမယ်။ ဒီလူဟာ ကိုယ့်အကူအညီလိုအပ်နေတယ်ဆို လိုအပ်တာတွေသူ့ကို ဖေးမကူညီပေးမယ်။ ကိုယ်ဟာ သူ့အခြေအနေနဲ့ ခံစားမှုတွေကို နားလည်စာနာသူတစ်ဦးအနေနဲ့ သူခံစားရသက်သာလာအောင် နှစ်သိမ့်ပေးမယ်။ ဒါတွေအကုန်လုံးဟာ ပထမဦးဆုံးအဆင့်ဖြစ်တဲ့ ကိုယ်ချင်းစာစိတ်ကနေ စလာတာပါ။

ကိုယ်ချင်းစာစိတ်မရှိတဲ့ကလေးကတော့ အားနည်းသူကို ညှာတာရမှန်းမသိ ၊ သနားစရာဖြစ်နေတဲ့ အခြေအနေကို မျက်မြင်ကြုံတွေ့ရသည့်တိုင် မသနားတတ် ၊ မသနားတတ်တော့ ဖေးမနှစ်သိမ့်ပေးရကောင်းမှန်း ၊ အကူအညီပေးရကောင်းမှန်း နားမလည်တော့ဘူးလေ။ အတ္တတွေဖုံးနေတဲ့ တဘို့တည်းကြည့်တတ်သူလေး ဖြစ်နေမှာပေါ့။ ဒီလိုစိတ်ဓါတ်နဲ့လူတွေများရင် ပျော်ရွှင်မှုနည်းတဲ့ လူမှုအသိုင်းအဝန်းဖြစ်နေမှာပေါ့။ ဒီလိုအသိုင်းအဝန်းမှာ နေချင်စဖွယ်လည်း မကောင်းဘူးလေ။

ကလေးတစ်ယောက် ကိုယ့်ဘဝထဲရောက်လာပြီဆိုတာနဲ့ ကိုယ့်ဘဝရဲ့ အရေးအကြီးဆုံးပုဂ္ဂိုလ်ဟာ ကလေးပဲဖြစ်သင့်တာပါ။ ကိုယ်ခေါ်လို့ လူ့လောကထဲရောက်လာတဲ့ ဒီကလေးငယ်လေးဟာ ကိုယ့်အထောက်အပံ့နဲ့ အရေးတယူဂရုစိုက်မှုကိုမှ မခံစားရဘူးဆိုရင် ကိုယ်ဟာ အပြစ်ရှိနေသူတစ်ဦးပါ။ အပြစ်မဲ့တဲ့ကလေးအပေါ် အပြစ်တွေ လုပ်နေမိသူပေါ့။ ကိုယ့်မှီတွယ်ပြီးမှ ကိုယ့်အထောက်အပံ့ ၊ ပြုစုဂရုစိုက်မှုတွေနဲ့ လူတသုံးသူတလုံး ဖြစ်လာရမယ့်ကလေးကို မိမိရဲ့ အချိန်တွေ တတ်အားသမျှပေးအပ်လို့ နည်းမှန်လမ်းမှန် လမ်းညွှန်သွန်သင်ပြသမှုတွေ လုပ်ရဦးမှာလေ။

မိဘဖြစ်တဲ့ကိုယ်က မပြောမဖြစ် ပြောသင့်တဲ့စကားဟာ သူ့ကိုဘယ်လောက်ချစ်ကြောင်း ၊ ဘယ်လို တန်ဖိုးထားကြောင်း ဖြစ်ရမှာပါ။ ဒါဟာ ကလေးငယ်တွေရဲ့ နွေးထွေးလုံခြုံစိတ် ခံစားရဖို့အတွက် ပထမဆုံးခြေလှမ်းဖြစ်ပါတယ်။ မေတ္တာပေးမှ ကိုယ်ပေးတဲ့မေတ္တာကို သူခံစားရတာပါ။ သူခံစားရမှ သူကိုယ်တိုင်လည်း မေတ္တာပြန်ပေးတတ်မှာလေ။

အားနည်းသေးတဲ့ ပီဘိကလေးလေးဖြစ်တဲ့ ကိုယ့်ရင်သွေးကို ထွေးဖက်ထားခြင်းနဲ့ အားအင်တွေပေးပြီး ခံစားစေမယ်ဆိုရင် သူဟာ ဒီလိုခံစားမှုရဲ့ အရသာကို နားလည်သွားပါပြီ။ ဒီလိုနားလည်ပါမှလည်း သူများကို နွေးထွေးတတ်မှာပေါ့။ ဒါဟာ မိဘတွေ မဖြစ်မနေလုပ်သင့်တာတွေပါ။

BurmeseHearts Blog

နွေးထွေးမှုနဲ့ မေတ္တာတရားကို ကလေးငယ်ဟာ ခံစားနားလည်လာပြီဆိုရင် နောက်တဆင့်တိုး သင်ပေးရမှာက နွေးထွေးမှုနဲ့ မေတ္တာတရားတွေ လိုနေတာဟာ ဒီလောကကြီးမှာ သူတစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို နားလည်ဖို့ပါပဲ။ ဒါကို မိဘက သင်ပေးရမယ်လေ။ သေးငယ်တဲ့ ပုရွက်ဆိတ်ကလေးတွေကို သနားညှာတာတတ်အောင် ၊ နာကျင်သွားတဲ့တစ်ဦးတစ်ယောက်ကို ကိုယ်ချင်းစာတတ်အောင် ၊ နှစ်သိမ့်ပေးတတ်အောင် ၊ ဖေးမတတ်အောင် ၊ အကူအညီလိုနေသူတွေကို ကူညီပေးတတ်အောင် မိဘက မေတ္တာတရားအခြေခံပြီး ကောင်းမွန်စွာ ချိုချိုသာသာလေးပြောပြလို့ သွန်သင်ပေးရမှာပါ။

သူ့ဆန္ဒနဲ့ လိုအပ်ချက်တွေ ပြည့်စွမ်းနိုင်မှု မရှိခြင်းဟာ စားရာမဲ့သောက်ရာမဲ့ဘဝ ရောက်နေသူတွေနဲ့ (ဒုက္ခသည်တွေနဲ့) ယှဉ်လိုက်တဲ့အခါမှာ ဘာမှ အရေးမပါလှဘူးဆိုတာ သူနားလည်လာအောင် ပြောပြရမယ်။ ဒါမှလည်း ကိုယ့်ထက်အဖြစ်ဆိုးတဲ့သူတွေ ရှိပါလားဆိုတာနဲ့ ကိုယ့်ထက်အဖြစ်ဆိုးသူတွေကို ကိုယ့်ထဲက မျှဝေပေးချင်စိတ်တွေ ရှိလာမှာပါ။ အားချင်းမမျှတဲ့ ငယ်သူကို အလျှော့ပေးလို့ ဖေးမရမယ်။ ကြီးသူကိုရိုသေလို့ ရွယ်တူကို လူလူချင်း လေးစားတတ်အောင် ၊ သတ္တဝါတွေအပေါ် သနားညှာတာတတ်အောင်လည်း သင်ပေးရဦးမယ်။

ကိုယ်လိုရာလမ်းရောက်ဖို့ အရှေ့ကလူတွေ လဲပြိုယိုင်နဲ့သွားအောင် တွန်းထိုး ၊ ခြေထိုးခံတတ်တဲ့ အကျင့်မျိုး ရှိမနေအောင် ၊ အားနည်းတဲ့သူကို လှောင်ပြောင်သရော်တာမျိုးတွေ မလုပ်ဖို့ ၊ ကူကယ်ရာမဲ့ ဖြစ်နေတဲ့ သတ္တဝါတွေကို ကျီစားအနှောင့်အယှက်ပေးလို့ မိမိရဲ့ စိတ်ပျော်ရွှင်မှု ရှာတာမျိုးမလုပ်ဖို့ ၊ သူများ ဂရုတစိုက်ပျိုးထောင်ထားတဲ့ ပန်းခင်း ၊ စိုက်ခင်းတဲ့ တန်ဖိုးထားတဲ့အရာတွေကို ဖျက်ဆီးပစ်တတ်တဲ့ အကျင့်မျိုးမရှိဖို့ စတဲ့ လူပီသတဲ့အကျင့်တွေကို သင်ပေးရဦးမယ်။

ဒီလိုသင်ပေးတဲ့အခါမှာ မသိ ၊ နားမလည်သေးတဲ့ကလေးဟာ ဘာကြောင့် ၊ ဘယ်လိုဆိုတာတွေနဲ့ မေးမြန်းပြီး ဘာဖြစ်လို့ ဒီလိုလုပ်သင့်သလဲဆိုတာကို စူးစမ်းလေ့လာမှာပါ။ မိမိအဖြေတွေဟာ အကောင်းဘက်ကနေ သူနားလည်သည်အထိ ဖြေပေးနိုင်လေ သူ့စိတ်ထဲ ၊ နှလုံးထဲမှာ နက်နက်ရှိုင်းရှိုင်း မှတ်မိနာယူသွားလေပေါ့။ သူများတွေရဲ့ ခံစားမှုကို နားလည်ခံစားလို့ ကိုယ်ချင်းစာမိဖို့ဆိုရင် မိမိခံစားရတဲ့အခါ ဘယ်လိုလဲဆိုတာနဲ့ သင်ပေးနိုင်ရင် အကောင်းဆုံးဖြစ်မှာပါ။ ဥပမာ ကလေးကို သူများက တွန်းလို့ ထိခိုက်ဒဏ်ရာရသွားရင် ၊ ကလေးရဲ့ပစ္စည်းကို သူများက လာလုယူရင် ဘယ်လို ခံစားရသလဲဆိုတာနဲ့ သင်ပေးရင် သြော် ဒီလို ၊ ဒါကြောင့်ပါလားဆိုပြီး သူဟာ ကိုယ်ချင်းစာတတ်လာမယ်။

မိဘက မလုပ်နဲ့ပြောလို့ မိဘရှေ့မလုပ်တာထက် ကိုယ်ချင်းစာစိတ်ကလေးနဲ့ မလုပ်သင့်တာကို မလုပ်ဖြစ်အောင် သင်ပေးတာဟာ တသက်တာအတွက် အကောင်းဆုံးဖြစ်ပါတယ်။ ကိုယ်ချင်းစာစိတ်ကလေးကြောင့် မလုပ်ဖြစ်တော့ဘူးဆိုရင် အခုကော ၊ နောင်ကော ၊ မိဘရှေ့ကော ၊ မိဘနောက်ကွယ်ကော မလုပ်တော့ပါဘူး။ မိဘက မလုပ်နဲ့ပြောလို့ မလုပ်တာမျိုးဆိုရင်တော့ မိဘနောက်ကွယ်မှာ ၊ နောင်မှာ လုပ်နေနိုင်သေးတယ်လေ။

ကိုယ်ချင်းစာစိတ်ကလေးနဲ့ ကြီးပြင်းလာတဲ့ကလေးဟာ စိတ်နှလုံး နူးညံ့သိမ်မွေ့ပါတယ်။ မိမိစိတ်ကို မိမိသိနားလည်တာမို့ မမျှတဘူးဆိုတဲ့အလုပ်ကို အများတကာအတွက် စဉ်းစားပြီး မလုပ်ဖြစ်တော့ဘူး။ သူလုပ်တဲ့အလုပ်တွေကိုလည်း ကိုယ် ၊ စိတ်နှလုံး လုံခြုံစွာ မျှမျှတတ လုပ်ကိုင်တဲ့အတွက် သူ့ပတ်ဝန်းကျင်မှာ နေသူတွေက စိတ်ချမ်းသာတယ် ။ သူနဲ့ လက်တွဲလုပ်ကိုင်ရသူတွေက စိတ်ချမ်းသာတယ်။ သူ့လက်အောက် လုပ်ကိုင်ရသူတွေက စိတ်ချမ်းသာတယ်။ သူ့ဘဝလက်တွဲဖော်ဟာလည်း စိတ်ချမ်းသာတယ်။ သူ့သားသမီးတွေဟာလည်း စိတ်ချမ်းသာတယ်။ ကိုယ်ချင်းစာစိတ်ဆိုတဲ့ မျိုးဆက်ကလေး ချလိုက်တဲ့အတွက် သူ့မျိုးဆက်တွေဟာ ကိုယ်ချင်းစာစိတ်ကလေးနဲ့ အသက်ဝင်သွားနိုင်တာပေါ့။ ဒါဟာ မျိုးဆက်လိုက် စိတ်ကောင်း ၊ စေတနာကောင်း ၊ နာမည်ကောင်း တွင်ရစ်စေမယ့် စိတ်ထားလေးပဲလေ။ မိဘတိုင်း ကိုယ်ချင်းစာတတ်လို့ ကလေးတိုင်းလည်း ကိုယ်ချင်းစာတတ်ကြပါစေ။

ရတု (Burmsehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%84%e1%80%9a%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%81%e1%80%ba%e1%80%84/feed/ 0
ခံနိုင်ရည်အားကောင်းသော ကလေးငယ်များဖြစ်ဖို့ http://www.burmesehearts.com/%e1%80%81%e1%80%b6%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%9b%e1%80%8a%e1%80%b9%e1%80%a1%e1%80%ac%e1%80%b8%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%9e%e1%80%ac/ http://www.burmesehearts.com/%e1%80%81%e1%80%b6%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%9b%e1%80%8a%e1%80%b9%e1%80%a1%e1%80%ac%e1%80%b8%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%9e%e1%80%ac/#comments Wed, 18 Nov 2015 10:33:01 +0000 http://www.burmesehearts.com/?p=20049

ခံနိုင်ရည်အားကောင်းတဲ့ ကလေးငယ်တွေဆိုတာ ဘာကိုဆိုလိုတာလဲဆိုတော့ ဒူပေနာပေ ခံနိုင်တဲ့ကလေးငယ်တွေကို ဆိုလိုတာဖြစ်ပါတယ်။ ပိုရှင်းအောင်ပြောရမယ်ဆိုရင် တခုခုဆို နွဲ့မနေတတ်ဘဲ အကြမ်းခံတဲ့ ကလေးငယ်တွေကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလိုကလေးမျိုးဖြစ်ဖို့က ပထမဦးစွာ စိတ်ဓါတ်ကြံ့ခိုင်ဖို့လိုပါတယ်။ စိတ်ဓါတ်ကြံ့ခိုင်မှသာ စိတ်ကြောင့်ကိုယ်လည်း ကြံ့ခိုင်လာပါမယ်။ သတိချပ်ရမှာက ကိုယ်ကာယကြံ့ခိုင်မှုအားနည်းပြီး မကျန်းမာတဲ့ လူမမယ်လေးအဖြစ် မွေးလာမယ်ဆိုရင်တော့ စိတ်ဓါတ်ကြံ့ခိုင်ဖို့ အတော်ကြိုးစားသင်ပေးရမှာဖြစ်ပါတယ်။

စိတ်ဓါတ်ကြံ့ခိုင်ပြီး ခံနိုင်ရည်အားကောင်းတော့ ဘာအကျိုးကျေးဇူးရှိလို့တုန်းလို့ သိချင်မှာပဲနော်။ “Show me a man who hasn’t failed, and I’ll show you a man who hasn’t tried.” ဆိုတဲ့စကားကို ကျွန်မက ဘာသာပြန်ရင်း စိတ်ဓါတ်ကြံ့ခိုင်ပြီး ခံနိုင်ရည်အားကောင်းသူတွေရဲ့ အကျိုးကျေးဇူးကို ရှင်းပြချင်ပါတယ်။ ဆိုလိုရင်းက မကျရှုံးဖူးတဲ့သူတစ်ဦးကိုပြပါ။ ငါကမင်းကို လုံးဝမကြိုးစားဖူးသူတစ်ဦးကို ပြပါ့မယ်တဲ့။ ဘဝမှာ အောင်မြင်သူတိုင်းဟာ အခါခါ ကျရှုံးဖူးကြပါတယ်။ ထိပ်ဆုံးမှာရောက်နေသူတွေက ဆုံးရှုံးမှုဆိုတာကို ပိုခံခဲ့ရသူတွေလေ။ သူတို့ဟာ စိတ်ဓါတ်အင်အား ကြံ့ခိုင်သူတွေဖြစ်တဲ့အတွက် အရှုံးတွေကြုံတိုင်း အောင်မြင်အောင်လုပ်ဖို့ စိတ်ဓါတ်ခိုင်မာခဲ့လို့ အခုလို အောင်မြင်တဲ့သူတွေအဖြစ် ရပ်တည်နေနိုင်တာဖြစ်ပါတယ်။ ဒီလိုဆို စိတ်ဓါတ်အင်အား ကြံ့ခိုင်သူတွေရဲ့ အကျိုးကျေးဇူးကို လိုရင်းတိုရှင်း မြင်နိုင်ပြီပေါ့။

စိတ်ဓါတ်မကြံ့ခိုင်သူတွေကျတော့ အထက်မှာပြောခဲ့ဖူးသလို ဆုံးရှုံးမှာ ၊ ကျရှုံးမှာ ကြောက်နေတဲ့စိတ်ကြောင့်ပဲ အောင်မြင်မှုရဲ့ အသီးအပွင့်ဆိုတာ မခံစားရဘဲ သူလို ၊ ငါလို ဘဝနဲ့ ပြီးသွားခဲ့ကြသူတွေပါ။ ဒါကြောင့် အောင်မြင်တဲ့သူတစ်ဦးဖြစ်ဖို့ အခြေခံလိုအပ်ချက်ဟာ စိတ်ဓါတ်အင်အား ကြံ့ခိုင်ပြီး ခံနိုင်ရည်အားကောင်းဖို့ လိုနေပါတယ်။ ခံနိုင်ရည် အားကောင်းဖို့ဆိုတဲ့နေရာမှာ သူများမြှောက်တိုင်းမမြှောက် ၊ သူများတွန်းထိုးလည်း မယိုင် ၊ သူများခြေထိုးခံလည်း မလဲ ၊ လဲပါသော်လည်း အရှုံးမပေးဘဲပြန်ထလို့ အနိုင်ရဖို့ ပြန်ကြိုးစားသူဖြစ်ရပါမယ်။ အောင်မြင်လာတဲ့နောက်မှာ သူများဝေဖန်တဲ့ဒဏ် ကြံ့ကြံ့ခံနိုင်သူမှ စိတ်ဓါတ်ကြံ့ခိုင်သူစာရင်း ဝင်မှာပါ။ ဒါဟာ စိတ်ဓါတ်ခံနိုင်ရည် အားကောင်းဖို့ လိုအပ်ချက်တွေပေါ့။

ဒါဆိုရင် ကလေးတွေကို စိတ်ဓါတ်ြ့ကံခိုင်သူတွေဖြစ်အောင် ဘယ်လို သင်ကြားပေးနိုင်မလဲ။ လွယ်ပါတယ်။ သူတို့ကို ထပ်ခါထပ်ခါ ကြိုးစားချင်အောင် တိုက်တွန်းပြီး ထပ်ခါထပ်ခါ ကြိုးစားခွင့်ပေးရမှာပါ။ ဒီလိုဖြစ်ဖို့ဆိုရင် မိဘကိုယ်တိုင်က အရှုံးအိမ်ပိုက်ပြန်လာတဲ့ သားသမီးရဲ့ ဆုံးရှုံးမှုကို လက်ခံနိုင်တဲ့သူ ဖြစ်ရမှာပေါ့နော်။ ဒါဟာ မိဘတွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုပါပဲ။ ကိုယ့်သားသမီး အောင်မြင်မှုပိုက်လာတာကိုပဲ မိဘတွေက မြင်တွေ့လိုကြတာလေ။ အဆင့်ကျသွားတဲ့သားသမီး ၊ မျှော်မှန်းထားသလို မဖြစ်လာတဲ့ သားသမီးရဲ့ အရှုံးဆိုတာကို မိဘတွေက အလွယ်တကူ ၊ အသာတကြည် လက်ခံနိုင်ပါရဲ့လား။

သားသမီးရဲ့ အရှုံးကို လက်မခံနိုင်တဲ့ မိဘတွေဟာ သားသမီးကို စိတ်ဓါတ်ကြံ့ခိုင်ဖို့ မသင်ပေးနိုင်တော့ပါဘူး။ မိဘကိုယ်တိုင်က သားသမီးဆုံးရှုံးမှုကို လက်မခံနိုင်တော့ သားသမီးတွေဟာ ဆုံးရှုံးမှာ စိုးကြောက်စိတ်တွေ ၊ အပူအပင်များစိတ်တွေနဲ့ စိတ်ဓါတ်မကြံ့ခိုင်သူတွေပဲ ဖြစ်လာမှာပါ။ ဒါဆိုရင် ထိပ်တန်းက အအောင်မြင်ဆုံးသူနေရာမှာ ရေရှည်ရပ်တည်နိုင်ဖို့ ခက်သွားပြီပေါ့။ ဆုံးရှုံးမှာ ကြောက်စိတ်တွေက ဆုံးရှုံးမှုကို ပိုကြုံတွေ့စေတယ်ဆိုတာကို ယုံကြည်ပါရဲ့လား ။ စိတ်ရဲ့ဆွဲငင်အားကြောင့် ဆုံးရှုံးမှာကြောက်ရင်းနဲ့က ဆုံးရှုံးမှုတွေကို ကြုံလာတတ်တာပါ။

သားသမီးရဲ့ ဆုံးရှုံးမှုကို လက်ခံနိုင်တဲ့မိ့ဘတွေကျတော့ ကိုယ်ချင်းစာတရားနဲ့ စိတ်ဓါတ်အင်အား ရင့်ကျက်သူတွေပါ။ ဘာကြောင့် ကိုယ်ချင်းစာတရားရှိတယ်လို့ ပြောရသလဲဆိုရင် ဆုံးရှုံးမှုကြုံလာတဲ့ သားသမီးကို ထွေးဖက်ဖေးမ အားပေးနိုင်တဲ့သူမို့လို့ပါ။ တခါဆုံးရှုံးပေမယ့် နောက်တခါ ကြိုးစားခွင့်ရှိသေးတယ်လို့ အားပေးနိုင်တဲ့မိဘဟာ စိတ်ဓါတ်ရင့်ကျက်သူတွေပေါ့။ သူကိုယ်တိုင်လည်း မိဘမို့ ကိုယ့်သားသမီးကို အောင်မြင်မှုပဲ မြင်ချင်တာပါ။ ဒါပေမယ့် အောင်မြင်မှုမရလာတဲ့ သားသမီးဟာ သူ့ဆုံးရှုံးမှုကြောင့် ဝမ်းနည်းကောင်းနည်းနေနိုင်တယ် ၊ အဆင့်ကျသွားလို့ အတန်းထဲမှာ ရှက်ကောင်းရှက်နေနိုင်တယ်။ ဒါကို နားလည်ပေးနိုင်ရမယ်။ ကိုယ်ဖြေသိမ့်ပေးပါမှ သူစိတ်သက်သာရာရမှာပါ။ စိတ်က တခြားရောက်ပြီး လမ်းလွဲသွားလို့ ဆုံးရှုံးမှုကြုံရတယ်ဆို ဒါကို ပြစ်တင်ကြိမ်းမောင်းနေဖို့ထက် နောင်တကြိမ်မှာ ဒီလိုဆုံးရှုံးမှုမျိုးမကြုံရအောင် ကိုယ်တိုင်က ဘေးကနေဖေးမ ကြပ်မတ်ပေးရမှာပါ။

BurmeseHearts Blog

မြန်မာစကားက ရိုးရှင်းတယ်နော်။ ဖေးမကြပ်မတ်ပေးရမယ်လို့ ဆိုထားတာဖြစ်ပြီး ဆုံးရှုံးမှုကြုံရတဲ့သားသမီးကို နှိမ့်ချတင်းကျပ်တာမျိုး အထူးရှောင်ကြဉ်ရမှာပါ။ အကြောင်းကြောင်းကြောင့် ဆုံးရှုံးမှုကြုံလာတဲ့ သားသမီးကို ရှုံးရကောင်းလား ၊ အသုံးမကျလိုက်တာ ၊ သူများနဲ့နှိုင်းယှဉ်နှိမ့်ချလို့ စည်းကမ်းတွေ တင်းကျပ်လိုက်တာမျိုးဆို အရှုံးကြုံရတဲ့ကလေးဟာ အခါခါရှုံးနိမ့်သွားပါပြီ။ အရှုံးလဲကြုံ ၊ မိဘဖေးမမှုလဲမရ ၊ ပြစ်တင်ခြင်းကိုခံရ ၊ စိတ်ဖိစီးမှုများတဲ့အထဲ စည်းကမ်းတွေ ပိုတင်းကြပ် ဒါတွေခံစားရတဲ့သားသမီးဟာ တချိန်မှာ တင်းကြပ်ခံထားရတဲ့စိတ်တွေကြောင့် လွတ်ထွက်သွားနိုင်တယ်လေ။ ဖိလွန်းရင် ကြွတက်လာတတ်တဲ့ သဘောလိုပေါ့။ ဒါကြောင့် ဒီလိုမိဘမျိုးရဲ့ သားသမီးတွေဟာ ရေရှည်မှာ ဆုံးရှုံးမှုကိုရင်ဝယ်ပိုက်ရဖို့ အလားအလာပိုများနေပါတယ်။

တချို့ကလေးတွေဟာ မွေးကတည်းက သင်လွယ် ၊ တတ်လွယ် ၊ ဥာဏ်ကောင်းကြတယ်။ ဒါပေမယ့် သူတို့တွေဟာ ရေရှည်မှာ တော်တဲ့သူ ၊ ထူးချွန်တဲ့သူ ၊ အောင်မြင်တဲ့သူအဖြစ် မရပ်တည်နိုင်ကြဘူး။ ဒါ့အပြင်သူတို့ဟာ စွန့်စားရမှာ စိုးကြောက်ကြတယ်။ ဒါတွေဟာ မိဘတွေကြောင့်ပဲ။ မိဘတွေက သားသမီးဆုံးရှုံးနဲ့တွေ့မှာ စိုးကြောက်စိတ်တွေကြောင့် သူတို့ဟာလည်း စွန့်စားလုပ်ရင် ရထားတဲ့အနေအထား ၊ ရှိထားတဲ့ဂုဏ်အင်တွေ ဆုံးရှုံးသွားမယ်လို့ ယုံကြည်စိတ်ကြောင့် သူတို့အချိန် ၊ သူတို့ဦးနှောက်နဲ့ သူတို့အင်အားကို သူတို့တတ်စွမ်းသလောက် အသုံးမချတော့ဘူး။ သူတို့ခံယူချက်က မဆုံးရှုံးချင်ရင် မစွန့်စားတာ အကောင်းဆုံး ၊ အတတ်မဆန်းတာ အကောင်းဆုံးဆိုတာပါပဲ။ ဒီခံယူချက်တွေဟာ လူကြီးမိဘ ၊ ဆရာသမားတွေဆီက သင်ယူလာခဲ့တာလေ။

ကလေးတွေကို စိတ်ဓါတ်ြ့ကံခိုင်သူတွေဖြစ်အောင် မိဘတွေက သင်ကြားပေးလိုတယ်ဆိုရင် သူ ငယ်တုန်းမှာ လဲနိုင်တယ် ၊ အသေးစား ဆုံးရှုံးမှုလေးတွေ ကြုံရနိုင်တယ်။ ကလေးကိုဒါတွေ တွေ့ကြုံခံစားစေပါ။ ဆိုလိုတာက အစစ အရာရာက ကလေးချောမွေ့အဆင်ပြေအောင် ဝင်ကာကွယ်ပေးတာ ၊ စီစဉ်ပေးတာမျိုး မလုပ်ဖို့ပါ။ တကယ့်ဘဝဟာ ပန်းခင်းလမ်းမဟုတ်ဘူးလေ။ ကလေးငယ်တုန်းမှာ လဲကျတာမျိုး ၊ ကစားစရာလေးတွေ ပျောက်သွားတာမျိုး ၊ ပျက်စီးသွားတာမျိုး ၊ ထိခိုက်ဒဏ်ရာ အသေးစားလေးတွေ ရသွားတာမျိုး ကြုံနိုင်ပါတယ်။ ကြုံပါစေလေ။ ဒါဟာ ဘဝမှာ အသေးစားဆုံးရှုံးမှုလေးတွေပေါ့။ လက်ထဲက မိုးပျံပူဖောင်းလေးလွတ်သွားတာဟာလည်း သူ့အရွယ်လေးနဲ့သူ အကြီးမားဆုံး ဆုံးရှုံးမှုကို ခံစားငိုကြွေးနိုင်ပါတယ်။ ဒီအခါမှာ ဆူတာမျိုး ၊ အပြစ်တင်တာမျိုး မလုပ်ဘဲ ဒါဟာ ဖြစ်တတ်တဲ့သဘောလို့ ကလေးကို နှစ်သိမ့်ပြီး ဒီဆုံးရှုံးမှုကို လက်ခံနိုင်အောင် လေ့ကျင့်ပေးပါ။

ကလေးလဲကျလို့ ခဲလုံးနဲ့ မြေကြီးကို တန်ပြန်ခြေဆောင့်တာမျိုး မလုပ်ပါနဲ့ ။ ဒီလိုလုပ်ရင် ကလေးဟာ ကလဲ့စားချေစိတ်ကို သင်ယူသွားတယ်။ ကလေးပစ္စည်းပျက်စီးဆုံးရှုံးသွားလို့ တခြားသူကို အပြစ်တင်တာမျိုး မလုပ်ပါနဲ့။ ဒီလိုဆို ကလေးဟာ နောင်မှာ သူဆုံးရှုံးတိုင်း အခြားသူကို လက်ညှိုးထိုး အပြစ်ရှာတာမျိုးလုပ်မယ်။ ဒီအရှုံးကို ကလေးလက်ခံနိုင်အောင် (ကိုယ်တိုင်ကလည်း လက်တွေ့ကျကျ လက်ခံနိုင်အောင်) အရင် ကျင့်ရမှာဖြစ်ပါတယ်။

နောက်တဆင့်မှာ ကလေးကို ထွေးဖက်နှစ်သိမ့်မှုပေးမယ်။ ကလေးစိတ်ဖြေသိမ့်နိုင်လို့ ဝမ်းနည်းအားငယ်တာမျိုး မရှိတော့ဘူးဆိုရင် နောင်မှာ ဒီလိုဆုံးရှုံးမှုမကြုံဖို့ ဘာသတိထားရမယ်ဆိုတာ အကောင်းဘက်က ရှုမြင်သင်ပေးရမှာဖြစ်ပါတယ်။ ဥပမာ  အောက်မကြည့်လျှောက်လို့ ၊ ရှေ့မကြည့်လို့ လဲကျတယ်ဆိုရင် နောင်မှာ ကိုယ့်ခြေလှမ်းကိုယ် သတိထားမိအောင် သင်ပေးရမယ်။ ပျောက်သွားတဲ့ပစ္စည်းဆို လက်ထဲမြဲအောင် ၊ မပျောက်ပျက်အောင် ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာ သင်ပေးမယ် စသဖြင့်သော သင်ကြားမှုတွေကို နားဝင်အောင် လေသံချိုချိုနဲ့ ပြောပြသင်ပေးရမှာဖြစ်ပါတယ်။ ဆူတာမျိုး မဖြစ်ပါစေနဲ့လေ။

ကလေးဟာ ဆုံးရှုံးမှုကို သဘာဝအတိုင်း လက်ခံနိုင်မယ်။ ဒီဆုံးရှုံးမှုကနေ သင်ယူမယ်။ နောင်မှာ ထပ်ခါထပ်ခါ ကြိုးစားချင်စိတ်နဲ့ ကြိုးစားခွင့်ရှိမယ်ဆိုရင် ဒီကလေးဟာ စိတ်ဓါတ်ကြံ့ခိုင်တဲ့ ခံနိုင်ရည်အားကောင်းသူလေး ဖြစ်လာပါပြီ။ ဒါဆို သူ့ကြိုးစားရင်ကြိုးစားသလောက် အောင်မြင်မှုတွေဆွတ်ခူးဖို့ နီးနေပြီလေ။ လဲရင်ငိုကြွေးနေတဲ့ကလေးက ခရီးမရောက်ဘဲ လဲရင်ပြန်ထ ၊ မလဲအောင်ကြိုးစားရင်း ခရီးဆက်သူမှ လိုရာခရီးရောက်နိုင်တာကို သတိချပ်ပါလေ။

ကလေးဟာ လဲကျလို့ သူ့ဘာသာသူပြန်ထနိုင်တယ် ၊ ဆုံးရှုံးသွားရင် ဖိတ်စင်သွားရင် သူ့တာဝန်သူယူပြီး ပြန်ပြင်နိုင်ဖို့ ကြိုးစားတယ်ဆိုရင် လက်ခုပ်တီးလို့ အားပေးချီးမြှောက်လိုက်ပါ။ ဒါဟာ မမှားအောင် ထပ်ကြိုးစားဖို့ ခွန်အားပေးလိုက်တာဖြစ်ပါတယ်။ ဒါဟာ သူ့အတွက် နောင်ထပ်ကြိုးစားချင်စိတ်ဖြစ်လာမယ့် စိတ်ဓါတ်ခွန်အားတွေ ပေးလိုက်တာပါ။ နောက်တဆင့်ကတော့ သူဟာ နောက်ထပ် ဒီလိုအမှားမျိုး မကြုံအောင် သတိထားနိုင်တယ် ၊ နောက်ထပ်ကြိုးစားရင် အောင်မြင်နိုင်တယ်လို့ သူ့ကို မျက်လုံးအကြည့်နဲ့ ၊ စကားအပြောအဆိုနဲ့ ၊ ကိုယ်တိုင်အားပေး ထောက်ပံ့မှုမျိုးနဲ့ နောက်ထပ်ကြိုးစားချင်စိတ် ပေးလိုက်ပါ။ နောက်ထပ် သူကြိုးစားတဲ့အခါ ရရှိလာမယ့် အောင်မြင်မှုပဲဖြစ်ဖြစ် ၊ ရှုံးနိမ့်မှုပဲဖြစ်ဖြစ် ကိုယ်ဟာ လက်ခံဖို့ အဆင်သင့်ရှိတယ်ဆိုတာ သူနားလည်အောင် ၊ ခံစားတတ်အောင် ထုတ်ဖော်ပြောဆိုပါ။ ဒါဆိုရင်တော့ ကလေးဟာ အခါခါကြိုးစားရင်းနဲ့ အောင်မြင်မှုကို လှမ်းယူနိုင်ပြီပေါ့။ အောင်မြင်ဖို့ဆို ကြိုးစားဖို့ပဲလိုတာပါ။ အခါခါကြိုးစားချင်စိတ်ရှိဖို့ဆိုတာကလည်း စိတ်ဓါတ်ကြံ့ခိုင်ပါမှ ၊ ခံနိုင်ရည်အားကောင်းပါမှ ဖြစ်မယ်လေ။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

]]>
http://www.burmesehearts.com/%e1%80%81%e1%80%b6%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%9b%e1%80%8a%e1%80%b9%e1%80%a1%e1%80%ac%e1%80%b8%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%9e%e1%80%ac/feed/ 2
ကလေးသူငယ်များ မိမိကိုယ်ကို ယုံကြည်မှုရှိကြဖို့ ထိန်းကျောင်းခြင်း http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-%e1%80%99%e1%80%ad%e1%80%99%e1%80%ad%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-%e1%80%99%e1%80%ad%e1%80%99%e1%80%ad%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9/#respond Tue, 17 Nov 2015 10:49:56 +0000 http://www.burmesehearts.com/?p=19858

ကလေးတွေရဲ့ စိတ်သဘောထားနဲ့ ပြုမူလုပ်ကိုင်ပုံတွေဟာ မျိုးရိုးဗီဇ နဲ့ သူတို့ရဲ့ ပင်ကိုယ်ဗီဇ အရသော်လည်းကောင်း ၊ လူကြီးမိဘများရဲ့ မြေတောင်မြှောက်ပေး သင်ကြားဆုံးမပေးနိုင်မှုအပေါ်လည်းကောင်း စသဖြင့် အချက်အမျိုးမျိုးအပေါ်မူတည်ပြီး ကွဲပြားသွားပါတယ်။

မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့ ကလေးသူငယ်တွေဆိုတာ ဘယ်လိုသိနိုင်မလဲ။ ကလေးငယ်တွေဟာ မိမိကိုယ်ကို ယုံကြည်တဲ့ အရည်အချင်းရှိတယ်ဆိုရင် သူတို့ဟာ ရဲရင့်သတ္တိနဲ့ ပြည့်စုံတယ်။ စိတ်ဓါတ်ကြံ့ခိုင်တယ်။ သူနားမလည် ၊ မသိတဲ့ဘာသာရပ်ဖြစ်နေဦးတော့ လူကြီးနဲ့လည်း (၁၀)မိနစ်လောက်ကို အပြန်အလှန် ဗဟုသုတ ဆွေးနွေးနိုင်တယ်။

သူတို့ဟာ ရဲရင့်သတ္တိရှိတယ်ဆိုပေမယ့် မိုက်ရူးရဲ တဇွတ်ထိုး မစဉ်းစားဘဲ လုပ်ကိုင်တတ်တာမျိုးမဟုတ်ပါဘူး။ သူများပြောတာကို လူကြီးပြောတာပဲလေလို့ အလွယ်တကူ လက်ခံလိုက်တာမျိုးမဟုတ်ဘဲ ချက်နဲ့လက်နဲ့ အကြောင်းအကျိုးခိုင်လုံအောင် စူးစမ်းမေးမြန်းပြီးမှ လက်ခံတတ်တာမျိုးပါ။ သူများခြောက်တိုင်းလည်း ကြောက်ရွံ့နောက်ဆုတ်သွားတတ်တာမျိုးမဟုတ်ဘဲ ဖြစ်သင့် ၊ မဖြစ်သင့် ၊ ဟုတ် ၊ မဟုတ်ဆိုတာကို ကြောင်းကျိုးခိုင်လုံအောင် စဉ်းစားပြီးမှ နောက်ဆုတ်သင့်တယ်ဆို ဆုတ်သွားတာပါ။ စိတ်ဓါတ်ကြံ့ခိုင်တယ်ဆိုတဲ့နေရာမှာလည်း တခါရှုံးနိမ့်ရုံနဲ့ လက်မြှောက်အရှုံးပေးသွားတာမျိုးမဟုတ်ဘဲ အရှုံးကိုလက်သင့်ခံလို့ အနိုင်ပြန်ရအောင် ကြိုးစားချင်စိတ်ရှိတဲ့ကလေးဟာ စိတ်ဓါတ်ကြံ့ခိုင်သူပါ။

လူကြီးတွေဟာ ကလေးတွေမေးမြန်းတာကို စပ်စုတယ်လို့ ဆိုတတ်ကြတယ်။ တကယ်တော့ စပ်စုတယ်ဆိုတာ မိမိနဲ့ ဆိုင်ဆိုင်မဆိုင်ဆိုင် လူကြီးဘာပြောပြော ၊ ဘာလုပ်လုပ် အရာရာ လိုက်ဝင်ပါပြီး သိချင်တာဖြစ်ပါတယ်။ စူးစမ်းတယ်ဆိုတာကတော့ ဘာကြောင့်ဒီဟာ ဖြစ်သွားရတယ် ၊ ဘယ်လိုကြောင့် ၊ ဘာဖြစ်လို့ စသဖြင့် သူတို့နားမလည်သေးတဲ့ ကိစ္စတွေကို ခရေစေ့တွင်းကျ သူတို့စိတ်ထဲ ပုံဖော်နားလည်နိုင်တဲ့အထိ မေးမြန်းတတ်တာမျိုးပါ။ စူးစမ်းတတ်တဲ့ကလေးတွေဟာ စမ်းသပ်လိုစိတ်ရှိကြတယ်။ သူတို့ဟာ အရာရာတိုင်းကို စူးစမ်းတာမျိုးမဟုတ်ဘဲ သူတို့စိတ်ဝင်စားရာ အကြောင်းအရာတွေကို စူးစမ်းလေ့လာလို့ ပိုသိချင်တာမျိုးပါ။

စူးစမ်းတတ်တဲ့ ကလေးတွေကို သူတို့နားလည်လိုရာ အကြောင်းအရာကို ဆွေးနွေးပြောဆိုရှင်းပြခြင်းမျိုး မလုပ်တဲ့အပြင် စပ်စုလိုက်တာ ၊ ကလေးက ကလေးအရာမနေဘူးဆိုတဲ့ စကားနဲ့ သူတို့ရဲ့ စူးစမ်းလိုစိတ်ကို ပိတ်ပင်လိုက်မယ်ဆိုရင် ကလေးဟာ သူသိလိုတဲ့အကြောင်းအရာကို သိနားလည်အောင် မေးမြန်းဖို့ မဝံ့မရဲ ဖြစ်သွားပါပြီ။ ဒါဟာ ဗူးသီးအမွှေးသပ်လိုက်သလိုပါပဲ။ ကလေးရဲ့ စူးစမ်းလိုစိတ်ကို ပိတ်ပင်လိုက်တာပါ။ စူးစမ်းလိုစိတ်ရှိမှ ဒီအကြောင်းအရာကို ပိုသိနားလည်အောင် လေ့လာလိုစိတ်ရှိမယ်။ လေ့လာရင်းနဲ့မှ စမ်းသပ်တီထွင်လိုစိတ်တွေကြောင့် စမ်းသပ်တီထွင်ဖြစ်မှာပါ။ ဒါကို အစကနဦးခြေလှမ်းဖြစ်တဲ့ ကလေးငယ်ရဲ့  စူးစမ်းမှုကို ပိတ်ပင်လိုက်မယ်ဆိုရင် မမေးရဲတဲ့ကလေးဟာ စမ်းသပ်တီထွင်လိုစိတ်ရှိဦးတော့ မဝံ့မရဲစိတ်တွေ ကြီးစိုးသွားခဲ့ပြီလေ။ ဒါဟာ လူကြီးမိဘ နဲ့ ဆရာသမားတွေ သတိထားရမယ့်ကိစ္စပါပဲ။

တခါတလေ ကလေးမေးတဲ့စကားလုံးတွေကို ကိုယ်တကယ် သိနားလည်မှု မရှိတာ ဖြစ်ကောင်းဖြစ်မယ်။ ဒီလိုအခြေအနေမှာ ယုတ်ယောင်ယောင် ရမ်းတုတ် ၊ ဖြီးထည့်လိုက်တာမျိုး မလုပ်ပါနဲ့။ ကိုယ်မသိတာကို မသိဘူးလို့ အရိုးခံအတိုင်း ကလေးကို ဆက်ဆံပါ။ အဖြေမှန်ကို စာကြည့်တိုက်မှာဖြစ်ဖြစ် ၊ အွန်လိုင်းပေါ်မှာဖြစ်ဖြစ် ကလေးနဲ့အတူ ရှာဖွေကြည့်ပါ။ ဒီလိုလေ့ကျင့်ပျိုးထောင်ပေးခြင်းအားဖြင့် ကလေးဟာ သူသိလိုတဲ့ အဖြေမှန်ကို ဘယ်နေရာမှာ ဘယ်လိုရှာရမယ်ဆိုတာကို သင်ယူသွားပါတယ်။ မသိတာကို မသိဘူးလို့ ဝန်ခံရဲတဲ့ ကိုယ့်ကိုလည်း လေးစားလာမယ်။

တခါတလေ ကလေးက ကိုယ့်ထက်ပိုသိပြီး ကိုယ်မသိတဲ့ ကိစ္စရပ်တွေကို ကလေးက ဆွေးနွေးလိုရင် သူပြောတာ နားထောင်လိုက်ပါ။ တနည်းအားဖြင့် သူက ကိုယ့်ကို ပြန်သင်ခွင့် ပေးလိုက်တာပါပဲ။ ဒီလိုလုပ်ပေးတာဟာ ကောင်းတဲ့ အလေ့အကျင့်ပါ။ ကလေးဟာ သူလေ့လာထားတဲ့ စာတွေ့ဟာတစ်မျိုး ၊ ကိုယ့်ကို ပြန်ပြောပြ ဆွေးနွေးလို့ သင်ပြခွင့်ရတဲ့ လက်တွေ့ကတစ်မျိုးနဲ့ အကြောင်းအရာတစ်ခုအပေါ်မှာ အတွေ့အကြုံနှစ်ခု ဖြစ်ထွန်းသွားပါတယ်။ ကိုယ်လည်း ပညာရနိုင်တာပေါ့။ “ငါဟာ မိဘမို့ ငါသာကလေးကို သင်ရမယ်” ဆိုတဲ့ စိတ်ကြီး သားသမီးနဲ့မိဘကြား မထားတာ အကောင်းဆုံးဖြစ်ပါတယ်။ ခေတ်က မတူတော့ဘူးလေ။ ကိုယ်မသိသေးတဲ့အရာတွေကို သူဟာ လေ့လာသင်ယူရင်း သိနေနိုင်တယ်။

BurmeseHearts Blog

ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့ ကလေးကျတော့ တခုခုဆို မိခင်ရဲ့အနောက်မှာ ပုန်းကွယ်နေတတ်တာမျိုး ၊ ယှဉ်ပြိုင်ပြောဆိုလုပ်ကိုင်ရမယ်ဆိုတဲ့အချိန်မှာ မဝံ့ရဲတာမျိုး ၊ သူများပြောလိုက်ရင် အယုံလွယ်လို့ လက်ခံလိုက်တာမျိုး ၊ သူများခြောက်တဲ့စကားတွေမှာ မျောပါ ကြောက်ရွံ့သွားတတ်တာမျိုး ၊ ရှေ့ဆက်လုပ်ကိုင်မယ့်အစား နောက်ဆုတ်ပေးလိုက်တာမျိုး ၊ အရှုံးဆိုတာ မပေါ်လာခင်ကတည်း ငါရှုံးနိုင်တယ်ဆိုတဲ့စိတ်ထားပြီး အရှုံးနဲ့ကြုံပြီဆို လွယ်လွယ်စိတ်ဓါတ်ကျလို့ နှစ်ခါပြန်ရှုံးတတ်တာမျိုးတွေပါ။

ဒီလိုဆို ကလေးကို မိမိကိုယ်ကိုယုံကြည်မှုရှိဖို့ မလေ့ကျင်ပေးသင့်ဘူးလား။ မိဘတိုင်းက ကိုယ့်ကလေးကို မိမိကိုယ်မိမိ ယုံကြည်မှုရှိတဲ့ကလေး ဖြစ်စေချင်ကြပါတယ်။ ဒါပေမယ့် အကြီးမားဆုံးစိန်ခေါ်မှုက သူတို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာဖို့ ဘယ်လို လေ့ကျင့်ပျိုးထောင်ပေးမလဲဆိုတာပါပဲ။ ကျွန်မအကြိမ်ကြိမ်ဆိုခဲ့ဖူးသလို ကလေးမှာ ဖြစ်စေချင်တဲ့အရာ ကိုယ်ကကအရင်လုပ်ပြရမှာဖြစ်ပါတယ်။

ကလေး ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာဖို့ဆိုရင် မိဘကိုယ်တိုင်က သူတို့ကို ယုံကြည်မှုရှိကြောင်း ပြသရမှာပါ။ မိဘဟာ သူတို့အပေါ် ယုံကြည်မှုရှိရှိနဲ့ လုပ်ကိုင်ခွင့်ပေးတယ်ဆို ကလေးဟာ အားတက်လာပါတယ်။ ပထမဆုံး ကလေးကို မိမိမျက်စိအောက် ခြေတလှမ်းအကွာလောက်ကနေ ယုံကြည်မှုပေးတဲ့မျက်ဝန်းနဲ့ စောင့်ကြည့်လို့ သူလုပ်ချင်ရာ လုပ်ခွင့်ပေးလိုက်ပါ။

နောက်တဆင့်က သူ့ကို မှန်ကန်တဲ့နည်းတဲ့ လုပ်ကိုင်တတ်အောင် ၊ သူလုပ်ကိုင်လိုတဲ့အရာ ဖြစ်မြောက်အောင်မြင်သွားအောင် နည်းလမ်းတကျ သွန်သင်ပြသလို့ သူ့ဘာသာ အကြိမ်ကြိမ်လုပ်ကိုင်ခွင့်ပေးရမှာပါ။ အကြိမ်ကြိမ်လုပ်ခွင့်ပေးရမယ်ဆိုတာ သူမအောင်မြင်တဲ့အခါမျိုးတွေမှာ ထပ်ကြိုးစားကြည့်ဖို့ အားပေးပြီး ထပ်ကြိုးစားချင်စိတ် ပေးရမှာပါ။ ဘာကြောင့် မအောင်မြင်နိုင်သေးလဲဆိုတာ အကောင်းဘက်က ထောက်ပြပြီး အမှန်က ဘယ်လိုလုပ်ရင် အောင်မြင်နိုင်တယ်လို့ နည်းပေးလိုက်ရမှာပါ။ ကလေး မအောင်မမြင် ဖြစ်တဲ့အခြေအနေတွေကို ပြက်ရယ်ပြုတာမျိုး ၊ မခံချင်အောင် ရှုံ့ချပြောဆိုတာမျိုး အထူးရှောင်ကြဉ်ရမှာပါ။

ကလေးဟာ သူသင်ခဲ့တဲ့ အသိလေး ၊ အတွေ့အကြုံလေးတွေနဲ့ သူ့ဘာသာလုပ်ကိုင်လို့ အောင်မြင်သွားရင် “ငါတကယ်လုပ်ဖို့ပဲလိုတာ ၊ ဇွဲရှိရှိလုပ်ကိုင်မှသာ အောင်မြင်မှုကို ခံစားရနိုင်တာ” လို့ နားလည်သွားပါတယ်။ ကလေးရဲ့အောင်မြင်မှုကို ကလေးနဲ့အတူ မိဘက ချီးမြှောက်ပြောဆို ဂုဏ်ပြုတာမျိုးတွေနဲ့ အောင်ပွဲခံပေးလိုက်ပါ။ ဒီအခါ ကလေးဟာ နောင်မှာ လုပ်ကိုင်ရဲလာမယ် ၊ လုပ်ကိုင်ရင်းနဲ့မှ အောင်မြင်လာပြီး သူ့ကိုယ်သူ ယုံကြည်မှု ရှိလာမှာဖြစ်ပါတယ်။ ဒီလိုဆို မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့ ကလေးဖြစ်လာပြီပေါ့။

အောင်မြင်နေတဲ့အနေအထားမှာ ငါတော် ၊ ငါတတ် ၊ ငါတကော ကောပြီး တခြားသူတွေကို မတူသလို ၊ မတန်သလို လုပ်မယ်ဆိုရင်ဖြင့် ဒီလူဟာ အကျနာတော့မှာပါ။ တချို့သော တော်လွန်းတဲ့ကလေးတွေဟာ တခြားကလေးတွေကို မတူသလို ၊ မတန်သလို ဆက်ဆံတတ်ကြတယ်နော်။ ဒါဟာ မိဘတွေရဲ့ သွန်သင်ဆုံးမမှု အများကြီးလိုပါတယ်။ ကလေးဟာ သူ့အောင်မြင်မှုတွေကြောင့် သူ့ကိုယ်သူ ဘဝင်လိုလို ၊ အထာကိုင်သလိုလို ဖြစ်မသွားရလေအောင် မိဘဟာ သတိရှိရှိ ထိန်းကျောင်းရဦးမှာပါ။ ဘဝင်ကိုင်နေပြီး ထီမထင်နဲ့ မြောက်ကြွမြောက်ကြွ ဖြစ်နေရင် ဒီအောင်မြင်မှုမှာ သာယာနေပြီပေါ့။

အောင်မြင်မှုရသူတွေဟာ ဆက်လက်အားထုတ်လေ့လာရင်း ဆက်လက်ကြိုးစားတာမျိုး မလုပ်ရင် ဒီအောင်မြင်မှုတွေကို အနှေးနဲ့အမြန်ဆိုသလို လက်လွှတ်လိုက်ရမှာပါ။ ဒါကိုကောင်းကောင်း နားလည်ထားရင် အောင်မြင်တဲ့အနေအထားကနေ ပြန်ပြုတ်ကျမလာဖို့ ဆက်လက်အားထုတ်လေ့လာရင်း စဉ်ဆက်မပြတ် ဆက်လက်ကြိုးစားတာမျိုး လုပ်ရမှာပါ။ ဒါမှလည်း ရေရှည်မှာ အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်မယ်လေ။ မိမိကိုယ်ကိုယုံကြည်မှုရှိရှိနဲ့ ဇွဲ ၊ လုံ့လ ၊ ဝီရိယစိုက်ထုတ်လို့ စဉ်ဆက်မပြတ်လေ့လာ ကြိုးစားပါမှသာ အောင်မြင်မှုကို ရေရှည်ထိန်းသိမ်းထားနိုင်သူတွေ ဖြစ်မယ်ဆိုတာတော့ သတိချပ်သင့်ပါတယ်။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-%e1%80%99%e1%80%ad%e1%80%99%e1%80%ad%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9/feed/ 0
ကလေးသူငယ်များ၏ ပျော်ရွှင်မှုအား မှန်မှန်ကန်ကန်ထိန်းညှိခြင်း http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%81%8f-%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%b9%e1%82%90%e1%82%8a%e1%80%84/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%81%8f-%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%b9%e1%82%90%e1%82%8a%e1%80%84/#respond Mon, 16 Nov 2015 09:22:40 +0000 http://www.burmesehearts.com/?p=19607

ကလေးဘဝဟာ လူကြီးတွေထက်စာရင် အပူအပင်ကင်းတယ်လို့ ဆိုပေမယ့် သူတို့စိတ်ဆန္ဒရှိရာကို သူတို့လုပ်ပိုင်ခွင့်မရှိ ၊ သူတို့အတူနေချင်တဲ့သူနဲ့ နေထိုင်ခွင့်မရ ၊ သူတို့သွားချင်ရာ မိမိသဘောဆန္ဒအတိုင်း သွားလာခွင့်မရှိတဲ့ မိမိကိုယ်မိမိမပိုင်သောဘဝမှာ သူတို့ဟာ စိတ်ဖိစီးမှုတွေကို ခံစားနေကြရသူတွေပါ။

ပျော်ရွှင်တဲ့ကလေးအဖြစ် ကြီးပြင်းလာရင် သိပ်ကောင်းတာပေါ့။ အပျော်လွန်တဲ့ကလေးအဖြစ် ကြီးပြင်းလာရင်တော့ ကလေးရဲ့ အနာဂါတ်လူမှုဆက်ဆံရေးအတွက် မကောင်းလှပါဘူး။ ဘဝဟာ အပျော်ကြီးပဲ ခံစားရတာမှမဟုတ်ဘဲလေ။

ကလေးကို အငိုမခံရလောက်အောင် ကလေးလိုချင်သမျှ ၊ လုပ်ချင်သမျှ ဖြည့်ဆည်းပေးနေမယ်ဆိုရင် ကလေးဟာ ကိုယ်လိုချင်တာပဲသိပြီး ဘေးပတ်ဝန်းကျင်အခြေအနေ ခံစားနားလည်မှု မပေးနိုင်တဲ့သူ ၊ သူတပါးကို ခံစားနားလည်မှု မပေးနိုင်တဲ့ အတ္တဘောလေးအဖြစ် ကြီးပြင်းလာတော့မှာပါ။ ဒါဟာ ကလေးကို သူ့ပတ်ဝန်းကျင်မှာရှိတဲ့ လူကြီးမိဘတွေက ဖျက်လိုက်တာပါပဲ။

ကလေးကို အငိုမခံရလောက်အောင် သူ့ဆန္ဒဟူသမျှ ဖြည့်ဆည်းပေးဖို့မဟုတ်သလို ကလေးကို အငိုသည်လေး ဖြစ်ရလောက်အောင်လည်း သူ့ဆန္ဒတွေကို လျစ်လျူမရှုသင့်ပါဘူး။

ဒါဆို ကလေးသူငယ်တွေရဲ့ ပျော်ရွှင်မှုကို ဘယ်လိုထိန်းညှိမလဲ။ အဖြေကလွယ်ပါတယ်။ ကလေးကို တကယ့်ပျော်ရွှင်မှုအစစ်ကို ခံစားစေရမှာဖြစ်ပါတယ်။ ထွေရာလေးပါး အဆန်းတကာ့အဆန်းဆုံး ပစ္စည်းတွေဝယ်ပြီး ဖြည့်ဆည်းပျော်ရွှင်ပေးစေဖို့ထက် သူနဲ့ မိမိရဲ့အချိန်အများစု ကုန်ဆုံးစေပြီး သူ့ကို အဖော်လုပ်ပေးပါ။ ဒီလိုအဖော်လုပ်ပေးရင် ကလေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ပေးစရာမလိုတော့ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ကလေးဟာ သူ့အရွယ်အလိုက်တော့ သူ့ခံစားမှုတွေကို ခံစားသင့်တာပေါ့။ မဝယ်ပေးနိုင်ရင် သူနဲ့အတူ ဆော့ကစားပေးတာ ၊ ကစားစရာတွေကို အတူဖန်တီးယူတာ ၊ ပုံဆွဲတာ ၊ စက္ကူ ချိုးတာ စသဖြင့်သော ကစားနည်းတွေ အများအပြားရှိပါတယ်။ လိုအပ်ချက်က မိမိသားသမီးရဲ့ ပျော်ရွှင်မှုအစစ်အမှန်ကို သူတို့အနားမှာ အဖော်လုပ်ပြီး ဖန်တီးပေးဖို့ ဖြစ်ပါတယ်။

ကိုယ်လိုချင်တာ အလိုလိုရလိုက်တာဟာ တကယ်တော့ ပျော်ရွှင်မှုအစစ်မဟုတ်ပါဘူး။ ဝမ်းသာမှုလို့တော့ ခေါ်လို့ရတာပေါ့။ ပျော်ရွှင်မှုအစစ်ဆိုတာ ခက်ခက်ခဲခဲ မရနိုင်တာကို အကျိတ်အနယ် ကိုယ့်အားကိုယ်ကိုး ကြိုးစားရင်းနဲ့ ရရှိလာတဲ့အောင်မြင်မှုအတွက် စိတ်ကျေနပ်မှုနဲ့ ပျော်ရွှင်ခြင်းရယ်ပါ။ ဒီလိုပျော်ရွှင်မှုမျိုးရဖို့ဆိုတာ ကြိုးစားအားထုတ်လိုစိတ်ကို အခြေခံထားမှ ရပါတယ်။ ကလေးတွေကို ကြိုးစားအားထုတ်လိုစိတ်ရှိဖို့ လူကြီးမိဘတွေက ကလေးတွေ ကြိုးစားအားထုတ်ချင်စိတ်ရှိအောင် အားပေးတတ်ဖို့လိုပါတယ်။

“ကြိုးစားကွ ၊ ငါ့သား/သမီး လုပ်နိုင်ပါတယ်။ လုပ်ထားကွ ၊ ကျိတ်ထားကွ” စသဖြင့် ကလေးကို သူ့ကြိုးစားမှု အသိအမှတ်ပြုတဲ့ စကားမျိုး ၊ အားပေးမှုမျိုး ပြောပေးမယ့်သူမရှိဘူးဆိုရင် အဲဒီကလေးဟာ ကြိုးစားအားထုတ်လိုစိတ်ရှိဖို့ ခဲယဉ်းနေပါလိမ့်မယ်။ ဒီ့ထက်ဆိုးတာက ကလေးငိုတာနဲ့ “ဘာလိုချင်သလဲ ရော့ … အင့်” အလွယ်တကူ ၊ အသာတကြည် နားအေးပြီးရော ၊ ကလေးစိတ်ချမ်းသာပြီးရော ဖြည့်ဆည်းပေးတတ်တဲ့မိဘတွေဟာ ကလေးရဲ့  ကြိုးစားအားထုတ်လိုစိတ်ကို ဖျက်စီးပစ်လိုက်သူတွေပါ။

ခက်ခဲတဲ့အရာကို မိမိကိုယ်စွမ်းကိုယ်စနဲ့ ကြိုးစားအားထုတ်လို့ ရရှိလာတဲ့ အောင်မြင်မှုကို ကျေနပ်ပီတိဖြစ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ခံစားမှုဟာ စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုရင် ကလေးကြိုးစားအားထုတ်မှုကို လျစ်လျူရှု မျက်ကွယ်ပြုထားတဲ့မိဘတွေနဲ့ ကလေးအားထုတ်စရာမလိုအောင် အစစ အဆင့်သင့် ဖန်တီးပေးထားတဲ့မိဘတွေရဲ့ သားသမီးတွေဟာ ပျော်ရွှင်မှုအစစ် မခံစားရတဲ့သူတွေဆိုရင် မှားမလားနော်။

BurmeseHearts Blog

ယုံမှားသံသယမရှိပါနဲ့ ။ ဒီလိုမိဘရဲ့ သားသမီးတွေဟာ ကြီးပြင်းလာတဲ့အခါ သဘာဝအတိုင်း လူမှုဝန်းကျင်မှာ စီးမျောရင်း ရရှိလာတဲ့ ရာထူး ၊ စီးပွားဥစ္စာ ၊ ဂုဏ်အင်္ဂါအထွေထွေကို ပိုက်ထားသည့်တိုင်အောင် ပျော်ရွှင်မှုအစစ်ဆိုတာ ဘာလဲလို့ ရှာဖွေဆဲ ၊ ရှာဖွေမြဲ ဖြစ်နေကြမှာပါ။ ဒီလို ရာထူး ၊ စီးပွားဥစ္စာ ၊ ဂုဏ်အင်္ဂါအထွေထွေကို မပိုင်ဆိုင်တဲ့သူတွေကတော့ ပျော်ရွှင်မှုအစစ်ဟာ ဒီရုပ်ထုပစ္စည်းတွေနဲ့ ဂုဏ်ဒြပ်တွေလို့ ထင်ယောင်မှားပြီး ဒါတွေနောက် လိုက်နေဦးမှာပေါ့။

ကလေးတွေ ပျော်ရွှင်မှုအစစ် ခံစားရဖို့ဆိုတာ သူတို့ရဲ့ ကြိုးစားအားထုတ်မှုအပေါ် သူတို့ကိုယ်တိုင် ယုံကြည်တဲ့စိတ် (တနည်းအားဖြင့် မိမိကိုယ်ကိုယုံကြည်မှု) ရှိထားရပါမယ်။ သူ့ရဲ့ ယုံကြည်စိတ်ဟာ သူ့မိဘ ဘယ်သူဘယ်ဝါဆိုတဲ့ ဂုဏ်အပေါ်ကိုသော်လည်းကောင်း ၊ သူ့တွေ့မြင်သိရှိနေတဲ့ မိသားစုပိုင်ဆိုင်မှုကြောင့်သော်လည်းကောင်း ဖြစ်ပေါ်လာတဲ့ ယုံကြည်စိတ်မဖြစ်သင့်ဘဲ (Being himself) လို့ခေါ်တဲ့ သူ့ဘာသာသူ ဖြစ်တည်မှု တနည်းအားဖြင့် မိမိကြိုးစားမှုကြောင့် ရရှိလာတဲ့ အောင်မြင်မှု ၊ စိတ်ကျေနပ်မှု ၊ စိတ်ချမ်းသာမှု ၊ ပျော်ရွှင်မှု စတာတွေအပေါ် မူတည်ပြီး ဖြစ်လာတဲ့ မိမိကိုယ်ကိုယုံကြည်မှု ဖြစ်သင့်ပါတယ်။

ကိုယ့်အားထုတ်မှုအပေါ် မိမိကိုယ်ကို ယုံကြည်စိတ်နဲ့ လုပ်ကိုင်ဆောင်ရွက်တတ်သူ ကလေးတွေဟာ ဘာကြောင့် ပျော်ရွှင်မှုအစစ်ဆိုတာကို ခံစားကြရသလဲ။ သူတို့တွေဟာ လူကြီးမိဘဖိအားကြောင့် ဒီလုပ်ရပ်နဲ့ ဒီပြောဆိုမှုကို လုပ်ကိုင်ရတာမျိုးမဟုတ်ဘူး။ သူတို့ဆန္ဒကို အခြေခံပြီး သူတို့ယုံကြည်ချက်နဲ့ သူတို့ကိုယ်တိုင် အကောင်းဆုံး ကြိုးစားအားထုတ်ထားတဲ့ကိစ္စမို့ ဘေးပယောဂ ကင်းရှင်းစွာ စိတ်ပျော်ရွှင်နိုင်ကြတာပေါ့။

လူကြီးက ဒါလုပ် ၊ ဒါပြောဆိုတဲ့ဖိအားကြောင့် လုပ်ကိုင်ပြောဆိုရလို့ ရလဒ်ကောင်းထွက်လာသည့်တိုင် ကလေးဟာ သူ့ရဲ့ ဆန္ဒနဲ့ ယုံကြည်မှုဆိုတာတွေကို ဟိုးချောင်မှာ လွှင့်ပစ်ထားခဲ့ပြီးမှ လူကြီးခိုင်းတာ မလုပ်ချင် ၊ လုပ်ချင်လုပ်ခဲ့ရတဲ့အတွက် ရလာတဲ့အောင်မြင်မှုဟာ သူ့အောင်မြင်မှုမဟုတ်သလို သူဟာ ပြည့်စုံတဲ့ ပီတိပျော်ရွှင်မှုဆိုတာကို မခံစားရပါဘူး။ သူရရှိတဲ့အောင်မြင်မှုအတွက် သူ့ထက်ပိုပျော်မယ့်သူတွေက သူ့ကို ဖိအားပေးခိုင်းခဲ့တဲ့ မိဘတွေ ဖြစ်နေမှာပါ။

ကလေးသူငယ်တွေ အောင်မြင်မှု သေးသေးဖြစ်ဖြစ် ၊ ကြီးကြီးဖြစ်ဖြစ် ရလာရင် ချီးမြှောက်ဖို့ မမေ့ပါနဲ့ဦး ။ ပစ္စည်းနဲ့ ပေးကမ်းချီးမြှောက်မှ ချီးမြှောက်တယ်လို့ မဆိုအပ်ဘဲ ဖက်လှဲတကင်း ဝမ်းမြောက်ဝမ်းသာ ထွေးဖက်ချီးမြှောက်ခြင်း ၊ စကားအရာဖြင့် ပြောဆိုချီးမြှောက်ခြင်း ၊ ကိုယ်ပေးနိုင်တဲ့ အချိန် ၊ ပစ္စည်းတို့ဖြင့် ပေးကမ်းခြင်းဟာလည်း ချီးမြှောက်ခြင်းပါပဲ။ ကိုယ်ပေးနိုင်တဲ့အချိန် နဲ့ ပစ္စည်းဆိုတာ သူအောင်မြင်မှုရယူလာတဲ့အခါ ပစ္စည်းကောင်းကောင်း မဝယ်ပေးနိုင်သည့်တိုင် ထွေးဖက်ချီးမြှောက်ခြင်း ၊ နမ်းရှုပ်ချီးမြှောက်ခြင်း ၊ စကားအရာဖြင့် ပြောဆိုချီးမြှောက်ခြင်းတွေအပြင် မိသားစုထမင်းဝိုင်းလေးကို ပိုကောင်းတယ်ဆိုတဲ့ ဟင်းလျာလေးတွေနဲ့ သူ့ကို ဂုဏ်ပြုပေးတာမျိုးပါ။ သူကြိုက်တာလေး ချက်ကျွေး ၊ ဝယ်ကျွေးမယ်ဆိုရင် ကလေးဟာ မိဘမေတ္တာနဲ့ စေတနာကို ပိုခံစားရပြီး ဒီဘဝက တိုးတက်သထက်တိုးတက်အောင် ပိုကြိုးစားချင်စိတ် ရှိလာမှာဖြစ်ပါတယ်။

ကိုယ်ပေးနိုင်တဲ့အချိန်နဲ့ ချီးမြှောက်ခြင်းဆိုတဲ့နေရာမှာ အလုပ်က တရက်လောက် ခွင့်ယူလို့ပဲဖြစ်ဖြစ် ကလေးသွားလိုတဲ့နေရာလေးအတူသွား ၊ စားလိုတဲ့အစာလေးလိုက်ကျွေးရင်းနဲ့ သူ့အောင်မြင်မှုကို ချီးမြှောက်ဂုဏ်ပြုပေးခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ဒီတရက်ကတော့ မိဘမျက်စိအောက်မှာ သားသမီးစိတ်ကြိုက်ဆော့ကစားခွင့် တနည်းအားဖြင့် သူ့စိတ်ကို တရက်တာ လွတ်လပ်ခွင့်ပေးလိုက်ခြင်းပါ။ သူဟာ ဒီအောင်မြင်မှုရဖို့ သူများထက် ကိုယ်အား ၊ ဥာဏ်အား သုံးပြီး ကြိုးစားအားထုတ်ခဲ့ရတာမို့ အောင်မြင်မှုရလဒ်ထွက်လာတဲ့အချိန်မှာ သူ့ဦးနှောက်ကိုလည်း အနားပေးဖြေဖျော်မှုတွေ လုပ်ပေးသင့်တယ်မဟုတ်လား။ တရက်တာ စိတ်ပျော်ရွှင်မှုဟာ နောင်လာမယ့် အခက်အခဲအသစ်တွေ ၊ စမ်းသပ်မှုတွေကို ဖြေရှင်းဖို့ အားအင်သစ်တွေကို တိုးပွားစေပါတယ်။ အနည်းဆုံးတော့ သူ့စိတ်ညစ်ငြူးမှု ၊ စိတ်တင်းကျပ်မှုတွေကို ဖြေဖျောက်ခွင့်ရသွားတာပေါ့။

အောင်မြင်မှုရယူခဲ့သူကို လက်ကမ်းလို့လည်းမကြို ၊ ရောင့်တက်သွားမှာစိုးပြီး ချီးမွမ်းစကားလည်းမပြောတဲ့အပြင် နောင်ရှုံးရဲရှုံးကြည့် အသေဘဲ ၊ အသိပဲ ဆိုတာမျိုးတွေနဲ့ ခြိမ်းခြောက်လေ့ရှိတတ်သူတွေရဲ့ သားသမီးတွေဟာ ရေရှည်မှာ အောင်မြင်မှုကို ပျော်ရွှင်စွာ ထိန်းသိမ်းထားနိုင်ဖို့ ခဲယဉ်းနေပါတယ်။ အချိန်အတော်ကြာကြာ တင်းပြည့်ကျပ်ပြည့် ခံစားခဲ့ရတဲ့ စိတ်ဖိစီးမှုတွေဟာ တနေ့တော့ ပွင့်ထွက်လာတော့မှာပေါ့။ ဒီလိုပွင့်ထွက်လာတာဟာ အင်နဲ့အားနဲ့ ပေါက်ကွဲထွက်လာတာမို့ ဒီလို စိတ်ခံစားမှုနောက်လိုက်သွားတဲ့ သားသမီးတွေကို မိဘတွေက ထိန်းချုပ်ဖို့ခက်ပါလိမ့်မယ်။

အရင်က ပြောစကားနားထောင်ပြီး သိပ်တော်တဲ့ကလေး အခုမှ ပျက်စီးသွားတယ်လို့ ဆိုတတ်တဲ့မိဘတွေဟာ ကလေးကို တလျောက်လုံး တင်းကြပ်မှုတွေ ပြုလုပ်ခဲ့ပြီး ဖြေလျော့မှုတွေ မပေးခဲ့တဲ့အတွက် ကလေးဟာ လွတ်ထွက်သွားတာလို့ မှတ်ရပါမယ်။ ပြန်ထိန်းသိမ်းနိုင်ပါ့မလားဆိုတဲ့ မေးခွန်းရဲ့အဖြေဟာ ကလေးအပေါ် ကိုယ်ဘယ်လောက် တင်းကျပ်ခဲ့သလဲဆိုတာနဲ့ ကလေးဟာ ဘယ်လောက်အထိ စိတ်ဖိစီးမှုတွေ ခံစားခဲ့ရလို့ စိတ်ဓါတ်ပျက်ပြားသွားသလဲဆိုတဲ့ အဖြေအပေါ် မူတည်နေပါတယ်။ ဒါဟာ ကလေးဆိုးတယ်ဆိုတာထက် မိဘက ကလေးဆိုးသွားအောင် ဖိအားပေးခဲ့တာပါ။

ကလေးသဘာဝက မိဘဟာ သူတို့ကို ဖေးမဖို့အသင့်ရှိတယ်။ နားလည်မှုရှိတယ်။ တတ်အားသမျှ ဖြည့်ဆည်းပေးတယ်။ သူ့ဘက်ကိုယ့်ဘက် မျှတတတ်ပြီး အရေးကြုံရင် အကာအကွယ်ပေးဖို့ အဆင်သင့်ရှိတယ်ဆိုတဲ့ ခံစားမှုနဲ့တင် ပျော်ရွှင်တဲ့ကလေးတစ်ယောက် ဖြစ်နေပါပြီ။ ကလေးကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ဆိုတာကတော့ ကလေးမိဘတွေရဲ့  ပဲ့ကိုင်ထိန်းသိမ်းမှုနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%81%8f-%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%b9%e1%82%90%e1%82%8a%e1%80%84/feed/ 0
ကလေးကို ထိထိရောက်ရောက် ထိန်းကျောင်းသွန်သင်ချင်သော မိဘများမှတ်သားဖွယ် http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%91%e1%80%ad%e1%80%91%e1%80%ad%e1%80%b1%e1%80%9b%e1%80%ac%e1%80%80%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%80%e1%80%b9-%e1%80%91/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%91%e1%80%ad%e1%80%91%e1%80%ad%e1%80%b1%e1%80%9b%e1%80%ac%e1%80%80%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%80%e1%80%b9-%e1%80%91/#respond Fri, 13 Nov 2015 10:20:26 +0000 http://www.burmesehearts.com/?p=19257

ကလေးကို ထိန်းကျောင်းသွန်သင်တဲ့အခါမှာ ကလေးကို ဘယ်သူက အဓိက ထိန်းကျောင်းသွန်သင်မလဲဆိုတာ အရင်ရွေးချယ်ရမှာဖြစ်ပါတယ်။ အထူးသဖြင့် ဒီလူဟာ ကလေးနဲ့ အချိန်အများကြီး ကုန်ဆုံးနိုင်တဲ့လူဖြစ်သင့်ပါတယ်။ အချိန်အများကြီးမကုန်ဆုံးနိုင်ဘဲ ကလေးကို အဓိကထိန်းကျောင်းသွန်သင်မယ်ဆိုတဲ့နေရာ ယူထားတဲ့အတွက် ကလေးဟာ ရေရှည်မှာ ကိုယ့်ရှေ့ရှိတုန်းခဏပဲ ကိုယ်ပြောတဲ့စကားနဲ့ အမူအကျင့်ကို လက်ခံကျင့်သုံးနိုင်ပါတယ်။ ဒါတောင်မှ မသေချာပါဘူး။

သူအရွယ်ရလာလေ သူတတ်သိလာတဲ့ အတတ်ကောင်းလေးတွေကို လုပ်တော့မှာပေါ့။ ကိုယ်မလုပ်နဲ့ပြောလည်း ကိုယ့်နောက်ကွယ်မှာ သူလုပ်နေတာ ကိုယ်ဘယ်သိနိုင်မလဲနော်။ ကလေးနဲ့ ကင်းကွာနေတဲ့အချိန်များလေ ကလေးကို စည်းကမ်းတကျ ထိန်းကွပ်ဖို့ခက်လေမို့ ကလေးကို အဓိက ထိန်းကျောင်းသွန်သင်မယ့်သူဟာ ကလေးနဲ့ အချိန်အများကြီး ကုန်ဆုံးနိုင်တဲ့လူဖြစ်သင့်တယ်လို့ ဆိုခဲ့တာပါ။

ကျွန်မပို့စ်တွေရဲ့ Facebook Comment တွေမှာ ကလေးဟာ ကလေးမိဘစကား နားမထောင်လို့ ၊ အကျင့်ပြောင်းလာလို့ ၊ လိမ်တတ်လာလို့ ၊ ထိန်းမရလို့ စသဖြင့် မိဘတွေက အကြံဥာဏ်တောင်းတာတွေကို တွေ့ရပါတယ်။ အားလုံးအတွက် ခြုံငုံဖြေပေးလိုတာက ကလေး စည်းကမ်းတကျရှိဖို့ ၊ နာယူသင်လိုစိတ် ၊ ကိုယ်ချင်းစာစိတ် ၊ သည်းခံစိတ် ၊ နားလည်ခွင့်လွှတ်စိတ် ၊ ဖျတ်လတ်တက်ကြွစိတ် ၊ ထိုးထွင်းကြံဆတတ်မှု စသဖြင့်သော အရည်အချင်းတွေ ပြည့်စုံဖို့ဆိုရင် ကလေးအနားမှာ အချိန်အများစုရှိနိုင်ပြီး ကလေးကို အနီးကပ် ထိန်းကျောင်းသွန်သင်ပေးမယ့်သူက ဒါတွေကို ကျင့်သုံးတတ်သူ ၊ ကလေးနာလိုချင်အောင် အဘက်ဘက်က အမျိုးမျိုး သင်ပေးတတ်ဖို့လိုပါတယ်။

ကလေးကို သင်တဲ့သူကိုယ်တိုင်လည်း သူသင်ထားတာတွေကို ယုံကြည်စွာ ပြုမူလုပ်ကိုင်သူ ဖြစ်ရပါမယ်။ ဒီလိုမှမဟုတ်ရင် ကလေးဟာ သင်တဲ့အတိုင်းလုပ်ဖို့ထက် သင်တဲ့သူအတိုင်း ပြောဆိုလုပ်ကိုင်နေမှာပါ။ သင်တဲ့သူများပြီး တယောက်တပေါက် ပြောဆိုကြတဲ့အခါမှာ ကလေးဟာ စိတ်ထွေပြား ရောယောင်လာပြီး ဘာကိုအတည်နာခံရမှန်းမသိ ၊ ဘယ်ဆိုဆုံးမမှုကို နာခံလုပ်ကိုင်ပြောဆိုရမှန်းမသိဘဲ လွတ်သွားတတ်ပါတယ်။

ဒီကြားထဲမှာ ကလေးကိုဖိအားပေး လုပ်ခိုင်းတဲ့သူတွေရှိနေရင် ကလေးဟာ အရွယ်ရလာတာနဲ့အမျှ စည်းလွတ် ၊ ဝါးလွတ် လူကြီးနောက်ကွယ်မှာ ကိုယ်လုပ်ချင်ရာလုပ်နိုင်ပါတယ်။ သူ လေးစားအထင်ကြီးသူတွေဆီက ၊ သူကြည့်တဲ့ရုပ်မြင်အစီအစဉ်တွေ ကာတွန်းတွေက ၊ သူကြားခဲ့တဲ့စကားတွေကနေ သင်ယူပြီး အတတ်ဆန်းထွင်လို့ ပြုမူပြောဆိုလုပ်ကိုင်လာနိုင်ပါတယ်။ ဒါကြောင့် ကလေးကို အဓိက ထိန်းကျောင်းသွန်သင်မယ့်သူဟာ ကလေးနဲ့ အချိန်အများကြီး ကုန်ဆုံးနိုင်တဲ့လူဖြစ်သင့်တယ်လို့ အရင်ဆုံးဆိုခဲ့တာပါ။

ဒီလူက ကလေးနဲ့ အချိန်အများစု ကုန်ဆုံးသူဖြစ်တဲ့အတွက် ကလေး ကိုယ်စိတ်အမူအရာပြောင်းလဲတာနဲ့ ချက်ချင်း သတိထားမိတယ်လေ။ သူနဲ့အနေများတာကိုး။ ဒီအခါ ဒါဟာ မပြောသင့် ၊ မလုပ်သင့်တာတွေကို ချက်ချင်းပဲ့ပြင်ပေးနိုင်ပါတယ်။ ချက်ချင်းပဲ့ပြင်ပေးနိုင်ရင် ဒီအကျင့်ကြီး ကလေးမှာ အမြစ်မတွယ်သေးတာမို့ ပြောင်းလဲရလွယ်ပါတယ်။ ကလေး လုပ်ကျင့် ၊ ပြောကျင့် ဖြစ်နေမှသိတယ်ဆိုရင် ဒီအကျင့်ကြီးဖျောက်ဖို့ကို စိတ်ရှည်ရှည် အချိန်ယူ ပြင်ရဦးမှာပေါ့။

ကလေးနဲ့ အချိန်အများကြီး ကုန်ဆုံးပြီး ကလေးကို အဓိက ထိန်းကျောင်းသွန်သင်မယ့်သူဟာ ပထမဦးစွာ ကလေးထိန်းကျောင်းမှုဆိုင်ရာ စာများများဖတ်ကျင့်ရှိသူဖြစ်ရင် ပိုကောင်းပါတယ်။ မဖတ်ခဲ့ဘူးဆိုသည့်တိုင် ဖတ်ချင်စိတ်ရှိတဲ့သူတော့ ဖြစ်သင့်ပါတယ်။ ဖတ်ချင်စိတ်ရှိမှလည်း လူကြီးမိဘတွေဝယ်ပေးတဲ့ ကလေးထိန်းကျောင်းမှုဆိုင်ရာ စာအုပ်တွေ ၊ စာပေတွေကို ဖတ်မှတ်ချင်မှာဖြစ်ပါတယ်။ ခေတ်က နေ့တွေ ၊ အချိန်တွေနဲ့အမျှ တိုးတက်ပြောင်းလဲနေပါတယ်။

ကိုယ့်ကလေးဟာ ခုခေတ်မှာ ကြီးပြင်းလာမယ့်သူမို့ ခေတ်မီဆီလျော်စွာ ဆုံးမပဲ့ပြင်တတ်ဖို့လိုပါတယ်။ ဒါကြောင့် ဒီခေတ်ထဲမှာပေါ်လာတဲ့ ကလေးထိန်းကျောင်းမှုဆိုင်ရာ စာအုပ် ၊ စာပေတွေ များများဖတ်မှတ်ရမှာဖြစ်ပါတယ်။ ဒါမှလည်း ကလေးထိန်းသူရဲ့အတွေးအခေါ်ဟာ ခေတ်နဲ့ရောင်ပြန်ဟပ်လို့ ခေတ်နဲ့လျော်ညီစွာ ကလေးကို သင်ကြားသွန်သင်ဆုံးမနိုင်မှာဖြစ်ပါတယ်။

ကိုယ်ငယ်ငယ်က သိလာခဲ့တဲ့ ကြီးပြင်းလာပုံနဲ့တော့ ကလေးကို ထိန်းကျောင်းဖို့မလွယ်လှပါဘူး။ ခေတ်ကမတူတော့ဘူးလေ။ ကိုယ့်ခေတ်မှာ iPad ဆိုတာတွေ ၊ YouTube ဆိုတာတွေ မပေါ်သေးတော့ ကလေးကို အရပ်ထဲပြေးလွှားရင်း ကြီးပြင်းစေမယ်ဆို မဖွံ့ဖြိုးလှသေးတဲ့အရပ်ဒေသမှာပဲ လုပ်လို့ရမှာပါ။ ဒါက ခေတ်ကိုရောင်ပြန်ဟပ်စေတဲ့ ဥပမာတခုဖြစ်ပါတယ်။ ဘယ်ဘက်ကမဆို အကောင်းဘက်က တွေးတတ် ၊ ယူတတ်ရင် ပညာတွေပါ။

အရင်ခေတ်က ကောင်းတဲ့ လေးစားမှု ၊ ရိုသေမှု ၊ ကူညီရိုင်းပင်းမှု စတာတွေကို ဒီခေတ်ထဲအထိ လက်ဆင့်ကမ်း ယူလာရမှာဖြစ်သလို ဒီခေတ်နဲ့ဆီလျော်တဲ့ သင်ယူခြင်းဆိုင်ရာတွေကိုလည်း သင်ပေးရဦးမှာပေါ့။ ဒါပေမယ့် ကလေးကိုသင်တဲ့ လူကြီးမိဘတွေကိုယ်တိုင်က ခေတ်ဟောင်းက အယူအဆတွေကိုပဲ ဆွဲကိုင်ထားမယ်ဆိုရင် ကလေးနဲ့လူကြီးမိဘတွေအကြားမှာ အတွေးအခေါ် ၊ အယူအဆ ၊ နားလည်သဘောပေါက်မှု ၊ လက်ခံနိုင်မှုဆိုတာတွေ ၊ သဘောထားတွေ ကွဲလွဲလာပြီး ပိုဆိုးလာရင်တော့ မိဘနဲ့သားသမီး စိတ်ချင်း ၊ ခံယူမှုချင်း ဝေးကွာလာနိုင်ပါတယ်။

BurmeseHearts Blog

ကျွန်မအတွေ့အကြုံနဲ့ ကျွန်မလုပ်ကိုင်ခဲ့တာတွေကို ပြန်မျှဝေပါရစေ။ ငယ်ငယ်ကတည်းက ကလေးချစ်တတ်ပြိး ကလေးတွေကို စိတ်ဝင်စားတတ်တဲ့ကျွန်မဟာ ကလေးယူမယ်လို့ ဆုံးဖြတ်လိုက်ကတည်းက ကိုယ်ဝန်နဲ့ပတ်သက်သမျှ ၊ ကလေးနဲ့ပတ်သက်သမျှ စာအုပ် ၊ စာပေတွေ စုတာ ၊ ဖတ်တာ ၊ မှတ်တာတွေ လုပ်ပါတယ်။ ကိုယ်ဝန်ရလာတော့ မိသားစုအတွင်းမှာ ကလေးနဲ့အနေများမယ့် ကျွန်မကို ကလေးအား အဓိကဆိုဆုံးမခွင့်ပေးဖို့ ခွင့်တောင်းပါတယ်။ မိခင်က သူ့ကလေးဆုံးမတာ ဘယ်သူ့ခွင့်တောင်းစရာလိုသလဲလို့ တွေးမှာပဲနော်။ ဒီလိုခွင့်တောင်းတယ်ဆိုတာ ကျွန်မကလေးကို ဆုံးမနေချိန်မှာ တခြားသူက ကလေးနဲ့ကျွန်မကြားကို ဝင်မလာဖို့ ၊ ဝင်မပြောဖို့ဖြစ်ပါတယ်။ ဒါဟာ ကလေးအာရုံစူးစိုက်မှု ၊ နာခံလိုမှုအတွက် အထူးအရေးကြီးပါတယ်။ ဒါကြောင့် ကျွန်မကလေးကို ကျွန်မ ဆုံးမခွင့်ပေးကြဖို့ ကျွန်မမိခင်နဲ့ ၊ ကျွန်မခင်ပွန်းကို ကျွန်မခွင့်တောင်းခဲ့တာပါ။ ဒီလို သဘောတူညီချက်ကို ကလေးကိုယ်ဝန်စရှိကတည်းက ထားခဲ့ကြတာပါ။

ကလေးဆိုတာ သူလုပ်ချင်ရာ ၊ သူလိုချင်ရာကိုပဲသိတာလေ လျော်မလျော် ၊ သင့်မသင့်ဆိုတာကို မသိပါဘူး။ ကလေးတကယ်အပြင်ရောက်လာတဲ့အခါမှာ မတော်တာတွေ့လို့ ကျွန်မဆုံးမရင် ကလေးဟာ ပထမတော့ ဒီလိုဆုံးမတာကို စိမ်းနေသေးတာမို့ ငိုနိုင်ပါတယ်။ ကလေးငိုတဲ့အခါမှာ မနေနိုင်တဲ့လူကြီးတွေက ကလေးကိုဆုံးမရကောင်းနိုး ၊ ကလေးကို အငိုခံရကောင်းနိုးဆိုပြီး ကျွန်မကို ဝင်တားတာ ၊ ကလေးကို ချီယူတာတွေ လုပ်ကြပါသေးတယ်။ ဘာကြောင့်ဆုံးမရတယ်ဆိုတာနဲ့ ကျွန်မတို့သဘောတူထားတဲ့အတိုင်း ကလေးကို ဆက်ဆုံးမခွင့်ပေးဖို့ ၊ ကလေးနဲ့ ကျွန်မရဲ့ခပ်ဝေးဝေးမှာနေကြဖို့ ၊ ကျွန်မတို့ရဲ့ မြင်ကွင်းထဲကိုမလာဖို့ ကျွန်မဟာ ဆိုခဲ့ပါတယ်။ တနည်းအားဖြင့် ကလေးကို ကျွန်မဟာ အိပ်ခန်းထဲမှာပဲ ကောင်းကောင်းမွန်မွန်ခေါ်ယူဆုံးမပြောဆိုတာမျိုး လုပ်လေ့ရှိပါတယ်။ ဒီလိုအချိန်မျိုးမှာ သူတို့ကို တံခါးပိတ်ပြီး ထွက်သွားခိုင်းလိုက်တယ်။

ကလေးဟာ သူ့ဘက်က ကာပေးမယ့်သူမရှိဘူးဆိုတဲ့အသိဝင်တဲ့အခါ ပထမတော့ ဝမ်းနည်းပြီး ပိုအော်ငိုနိုင်ပါတယ်။ ဒါပေမယ့် ငိုနေရုံနဲ့ ဘာမှဖြစ်မလာနိုင်တာ သူနားလည်အောင်ပြောပြရင်း ဘာကြောင့် သူ့ကိုဒီလိုဆုံးမရတယ် ၊ အကျိုးဆက်ဟာဘာကြောင့်လို့ နားလည်အောင် ဆိုဆုံးမခဲ့ရပါတယ်။ ဘယ်အရွယ်ကတည်းကလဲဆိုရင် သူ့စိတ်အလိုကျ တောင်းဆိုလာတတ်တဲ့ ခြောက်လဝန်းကျင်ကတည်းကပါပဲ။ ကလေးကို ဆိုဆုံးမတဲ့အခါမှာ မပြောရ ၊ မလုပ်ရ ၊ မကိုင်ရလို့ ပြောဆိုတာထက် ဘာကြောင့်ဒါကို ပြောခွင့် ၊ လုပ်ခွင့် ၊ ကိုင်ခွင့် မပေးရတာဆိုတဲ့ အကျိုးဆက်ကို သူနားလည်အောင် သူလုပ်တိုင်း ၊ ကိုင်တိုင်း ၊ ပြောတိုင်းမှာ ဆိုဆုံးမရတာဖြစ်ပါတယ်။ ကလေးဆိုတာ မသိတတ်သေးလို့ အဖန်ဖန်လုပ်ကိုင်မှာမို့ ကိုယ်ဟာ သူနားလည်သိတတ်သွားတဲ့အထိ ကိုယ်က စိတ်ရှည်ရှည်နဲ့ အဖန်ဖန်ပြောဆို သင်ပြဖို့လိုပါတယ်။

ကလေးငိုလို့ ဆုံးမသူနဲ့ ကလေးအကြားကို တခြားသူတဦးဦးက ဝင်လာပြီးဟန့်တာ ၊ ကလေးကိုချော့တာတွေ လုပ်တဲ့အခါ ကလေးဟာ ဒီလူတွေရဲ့ အကာအကွယ်ရဖို့ အော်ဟစ်ငိုယိုသောင်းကျန်းတာ ၊ ဒီ့ထက်ပိုဆိုးလာရင် ခြေလက်တွေ ဆောင့်တာ ၊ ဆံပင်တွေဆွဲ ၊ ပစ္စည်းတွေပစ် ၊ သူ့ကိုယ်သူနာအောင်လုပ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဒါတွေမဖြစ်ခင်ကတည်းက ကလေးနဲ့ ဆုံးမသူအကြား တခြားလူဝင်မပါဖို့လိုပါတယ်။ ဒီလိုဆို ကလေးဟာ ဆုံးမသူရဲ့စကားကို နာခံမှာပါ။ သူ့ဘက်က ရပ်တည်ကာကွယ်ပေးတဲ့သူမရှိလို့ သူ့မှာ အခြားရွေးစရာမရှိပါဘူး။ ဒီလိုဆို နောက်ဆက်တွဲတွေဖြစ်တဲ့ သောင်းကျန်းမှုတွေကို မစိုးရိမ်ရတော့ဘူးပေါ့။ ဒီလိုမှမဟုတ်ရင်တော့ ကလေးကို ထိထိရောက်ရောက် ဆုံးမလို့ရမှာမဟုတ်ပါဘူး။

ကလေးကိုဆုံးမနေချိန်မှာ ကလေးဘက်က ကာကွယ်ပေးမယ့်သူရှိနေတာဟာ ကလေးအတွက်တော့ ကယ်တင်ရှင်ကြီးပေါ်လာသလိုပါပဲ။ နောက်ပိုင်းမှာ ဒီလိုမျိုးအကာအကွယ်ယူနေတာမို့ ဆုံးမတဲ့သူတွေဟာ ထိထိရောက်ရောက် မဆုံးမနိုင်ကြတာပါ။ သူဆုံးမရင် ကိုယ်ကြားဝင် ၊ ကိုယ်ဆုံးမရင် သူကြားဝင်နဲ့ ကလေးဟာ စည်းလွတ်ဝါးလွတ် ဖြစ်လာပါတယ်။ ကလေးကိုချစ်လို့ဆိုပြီး ကလေးကိုဆုံးမချိန် ကလေးငိုရင်ကြားဝင်သူတွေဟာ တကယ်တော့ ကလေးကို တကယ်ချစ်ရာမရောက်ဘဲ ရေရှည်မှာ ဆိုဆုံးမ မရတဲ့ ဆိုးသွမ်းတဲ့ကလေးဖြစ်လာဖို့ ဖန်တီးခဲ့သူတွေပါ။ နောင်မှ ကလေးဟာ ဆိုဆုံးမရခက်တယ်လို့ မပြောကြေး ၊ မရိုက်ကြေးလေ။ တကယ်ဆို ကလေးအပြစ်ထက် လူကြီးတွေအပြစ်က ပိုနေပါတယ်။ ဘာမှမသိနားမလည်သေးတဲ့ ကလေးဟာ အပြစ်ကင်းပါတယ်။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%91%e1%80%ad%e1%80%91%e1%80%ad%e1%80%b1%e1%80%9b%e1%80%ac%e1%80%80%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%80%e1%80%b9-%e1%80%91/feed/ 0
ကလေးသူငယ်များဟာ အသုံးချခံများ ၊ ဓါးစာခံများ မဖြစ်သင့် http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%9f%e1%80%ac-%e1%80%a1%e1%80%9e%e1%80%b6%e1%80%af%e1%80%b8%e1%80%81%e1%80%ba/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%9f%e1%80%ac-%e1%80%a1%e1%80%9e%e1%80%b6%e1%80%af%e1%80%b8%e1%80%81%e1%80%ba/#respond Thu, 12 Nov 2015 10:01:29 +0000 http://www.burmesehearts.com/?p=19083

ကလေးကို ပဲ့ပြင်ဆုံးမမယ့်သူတွေဟာ အများအားဖြင့် ကလေးရဲ့ မိဘနဲ့တကွ ကလေးရဲ့ အမျိုးအဆွေတွေ ဖြစ်ကြပါတယ်။ ဒီဆွေမျိုးတော်စပ်သူတွေထဲမှာမှ ဟိုဘက်ဆွေမျိုး ၊ ဒီဘက်ဆွေမျိုးဆိုတာတွေ ကွဲပြားဦးမှာပါပဲ။ လူအမျိုးမျိုး စိတ်အထွေထွေဆိုတာကို လက်ခံရင် ကလေးကို ပဲ့ပြင်ဆုံးမကြမယ့် သူတို့တွေဟာ ခံယူချက်အမျိုးမျိုး ၊ ဘဝမှာတွေ့ကြုံခဲ့တဲ့ အတွေ့အကြုံအမျိုးမျိုး ၊ လေ့လာမှတ်သားခဲ့တဲ့ ဗဟုသုတအမျိုးမျိုး ၊ ကြားဖူးနားဝအထွေထွေတွေနဲ့ ကလေးကို ပဲ့ပြင်ထိန်းသိမ်းဖို့ ကြိုးစားကြမှာပါ။

လူကြီးတွေရဲ့ ဆုံးမမှုခံရတဲ့ ကလေးဘက်က ဝင်ကြည့်ဘူးလား။ ဟိုလူကတမျိုးသင် ၊ ဒီလူကတမျိုးပြော ၊ သူတို့အပြောတွေက မတူညီ ၊ သူတို့စည်းကမ်းတွေက ကွဲပြား ၊ သူတို့သင်တာတွေဟာ ခြားနားနေတော့ ကလေးဟာ သူ့စိတ်ထဲ အလွယ်တကူလက်ခံနိုင်တဲ့ ၊ သူလုပ်ကိုင်ပြောဆိုရလွယ်တဲ့အတိုင်း  (တနည်းအားဖြင့်) သူနဲ့ အချိန်အများဆုံး ကုန်ဆုံးလေ့ရှိသူ အလိုကျ လိုက်ပြော ၊ လိုက်လုပ်ရင်း စာရိတ္တဟာ ရောထွေးသွားပါတော့တယ်။

အလုပ်ကပြန်လာတဲ့ မိဘက ငါသင်ထားတာဒီလို ဘာလို့ ဒီလိုမလုပ်ရတာလဲ ၊ နောက်ဒီလိုပြောဦးမလား ၊ လုပ်ဦးမလားဆိုတာတွေနဲ့ ကလေးဟာ အဆူခံ ၊ အရိုက်ခံ ဖြစ်လာပါတော့တယ်။ ကလေးမှာ တကယ်အပြစ်ရှိရဲ့လား။ တစ်ဦးနဲ့တစ်ဦး ကွဲပြားစွာသင်တတ်ကြတဲ့ လူကြီးမိဘတွေရဲ့ အပြစ်မဟုတ်ဘူးလား။ လုပ်တဲ့ကလေးကို ရိုက်ဖို့ထက် ကိုယ့်ကလေးကို ကိုယ်မကြိုက်တာတွေ သင်ပြပြောဆိုသူကို တားသင့်တာမဟုတ်လား။ တားပေမယ့်လည်း သူတို့ဟာ ရပ်ချင်မှရပ်မှာပါ။ ကိုယ့်ထက် အရွယ် ၊ အတွေ့အကြုံ ကြီးကြသူတွေဆို ပိုဆိုးနေမှာပါ။

 

မိသားစုနဲ့ခွဲနေဖို့ အဆင်မပြေတဲ့ ကလေးမိဘတွေဟာ ဒီမိသားစုဒဏ်ကို ခံရတာ ခပ်နည်းနည်းပါ။ ကလေးက ပိုခံရတယ်လေ။ “ဆရာများ သားသေ” ဆိုတဲ့ စကားပုံလိုမျိုးပေါ့။ စကားပုံထဲမှာတော့ ကုတဲ့ဆေးဆရာတွေများလို့ တယောက်တမျိုး ၊ တယောက်တပေါက်ကုရာက သားသေသွားခဲ့တာဖြစ်ပေမယ့် လက်တွေ့မှာတော့ သင်တဲ့သူတွေ ၊ ဆရာလုပ်သူတွေများတော့ ကလေးဟာ ဟိုလူတွေ့ ဟိုလူ့အလိုကျပြော ၊ ဒီလူတွေ့ ဒီလူ့အလိုကျပြောရာက ကိုယ်တကယ်သင်ပေးချင်တဲ့ စာရိတ္တအမှန်ကို မရတော့ဘူးလေ။ ဒီလိုကိစ္စမျိုးတွေမှာ ကလေးကို ကိုယ်က ရိုက်နှက်ဆုံးမရင် ကလေးဟာ အပြစ်မရှိဘဲ အသားနာခံရတယ် ၊ စိတ်ထဲဝမ်းနည်းမယ် ၊ မကျေနပ်စိတ်တွေ ဖြစ်နေမယ် ၊ ပြန်ခုခံကာကွယ် ပြောဆိုနိုင်စွမ်း မလုပ်နိုင်ရင် အားငယ်စိတ် ၊ ကြောက်စိတ်တွေ ဝင်သွားပါတယ်။ ဒီလိုအဖြစ်မျိုး အခါခါဖြစ်နေရင် ကလေးဟာ စိတ်ဒဏ်ရာဖြစ်လာမယ်လေ။ ဒါမဖြစ်သင့်ဘူးနော်။

BurmeseHearts Blog

ဓါးစာခံဖြစ်လာတဲ့ ကလေးတွေဟာ တစ်ဦးနဲ့တစ်ဦး အကြောင်းအကျိုး မတူညီကြပေမယ့် လူကြီးတွေကြောင့်ပဲ ဓါးစာခံဖြစ်လာရတာပါ။ လူကြီးဆိုတဲ့အထဲမှာ အရွယ်ရောက်ပြီးတဲ့ လူကြီးတွေအပါအဝင် ကလေးထက် အသက်ကြီးတဲ့ အရွယ်မတိုင်သေးသူတွေလည်း ပါဝင်နေပါတယ်။ ဘန်းစကားနဲ့ဆို ချွန်လိုက်တဲ့သူတွေ ၊ အရောက်ပို့လိုက်တဲ့သူတွေကြောင့် ကလေးငယ်တွေဟာ အသုံးချခံလေးတွေ ၊ ဓါးစာခံလေးတွေ ဖြစ်လာရတာပါ။ အထူးသဖြင့် စကားမပီကလာ ပီကလာအရွယ် ကလေးငယ်တွေနဲ့ မှန် ၊ မမှန် ကိုယ်ပိုင် စဉ်းစားနိုင်မှု အားနည်းပြီး အရွယ်နုနယ်သေးတဲ့ ကလေးငယ်တွေဟာ ဓါးစာခံတွေ အဖြစ်များပါတယ်။

ကျွန်မ စကားမပီကလာ ၊ ပီကလာအရွယ်မှာ အမျိုးဝမ်းကွဲအစ်ကိုတစ်ယောက်က ကျွန်မတို့အိမ်အလှူလာကူတဲ့ အစ်မချောချောတစ်ယောက်ကို သူပြောချင်တဲ့ ရည်းစားစကား ကျွန်မကို သွားပြောခိုင်းခဲ့တယ်။ အဲဒီအစ်မကြီးနားသွားပြီး ဟိုကိုကြီးက မမကိုချစ်တယ်လို့ အပျော်စနောက်ပြောခိုင်းခဲ့တာပါ။ သွားပြောရင် သကြားလုံးကျွေးမယ်ဆိုတော့ ကလေးပီပီ သူပြောခိုင်းတဲ့အတိုင်း သွားပြောခဲ့ဖူးတယ်။ ကျွန်မပြောလိုက်တဲ့စကားဟာ တပါးသူကို မခံချိမခံသာ ဖြစ်စေမယ် ၊ လက်မခံစရာ ၊ နားမထောင်လိုစရာ ဖြစ်နေမယ်လို့ မစဉ်းစားတတ်သေးဘူးလေ။ ဒါကိုအမြတ်ထုတ်ခဲ့သူ ဝမ်းကွဲအစ်ကိုကြောင့် အဲဒီအစ်မကြီး မျက်နှာတင်းတင်းနဲ့ဆူတာကို မသိတတ်သေးတဲ့ ကျွန်မ ခံခဲ့ရတယ်။ “ကလေးက ကလေးအရာနေတဲ့ နောက်တခါ ဒီလိုလုပ်ရင် နင့်အမေနဲ့တိုင်ပြီး ရိုက်ခိုင်းမယ်” ဆိုတော့ ဝမ်းနည်းသွားလိုက်တာ အစ်ကိုဝမ်းကွဲကျွေးမယ့် သကြားလုံးဆိုတာလည်း မစားချင်ခဲ့တော့ဘူး။ ကျွန်မ ဘာအပြောမှားမှန်း အဲဒီအချိန်က မတွေးတတ်သေးပေမယ့် ဒီလိုမျက်နှာမာမာနဲ့ အဆူခံခဲ့ရတာကို မှတ်မိသေးတယ်။ နောက်ပိုင်းမှာလည်း ကလေးအရွယ် ကျွန်မ မပြောချင်တဲ့စကားလုံးတွေကို  မိဘ ၊ ဆွေမျိုး ၊ အသိုင်းအဝန်းဆိုတာတွေကြောင့် ၊ သူတို့ဖိအားအချို့ကြောင့် ပြောခဲ့ရတာတွေ ရှိတယ်။

ကလေးပြောရင် တော်ရုံစိတ်မဆိုးကြဘူးဆိုပြီး ကလေးကို အသုံးချကြတဲ့လူကြီးတွေကြောင့် ကလေးဟာ ဘာမသိ ၊ ညာမသိနဲ့ လူအမုန်းခံရတဲ့ အခြေအနေတွေလည်း ရှိပါတယ်။ လူကြီးအချင်းချင်းမတည့်ရင် ၊ တိုက်ရိုက်မပြောချင်ရင် ကလေးကတဆင့် ပြောကြ ၊ ဆိုကြရင်း ကလေးဟာ တဘက်လူရဲ့ အမုန်းခံရတယ်။ နောက်ဆုံး အဖေနဲ့ အမေ မတည့်ရင် စိတ်မကြည်တဲ့မိဘက ဒီအချိုးက နင့်အဖေအချိုး ၊ နင့်အမေအချိုး ၊ မျိုးမစစ်ကလေး စသဖြင့် အပြစ်မရှိတဲ့ကလေးကို ကိုယ့်မကျေနပ်ချက်တွေပုံချပြီး ပြစ်တင်ပြောဆို ရိုက်နှက်ကြပြန်တယ်။ ဒီလိုနဲ့ ကလေးဟာ ဘာမသိ ၊ ညာမသိနဲ့ မိဘနှစ်ဦးအလယ် ဓါးစာခံလေးဖြစ်လာတာပေါ့။

အဖေ့ကိုမကြည်တဲ့ အမေ့ဘက်က အဖိုးအဖွား ၊ ဦးလေးအဒေါ်နဲ့ ဆွေမျိုးညာတိတွေက အဖေ့သွေးဖြစ်တဲ့ ကလေးကို သူတို့မကြိုက်တဲ့အချက်တွေ့တာနဲ့ ဒီအကျင့်ပျောက်အောင်ဆိုပြီး အမုန်းဓါတ်ခံထား ဆူပူဆုံးမ ရိုက်နှက်ကြပြန်တယ်။

အမေ့ကိုမကြည်တဲ့ အဖေ့ဘက်က အဖိုးအဖွား ၊ ဦးလေးအဒေါ်နဲ့ ဆွေမျိုးညာတိတွေက အမေ့သွေးဖြစ်တဲ့ ကလေးကို သူတို့မကြိုက်တဲ့အချက်တွေ့တာနဲ့ ဒီအကျင့်ပျောက်အောင်ဆိုပြီး အမုန်းဓါတ်ခံထား ဆူပူဆုံးမ ရိုက်နှက်ကြပြန်တယ်။  ဒီလိုနဲ့ ကလေးဟာ နှစ်ဖက်ဆွေမျိုးတွေအလယ်မှာ မတည့်တဲ့မိဘဆွေမျိုး အသိုင်းအဝန်းနှစ်ဖက်ကြား ဓါးစာခံဖြစ်လာပါတယ်။

ရပ်ကွက်ထဲမှာ အိမ်နီးချင်း မတည့်သူတွေရှိနေရင် သူ့မိဘကိုမကျေနပ်ချက်တွေနဲ့ သူ့ကလေးကို အမုန်းပွားကြပြန်တယ်။ သူ့မိဘကို တိုက်ရိုက်မပြောရဲတဲ့စကားတွေ ကလေးကိုပြောပြီး စိတ်ထိခိုက်ခံစားစေတယ်။ ကလေးက သူ့မိဘပြန်ပြောရင် ဒီလူတွေနဲ့ သွားပတ်သက်ရလားဆိုပြီး အရိုက်ခံရဦးမယ်။ တကယ်တော့ ကလေးဆိုတာ တခါတလေမှာ လူကြီးတွေရဲ့ စိတ်ထွက်ပေါက်သဖွယ်လည်း ဖြစ်နေတတ်တယ်။ ကိုယ်လုပ်သမျှ ၊ ပြောသမျှ အကာအကွယ်မဲ့ ခံရတဲ့ ကလေးအဖြစ်ကိုမေ့ပြီး လူကြီးမိဘတွေက သူတို့စိတ်ခံစားချက်ရှေ့တန်းတင် ပြောဆိုတတ်သေးတယ်။

တခါတလေ အိမ်မှာကျန်နေတဲ့ ကလေးတွေဟာ အလုပ်အဆင်မပြေတဲ့ မိဘရဲ့ စိတ်ထွက်ပေါက်ဖြစ်နေတတ်သေးတယ်။ သူတို့ဘာသာ စီးပွားရေး ၊ အလုပ်အကိုင် ၊ လူမှုရေး အဆင်မပြေတာဟာ ကလေးနဲ့ ဘာမှ မဆိုင်ဘူးလို့ နားလည်ရမယ့်အစား သူတို့အပူကို မသိတတ်ရကောင်းလားလို့ နားလည်နိုင်စွမ်းမရှိသေးတဲ့ကလေးကို ဆူပူရိုက်နှက်တတ်သေးတယ်။ တကယ်ဆို အဆင်မပြေတဲ့ အခြေအနေကြောင့် ဖြစ်ပေါ်လာတဲ့ သူ့စိတ်ဖိစီးမှုတွေကို ကလေးအပေါ်ပုံချလို့ ထွက်ပေါက်ပေးလိုက်တာပါ။ ဒါပေမယ့် ဒီလို စိတ်ထွက်ပေါက်ပေးလို့ မပြေလည်တဲ့အခြေအနေ တိုးတက်ကောင်းမွန်လာမှာ မဟုတ်ဘူးလို့ လူကြီးမိဘဟာ မတွေးတတ်တာ ၊ နားမလည်နိုင်တာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖန်များတဲ့အခါ ကလေးမှာ စိတ်ဒဏ်ရာဆိုးဆိုးတောင် ရသွားနိုင်တယ်လေ။

ကိုယ်မကြိုက်တဲ့ စကား ၊ အပြုအမူနဲ့ စာရိတ္တတွေ ကိုယ့်ကလေးမှာ တွေ့မြင်ကြားသိရတယ်ဆို ကလေးကို ပြစ်တင်ဆုံးမမှုမလုပ်ခင် အရင်ဦးဆုံး ကလေးဟာ လူကြီးတွေရဲ့ အသုံးချခံလေး ဖြစ်သွားခဲ့သလားလို့ အရင်တွေးပါ။ ကလေးကို ဆိုဆုံးမတဲ့အခါမှာ စိတ်တိုနေတဲ့ ကိုယ့်စိတ်အတိုင်း စိတ်လိုက်မာန်ပါ ဆုံးမမှုကို မပြုလုပ်ပါနဲ့။ ဘယ်သူ့ကြောင့် ၊ ဘယ်ဝါ့ကြောင့် ၊ ဟိုလူ့အကျင့် ၊ ဒီလူ့အကျင့်ဆိုတဲ့ အတွေးအခေါ်ကြီးထည့်လို့ မဆုံးမပါနဲ့။

ကလေးကို ဒီအကျင့်နဲ့ အပြောအဆိုတွေဟာ မကောင်းလို့ ပြင်သင့်တယ်ဆိုတာကို နားလည်သဘောပေါက်အောင် အရင်ပြောကြည့်ပြီး ဒီအကျင့်ဖျောက်ဖို့ ကြိုးစားရမှာပါ။ အခါခါ ကောင်းကောင်းမွန်မွန် ရှင်းပြပြောဆိုတားမြစ်ရက်က မပြောင်းမလဲဘဲ ဒီအကျင့်ကြီးစွဲနေတယ်ဆိုမှ ဒီအကျင့်ပျောက်ဖို့ ဆုပေး ၊ ဒဏ်ပေးတာလိုမျိုး ကျင့်သုံးပြိး ဖျောက်ကြည့်ပါဦး ။ ဒါနဲ့မှမရဘူးဆိုရင် ရိုက်နှက်ဆုံးမနိုင်ပါတယ်။

ကလေးကိုဆုံးမမယ့် လူကြီးမိဘတွေ အထူးသတိထားရမှာက ကလေးဟာ ဒီအပြောအဆို ၊ ဒီအကျင့်ကို မွေးကတည်းက တတ်လာတာမျိုးမဟုတ်ဘဲ သူ့အနီးဝန်းကျင်မှာ ရှိနေတဲ့ သူတွေဆီကနေ ဒီအကျင့်ကိုတတ်လာတာ ဆိုတာကိုပါပဲ။ အသုံးချခံနေရာကို ရောက်မှန်းမသိရောက်နေတဲ့ ကလေးတွေနည်းသထက်နည်းပြီး လူကြီးတွေရဲ့ ဓါးစာခံအဖြစ် ဝမ်းနည်းခံစားနေကြရတဲ့ ကလေးတွေ နည်းသထက်နည်းပါစေ။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%9e%e1%80%b0%e1%80%84%e1%80%9a%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%9f%e1%80%ac-%e1%80%a1%e1%80%9e%e1%80%b6%e1%80%af%e1%80%b8%e1%80%81%e1%80%ba/feed/ 0