ကိုယ်ဝန်ဆောင်သည်များ ၊ မီးနေသည်များ ၊ နို့တိုက်မိခင်များ ကလေးများအတွက် အစာအာဟာရ အပိုင်း(၃)

မီးနေစာတွေက အာဟာရဓါတ်ပြည့်ပြည့်ဝဝမပေးတဲ့အခါ နို့တော့ထွက်ပါရဲ့ မိခင်စားတဲ့အစာထဲမှာ အာဟာရဓါတ် ပြည့်ပြည့်ဝဝမပါတော့ အာဟာရမပြည့်ဝတဲ့မိခင်က ထွက်လာတဲ့ဒီနို့ရည်ထဲမှာရော ကလေးအတွက် အာဟာရဓါတ် ပြည့်ပြည့်ဝဝ ပါပါ့မလား။ အာဟာရမပြည့်ဝတဲ့မိခင်က ကလေးကိုပါ အာဟာရဓါတ် မျှပေးနေရတော့ မိခင်မှာ အာဟာရဓါတ် ချို့တဲ့မလာနိုင်ဘူးလား။ အာဟာရချို့တဲ့နေတဲ့ မိခင်ဆီက အာဟာရချို့တဲ့နေတဲ့ နို့ကို အားထားသောက်ရတဲ့ ကလေးမှာရော အာဟာရဓါတ်ချို့တဲ့မနေဘူးလား။ မိခင်ဟာ အာဟာရဓါတ်ပြည့်ဝစွာ စားပါမှ ကလေးဟာလဲ အာဟာရပြည့်ဝတဲ့ နို့ရည်ကို စို့ခွင့်ရမှာပါ။ မိခင်စားလိုက်တဲ့ အစားအစာတွေဟာ နို့ထဲကို တိုက်ရိုက်မရောက်ပါဘူး။ မိခင်စားလိုက်တဲ့အစာတွေဟာ မိခင်ဝမ်းထဲမှာ အာဟာရဓါတ်အဖြစ် ပြောင်းလဲပြီး အဆင့်ဆင့် ဓါတ်ပြောင်းလဲမှုတွေ ဖြစ်ပြီးမှ နို့ရည်အဖြစ် ကလေးက သောက်စို့ရတာပါ။ ဒါကြောင့် မိခင်ရဲ့နို့ရည်ဟာ မိခင်ဘာစားစား ရောဂါပိုးမွှားတို့ ကင်းစင်ပါတယ်။

Lesson tags: Myanmar video, ကလေး, မိတ်ဆက်စာ, ဖြည့်စွက်စာ
Back to: တစ်လအရွယ်မှသည် တစ်နှစ်အရွယ်အထိ ကလေး၏ ဖွံ့ဖြိုးတိုးတက်မှုအဆင့်ဆင့်