iOS Developer Courses For You

ယနေ့အခါမှာ Mobile Technology ဟာ ကျွှန်တော် တို့ရဲ့ နေ့စဉ် ဘဝကို ထောက်ပံ့ပေးနေတဲ့ နည်းပညာတစ်ခုဖြစ်လာနေပါတယ်။ Apple ကထုတ်လုပ်တဲ့ iOS ၊ Google က ထုတ်လုပ်လိုက်တဲ့ Android နည်းပညာသုံး စမတ်ဖုန်း တွေဟာ ယနေ့ခေတ်လူငယ်တွေရဲ့ လက်တိုင်းမှာ အသားကျပြီး သုံးစွဲလျှက်ရှိနေပါပြီ။

ဒီဖုန်းတွေထဲ မှာ ထည့်သွင်းအသုံးပြုနေတဲ့ Apps တွေဟာလည်း ကျွှန်တော် တို့ တွေရဲ့ လိုအပ်ချက် တွေအလိုက် ပြောင်းလဲတိုးတက် လျှက်ရှိနေ ပါတယ် ဒီလိုလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်မယ် သန်းပေါင်းများစွာသော Apps သုံးစွဲသူ တွေရှိနေပြီး Market Demand ကောင်းလှတဲ့ Mobile Application ဖန်တီးမှုနည်းပညာ ကို ကျွှန်တော်တို့လူငယ် တွေ လေ့လာသင့်ပါတယ် ။

မိမိက Apple ရဲ့နည်းပညာကို အထူးစိတ်ဝင်စားတယ် ဆိုရင် iOS Application Development ကို အခြေခံက စတင်လေ့လာသင့်ပါတယ်။ Apple ရဲ့ ကိုယ်ပိုင် တီထွင်ထားတဲ့ Swift ပရိုဂရမ်မင်း ဘာသာစကား ဟာဆိုရင် ယနေ့ လူပန်းစားနေတဲ့ပရိုဂရမ်မင်း ဘာသာစကား တွေရဲ့ အကောင်းဆုံး ထူးခြားချက်တွေပါဝင် ပြီး ဆော့ဝဲဝ်ရေးသားသူအများစုက အချိန်တို အတွင်းထပ်မံ လေ့လာကြရတဲ့ Open Source ပရိုဂရမ်မင်း ဘာသာစကားတစ်ခု ဖြစ်နေပါပြီ ။

Swift ပရိုဂရမ်မင်း ဘာသာစကားဟာ ရေးသားရာမှာ အလွန်လွယ်ကူပြီး ထောက်ပံ့ပေးထား တဲ့ XCode IDE (Integrated Development Environment) ဟာ iOS Apps တွေရေးသားရာမှာ သူ့ရဲ့ရှင်းလင်းလွယ်ကူတဲ့ မီနူးတွေ အရည်းအသွေးကောင်းလှတဲ့ Enrich Visual Elements တွေ၊ Error ရှာဖွေရာမှာ ၊ App ကို စွမ်းဆောင်ရည် ကောင်းအောင် Runtime Error, Memory Leak Detection , Multi Threading တွေလုပ်ဆောင်ရာမှာ

ပြည့်စုံလှပါတယ်။

ကျွှန်တော် တို့ရဲ့ Burmese Hearts မှာ iOS Development ကို လူငယ်တွေ အလွယ်တကူလေ့လာတက်ရောက်နိုင်အောင် iOS Foundation Class ( iOS အခြေခံ သင်တန်း) နဲ့ iOS Advance Class ( iOS အဆင့်မြှင့် သင်တန်း) ဆိုပြီး နှစ်ပိုင်းခွဲခြားထားပါတယ်။

iOS အခြေခံ သင်တန်းမှာ Apple ရဲ့ MacOS ကို အရင်ဆုံး အကျွမ်းဝင်စေပြီး မှ iOS ရဲ့ အခြေခံအကျဆုံး Layer လေးခုမှာပါ ဝင်တဲ့ Framework တွေကို စပ်ဆက် ပြီးအသုံးချတတ် အောင် သင်ကြားပေးပါတယ်။ ပထမဦးဆုံး အနေနဲ့ User Interface Components တွေကို Apple ရဲ့ Human Interface Guideline နဲ့ အညီ သုံးတတ်အောင် လေ့ကျင့်ပေးပြီး

+Swift Language ( Swift ဘာသာစကား အခြေခံနဲ့ အလယ်အလတ်အဆင့်သင်ကြားခြင်း)

+iOS User Interface Elements
( TextField, Button, Tableview, Navigation နဲ့ Tabbed bar များအသုံးပြုပုံ)

+Auto-Laying Out for Multiple iOS Devices
( သုံးတဲ့ စက်အလိုက် UI များအလိုလျောက်နေရာချထားခြင်း)

+Logical Thinking Development ( App တစ်ခုဖန်တီးဖို့ အတွေးပျိုးထောင်ခြင်း)

+iOS Animation and Multimedia ( အရုပ်အသံ လှုပ်ရှားမှုများ ဖန်တီးခြင်း)

+Map and Using GPS (မြေပုံ နှင့် တည်နေရာ ဖော်ပြခြင်းများ )

+Concurrency and Networking ( အလုပ်များ တပြိုင်နက်လုပ်ဆောင်ခြင်းနှင့် နက်ဝပ်မှ အချက်အလက်များ ရယူခြင်း )

+Database Application using Core Data & SQLite
( Database အသုံးပြုပြီး အချက်အလက်များ သိမ်းခြင်း)

+Local and Push Notification
(အသုံးပြုသူထံ Online Offline သတင်းပို့ခြင်း အသိပေးခြင်း )

+Submission Procedure to App Store
( Apple Store သို့ Application တင်ခြင်း )

စတာတွေကို ပရောဂျက်တစ်ခုချင်းစီပြုလုပ်ပြီး တတ်ကျွမ်းအောင် စီစဉ်ထားပါတယ်။ အခြေခံ သင်တန်းပြီးသွားရင်ပဲ မိမိရဲ့ ကြိုးစားမှုအလိုက် Intermediate Level App တွေရေးနိုင်နေပါပြီ ။

iOS အဆင့်မြင့် သင်တန်းမှာတော့ လုပ်ငန်းခွင်တွင် တန်းဝင် App များရေးသားနိုင် အောင် တစ်ပတ်စာသင် တစ်ပတ် ပရောဂျက်တစ်ခု နှုန်းဖြင့် iOS Coding Bootcamp အဖြစ်လေ့လာသင်ယူနိုင်ပါမယ် ဒီသင်တန်းမှာတော့

+Advance Swift Programming Concept

+Designing App Workflow and user journey using Sketch & Third party Tools

+Advance UI Development Using Code and Visual Format Language

+Collaboration Techniques for Enterprise Level App

+Testing and Advance Troubleshooting

+Advance Animation & Gaming Intro

+Advance Core data Techniques

+Using Third Party Framework and integration

+Using CloudKit, Background Server and BaaS such as Firebase, Open source Parse Server,

+Selling IAP Contents for freemium model

+Widgets and Extensions Creation

Professional Projects ၁၀ခုနှင့် အထက် သင်ယူလုပ်ဆောင်ရမှာဖြစ်ပါတယ် Apple Store မှာ မိမိရဲ့ ကိုယ်ပိုင် App ကို တင်ပြီး သက်သေပြနိုင်ပါမယ် ။

iOS Developer နဲ့ တိုက်ရိုက်သင်ကြားနိုင်ခွင့်ရရှိမှာ ဖြစ်ပြီး အဝေးရောက်သင်ကြားလိုသူများ အတွက် Swift Progrmminag Course ၊ Professional iOS 10 Developer Course အစရှိတဲ့ Online Course များကိုပါထပ်မံစီစဉ်နေပြီး မကြာမီမှာ သင်ကြားခွင့်ရရှိမှာ ဖြစ်ပါတယ် ။

Burmese Hearts မှာ လေ့လာသင်ယူပြီး Professional iOS Developer တစ်ယောက်အဖြစ် ရပ်တည်ရင်း လေ့လာစရာများကိုပါ လမ်းညွှန်ပေးမှာ ဖြစ်တဲ့ အတွက် Burmese Hearts မှာ စာရင်းသွင်းဖို့ တိုက်တွန်းလိုက်ပါရစေ ။

03
Days
02
Hours
00
Minutes
00
Seconds

Find a new job
သင်ခန်းစာတွေရွေးမယ် f | facebookဖြင့်ဝင်ရန်
Viber မှာ သူငယ်ချင်းတွေနဲ့ ဝေမျှမယ်
VIBER
No comments yet.

Leave a Reply

facebookဖြင့်ဝင်ရန်