BurmeseHearts http://www.burmesehearts.com Online courses marketplace in Burmese language. Become a student, become a teacher, learn Wed, 06 May 2020 14:34:06 +0000 en-US hourly 1 https://wordpress.org/?v=5.1.5 http://www.burmesehearts.com/wp-content/uploads/2015/09/cropped-SortingBurmeseNumbersA-32x32.png BurmeseHearts http://www.burmesehearts.com 32 32 ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၁၀) http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%9e%e1%80%bc%e1%80%94%e1%80%b9%e1%80%9e-10/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%9e%e1%80%bc%e1%80%94%e1%80%b9%e1%80%9e-10/#respond Wed, 06 May 2020 14:24:11 +0000 http://www.burmesehearts.com/?p=75115

လူတွေရဲ့စိတ်တွေနဲ့ လူတွေကို အဓိကဖျက်စီးတတ်တဲ့ အခြေခံအဓိကအကြောင်းတရားခံတွေက လောဘ ၊ ဒေါသ ၊ မောဟတွေပါ။ ဒီအရာတွေဝင်လာလို့ ဝင်လာမှန်းမသိရင် ဆင်ခြင်တုံတရားတွေပျောက်ပြီး မလုပ်သင့်တာတွေလုပ်မိပြီး မဖြစ်သင့်တာတွေ ဖြစ်ကြလို့ ဘဝပျက်တဲ့အထိ ပျက်စီးရတာတွေလည်းရှိပါတယ်။

လောဘဟာ ရနေတာ ၊ ရှိနေတာတွေထက် ပိုလိုချင်တဲ့သဘောပါ။ တချို့တွေက ရနေတာထက် ပိုလိုချင်လို့ စီးပွားပိုရှာကြတယ်။ ပိုတော်ချင် ၊ ပိုတတ်ချင်လို့ ပိုလေ့လာကြတယ်။ ဒါတွေဟာ လောဘအငွေ့အသက်တွေ ပါနေပေမယ့် တပါးသူအကျိုးစီးပွားမထိခိုက်ဘဲ ကိုယ့်ဘာသာတိုးတက်ချင်လို့ လုပ်တာဆိုရင် လောကီသဘောအရ လုပ်သင့်တဲ့အလုပ်တခု (ကြိုးစားမှု)လို့ ဆိုကြတယ်။ ဒါပေမယ့် ကိုယ်တိုးတက်ဖို့အတွက် တပါးသူကို ဒုက္ခပေးတဲ့အထိ ဖြစ်လာပြီဆိုရင်တော့ ကိုယ်ဟာ လောဘဖုံးလွှမ်းမှုကို ခံလိုက်ရတာပါ။

ကိုယ့်လုပ်ရင်ကြိုက်လား။ မကြိုက်ရင် မလုပ်သင့်တဲ့အလုပ်လို့ လွယ်လွယ်လေးမှတ်လိုက်ရုံပါ။ မလုပ်သင့်တဲ့အလုပ်ကို လောဘအလျောက် သူများအကျိုးစီးပွားနဲ့ ဂုဏ်သိက္ခာကျဆင်းဖို့ လုပ်မိပြီဆိုရင် ကိုယ်ဟာ လောဘနောက် ထိန်းမနိုင်သိမ်းမရ လိုက်မိသွားသူပါ။ တချို့တွေက မလုပ်သင့်တဲ့အလုပ်ကို လုပ်မိပြီးတာကို နောင်တမရတဲ့အပြင် ညံ့လို့ခံရတာပဲ။ ညံ့တဲ့သူခံကြေးဆိုပြီး ဒီလိုလုပ်လိုက်တဲ့ ကိုယ်ကပဲ တော်နေသယောင် တလွဲတွေးပြန်တယ်။

ဒါဟာ ထပ်ခါ ထပ်ခါမှားဖို့ အတွေးမှားစေတဲ့ လမ်းစပဲ။ ဒီလိုအတွေးမှားတွေနဲ့ တခြားသူတွေအပေါ် လျှင်တဲ့သူစားကြေးလုပ်ရင်းနဲ့ မုန်းသူတွေများလာတာ ၊ ရန်ငြှိုးထားသူတွေများလာတာဟာ ကောင်းသလား။ မကောင်းဘူးလို့တွေးရင် ကတုံးပေါ်ထိပ်ကွက်တဲ့အလုပ်တွေ မလုပ်သင့်ဘူးပေါ့။ သူများတွေကို လောဘနောက်လိုက်ပြီး တပတ်ရိုက် လုပ်စားတတ်တာတွေ မလုပ်သင့်ဘူး။ အဲဒီလိုလုပ်သူတွေထဲမှာ မရှိလို့လုပ်တဲ့သူတွေအပြင် ငွေကြေး ၊ အာဏာ ၊ နေရာ ရာထူးကောင်း ရထားသူတွေလည်း လုပ်နေကြတော့ သူတို့ကို လောဘကျေးကျွန်တွေလို့ပဲ ကျွန်မမြင်တယ်။

ဒေါသအလျောက် ပြုမူမိတာတွေကျတော့ စိတ်ဆိုးလို့အော်တာ ၊ ဒီကတဆင့် ခွန်းကြီးခွန်းငယ်စကားများတာ ၊ ရန်ဖြစ်တာ ၊ အငြှိုးထားတာ ၊ ဒီထက်ပိုလာရင်တော့ ချောင်းရိုက်တာ ၊ သတ်တာ နောက်ဆုံး သူ့အကျိုးပျက်စီးအောင်လုပ်ရုံမက သူချစ်တဲ့မိသားစုအပြင် သူနဲ့ပတ်သက်တဲ့သူတွေကိုပါ ဒုက္ခပေးတဲ့အထိ ဒေါသရဲ့အသွားကလည်း ကြောက်စရာကောင်းလှတယ်။ တချို့ဆို ဒေါသအလျောက် ဖြစ်နေတဲ့အခိုက်အတန့်လေးကို ဆင်ခြင်တုံတရားမဲ့သွားလို့ ကိုယ့်မိဘအရင်းကိုသတ်တဲ့အထိ ၊ ကိုယ့်သားသမီးအရင်းကို သတ်တဲ့အထိ ၊ ကိုယ့်သွေးချင်းတွေကို ဒုက္ခပေးတဲ့အထိ ဖြစ်ကြတယ်။

လောဘကြောင့်လည်း ဒီလိုတွေလုပ်နိုင်သလို ဒေါသကြောင့်လည်း ဒီလိုတွေလုပ်နိုင်တယ်။ ဆင်ခြင်တုံတရားမဲ့သွားတယ်ဆိုတဲ့ အကြောင်းရင်းအမှန်ကို ဆန်းစစ်လိုက်တော့ မောဟတွေ ဖုံးလွှမ်းသွားခဲ့တာ။ လောဘတွေဖြစ်လို့ဖြစ်နေမှန်းမသိတာ ၊ ဒေါသတွေဖြစ်လို့ ဖြစ်နေမှန်းမသိတာကို မောဟဖုံးတယ်လို့ အလွယ်မှတ်လိုက်ပါ။ မောဟဖုံးသွားရင် အဲဒီဒေါသ ၊ လောဘတွေဟာ အားကောင်းသထက် အားကောင်းလာပြီး နောက်ဆုံးမှာ ဆင်ခြင်တုံတရားမဲ့တဲ့အလုပ်တွေ ၊ နောင်မှ ဘယ်လိုလုပ်ဖြစ်သွားမှန်းမသိဘူးဆိုတဲ့ ကိုယ့်အမှားကို ယူကျုံးမရစိတ်နဲ့ တသက်လုံး နောင်တရသွားသူတွေလည်း ရှိတယ်။

လောဘ ၊ ဒေါသတွေ စဖြစ်လာချိန်မှာသာ ဖြစ်လို့ ဖြစ်မှန်းသိပြီး မောဟဖုံးမသွားရင် ဒီလောဘနဲ့ ဒေါသတွေ အားကောင်းလာဖို့ဆိုတာ အခွင့်အရေးနည်းတယ်။ မောဟဖုံးမှ လောဘ ၊ ဒေါသတွေ အားကောင်းလာတတ်တဲ့ သဘောရှိတာကိုး။ ပိုပြီးမြင်အောင်ပြောရမယ်ဆို လောဘမီး ၊ ဒေါသမီးတွေ စဖြစ်နေချိန် မောဟက အားကောင်းကောင်းနဲ့ ဖုံးလိုက်တာဟာ မီးကိုဆီနဲ့ပက်လိုက်သလိုပဲ။ ပိုလောင်မြိုက်ဖို့ အခွင့်အရေး ပေးလိုက်တာဖြစ်နေတယ်။ လောဘ ၊ ဒေါသဖြစ်နေချိန်မှာ ဖြစ်လို့ဖြစ်မှန်းသိတဲ့စိတ်ကလေးဟာ သတိပဲ။ ဒီသတိဟာ ဆင်ခြင်တုံတရားကို ဖြစ်စေတာမို့ လောဘ ၊ ဒေါသတွေ ထပ်အားကောင်းဖို့ အခွင့်အရေးမပေးဘူး။

အခုမှ လိုရင်းရောက်တယ်နော်။ ကျွန်မသမီးလေးကို အသက်(၇)နှစ်ဆိုတဲ့အရွယ်မှာ (၉)လုံးပုတီးလေး စစိတ်ခိုင်းတယ်။ ပုတီးစိတ်တယ်ဆိုတာ သမာဓိမြဲအောင်လုပ်တယ်။ အရင်ဆုံး ပုတီးလေးကို (၁)ကနေ(၉)အထိ မှတ်ရီစေပြီး သုံးခေါက်လောက် စိတ်ခိုင်းတယ်။ ပြီးတော့ လောဘ ၊ ဒေါသ ၊ မောဟရဲ့ သလောတရားကို တရက်အချိန်ယူပြီး ကောင်းကောင်း နားလည်တဲ့အထိရှင်းပြတယ်။ နားလည်းသွားတဲ့အခါ လောဘ ၊ ဒေါသ ၊ မောဟကို (၉)လုံးပုတီးနဲ့ တပတ်စီစိတ်ခိုင်းတယ်။

စာလုပ်ရင်း စိတ်မရှည်လာတဲ့အခါ ၊ စန္ဒယားအတီးကျင့်တာမမှန်လို့ စိတ်တိုလာတဲ့အခါ ၊ တခုခုစိတ်တိုင်းမကျတာတွေ့လို့ စိတ်မလိုတဲ့အခါ ဒေါသတွေဖြစ်နေပြီဆိုတာ သတိပေးရင်း ငြိမ်းအေးစေတယ်။ အင်္ဂလိပ်လို မင်းဒေါသနယ်ထဲရောက်နေပြီနော်လို့ သတိပေးလိုက်ရင် သူစိတ်သူပြန်ထိန်းတတ်တယ်။

ဒီလိုပဲ အချိုတွေ ၊ ရေခဲမုန့်တွေ စားသင့်တာထက် ပိုစားချင်တဲ့အခါတွေမှာလည်း လောဘနယ်ထဲရောက်နေပြီလို့ သတိပေးဖြစ်တယ်။ ဒီလိုအသေးစိတ်လေးတွေကနေ သတိပေးဖြစ် ၊ ကိုးလိုးပုတီးလေးနဲ့ဆိုလိုရင်း အဓိပ္ပါယ်သိပြီး စိတ်ဖြစ်နေတော့ ဒါတွေ ဝင်လာရင် အမှုမဲ့ ၊ အမှတ်မဲ့နေပြီး မောဟဖုံးသွားတဲ့အထိ ဖြစ်မလာအောင် သတိပေး လေ့ကျင့်ဖြစ်တာ။

လောဘအကျိုး ၊ မိမိအကျိုး ၊ သူတပါးအကျိုးစီးပွား မပျက်ရာမပျက်ကြောင်း ၊ တိုးပွားရာတိုးပွားကြောင်း တရားတွေကို စလေ့ကျင့်တဲ့အချိန်ဟာ ကလေးကောင်းကောင်း သိတတ်နားလည်လာပြီဖြစ်တဲ့ (၆)နှစ်(၇)နှစ် နုစဉ်အခါ ၊ ဆင်ခြင်တုံတရားတွေ အားကောင်းလာစအရွယ်ကတည်းက လေ့ကျင့်ပေးထားရင် အသက်(၁၀)နှစ် ဆယ်ကျော်သက်အရွယ်မှာ အတော် အားကောင်းနေပြီပေါ့။

ကျွန်မတို့ အမှားတွေ အများကြီး စမှားဖြစ်ကြတာ ဆယ်ကျော်သက်အရွယ်မှာ စဖြစ်ကြတယ်။ လူက စိတ်တက်စအရွယ် ငါလူရာဝင်ပြီဆိုတာကိုလည်း ပြချင်လာတဲ့အရွယ် လူပျို ၊ အပျိုဝင်စဆို အစွယ်လေးထွက်လာပြီမို့ အစွယ်လေး တငေါငေါနဲ့ လူကြီးမိဘတွေက မလုပ်နဲ့ဆိုတာကို ပိုလက်တည့်စမ်းချင်စိတ် ၊ ပိုတွန်းလှန်လိုစိတ်တွေ သဘာဝအလျောက်ဖြစ်လာတတ်တယ်။ ငါကလေးမဟုတ်တော့ဘူး။ ငါအရွယ်ရောက်လာပြီဆိုတာကို ဒီလိုနည်းနဲ့ပြ ၊ ဟိုလိုနည်းနဲ့ပြရင်း လောဘ၊ ဒေါသ ၊ မောဟဆိုတာတွေဟာ ငယ်ရွယ်ပြီး ဆင်ခြင်တုံတရားအားနည်းသေးတဲ့ ဒီအရွယ်ကတည်းက စဖုံးလွှမ်းသွားပြီဆို မခက်ပေဘူးလား။

ဒီအချိန်မှ လောဘ ၊ ဒေါသ ၊ မောဟဆိုတာကို Intro ဝင်ပြီး ရှင်းပြရင်း နားလည်ပါ့မလား။ နားထောင်ပါ့မလား ။ လက်ခံပါ့မလား။ အမှားကို အမှားမှန်းမသိဘဲ လုပ်ကျင့်ဖြစ်သွားရင် အမှန်လုပ်ကျင့် ပြန်လုပ်ပေးဖို့ ခက်လိမ့်မယ်။ အမှားတွေနဲ့ ခေါက်ရိုးကျိုးနေရင် ပိုခက်နေမှာပေါ့နော်။ တဘဝလုံး မပြင်မချင်း ဆက်မှားသွားတာမျိုးလည်း ဖြစ်နိုင်တယ်။ တခါတလေ နောက်ကျမှ ဒါကြီးမှားမှန်းသိပေမယ့် တသက်လုံးမှားလာတာ ခုမှတော့ မထူးတော့ပါဘူး။ လုပ်နေကျအတိုင်းပဲ ဆက်လုပ်မယ်ဆိုတဲ့ လူကြီးတွေကိုလည်း မြင်ဖူးတယ်။

တကယ်ဆို မူလတန်းအရွယ်ကတည်းက ဒါတွေကို သေချာနားလည်သဘောပေါက်အောင် အကျင့်ကောင်းတွေလေ့ကျင့်ပေးပြီး မကောင်းတာတွေကို သတိလေးနဲ့ ရှောင်စေမယ်ဆိုရင် အနာဂါတ်မျိုးဆက်တွေအတွက် အရမ်းကောင်းမှာပဲလို့ တွေးမိပြီး ဒီစာလေးတွေ ကျွန်မရေးဖြစ်တာပါ။ ခုဆို ဗုဒ္ဓဘာသာနဲ့ ဆက်နွယ်ပြီး ကလေးကို ကျွန်မသင်ပေးတဲ့ အကြောင်းအရာလေးတွေ ကျွန်မရေးလာတာ အပိုင်း(၁၀)ပိုင်းအထိ ရှိလာပြီ။

ကျွန်မကိုယ်တိုင်လည်း ကျန်းမာရေးချူချာတဲ့သူ ၊ ဒါ့အပြင် မျက်မမြင်တပိုင်းနီးပါးဖြစ်သွားတဲ့ အမေအိုကို ပြုစုလုပ်ကိုင်လုပ်ကျွေးမွေးရတဲ့တာဝန် ၊ အသက်(၇)နှစ်အရွယ် အညွန့်တလူလူနဲ့ တက်သစ်စ သမီးလေးရဲ့ ကျောင်းစာ ၊ ပြင်ပအတတ်ပညာတွေကို ဒိုင်ခံ Guide လုပ်ပေးနေရတဲ့တာဝန် ၊ အိမ်ရှင်မတစ်ဦးရဲ့တာဝန် စသဖြင့် ကျွန်မဟာ မအားလပ်ပါဘူး။ ဒါကြောင့်လည်း ကျွန်မ Burmese Hearts မှာ စာရေးတာကို နားထားတာ။ ကျွန်မကိုယ်တိုင် ပုတီးစိတ် ၊ တရားထိုင် ၊ တရားနာမယ့်အချိန်ကို ဒီဘက်မှာ စာရေးရင်းဖဲ့ပေးဖြစ်ခဲ့တာပါ။ ဘယ်လောက်အလုပ်များများ မိမိစိတ်ငြိမ်းချမ်းမှုအတွက် တရားအရိပ်ကို နေ့စဉ်အားထုတ်ရှာချင်သေးတယ်။

နောက်လာမယ့် ပို့စ်တစ်ခုပြီးရင်တော့ ကျွန်မဒီလိုစာအရှည်ကြီးရေးတာကို နားဦးမယ်။ ကျွန်မစာရေးတာ နာမည်ကြီးချင်လို့မဟုတ်ဘူး။ ဝင်ငွေဖန်တီးဖို့လည်းမဟုတ်ဘူး။ မိမိသိတာ တပါးသူသိပြီး အကျိုးများစေဖို့ ၊ မိမိကျင့်တာ တပါးသူကျင့်ပြီး အကျိုးများစေဖို့ရည်ရွယ်လို့  ကိုယ့်သမီးလေးကို ဒါလေးတွေသင်ပြလို့တိုးတက်သွားရင် ကျွန်မစာကို အားပေးဖတ်ရှုခဲ့ဖူးတဲ့ စာဖတ်သူတွေကို သတိရတယ်။ မျှဝေပေးချင်စိတ်တွေ တဖွားဖွားပေါ်လာတယ်။ အဲဒီလိုပေါ်လာတဲ့အချိန် ပေါ်လာတဲ့ အကြောင်းအရာကို ချရေးထားဖြစ်ရင်းက အခုလို အပိုင်း(၁၁)ပိုင်းလောက်ရှိသလောက်မှာ ပြန်ရေးဖြစ်တာ။

အပိုင်း(၁၁)ပြီးသွားရင်တော့ အကြောင်းထွေထူးမပေါ်လာရင် စာရှည်ကြီးတွေရေးတာနားမယ်လို့ ကြိုပြောထားတာပါ။ စာဖတ်သူတွေကို ရေးလိုက် ၊ မရေးလိုက်နဲ့ မလေးမစားလုပ်သလို ဖြစ်နေမှာစိုးလို့ ဒါတွေပြောပြဖြစ်တာပါ။ ကျွန်မစာတွေဖတ်ရှုသူတွေ တစ်ဦးတစ်ယောက်ချင်းစီကို အရမ်းလေးစားပါတယ်။ ကျွန်မစာတွေဖတ်ပြီး အကျိုးစီးပွားတွေ ပိုမိဖြစ်ထွန်းကြစေဖို့လည်း ဆုတောင်းပေးပါတယ်။ နောင်အဆင်ပြေရင် စာတွေအများကြီးရေးဖို့ အားမွေးထားမယ်လေနော်။

ရတု  (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%9e%e1%80%bc%e1%80%94%e1%80%b9%e1%80%9e-10/feed/ 0
ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၉) http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%9e%e1%80%bc%e1%80%94%e1%80%b9%e1%80%9e-9/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%9e%e1%80%bc%e1%80%94%e1%80%b9%e1%80%9e-9/#respond Tue, 05 May 2020 14:31:38 +0000 http://www.burmesehearts.com/?p=75112

ကျွန်မသမီးလေးကို ဗုဒ္ဓဘာသာဝင်တိုင်းလုံသင့်တဲ့ ကံငါးပါးအကြောင်းကို ကလေး(၇)နှစ်အရွယ်မှာ စတင်ရှင်းပြခဲ့ပါတယ်။ ကံဆိုတာအလုပ်လို့သိပြီး ကံရဲ့ အကြောင်းတရားတွေကြောင့် ကောင်းခြင်း ၊ ဆိုးခြင်း အကျိုးတရားတွေ မိမိနောက် အရိပ်လို ကပ်ပါနေတဲ့အကြောင်း ကောင်းမွန်စွာ သိနားလည်သွားခဲ့တဲ့ သမီးလေးဟာ မကောင်းမှုကို မလုပ်ဖြစ်အောင် ၊ ကောင်းမှုတွေကို လုပ်ဖြစ်အောင် ကြိုးစားနေတာမို့ ဒီကံငါးပါးကို တဆင့်တိုးသင်လိုက်တာပါ။

သတ္တဝါဆိုတာဖြစ်လာရင် ဘဝဆိုတာ ဖြစ်လာတာမို့ သူတို့မှာလည်း အစုအဝေး ၊ အသိုက်အဝန်း ၊ ချစ်ခင်ရသူတွေရှိကြောင်း နားလည်အောင်ပြောပြခဲ့တယ်။ သမီးက အမေ့ကိုချစ်တယ်။ တကယ်လို့များ တစုံတဦးက အမေ့ကို သတ်လိုက်ရင် သမီးဘယ်လိုခံစားရမလဲ။ ပြန်အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုနဲ့ ဝမ်းနည်းရတယ်။ သတ္တဝါတိုင်းမဟုတ်ပေမယ့် ခံစားမှုကို ကောင်းကောင်း သိနားလည်တဲ့ သတ္တဝါတိုင်းကတော့ ပျော်ခြင်း ၊ ဝမ်းနည်းခြင်းဆိုတဲ့ ခံစားမှုတွေရှိကြပါတယ်။ သူတို့လည်း ချစ်တဲ့သူတွေနဲ့ ခွဲခွါရတဲ့အခါ ခံစားရပါတယ်။ ဒါကြောင့် မိမိကိုယ်နဲ့ ကိုယ်ချင်းစာပြီး သတ္တဝါတွေကို ညှဉ်းဆဲတာ ၊ သတ်ဖြတ်တာတွေ မလုပ်ရဘူး။

လုပ်မိရင်ဘာဖြစ်လဲမေမေတဲ့။ နာကျင်စေလို ၊ သေစေလိုတဲ့ စိတ်စေတနာနဲ့ လုပ်မိရင် ဒါဟာအပြစ်ရှိတယ်။ စိတ်စေတနာဆိုးထားရင် ထားသလောက် ကိုယ့်အရိပ်ကိုယ့်နောက် လိုက်တာပေါ့။ သတ္တဝါတွေကို အစုလိုက်အပြုံလိုက် သတ်တတ်တဲ့သူဟာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ အရပ်မျိုးမှာ မွေးဖွားလာတာမျိုး ၊ တမင်ညှဉ်းဆဲခဲ့တာမျိုးဆို ကိုယ်လည်း ညှဉ်းဆဲတတ်တဲ့သူတွေဆီမှာ သွားနေရတာမျိုး စသဖြင့် မိမိစေတနာဆိုးထားရင် ထားခဲ့သလောက် တပြန် ပြန်ခံရတယ်။ ဗုဒ္ဓဘာသာဝင်တွေဟာ သံသရာလည်တာကို ယုံကြည်ကြတာမို့ ကိုယ်လုပ်ခဲ့တာတွေက ဒီဘဝနဲ့တင် ဆပ်လို့မကျေရင် နောင်ဘဝတွေမှာ ထပ်ခါ ထပ်ခါ ဆပ်ရတာမျိုးတွေအထိရှိတယ်။

ဥပမာ-ညှဉ်းဆဲတတ်တဲ့အိမ်ရှင်နဲ့ အလုပ်ရှင်တွေဆီမှာ ဘဝအတွက် ရုန်းကန်လုပ်ကိုင်ရင်း ကူသူမရှိ အညှဉ်းဆဲခံရတာပေါ့။ မိမိအပြစ်တခုမှမရှိပါဘဲ ခိုးဆိုးလုယက်သူတွေက လာညှဉ်းဆဲတာမျိုး ၊ စစ်မက်ဖြစ်ပွားနယ်မြေတွေ အခန့်မသင့် ရောက်သွားပြီး သံသယနဲ့ ညှဉ်းဆဲခံရတာမျိုးတွေဟာ ကံအကြောင်းတွေရှိခဲ့လို့ ပြန်ပေးဆပ်နေရသလိုမျိုးပေါ့။ ကိုယ်က သတ္တဝါတွေကို ညှဉ်းဆဲသတ်ဖြတ်ခဲ့ရင် ကိုယ့်ကိုလည်းညှဉ်းဆဲသတ်ဖြတ်တဲ့သူတွေနဲ့ တွေ့ရလိမ့်ဦးမယ်။ နောက်ဆုံး ဘယ်သူမှမညှဉ်းဆဲဘူးဆိုရင်တောင် မွေးရာပါရောဂါသည်လေးဖြစ်လာတာမျိုး ၊ ကျန်းမာတဲ့ကိုယ်မရှိဘဲ နာဖျားပြီး ရောဂါပေါင်းစုံနဲ့ သံသရာလည်နေရတာမျိုးတွေဟာလည်း အကြောင်းပါလာလို့ ပေးဆပ်နေကြရတာပေါ့။

သူတပါးပစ္စည်းခိုးတဲ့ဆိုတာ ခိုးကျင့်ရှိနေသူတွေအဖို့ အပြစ်လို့တောင် မသတ်မှတ်ကြတော့ဘူး။ သက်မဲ့ပစ္စည်းမှသည် သက်ရှိပစ္စည်းအထိ ခိုးယူခြင်းဟာ မကောင်းတဲ့အကျင့်ပါပဲ။ တခါတလေ သူများပိုင်တဲ့ သက်မဲ့ပစ္စည်းလေးတခုဟာ ဘယ်လောက်အထိ အရေးပါတယ်မပါဘူးဆိုတာ ဒီပိုင်ရှင်က ဒီပစ္စည်းအပေါ် ဘယ်လောက်တန်ဖိုးထားပြီး သူ့ဘဝအတွက် ဘယ်လောက် အရေးပါသလဲဆိုတဲ့အပေါ် မူတည်နေပါတယ်။

ဘာမှန်းမသိနိုင်တော့တဲ့ သစ်ရွက်ခြောက်တို့ ၊ စာရွက်အစုတ်အပြဲလေးဆိုရင်တောင် သိမ်းထားသူရဲ့ သိမ်းရခြင်းအကြောင်းနဲ့ ၊ သူ့အတွက်လေးနက်မှုဆိုတာ သူတစ်ဦးတည်းပဲ သိနိုင်တာမို့ အမှုမဲ့အမှတ်မဲ့ ပစ်လိုက်တာမျိုး ၊ ယူလိုက်တာမျိုးဟာ သူများအတွက် ပြန်မရနိုင်တော့တဲ့ ဆုံးရှုံးမှုဖြစ်နိုင်တယ်။ (၁၀)တန်လေးတစ်ရွက်ဖြစ်ဦးတော့ သူဘာကြောင့် တယုတယသိမ်းထားသလဲဆိုတာ သူပဲသိမယ်။ ဆုံးသွားတဲ့ သူ့မိဘနောက်ဆုံးမုန့်ဖိုးပေးခဲ့တာလေး အမှတ်တရသိမ်းထားတဲ့ ဒီ(၁၀)တန်ဟာ ပျောက်ဆုံးသွားမှ လာအစားထိုးပေးမယ့် တစ်သောင်းတန်ထက် အများကြီး အဓိပ္ပါယ်ရှိတယ်။ ဒါကြောင့် ဒါလေးနဲ့ ဒီလောက်ဖြစ်နေရသလားလို့ တပါးသူရဲ့ခံစားမှုကို ပြက်ရယ်မပြုသင့်ဘူး။

သူတပါးပစ္စည်း ကိုယ်မျက်စိကျနေရင် (ဘယ်လိုမှမအောင့်အီးနိုင်အောင် ခိုးချင်နေရင်) ပိုင်ရှင်ဆီက တောင်းကြည့်ပါ။ ပေးရင်ယူလိုက် မပေးရင် မယူနဲ့ ပေါ့။ ဘယ်လိုပဲ လိုချင်မျက်စိရှိနေနေ ကာမပိုင်ပစ္စည်းကို ခိုးမယူသင့်ဘူး။ ခိုးယူရင်ဘာဖြစ်လဲ။ မိမိတန်ဖိုးထားတဲ့အရာလည်း ခိုးယူခံရလို့ ပျောက်ဆုံးတာမျိုးတွေ ဖြစ်လာဦးမှာပေါ့။ အဲဒီတော့မှ ဒီခံစားမှုကို နားလည်မလား။

သူတပါးပစ္စည်းခိုးယူတာကို အပြစ်တစ်ခုလို့ မမှတ်ယူသူဟာ သူတပါးရဲ့ကာမပိုင် သမီးရည်းစား ၊ ခင်ပွန်းနဲ့ ဇနီးတို့ကို ခိုးယူတဲ့အခါရော အပြစ်ရှိတယ်လို့ မှတ်ယူပါ့မလား။ ပစ္စည်းက ကိုယ်ခိုးယူမှ ကိုယ့်နောက်ပါတာဆိုသလိုမျိုး သူတပါးကာမပိုင်ရှိထားသူတွေကလည်း ကိုယ်က လက်မခံသရွေ့ သူ့ဟာသူ ဒုက္ခခံ ၊ စိတ်အဆင်းရဲခံပြီး ကပ်တွယ်နေမှာမဟုတ်ဘူးလို့ ကျွန်မယုံတယ်။ သူတပါးသမီးရည်းစား ၊ လင်ယောက်ျားနဲ့ ဇနီးမယားတွေကို ခိုးယူပေါင်းသင်းတုန်းက သာယာနေခဲ့ပြီး ကိုယ့်ဆီက စနိုက်ကျော်မှ ဒီခံစားမှုမျိုးသိမယ်ဆို နောက်ကျသွားမယ်နော်။ ခြံခုန်တဲ့သူကတော့ ခုန်မြဲခုန်နေမှာပဲ။ ကိုယ့်အလှည့်ကျ မနွဲ့စတမ်းပေါ့နော်။

သူတပါးရဲ့ သက်ရှိသက်မဲ့ပစ္စည်းတွေကို မျက်စိမကျအောင် ကိုယ့်ရှိတာနဲ့ ကျေနပ်ပျော်ရွှင်တတ်အောင် သမီဒကို ငယ်ငယ်ကတည်းက လေ့ကျင့်ပေးခဲ့တယ်။ ကိုယ့်ပစ္စည်းကိုလည်း သူများမခိုးယူနိုင်အောင် စနစ်တကျ စိစစ်ထိန်းသိမ်းတတ်ဖို့ ၊ သူများပစ္စည်းကိုလည်း ဘယ်လောက်ကောင်းကောင်း မျက်စိမကျဖို့ ၊ လိုချင်ရင် အမေကိုပြောပြီး ရှာတွေ့ရင်ဝယ်ပေးမယ်။ နောင်မှာ ကိုယ့်ဘာသာစုထားတဲ့ စုဗူးထဲကငွေနဲ့ ဝယ်ဖို့ သင်ထားတယ်။ ခုထိတော့ သူများပစ္စည်း မျက်စိကျလိုချင်ပြီး ဝယ်ပေးဖို့ပူဆာတာမျိုး ခုထိသမီးလေးမှာမရှိဘူး။

သူများကာမပိုင်မပြစ်မှားဖို့ ငယ်သေးပေမယ့် ဒါဟာ မလုပ်သင့်တဲ့အလုပ်မှန်းသိအောင် သမီးအဖေကို အခြားအမျိုးသမီးက အိမ်ခေါ်သွားပြီး သူနဲ့ပဲနေရင် သမီးကြိုက်သလား။ အမေ့ကိုကော တခြားသူက အိမ်ခေါ်သွားပြီး သူနဲ့ပဲ အမေနေမယ်ဆိုရင်ရော သမီးကြိုက်သလား။ ဒါဟာ တပါးသူပိုင်ဆိုင်တဲ့ မိသားစု ၊ အိမ်ထောင်ရေး ၊ အချစ်ရေးတွေကို ဖျက်စီးတယ်လို့ခေါ်တယ်။ ဒါကြောင့် တပါးသူပိုင်ဆိုင်ထားသူတွေကို ယောင်လို့တောင်လိုချင်စိတ်မထားနဲ့လို့ သင်ထားတယ်။

လိမ်ညာစကားမပြောသင့်တာကိုတော့ ပုံပြင်ကနေတဆင့် သင်ပြီးသားမို့လို့ သမီးလေးဟာ ကောင်းကောင်းနားလည်နေပြီ။ ပြင်ပဗဟုသုတတွေကိုလည်း အမြဲသင်ယူနေရတော့ ဘီယာ ၊ အရက် ၊ ဘိန်းဖြူတို့ WY တို့ကအစ စိတ်ကို ပုံမှန်မဟုတ်အောင် အဆင့်ဆင့် ယစ်မူးစေတတ်တဲ့အရာတွေဆိုတာ နားလည်နေပြီ။ အစလုပ်သုံးရင်း စွဲသွားလို့ ဘယ်လိုဘဝပျက်ကြရတယ်ဆိုတာကို Google ကနေ သူကိုယ်တိုင် ရိုက်ပြီးရှာစေတယ်။ စာတွေအတူတူဖတ်ပြီး ပုံတွေလည်း ကြည့်စေခဲ့တယ်။ ဒါဟာ သူကိုယ်တိုင်ရှာရင်း တွေ့တာဆိုတော့ ပိုပြီးနားလည်တယ်။

ဆေးလိပ်ကို ဘာကြောင့်မသောက်သင့်လဲဆိုတာကအစ အချက်အလက်တွေ ၊ ပုံတွေနဲ့ နှစ်ယောက်အတူ Google ကနေ ရှာ အတူချရေး ၊ ရံဖန်ရံခါဆွေးနွေးရင်း မိမိကျန်းမာရေးနဲ့ မိမိစိတ်ကို ပုံမှန်မဟုတ်ဘဲ ထွေရီမူးယစ်သွားအောင် ၊ ပုံမှန်မဟုတ်တော့အောင် တရိရိဖျက်စီးတတ်တဲ့အရာတွေကို ရှောင်ရမယ်ဆိုတာ အသက်(၆)နှစ်ခွဲလောက်ကတည်းက တဖြည်းဖြည်း သင်လာခဲ့တာမို့ ကိုယ်တိုင်လည်းမသုံး ၊ ကိုယ့်ကို သုံးအောင်လို့ အတင်းတိုက်တွန်းသူတွေကိုလည်း ရှောင်ရမယ်ဆိုတာ သူကောင်းကောင်း နားလည်နေပြီ။

သမီးလေးကို အသက် (၆)နှစ်ခွဲလောက်ကတည်းက စာအုပ်သီးသန့်နဲ့ ပြင်ပဗဟုသုတတွေကို အွန်လိုင်းပေါ်ကနေရှာဖွေပြီး  ငလျင်ဒဏ် ၊ ဆူနာမီ ၊ မီးတောင်ပေါက်ကွဲတာ စသဖြင့် သဘာဝဘေးဒဏ်တွေဖြစ်ရင် ဘယ်တွေလုပ်ရမလဲ ၊ အိမ်ဖောက်တဲ့သူတွေနဲ့တွေ့ရင် ဘယ်လိုလွတ်အောင် ထွက်ပြေးပြီး ဒီလူကိုဖမ်းမိအောင် ဘာလုပ်မလဲ ၊ လောင်းကစားရင် ဘာဖြစ်မလဲ ၊ ဘိန်းရာဇာတွေနဲ့ ဘိန်းရောင်းဝယ်ဖောက်ကားသူတွေနဲ့ သုံးစွဲသူတွေအကြောင်း စသဖြင့် တပတ်ကို တစ်မျိုး သင်ပေးတယ်။

ဒါတွေကြောင့်မို့လည်း ကံငါးပါးကို လုံအောင်ထိန်းရမယ်ဆိုတာအပြင် မကောင်းတာတွေကို သိပြီး မလုပ်ဖြစ်အောင် ရှောင်ဖို့ ၊ အခက်အခဲတွေ ကြုံလာတဲ့အခါ သွေးဆူအော်ဟစ်တာမျိုးထက် ဘယ်လိုမှန်မှန်ကန်ကန် ဖြေရှင်းသွားရမယ်ဆိုတာကို ကျွန်မကသင်ပြ ပြောပြတယ်ဆိုတာမျိုးထက် ဒီလိုအခြေအနေမှာ သူများတွေ ဘယ်လို အကောင်းဆုံးဖြေရှင်းသွားတယ်ဆိုတာ သူနဲ့အတူ အွန်လိုင်းပေါ်မှာရှာဖွေရင်းနဲ့ စာအုပ်ထဲ ခေါင်းစဉ်အလိုက် ချမှတ်သားထားတယ်။

အမေမအားတဲ့အခါ သူ့ဘာသာပျင်းနေရင် ဒါတွေပြန်ဖတ်တယ်။ ဒီလိုလေးနဲ့ သမီးကို မကောင်းတာတွေရှောင်ဖို့ သင်ပေးတယ်။ ကောင်းတာတွေ ဆောင်ဖို့ကျတော့ Inspired People ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Stephen Hawking တို့လို ၊ Mother Teresa တို့လို ၊ Nicholas James Vujicic တို့လိုလူတွေကို စံပြထားပြီး သူတို့တွေရဲ့ စိတ်ဓါတ်ကောင်းတွေကို အတုယူနိုင်ဖို့သင်ပေးတယ်။ ဟုတ်ကဲ့။ ကျွန်မသမီးလေး ခုမှ(၇)နှစ်ပြည့်ပြီးရုံပါ။ သူသိချင်သရွေ့ ၊ လေ့လာမှတ်သားသင့်တဲ့အရာတွေ ၊ ဘဝအတွက် အကောင်းဆုံးသင်ခန်းစာတွေကို တဆင့်ပြီးတဆင့် သင်ပေးသွားမှာပါ။

မနက်ဖန်တွေ ကျန်သေးတယ်ဆိုပေမယ့် မနက်ဖန်ဆိုတာတိုင်းဟာ မသေချာလှတဲ့အတွက် ကျွန်မဟာ ဒီနေ့ဆိုတဲ့အချိန်ကို မနက်ဖန်ထက် ပိုတန်ဖိုးထားတယ်။ ဒီနေ့တနေ့တာကို မိမိရဲ့ပျော်ရွှင်မှုအတွက်ကော ၊ သင်ယူမှုအတွက်ကော မျှတစွာသုံးပြီး အချိန်မဖြုန်းဖြစ်အောင် သမီးကို လေ့ကျင့်ပေးတယ်။ အခု နာနာပြေးထားမှ အကျင့်ရပြီး သူများတွေ အားကုန်ရုန်းနေရချိန် ကိုယ်ကနည်းနည်းလေး ခရီးပိုသာမှာလို့ အားပေးထားတယ်။

သူ့ကို သင်ပေးရက်တန်းလန်းနဲ့ အများကြီး မျှော်လင့်မထားဖြစ်အောင်လည်း ကျွန်မကိုယ်ကျွန်မ ပြန်သတိပေးတယ်။ ဒါမှလည်း သူ့ရလဒ်တွေကို ကျွန်မလက်ခံနိုင်မှာ။ လောဘကြီးမိရင် ဒါလေးမှ မဖြစ်ရကောင်းလားလို့ အပြစ်တွေတင်မိမယ်လေ။ မိဘက အပြစ်တင်နေရင် ဒီမိဘကို မှီခိုနေရတဲ့ သားသမီးတွေက ပိုပြီး စိတ်ဓါတ်ကျတတ်တာကိုး။ ဘာမှမဖြစ်လာရင်နေ သူ့ဘဝသူ ပျော်ပျော်ရွှင်ရွှင်နဲ့ သူရောက်နေတဲ့နေရာ ၊ လုပ်နေတဲ့အလုပ်မှာ အကောင်းဆုံးလုပ်ရင်း ကျေနပ်နေရင်တော်ပြီလေ။

ရတု  (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%9e%e1%80%bc%e1%80%94%e1%80%b9%e1%80%9e-9/feed/ 0
ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၈) http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%9e%e1%80%bc%e1%80%94%e1%80%b9%e1%80%9e-8/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%9e%e1%80%bc%e1%80%94%e1%80%b9%e1%80%9e-8/#respond Sun, 03 May 2020 12:58:34 +0000 http://www.burmesehearts.com/?p=75107

သမီးလေးကို ဘာပဲဖတ်ပြပြ ၊ ဘာပုံပြင်ပဲပြောပြပါစေ၊ ဘယ်လိုရုပ်ရှင်ကားတွေ ကြည့်ပါစေ  ပြင်ပလက်တွေ့ဘဝနဲ့ နှိုင်းယှဉ်ပြီး ကောင်းခြင်း ၊ ဆိုးခြင်း ၊ လုပ်သင့် ၊ မလုပ်သင့်ဆိုတာတွေကို တွေးခေါ်ဆင်ခြင် သုံးသပ်နိုင်အောင်လို့ အပြန်အလှန် မေးခွန်းမေးတာတွေ၊ ဒီပုံပြင်ထဲက ဇတ်လိုက် ၊ မင်းသမီး ၊ ဗီလိန်တွေအပေါ် မြင်တဲ့အမြင် စသဖြင့်ကို ကျွန်မက နားထောင်ပြီး ဒီကတဆင့် သမီးဘာတွေ နားလည်သွားသလဲ၊ တတ်သိသွားသလဲဆိုတာကို မေးမြန်းလေ့ရှိတယ်။

အရင်က မလိမ်တတ်တဲ့သမီး အသက်(၆)နှစ်ခွဲလောက်မှာ အမှားတွေဆိုရင် မသိယောင်ဆောင်တာ ၊ လိမ်စပြုလာတာလေးတွေ စတွေ့ရတော့ “Tiger for Lies”ဆိုတဲ့ ပုံပြင်လေးကို ကိုယ့်ဘာသာအဆင်ပြေသလိုဆင်ပြောပြီး လိမ်တဲ့သူတွေဟာ သူများရဲ့ ယုံကြည်မှု ဆုံးရှုံးတတ်တာကို သင်ပြပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ အမေဆူမယ်မှန်း ၊ စိတ်ဆိုးသွားနိုင်မှန်း သိတဲ့ သူ့အမှားတွေကိုလည်း မကွယ်မဝှက် ဝန်ခံပြောဆိုတတ်လာပါတယ်။

လူကြီးမိဘအပါအဝင် အများရဲ့ယုံကြည်မှု ဆုံးရှုံးသွားရင် မိမိအပေါ် အယုံအကြည်မဲ့လာမယ်။ မယုံတော့ အဟုတ်မထင် ၊ ကိုယ်ပြောတာတွေ အရာမဝင် ၊ ကိုယ်အကူအညီလိုလည်း မယုံတော့ မကူနဲ့ အများကြီး ဆုံးရှုံးမှုတွေ ရှိနိုင်တယ်ဆိုတာကို ဒီပုံပြင်လေးကတဆင့် သူနားလည် သင်ယူခဲ့တော့ သူ့အမှားကို သူတာဝန်ခံစိတ် ၊ သူ့စကားသူ တာဝန်ခံစိတ်တွေနဲ့ တာဝန်ယူမှု ၊ တာဝန်ခံမှုတွေရှိလာတယ်။

သမီးလေး အသက်(၇)နှစ်လောက်မှာ ကျေးညီနောင်ပုံပြင်လေးပြောပြခဲ့တယ်။ ကျွန်မတို့ဟာ ကျွန်မတို့ကျင်လည်ရာ ပတ်ဝန်းကျင်ကတဆင့် နီးစပ်ရာတွေ သင်ယူပြီး ကျွန်မတို့ရဲ့ အကျင့်စရိုက်နဲ့ စာရိတ္တတွေ ဖြစ်တည်လာခဲ့ပါတယ်။ တမိတည်းက ပေါက်ဖွားလာခဲ့တဲ့ ကျေးနှစ်ကောင်မှာ တစ်ကောင်ဟာ ရသေ့နားရောက်သွားပြီး ရသေ့ရဲ့ကျောင်းသင်္ခန်းမှာ ကြီးပြင်းခွင့်ရခဲ့တော့ ယဉ်ကျေးခဲ့ပေမယ့် လုယက်သတ်ဖြတ်သူတွေနားရောက်သွားပြီး ဒီလူတွေနဲ့ ကြီးပြင်းလာတဲ့တကောင်ကျတော့ ရိုင်းစိုင်းပြီး မနှစ်မြို့စရာတွေပြောဆို လုပ်ကိုင်ဖို့ တိုက်တွန်းတယ်။

ဒီပုံပြင်လေးကတဆင့် သမီးလေး နားလည်သွားတာက မိမိပေါင်းသင်းတဲ့ အပေါင်းအသင်း ၊ မိမိကျင်လည်ရာ ပတ်ဝန်းကျင်ဟာ မိမိရဲ့ ကောင်းခြင်း ၊ ဆိုးခြင်းအပေါ် လွှမ်းမိုးသွားနိုင်တယ်ဆိုတာပါ။ တခါတလေ မိဘဇစ်မြစ်ကောင်းပါရက် အပေါင်းအသင်းမှားလို့ မကောင်းတဲ့ အပြုအမူ ၊ အပြောအဆိုနဲ့ အကျင့်ဆိုးတွေ လုပ်ကိုင်မိနေတတ်တယ်။ ဒါပေမယ့် ကောင်းခြင်း ၊ မကောင်းခြင်းကို ကောင်းစွာ ဝေဖန်ပိုင်းခြား သိနားလည်သူတွေကျတော့ မကောင်းတဲ့ ပတ်ဝန်းကျင်မှာ ကျင်လည်ရဦးတော့ မကောင်းတာကို မကောင်းတာမှန်းသိပြီး မပြောမိဖို့ ၊ မလုပ်မိဖို့ ရှောင်ကြဉ်လာနိုင်တယ်။

ဘုရားလောင်းမျောက်မင်း ပုံပြင်ကို ပြောပြပြီး ခေါင်းဆောင်ကောင်းမှန်ရင် မိမိလက်အောက်ငယ်သားတွေအတွက် အနစ်နာခံစိတ်နဲ့ ခေါင်းဆောင်ကောင်းပီသပြီး မိမိလက်အောက်ငယ်သားတွေ ဘေးလွတ်ဖို့ မိမိအသက်ကို မငဲ့ဘဲ ကယ်တင်ပေးရတယ်ဆိုတာမျိုးလည်း သင်ပေးခဲ့တယ်။ အတန်းထဲမှာ အမြဲလိုလို ဆရာမတွေ အားကိုးရတဲ့သမီးလေးဟာ မိမိအပေါ် လိုသူရော ၊ မလိုသူရောကို တန်းတူဆက်ဆံပြီး အနစ်နာခံစရာရှိ ကိုယ်ကပဲ အနစ်နာခံ ၊ ဘယ်သူတွေဖွသွားပစေ ဆရာမကို ကူရှင်းပေးတတ်တာတွေဟာ သူမရဲ့ အသိစိတ်နဲ့ သူမ လုပ်ဆောင်လာနိုင်တာ ဒီပုံပြင်လေးကြောင့်ပါ။

ကျွန်မသမီးလေးကို ပုံပြင်ပြောတဲ့အခါ ဗီလိန်တွေနေရာက ဘာကြောင့် ဗီလိန်ဖြစ်လာရသလဲဆိုတဲ့ အကြောင်းကိုပါ သူနားလည်အောင်ရှင်းပြပြီး တခါတလေမှာ ဒီဗီလိန်တွေဟာ သူတို့ရဲ့ မှားယွင်းတဲ့ အယူအဆ အနည်မထိုင်ခင် ပြင်ပေးနိုင်တဲ့သူရှိရင် သူတို့ဟာ ဒီလိုဗီလိန်တွေ ဖြစ်လာမှာမဟုတ်ဘူး။ နောက်မကျခင် ပြင်နိုင်ခဲ့ရင် သူတို့ဘဝ ကောင်းတဲ့ဘက်ကို ပြောင်းလဲသွားနိုင်တယ်။ နောက်ကျသွားတဲ့အခါ ၊ ကောင်းမွန်တဲ့ ဝေဖန်အကြံပေးမှုတွေကိုလည်း နားမဝင်တဲ့အခါ ၊ အမှားကို အမှန်မြင်ပြီး မပြင်တော့တဲ့အခါမှာ ဘယ်လိုမှ ပြုပြင်ပြောင်းလဲလို့မရဘဲ ဗီလိန်ဆိုတဲ့နေရာမှာ ဘဝအဆုံးသတ်သွားရတာကို ရှင်းပြခဲ့တယ်။

မှားတဲ့အယူအဆကြီး အမြစ်မတည်ခင် မှားမှန်းသိပါမှ အမှန်ပြင်နိုင်မှာပေါ့။ ဒါကြောင့် မိမိကို ဝေဖန်တာတွေရှိရင် မိမိကိုယ်ကို ပြန်သုံးသပ်ပါ။ တကယ်မှားနေရင် ပြင်ဆင်ရမယ်ဆိုတာလက်ခံပါ။ ပြီးတော့ အမှန်ပြင်ပါ။ လူတိုင်းအမှားမကင်းနိုင်ကြတာမို့ ဘဝတလျောက်လုံး အမှားချည်းဆက်တိုက် လုပ်မသွားဖို့သာလိုတာပါ။

မိမိဟာ ဘဝဇတ်ခုံမှာ ဘယ်ဇတ်ရုပ်ကိုယူပြီး ဘယ်နေရာက ရှေ့ဆက်မလဲဆိုတာ မိမိရဲ့ ယုံကြည်မှု ၊ ပြောဆိုလုပ်ကိုင်ဆောင်ရွက်မှု ၊ အကျင့်စရိုက်စတာတွေက မိမိရဲ့ဇတ်ရုပ်ကို သရုပ်ဖော်သွားတာဖြစ်ပါတယ်။ သမီးလေးကိုယ်တိုင်ကရော မိမိရရှိထားတဲ့ ဒီဘဝဇတ်ခုံမှာ ဘယ်လိုနေရာကနေ ကချင်သလဲလို့ မေးခဲ့တယ်။

အမြင့်ဆုံးနေရာမှာ ရပ်တည်ချင်ရင် ထိုက်တန်တဲ့ အရည်အချင်းတွေတော့ ရှိထားရမှာဖြစ်ကြောင်း ၊ အရည်အချင်းပြည့်မီတဲ့ ခေါင်းဆောင်က ခေါင်းဆောင်ကောင်းပီသစွာ ခေါင်းဆောင်နိုင်ပါမှ သမိုင်းလှမှာဖြစ်ကြောင်း ၊ ကိုယ်က သမိုင်းလှလှလေး ရေးနေတာကို ကဖျက်ကယက် လုပ်သူတွေလည်း ကြုံလာဦးမှာဖြစ်ကြောင်း ၊ ဒီလူတွေရဲ့ ရန်ကို ဘယ်လိုကျော်လွှားပြီး မိမိလိုရာခရီး မယိမ်းမယိုင် ဆက်လျှောက်သွားဖို့ဆိုတာကလည်း အတော်ကြံ့ကြံ့ခံနိုင်မှဖြစ်ကြောင်းတွေ သူ့အရွယ်လေးနဲ့ နားလည်နိုင်သလောက် ရှင်းပြထားတယ်။

ခေါင်းဆောင်နေရာရောက်လာရင် ခေါင်းရှောင်နေလို့မရဘဲ အနစ်နာခံတာတွေ ၊ တာဝန်ယူပြီး တာဝန်ခံတာတွေ လိုကို လိုအပ်တယ်။ ဒီအရည်အချင်းတွေကို ဘယ်အရွယ်ရောက်မှ သင်ရမယ်လို့ ဘယ်သူတွေ ဘယ်လို သတ်မှတ်ထားသလဲတော့ မသိဘူး။

ကျွန်မအမြင်ကတော့ ကလေးတွေ နုစဉ်ကတည်းက ကောင်းမွန်တဲ့ စာရိတ္တတွေ ၊ တာဝန်ယူမှု ၊ တာဝန်ခံမှုဆိုတာတွေ ၊ လူ့ဘောင်မှာ လူတော် လူကောင်းပီသစွာ ရပ်တည်သွားဖို့ လိုအပ်တဲ့အရည်အချင်းတွေ စတာတွေကို ပုံပြင်တွေကနေတဆင့် သင်ပေးလို့ရပါတယ်။ သူတို့နဲ့ အပြန်အလှန်မေးခွန်းတွေမေးပြီး တွေးခေါ်ခိုင်းပါ။

မမှန်တဲ့အတွေးတွေကို ပြင်ပေးပြီး ဟိုရှုထောင့်ကကြည့်ရင်ဘယ်လို ၊ ဒီရှုထောင့်ကကြည့်ရင်ဘယ်လို ဘက်ပေါင်းစုံက ကြည့်ပြီးမှ မှန်ကန်တဲ့ ကောက်ချက်ရေးဆွဲ ဆုံးဖြတ်လုပ်ကိုင်တတ်ဖို့ဆိုတာတွေဟာ ပုံပြင်ကတဆင့် သင်ပေးလို့ရပါတယ်။ ကျွန်မကတော့ ကျွန်မသမီးလေးကို ပုံပြင်တွေပြောပြရင်း ၊ ဗဟုသုတမှတ်စရာတွေ ဖတ်ပြရင်းနဲ့ သင်ပေးပါတယ်။

စာဖတ်သူတို့ရဲ့ သားသမီးတွေ ၊ တူ ၊ တူမတွေဟာလည်း ပုံပြင်တွေကတဆင့် အတွေးအခေါ် ၊ အကျင့်စာရိတ္တကောင်းတွေ သင်ယူတတ်မြောက်ပြီး လောကအကျိုးဆောင်ရွက်နိုင်သော သားကောင်း ၊ သမီးကောင်းမှ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ….

ရတု  (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%9e%e1%80%bc%e1%80%94%e1%80%b9%e1%80%9e-8/feed/ 0
ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၇) http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%9e%e1%80%bc%e1%80%94%e1%80%b9%e1%80%9e-7/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%9e%e1%80%bc%e1%80%94%e1%80%b9%e1%80%9e-7/#respond Fri, 01 May 2020 11:58:11 +0000 http://www.burmesehearts.com/?p=75101

ကျွန်မ သားသမီးရလာခဲ့တော့ ဘာသာတရားကို နှုတ်တိုက်ရွတ်ဖတ်နေဖို့ထက် စိတ်ထဲမှာ မသိစိတ်ကကော ၊ သိစိတ်ကကော နှစ်နှစ်ကာကာ ကိန်းအောင်း ကျင့်ကြံတာမျိုးကို ဖြစ်စေချင်ခဲ့တယ်။ သူများက ကောင်းတယ် ၊ မကောင်းဘူး ပြောတာတွေကို လိုက်လုပ်နေတာထက် ကိုယ်တိုင်က ကောင်းခြင်း ၊ မကောင်းခြင်းကို ဝေဖန်ပိုင်းခြားနိုင်ပြီး မိမိဆုံးဖြတ်ချက်နဲ့ မကောင်းမှုကို ရှောင် ၊ ကောင်းမှုကို ဆောင်တာပဲဖြစ်စေချင်တယ်။

ကျွန်မဗုဒ္ဓဘာသာဝင်ပါ။ ဒါပေမယ့် ကျွန်မဘာသာကပဲကောင်းပြီး ဘယ်ဘာသာမှ မကောင်းဘူးလို့ ယတိပြတ် စွဲမှတ်ထားတဲ့ ဗုဒ္ဓဘာသာဝင်တော့မဟုတ်ပါဘူး။ ကျွန်မမှာ ဘာသာကွဲ ၊ လူမျိုးကွဲ သူငယ်ချင်းတွေ အမြောက်အမြားရှိတယ်။ သူတို့နဲ့ ဘာသာရေး ၊ လူမျိုးရေး အငြင်းပွါးတာမျိုး တခါမှ မရှိခဲ့ဘူး။ ဘာဖြစ်လို့လဲဆို ဘာသာတရားတွေဟာ ရင်ထဲမှာ ငြိမ်းအေးမှုကို ရှာဖွေပေးဖို့လို့ ကျွန်မယုံကြည်တာကြောင့်ဖြစ်တယ်။

ကိုယ်ဟာ ဘာကြောင့် ဒီဘာသာကို ယုံကြည်ရသလဲဆိုတာ ကိုယ်တိုင် စိတ်ကျေနပ်စွာ ယုံကြည်နေဖို့ ၊ ဒီဘာသာတရားအောက် ငြိမ်းအေးနေဖို့ ၊ ဒီဘာသာတရားနဲ့ မိမိရောအများပါ အကျိုးပွါးများအောင် လုပ်ပေးနိုင်ရင် မိမိဟာ ဘာသာဝင်ကောင်းတစ်ဦးဖြစ်ပြီ။ ဘယ်ဘာသာဝင်ကိုမှ ထိခိုက်နေစရာမလိုပါဘူး။ ဒီအတိုင်းပဲ သမီးလေးကိုလည်း ယုံကြည်ငြိမ်းအေးစေချင်တယ်။

တစ်နှစ်အောက်အရွယ် သမီးလေးကို ကိုယ်ချင်းစာစိတ်ကလေးရယ် ၊ သတိကပ်ပြီးနေတတ်စေဖို့ရယ် ၊ တန်ဖိုးထားတတ်ဖို့ရယ် သင်ပေးခဲ့တာကလွဲလို့ ဘာဘုရားအကြောင်းမှ သမီးလေးကို အသက်(၅)နှစ်ခွဲလောက်အထိ မပြောပြဖြစ်ခဲ့ဘူး။ ယေဘူယျပြောရရင် ဘုရား တို့ God တို့ ဘာမှကို အသိမပေးခဲ့တာ။ ဒီလိုနဲ့ သမီးလေး လေးနှစ်အရွယ်မှာ ကျောင်းစအပ်တော့ Bible School (ခရစ်ယာန်ဘုရားကျောင်းက ဖွင့်ထားတဲ့ မူကြို) မှာ ကျောင်းထားခဲ့တယ်။

သမီးလေး ကျောင်းတက်ရတာပျော်သလို ၊ ဆရာမတွေနဲ့ ကလေးတွေရဲ့ ဆက်ဆံရေး ၊ သင်ကြားပုံတွေကိုလည်း ကျွန်မအရမ်းသဘောကျတယ်။ ကျောင်းကို သေချာစိစစ်ရွေးချယ်ပြီးမှ အပ်ခဲ့တာမို့ ခရစ်ယာန်ကျောင်းဖြစ်နေလို့ဆိုတဲ့ စိတ်ထားမျိုး ကျွန်မမှာ လုံးဝမရှိခဲ့ဘူး။ ဗုဒ္ဓဘာသာနဲ့ ဘုရားအကြောင်း ဘာမှပြောပြတာမျိုးမရှိခဲ့တာမို့ ဘာသာတရားမှာ အဖြူခံလေးဖြစ်တဲ့ သမီးဟာ (၄)နှစ်အရွယ်ကစလို့ ကျောင်းစတက်တာနဲ့ဆိုရတဲ့ ဘုရားသီချင်းတွေကို ခုန်ပေါက်ပြီး ပျော်ပျော်ရွှင်ရွှင်ဆိုတယ်။ ဒါလည်း ကျွန်မ မဟန့်တားဘူး။ ခရစ်ယာန်ဘုရားကျောင်းမှာထားလို့ ဘုရားသီချင်းဆိုတာ ဘာဆန်းသလဲနော်။ မဆိုစေချင်ရင် လာမထားနဲ့လေ။ ဒီလိုပဲ ကျွန်မရိုးရိုးပဲတွေးတယ်။

သမီးလေး(၅)နှစ်ကျော်မှာ ဘုရားသီချင်းတွေကို ဘုရားကျောင်းမှာ တနင်္ဂနွေနေ့သီဆိုဖို့ သမ္မာကျမ်းစာကို မိုက်နဲ့ ဦးဆောင် အလွတ်ရတ်ပြရတဲ့အထိ သမီးလေးဟာ ကျောင်းမှာ ဘုရားသီချင်းတွေ ကောင်းကောင်းဆိုတတ်တဲ့ ကျောင်းသူကလေးဖြစ်လာတယ်။ ဒီပွဲလည်း ကျွန်မတို့ ပျော်ပျော်ကြီးတက်ပြီး အားပေးခဲ့တယ်။ ဘာမှ ဟန့်တားစရာမရှိခဲ့ဘူး။ အဲဒီအထိလည်း သမီးကို ဗုဒ္ဓဘာသာအကြောင်း ယုံကြည်ရာတွေ ပြောပြတာမျိုးမလုပ်ခဲ့ဘူး။

သမီးလေး(၅)နှစ်ခွဲလောက်မှာတော့ အမေ ဘုရားက ပင်လယ်တို့ ၊ အပင်တို့ ၊  နေ ၊ လ ၊ လူ ၊ သက်ရှိသတ္တဝါတွေ အစစ အရာရာ ဖန်ဆင်းပေးတာ တကယ်လားလို့ စမေးလာခဲ့တယ်။ သမီးလေးအဲလိုမေးတော့ ဘာဖြစ်လို့အဲလိုမေးတာလဲ ကျွန်မက ပြန်မေးလိုက်တယ်။ သူကျောင်းတက်ရင် နေ့တိုင်းဆိုတဲ့ ဘုရားသီချင်းတွေထဲမှာ အဲလိုပါပြီး အဲဒီလိုဖန်ဆင်းပေးလို့ ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း ချီးကျူးရတယ်လို့ပြောတယ်။ ဘုရားသခင်က အရာအားလုံးကို ဖန်ဆင်းပေးတယ်ဆိုတာ ဟုတ်သလားတဲ့။

ကျွန်မလိုချင်တာအဲ့ဒါ။ ကျွန်မ ဘာမှမပြောခဲ့တာက သမီးလေးဘာသာ စိတ်ဝင်တစားနဲ့ မေးမြန်းလာမယ့်အချိန်ကို စောင့်နေခဲ့တာ။ ကလေးကို သင်ဖို့အကောင်းဆုံးအချိန်က အသိချင်ဆုံးအချိန် ၊ အစူးစမ်းဆုံးကာလပဲ။ ဒီအချိန်မှာ မှန်ကန်စွာရှင်းပြနိုင်ဖို့ပဲလိုတယ်။ သူသိချင်တာကို သံယကင်းကင်း ယုံကြည်သွားတဲ့အထိ ရှင်းပြနိုင်ရင် ဒါကိုယုံပါလို့ ပြောစရာမလိုတော့အောင် အကောင်းဆုံး ယုံကြည်လာတော့မှာ။ ဒါဟာ အမေက ဇွတ်ယုံခိုင်းလို့ ယုံတာမျိုးမဟုတ်ဘူး ၊ မိရိုးဖလာမို့ ယုံတာမျိုးမဟုတ်ဘူး။ ကြောက်လို့ယုံတာမျိုးမဟုတ်ဘူး။ အခြားမရှိ ၊ ဘာမှမသိလို့ နီးစပ်ရာယုံလိုက်တာမျိုး မဟုတ်ဘူးလေ။

အခု အမေပြောပြမယ့်ဟာတွေကို ကျောင်းက ဆရာမတွေကို ပြန်မပြောဘူးဆိုမှ အမေက သမီးကို ရှင်းပြလို့ရမှာ။ သမီးကတိမတည်လို့ ဆရာမတွေ၊ အတန်းသားတွေကို ပြန်ပြောရင် ကျောင်းမှာ သမီးစိတ်မကေနပ်စရာတွေ ဖြစ်လာနိုင်တယ်။ ဘယ်သူ့အတွက်မှ မကောင်းဘူး။ ကတိပေးမလားဆိုတော့ ပြောပြ ကတိပေးတယ်တဲ့။

အမေဟာ ဗုဒ္ဓဘာသာဝင် ၊ သမီးလေးဟာလည်း သမီးရဲ့ မွေးစာရင်းနဲ့ နိုင်ငံကူးလက်မှတ်ပေါ်မှာ ဗုဒ္ဓဘာသာဝင်အဖြစ် အမေရေးထားတယ်။ ဒီတော့ သမီးလေးဟာလည်း ဗုဒ္ဓဘာသာဝင်အဖြစ် ရှိနေတယ်။ ဗုဒ္ဓဘာသာဝင်တွေက ကံ၏အကျိုးကို ယုံတယ်သမီး။ သမီးမြင်အောင် ဥပမာနဲ့ပြောရရင် အမေတို့သွားတဲ့နောက် အရိပ်ဟာ အမြဲလိုက်တယ်။ ဒီလိုပဲ ကံ၏အကျိုးဆိုတာလည်း ကိုယ်လုပ်တဲ့ကံ (အလုပ်)နောက်ကို အမြဲလိုက်တာ။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်လို့ ယုံကြည်တယ်။

ဒါပေမယ့် တခါတရံမှာအရိပ်ဟာ ကိုယ့်ဘေးနားပါလိုက် ၊ ကိုယ့်နောက်နားပါလိုက် ၊ ကိုယ့်ရှေ့ကထိုးလိုက်နဲ့ နေရာမျိုးစုံပြောင်းပြီး ရှေ့နောက်ရွေ့ရှား ဖြစ်ပေါ်နေတာဟာ ကံအကျိုးပေး အကြောင်းသင့်သလို ဖြစ်ပေါ်နေတာ ၊ အကျိုးပေးရမယ့်ကံတွေက အကြောင်းမညီညွတ်သေးလို့ ကောင်းတာလုပ်နေပေမယ့် ကောင်းတာမဖြစ်သေး ၊ မကောင်းတာလုပ်နေပေမယ့် ကောင်းစားနေတာဟာ ဒီသဘောတွေပါပဲ။

အမေတို့ရဲ့ ဗုဒ္ဓဘာသာမှာ ဘုရားမကယ်ဘူး သမီး။ ကိုယ့်အလုပ်ကပဲ ကိုယ့်ရဲ့ ကောင်းခြင်း ၊ မကောင်းခြင်းကို ဖြစ်စေတာပါ။ ဥပမာ လူသတ်ပြီးရင် သတ်တဲ့လူကို ရဲကဖမ်းပြီး တရားဥပဒေအရ အမိန့်ချမှတ်လိုက်သလိုမျိုး မိမိပြုလိုက်တဲ့ကံက မိမိအတွက် ကောင်းခြင်း ၊ မကောင်းခြင်းကို တရားသဘောအတိုင်း ဖြစ်စေတာပါ။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေရဲ့ ယုံကြည်မှုအရ ဖြေရမယ်ဆို ဘုရားသခင်ဟာ ဟောဒီ ပင်လယ်တွေ ၊ သစ်ပင်တွေ ၊ နေ ၊ လ ၊ ကမ္ဘာ ၊ သက်ရှိသတ္တဝါတွေကို ဖန်ဆင်းပေးခဲ့တာမဟုတ်ပါဘူး။ အကြောင်းတရားနဲ့ အကျိုးတရားတွေကြောင့်သာ ဖြစ်ပေါ်နေကြတာပါလို့ ဗုဒ္ဓဘာသာဝင်စစ်စစ်တွေက ယုံကြည်ကြပါတယ်။

ဒါဆို ဘုရားဖန်ဆင်းပေးတာလို့ သူကျောင်းမှာ မဆိုချင်တော့ဘူးတဲ့။ သမီး ယုံကြည်မှုဆိုတာ ရင်ထဲကလာပြီး ဦးနှောက်ကစေခိုင်းတာပါ။ ကျောင်းမှာ ဘယ်သူနဲ့မှ ဘာသာရေး အငြင်းပွါးတာမျိုး အမေမကြားချင်ဘူး။ သမီးဆရာမတွေကိုချစ်တယ်ဆို သူတို့ယုံချင်တာကို ယုံပါစေ။ ဒါမှားတယ် ဒါမှအမှန်လို့ လိုက်မငြင်းနဲ့။ သမီးချစ်တဲ့ သူငယ်ချင်းတွေလည်း သူ့တို့ဘာသာ သူတို့ယုံပါစေ။ သူတို့က အမှားကြီးယုံနေတယ်လို့ လိုက်မငြင်းနဲ့။ သူတို့က သမီးကို အမှားကြီးယုံနေတယ်လို့ ပြောရင် သမီးမကြိုက်သလို သူတို့လည်းကြိုက်မှာမဟုတ်ဘူး။ ဒါကြောင့် သူတို့ယုံချင်ရာယုံ ၊ ကိုယ်လည်း ကိုယ်ယုံချင်ရာယုံမယ်။ ဒါဟာ လွတ်လပ်စွာကိုးကွယ်မှုလို့ခေါ်တယ် သမီး။

ဒီလိုမနေနိုင်ရင် မငြိမ်းချမ်းဘူး။ အမုန်းပွါးကြမယ်။ အားလုံးနဲ့အမုန်းပွါးပြီး သမီးလည်း ကျောင်းပြောင်းရမယ် ၊ နောက်ကျောင်းမှာလည်း ဘာသာမတူတဲ့သူတွေ တွေ့မှာပဲ ၊ အဲဒီကျရင် ထပ်အငြင်းပွါးရင်း ဘယ်မှာဆုံးမှာလဲ။ ဒါကြောင့် ဒီကျောင်းမှာနေရင် ဒီကျောင်းရဲ့စည်းကမ်းအတိုင်း နေရမယ်။ ကိုယ်မယုံတဲ့ဘာသာဆိုပြီး မလေးမစားမလုပ်ရဘူး။ သူများတွေ ဘုရားသီချင်းဆိုတဲ့အချိန် သီချင်းကို သီချင်းအဖြစ်ပဲသတ်မှတ်လို့ သံစဉ်အလိုက် စာသားလေးတွေလိုက်ရွတ်လိုက် ၊ တေးသွားအတိုင်း စီးမျောလိုက် ၊ အချိန်တန်တော့ ပျော်ပျော်ရွှင်ရွှင်ပြီးသွားပါလိမ့်မယ်။

သမီးရဲ့ရင်ထဲမှာ ဘာကိုလက်ကိုင်ထားသလဲဆိုတာပဲ အရေးကြီးတာပါ။ အဲဒီရင်ထဲကထွက်လာတဲ့ ယုံကြည်ရာကြီးက ဦးနှောက်ကိုစေခိုင်းရင်း သမီးဟာ မိမိကိုယ်နဲ့ သူတပါး ငြိမ်းအေးစရာတွေ ရွေးလုပ်နိုင်ပြီဆို သမီးဟာ ကောင်းမွန်တဲ့ ဘာသာတရားလက်ကိုင်ထားသူပါလို့ ဖြေခဲ့တယ်။

အရင်က လမ်းသွားရင်း မသန်မစွမ်းတွေ ၊ ပုံမှန်မဟုတ်သူတွေ တွေ့ရင် သမီးလေးဟာ စိတ်ဝင်တစား လက်ညှိုးထိုးပြတာ ၊ စိုက်ကြည့်တတ်တာတွေကို (၅)နှစ်သမီးလောက်အထိ လုပ်ခဲ့တယ်။ ဒါတွေမလုပ်သင့်ကြောင်း ကိုယ့်ကို အခြားသူတွေက လက်ညှိုးထိုးစိုက်ကြည့်ရင် သမီးကြိုက်လား ၊ မကြိုက်ရင် သူတို့လည်း မကြိုက်ဘူး။ ကိုယ်မကြိုက်တဲ့အရာတွေကို သူများလည်း မလုပ်သင့်ကြောင်း လိုရင်းတိုရှင်း ကိုယ်ချင်းစာစိတ်ထားဖို့ပဲ သင်ပြပေးခဲ့တယ်။

ဘုရားသခင်ဖန်ဆင်းပေးသလားဆိုတဲ့ မေးခွန်းဖြေဆိုပြီးနောက်ပိုင်းမှာတော့ သမီးက ဘာကြောင့် သူတို့အဲလိုဖြစ်တာလဲဆိုတဲ့မေးခွန်းကို ဘယ်သူဖြစ်ချင်မှာလဲသမီးရယ် ၊ သမီးရော သူတို့လိုဖြစ်ချင်လား ။ ဘယ်သူမှ မဖြစ်ချင်ပါဘူး။ ဒီလိုဖြစ်တယ်ဆိုတာ ကံရဲ့အကြောင်း အကျိုးတွေကြောင့်ပါ။ တချို့တွေကျတော့ မွေးကတည်းက ဒီလိုလေးမွေးလာခဲ့တာ။ သူတို့မိဘတွေက ဒီလိုဘယ်ဖြစ်စေချင်ပါ့မလဲ။ ဒီလိုလေးမွေးလာတော့လည်း မိဘကောင်းတွေဆိုတာ ကိုယ့်သားသမီးကို ဘယ်လိုလေးပဲမွေးမွေး ကျွေးမွေးပြုစုစောင့်ရှောက်ရမယ့် တာဝန်ရှိတယ်လေ။ ဒါဟာ အတိတ်ဘဝက အကုသိုလ်အရိပ်တွေ ဒီဘဝအထိပါလာခဲ့တာပေါ့။

တချို့ကျတော့ မွေးတုန်းကအကောင်း ကံအကျိုးမပေးတဲ့တနေ့မှာ ဒုက္ခိတ မသန်မစွမ်းဘဝရောက်တာ ၊ နာတာရှည်ဘဝရောက်တာတွေ ဖြစ်ကြတယ်။ ဒါတွေဟာလည်း ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့် ပြောဆိုနေတာထက် ကုသိုလ်အကျိုးပေးက ဒီမှာရပ်ပြီး အကုသိုလ်အကျိုးပေးဒီမှာစတယ်လို့ မှတ်ပြီး နောင် ကုသိုလ်အကျိုးပေးများများဖြစ်အောင် ကောင်းတဲ့စိတ်ကလေးထား ၊ ကောင်းရာလုပ်။

မကောင်းတာလုပ်နေသူတွေ ၊ ဖြစ်နေသူတွေကိုတွေ့တိုင်း အကုသိုလ်အကျိုးပေးကရှောင်ဖို့ ကောင်းတာတွေ များများလုပ်ပေးဖို့သတိရပါ။ အစစအရာရာအဆင်ပြေပြီး ချမ်းသာနေသူတွေ တွေ့တိုင်းလည်း သူတို့ကို ကုသိုလ်အကျိုးပေးလို့ ဒီလိုမျိုးဖြစ်နေတယ်လို့မှတ်ပြီး သူတို့လို အကျိုးပေးကောင်းအောင် ကောင်းတာတွေ ပိုလုပ်။ ဒီလိုဆို အကုသိုလ် အကျိုးပေးနည်းပြီး ကုသိုလ်အကျိုးပေးများလာတာမို့ ကိုယ်ဟာလည်း ကောင်းတာတွေအဖြစ်များလာပါလိမ့်မယ်။

စိတ်စေတနာကောင်းကောင်းနဲ့ ကောင်းမှုကလေးတွေလုပ်ပေးနေရင် ကုသိုလ်ဆက်နေတာမို့ ကောင်းတာတွေဖြစ်လာမှာပါ။ စိတ်စေတနာဆိုးထားရင်း မကောင်းတာတွေ လုပ်ဖြစ်နေရင် အကုသိုလ်ဆက်နေတာမို့ မကောင်းတာတွေဖြစ်လာမှာပါ။ အဖြူတွေချည်း ထပ်ခါ ထပ်ခါ သုတ်ပေးနေရင် အဖြူတွေထပ်ပြီး ဖြူလာမှာပါ။ အမည်းတွေချည်း သုတ်နေရင်တော့ အမည်းရောင်ပဲပေါ်လာမှာပါ။

ကောင်းတဲ့ကံအကျိုးပေးရပ်တဲ့တနေ့ မကောင်းတဲ့ကံတွေအားသာပြီးပေါ်လာမှာဖြစ်သလို မကောင်းတဲ့ကံအကျိုးပေး အားနည်းသွားချိန်မှာ ကောင်းတဲ့ကံအကျိုးပေး အားကောင်းလာမှာဖြစ်တယ်။ ဒါဟာ ဗုဒ္ဓဘာသာအစစ်အမှန်တွေရဲ့ ယုံကြည်မှုအစစ်အမှန်ပဲ သမီး။

ဒါကြောင့် မိမိဘာဖြစ်ချင်သလဲ မိမိဘာသာရွေးချယ်ပါ။ မိမိဟာ ကောင်းတာတွေဖြစ်ချင်ရင် စိတ်စေတနာ ကောင်းထားပြီး ကောင်းတဲ့အမှုတွေကို အားစိုက်ပြုပါ။ ထပ်ခါ ထပ်ခါ စိတ်နှလုံးသွင်းပြီး ပြုမူကျင့်ကြံနေထိုင်ပါ။ မကောင်းတာတွေ မလုပ်ဖြစ်အောင်ရှောင်ပါ။ ဒီလိုဆို ကောင်းတာတွေချည်း လုပ်ဖြစ်နေတာမို့ ကောင်းတာတွေချည်း ဖြစ်လာမှာပါလို့ ရှင်းပြခဲ့တယ်။

ဗုဒ္ဓဘာသာဝင် စာဖတ်သူတို့ရဲ့ မတူကွဲပြားတဲ့ ယုံကြည်မှုတွေကိုလည်း ကြားချင်ပါတယ်။ နောင်ပို့စ်တွေမှာ ထပ်တွေ့မယ်နော်။ တကယ်လို့များ စာဖတ်သူဟာ ဘာသာကွဲတစ်ဦးဆိုလို့ရှိရင် မှတ်သားစရာ ၊ အသုံးဝင်မယ်ထင်တာတွေ ယူသုံးပါ။ ကိုယ့်ဘာသာနဲ့ မကိုက်ဘူးဆို ကျော်သွားပါ။ ကျွန်မကိုယ်တိုင်လည်း ဘာသာခြားတွေရဲ့ ကောင်းတဲ့ အမူအကျင့်တွေကိုယူပြီး ကိုယ်နဲ့မကိုက်ညီဘူးထင်ရင် ဘာမှအငြင်းပွားမနေဘဲ ဆိတ်ငြိမ်စွာ ကျော်ဖတ်သွားတယ်။ ကိုယ်ယုံကြည်ရာ ကိုယ်ကိုးကွယ်တာပဲနော့။

ရတု  (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%9e%e1%80%bc%e1%80%94%e1%80%b9%e1%80%9e-7/feed/ 0
ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၆) http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%9e%e1%80%bc%e1%80%94%e1%80%b9%e1%80%9e-6/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%9e%e1%80%bc%e1%80%94%e1%80%b9%e1%80%9e-6/#respond Wed, 29 Apr 2020 13:09:18 +0000 http://www.burmesehearts.com/?p=75090
                                                                           သမီးလေး အိမ်မှာစန္ဒယားတီးနေပုံ

အမြွှာတွေကလွဲရင် အများစုဟာ တကိုယ်ရည်မွေးဖွားလာခဲ့ကြတာပါ။ ကိုယ်တွေဆုံးပါးတဲ့အခါဆိုရင်လည်း အစုလိုက်အပြုံလိုက် တိုက်ဆိုင်တာမျိုးမဟုတ်ရင် တကိုယ်ရည် ထွက်သွားရတာပါ။ ဒါပေမယ့် ကျွန်မတို့ဟာ တကိုယ်ရည်ဆိုတဲ့ အသုံးအနှုန်းနောက်မှာ အထီးကျန်ခြင်းဆိုတာကို တံဆိပ်ကပ်တတ်ကြပါတယ်။ ဒါကြောင့်မို့လို့လည်း တကိုယ်ရည်အထီးကျန်မှာ ကြောက်ရွံ့တတ်ကြပါတယ်။

တကယ်ဆို တကိုယ်ရည်ပျော်မွေ့တတ်ရင် ကျွန်မတို့ဟာ အထီးကျန်မှာမကြောက်တော့ဘူး။ မှန်ရာ ပြောဆိုလုပ်ကိုင်လို့ အသိုင်းအဝိုင်းက ဝိုင်းပယ်မှာကိုလည်း မကြောက်တတ်တော့ဘူး။ မနာလိုသူတွေဝိုင်းပယ်ထားမှာလည်း မကြောက်ဘူး။ဘယ်လိုအခြေအနေတွေကြုံကြုံ တကိုယ်ရည် ရင်ဆဲရဲမယ်ဆို နောက်ဆုံးခရီးဖြစ်တဲ့ သေရမှာကိုတောင် မကြောက်တော့ဘူး။

အများညီလျှင် ဤ ကို ကျွဲ ဖတ်လိုဖတ် ၊ ဝါးလုံးဟာ ဝါးခြမ်းဖြစ်ပြီး ဝါးခြမ်းဟာ ဝါးလုံးအဖြစ် သတ်မှတ်နေကြရင် ကိုယ်နဲ့အမြင်မတူသူကြား ကိုယ်ဟာ တဖြည်းဖြည်းနဲ့ သူတို့စည်းအပြင် ရောက်မှန်းမသိရောက်ရင်း  ကိုယ်နဲ့အမြင်တူတဲ့သူတွေ မတွေ့မချင်း ကိုယ်ဟာ တကိုယ်တည်း ဖြစ်နေနိုင်ပါတယ်။

အပင်မြင့်လေ လေတိုက်လေဆိုသလို တပင်တည်း ထီးထီးကြီး ထန်နေတဲ့လေစိမ်းတွေကို ကြံ့ကြံ့ခိုင်ရင်း ပျော်ရွှင်စွာ နေထိုင်သွားနိုင်သရွေ့ အထီးမကျန်ဘူးလေ။ ကိုယ်ဟာ အမြင့်ကြီးမှန်းထားရင် ကြုံလာမယ့် အထီးကျန်ခြင်းဆိုတာကို မကြုံအောင် ၊ တကိုယ်တည်းလည်း ပျော်မွေ့နိုင်အောင် အရင်လေ့ကျင့်ထားရမယ်လို့ ကျွန်မကယူဆတယ်။ အရမ်းအောင်မြင်ကျော်ကြားပြီး ၊ အချမ်းသာဆုံးဆိုတဲ့သူတွေဟာ တကိုယ်ရည်တည်း မပျော်နိုင်ရင် ပိုလို့စိတ်ဖိစီးတတ်ကြတယ်။

မွေးကတည်းက တစ်ဦးတည်း ၊ နောက်ထပ်လည်း ကလေးမယူတော့ဖို့ ဆုံးဖြတ်ထားခဲ့တဲ့အတွက် တစ်ဦးတည်းသော သမီးလေးကို တကိုယ်ရည်မွေ့ပျော်တတ်အောင် သင်ပေးဖို့ ကျွန်မဆုံးဖြတ်ခဲ့တယ်။ ဘာအကြောင်းကြောင့်နဲ့ တကိုယ်တည်းဖြစ်နေနေ အထီးကျန်ခံစားမှွုေမဝင်ဘဲ တကိုယ်ရည်ပျော်မွေ့တတ်ဖို့လိုတယ်။

တကိုယ်ရည်ပျော်မွေ့တတ်ဖို့ဆိုတာ မိမိစိတ်အာရုံတွေ ပျင်းရိငြီးငွေ့နေတာမျိုးတွေ ၊ တောင်တွေးမြောက်တွေးနဲ့ ဝမ်းနည်းစိတ်တွေ ဝင်မလာအောင် နေထိုင်တတ်ဖို့လိုတယ်။ အကောင်းဆုံးကတော့ တကိုယ်ရည်ရှိနေချိန်တွေမှာ ကိုယ်ဝါသနာပါရာလုပ်ကိုင်ရင်း အချိန်တွေကုန်ဆုံးသွားဖို့ ၊ ဒီလိုလုပ်ကိုင်နေရင်းပျော်မွေ့တတ်ဖို့လိုတယ်။ ဒီတော့ ဝါသနာပါရာကို အရင်ရှာဖွေရမယ်။

လူတိုင်းမှာ ဝါသနာဆိုတာ တစ်ခုတည်းသီးသန့်မျိုးတော့ ရှိနေတာမျိုးမဟုတ်ဘူး။ အပြင်သွားရင် ဘာလေးလုပ်နေရတာ ၊ ကြည့်နေရတာ ၊ ဘယ်ကိုသွားလာရတာ ဝါသနာပါတယ်ဆိုတာမျိုးရှိသလို အိမ်ထဲမှာရှိနေရင် ဘာလေးလုပ်ချင်တာ ၊ အားကစားဆို ဘာလေးလုပ်ရတာ သဘောကျတာ ၊ ကြည့်ရတာသဘောကျတာ ၊ အခြားအရာတွေကိုလည်း ကိုယ့်အကြိုက်တွေ သိဖို့လိုတယ်။ ဒါတွေသိပြီး ကိုယ်တစ်ယောက်တည်းရှိနေချိန်တွေမှာ ကိုယ်ကြိုက်တာတွေ တခုပြီးတခု လုပ်နေမယ်ဆိုရင် အချိန်တွေကုန်တာလည်း မသိဘူး။ အထီးကျန်တယ်ဆိုတာလည်း မရှိဘူး။

အထူးသဖြင့် ကလေးအရွယ်ငယ်ငယ်ကတည်းက သူဝါသနာပါရာကိုသိပြီး သူဝါသနာပါရာလေးတွေထဲက ကောင်းတဲ့ အလေ့အကျင့်တွေကို ပိုသိအောင် သင်ယူခွင့်ရအောင် အခွင့်အရေးပေးလိုက်မယ်ဆိုရင် သူဝါသနာပါရာကို ဆက်လေ့လာရင်း လုပ်ကိုင်ရင်းနဲ့ သူအလုပ်ရှုပ်အောင် အလုပ်ပေးထားလို့ရတယ်။

ကျွန်မ သမီးလေး အနုပညာဝါသနာပါတာကို သူလသားအရွယ်ကတည်းက သတိထားမိတယ်။ (၃)နှစ်သမီးလောက်မှာ သူဇာတိတွေစပြပြီး ကိုယ်ပိုင်စတိုင်နဲ့ သူ့ဟာသူ ထွင်လုပ်ဆိုတာ ၊ တီးတာလေးတွေတွေ့လာရတယ်။ (၄)နှစ်သမီးအရွယ်မှာတော့ စန္ဒယားအတီးသင်တာကို အပ်လိုက်တယ်။ ကလေးဟာကြိုးကြိုးစားစားနဲ့ ထူးချွန်လို့ဆက်လေ့လာစေတယ်။ (၅)နှစ်သမီးအရွယ်မှာ Vocal Training စမ်းအပ်ကြည့်တယ်။ စန္ဒယားလောက် မတိုးတက်လာတာနဲ့ (၄)လလောက်ထားပြီး စန္ဒယားကိုပဲ ဦးစားပေးသင်တယ်။ လေ့ကျင့်စေတယ်။

အားကစားဆိုလည်း (၅)နှစ်သမီးမှာ စက်ဘီးကောင်းကောင်းစီးတတ်နေသလို (၆)နှစ်မှာ စကိတ်နဲ့ ရေကူးလည်းကျွမ်းနေပြီ။ ကျောင်းစာ ၊ စန္ဒယား ၊ ပန်းချီ ၊ အက ၊ ပြင်ပဗဟုသုတ ၊  အားကစားတွေနဲ့ တခုပြီးတခု တတ်မြောက်လုပ်ကိုင်နေနိုင်တော့ သူ့မှာ ပျင်းတဲ့အချိန်မရှိဘူး။ ဒါတွေဟာ တွန်းအားပေး တက်ခိုင်းတာမျိုး တခုမှမရှိဘူး။ သူဝါသနာပါတာတွေချည်းပဲ။ သူနဲ့အတူ မိသားစုလည်း အတူတူလုပ်ကိုင်ရင်းပျော်ပါးလို့ရတယ်။

သူတို့ဝါသနာပါရာနဲ့ အလုပ်တွေရှုပ်နေရခြင်းရဲ့ အားသာချက်တခုက စိတ်မလေတာ။ အသက်(၁၀)နှစ်အောက်မှာ ကလေး စိတ်လေခြင်း ၊ မလေခြင်းဟာ မသိသာပေမယ့် အသက်(၁၀)နှစ်ကျော်လာတဲ့ ဆယ်ကျော်သက်တွေ စိတ်လေတယ်ဆိုတာ ကောင်းတဲ့အလားအလာတော့ မဟုတ်ဘူး။

စိတ်လေတော့ ဘာလိုနေမှန်းမသိ ၊ ဘာလုပ်ချင်လို့ လုပ်ချင်မှန်းမသိပဲ မပျော်။ ဒီကြားထဲ ကျောင်းစာတွေက အတန်းကြီးလာတာနဲ့ဖိစီး ၊ မိဘတွေမျက်စိထဲမှာ ကိုယ့်ကို အချိုးမကျလို့ဆူပူရင် အိမ်မှာမနေချင်။ အိမ်မှာမနေချင်တော့ ကိုယ်လိုပဲ စိတ်လေနေတဲ့ သူငယ်ချင်းတွေစုပြီး အပြင်မှာ ပျော်ရာရှာ ဂိမ်းဆိုင်ရောက်လိုရောက် ၊ ပန်းခြံရောက်လိုရောက် ၊ ရုပ်ရှင်ထဲရောက်လိုရောက် ၊ အဖော်ကောင်းရင် အတတ်ဆန်းလေးတွေထွင်ပြီး မဟုတ်တာတွေ စုလုပ်မိကြရင်း လမ်းမှားရောက်တတ်ကြတယ်။ ဒါဟာ စိတ်လေခြင်းရဲ့ဆိုကျိုးတွေပဲ။

ဒါကြောင့် စိတ်လေနေချိန်မရှိအောင် ၊ ကိုယ်ဝါသနာပါရာတွေနဲ့ လုပ်ကိုင်ရင်း ကလေးတွေ အလုပ်ရှုပ်နေကျင့် သူတို့ ငယ်ငယ်ကတည်းက ကျင့်ပေးထားသင့်တယ်။ ကိုယ်ဝါသနာပါရာ လေ့လာရင်း လုပ်ကိုင်ရင်း တလိုင်းမဟုတ် ၊ တလိုင်းမှာ ထူးချွန်သွားနိုင်တယ်။ အနည်းဆုံး သူဟာ ဝါသနာပါရာတွေလုပ်ကိုင်ရင်း အလုပ်ရှုပ်နေတော့ စိတ်လေချိန်မရှိဘူး။ ဒါတွေလုပ်ရင်း ပျော်နေတာဆိုတော့ စိတ်ချရတာပေါ့။

ခုလို ကျောင်းတွေပိတ်ထားပြီး အပြင်ထွက် အပျော်ရှာဖို့ မဖြစ်နိုင်တဲ့အချိန်မျိုးတွေမှာ ဝါသနာပါရာတွေ လုပ်ကိုင်ရင်း အလုပ်တွေရှုပ်နေတတ်တဲ့ကလေးဟာ မိဘတွေကို ဝန်ပိုမဖြစ်စေဘူး။ အပြင်ထွက်သွားလာလုပ်ကိုင်လို့မရပေမယ့် အိမ်ထဲမှာလုပ်ကိုင်လို့ရတဲ့ နေ့စဉ်လုပ်ကိုင်နေကျ အသူဝါသနာပါရာလေးတွေက သူ့ကို မပျင်းရအောင် အဖော်ပြုပေးတယ်။ မိဘကိုလည်း သက်သာစေတယ်။

ဒါကြောင့် ကလေးငယ်စဉ်ကတည်းက သူဝါသနာပါရာ ကောင်းတဲ့အလေ့အကျင့် ၊ ကျန်းမာစေတဲ့ အလေ့အကျင့်တွေဆို သင်ယူတတ်မြောက်ခွင့်ပေးလိုက်ပါ။ ပြီးရင် အခါအားလျော်စွာ အပတ်စဉ် သို့မဟုတ် နေ့စဉ်လေ့ကျင့်တတ်တဲ့ အကျင့်လေးလုပ်ထားပါ။ အိမ်တွင်းအိမ်ပြင် တစ်ကိုယ်တည်း ဝါသနာပါရာလေးတွေနဲ့ ပျော်အောင်နေထိုင်တတ်ဖို့ လေ့ကျင့်ပေးထားမယ်ဆိုရင် တစ်ကောင်တည်း ဒါပေမယ့် ခြင်္သေ့ဖြစ်နေမှာပါ။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%9e%e1%80%bc%e1%80%94%e1%80%b9%e1%80%9e-6/feed/ 0
ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၅) http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%9e%e1%80%bc%e1%80%94%e1%80%b9%e1%80%9e-5/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%9e%e1%80%bc%e1%80%94%e1%80%b9%e1%80%9e-5/#respond Mon, 27 Apr 2020 12:13:48 +0000 http://www.burmesehearts.com/?p=75081

မိဘတွေအများစုက မိမိရဲ့သားသမီးအရင်းအချာတွေကို ချစ်ကြပါတယ်။ အဲဒီအထဲမယ် မလိုချင်ဘဲရလာလို့ ဒုက္ခပေင်လယ်ထဲ ဒုက္ခထပ်ပေးသူတွေလို့ သားသမီးကို မြင်နေသူတွေမပါဘူး။ ဖျက်မရတဲ့ အကြောင်းကြောင်းတွေကြောင့် မွေးလာခဲ့ပြီး ဒီအတွက် အပြစ်မရှိတဲ့သားသမီးကို အပြစ်တင်နေတဲ့ မိဘတွေမပါဘူး။ အရွယ်မတိုင်ခင် သားသမီးကို ခိုင်းစားနေတဲ့မိဘတွေ မပါဘူး။ အိမ်ထောင်ဘက်ကိုမုန်းတီးလို့ ဒီလူနဲ့ရလာတဲ့ သားသမီးကိုပါ အငြှိုးထား မုန်းတီးတဲ့သူတွေလည်း ဒီထဲမပါဘူး။ မိမိလိုချင်တာ တခုခုအတွက် သားသမီးကို အရင်းအနှီးတခုလို ရယူခဲ့ပြီး မေတ္တာနဲ့ဂရုစိုက်မှုတွေ မပေးသူတွေလည်းမပါဘူး။

အဟိတ်တရိစ္ဆာန်တွေပဲကြည့် မိမိသားသမီးကို မွေးဖွားသည်အထိ တာဝန်ယူပြီး မွေးဖွားပြီးနောက်မှာ နို့တိုက်ခြင်းဖြင့်သော်လည်းကောင်း ၊ အညစ်အကြေးသုတ်သင်ပေးခြင်းဖြင့်သော်လည်းကောင်း ၊ တပါးရန်တွေမှ အကာအကွယ်ပေးခြင်းဖြင့်သော်လည်းကောင်း ၊ ၎င်းဘာသာရပ်တည်နိုင်တဲ့အထိ ၎င်းတို့တပ်အပ်တဲ့ အစာရှာစားခြင်းဆိုတဲ့အတတ်ပညာ ၊ ရန်သူ့ရန်မှ ဘယ်လိုသတိထား ရှောင်ရှားရမယ်ဆိုတဲ့အတတ်ပညာ ၊ ထိပ်တိုက်တွေ့ရင် နောက်ဆုံးချိန်အထိ ဘယ်လိုခုခံသွားရမယ်ဆိုတဲ့ ပညာတွေကို သင်ပေးကြတယ်။ ဒါဟာ မိဘတွေ လုပ်ကိုလုပ်ရမယ့် သဘာဝတရားက ပေးအပ်တဲ့တာဝန်။

တရိစ္ဆာန်တွေကျတော့ သူ့ဘာသာသူ အစာရှာနိုင်တာနဲ့ သားသမီးနဲ့မိဘ ရင်းနှီးမှုမျိုး ၊ ဆက်လက်ပတ်သက်ဆက်ဆံမှုမျိုး ၊ တစ်ဦးနဲ့တစ်ဦး ဆက်လက်ချစ်ခင် ဂရုစိုက်တာမျိုးတွေမရှိတော့ဘူး။ တချို့တိုးတက်တဲ့နိုင်ငံတွေမှာလည်း မိဘတွေက သားသမီးတွေ (၁၆)နှစ်ပြည့်ပြီဆို အိမ်ကနှင်ချပြီး သူ့ဘဝသူရပ်တည်ခိုင်းတာမျိုး ၊ သားသမီးတွေကလည်း အသက်ပြည့်တာနဲ့ အိမ်ကထွက်ခွဲနေပြီး ရပ်တည်တာမျိုး ၊ သားသမီးမိဘဆက်ဆံရေးဟာ နေ့ထူးရက်ထူးတွေမှာပဲ ရံဖန်ရံခါ တွေ့ဆုံမှုထက်မပိုတော့ဘူး။ ဒီဘက်ခေတ်မှာ ဖုန်းတွေအင်တာနက်တွေ ခေတ်စားလာတော့ အလုပ်ရှုပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဒီလိုနေ့ထူးရက်ထူးတွေမှာတောင် တွေ့တာမျိုးတွေ မရှိတဲ့အထိဖြစ်လာတယ်။ ဒီ့ထက်ဆိုးတဲ့ ဆက်ဆံရေးမှာတော့ မိဘနဲ့ သားသမီး မခေါ်မပြော မိဘတွေဘာဖြစ်လို့ ဖြစ်မှန်းမသိ ၊ သားသမီးတွေ ဘာဖြစ်လို့ ဖြစ်မှန်းမသိ ၊ မသိချင်စိတ်တွေနဲ့ နေထိုင်ကြတာပဲ။ ၎င်းတို့အကြားမှာ လိုအပ်နေတာဟာ နက်ရှိုင်းလွန်းတဲ့ မေတ္တာတရားပါ။

စစ်မှန်တဲ့ မေတ္တာတရားဟာ ချစ်ခင်မှု ၊ ဂရုစိုက်မှု ၊ တိုးတက်စေလိုမှု ၊ ကာကွယ်ပေးလိုမှုတွေနဲ့ တန်ဆာဆင်ထားတယ်။ ရယူလိုမှုတွေနည်းတယ်။ သူ့ဘက်က မရရင်တောင်မှ ကိုယ့်ဘက်က ပေးမြဲပေးနိုင်တယ်။ အဲဒီမေတ္တာတရားကို မိဘတွေအများစုမှာ တွေ့ရတယ်။ ကိုယ်တိုင် ဒီလိုချစ်ခြင်းမေတ္တာတရားတွေနဲ့ နေထိုင်တယ်ဆိုရင် ကိုယ့်မှာ အလွန်တရာ မွန်မြတ်တဲ့ စစ်မှန်သော မေတ္တာတရားတွေရှိနေပြီ။ ဒီလိုရှိနေပြီဆိုရင် မိမိချစ်တဲ့သူကို ဒီသိမ်မွေ့တဲ့ ချစ်ခြင်းမေတ္တာတရားကို တန်ဖိုးထားတတ်ဖို့ သင်ပေးသင့်တယ်လို့ ကျွန်မထင်တယ်။ ဘာဖြစ်လို့လဲဆို လူတိုင်းဒီလို မချစ်တတ်ကြတာမို့ ဒီလိုချစ်တတ်တဲ့သူကို ဆုံးရှုံးရတဲ့သူဟာ ဘဝမှာ အကြီးမားဆုံး ဆုံးရှုံးမှုကို ကြုံလိုက်ရတာပဲ။

ဒီလိုချစ်တတ်တဲ့သူကို ဆုံးရှုံးလိုက်တာဟာ မိမိကို တကယ့်မေတ္တာစစ်နဲ့ မိမိတဘဝလုံး မေတ္တာပေးနိုင်တဲ့သူ ၊ မိမိကိုအမြဲဂရုစိုက်မယ့်သူ ၊ မိမိကို အတတ်နိုင်ဆုံး အကာအကွယ်ပေးမဲ့သူ ၊ မိမိကို မနာလိုမရှိဘဲ အမြဲတိုးတက်စေလိုတဲ့သူကို တဘဝစာဆုံးရှုံးလိုက်ရတာပဲနော်။ တန်ဖိုးဖြတ်လို့မရတဲ့ ဆုံးရှုံးမှုကြီးမို့ မိမိချစ်တဲ့သူ ဒီလိုဆုံးရှုံးမှုမျိုးမကြုံတွေ့အောင် မေတ္တာရဲ့နက်ရှိုင်းမှုဆိုတာ ကိုယ့်ချစ်သူကို သင်ပေးရမယ့်တာဝန်ဟာ ကိုယ့်တာဝန်ပါပဲ။

ခုချိန်ထိ မြန်မာနိုင်ငံမှာ မိဘနဲ့ သားသမီးကြား မှားယွင်းတဲ့ အယူအဆတွေ ရှိသေးလား ကျွန်မ မသိပါဘူး။ ကျွန်မမိဘတွေကို အဖိုးအဖွားတွေက သားသမီးကိုချစ်ရင် သူတို့ကို ချစ်ကြောင်းမပြရဘူး ။ မပြောရဘူး။ ရောင့်တက်ပြီးဆိုးလာတတ်တယ်။ ကိုယ့်သားသမီးကို ချစ်လို့နမ်းရင်တော့ သူအိပ်ပျော်နေတဲ့အချိန်ပဲနမ်းတဲ့။ ဒါဟာ လုံးဝမှားယွင်းတဲ့ အယူအဆကြီးလို့ ကျွန်မပြောချင်တယ်။

ဒီအယူအဆကြီးအမှန်လို့ မှတ်ယူအသုံးပြုခဲ့တဲ့ ကျွန်မ မိဘတွေဟာ ကျွန်မကို သူတို့ချစ်ကြောင်း မပြောခဲ့ဖူးဘူး။ ကျွန်မသိတတ်တဲ့အချိန်ကစလို့ ဖက်တာ ၊ နမ်းတာတွေ မပြုမူခဲ့ဖူးဘူး။ သားသမီးနားဝင်အောင် ချိုသာတဲ့စကားလုံးတွေ မဆိုခဲ့ဖူးဘူး။ ဆူစရာရှိဆူတယ်။ ရိုက်စရာရှိရိုက်တယ် ။ ကျွေးစရာရှိကျွေးတယ်။ သားသမီးနဲ့မိဘကြားက နွေးထွေးမှုဟာ ဒီလောက်ပဲရှိခဲ့တယ်။ ကျွန်မ(၁၃)နှစ်သမီးမှာ အဖေဆုံးသွားခဲ့တယ်။ အဖေဆုံးသွားသည့်တိုင်အောင် ကျွန်မမှတ်ဥာဏ်ထဲ အဖေ့ကိုဖက်တာ ၊ နမ်းရှုံ့တာ၊ အဖေနဲ့ တွတ်တီတွတ်တာပြော ရယ်မောခဲ့တာတွေ မရှိခဲ့ဘူး။

ကိုယ့်မျက်စိရှေ့ သူများအဖေတွေ ကိုယ့်သားသမီးချီပိုးသွားတာမျိုး ၊ နမ်းရှုံ့နေတာမျိုး ၊ ရယ်မောပျော်ရွှင်နေတာမျိုးမြင်ရင် ဝမ်းနည်းမိတယ်။ ပြန်မရနိုင်တော့တဲ့ ဆုံးရှုံးမှုကြီးကို ကျွန်မတသက်စာ ဆုံးရှုံးခဲ့တာ။ ဘာနဲ့လဲယူယူ မရနိုင်တော့တဲ့အရာပဲ။ ဒါကြောင့် ကျွန်မသမီးလေးကို သူ့အဖေနဲ့ နွေးနွေးထွေးထွေး နေကျင့်ရှိအောင်လို့ ရုံးပိတ်ရက်တွေ ကျွန်မအိမ်မှုကိစ္စနဲ့ မအားချိန်တိုင်း သူ့ပဲ တာဝန်ယူထိန်းခိုင်းတယ်။ အပြင်သွားတိုင်းလည်း သူ့ပဲချီပိုးထိန်းခိုင်းတယ်။ မိသားစု ကစားနည်း အထွေထွေနဲ့ အိမ်ထဲမှာ နွေးထွေးတဲ့ဆက်ဆံရေးကို ဖြစ်စေတယ်။ အတူနွေးနွေးထွေးထွေး အချိန်ကုန်ဆုံးလေ့ရှိမှ နွေးထွေးမှု မေတ္တာတရားကို နှစ်ယောက်စလုံးနားလည်မှာ။

မိဘမျိုးရိုးမှာ မိရိုးဖလာဖြစ်လာခဲ့တဲ့ မိဘနဲ့သားသမီးကြား ဒီလိုခပ်စိမ်းစိမ်းနေတတ်တဲ့ ကျွန်မမိခင်နဲ့ကျွန်မ နွေးထွေးမှုဆိုတာကို အမေစိတ်ဒုံးဒုံးချလိုက်တဲ့ အသက်(၇၀)ကျော် ကျွန်မအသက်(၃၀)နီးပါးမှ ကျွန်မစကားကို နားဝင်လာတာ။ ဒီလိုနဲ့ သားအမိကြားနွေးထွေးမှုကို (၁၀)နှစ်လောက် နှစ်ရှည်ကြာ ပြန်တည်ဆောက်လာခဲ့တာ နှစ်ဦးဆက်ဆံရေး နွေးထွေးမှုရှိလာပေမယ့် ဖက်လှဲတကင်း နမ်းရှုံ့တာမျိုးတော့မရှိဘူး။ အသက်တွေကြီးလာခဲ့ပြီလေ။

ကျွန်မအမေ့ပါးကို နမ်းဖူးပေမယ့် ဘယ်လိုမှန်းမသိတဲ့ခံစားမှုကြီးနဲ့ နွေးထွေးမှုဆိုတာ ပျောက်နေတယ်။ နှစ်ခါ ၊ သုံးခါ နမ်းဖူးပြီးတဲ့နောက် ဒီနွေးထွေးမှုကို ကျွန်မ မရှာဖွေတော့ဖို့ ဆုံးဖြတ်လိုက်ရတယ်။ အေးစက်မှုတွေ နှစ်(၃၀)လောက် အနည်ထိုင် လုံးဝအသားကျပြီးမှ  ရုတ်တရက် နွေးထွေးမှုလိုချင်တယ် ၊ ပေးပါဆိုလို့ ဘယ်လိုပေးရမှန်းမသိသူနဲ့ ဘယ်လို လုပ်ယူရမှန်းမသိသူအကြားက ကွာဟမှုကြီးကို ဒီအတိုင်းပဲထားလိုက်ရင်း မိမိရဲ့ သားသမီး ဝတ္တရားရှိတဲ့အတိုင်း ပြုစုစောင့်ရှောက်ဖို့ပဲ ဆုံးဖြတ်လိုက်တော့တယ်။  မရနိုင်တော့တဲ့အရာကို ရှာဖွေလုပ်ယူနေရင် နှစ်ယောက်စလုံး စိတ်ပင်ပန်းကြမှာပေါ့နော်။

ဒါကြောင့် ခံစားမှုတွေ အသားသေပြီး လုံးဝအေးစက်မသွားခင် ကျွန်မတို့ဟာ ကိုယ်ချစ်တဲ့သူကို နွေးထွေးမှုတွေပေးရမယ် ။ သူ့ကိုကိုယ်ချစ်သလောက် သူ့ပျော်ရွှင်မှု ၊ လိုအပ်မှုတွေကို ဂရုလည်း စိုက်ရမယ်။ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးရမယ်။ ကာကွယ်ပေးရမယ်။ ဒီလို ကိုယ်လုပ်ပေးနေတာ ၊ ကိုယ်သူ့အပေါ် ဘယ်လောက်ချစ်တယ်ဆိုတာကိုလည်း သူနားလည်အောင် ထပ်ခါ ထပ်ခါ ပြောပြရမယ်။ ကိုယ့်ချစ်ခြင်းမေတ္တာကို သူနားလည် ခံစားတတ်ပါမှ ကိုယ်ပေးတဲ့အရာတွေကို သူပြန်ပေးရကောင်းမှန်းသိမှာ။

မိဘကို ချစ်တဲ့သားသမီးဟာ မိဘသူ့ကို ဘာတွေ ဘယ်လို လုပ်ပေးခဲ့တယ်ဆိုတာကို သိနားလည်ပြီး မိဘတွေ မစွမ်းနိုင်တော့တဲ့အချိန်မှာ ဒီလိုမျိုးတွေ ပြန်လုပ်ပေးဖို့တာဝန် သူ့မှာ အပြည့်ရှိတယ်ဆိုတာကိုလည်း နားလည် သဘောပေါက်သင့်တယ်။ ကျွန်မဆို ကျွန်မသမီးလေးကို ကြုံရင်ကြုံတိုင်း သူမမှတ်မိတဲ့ ကလေးအရွယ်မှာ အမေဟာ သူ့ကို ဘာတွေ ဘယ်လိုလုပ်ပေးခဲ့ပြီး ဘယ်လို ပြုစုစောင့်ရှောက်ပေးခဲ့တယ်ဆိုတာကို ပြန်ပြောပြလေ့ရှိတယ်။ ကလေးဘဝက မှတ်ဥာဏ်ဟာ ကြီးလာရင် လုံးဝမေ့သွားတာမျိုးတော့ မဟုတ်ဘူး။ အချို့ဟာတွေက မှတ်ဥာဏ်မှိန်ပျောက်နေတာ။ ပြန်ဖော်ပေးရင် သူမှတ်မိကြောင်း ပြန်ပြောပြတယ်။

ကိုယ့်ကို ချစ်ခြင်းမေတ္တာနဲ့ ဘယ်လိုပြုစုဂရုစိုက်ခဲ့တယ်ဆိုတာ နားလည်နေတဲ့ သမီးလေးဟာ အမေ နေမကောင်းဘူးဆိုရင် စောင်ခြုံပေးရတာနဲ့ ၊ နှိပ်နယ်ပေးရတာနဲ့ ၊ အစားအသောက်တွေ ပြင်ဆင်ပေးတာနဲ့ ၊ ဆေးသောက်ဖို့ ရေအဆင်သင့် ၊ တစ်ရှူးအဆင်သင့် ဘာလိုတယ်ပြောလိုက်ရင် ချက်ချင်း ၊ အမေနေမကောင်းလို့ အိပ်နေရင် အမေ့အိပ်ခန်းစောင့်ပေးပြီး အဖွားနဲ့ အဖေကို အမေလန့်နိုးသွားမစိုးလို့ တရှူးရှူးနဲ့ သိတတ်နေလိုက်တာ အသက်(၆)နှစ်ဝန်းကျင်လောက်က စမယ်ထင်တယ်။ မခိုင်းပဲ စိတ်စေတနာကောင်းကောင်းနဲ့ အကောင်းဆုံး လုပ်ပေးချင်စိတ်ဟာ မေတ္တာတရားရဲ့ စေ့စော်မှုကြောင့်ပါ။ ခုဆို သမီးလေးဟာ မိဘမေတ္တာကို ကောင်းကောင်းနားလည်ပြီး မိဘအပေါ်လည်း သူတတ်နိုင်သလောက် ချစ်ခြင်းမေတ္တာ ပြန်ဖော်ကြူးနိုင်ပါပြီ။ ဒီ့ထက် ပိုသိတတ်လုပ်ပေးတာလေးတွေရှိပေမယ့် ဒီလောက်ဖော်ပြရုံနဲ့ တော်ပြီပေါ့နော်။

ကျွန်မရဲ့သမီးလေးကို ကျွန်မလို ဘယ်လိုမှပြန်မရနိုင်တော့တဲ့ နွေးထွေးမှုကြီး မဆုံးရှုံးစေချင်ဘူး။ လူ့ဘဝသက်တမ်းဟာ တိုတိုလေး ကျွန်မနောင်တတွေနဲ့ မသေချင်ဘူးလေ။ ကိုယ်ပေးနိုင်သလောက်ကို ပေးခဲ့မယ်။ သင်ပေးနိုင်တာတွေကိုလည်း သင်ပေးခဲ့မယ်။ စစ်မှန်တဲ့ မေတ္တာတရားဆိုတာ ငွေတွေ ၊ အာဏာတွေနဲ့ ဝယ်ယူလို့မရဘူး။ ဝယ်လို့ရတယ်ထင်ရင် အဲဒါတွေကိုကြိုက်တဲ့ မေတ္တာတုပဲဖြစ်မယ်။

အဲဒီနောက်မှာတော့ သမီးလေးကို မိအိုဖအိုကိုလုပ်ကျွေးရင်း ကျေးဇူးဆပ်ပြီး မိမိရဲ့ အမယ်မပြောက်သေးတဲ့ ငှက်ပေါက်လေးတွေအတွက် ၊ နောက်အစာမရှာနိုင်တော့တဲ့ ငှက်အိုတွေကို အလုပ်အကျွေးပြုနေတဲ့ ဘုရားလောင်းငှက်ပုံအကြောင်းကို ပြောပြခဲ့တယ်။ လူဖြစ်လာတဲ့ ကျွန်မတို့မှာ ကြွေးဟောင်းဆပ်ဖို့ တာဝန်ရှိသလို ကြွေးသစ်ချဖို့လည်း တာဝန်ရှိတယ်။ ဒါမှ လူပီသစွာနေထိုင်ခြင်းဖြစ်မယ်လို့ ကျွန်မသမီးလေးကို သင်ပေးခဲ့ပါတယ်။

စာဖတ်သူဟာ သားသမီးရှိတဲ့ မိဘတွေဖြစ်နေမယ်ဆို ကိုယ်တိုင်လည်း ကလေးငယ်တုန်း နွေးထွေးမှုပေးဖို့ သတိရကြပါ။ ကျွန်မဟာ မိဘဆီက နွေးထွေးမှုတွေ အလပ်ခံခဲ့ရတဲ့သူတစ်ယောက် တကယ်ဖြစ်ခဲ့တာမို့ အပြစ်တင်ခြင်းကင်းတဲ့ ရေးသားခြင်းနဲ့ ကျွန်မရဲ့ အဖြစ်မှန်ကို နမူနာယူပြီး ထပ်တူအမှားတွေ မလုပ်မိကြဖို့ပါ။ ကျွန်မ ကလေးတိုင်းကို နွေးနွေးထွေးထွေးနဲ့ ပျော်ရွှင်စေချင်တယ်။ ကျွန်မ မရခဲ့တာတွေကို သူတို့ကို အမှန်တကယ်ရစေချင်မိတယ်။ သူတို့ကို လစ်ဟာနေမှန်းသိရက် ပြန်ဖြည့်လို့မရတဲ့ ကွက်လပ်ကြီး ရင်ထဲမှာမရှိနေစေချင်ဘူး။

ဒီစာလေးဖတ်ပြီး အကျိုးရှိ ၊ မရှိဆိုတာ စာဖတ်သူရဲ့အမြင်ကို ကြားချင်မိတယ်။ နောင်ပို့စ်တွေမှာ ထပ်တွေ့ကြတာပေါ့။ မေတ္တာတရားရဲ့ နွေးထွေးမှုအောက်မှာ ချစ်ခင်ခြင်း ၊ ကြင်နာဂရုစိတ်ခြင်း ၊ နွေးထွေးခြင်း ၊ သိတတ်ခြင်း ၊ ကာကွယ်ပေးခြင်း ၊ တာဝန်ယူခြင်းတို့ဖြင့် ငြိမ်းအေးကြစေဖို့ ဆုမွန်ကောင်းတောင်းရင်း

ရတု (Burmesehearts.com)

 

သိမ်မွေ့နက်ရှိုင်းသော မေတ္တာတရားမတိုင်မီ

မတိုင်မီ ကျွန်မသမီးလေး အသက်တစ်နှစ်အောက်အရွယ်ကစလို့ တစိုက်မတ်မတ်နဲ့  အောက်ဖော်ပြပါသုံးချက်ကို အသားသေအောင် ၊ အခြေကောင်းကောင်း ခိုင်မာအောင် လေ့ကျင့်သင်ကြားပေးခဲ့တယ်။

(၁)ကိုယ်ချင်းစာစိတ် (မဖတ်ရသေးသူတွေ https://bit.ly/2x1OFKt မှာ ကလစ်နှိပ်ဖတ်ရှုနိုင်ပါတယ်။)

(၂) အာရုံစူးစိုက်ပြီးလုပ်ကိုင်တတ်ကျင့် (မဖတ်ရသေးသူတွေ https://bit.ly/3eQ3Mrc မှာ ကလစ်နှိပ်ဖတ်ရှုနိုင်ပါတယ်။)

(၃)အချိန်နဲ့လူအင်အားမဖြုန်းတီးဖို့  (မဖတ်ရသေးသူတွေ https://bit.ly/3cNrDpT မှာ ကလစ်နှိပ်ဖတ်ရှုနိုင်ပါတယ်။)

(၄)ဝေမျှခြင်းအနုပညာ (မဖတ်ရသေးသူတွေ https://bit.ly/2Y5LL2r  မှာ ကလစ်နှိပ်ဖတ်ရှုနိုင်ပါတယ်။)

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%9e%e1%80%bc%e1%80%94%e1%80%b9%e1%80%9e-5/feed/ 0
ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၄) http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%9e%e1%80%bc%e1%80%94%e1%80%b9%e1%80%9e-4/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%9e%e1%80%bc%e1%80%94%e1%80%b9%e1%80%9e-4/#respond Sun, 26 Apr 2020 13:41:13 +0000 http://www.burmesehearts.com/?p=75070

အလှူလုပ်တဲ့အခါ ပစ္စယောဟောတုဆိုပြီး လှူတဲ့လူတွေရှိတယ်။ ကုသိုလ်လိုချင်လို့ လှူတဲ့သူတွေရှိသလို ကိုယ့်အကြောင်းနဲ့ကိုယ် လှူတဲ့သူတွေရှိတယ်။ လှူတိုင်းဒါနဖြစ်တာတော့ဟုတ်ပါတယ်။ အလှူမတတ်ရင် ကိုယ်လုပ်တဲ့ကုသိုလ်မှတဆင့် အကုသိုလ်တွေ ဆင့်ပွားဖြစ်စေတတ်ပါတယ်။

ဥပမာ အဆိပ်ပင်ကို ရေလောင်းလိုက်သလိုမျိုး … အကုသိုလ်လုပ်ဖို့ ရည်ရွယ်ထားသူကို မိမိရဲ့အလှူနဲ့ မီးပေါ်ဆီပက်လိုက်သလိုမျိုး ဖြစ်နေရင် မဟုတ်သေးဘူးနော်။ တခါတလေမှာ အလှူလုပ်ရင်း အကုသိုလ်စိတ်တွေ ဖြစ်နေရတဲ့ သူတွေလည်းရှိတယ်။ ငွေလည်းကုန် ၊ လူလည်းပန်း ၊ အကုသိုလ်လည်းရနေတယ်ဆိုရင် ဒီအလှူဟာ ကုသိုလ်မျှော်ကိုးလို့ နိဗ္ဗာန်ရောက်ရပါလို၏ဆုတောင်း ပြည့်နိုင်ပါ့မလား။

သမီးလေးဟာ အသက် (၃)နှစ်အရွယ်လောက်ကတည်းက My first book of the Human Body ဆိုတဲ့စာအုပ်လေးကို သိပ်စိတ်ဝင်စားတယ်။ ကလေးတွေအတွက် ခန္ဓာဗေဒအကြောင်းစာအုပ်လေးပါ။ ဒီစာအုပ်လေးဖတ်ပြရင် ပုံတွေကြည့်လိုက် နားထောင်လိုက်နဲ့ သူသိပ်စိတ်ဝင်စားတယ်။ စာအုပ်အဆုံးနားမှာ သန္ဓေသားဖြစ်ပေါ်ပုံအဆင့်ဆင့်ပါတယ်။ အဲဒီကနေတဆင့် သမီးလေးဟာ လူဖြစ်ပေါ်ပုံကိုအကြမ်းဖျဉ်းသိသွားပြီး ကျွန်မဟာလည်း တရားသဘောကို သင်ပြခွင့်ရခဲ့တယ်။

အမေ့ဝမ်းဗိုက်ထဲ လူဖြစ်လာတဲ့ ကလေးလက်ထဲမှာ ဘာမှမပါဘူး။ မွေးဖွားလာတော့လည်း ဘာမှမပါဘူး။ ကျွန်မတို့ဟာ အရွယ်အလိုက် တဖြည်းဖြည်းကြိုးစားရင်းနဲ့သော်လည်းကောင်း ၊ မိဘမျိုးရိုးရဲ့ ရှိရင်းစွဲ အမွေအနှစ်တွေကြောင့်သော်လည်းကောင်း ကျွန်မတို့မှာ ပိုင်ဆိုင်မှု ကိုယ်စီကိုယ်စီ ရှိလာခဲ့ကြတယ်ဆိုတာ သမီးလေးကို နားလည်အောင် ရှင်းပြခွင့်ရခဲ့တယ်။

ကိုယ်ကသာ ဒီမှာ မကြောင့်မကြနေရတာ တခြားသူတွေဆို အနေဆင်းရဲ ၊ အစားဆင်းရဲတွေရှိကြောင်းပြောပြတော့ သမီးလေးက မယုံခဲ့ဘူး။ ဒီတော့ အွန်လိုင်းပေါ်က ပုံတွေကို သက်သေပြရတယ်။ ကျွန်မတို့နေတဲ့ နေရာမှာ ဒီလိုမျိုးတွေ မတွေ့ရပေမယ့် တခြားနေရာတွေမှာ ဒီလိုမျိုးတွေ မပြည့်စုံဘူး။ အဝတ်အစားမရှိတဲ့ ကလေးတွေကို သမီးလေး မကြိုက်နှစ်သက်လို့ မဝတ်ချင်တာတွေ ပိုနေမယ့်အစား လှူကြရအောင် စသဖြင့် မုန့်မဟုတ်တဲ့ ဝေမျှခြင်း (ဒါန)ကို စလေ့ကျင့်ပေးခဲ့တယ်။

ကိုယ်ကြိုက်တဲ့အစာ ဖြစ်နေပစေဦး စားချင်လို့ တောင်းတဲ့သူရှိရင် မျှကျွေးလိုက်ပါ။ အိမ်ရောက်ရင် အမေထပ်ပေးမယ်။ လှူခွင့်ရတုန်း လှူလိုက်ပါလို့ တဆင့်တက်ပြီး သမီးလေးကို သင်ပေးပြန်ရော။ ဒီကတဆင့် အလှူလုပ်တယ်ဆိုတာ ထိတွေ့ကိုင်တွယ်လို့ရတဲ့ ပစ္စည်းတွေချည်းပဲ လှူလို့ရတာမျိုးမဟုတ်ဘူး။ ကိုယ်လေ့လာထားတဲ့ ဗဟုသုတ (အသိပညာ) ၊ တတ်မြောက်ထားတဲ့ အတတ်ပညာတွေကိုလည်း သိလိုတတ်လိုသူတွေကို ဝေမျှခြင်း ၊ မိမိရဲ့ အချိန်နဲ့ လုပ်အားတွေကို လိုအပ်တဲ့ နေရာတွေမှာ အများကောင်းကျိုးအတွက် လုပ်ပေးတာလည်း အလှူတစ်မျိုးပါပဲလို့ သမီးလေးကို သင်ပေးခဲ့တယ်။

အဲဒီကစလို့  (၅)နှစ်ကျော် အရွယ်မှာ အတန်းထဲ စာအရင်ပြီးနေတဲ့သူမဟာ တခြားကလေးတွေလို လျှောက်အော်ဟစ်ပြေးလွှားတာမျိုး မလုပ်ဘဲ အတန်းထဲစာမရတဲ့ ကလေးတွေကို သူ့အရွယ်လေးနဲ့ စာရှင်းပြတယ်တဲ့။ ဆရာမပြောတော့ ကျွန်မ အံ့သြခဲ့တယ်။ သမီးလေးဟာ ကျွန်မသင်ပေးတာတွေကို နားထောင်ရုံမဟုတ် ၊ အသုံးပြုလေ့ကျင့်နေတာတွေ့ရတော့ သင်ပေးရတဲ့အမေ အားရတယ်။

ဒါပေမယ့် နေရာတိုင်းမှာ လိုသူ ၊ မလိုသူတွေရှိတာကို သမီးလေး စတင်သတိထားမိလာခဲ့တယ်။ ဆရာမက ဒီလူကို သင်ပြပေးလိုက်ပါပြောလို့ ကူရှင်းပြပေးသည့်တိုင် ကိုယ့်မလိုလို့ အသင်မခံတဲ့ တတန်းတည်းနေ သူငယ်ချင်းတွေ တွေ့လာခဲ့ပြီ။ သမီးက ဆရာမပြောလို့ အကောင်းနဲ့ပြပေးတာ သမီးကိုအော်လွှတ်တယ်။ အဲဒါဘာဖြစ်လို့လဲအမေတဲ့။ ဒီအမေးကိုဖြေဖို့က ပညာပါတယ်။ အဖြေမတတ်ရင် သမီးဟာ ဒီလိုလူတွေကို မုန်းတီးသွားနိုင်တယ် ၊ ဒီလူတွေကို အရွဲ့တိုက်လုပ်တာ ၊ နှိမ့်ချပြောဆိုတာ ၊ အပြန်အလှန်ရန်လုပ်ဖြစ်တာတွေနဲ့ ကုသိုလ်လုပ်ရင်း အကုသိုလ်တွေ ဖြစ်သွားနိုင်တယ်။

ဆရာမက ဒီလူကို ကူပြပေးလိုက်ပါပြောသည့်တိုင် အဲဒီလူကို ကိုယ်ပြပေးရမလားလို့ အရင်ခွင့်တောင်းပြီး သူ့ခွင့်ပြုချက်ယူပါ။ မလိုဘူးဆိုရင် ဆရာမကို ပြန်ပြောပြီး တခြားလိုတဲ့သူတွေကို ကူလိုက်ပါ။ ကိုယ့်အကူအညီမလိုတဲ့သူတွေကို အတင်းလိုက်ကူနေရင် ကူရာမရောက်ဘဲ အနှောင့်အယှက်ဖြစ်စေတယ်။ ဒါ့အပြင် ကိုယ့်အကူအညီမလိုတဲ့ သူတွေကို လိုက်ကူနေမယ့်အစား ကိုယ့်အကူအညီ တကယ်လိုတဲ့သူတွေကို သွားကူလိုက်တာ ပိုမထိရောက်ဘူးလားလို့ သမီးကို ဖြေပေးလိုက်တယ်။

အဲဒီနေ့ကစလို့ သမီးလေးဟာ “Should I explain you?” ဆိုတဲ့ ခွင့်ပြုချက်ယူပြီးတော့မှ အတန်းထဲ စာမရတဲ့ သူငယ်ချင်းတွေကို သူစာစောပြီးတဲ့အချိန်တွေမှာ စာရှင်းပြလေ့ရှိတယ်တဲ့။ တခါတလေ ငါက ကူတဲ့သူပဲဆိုပြီး အပေါ်စီးက ကူနေတာလည်း သိပ်မမှန်ဘူးလို့ ကျွန်မတွေးမိတယ်။ ကိုယ့်အပေါ် မလိုမုန်းထားစိတ်ဖြစ်နေပြီး ကိုယ့်ကြည့်မရသူကို အပေါ်စီးကနေ သွားကူနေသလိုမျိုး သူခံစားနေရရင် အမုန်းတရားတွေ ပိုလာမယ်လေ။

မိမိမှာပိုနေတဲ့အရာတွေကို လိုတဲ့သူတွေကို ပေးဝေမျှဖို့ ၊ တခါတလေ ကိုယ့်မှာမပိုရင်တောင် ကိုယ့်ထက် ပိုလိုအပ်သူတွေကို ဝေမျှပေးလိုက်ဖို့ ၊ တခါတလေ ကိုယ့်အပေါ် မလိုမုန်းထားတဲ့သူတွေက ကိုယ့်ဆီက လိုလိုလားလားတောင်းလာရင် စိတ်ကောင်းစေတနာနဲ့ ဝေမျှပေးလိုက်ဖို့ သမီးလေးကို သင်ပေးခဲ့တယ်။

ဝေမျှခြင်းဆိုတာ အတုံးလိုက်အထည်လိုက် ဒုကြီးဒယ်ကြီးနဲ့လှူမှ အလှူပြီးမြောက်တာမဟုတ်ဘူး။ တကယ့်စိတ်ရင်းစေတနာနဲ့ တပါးသူ ကောင်းရာကောင်းကျိုး အဆင်ပြေခြင်းအလို့ငှါ မိမိရဲ့ အချိန် ၊ လုပ်အား ၊ ဗဟုသုတဆိုတဲ့ အသိပညာ ၊ သင်ယူတတ်မြောက်ထားတဲ့ အတတ်ပညာတွေကို မျှဝေခြင်းဟာလည်း ကုသိုလ်လုပ်ခြင်းပါပဲ။

တကယ်ဆို ကျွန်မတို့ဟာ လက်ဗလာနဲ့ လူ့လောကထဲရောက်လာခဲ့ကြသူတွေဖြစ်ပြီး လက်ဗလာနဲ့ပဲ လူ့လောက ကနေ ပြန်ထွက်ကြရဦးမှာပေါ့။ လက်ရှိနဲ့ ရှေ့ရေးအတွက်အတွက် အားကုန်ရုန်းကန်ရှာဖွေနေရင်း ကိုယ်ရှာလို့ရလာတဲ့ ပစ္စည်းတွေဟာ ကိုယ့်နောက်ပါမှာ မဟုတ်ဘဲ ထားခဲ့ရမယ့် ပစ္စည်းတွေလို့ သိရင်းနဲ့ ရှာကြတာပေါ့။ ဒီလိုသိနေတော့ ကိုယ့်ပိုင်ဆိုင်မှုကနေ သိပ်မပြောပလောက်တဲ့ ပမာဏကို လိုအပ်တဲ့သူတွေကို လှူဒါန်းဖို့လည်း သတိရကြတာပေါ့။

မြန်မာလူမျိုးဖြစ်ရတာ အရမ်းဂုဏ်ယူတဲ့အချက် ကျွန်မမှာရှိတယ်။ အဲဒါက မိမိရဲ့အချိန် ၊ အင်အားနဲ့ မိမိဒါနဆိုတာကို အများစုက တနိုင်လုပ်ပေးတတ်တဲ့ဂုဏ်ကလေးကိုပါ။ တခြားနိုင်ငံတွေမှာလည်း ဒီလိုလှပတဲ့ စိတ်ထားလေးတွေ ကြုံဖူးပါတယ်။ ဒါပေမယ့် ကျွန်မတို့ မြန်မာနိုင်ငံလောက်တော့ ရာခိုင်နှုန်းမများဘူးရယ်။

ကျွန်မတို့မြန်မာလူမျိုးတွေဟာ ကမ္ဘာမှာ အောက်ဆုံးဝန်းကျင်က သူဆင်းရဲဖွံ့ဖြိုးဆဲ နိုင်ငံလေးပေမယ့် အလှူအတန်းမှာတော့ ကမ္ဘာ့နံပါတ်တစ်နေရာ ရပ်တည်နေတာ တစ်ဦးတစ်ယောက်တည်း အလှူနဲ့မဟုတ်ဘဲ တနိုင်ငံလုံးအတိုင်းအတာနဲ့ပါ။ ဒါကြောင့် ကျွန်မတို့ မြန်မာလူမျိုးတွေဟာ ဝေမျှခြင်းအနုပညာကို မျိုးရိုးလိုက် ကျင့်သုံးနေကြသူတွေဖြစ်တယ်။ ဒီလိုမွန်မြတ်တဲ့ အလေ့အကျင့်လေးကိုလည်း ကိုယ့်မျိုးဆက်တွေကို လက်ဆင့်ကမ်းကိုကမ်းရမယ်။ ကျွန်မတို့ လူသာဆင်းရဲမယ် စိတ်ဓါတ်မဆင်းရဲဘူးဆိုတာ ကျွန်မတို့ရဲ့ နောင်မျိုးဆက်တွေလည်း ဆက်လက်ပြီးတော့ သက်သေပြနိုင်ကြပါစေ။

ဒီစာလေးဖတ်ပြီး အကျိုးရှိ ၊ မရှိဆိုတာ စာဖတ်သူရဲ့အမြင်ကို ကြားချင်မိတယ်။ နောင်ပို့စ်တွေမှာ ထပ်တွေ့ကြတာပေါ့။ စာဖတ်သူတွေလည်း ဝေမျှခြင်း အနုပညာနဲ့ အများကောင်းရာကောင်းကျိုးအတွက် ဆထက်တပိုး ဝေမျှလှူတန်းနိုင်သူတွေဖြစ်ကြဖို့ ဆုတောင်းရင်း ….

ရတု (Burmesehearts.com)

ဝေမျှခြင်း အနုပညာမတိုင်မီ ကျွန်မသမီးလေး အသက်တစ်နှစ်အောက်အရွယ်ကစလို့ တစိုက်မတ်မတ်နဲ့  အောက်ဖော်ပြပါသုံးချက်ကို အသားသေအောင် ၊ အခြေကောင်းကောင်း ခိုင်မာအောင် လေ့ကျင့်သင်ကြားပေးခဲ့တယ်။

(၁)ကိုယ်ချင်းစာစိတ် (မဖတ်ရသေးသူတွေ https://bit.ly/2x1OFKt မှာ ကလစ်နှိပ်ဖတ်ရှုနိုင်ပါတယ်။)

(၂) အာရုံစူးစိုက်ပြီးလုပ်ကိုင်တတ်ကျင့် (မဖတ်ရသေးသူတွေ https://bit.ly/3eQ3Mrc မှာ ကလစ်နှိပ်ဖတ်ရှုနိုင်ပါတယ်။)

(၃)အချိန်နဲ့လူအင်အားမဖြုန်းတီးဖို့  (မဖတ်ရသေးသူတွေ https://bit.ly/3cNrDpT မှာ ကလစ်နှိပ်ဖတ်ရှုနိုင်ပါတယ်။)

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%9e%e1%80%bc%e1%80%94%e1%80%b9%e1%80%9e-4/feed/ 0
ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၃) http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%9e%e1%80%bc%e1%80%94%e1%80%b9%e1%80%9e-3/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%9e%e1%80%bc%e1%80%94%e1%80%b9%e1%80%9e-3/#respond Sat, 25 Apr 2020 12:21:38 +0000 http://www.burmesehearts.com/?p=75065

“ပလိုင်းပေါက်နဲ့ဖားကောက်” ဆိုတဲ့ ဆိုရိုးစကားဟာ အလကားမဟုတ်ဘူးလို့ ကျွန်မယုံကြည်တယ်။ ခုန်ဆွခုန်ဆွနဲ့ ခပ်မြန်မြန် ခုန်သွားနိုင်တဲ့ဖားကို အားစိုက်ဖမ်းနိုင်ခဲ့ပြီး ပလိုင်းထဲထည့်ထားပေမယ့် ကိုယ့်ပလိုင်းဟာ အပေါက်ကြီးဖြစ်နေတယ်ဆို အဲဒီကတဆင့် ဖမ်းမိထားတဲ့ဖားတွေဟာ ထွက်ပြေးလွတ်မြောက်သွားမှာပါ။ အိမ်ပြန်ဖို့အချိန်တန်လို့ ပလိုင်းကောက်လွယ်တဲ့ ကိုယ်ဟာ ပလိုင်းထဲဖားတွေမရှိတော့မှ ဒီပလိုင်းပေါက်နေမှန်းသိတယ်ဆို အားစိုက်ထုတ်ခဲ့သမျှ အားလည်းကုန် ၊ အချိန်လည်းကုန်ပေါ့။ ဒီစကားပုံကနေတဆင့် ကျွန်မဘာလေ့လာခဲ့သလဲဆိုတော့ ဖားကောက်မထွက်မီ ပလိုင်းပေါက် မပေါက် စစ်တတ်ဖို့နဲ့ ဖားတစ်ကောင်ပလိုင်းထဲထည့်လိုက်တိုင်း ပလိုင်း ပေါက် ၊ မပေါက် ပြန်စစ်ဆေးကြည့်ရမယ်ဆိုတဲ့ အသိပါ။ 

ဘဝတစ်ခု စရပြီဆိုတာနဲ့ အချိန်ဆိုတာ စရလိုက်တာပဲ။ ဘယ်တော့ သေမယ်ဆိုတာ ဘယ်သူမှမသိတော့ ဒီအချိန်တွေဟာ အကန့်အသတ်နဲ့ရှိနေတာပါ။ မသေခင် အကြောင်းကြောင်းနဲ့ နာနေပြန်ရင်လည်း ကျန်ရှိနေတဲ့အချိန်တွေကို ကိုယ်အသုံးပြုချင်သလို အသုံးပြုခွင့် ကန့်သတ်ခံလိုက်ရတာပါပဲ။ ဒါကြောင့် လူ့ဘဝမှာ တန်ဖိုးအရှိဆုံးဟာ အချိန်ပဲ။ နောက်တခုကတော့ အဲဒီအချိန်ကို ကိုယ်လိုသလို အသုံးပြုနိုင်တဲ့ အင်အားပါ။ အသက်ရှင်တုန်း ၊ ကျန်းမာတုန်းသာ ကိုယ်လိုသလို အသုံးပြုလို့ရနေတဲ့ ဒီအချိန်နဲ့ အင်အားတွေကို မဖြုန်းတီးပစ်လိုက်ဖို့ဆိုတာ အရမ်းအရေးကြီးတယ်။

နောက်တမျိုးတွေးကြည့်ပြန်တော့ မိဘက ဘယ်လောက်ပဲ ငွေအပုံလိုက်ကြီး ရှာပြီးချန်ထားခဲ့ဦးတော့ သားသမီးဟာ ဘယ်လိုတိုးပွါးအောင်လုပ်ရမှန်းမသိ ၊ မပျောက်ပျက်အောင် ဘယ်လိုထိန်းသိမ်းရမှန်းမသိ ၊ ထိုင်ဖြုန်းနေလို့ကတော့ ကိုယ်တသက်လုံးရှာခဲ့သမျှ နှစ်ပိုင်းလောက်နဲ့ ကုန်အောင်ဖြုန်းပစ်နိုင်တယ်။ ကုဋေရှစ်ဆယ်သူဌေးသားပုံပြင်ကိုပဲ ကြည့်ပါဦး။ ရှာရသာခက်တာ ၊ ဖြုန်းရလွယ်တယ်လေ။ ကာစီနိုထဲမှာပဲပျော်မွေ့ဦးတော့ ရှိတာတွေဘယ်လောက်ခံနိုင်လိမ့်မလဲ။ ဒါဟာလည်း အိတ်ပေါက်တစ်မျိုးပါပဲ။

ဒီတော့ မိမိသားသမီးကို ငယ်စဉ်ကတည်းက ဖြုန်းတတ်တဲ့အကျင့် လုံးဝဖျောက်ထားပစ်လိုက်ဖို့လိုတယ်။ ဒီ့ထက်တဆင့်တက်မယ်ဆိုရင်တော့ စေ့စစေ့ပ်စပ်လုပ်တတ်တဲ့အကျင့်ကို ကျင့်ပေးထားရမယ်။ အရှာကောင်းဖို့ကတော့ နောက်တဆင့်ပေါ့။ ဒါက ကျွန်မခံယူချက်ပါ။ ခံယူချက်တွေအမျိုးမျိုးကွဲပြားနိုင်ပါတယ်။ မင်္ဂလသုတ်တော်ထဲမှာ မလုပ်သင့်တဲ့အရာတွေကို ဘုရားက အရင်ဟောပြောထားတာမို့ ကျွန်မတို့ဟာ မလုပ်သင့်တာကို အရင်ရှောင်ကျဉ်ပြီး လုပ်သင့်တာကို တဆင့်တက် လုပ်ကြရမှာပါ။

ကျွန်မသမီးကို တစ်နှစ်အောက် ကလေးအရွယ်လေးပေမယ့် အစားအစာတွေ ကြမ်းပေါ်ပလဲတာ ၊ ဖိတ်စင်အောင် စားတာတွေ တမင်မပြုဖို့ လေ့ကျင့်ပေးခဲ့တယ်။ တစ်နှစ်အောက် ကလေးဆိုတော့ စားရင်ဖိတ်မှာပဲ။ ဒါပေမယ့် စားရင်းစိတ်လှုပ်ရှားပျော်ရွှင်လို့ ပန်းကန်ကို တဘန်းဘန်းရိုက်ပြီး အစားအသောက်တွေ ဖိတ်စင်တာမျိုးဆို ကျွန်မဆူတယ်။ အမေမကြိုက်တာသိတော့ ဒီအကျင့်ပျောက်သွားတယ်။ အစားအသောက်ဟာ စားဖို့ ရှိနေတာ ၊ ဖိတ်စင်ဖို့မဟုတ်လို့ ဆူရခြင်းအကြောင်းကိုလည်း ဆူပြီးတိုင်း သင်ပေးတယ်။ ဖိတ်တာတွေနည်းလာတယ်။ ထိန်းထိန်းသိမ်းသိမ်း စားတတ်လာတယ်။

တစ်နှစ်အရွယ်နောက်ပိုင်း အစားအသောက်တွေစားရင် ကုန်နိုင်သလောက်ပဲထည့်ပေးတယ်။ ကုန်မှ ထပ်လိုရင် ထပ်ထည့်ပေးတယ်။ လောဘကြီးပြီး အများကြီးထည့်ဖို့ဂျီကျရင် တစ်ခါနှစ်ခါလောက် သူမကုန်နိုင်တာသိရက် ထပ်ဖြည့်ထည့်ပေးခဲ့တယ်။ မကုန်ခင်ဝသွားတဲ့အခါ ကုန်အောင်စားရမယ်။ အစားအသောက်ဟာ ပစ်ဖို့မဟုတ်ဘူး။ ကုန်လို့ထပ်လိုရင် အမေထပ်ပေးတာသိရက်နဲ့ မကုန်မခန်းထည့်မယ်ဆို ကုန်အောင်စားရမယ်လို့ စည်းကမ်းကျပ်လိုက်တော့ နောက်ပိုင်းမှာ ကုန်မှလိုသလောက် ထပ်တောင်းတယ်။ စည်းကမ်းရှိလာတာပေါ့။

အစားအသောက်က စလိုက်တဲ့ မဖြုန်းတီးရေးစည်းကမ်းဟာ ကစားစရာတွေဝယ်တာ ၊ နောက်ပိုင်း စာရေးကိရိယာတွေဝယ်တာ သုံးတာကအစ စည်းကမ်းလုပ်တယ်။ ပိုလျှံအောင် ဝယ်ပေးထားပေမယ့် လိုသလောက်ပဲ အသုံးပြုရမယ်ဆိုတာကို အသိထည့်ပေးထားတယ်။ ဒီအတိုင်းပဲလေ့ကျင့်စေတယ်။ ဒီအခါ ကလေးဟာ မြင်တိုင်းတက်မက်လိုချင်တဲ့စိတ် နည်းလာတယ်။

တခါတလေ ကျွန်မက ဆိုင်ထဲမှာ ဒီဖိနပ်လေး သမီးနဲ့အရမ်းလိုက်မှာပဲ ဝယ်ကြမလားဆိုပေမယ့် သမီးလုပ်သူက သမီးမှာ ဒီလိုအရောင်နဲ့ ပုံစံဆင်ဆင်လေးရှိတယ်။ ထပ်မဝယ်နဲ့လို့ သူကိုယ်တိုင် စတားတာမျိုးတွေအထိရှိလာတော့ သမီးရဲ့ ငွေကြေး ပစ္စည်းတွေပေါ် မဖြုန်းတီးတတ်တဲ့အပေါ် ကျွန်မ စိတ်ချရပြီ။

လေ့ကျင့်ဖို့ခက်တာက အချိန်မဖြုန်းဖို့။ ကလေးဆိုတော့ အချိန်တန်ဖိုးနဲ့ အင်အားတန်ဖိုးကို နားမလည်ဘူး။ အဲဒီဟာကို ကလေး ငါးနှစ်ကျော်လောက်အထိ အတော် လေ့ကျင့်ခဲ့ရတာ။ မမြင်ရတဲ့အရာတွေကို ထိန်းသိမ်းရတာ ပိုခက်တာကိုး။ ဒီတော့ကျွန်မဟာ သူနားလည်မယ့်အရာတွေနဲ့ နှစ်ရှည်လေ့ကျင့်ပေးခဲ့ရတယ်။

ဥပမာ- ကလေးစာသင်နေတဲ့အချိန်တို့ ၊ စန္ဒယားကျင့်တဲ့အချိန်တို့မှာ ကလေးအနားမှာ ကျွန်မက အမြဲတမ်းအနီးကပ်ရှိပြီး သူမရှင်းလင်းတာတွေ ပြန်စိစစ်ရှင်းလင်းပြဖို့ ၊ သင်ပြပေးဖို့ဆိုတာ နှစ်ယောက်စလုံးရဲ့ အချိန်နဲ့အင်အားတွေကို ရင်းထားရတာ။ ကလေးဟာ အာရုံမစိုက်နိုင်တော့ဘူးဆိုတာ ကျွန်မသိတာနဲ့ သင်တာချက်ချင်း ရပ်ပစ်တတ်တယ်။ ဒါပေမယ့် ကျွန်မသမီးက ဇွဲကြီးတယ်။ မရမချင်း သင်ယူလေ့ကျင့်ချင်တယ်။ ဒါပေမယ့် သူအာရုံမစိုက်နိုင်တော့ မရဘူး။ အမေအသင်ရပ်မှာကိုလည်း သူမကြိုက်ဘူး။ မရတဲ့သူ့ကိုယ်သူလည်း စိတ်မကျေနပ်ဘူး။ ဒီလိုအခြေအနေမျိုးမှာဆို အချိန်နဲ့အင်အားရဲ့တန်ဖိုးဟာ အရမ်းသင်လို့ကောင်းတယ်။

ဒီလိုအခြေအနေတွေတိုင်းမှာ သူ့ကိုချော့မော့ပြီး ခဏနား ၊ မုန့်ကျွေးပြီး စိတ်ဖြေ ၊ ဦးနှောက်အနားရအောင် ပုံပြင်ပြော သိပ်လိုက်တာမျိုးတွေလုပ်တယ်။ အိပ်ယာနိုးလာလို့ တခုခုစားပြီးရင် ခုနက မရတဲ့ဟာတွေ ပြန်သင်တယ်။ အဲဒီအချိန်မှာ ချက်ချင်းရသွားတတ်တယ်။ ဒီလိုအခြေအနေတွေကြုံလာတိုင်း အချိန်နဲ့အင်အားရဲ့တန်ဖိုးကို သမီးကို နားလည်အောင် ကျွန်မရှင်းပြတယ်။

သူသာ ဇွတ်တရွတ် မရမချင်း မထတမ်းလုပ်နေမယ်ဆို သူ့အချိန်နဲ့ ကျွန်မအချိန်တွေဟာ အလဟဿ ဖြစ်သွားကြောင်း ၊ မရမချင်းလုပ်နေတဲ့အတွက် သူ့အင်အားတွေ ဆုံးရှုံးကြောင်း ၊ အမေကိုယ်တိုင်လည်း တခြားလုပ်စရာတွေ မလုပ်ဖြစ်တော့ဘဲ မရတဲ့သူ့သင်နေရလို့ အင်အားတွေဆုံးရှုံးပြီး လုပ်စရာအပုံလိုက်ကြီးကို မလုပ်ချင်စိတ်တွေ ဖြစ်လာကြောင်း ၊ ဒါဟာ နှစ်ယောက်လုံးရဲ့ အချိန်နဲ့အင်အားကို ဖြုန်းတီးရာရောက်ကြောင်း ပြောပြရတာပေါ့။

ခဏအိပ်စက်အနားယူပြီး သင်ယူလေ့ကျင့်လိုက်တော့ ချက်ချင်းကို အတတ်မြန်သွားတာ ဦးနှောက်လန်းဆန်း အင်အားပြည့်လာချိန်မှာ အာရုံစူးစိုက်မှု အားကောင်းလာတဲ့အတွက်ကြောင့်ဖြစ်ကြောင်း ၊ အချိန်နဲ့အင်အား ယုတ်လျော့မှုတွေ နှစ်ယောက်စလုံးအတွက် သက်သာကြောင်းကို ရှင်းပြရတာပေါ့။ နောက်ပိုင်းမှာ ကလေးက ပိုနားလည်လာတယ်။ ထပ်ခါထပ်ခါ လုပ်ရင်းနဲ့မှ အာရုံမစိုက်နိုင်တော့ရင် တအားဖိပြီး ဇွတ်တရွတ် ဆက်လုပ်နေတာမျိုးတွေ နည်းလာတယ်။ “If you cannot do it now, turn around and do it again. “တဲ့။ တခါတလေမှာ လုပ်နေတာတွေ ခဏရပ်ပြီး စိတ်အနားယူလိုက် ပြီးရင်ပြန်လာလုပ် ၊ အဲဒီရလဒ်က ပိုကောင်းတယ်။

ဒါဟာ ဇွဲမရှိတာမဟုတ်ဘူး။ ဘယ်နေရာမှာရပ်ပြီး ဘယ်လိုဆက်လုပ်ရမယ်ဆိုတာကို သင်ယူလေ့ကျင့်လိုက်တာပါ။ အာရုံစူးစိုက်နိုင်မှုမရှိဘဲ လုပ်ချင်စိတ်တခုတည်းနဲ့ လုပ်နေတာဟာ ပလိုင်းပေါက်နဲ့ ဖားကောက်နေတာလို့ ကျွန်မမြင်တယ်။ အချိန်လည်းကုန် ၊ အင်အားလည်းကုန် အဆုံးမှာ ဘာရမလဲ။ လုပ်တာမဖြစ်လို့ ၊ မအောင်မြင်လို့ စိတ်ပျက်တာ ၊ ဒေါသထွက်တာ ၊ စိတ်ဓါတ်ကျလာတာတွေနဲ့ နပန်းလုံးနေရမယ်လေ။

လုပ်တော့လုပ်ပေါ့။ ဥာဏ်ကူလုပ်ဖို့လည်း လိုတယ်။ မဖြစ်မနေ ပြီးအောင်လုပ်မယ်ဆိုတာထက် လှလှပပ သေသေသပ်သပ်လေး အလုပ်ကို အချိန်မီအဆုံးသတ်နိုင်ရင် ပိုမကောင်းဘူးလား။ လုပ်နေရက်နဲ့ အရာမထင်ဘူးဆိုရင် ကိုယ့်ကိုယ်ကို သတိပေးလိုက်ပါ။ ငါဟာ ပလိုင်းပေါက်နဲ့ ဖားကောက်နေပြီလို့။ တလျှောက်လုံး ကုန်းရုန်းလုပ်လာရက်နဲ့ မစုဆောင်းမိသေးဘူး ၊ မတိုးတက်လာဘူးဆိုရင်လည်း ပလိုင်းပေါက်နဲ့ ဖားကောက်နေတာပါပဲ။

ဒီတော့ ဖားမကောက်ခင် ပလိုင်းပေါက်မပေါက် အရင်စစ် ၊ ပေါက်နေတာ ဖာပြီးမှကောက် ၊ ယိုနေတာတွေကို ပြင်ဆင်ပြီးမှ ဆက်လုပ်ပါ။ အရာထင်လာပါလိမ့်မယ်။ ဒါကတော့ ကျွန်မရဲ့ နည်းလမ်းပေါ့။ ကြိုက်ရင်ယူသုံးပါ။ အသုံးဝင်သွားရင် ကျေနပ်ပီတိဖြစ်ပါတယ်။ ခံယူချက်တွေ ကြိုက်သလိုကွဲလွဲနိုင်ပါတယ်။ လူချင်းတူပေမယ့် အသက်ရှူတာ မတူနိုင်ပါဘူး။ ဒါပေမယ့် ကျွန်မရဲ့ သမီးလေးကိုတော့ ကျွန်မ လေ့လာသင်ယူခဲ့သလိုပဲ သင်ပေးပါတယ်။ စည်းကမ်းကောင်းတာ ၊ မဖြုန်းတီးတာ ၊ စေ့စပ်တာတွေဟာ ဒီလို(၇)နှစ်အရွယ်မှာ ကောင်းကောင်း မျက်ဝါးထင်ထင်မြင်နေရပါပြီ။ ဒီအတွက် ကျေနပ်တယ်လေ။

ဒီစာလေးဖတ်ပြီး အကျိုးရှိ ၊ မရှိဆိုတာ စာဖတ်သူရဲ့အမြင်ကို ကြားချင်မိတယ်။ နောင်ပို့စ်တွေမှာ ထပ်တွေ့ကြတာပေါ့။ စာဖတ်သူတို့ရဲ့ ရင်သွေးငယ်တွေ ၊ တူ နဲ့ တူမတွေဟာလည်း စေ့စပ်သေချာပြီး မိမိရဲ့အချိန်နဲ့ အင်အားတွေကို ကောင်းသောနေရာမှာ ဥာဏ်ရှိရှိ အသုံးချပြီး တိုးတက်ကြပါစေလို့ ဆုတောင်းရင်း ….

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%9e%e1%80%bc%e1%80%94%e1%80%b9%e1%80%9e-3/feed/ 0
ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၂) http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%9e%e1%80%bc%e1%80%94%e1%80%b9%e1%80%9e-2/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%9e%e1%80%bc%e1%80%94%e1%80%b9%e1%80%9e-2/#respond Fri, 24 Apr 2020 13:57:26 +0000 http://www.burmesehearts.com/?p=75058
သမီးလေး ခြောက်လဝန်းကျင်မှာ သခွါးမွှေးကို သူ့ဘာသာသူ ချေစုပ်စားနေတာ

အခုရေးမှာကလည်း ဘာသာရေးအချို့ပါနေပါတယ်။ ကျွန်မဟာ ဗုဒ္ဒဘာသာဝင် အမျိုးသမီးမို့ ကျွန်မသမီးလေးလည်း ဗုဒ္ဓဘာသာဝင်ပါ။ ဗုဒ္ဓဘာသာဝင်တွေမို့ ဗုဒ္ဓတရားတော်ကို အခြေခံပြီး ကျွန်မဆုံးမလေ့ရှိပါတယ်။ တကယ်လို့များ စာဖတ်သူဟာ ဘာသာကွဲတစ်ဦးဆိုလို့ရှိရင် ဆက်ဖတ်ဖြစ်လို့ မှတ်သားစရာ ၊ အသုံးဝင်မယ်ထင်တာတွေ ယူသုံးပါ။ ကိုယ့်ဘာသာနဲ့ မကိုက်ဘူးဆို ကျော်သွားပါ။ ကျွန်မကိုယ်တိုင်လည်း ဘာသာခြားတွေရဲ့ ကောင်းတဲ့ အမူအကျင့်တွေကိုယူပြီး ကိုယ်နဲ့မကိုက်ညီဘူးထင်ရင် ဘာမှအငြင်းပွားမနေဘဲ ဆိတ်ငြိမ်စွာ ကျော်ဖတ်သွားတယ်။ ကိုယ်ယုံကြည်ရာ ကိုယ်ကိုးကွယ်တာပဲနော့။

ဗုဒ္ဒဘာသာမှာ  “အပမ္မာဒေဌ သမ္မာဒေဌ” လို့ တရားဟောရော ၊ ဘုန်းတော်ကြီးတွေကော အကြိမ်ကြိမ် သတိပေးဟောကြားတော်မူခဲ့ပါတယ်။ ဆိုလိုရင်းအဓိပ္ပါယ်က မမေ့မလျော့ သတိကပ်ထားကြဖို့ပါ။ သတိဆိုတာ ပြောတော့အလွယ်လေး ဘာကို သတိကပ်နေရမှန်းမသိတာနဲ့ သတိလက်လွတ်နေတာ များနေကြလို့သာ ခက်နေတာပါ။

ကလေးတစ်ယောက်ကို သတိလေးနဲ့ နေထိုင်ပြောဆိုကျင့်ကြံဖို့ သင်ပြပြောဆိုတာ အတော်ခက်ပါတယ်။ ကိုယ်တွေလူကြီးတွေမှာတောင် သတိလေးကပ်ပြီးနေထိုင်တဲ့သူဆိုတာ ဘယ်နှစ်ယောက်ရှိကြလို့လဲနော်။ ခက်ခဲတဲ့အလုပ်တွေဆိုတာ မှန်ကန်စွာ နားလည်သဘောမပေါက်သေးတာရယ် ၊ အလေ့အကျင့်မရှိသေးတာရယ် ၊ မကျွမ်းကျင်သေးတာရယ်တွေနဲ့ ရောထွေးနေတာပါ။ တကယ်လို့များ သတိဆိုတဲ့ ဆိုလိုရင်းနက်ရှိုင်းမှုကို ကောင်းမွန်စွာ နားလည်သဘောပေါက်အောင် ရှင်းပြနိုင်ပြီး ကလေးငယ်ငယ်ကတည်းက အလေ့အကျင့် လုပ်ပေးထားမယ်ဆို ကြီးမှသတိကပ်ဖို့ ပြောနေရတာထက် ပိုကောင်းမယ်လို့ ကလေးကိုယ်ဝန်ရှိကတည်းက ကျွန်မတွေးမိတယ်။

သတိကပ်ဖို့ဆိုတာ ကိုယ်စိတ်တွေလွင့်ပြယ်မသွားဖို့ အာရုံစူးစိုက်နေရမှာဖြစ်တယ်။ ကလေးကို ဘာဖြစ်လို့ သတိကပ်ဖို့သင်မလဲ ၊ အပိုအလုပ်တွေလို့ ထင်ကောင်းထင်ကြမယ်။ တကယ်တော့ စိတ်တွေထွေပြားမနေဖို့ ၊ ကိုယ်ဘာလိုချင်တယ်ဆိုတာသိဖို့ ၊ ကိုယ်အကြိုက်ကိုယ် ကောင်းကောင်းသိဖို့ ဖြစ်တယ်။ ဒီလိုသိမှလည်း ကိုယ်ဖြစ်ချင်တာကိုယ်သိပြီး ကိုယ်ဖြစ်ချင်တာ ဖြစ်လာအောင် ၊ ကိုယ်ရောက်ချင်တဲ့ပန်းတိုင်ရောက်အောင် ဘယ်လိုပုံဖော်သွားရမလဲဆိုတာသိမယ်။

ကျွန်မ အထက်တန်းအရွယ်မှာ မှတ်သားဖူးတဲ့ စကားပုံတစ်ခုရှိတယ်။ ကိုယ့်သားသမီးကို တကယ်ချစ်ရင် ငါးဟင်းကို ဖွယ်ဖွယ်ရာရာ နေ့စဉ်ချက်ကျွေးမနေနဲ့။ ငါးဘယ်လိုဖမ်းရမလဲဆိုတာ သင်ပေးပါတဲ့။ ကိုယ့်ဘာသာ အနောက်တိုင်း စကားပုံစာအုပ်တွေထဲက ရှာဖတ်တာဆိုတော့ စကားပုံရဲ့ အနက်အဓိပ္ပါယ်ကို ရှင်းလင်းပြမယ့်သူအနားမှာမရှိဘူး။ ကျောင်းပြင်ပစာဆိုတော့ ဆရာမတွေကိုလည်း မမေးရဲဘူး။ ကျွန်မတို့ခေတ်တုန်းက အကုန်ကြောက်ရတဲ့ခေတ်ကိုး။ မိဘတွေကလည်း အင်္ဂလိပ်စာကို ကောင်းကောင်း မကျွမ်းကျင်ဘူး။ ဒီတော့ ကိုယ့်ဘာသာအဖြေရှာရတာ။

ဘာကြောင့် ငါးဟင်းချက်မကျွေးဘဲ ငါးဖမ်းသင်ပေးရမလဲ။ တကယ်တော့ ကိုယ့်သားသမီးကို ကိုယ်ဟာ ဘယ်အချိန်အထိ ချက်ပြုတ်ကျွေးမွေးနိုင်မလဲနော်။ ကိုယ်လည်း နာတဲ့နေ့ရှိလာဦးမယ် ၊ အမြင်မှုန်ဝါးပြီး အိုလာဦးမယ် ၊ ကိုယ်သေရင် သူ့ကို ဘယ်သူချက်ကျွေးမလဲ တွေးပူရင်းလည်း မသေသင့်ဘူး။

အရွယ်အရ အကြိုက်ပြောင်းလာတဲ့ ကိုယ့်သားသမီးက ကိုယ်တကူးတက ချက်ပြုတ်ကျွေးမွေးတဲ့ ငါးဟင်းမစားချင်ဘဲ ငါးကင်တို့ ၊ ငါးပေါင်းတို့ ၊ ငါးကြော်တို့ စသဖြင့် ငါးကိုပဲ အမျိုးအမည်ကွဲ ၊ အရသာကွဲလို့ စားချင်လာဦးမှာ။ ဒါကြောင့် သူ့ကိုသာ ငါးဖမ်းတာ သင်ပေးလိုက်မယ်ဆို သူ့ဘာသာ ဖမ်းလို့ရတဲ့ငါးကို သူ့အကြိုက်ချက်စားချင်စား ၊ ရောင်းစားချင်စား ၊ ဘာလုပ်လုပ် သူ့သဘောပေါ့။

ပိုပြီး အနက်အဓိပ္ပါယ်ကိုတွေးရမယ်ဆို ကိုယ့်သားသမီးကို တကယ်ချစ်ရင် အမြဲပိုးမွေးသလို တယုတယနဲ့ ဘာမှစိတ်မချဘဲ အစစအရာရာ ကိုယ်ကလိုက်လုပ်ပြီး ကိုယ့်စီမံမှုအောက်မှာပဲ အမြဲမထားသင့်ဘူး။ သူ့ဘာသာ သူ့အသိတရားနဲ့ မှန်ကန်စွာ တွေးခေါ်ဆုံးဖြတ်တတ်ပြီး ကိုယ့်ဘဝကို ကိုယ်ဘာသာ အကောင်းဆုံး ပုံဖော်ခွင့်ပေးသင့်တာ။ မှန်ကန်တဲ့ အသိတရားနဲ့ အတတ်ပညာကောင်းတွေကို ကိုယ်က သူလေ့လာသင်ယူခွင့်ရအောင် လုပ်ပေးရမယ်လို့ အဲဒီအထက်တန်းအရွယ်ကတည်းက ဒီစကားပုံလေးကနေတဆင့် ကျွန်မသဘောပေါက်လာခဲ့တယ်။

ဆက်ရမယ်ဆိုရင် ကိုယ်ရွေးချယ်ပေးတာထက် သူ့ဘာသာသိရှိပြီး သူ့ဘဝသူ အကောင်းဆုံး ရွေးချယ်လုပ်ကိုင်သွားနိုင်ဖို့ အသိတရားကို ဘယ်လိုပေးမလဲ။ ကိုယ်ဟာ သူမဟုတ်တော့ သူ့ကိုယ်သူထက် ကျွန်မတို့ပိုမသိနိုင်ဘူး။ ဒါကြောင့် သူ့ကိုယ်သူသိဖို့ကို ကျွန်မတို့ လေ့ကျင့်ပေးဖို့လိုတယ်။

ကျွန်မဆို သမီးကို လသားလေးကတည်းက လေ့ကျင့်ပေးခဲ့တာ။ သမီးလေးက အစားပုပ်ကလေးမို့ လေးလကျော် ငါးလမပြည့်ခင် အရွယ်ကတည်းက ဖြည့်စွက်အစာ စစားတယ်။ ရက်သတ္တပတ် သုံးပတ်လောက်ပဲ ခွံ့ကျွေးတယ်။ သွားလေးတစ်ချောင်း စပေါက်တဲ့ ငါးလကျော်လောက်မှာ ထမင်းနဲ့ သူစားမယ့် အရာတွေကို မညက်တညက်ကလေးချေပြီး သူ့ဘာသာသူ ကောက်စားတတ်အောင် လေ့ကျင့်ပေးခဲ့တယ်။ သူကြိုက်တာ သူကောက်စားမယ်။ ဝရင် သူ့ဘာသာသူအစားရပ်သွားတယ်။ ဒီလိုလေ့ကျင့်ပေးတဲ့အချိန်မှာ ဘယ်တုန်းကမှ တီဗွီတွေ ၊ ကာတွန်းတွေ ၊ သီချင်းတွေ ဖွင့်ထားတာမျိုးမလုပ်ခဲ့ဘူး။ သူ့စိတ်အာရုံမထွေပြားစေချင်လို့ ဒီလိုကျင့်ပေးခဲ့တာ။

ခြောက်လဝန်းကျင်အရွယ်မှာ အရုပ်ဆိုင်ခေါ်သွားပြီး သူ့စိတ်ကြိုက်အရုပ်ကို လက်ညှိုးထိုးရွေးစေခဲ့တယ်။ သုံးကြိမ်မေးလို့ ဒီအရုပ်တစ်ခုပဲ လက်ညှိုးထိုးခဲ့တယ်။ ဒါဆို ကျွန်မလေ့ကျင့်ပေးခဲ့တာ အောင်မြင်ခဲ့ပြီပေါ့။ ကလေးဟာ သူဘာလိုချင်တယ်ဆိုတာကို မပြောတတ်သေးပေမယ့် ကောင်းကောင်းသိနေပြီ။ မပြောင်းမလဲ လက်ညှိုးထိုးရွေးတတ်နေပြီ။

အဲဒီကစလို့ ဘာစားစား အာရုံစူးစိုက်စားတတ်အောင် ၊ ကစားစရာတွေဆိုလည်း အာရုံစူးစိုက်ပြီး ကစားရမယ့် ကလေးဥာဏ်ရည်မြှင့်တင်ပေးတဲ့ကစားစရာမျိုးကို ဦးစားပေးဝယ်ပေးတယ်။ သူနဲ့အတူဆော့ပေးတယ်။ လမ်းလျှောက်တတ်လာတော့လည်း ကိုယ်ဘယ်သွားပြီး ဘာလုပ်ချင်တယ်ဆိုတာ ကောင်းကောင်းသိနေပြီ။ ကျွန်မကလည်း စည်းကမ်းဆို ခဏခဏပြောင်းတာမျိုးမလုပ်ဘူး။ ကိုယ်တိုင်စံပြအဖြစ် ဦးတည်ချက်ဆိုတာကို ပြတ်ပြတ်သားသားထားပြီးလုပ်ပြတယ်။ ဒီလိုအကျင့်တွေကိုလည်း လေ့ကျင့်ပေးတယ်။

လေးနှစ်အရွယ်မှာ စန္ဒယား စပြီး သင်ယူစေတယ်။ ဦးနှောက်ဘယ်ဘက်ခြမ်းကော ၊ ညာဘက်ခြမ်းပါ တပြိုင်တည်း ကောင်းကောင်း ဖွံ့ဖြိုးစေချင်လို့ပါ။ အဲဒါတကယ်ကို ကောင်းတာပါ။ တတ်နိုင်တဲ့မိဘတွေက ကလေး လေးနှစ်ဆိုတဲ့အရွယ်မှာ ကလေးကို လက်နှစ်ဖက် အသုံးပြုပြီး သင်ယူရတဲ့ အနုပညာတူရိယာတခုခုကို သင်ယူခွင့်ပေးစေချင်တယ်။ အဲဒီမှာ ကလေးရဲ့ မှတ်ဥာဏ်စွမ်းအားနဲ့ အာရုံစူးစိုက်နိုင်မှု ၊ ကောင်းမွန်စွာနာခံပြီး ပြောတဲ့အတိုင်း လိုက်လုပ်နိုင်စွမ်းတွေဟာ သမီးလေး စန္ဒယားသင်နေတဲ့နောက်ပိုင်း အရမ်းကို ပိုတိုးတက်လာတာ တွေ့ရတယ်။

ကလေးငါးလလောက်ကတည်းက လေ့ကျင့်ပေးခဲ့တဲ့ အာရုံစူးစိုက်စေမှုဟာ ကလေးခြောက်နှစ်ဆိုတဲ့အရွယ်မှာ အရမ်းကို အုတ်မြစ်အခြေခိုင်မာခဲ့ပြီ။ အာရုံစူးစိုက်မှုကောင်းတော့ ကလေးတွေ ဘာအကျိုးကျေးဇူးရသလဲ။ အာရုံစူးစိုက်မှုအားကောင်းတော့ သင်လွယ် ၊ တတ်လွယ်တယ်။ အရိပ်ပြရင် အကောင်မြင်တယ်။ စရှင်းပြချိန်မှာတင် အဖြေကိုတွက်ချက်နိုင်တယ်။ ကလေးစာသင်တဲ့အရွယ်မှာ ကလေးဟာ အတန်းထဲ ထက်မြက်ပြီး တော်တဲ့ကျောင်းသားတစ်ယောက် ဖြစ်လာမယ်။

အာရုံစူးစိုက်မှုကောင်းကောင်းနဲ့ သင်ယူနေနိုင်တော့ သင်ယူနှုန်းဟာ သိပ်မြန်တယ်။ မှတ်ဥာဏ်အရမ်းကောင်းတယ်။ အာရုံစူးစိုက်မှုအားကောင်းဖို့ဆိုတာ စိတ်မပျံ့မှ ဖြစ်နိုင်တာမို့ ကလေးဟာ ဘာလုပ်လုပ် ဘာကိုင်ကိုင် သတိလေးရှိနေတယ်။ အရွယ်နဲ့မလိုက် တကယ်အံ့မခန်း သတိလေးကပ်နေတတ်တာမို့ ဒီလိုလေး သင်ပြပေးကြဖို့ ကျွန်မဝေမျှလိုက်တာပါ။

ကျွန်မဆို သိတတ်စကတည်းက ဒီအရွယ်အထိ အရမ်းမေ့တတ်တာ။ မှတ်မှတ်ရရ သမီးလေးတစ်နှစ်အရွယ်လောက်မှာ Poly ကျောင်းမှာ တူလေးကျောင်းကိစ္စ လိုက်လုပ်ပေးရင်း ကျွန်မရဲ့ လက်ကိုင်အိတ်ကြီး ဒီအတိုင်းမေ့ထားခဲ့မိတာ။ ကလေးက အနောက်ကနေ အမေ့ကို အော်ခေါ်နေတော့ ဟယ်ဘာလို့ ကလေးအနားမပါလဲ လှည့်ကြည့်မိမှ သူ့အရပ်တဝက်နီးပါးရှိတဲ့ ကျွန်မရဲ့အိတ်လေးလေးကြီးကို တရွတ်တိုက်ဆွဲလာတာ မြင်လိုက်ရတယ်။ အဲဒီအရွယ်ကတည်းက ကျွန်မရဲ့ အိတ်တို့ ၊ မေ့ကျန်တတ်တာတွေကို သူက သတိကြီးကြီးနဲ့ သတိပေးတတ်ခဲ့တာ။ ကောက်သယ်လာခဲ့တာတွေဟာ တကယ်အမှန်တရားပါ။ ဒါဟာ အသိလေးအမြဲကပ်နေအောင် လေ့ကျင့်ပေးခဲ့တာကြောင့်လို့ ကျွန်မယုံကြည့်တယ်။

အာရုံစူးစိုက်မှုမရှိရင် စိတ်တွေထွေပြားနေတတ်တယ်။ ခုခေတ်ပေါ် ဖုန်းတွေ ၊ iPad  တွေ စသဖြင့်ဟာ အာရုံစူးစိုက်မှုကို အားနည်းပြီး အဲဒီမှာပဲ တွယ်ကပ်နေစေတယ်။ ဒါကို လျှော့နိုင်ရင်ကောင်းမယ်။ ကလေး ပညာသင်ချိန်မှာ အာရုံထွေပြားတာတွေ ၊ အာရုံမစိုက်နိုင်တာတွေဟာ ကလေးပညာရေးမှာ အကြီးမားဆုံး ဟန့်တားမှုဖြစ်နေတတ်ပါတယ်။ ခေတ်ပေါ်ပစ္စည်းတွေဆိုတော့ လုံးဝဖြတ်ထားလို့တော့ မရဘူးပေါ့။ မိဘကိုယ်တိုင်က ဖုန်းလက်ကမချနိုင်ရင် ကလေးဆိုတာ ပိုဆိုးမှာပေါ့။

ငယ်ငယ်ကတည်းက  ဖုန်းတွေ ၊ iPad  တွေသုံးမယ့်အချိန်ကန့်သတ်ပါ။ ဆုပေး ၊ ဒဏ်ပေးဟာ ရိုက်နှက်တာမျိုးထက် ဒါလုပ်နိုင်ရင် နာရီဝက် တိုးကြည့်ခွင့်ပေးမယ် ၊ မလုပ်နိုင်ရင် နာရီဝက်လျှော့မယ်ဆိုတဲ့ တင်းကြပ်တဲ့ စည်းကမ်းလေးထားပါ။ ကျွန်မသမီးကို ကျောင်းစတက်တဲ့ လေးနှစ်အရွယ်ကနေ ခုထိ တနေ့ ၁နာရီပဲ သူနှစ်သက်ရာ ကာတွန်းကြည့်ခွင့်ပြုထားတယ်။

တနေ့တာမှာ အပြုအမူကောင်းကောင်းမပြုမူတာမျိုး ၊ သင်ယူမှုမှာ ကောင်းကောင်း မလုပ်တာမျိုး ၊ စည်းကမ်းဖောက်တာမျိုးတွေဆို နာရီဝက်လျှော့ပြီး ခက်ခဲတဲ့သင်ယူမှုတွေမှာ အာရုံစူးစိုက်မှုကောင်းကောင်းနဲ့ မြန်မြန်သင်ယူနိုင်ရင် ဆုချတဲ့အနေနဲ့ အဲဒီနေ့အတွက် နာရီဝက်တိုးကြည့်ခွင့်ပြုတယ်။ အဖေရော ၊ အမေပါညီရင် ကလေးဟာ စည်းကမ်းလိုက်နာတယ်။ တယောက်က စည်းကမ်းကြပ်ပြီး တစ်ယောက်က အလိုလိုက်နေတာမျိုးဆိုရင်တော့ စည်းကမ်းဖောက်ဖို့ဘက် များနေတာပါ။ ဒီကြားထဲ ကလေးအလိုလိုက်တဲ့သူတွေ အိမ်မှာ ရှိနေရင်တော့ ကိုယ်ထားတဲ့စည်းကမ်း ကိုယ်ပဲပြန်ရုပ်သိမ်းရမှာပေါ့။

ကျွန်မသမီးလေးကို ဒီနည်းတွေနနဲ့ အာရုံစူးစိုက်တတ်ဖို့ လေ့ကျင့်ပေးခဲ့တယ်။ အခုဆို အရမ်းဟုတ်နေပြီ။ ဘယ်လိုတော်တယ် ၊ ဘယ်လိုထူးချွန်တယ်ဆိုတာကို ကျွန်မက ဂုဏ်ဖော်မပြောတော့ပါဘူး။ ၇နှစ်ဆိုတဲ့ကလေးဟာ အများကြီးသင်ယူရဦးမှာမို့ ကျွန်မအပြော မစောလိုဘူး။ အာမခံနိုင်တာတခုကတော့ အာရုံစူးစိုက်မှု ကောင်းကောင်းလေ့ကျင့်ပေးထားတဲ့ကလေးဟာ ရွယ်တူကလေးတွေထက် သာလွန်ထူးချွန်နေမှာတော့ ကျွန်မရဲရဲကြီး အာမခံရဲပါတယ်။

စာဒီစာလေးဖတ်ပြီး အကျိုးရှိ ၊ မရှိဆိုတာ စာဖတ်သူရဲ့အမြင်ကို ကြားချင်မိတယ်။ ဖတ်သူတို့ရဲ့ ရင်သွေးငယ်တွေ ၊ တူ နဲ့ တူမတွေဟာလည်း အာရုံစူးစိုက်မှုအားကောင်းကောင်းနဲ့ အသင်မြန် ၊ အတတ်မြန် ၊ ထူးချွန်ပြီး မိမိရည်ရွယ်ရာ မိမိသိပြီး ဖြစ်အောင် ပုံဖော်လုပ်ကိုင်သွားနိုင်တဲ့ လူရည်ချွန်လေးများဖြစ်စေဖို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ နောင်ပို့စ်တွေမှာ ပြန်ဆုံကြမယ်နော်။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%9e%e1%80%bc%e1%80%94%e1%80%b9%e1%80%9e-2/feed/ 0
ကလေးများအား ဆုံးမသွန်သင်ခြင်း အပိုင်း(၁) http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%9e%e1%80%bc%e1%80%94%e1%80%b9%e1%80%9e%e1%80%84/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%9e%e1%80%bc%e1%80%94%e1%80%b9%e1%80%9e%e1%80%84/#respond Thu, 23 Apr 2020 13:32:40 +0000 http://www.burmesehearts.com/?p=75048

ကျွန်မ စာမရေးဖြစ်တာအတော်ကြာပြီ။ ၂၀၁၂ခုနှစ်မှာ ကျွန်မ စာစရေးဖြစ်ရခြင်းအကြောင်းက ကိုယ်ဝန်စောင့်ရှောက်နည်း ၊ မွေးဖွားချိန်ကြုံရမယ့်အခက်အခဲတွေ ၊ မွေးဖွားပြီးကြုံရမယ့် အခက်အခဲတွေ ၊ သားသမီးကို ဘယ်လိုပြုစုပျိုးထောင် ဆုံးမသွားမလဲ ၊ သားဆက်ခြားမယ့်အစီအစဉ်တွေ  စသဖြင့်ကို အွန်လိုင်းပေါ်မှာ မြန်မာဘာသာနဲ့ရေးထားတာ ရှာမရတဲ့အတွက် ကိုယ်ဖတ်မိမှတ်သားထားသလောက်တွေ သူများတွေရှာလို့ရစေချင်တဲ့ စေတနာနဲ့ စရေးဖြစ်ခဲ့တယ်။

နောက်ပိုင်းမှာ ကိုယ်ရေးထားတာတွေ စုံသလောက်များနေတာရော ၊ ကိုယ်လိုပဲ ရေးတဲ့သူတွေများလာတာရော ၊ အခြားဘက် အချိန်ပေးရမယ့် ကိစ္စ တွေ ရှိနေတာရောကြောင့် စာမရေးဖြစ်ခဲ့တာ အတော်ကြာခဲ့ပြီ။ အခုနောက်ပိုင်း ရေးချင်တာတွေကျတော့ ဖတ်မှတ်ခဲ့တာတွေကို ရေးတာမျိုးမဟုတ်ဘဲ ကိုယ်တွေ့တွေကို ရေးချင်လာတာ။

ဥပမာ – ကျွန်မရဲ့ သမီးလေးကို ဘယ်လိုဆုံးမသလဲဆိုတာကို အပေါ်ယံပြောပြတာမျိုးမဟုတ်ဘဲ ဒီလိုဆုံးမလို့ ဒီလိုပြောင်းလဲမှုတွေ ဖြစ်လာတယ်ဆိုတာကို ရေးချင်လာတာ။ ကိုယ်တိုင်အကျိုးရှိတာမို့ သူများတွေကိုလည်း အကျိုးရှိစေချင်တဲ့စေတနာ ဗရပွနဲ့  ကိုယ်နားချိန်လေးဖဲ့ စာရေးချင်လာတာ။

ဆေးပညာမှာ ဒီဆေးကို ဈေးကွက်ထဲ မချခင် အပြန်ပြန်အလှန်လှန်စမ်းသပ် ၊ အချိန်အတိုင်းအတာတခုအထိ စောင့်ကြည့်ပြီး စိတ်ချရတော့မှ အများသူငါသုံးဖို့ ဈေးကွက်ထဲဖြန့်သလိုမျိုး ကျွန်မ ဆုံးမသွန်သင်တဲ့ နည်းလမ်းတွေဟာ ရေရှည်မှာ ကလေးကို ဘယ်လို ကောင်ကျိုး ၊ ဆိုးကျိုး ဖြစ်စေသလဲဆိုတာ စောင့်ကြည့် မှတ်သားပြီးတော့မှ ခုလိုစာရေးဖြစ်ခဲ့တာပါ။

မိဘတိုင်းက သူ့နည်း သူ့ဟန်နဲ့ ကိုယ့်သားသမီးကို ဆုံးမသွန်သင်ကြပါတယ်။ ဘယ်လိုပဲ ဆုံးမရမယ်လို့ သွားကန့်သတ်လို့တော့ မရဘူးပေါ့။ ဒါပေမယ့် ဒီလိုလေး ဆုံးမရင် ဒီလို အကျိုးကျေးဇူးတွေ ရှိလာတယ်လို့ ဖတ်မိမှတ်သားဖြစ်ရင်တော့ ဆုံးမပုံ ဆုံးမနည်းတွေ ပြောင်းလာမယ်ထင်တယ်။ သားသမီးကို ကောင်းစေချင်တဲ့မိဘပဲရှိမယ်လို့ ကျွန်မယုံတယ်။

ကျွန်မဟာ ဗုဒ္ဒဘာသာဝင် အမျိုးသမီးမို့ ကျွန်မသမီးလေးဟာလည်း ဗုဒ္ဓဘာသာဝင်ပါ။ ဗုဒ္ဓဘာသာဝင်တွေမို့ ဗုဒ္ဓတရားတော်ကို အခြေခံပြီး ကျွန်မဆုံးမလေ့ရှိပါတယ်။ တကယ်လို့များ စာဖတ်သူဟာ ဘာသာကွဲတစ်ဦးဆိုလို့ရှိရင် ဆက်ဖတ်ဖြစ်လို့ မှတ်သားစရာ ၊ အသုံးဝင်မယ်ထင်တာတွေ ယူသုံးပါ။ ကိုယ့်ဘာသာနဲ့ မကိုက်ဘူးဆို ကျော်သွားပါ။ ကျွန်မကိုယ်တိုင်လည်း ဘာသာခြားတွေရဲ့ ကောင်းတဲ့ အမူအကျင့်တွေကိုယူပြီး ကိုယ်နဲ့မကိုက်ညီဘူးထင်ရင် ဘာမှအငြင်းပွားမနေဘဲ ဆိတ်ငြိမ်စွာ ကျော်ဖတ်သွားတယ်။ ကိုယ်ယုံကြည်ရာ ကိုယ်ကိုးကွယ်တာပဲနော့။

ကျွန်မသမီးလေး တစ်နှစ်အောက် အရွယ်ကတည်းက ကျွန်မတစ်ခုကို  ထပ်ခါထပ်ခါ ဆုံးမလေ့ရှိတယ်။ အဲဒါကတော့ ကိုယ်ချင်းစာတရား လက်ကိုင်ထားဖို့ပါ။ ကိုယ်ချင်းစာပါလို့ ဒီအတိုင်းပြောရင် ကလေးက ဘယ်နားလည်မလဲ။  ကောင်းစွာနားမလည်ရင် လိုက်နာမှာ မဟုတ်ဘူးနော်။ ဒီတော့ သူနားလည်မယ့်စကားလုံးတွေကို သုံးပြီး ပြောရတယ်။

တစ်နှစ်အောက်ကလေးကို ကျွန်မသင်တဲ့ ကိုယ်ချင်းစာတရားက (ကိုယ့်ကို ဒီလိုပြောရင်ကြိုက်လား ?  မကြိုက်ရင် သူများကို ဒီလိုမျိုးမပြောရဘူး။ ကိုယ့်ကို ဒီလိုလုပ်ရင်ကြိုက်လား ?  မကြိုက်ရင် သူများကိုလည်း မလုပ်ရဘူး။ ကိုယ့်ကို ချိုချိုပြောဆိုတာကြိုက်ရင် သူများကိုလည်း စကားချိုချိုပြော ၊ ကိုယ်ကြိုက်တဲ့ နူးညံ့ညင်သာတဲ့အပြုအမူ ၊ ကြင်နာတဲ့လုပ်ရပ်တွေကို သူများတွေကို ကိုယ်ကအရင် ပြုမူပြောဆိုပါ။) ဒါကို အခေါက်ခေါက်အခါခါ နေ့စဉ်လိုလို ကြုံတိုင်း သင်ပြဖြစ်တယ်။

ရလဒ်က ကျွန်မသမီးလေးဟာ ဘယ်တုန်းကမှ တခြားကလေးတွေကို ရိုက်ပုတ်တာ ၊ ကိုက်တာ ၊ တွန်းချတာ ၊ အနိုင်ကျင့်တာမျိုး မရှိခဲ့ဖူးဘူး။ ဒါပေမယ့် ဒီလိုကလေးတွေကို ကြုံဆုံလာတဲ့အခါမှာ သူတို့အနိုင်ကျင့်တာ ၊ ကိုယ်ချင်းမစာတာကို ကစားချိန်တွေ့တဲ့ခဏလေး ကြုံရရင် ဘာလို့ အဲဒီလို လုပ်တာလဲလို့ ပြန်မေးလေ့ရှိတယ်။

သမီးကို သူတို့လုပ်တဲ့အခါ သမီးကြိုက်လား။ မကြိုက်တော့ သူတို့နဲ့ ဆက်ကစားချင်သလား။ ကလေးက မကြိုက်ဘူး။ အဲလိုချည်း အနိုင်ကျင့်နေရင် ဆက်မကစားချင်ဘူးလို့ ပြောတော့ အဲဒါအဖြေပဲ။ ဒီလိုအနိုင်ကျင့်ပြုမူပြီး ကိုယ်ချင်းစာစိတ်မထားတဲ့ ကလေးတွေ ဒီအကျင့်ကြီးနဲ့ ကြီးလာရင် သူတို့မှာ အပေါင်းအသင်းကောင်းတွေ ရှားလာပြီး သူတို့ကို ကြောက်ရွံ့ရှောင်ကြဉ်သူတွေ များလာတတ်တယ်။ ဒီအကျင့်ကြီးနဲ့ ဆက်သွားမယ်ဆို လူဆိုး ၊ လူဆိုးမလေးတွေလို့ ကွယ်ရာမှာ ရွယ်တူနဲ့ အများက သမုတ်တာလည်း ခံရနိုင်တယ်။

လူဆိုးနဲ့ ပြိုင်ပြီး ရန်ဖြစ်ခံသတ်နေမယ်ဆို ကိုယ်တိုင်ကလည်း သူ့အမူအကျင့်တွေအတိုင်း တန်ပြန်လုပ်မိတာမို့ မကောင်းတာတွေ လုပ်ဖြစ်နေတတ်တယ်။

ဒီလူကိုယ့်အပေါ် မကောင်းဘူးဆိုတာသိရင် (ကိုယ်တိုင်လည်း အခါခါ မငိုချင်ဘူးဆိုရင်) ဒီလိုလူတွေကို ရှောင်ပေါင်းသင့်တယ်။ ဒါမှ ကိုယ်ဟာ မငိုရတော့မှာ။ မကောင်းတဲ့သူနဲ့ ပေါင်းနေသမျှ သူနဲ့ မကောင်းတာတွေ လုပ်ရင်လုပ် (ဒါမှမဟုတ်) သူလုပ်တာတွေကို စိတ်မချမ်းမသာနဲ့ အလုပ်ခံနေရမယ်လို့ပြောတယ်။ ဒါဟာ တစ်ခါပဲပြောဆိုဆုံးမတာမျိုးမဟုတ်ဘဲ ကြုံတိုင်း ပြောဆိုဆုံးမတာမျိုးမို့ အခါခါနားဝင်သွားတာပေါ့။

ရလဒ်က သမီးဟာ တခြားကလေးတွေနဲ့ ရန်ဖြစ်ကုတ်ဆွဲတာမျိုးတွေ ၊ စောင်မြောင်းပြောဆိုတာမျိုးတွေကို ရနှစ်ကျော်လာတဲ့ ယခုအချိန်အထိ မရှိတာပါပဲ။ ဆိုဆုံးမတယ်ဆိုတာ အော်ကြီးဟစ်ကျယ်ပြောတာမျိုး ၊ ဆဲရေးပြောတာမျိုးတွေမဟုတ်ပါဘူး။ နားဝင်အောင်နဲ့ တကယ်ကို ရိုးတွင်းချဉ်စီအထိ နားလည် သဘောပေါက် လက်ခံကျင့်သုံးသွားတဲ့အထိ ဆုံးမသွန်သင်ရတာပါ။

တကယ်နားလည်ရင် တကယ်ကျင့်တယ်။ မကျင့်သေးဘူးဆို ကိုယ်တိုင်က နားလည်အောင် မဆုံးမနိုင်သေးဘူးလို့ ကိုယ့်ကိုယ်ကို အရင်အပြစ်တင်ပါ။ 

ဒီလိုပုံစံမျိုးနဲ့ နားမလည်ရင် ဘယ်လိုပုံစံမျိုးနဲ့ ဘယ်လိုနားလည်အောင် ဆုံးမသွန်သင်မလဲဆိုတာလည်း ဥာဏ်ကြီးကြီးနဲ့ တွေးဆရမှာပါ။ ဆုံးမပုံမမှန်ရင် လမ်းလွဲသွားတတ်တယ်။ လမ်းလွဲတယ်ဆိုတာ သူ့မကြိုက်တဲ့နည်းနဲ့ ဆုံးမတတ်တဲ့ကိုယ့်ကို မကျေနပ်တဲ့ အငုံစိတ်နဲ့ ကိုယ်သွားစေချင်လို့ ဆုံးမတဲ့လမ်းကို သူကမသွားဘဲ ဆန့်ကျင်ဘက်လမ်းကို အရွဲ့တိုက်သွားတာမျိုးပါ။ အဲဒါ အန္တရာယ်ကြီးတယ်။ အဲဒီအငုံစိတ်ကြီးနဲ့ ကြီးပြင်းသွားရင် ခက်ပြီ။ ဆုံးမရခက်သလို မဖြစ်စေချင်တာချည်း သားသမီးမှာ ဖြစ်နေတတ်တော့ စိတ်အဆင်းရဲရဆုံးဟာ ကိုယ်ပဲဖြစ်နေမှာပါ။

ကိုယ့်သားသမီး ကိုယ့်စိတ်ကြိုက်ဆုံးမခွင့်ရှိတယ်ဆိုပေမယ့် ကိုယ်ဆုံးမနည်း မှန်မမှန်ကို ပြန်သုံးသပ်ဖို့ ကိုယ့်သားသမီးဟာ ကိုယ်ဆုံးမတဲ့အတိုင်း လိမ္မာရေးခြားရှိသလား။ ငယ်သေးတဲ့အရွယ် မိဘရှေ့ ကြောက်လို့သာ ရှေ့တင်လိမ်မာပြနေတာ ကွယ်ရင် ဆိုးသွမ်းနေတာမျိုးဆိုရင်တော့ ကိုယ်ဆုံးမနည်းမမှန်သေးဘူးလို့သာမှတ်ပါ။ ဒီအခါ တိုးပြီးရိုက်နှက်ဆဲဆိုဆုံးမတာထက် ဘယ်လို သူနားလည်အောင် ဆိုဆုံးမသွားမလဲဆိုတာ အစောဆုံး ပြင်ဆင်ဆုံးမနိုင်လေ ကလေးအတွက်ကောင်းလေပါ။

ဆုံးမစရာတွေအများကြီးထဲကမှ ဘာလို့ကိုယ်ချင်းစာစိတ်ကို ပထမဦးစားပေး ကျွန်မဆုံးမသလဲဆိုရင် လူ့ဘဝမှာ လူပီသစွာနေထိုင်သွားဖို့ဆိုတာ အရင်ဆုံးကိုယ်ချင်းစာစိတ်ကလေး လက်ကိုင်ထားပြီး နေထိုင်ပြောဆိုကျင့်သုံးသွားပါမှ မိမိကိုယ်အတွက်ကော အများအကျိုးအတွက်ပါ ကောင်းမယ်လို့ ကျွန်မယုံကြည်လို့ ဖြစ်ပါတယ်။

ကိုယ်ချင်းစာစိတ်တွေ မရှိသူတွေ များနေသမျှ ခိုးယူလုယက်တာ ၊ ညှဉ်းဆဲသတ်ဖြတ်တာ ၊ နိုင်ထက်ကလူပြုမူတာ ၊ အကျိုးယုတ်အောင် ပြုမူတာ၊ စစ်မက်ဖြစ်ပွားတာ စသဖြင့်သော အဆိုးတွေဟာ လူ့လောကကြီးမှာ ဖြစ်ပျက်နေဦးမှာပဲ။ ရက်စက်ကြမ်းကြုတ်သူတိုင်းဟာ ကိုယ်ချင်းစာစိတ်မရှိကြဘူးလို့ ကျွန်မပြောရင် မမှားလောက်ပါဘူးနော်။ ဒါကြောင့် ကိုယ်ချင်းစာစိတ်ကို ဗုဒ္ဓဘာသာရဲ့ ပထမဆုံးအခြေခံအုတ်မြစ်အဖြစ် ကျွန်မက လက်ကိုင်ထားတယ်။ ဒါကြောင့်လည်း သမီးလေးကို ဒါလေးက စသင်လိုက်တာပါ။

ကျွန်မသမီးလေးကို ဗုဒ္ဓဘာသာရဲ့ တရားတော်တွေကို အခြေခံလို့ ဘယ်လိုဆုံးမပြီး ယဉ်ကျေးလိမ်မာစေသလဲဆိုတာ ဝေမျှရင်း နောင်ပို့စ်တွေမှာ ပြန်တွေ့ကြတာပေါ့နော်။ ဒီစာလေးဖတ်ပြီး အကျိုးရှိ ၊ မရှိဆိုတာ စာဖတ်သူရဲ့အမြင်ကို ကြားချင်မိတယ်။ စာဖတ်သူတို့ရဲ့ ငယ်ရွယ်တဲ့ သားသမီး ၊ တူနဲ့တူမတွေဟာလည်း ကိုယ်ချင်းစာတရား ကိုယ်စီကိုယ်စီနဲ့ မိမိနှင့်တကွ လောကအကျိုးပြုနိုင်တဲ့ ကလေးငယ်များ ဖြစ်ကြဖို့ ဆုမွန်ကောင်းတောင်းရင်း …..

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%80%86%e1%80%b6%e1%80%af%e1%80%b8%e1%80%99%e1%80%9e%e1%80%bc%e1%80%94%e1%80%b9%e1%80%9e%e1%80%84/feed/ 0
COVID-19 မှ ပေးသောတရား http://www.burmesehearts.com/covid-19-%e1%80%99%e1%80%bd-%e1%80%b1%e1%80%95%e1%80%b8%e1%80%b1%e1%80%9e%e1%80%ac%e1%80%90%e1%80%9b%e1%80%ac%e1%80%b8/ http://www.burmesehearts.com/covid-19-%e1%80%99%e1%80%bd-%e1%80%b1%e1%80%95%e1%80%b8%e1%80%b1%e1%80%9e%e1%80%ac%e1%80%90%e1%80%9b%e1%80%ac%e1%80%b8/#respond Wed, 22 Apr 2020 14:27:21 +0000 http://www.burmesehearts.com/?p=75038

သေစကားပြောရင် မပြောကောင်းပြောကောင်းဆိုပြီး စကားပိတ်တတ်ကြတဲ့သူတွေ လူဆိုတာ မွေးလာပြီးတဲ့နောက် တနေ့သေရမယ်ဆိုတာ မေ့ထားကြတယ်။ အဲဒီတနေ့ဟာ ကိုယ့်ဆီရောက်ဖို့ အဝေးကြီးလိုသေးတယ်ဆိုပြီး ကျင်လည်ရာပတ်ဝန်းကျင်မှာ အခက်အခဲတွေကို ရုန်းကန်ရင်း ၊ လောဘ ၊ မောဟ ၊ ဒေါသတွေနဲ့ အသားကျရင်း အဲဒီသေခြင်းတရားကို ဇွတ်မေ့ထားကြတာ။

ဘုန်းတော်ကြီးတွေရဲ့ တရားကောင်းတွေနာလိုက်တဲ့အခါ အခိုက်အတန့်လေး တရားရသလိုလိုနဲ့ လမ်း (သို့မဟုတ်) အိမ်ရောက်တာနဲ့ မှတ်သားနာယူထားသမျှ ဖျော့တော့ မေ့ပျောက်နေရင်း ကိုယ့်ဘဝမှာ ကိုယ်လိုချင်တာတွေရဖို့ ကြိုးစားရင်း အချိန်တွေကုန်ကြတယ်။

COVID-19 ရုတ်တရက် ပေါ်လာတော့ တကမ္ဘာလုံးအတိုင်းအတာနဲ့ မအိုခင် နာကြ ၊ သေကြရတယ်နော်။ ငယ်သေးပေမယ့်လည်း ရောဂါဖြစ်တတ်တာပဲ။ လူငယ်လည်းဖြစ် ၊ လူလတ်လည်းဖြစ် ၊ လူကြီးလည်းဖြစ် ၊ အယုတ် ၊ အလတ် ၊ အမြတ်မရွေး ဖြစ်ကြတယ်နော်။ ဆင်းရဲသူဖြစ်ဖြစ် ၊ ချမ်းသာသူဖြစ်ဖြစ် ရောဂါမဖြစ်အောင် ငွေနဲ့လာဘ်ထိုးလို့မရဘူး။ အာဏာနဲ့ တားမြစ်လို့မရဘူး။ သတိတရားကပဲ ကူကယ်ရာရှိတယ်။ ဘာထိထိ ၊ ဘာကိုင်ကိုင် သတိထား လက်ဆေးဖို့ ၊ ဘယ်သွားသွား သတိထား နှာခေါင်းစည်းလေးတွေနဲ့ ကာကွယ်ထားဖို့ သြော် အခုမှ သတိဆိုတာ ပိုတယ်မရှိဘူးလို့ ပိုသိလာကြတယ်။ ဒါဟာ အမြတ်ပဲ။

ရုံးတွေ ၊ ကျောင်းတွေပိတ် ၊ ပြည်ပ ခရီးသွားလာခွင့်တွေပိတ် ၊ ပြည်တွင်းခရီးသွားလာခွင့်တွေ ကန့်သတ် ၊ ညမထွက်ရအမိန့်တွေ ၊ ဟိုသွားဒီလာ ကန့်သတ်အမိန့်တွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကိုတောင် မိသားစု မိတ်ဆွေအပေါင်းအသင်းတွေနဲ့ မပျော်ရဲတော့တဲ့အဖြစ် ။ ချောင်းလေးဟန့် ၊ နှာလေးချေ ၊ နေမကောင်းချင်သလို ဖြစ်တာနဲ့ မိမိအပါအဝင် ပတ်ဝန်းကျင်က သံသယမျက်လုံးတွေနဲ့ ကြည့်ကြမယ်။ ဒီ့ထက်ဆိုးလာရင် အပယ်ခံရတော့တယ်။

သံသယလူနာဖြစ်လာရင် မိမိချစ်တဲ့သူတွေကို ခွဲခွါပြီး နေထိုင်ကြရတယ်။ စိတ်ဓါတ်တွေကျကြတယ်။ မျက်ရည်တွေကျကြတယ်။ အပြန်လမ်းရှိပါ့မလားဆိုတဲ့ သံသယစိတ်နဲ့ ဝမ်းနည်းစိတ်တွေကို ပိုက်ပြီး စောင့်ကြည့်ကာလဆိုတာကြီးကို ကျော်ဖြတ်ကြရတယ်။ ဒါဟာ ချစ်တဲ့သူတွေနဲ့ ခဏတာ ခွဲခွါရခြင်း ၊ မခွဲချင်ဘဲ ရွေးချယ်ခွင့်မရှိ ခွဲခွါရတော့တယ်။ ဘာသာမရွေး ၊ လူမျိုးမရွေး ဒီကပ်ကြီးကို ရင်ဆိုင်ကြရတယ်။ ဘယ်အချိန်ပြီးဆုံးမယ်မသိတဲ့ ဒီကပ်ကြီးထဲ စိုးရိမ်စိတ်တွေ ၊ ကြောက်ရွံ့စိတ်တွေနဲ့ တနေ့တနေ့ ကျော်ဖြတ်ကြရတယ်။

ကျွန်မကတော့ ဒီလိုအချိန်တွေကို တန်ဖိုးရှိတဲ့အချိန်တွေလို့ သုံးနှုန်းရင် ကျွန်မကို ဂေါက်သွားပြီလား ထင်ကြမယ်။ အပြင်ထွက်ခွင့်မရတော့ မိသားစုရှိတဲ့သူတွေက ကိုယ့်မိသားစုကို ပိုအချိန်ပေးလို့ရတယ်။ အိမ်ကအလုပ်ဆင်းရသူတွေက နေအိမ်မှာပဲ အလုပ်လုပ်ရတာမို့ အလုပ်သွားချိန် ၊ အလုပ်ပြန်ချိန်တွေ အပိုထွက်လာတယ်။ ဒီအချိန်လေးတွေမှာ ကိုယ့်မိသားစုနဲ့ စကားစမြည်ပြောတာ ၊ ပျော်ရွှင်စွာစနောက်ရင်း နေထိုင်ခွင့်တွေရှိလာတယ်။ အိမ်ရှင်မတွေဆို ဒီလိုပိုထွက်လာတဲ့ အချိန်တွေမှာ မိသားစုအတွက် စားကောင်းဖွယ်ရာတွေ ချက်ပြုတ်ကျွေးဖို့အချိန်ဆိုတာရယ် ၊ သားသမီးကို ပုံပြင်ပြောပြရင်း သူတို့ပြောချင်တာတွေ နားထောင်ပေးဖို့ အချိန်ထွက်လာတယ်။

သက်ကြီးရွယ်အိုမိဘ အိမ်မှာရှိတဲ့သူတွေဆိုရင် အပြင်လည်ပတ်ခွင့်တွေ ပိတ်ထားတော့ ဒီအချိန်တွေမှာ အိမ်က မိအိုဖအိုကို ပိုအချိန်ပေးလို့ရတယ်။ ဇနီးအိမ်မှာ ဘာတွေလုပ်ရင်း အချိန်ကုန်သွားတယ်ဆိုတာ အိမ်မှာအလုပ်လုပ်နေတဲ့ ခင်ပွန်းက မျက်မြင်တွေ့ရှိပြီး ဇနီးအိမ်ကိစ္စ ၊ သားသမီးတာဝန်တွေနဲ့ အနားမရတာ ပိုနားလည်လာမယ်။ ခင်ပွန်းရဲ့အလုပ်တာဝန် ဘယ်လိုလုပ်ကိုင်ရတယ်ဆိုတာလည်း ဇနီးနဲ့ သားသမီးတွေ မျက်မြင်တွေ့ခွင့်ရှိမယ်။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် နားလည်မှုတွေ ၊ ဖေးမမှုတွေ ၊ ချစ်ခင်မှုတွေ တိုးလာဖို့ အခွင့်အရေးကောင်းလို့ ကျွန်မမြင်တယ်။

ဒီကပ်ရောဂါကြီးမတိုင်ခင်က အပြင်မှာပဲ အလုပ်ရှုပ်နေကြတော့ အနီးကပ်ရှိနေသူတွေကို ဂရုစိုက်ဖို့ အချိန်သိပ်မရှိဘူး။ ရှိတဲ့အချိန်လေးမှာ ဂရုစိုက်နိုင်မယ့် စိတ်ခွန်အားတွေက အလုပ်ကစိတ်ဖိစီးမှုတွေနဲ့ ပျောက်နေတာများတယ်။ ခုတော့ ကိုယ့်အနားရှိနေတဲ့သူတွေကို ပိုသတိထားမိလာတဲ့အချိန်မျိုးမို့ ကိုယ့်အနားရှိနေသူတွေဟာ ကိုယ့်ဘဝအတွက် တကယ်အရေးပါတဲ့သူတွေလို့ သဘောပေါက်ပြီး သူတို့ကို ပိုလို့ အချိန်ပေးဖြစ်တာ ၊ မေတ္တာပေးဖြစ်တာ ၊ နားလည်ဖေးမမှု ၊ နွေးထွေးမှုတွေပေးဖြစ်တာ ဘယ်လောက်တန်ဖိုးရှိလိုက်တဲ့အချိန်တွေလဲ။ ရောဂါမဖြစ်သေးခင် ဒီလိုအချိန်လေးပဲ ဒီလိုအခွင့်အရေး လက်ဝယ်ရရှိထားတာ။ သံသယနဲ့ စောင့်ကြည့်လူနာဖြစ်ပြီဆိုရင် ရက်ပိုင်း ၊ လပိုင်းလောက် အနည်းလေးခွဲရတော့မှာလေ။

ဒီလိုအချိန်မျိုးမှာ ကိုယ်ဖတ်ချင်တဲ့ စာအုပ်ကောင်းတွေ ဖတ်ဖို့အချိန်ထွက်လာတယ်။ ကိုယ်လေ့လာချင်တာတွေကို အွန်လိုင်းကနေတဆင့် လေ့လာခွင့်ရတဲ့ အချိန်တွေလည်း ပိုထွက်လာမယ်။ ကျန်းမာရေးဆိုတာ လူ့ဘဝမှာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ဒီကပ်ရောဂါက မီးမောင်းထိုးပြနေတာမို့ လူ့ဘဝဟာ ကျန်းမာအသက်ရှင်နေတုန်းသာ ကိုယ်လုပ်ချင်တာတွေ လုပ်ဖို့အခွင့်အရေးရထားတယ်ဆိုတာ ပိုသိလာတယ်။

ဒီလိုကာလမှာ အရာရာကို မကျေမနပ်ဖြစ်ပြီး ဖြစ်လာတဲ့အခြေအနေတွေနဲ့ လူတွေအပေါ် အပြစ်တင်နေမယ့်အစား လောဘ ၊ ဒေါသ ၊ မောဟ နည်းနိုင်သမျှ နည်းနည်းနဲ့ ကိုယ့်အနားရှိတဲ့သူတွေကို ရတဲ့အချိန်နဲ့ အခွင့်အရေးတွေကို ကောင်းကောင်း အသုံးချလို့ ဘဝမှာ အချိန်တွေကို တန်ဖိုးရှိရှိ အသုံးချသွားမယ်ဆိုရင် ဘယ်လိုအခြေအနေမျိုးကြုံကြုံ နောင်တကင်းကင်းနဲ့ ရင်ဆိုင်သွားနိုင်မှာပါ။ အားလုံးကျန်းမာလို့ စိတ်ချမ်းသာ ပျော်ရွှင်စွာနဲ့ ဒီရောဂါကပ်ဆိုးကြီးကို ကျော်လွှားနိုင်ကြဖို့ ဆုမွန်ကောင်းတောင်းရင်း …..

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/covid-19-%e1%80%99%e1%80%bd-%e1%80%b1%e1%80%95%e1%80%b8%e1%80%b1%e1%80%9e%e1%80%ac%e1%80%90%e1%80%9b%e1%80%ac%e1%80%b8/feed/ 0
ဖယောင်းတိုင်ဟူသည် http://www.burmesehearts.com/%e1%80%96%e1%80%b1%e1%80%9a%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%9f%e1%80%b0%e1%80%9e%e1%80%8a%e1%80%b9/ http://www.burmesehearts.com/%e1%80%96%e1%80%b1%e1%80%9a%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%9f%e1%80%b0%e1%80%9e%e1%80%8a%e1%80%b9/#respond Wed, 22 Apr 2020 13:16:20 +0000 http://www.burmesehearts.com/?p=75034

ဖယောင်းတိုင်ဆိုတာ မီးအလင်းများများပေးနိုင်လေ …. သူ့တာဝန်သူကျေလေပါ။

မီးကတိုက်စားသွားလို့ကျလာတဲ့ ဖယောင်းရည်တွေဟာ သူ့ရဲ့ပီတိမျက်ရည်တွေပါ။

မီးစာကုန်တဲ့အထိ အစွမ်းကုန် အလင်းပေးနိုင်ဖို့ သူရပ်တည်သွားမှာပါ။

ဖယောင်းတတိုင်ဟာ တာဝန်ကျေလွန်းတဲ့ မိဘနှစ်ဦးနဲ့ ခေါင်းဆောင်ကောင်းတွေကို ကိုယ်စားပြုနေတာဆိုရင် …..

ထိုသူတစ်ဦးချင်းစီတိုင်းကို ဦးညွတ်ရင်း ၎င်းတို့ကိုယ်တိုင်လည်း ကျန်းမာပျော်ရွှင်စေဖို့ အစဉ်အမြဲဆုတောင်းပေးလျက် …

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%96%e1%80%b1%e1%80%9a%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%9f%e1%80%b0%e1%80%9e%e1%80%8a%e1%80%b9/feed/ 0
တသက်တာဒေါင်ဒေါင်မြည်နေဖို့ ကလေးပိစိအရွယ်ကစ ဂရုစိုက်ကြစို့ http://www.burmesehearts.com/%e1%80%90%e1%80%9e%e1%80%80%e1%80%b9%e1%80%90%e1%80%ac%e1%80%b1%e1%80%92%e1%80%ab%e1%80%84%e1%80%b9%e1%80%b1%e1%80%92%e1%80%ab%e1%80%84%e1%80%b9%e1%80%bb%e1%80%99%e1%80%8a%e1%80%b9%e1%80%b1%e1%80%94/ http://www.burmesehearts.com/%e1%80%90%e1%80%9e%e1%80%80%e1%80%b9%e1%80%90%e1%80%ac%e1%80%b1%e1%80%92%e1%80%ab%e1%80%84%e1%80%b9%e1%80%b1%e1%80%92%e1%80%ab%e1%80%84%e1%80%b9%e1%80%bb%e1%80%99%e1%80%8a%e1%80%b9%e1%80%b1%e1%80%94/#respond Wed, 19 Jun 2019 21:18:14 +0000 http://www.burmesehearts.com/?p=74842

ကျွန်မ ကျန်းမာရေးမကောင်းတာကော ၊ အလုပ်တွေပိနေတာကော ၊ ရတဲ့အချိန်တိုင်း ကလေးပညာရေး ၊ ကျန်းမာရေး ၊ မိသားစုသာရေးနာရေးတွေကြောင့် စာမရေးဖြစ်တာ အတော်ကြာပြီး အဆက်ပြတ်နေသလိုရှိပေမယ့် တကယ့်ကို အကျိုးရှိမယ့် ခေါင်းစဉ်လေးတွေ ခေါင်းထဲပေါ်လာတိုင်း ချရေးထားဖြစ်တယ်။ ဒီခေါင်းစဉ်အောက်မှာတော့ ကလေးမိဘတွေအတွက် ၊ ကလေးတွေ နောင်ရေးအတွက် ဒီပို့စ်လေး ရေးတင်မှဖြစ်မယ်ရယ်လို့ဆုံးဖြတ်ပြီး ကိုယ့်အိပ်ချိန်ဖဲ့လို့ အတွေးပေါ်လာတဲ့ မနက် ၂နာရီမှာ ဒီပို့စ်လေး ကောက်ရေးတင်ဖြစ်တာပါ။

ကျွန်မဟာ ငယ်စဉ်ကတည်းက ကျန်းမာရေးချူချာသူတစ်ဦးလို့ စပ်မိစပ်ရာ အရင်ပို့စ်တွေမှာ တပိုင်းတစကျွန်မရေးဖြစ်ခဲ့ပေမယ့် ဘာကြောင့် ဒီလိုမကျန်းမာရသလဲဆိုတဲ့အကြောင်းတော့ မရေးတင်ဖြစ်ခဲ့ဘူး။ ဒေါင်ဒေါင်မြည် ကျန်းမာရေးကို ငယ်စဉ်ကတည်းက မရခဲ့တဲ့ ကျွန်မကိုယ်တိုင်လည်း ဒီလိုဖြစ်နေခြင်းအပေါ် စိတ်ဆင်းရဲမှုပုံထားတာမျိုးမရှိဘူး။ မကျန်းမာတဲ့ကိုယ်ရထားတော့ ကျန်းမာမယ့် နေထိုင်စားသောက်ခြင်းတွေကို ဦးစားပေးရင်း နာခြင်း ၊ သေခြင်းဆိုတာကို မကျန်းမာတိုင်း နှလုံးသွင်းဖြစ်နေတာကပဲ ကောင်းချီးတခုလို အကောင်းဘက်ကတွေးရင်း နေလာခဲ့တာ လူ့သက်တမ်းတဝက်တောင်ကျော်လာခဲ့ပေါ့နော်။

ကျွန်မသမီးလေးရလာတော့ ကျွန်မလို မကျန်းမာတဲ့ကိုယ်နဲ့ မဖြစ်နေစေချင်ဘူး။ ဗုဒ္ဓဘာသာဝင်ဆိုတော့ သူ့ကံပေးသလောက်ပဲ ရမှာပေါ့လို့တွေးပြီး မသွားချင်ဘူး။ အသက်ကိုဥာဏ်စောင့်တယ်ဆိုတာ တကယ်မှန်တယ်။ ဒါပေမယ့် ကိုယ်တိုင် ဥာဏ်စောင့်ဆင်ခြင်လို့ မရနိုင်သေးတဲ့ မွေးကင်းစကလေးအရွယ်ကနေ ကောင်းကောင်း သိတတ်တဲ့ကလေးအရွယ်တွေကို စောင့်ရှောက်တဲ့ လူကြီးမိဘတွေ ဥာဏ်ကြီးပါမှ ဒီကလေးဟာ ဒေါင်ဒေါင်မြည် ကျန်းမာရေးရဖို့ ကံကြီးတယ်လို့ ကျွန်မဆိုချင်ပါတယ်။

ကျွန်မအမေက အစိုးရဝန်ထမ်းမို့ အဲဒီခေတ်က မွေးပြီးတစ်လဆို ရုံးပြန်တက်ရတယ်ဆိုလား အမေပြောဖူးတယ်။ ဒါပေမယ့် အမေရုံးပြန်တက်တဲ့ အချိန်မှာ လသားသာသာအရွယ် ကျွန်မ အဆုတ်ထဲရေဝင်လို့ ဆေးရုံမယ် အတော် ကုလိုက်ရတယ်ဆိုလား အမေပြောတာ ကျွန်မ မှတ်မိနေတယ်။ ဘယ်ကစသလဲ ကျွန်မ မသိနိုင်ပေမယ့် အဲဒီကစတယ်လို့ပဲ ကျွန်မထင်တယ်။ ကျွန်မဟာ အဆုတ်မကောင်းဘူး။ နံရံဆေးသုတ်ထားတဲ့အနံ့ရတာနဲ့ ကျွန်မချောင်းဆိုးဖျားသလို ရာသီဥတုအပူချိန် ရုတ်တရက်ပြောင်းတိုင်းလည်း ကျွန်မဖျားတယ်။ ဖျားတိုင်းလည်း ချောင်းအတော်ပြင်းပြင်းဆိုးတယ်။ ချောင်းအရမ်းဆိုးရင် ဘယ်လောက် မောဟိုက်ခံရခက်တယ်ဆိုတာ အဲဒီဒဏ်ကို ခပ်ပြင်းပြင်းခံစားဖူးသူမှသိမယ်။ ကျွန်မကတော့ အမြဲလို အဲဒီဒဏ်ကို ဖျားတိုင်းခံစားရသလို အဖျားကလည်း အကြောင်းရှာဝင်မယ်ဆိုတာချည်းပဲ။ ဒီလိုနဲ့ အနည်းဆုံးတလတစ်ကြိမ်ဖျား ၊ တခါဖျားတိုင်း တပတ်ကနေ နှစ်ပတ်အထိ နလန်မထူတဲ့ကျွန်မ ဒီပို့စ်ရေးဖို့ ဆုံးဖြတ်လိုက်တာပါ။

ကျွန်မလသားအရွယ် အမေရုံးပြန်တက်တော့ ကျွန်မကို အသက်(၂၀)အရွယ်သာသာ မိန်းမပျို အကူမိန်းကလေးတွေနဲ့ အမေကထားခဲ့တာပါ။ အပျိုငယ်ငယ်လေးတွေဆိုတော့ ကလေးကို ဘယ်လိုသေသေချာချာ ဂရုစိုက် စောင့်ရှောက်ရမယ် ၊ ကလေးကျန်းမာရေးကို ဘယ်လိုအရေးထားရမယ်လို့ မသိခဲ့နိုင်ဘူး။ မြေဇာပင်ကျွန်မ ဆေးရုံရောက်ပြီး ကျန်းမာရေးမကောင်းဖို့ ကံပါလာခဲ့တော့ ဒီဒဏ်ကို ဒီအချိန်ထိခံရတုန်းပဲ။ မသေမချင်း ဒီဒဏ်ခံသွားရမယ်ဆိုတာလည်း သိနေတော့ ဒီလို လသားကလေးအရွယ် ကျန်းမာရေးစောင့်ရှောက်မှုကနေ ကလေးတွေကို မှန်ကန်တဲ့ ကျန်းမာရေးအသိပေးဖို့ အရမ်းအရေးကြီးတယ်ဆိုတာ ကျွန်မ ကိုယ်ဝန်ဆောင်မှ ပိုသိလာတယ်။

ဒီအသိမျိုးပေးတဲ့သူ ကျွန်မဘဝထဲမှာ မကြုံခဲ့ရဘူး။ ဒီအသိကိုတောင် Google မှာ မွေးကင်းစကလေး ဘယ်လို ကျန်းမာရေးပြုစုစောင့်ရှောက်ဖို့ ၊ အရွယ်မမယ်သေးတဲ့ ကလေးတွေကို ဘယ်လို ကျန်းမာရေးစောင့်ရှောက်ဖို့ဆိုတာ ကိုယ်ဝန်ဆောင်မှ ကိုယ့်ဘာသာရှာရှင်း သိလာခဲ့တာမျိုးပါ။ အဲဒီတော့မှ ပိုသိလာတာက လူမမယ်လေးတွေကို ကောင်းကောင်းစောင့်ရှောက်ရုံနဲ့မပြီးသေးဘူး။ အရွယ်ရလာတဲ့ ကလေးငယ်တွေ ၊ ဆယ်ကျော်သက်တွေကိုလည်း မှန်ကန်တဲ့ ကျန်းမာရေးအသိကို နားဝင်အောင် တကယ်သိနားလည်တဲ့အထိ ပြောဖို့ဆိုတာလည်း တကယ်အရေးကြီးမှန်းသိလာတယ်။ ဖြစ်နိုင်ရင် ကျောင်းတွေမှာ အခြေခံဘာသာရပ်အဖြစ် သင်ပေးနိုင်ရင် ပိုတောင်ကောင်းဦးမယ်။

ငယ်ငယ်ကတည်းက အဖျားတွေ အဖော်ပြုပြီး လူမမာငယ်လေးတစ်ယောက်လို ကြီးလာခဲ့ရတဲ့ကျွန်မ အိမ်မှာပဲ အနေများခဲ့တဲ့ကျွန်မ ဆေးလိပ်ငွေ့တွေကို  မနက်ကနေ ညအထိ ရှူရလေ့ရှိတယ်။ အိမ်မှာရှိတဲ့ အမျိုးသားတိုင်းက ဆေးပေါလိပ် လက်ကမချတဲ့သူတွေဆိုတော့ အိမ်ရဲ့ဘယ်နေရာကိုသွားသွား အဲဒီအငွေ့တွေ အမြဲလို ရှူနေရတာကလည်း။ ကျွန်မအဆုတ်မကောင်းရတဲ့ အကြောင်းရင်းတွေထဲကတချက်ပေပဲ။ ဆေးလိပ်နံ့ဆိုတာကို တကယ့်ကို ရှားရှားပါးပါး ရံဖန်ရံခါမှသာ အခန့်မသင့်ရှူရတဲ့  စင်္ကာပူလိုနိုင်ငံမှာ ၊ ဆေးလိပ်မသောက်တဲ့ မိသားစုအသိုင်းအဝန်းမှာ သမီးလေးကြီးပြင်းခွင့်ရတာ ကလေးကံကောင်းတာပေါ့။ ဆေးလိပ်ငွေ့တွေဟာ အဆုတ်ကို အတော် ထိခိုက်တယ်ဆိုတာ ကျွန်မချဲ့မပြောတော့ဘူး။

နောက်တခုက ခြင်ဆေးငွေ့ ကျွန်မ မသိတတ်တဲ့အရွယ်ကနေ အခုအချိန်အထိ မြန်မာပြည်မှာ ခြင်ဆေးခွေတွေကို အသုံးပြုတာ မြင်တွေ့တယ်။ ခြင်ဆေးခွေအငွေ့ဟာ အဆုတ်ကို ဘယ်လိုထိခိုက်တယ်။ ကျန်းမာရေးထိခိုက်တဲ့အထိ မဖြစ်အောင် ဘယ်လိုသုံးရမယ်လို့ ကျွန်မမြန်မာနိုင်ငံက ထွက်လာတဲ့ အသက်၂၆နှစ်အရွယ်အထိ တကယ်မသိခဲ့ဘူး။ သိအောင်ပြောပြမယ့်သူ ကျွန်မအသိုင်းအဝိုင်းမှာ မရှိခဲ့ဘူး။

မြန်မာနိုင်ငံမှာ ခြင်ပေါတယ်။ ခြင်လုံဇကာနဲ့ နေနိုင်သူတွေတောင် ခြင်တွေကို အိမ်ရဲ့ဟိုထောင့်ဒီထောင့်မှာ တွေ့နိုင်သေးတယ်။ ကျွန်မတို့မိသားစုက ခြင်လုံဇကာနဲ့ နေနိုင်တဲ့ အသိုင်းအဝန်းက မဟုတ်ခဲ့ဘူး။ အိမ်အနောက်ဘက်မှာ မြောင်းပိတ်တတ်တဲ့ ရပ်ကွက်နေမိသားစုမျိုးဆိုတော့ နွေ ၊ မိုး ၊ ဆောင်း ခြင်ဒဏ်ခံရလေ့ရှိတယ်။ ညနေစောင်း ကနေ ညခြင်ထောင်ထဲဝင်မှ ခြင်ဆေးခွေကို ငြိမ်းလေ့ရှိတယ်။ တခါတလေ နေ့ဘက်တောင် ခြင်ဒဏ်မခံနိုင်လွန်းလို့ ခြင်ဆေးခွေ ထွန်းရတော့ ဒီခြင်ဆေးငွေ့တွေကိုလည်း နိစ္စဒူဝ ရှူနေရတော့ ကျွန်မရဲ့အဆုတ်ဟာ ဘယ်လာကောင်းနိုင်ပါတော့မလဲ။

ခြင်ဆေးငွေ့ရဲ့ဆိုးကျိုးကို မသိဘဲ ခြင်ဆေးငွေ့ရှိရင် ခြင်မလာဘူးဆိုတဲ့အသိဘဲရှိခဲ့တော့ အထက်တန်းကနေ တက္ကသိုလ်အောင်တဲ့အထိ ကိုယ်စာကျက်တိုင်း ခြင်ဒဏ်ဝေးဖို့ ခြင်ဆေးခွေ ဟိုဘက် ၊ ဒီဘက် လှိုင်လှိုင်ထွန်းခဲ့မိတာကို အရမ်းကို နောက်ကျမှ နောင်တရမိတယ်။ ခြင်နည်းတဲ့ ပတ်ဝန်းကျင်မှာ သမီးလေး ရှင်သန်ကြီးပြင်းခွင့်ရတာကိုလည်း ခုချိန်မှာ ကျွန်မကျေးဇူးတင်မိတယ်။ ဒါဟာ လူနေမှုအဆင့်အတန်း ကွာဟမှုတွေရဲ့ ကြီးမားတဲ့ ကောင်းကျိုး ဆိုးကျိုးတွေလို့ ကျွန်မပြောရင် လွန်လေမလား။

ရွံတဲ့အကောင်ငယ်လေးတွေထဲမှာ ပိုးဟပ်ထိပ်ဆုံးကပါတယ်။ ကျွန်မတို့အိမ်မှာ အတွေ့များတာကလည်း ပိုးဟပ်ပဲ။ အထက်တန်းအရွယ်ကနေစလို့ ပိုးဟပ်ဖြန်းတဲ့ spray တွေကို ကျွန်မ လှိုင်လှိုင်ဖြန်းမှ ပိုးဟပ်ရန်က ဝေးမယ်လို့ ကျွန်မထင်ပြီး တကယ့်ကို လှိုင်လှိုင်ဖြန်းခဲ့တာ။ ဒီ spray ရဲ့ ကျန်းမာရေး ဘေးထွက်ဆိုးကျိုးကို ကျွန်မ မသိခဲ့ဘူး။ သိအောင် ပြောပြမယ့်သူမရှိခဲ့သလို ကျွန်မဒီလို ဖြန်းတာကိုလည်း တားမယ့်သူမရှိခဲ့ဘူး။ ဒါကလည်း ကျွန်မအဆုတ် မကောင်းတဲ့ အကြောင်းတခုပေပဲ။ ဒီ spray နံ့တွေကို ဆယ်စုနှစ်ကျော်ကျော် အမြဲရှူခဲ့တာကိုး။

အခုလို ကျွန်မ ကျန်းမာရေးအသိတွေရှိလာတော့ ဒါတွေဟာ မကောင်းဘူးလို့ ကျွန်မ အသိပေးချင်လာတယ်။ ခြင်မပေါတဲ့အရပ်မှာ ၊ ပိုးဟပ်ရှားတဲ့ ပတ်ဝန်းကျင်မှာ ရောက်နေလို့ ဒီလိုပြောလို့ ရတာပါ။ ခြင်ပေါတဲ့အရပ်မှာ ပိုးဟပ်တွေ အဖော်လုပ်နေရတဲ့ ပတ်ဝန်းကျင်မှာ လက်ရှိ ကျွန်မရှိနေဦးမယ်ဆို ဒီအကောင်တွေရန်ကလွတ်အောင် ဘယ်လိုနေထိုင်ပြီး ၊ ဘာတွေသုံးပြီး ကိုယ့်ကျန်းမာရေး မထိခိုက်အောင် ဘယ်လို ကာကွယ်စောင့်ရှောက်သွားရမယ်ဆိုတာတော့ လက်တွေ့မှာ တကယ်ခက်နေမှာလည်း သိတယ်။

ဒါကြောင့် လူနေမှု အဆင့်အတန်းနိမ့်တဲ့ နိုင်ငံတွေဟာ ကျန်းမာရေး ၊ ပညာရေး ချို့ယွင်းမှုရှိတယ်။ ဒါတွေဟာ တကယ်ကို ဆက်စပ်နေတယ်လို့ ခုကျွန်မကောင်းကောင်း သိနေပြီ။ ကျန်းမာရေးအသိပေးဖို့ ချို့ယွင်းလစ်ဟာနေတာတွေ ၊ လူနေမှုအဆင့်အတန်းနိမ့်တဲ့ ပတ်ဝန်းကျင် ကျယ်ပြန့်နေတာတွေဟာ လူ့အသက်တိုဖို့ ၊ ရောဂါတွေ ပေါများဖို့ ဖြစ်နေတယ်ဆိုတာလည်း မှန်တယ်။ လူဆိုတာ ပတ်ဝန်းကျင်နဲ့နေတာမို့ တစ်ဦးတည်း ကောင်းနေလို့ မရဘူးလေ။ ပတ်ဝန်းကျင်တခုလုံး ညီညီညာညာကောင်းပြီး တိကျတဲ့ စည်းကမ်းတွေ ၊ အပြစ်ပေးမှုတွေ ၊ လိုက်နာမှုတွေ ဟန်ချက်ညီညီရှိနေပါမှ ဒီပတ်ဝန်းကျင်တခုလုံးက ကောင်းနိုင်မှာပါ။

မြောင်းတွေပိတ်လို့ မြောင်းလာမရှင်းတဲ့ စည်ပင်ကို အပြစ်ရှာပြောနေမယ့်အစား ဒီမြောင်းတွေမပိတ်အောင် အမှိုက်တွေ မချကြဖို့ လူတစ်ဦးချင်းစီက လိုက်နာမယ်ဆို ပိတ်ဆို့တဲ့မြောင်းတွေ နည်းလာမယ် ၊ မိုးရွာတိုင်း ရေလျှံတာတွေ နည်းလာမယ်။ ဒါဟာ ပတ်ဝန်းကျင်တခုလုံးကောင်းဖို့အတွက်ပဲ။ ရေမြောင်းတွေမပိတ်ရင် ၊ ခြင်ပေါက်ဖွားနိုင်မယ့်ဟာတွေမှန်သမျှ တက်ညီလက်ညီတားဆီးကြမယ်ဆို ခြင်ပေါတဲ့ဒဏ်က လွတ်မှာပါ။

စင်္ကာပူဟာ အပင်သေးကနေ အကြီးအထိ အပင်တွေ အတော်ပေါပြီး အရမ်းစိမ်းလန်းတဲ့နိုင်ငံပဲ။ရာသီဥတုကလည်း ခုပူပေမယ့် ခဏနေမိုးရွာရင် ရွာချတာမျိုး။ ဒါပေမယ့် မြန်မာနိုင်ငံလို ခြင်မပေါဘူး။ ဒါဟာ နိုင်ငံတွင်းမှာ နေထိုင်သူတွေက တက်ညီလက်ညီ တွေ့လေရာအမှိုက်မပစ်လို့ ၊ အစိုးရနဲ့ပြည်သူပြည်သားတွေ တက်ညီလက်ညီ ကိုယ့်အလုပ်ကိုယ်လုပ် ၊ ကိုယ့်တာဝန်ကိုယ်ယူကြလို့ပဲလို့မြင်တယ်။ ပြီးတော့ ကျန်းမာရေးအသိကိုလည်း အစိုးရက ဘက်စုံကလုပ်ပေးနေသလို ပညာတတ်တွေ ၊ ဗဟုသုတကြွယ်သူတွေများတော့ ကျန်းမာရေးအသိရှိကြတယ်။ လုပ်သင့်တာ ၊ မလုပ်သင့်တာ ခွဲခြားသိပြီး လိုက်နာတဲ့သူများတယ်။

ဘာမှအတုမယူရင်နေ ဒီစိတ်ဓါတ်လေးနဲ့ ကောင်းမွန်တဲ့အကျင့်လေးတွေတော့ ကောင်းကောင်းအတုယူသင့်တယ်လို့ ကျွန်မထင်တယ်။ လူနေမှုအဆင့်အတန်းတော့မြင့်ချင်တယ်။ ဒါပေမယ့် စိတ်ဓါတ်အဆင့်လေးတွေ ၊ ကျန်းမာရေးအသိလေးတွေ ၊ အကျင့်လေးတွေ မမြှင့်တင်ကြဘူးဆိုရင် လူနေမှုအဆင့်အတန်း ပိုမြင့်မားလာဖို့ ဝေးနေဦးမှာပဲ။ အဲဒီအခါ ကျွန်မတို့ရဲ့ နောင်မျိုးဆက်လေးတွေဟာ ဓါးစာခံအဖြစ်နဲ့ ခြင်ပေါလို့ ခြင်ဆေးထွန်း ၊ ပိုးဟပ်များလို့ ဆေးဖြန်း ၊ ကြွက်များလို့ ဆေးချ ၊ ခွေးများလို့ ခွေးရူးကိုက်ခံရ စသဖြင့် ရောဂါတွေ မရသင့်ဘဲရ ၊ မသေသင့်ဘဲသေ ၊ လူ့ဘဝကို လူ့သက်တမ်းစေ့ မနေလိုက်ရသူတွေများလာတာလို့ ကျွန်မပြောရင် မှားလေမလားနော်။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%90%e1%80%9e%e1%80%80%e1%80%b9%e1%80%90%e1%80%ac%e1%80%b1%e1%80%92%e1%80%ab%e1%80%84%e1%80%b9%e1%80%b1%e1%80%92%e1%80%ab%e1%80%84%e1%80%b9%e1%80%bb%e1%80%99%e1%80%8a%e1%80%b9%e1%80%b1%e1%80%94/feed/ 0
အထီးကျန်မှုမှသည် အားသာချက်သို့ ပြောင်းလဲခြင်း http://www.burmesehearts.com/%e1%80%a1%e1%80%91%e1%80%ae%e1%80%b8%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%99%e1%82%88%e1%80%99%e1%80%bd%e1%80%9e%e1%80%8a%e1%80%b9-%e1%80%a1%e1%80%ac%e1%80%b8%e1%80%9e%e1%80%ac%e1%80%81%e1%80%ba/ http://www.burmesehearts.com/%e1%80%a1%e1%80%91%e1%80%ae%e1%80%b8%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%99%e1%82%88%e1%80%99%e1%80%bd%e1%80%9e%e1%80%8a%e1%80%b9-%e1%80%a1%e1%80%ac%e1%80%b8%e1%80%9e%e1%80%ac%e1%80%81%e1%80%ba/#respond Thu, 29 Nov 2018 07:21:01 +0000 http://www.burmesehearts.com/?p=74788 ဘာကြောင့် အထီးကျန်ခံစားရကြသလဲ။ အရိုးရှင်းဆုံးအဖြေက တစ်ဦးတည်း အဖော်မဲ့နေသလို ခံစားရမှုမှာ ထွက်ပေါက်ရှာမတွေ့ ဖြစ်နေလို့ အထီးကျန်တယ်ဆိုပြီး ဖြစ်နေကြတာပါ။ အဲဒီအချိန်မှာ အဖော် အရမ်းလိုအပ်လာတယ်။ ဖြေသိမ့်ပေးမယ့်သူကို တောင့်တတယ်။ အနားရှိစေချင်သူတွေကို တမ်းတတယ်။ စိတ်ပျော်ရာ ပျော်ကြောင်းတွေ လျှောက်လုပ်ကြတယ်။ ဒီအထီးကျန်ခံစားမှုကို ခဏပဲဖြစ်ဖြစ် ၊ လုံးဝပျောက်သွားအောင်ပဲဖြစ်ဖြစ် ကြိုးစားမေ့ဖျောက်တတ်ကြတယ်။ တကယ်လို့များ တစ်ဦးတည်း ဖြစ်နေသလိုလို ၊ ဘက်ပဲ့နေသလိုလို ခံစားရချိန်မှာ ကိုယ့်အတွက် စိတ်ဝင်စားစရာကောင်းမယ့် တခုခုကိုများ အစားထိုးလုပ်ကိုင်နေလိုက်မယ်ဆို ငါအထီးကျန်နေတယ်လို့ တွေးဖို့ အချိန်မရတော့ဘူး။ ငါဘယ်လိုအထီးကျန်ခံစားပြီး ဝမ်းနည်းနေရတယ်လို့ မခံစားဖြစ်ခဲ့ရင် အထီးကျန်တယ်ဆိုတဲ့ စကားလုံးဟာ ကိုယ့်အတွက်ဖြစ်မလာတော့ဘူး။ ဘယ်သူမှလည်း ကိုယ့်အနားမရှိ ၊ ဘာမှလည်း လုပ်စရာမရှိဘူးဆိုပြီး ပျင်းရိနေတာ ၊ အထီးကျန်ခံစားနေတာမျိုးတွေ မဖြစ်တော့ဘူး။ ကျွန်မရဲ့ (၅)နှစ်သမီးလေးက ကျောင်းကအပြန်တနေ့မှာ နှစ်ယောက်တတွဲ တွဲရတဲ့ ကျောင်းဆင်းချိန်မှာ သူ့ကိုတွဲမယ့်သူမရှိဘူး။ သူသိပ်အထီးကျန်ခံစားရတယ်လို့ ပြောလာခဲ့တယ်။ ဒီလိုအဖြစ်မျိုး […]]]>

ဘာကြောင့် အထီးကျန်ခံစားရကြသလဲ။ အရိုးရှင်းဆုံးအဖြေက တစ်ဦးတည်း အဖော်မဲ့နေသလို ခံစားရမှုမှာ ထွက်ပေါက်ရှာမတွေ့ ဖြစ်နေလို့ အထီးကျန်တယ်ဆိုပြီး ဖြစ်နေကြတာပါ။ အဲဒီအချိန်မှာ အဖော် အရမ်းလိုအပ်လာတယ်။ ဖြေသိမ့်ပေးမယ့်သူကို တောင့်တတယ်။ အနားရှိစေချင်သူတွေကို တမ်းတတယ်။ စိတ်ပျော်ရာ ပျော်ကြောင်းတွေ လျှောက်လုပ်ကြတယ်။ ဒီအထီးကျန်ခံစားမှုကို ခဏပဲဖြစ်ဖြစ် ၊ လုံးဝပျောက်သွားအောင်ပဲဖြစ်ဖြစ် ကြိုးစားမေ့ဖျောက်တတ်ကြတယ်။

တကယ်လို့များ တစ်ဦးတည်း ဖြစ်နေသလိုလို ၊ ဘက်ပဲ့နေသလိုလို ခံစားရချိန်မှာ ကိုယ့်အတွက် စိတ်ဝင်စားစရာကောင်းမယ့် တခုခုကိုများ အစားထိုးလုပ်ကိုင်နေလိုက်မယ်ဆို ငါအထီးကျန်နေတယ်လို့ တွေးဖို့ အချိန်မရတော့ဘူး။ ငါဘယ်လိုအထီးကျန်ခံစားပြီး ဝမ်းနည်းနေရတယ်လို့ မခံစားဖြစ်ခဲ့ရင် အထီးကျန်တယ်ဆိုတဲ့ စကားလုံးဟာ ကိုယ့်အတွက်ဖြစ်မလာတော့ဘူး။ ဘယ်သူမှလည်း ကိုယ့်အနားမရှိ ၊ ဘာမှလည်း လုပ်စရာမရှိဘူးဆိုပြီး ပျင်းရိနေတာ ၊ အထီးကျန်ခံစားနေတာမျိုးတွေ မဖြစ်တော့ဘူး။

ကျွန်မရဲ့ (၅)နှစ်သမီးလေးက ကျောင်းကအပြန်တနေ့မှာ နှစ်ယောက်တတွဲ တွဲရတဲ့ ကျောင်းဆင်းချိန်မှာ သူ့ကိုတွဲမယ့်သူမရှိဘူး။ သူသိပ်အထီးကျန်ခံစားရတယ်လို့ ပြောလာခဲ့တယ်။ ဒီလိုအဖြစ်မျိုး နှစ်ကြိမ်ကနေ သုံးကြိမ်လောက်ဖြစ်လာတော့ သူ့ကိုနားလည်အောင် ပြောပြဖို့ အချိန်တန်ပြီလို့ ကျွန်မဆုံးဖြတ်လိုက်တယ်။

ကျွန်မ လသားလေးအရွယ်မရောက်တရောက်မှာ အဆုတ်ထဲရေဝင်လို့ဆိုပြီး အတော်ကုခဲ့ရတယ်လို့ မိသားစုဝင်တွေက ပြောကြတယ်။ အဲဒီကုသမှု အကင်းသေလား ၊ မသေလား ကျွန်မလည်း ဆေးလောကသားမဟုတ်တော့ နားမလည်ဘူး။ ဒါပေမယ့် ကျွန်မဟာ အသက်(၁၀)နှစ်လောက်အထိ အမြဲလို တရှောင်ရှောင်ဖျားနာနေတာ အနွေးထည် ကင်းကင်းလွတ်တဲ့ရက်ဆိုတာရှားတယ်။ ချောင်းမဆိုးတဲ့ရက်ဆိုတာလည်းရှားတယ်။ နှာမစီးတဲ့ရက်ဆိုတာလည်းရှားတယ်။ နွေခေါင်ခေါင် ဖျားတာယူမလား ။ မိုးအေးလို့ဖျားတာယူမလား ။ ဆောင်းတွင်းမို့ဖျားတာယူမလား။ လေစိမ်းတိုက်လို့ဖျားတာယူမလား ။

အိမ်မှာနေလည်းဖျား ၊ ခရီးထွက်လည်းဖျား ၊ တံတားပေါ်က မြစ်တွေချောင်းတွေဖြတ်လည်းဖျား ၊ ပင်လယ်လေခံလည်းဖျား ၊ အပူအအေး မမျှလည်းဖျား ၊ နာက်ဆုံး ရာသီဥတုအပြောင်းအလဲ မိုးလေဝသမကြည့်နဲ့ ကျွန်မသာကြည့်လို့ လူကြီးတွေ နောက်ကြတဲ့အထိ ကျန်းမာရေးမကောင်းတဲ့ ခန္ဓာကိုယ်က အမြဲလိုလို ဖျားနာနေတော့တာပဲ။ ခြင်ကိုက်တာကနေအစ ကိုယ်လက်ဖူးယောင်တာအဆုံး ဘာဖြစ်ဖြစ် ဖျားဖို့ ၊ အိပ်ရာထဲလဲဖို့ပဲ တာဆူနေခဲ့တဲ့ကျွန်မ တခါဖျားရင် အနည်းဆုံးတပတ် နလန်မထူပြန်ဘူး။

ဒီလို လူမမာကလေးဘဝမှာ အဖျားတွေနဲ့ပဲ အဖော်ပြုခဲ့ရတော့ သူငယ်ချင်းတွေနဲ့ ပြေးလွှားကစားရတာမျိုးရှားတယ်။ လူကအဖျားရှိန် နဲ့ ကိုယ်ခံးအားနည်းလို့ ၊ နှလုံးအားနည်းပြီး အမောမခံနိုင်လို့ စတာတွေနဲ့ ကစားတိုင်း ကိုယ်က ပစားပေးအဆင့်ပဲဝင်ရတယ်။

မပြေးနိုင်တဲ့ကိုယ့်ကို ဘယ်သူမှ လိုက်ဖမ်းမယ့်သူလည်းမရှိ ၊ ကိုယ်လိုက်ဖမ်းလှည့်ဆိုပြန်ရင်လည်း သူငယ်ချင်းတွေလောက် မပြေးနိုင်တဲ့ကိုယ်ဟာ ဘယ်သူ့မှ ဖမ်းမမိဘဲ ကစားပွဲဟာ ပျော်စရာမကောင်းတာကြောင့် သူငယ်ချင်းတွေက ကိုယ့်ကို ပြေးချင်ပြေး ၊ မပြေးချင်နေဆိုပြီး ပစားပေးထားခဲ့တာ။ ဒီတာ့ ကိုယ်ဝင်ကစားခွင့်ရသည့်တိုင် ကစားပွဲတိုင်းမှာ လိုက်ဖမ်းမယ့်သူမရှိတဲ့ကိုယ်ဟာ သူတို့ကသပ်သပ် ကိုယ်သပ်သပ်လို ခံစားနေရပြီး ဘေးကနေပဲ တခြားသူတွေကစားတာ ထိုင်ကြည့်ဖြစ်တော့တယ်။

နေမကောင်းတိုင်း အိပ်ယာထဲကမထနိုင်လို့ ကျောင်းပျက် ၊ အတန်းမမှန်တော့ စာမရ ၊ စာမရတဲ့လူမမာကို အဖက်မလုပ်ကြတဲ့ ဒီစာသင်ခန်းထဲမှာ ကျွန်မအတော် အထီးကျန်ခံစားခဲ့ဖူးတယ်။ အဲဒီ အထီးကျန်မှုဆိုတဲ့အရာကို ဘယ်သူ့တိုက်တွန်းအကြံပေးမှုတွေမှ မရခဲ့ဘဲ ကျွန်မတွန်းလှန်ခဲ့ပုံကို သမီးလေးကို ပြန်ပြောပြဖြစ်ခဲ့တယ်။

အထီးကျန်တယ်လို့ ကျွန်မခံစားရတိုင်း ကျောင်းသင်ခန်းစာတွေကို ကျွန်မ အစကနေ ပြန်လှန်ကြည့်တယ်။ တမျက်နှာပြီးတမျက်နှာ နားလည်သထက် နားလည်အောင် အပြန်ပြန်အလှန်လှန်ဖတ်တယ်။ လေ့ကျင့်တယ်။ ကျက်မှတ်တယ်။ နေမကောင်းရင် အိပ်ယာထဲမှာပေါ့။ ကျောင်းမုန့်စားကျောင်းဆင်းချိန်ဆို အတန်းထဲမှာပေါ့။

သူများတွေ အနားယူချိန် ၊ ကစားချိန်တွေမှာ ကျွန်မက အထီးကျန်မှုကို တိုက်ဖျက်ပြီး စာတွေ ပိုလုပ်ဖြစ်တယ်။ ကျောင်းစာတွေ အကုန်ညက်တော့ ပြင်ပဗဟုသုတရစရာစာအုပ်တွေကို အဖေ့စာအုပ်စင်တွေထဲက ရှာယူဖတ်မှတ်ဖြစ်ပြန်ရော။ ဒီလိုနဲ့ ကျွန်မဟာ ဗဟုသုတ အတော်စုံလာခဲ့တယ်။ ဗဟုသုတဆုံတော့ ကိုယ်နဲ့မတည့်တာတွေကဘာ ၊ ဘာကိုရှောင်လို့ ဘာကိုဆောင်ရမလဲ ၊ ကျန်းမာအောင် ဘယ်လိုနေထိုင်စားသောက်ရမလဲစတာတွေကို ဖတ်မိသိရှိလာတယ်။ အဲဒီအတိုင်းနေထိုင်စားသောက်တော့ ပိုကျန်းမာလာတယ်။ ကျန်းမာလာတဲ့ အဲဒီအချိန်မှာ အတန်းထဲ အဆင့် (၁)၊ (၂) ၊ အနိမ့်ဆုံး(၃)နေရာ အမြဲရပ်တည်နေနိုင်ခဲ့တယ်။

အရင်က ကျောင်းမမှန် ၊ စာမရတဲ့လူမမာကို အဖက်မလုပ်တဲ့ အတန်းဖော်တွေ ဒီသင်္ချာအပုဒ်ကို ဘယ်လိုတွက်သလဲလာမေးကြတယ် ၊ ဒီအင်္ဂလိပ်စာမေးခွန်းအဖြေမှန် ဘယ်လိုလဲ လာမေးကြတယ်။ ဒါနားမလည်လို့ ၊ ဟိုဟာနားမလည်လို့ လာမေးသမျှ ကျွန်မဒိုင်ခံ ဖြေပေးတော့ သူငယ်ချင်းတွေများလာတယ်။ နေမကောင်းလို့ ကျောင်းမလာဖြစ်တဲ့ သူငယ်ချင်းတွေရဲ့အိမ်ကိုသွား ကျောင်းမှာသင်တဲ့စာတွေကို သူ့စာအုပ်ထဲကူးပေးဖို့ အိမ်ယူလာ ၊ နောက်တနေ့ ကျောင်းမှာ ပြန်ရှင်းပြနဲ့ ကျွန်မမှာ သူငယ်ချင်းများလာတယ်။ ဗဟုသုတစုံတော့ English Essay နဲ့ မြန်မာစာစီစာကုံးတွေဆို မကျက် ၊ မမှတ်ရဘဲ လက်တန်းစပ်စိုပြီး အကိုးအကားတွေပါသုံးလို့ ရေးနိုင်လာတာ အလယ်တန်းကျောင်းသူဘဝကတည်းကပဲ။

ဒီအကြောင်းကို သမီးကိုပြောပြပြီး သမီးဟာ တခါတရံမှ တစ်ယောက်တည်း အထီးကျန်သလို ခံစာရတာဖြစ်ပြီး ဘယ်သူမှ သမီးကို တမင်ဖယ်ချန်ထားခဲ့တာမျိုးမဟုတ်ကြောင်း ၊ အမေ့လို အပယ်ခံ လူမမာဘဝကနေတောင် ထူးချွန်ပြီး သူငယ်ချင်းတွေအများကြီး ချစ်ခင်အားကိုးမှုခံရအောင် ဘယ်လိုကြိုးစားနေခဲ့ရတယ်ဆိုတာမျိုးကို ရှင်းပြခဲ့တော့ သမီးလေး နားလည်သွားတယ်။ ကျွန်မရဲ့စကားအဆုံးမှာ သူဟာ ပျင်းနေသလိုခံစားရရင် တစ်ယောက်တည်းနေပျော်တတ်အောင်နဲ့ အထီးကျန်သလိုခံစားနေရချိန်မှာ လေ့လာအားထုတ်မှု ပိုလုပ်မယ်လို့ ပြောလာတယ်။

စိတ်ခံစားမှုတွေကို စိတ်စွမ်းအားအဖြစ် ပြောင်းလဲပစ်လိုက်နိုင်ရင် အကောင်းဆုံးပဲ။

အဆိုးဆုံးဆိုတဲ့ အခြေအနေတွေထဲကမှ အကောင်းဆုံးတွေဖြစ်လာအောင် လုပ်နိုင်တဲ့သူဟာ ဘယ်လိုအခြေအနေဆိုးကိုမှ ကြောက်မနေတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ မှန်ကန်တဲ့ထွက်ပေါက်ဆိုတာကို ဘယ်လိုအခြေအနေမျိုးမှာမဆို ရှာဖွေလုပ်ကိုင်တတ်ကြလို့ဖြစ်တယ်။

အထီးကျန်တယ်ဆိုတဲ့အတွေးနဲ့  အားငယ်စိတ်တွေဝင်ပြီး ခံစားရတာလည်း ကိုယ်ပါပဲ။ ဒီခံစားမှုကို တွန်းလှန်ပြီး တိုးတက်အောင် ကြိုးစားအားထုတ်နိုင်တာလည်း ကိုယ်ပါပဲ။

မိမိအတွက် ကိုယ်ကသာ အရှင်သခင် ၊ ကိုယ်ကသာ အဓိက ကြိုးကိုင်နိုင်သူဖြစ်ပြီး မိမိစိတ်ကို တကယ်ခိုင်းစေနေတာ မိမိပါပဲလို့ နားလည်သွားတဲ့တနေ့ တယောက်တည်းလည်း ပျော်ပျော်ရွှင်ရွှင် အောင်အောင်မြင်မြင် ရပ်တည်နေထိုင်နိုင်ပါတယ်။ အဖော်မဲ့မှာလည်းမကြောက် အထီးကျန်မှာလည်း မမှုတော့ဘူးပေါ့။ ဘယ်အခြေအနေမှာမဆို ဒေါင်ကျကျ ပြားကျကျ ရုန်းကန်နေထိုင်သွားနိုင်ပြီလေ။ အဓိက က စိတ်ပါပဲ။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%a1%e1%80%91%e1%80%ae%e1%80%b8%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%99%e1%82%88%e1%80%99%e1%80%bd%e1%80%9e%e1%80%8a%e1%80%b9-%e1%80%a1%e1%80%ac%e1%80%b8%e1%80%9e%e1%80%ac%e1%80%81%e1%80%ba/feed/ 0
ဝါသနာရှင်နှင့် ပါရမီရှင်လေးများအား ပြုစုပျိုးထောင်ခြင်း http://www.burmesehearts.com/%e1%80%9d%e1%80%ab%e1%80%9e%e1%80%94%e1%80%ac%e1%80%9b%e1%80%bd%e1%80%84%e1%80%b9%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%95%e1%80%ab%e1%80%9b%e1%80%99%e1%80%ae%e1%80%9b%e1%80%bd%e1%80%84/ http://www.burmesehearts.com/%e1%80%9d%e1%80%ab%e1%80%9e%e1%80%94%e1%80%ac%e1%80%9b%e1%80%bd%e1%80%84%e1%80%b9%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%95%e1%80%ab%e1%80%9b%e1%80%99%e1%80%ae%e1%80%9b%e1%80%bd%e1%80%84/#respond Wed, 28 Nov 2018 12:04:16 +0000 http://www.burmesehearts.com/?p=74771 မိဘတိုင်းဟာ ကိုယ့်သားသမီးကို “Something Special”လို့ ခံစားတတ်ကြတာ ဓမ္မတာပါ။ ဒါပေမယ့် ကိုယ့်စိတ်ထင်နေလို့ပဲ ကိုယ့်သားသမီးဟာ “Something Special” ဖြစ်နေတာလား ။ တကယ့်ကို “Someone Special” ဖြစ်နေတာလားဆိုတာကတော့ ဝါသနာရှင် နဲ့ ပါရမီရှင်လေးတွေကို ပြုစုပျိုးထောင်ပေးတဲ့မိဘတွေက သက်သေပြသွားတာပါ။ ကိုယ့်သားသမီးဟာ ထူးခြားတဲ့ပါရမီရှင်လေးလား။ ဘယ်မှာပါရမီပါလာခဲ့သလဲ။ ဘယ်ဘက်မှာထူးချွန်နေတာလဲဆိုတာ မှန်မှန်ကန်ကန်သိမြင်ပြီး သူသန်ရာ သန်ရာဘက်တွေမှာ ထူးချွန်သထက် ထူးချွန်အောင်လုပ်ပေးဖို့ အရေးအကြီးအဆုံး တစ်ချက်ရှိတယ်။ အဲဒါဘာလဲဆိုတော့ “ကိုယ်ကကိုယ့်သားသမီးကို ဘာဖြစ်စေချင်သလဲ” ဆိုတာ မေ့ထားဖို့ပါပဲ။ တကယ်လို့များ ကိုယ့်ဆန္ဒနဲ့ သူထူးချွန်ရာ ထပ်တူမကျခဲ့ရင် သားသမီးအပေါ် ကိုယ့်ဖြစ်စေချင်တဲ့စိတ်တွေက လွှမ်းမိုးဦးဆောင်နေတော့ သားသမီးဖြစ်ချင်တာနဲ့ သားသမီးထူးချွန်ရာကို မြင်သိပြီး မြေတောင်မြှောက် ပံ့ပိုးပေးဖို့ဆိုတာ ဝေးနေမှာပေါ့။ ကိုယ့်ကို မလွန်ဆန်နိုင်တဲ့ သားသမီးဟာ ကိုယ်ဖြစ်စေချင်တာ လိုက်လုပ်ရင်း သူထူးချွန်ရာဘက်မှာ လုပ်ခွင့်မရတော့ဘူး။ ဒီလိုနဲ့သာအချိန်ကုန်သွားခဲ့ရင် တချိန်မှာ ကိုယ်ဖြစ်ချင်တာနဲ့ ဖြစ်နေရာတွေဟာ တထပ်တည်းမကျမှန်း သိလိုက်ချိန်ဟာ […]]]>

မိဘတိုင်းဟာ ကိုယ့်သားသမီးကို “Something Special”လို့ ခံစားတတ်ကြတာ ဓမ္မတာပါ။ ဒါပေမယ့် ကိုယ့်စိတ်ထင်နေလို့ပဲ ကိုယ့်သားသမီးဟာ “Something Special” ဖြစ်နေတာလား ။ တကယ့်ကို “Someone Special” ဖြစ်နေတာလားဆိုတာကတော့ ဝါသနာရှင် နဲ့ ပါရမီရှင်လေးတွေကို ပြုစုပျိုးထောင်ပေးတဲ့မိဘတွေက သက်သေပြသွားတာပါ။

ကိုယ့်သားသမီးဟာ ထူးခြားတဲ့ပါရမီရှင်လေးလား။ ဘယ်မှာပါရမီပါလာခဲ့သလဲ။ ဘယ်ဘက်မှာထူးချွန်နေတာလဲဆိုတာ မှန်မှန်ကန်ကန်သိမြင်ပြီး သူသန်ရာ သန်ရာဘက်တွေမှာ ထူးချွန်သထက် ထူးချွန်အောင်လုပ်ပေးဖို့ အရေးအကြီးအဆုံး တစ်ချက်ရှိတယ်။ အဲဒါဘာလဲဆိုတော့ “ကိုယ်ကကိုယ့်သားသမီးကို ဘာဖြစ်စေချင်သလဲ” ဆိုတာ မေ့ထားဖို့ပါပဲ။

တကယ်လို့များ ကိုယ့်ဆန္ဒနဲ့ သူထူးချွန်ရာ ထပ်တူမကျခဲ့ရင် သားသမီးအပေါ် ကိုယ့်ဖြစ်စေချင်တဲ့စိတ်တွေက လွှမ်းမိုးဦးဆောင်နေတော့ သားသမီးဖြစ်ချင်တာနဲ့ သားသမီးထူးချွန်ရာကို မြင်သိပြီး မြေတောင်မြှောက် ပံ့ပိုးပေးဖို့ဆိုတာ ဝေးနေမှာပေါ့။ ကိုယ့်ကို မလွန်ဆန်နိုင်တဲ့ သားသမီးဟာ ကိုယ်ဖြစ်စေချင်တာ လိုက်လုပ်ရင်း သူထူးချွန်ရာဘက်မှာ လုပ်ခွင့်မရတော့ဘူး။ ဒီလိုနဲ့သာအချိန်ကုန်သွားခဲ့ရင် တချိန်မှာ ကိုယ်ဖြစ်ချင်တာနဲ့ ဖြစ်နေရာတွေဟာ တထပ်တည်းမကျမှန်း သိလိုက်ချိန်ဟာ အရမ်းနောက်ကျသွားနိုင်တယ်။

ကျွန်မကတော့လေ ကိုယ့်သားသမီးကို ဘာဖြစ်စေချင်တယ်ဆိုတဲ့အစွဲကြီး လုံးဝကို မထားတာ။ သူဖြစ်ချင်တာကိုလုပ်ကိုင်ရင်း လူနေမှုဘဝမှာ ကောင်းမွန်သောလူတစ်ယောက်အဖြစ် ရပ်တည်နေထိုင်နိုင်တဲ့ အသိ ၊ အတတ် ပညာတွေ သိတတ်ထားရင်ကို ကျေနပ်ပြီ။

လုပ်သင့်လုပ်ထိုက်အသိတွေ ၊ မလုပ်သင့်မလုပ်ထိုက်တဲ့ အသိတွေ ခေါင်းထဲကို  ငယ်ငယ်ကတည်းက စွဲနေအောင် လေ့ကျင့်သင်ကြားပေးဖို့ပဲ အားသန်တယ်။ ဒီစိတ်ကလေးနဲ့ ထပ်ပြီးလေ့လာတတ်မြောက်လာခဲ့တဲ့ ပညာရပ်တွေနဲ့ သူဝါသနာပါရာ ၊ ထူးချွန်ရာ နယ်ပယ်မှာ လုပ်ကိုင်ရင်း ကိုယ့်ဘဝဖြစ်တည်မှုကိုကျေနပ် ၊ ကိုယ့်ကိုယ်ကိုလည်း ကောင်းကျိုးပြု ၊ အများကိုလည်း တတ်နိုင်သလောက် ကောင်းကျိုးပြုနေထိုင်သွားဖို့ကိုပဲ ဦးစားပေးသင်ပြတယ်။

သာမာန်ကလေနဲ့မတူ ထူးခြားတဲ့ ပါရမီရှင်ကလေးဆိုတာ သူ့မှာ သူများနဲ့မတူ ထူးခြားတဲ့ ဗီဇပါရမီလေးပါလာတတ်တယ်။ အဲဒီဗီဇပါရမီလေးဟာ ခြေလှုပ်လက်လှုပ် ၊ စကားပြောတတ်တဲ့ အရွယ်ကလေးကစလို့ ဗီဇပြတတ်တယ်။ အဲဒီအရွယ်ကလေးကစလို့ သူ့ရဲ့ ဗီဇလေး ၊ ထူးခြားတဲ့အကျင့်ကလေးတွေကို သတိထားမိအောင်ကြည့်ပါ။ အဲဒါတစ်နှစ်အောက် အရွယ်ကလေးတည်းက စကြည့်ရမှာနော်။ တခါတလေ လသားကလေးအရွယ်လေးနဲ့လည်း ဗီဇပြတတ်တယ်။ သူတို့ဖြစ်ချင်ရာကို မိဘတွေရဲ့ဆန္ဒမရောပြွန်းခင်ကတည်းက သူတို့ပြတတ်ကြတယ်။ ဒါကို သတိထားမိဖို့လိုတယ်။

ဒီဘက်မှာ ဝါသနာပါတာတော့ဟုတ်ပါပြီ။ သူ့ဝါသနာကို ကိုယ်တွေ အုပ်ထိန်းသူမိဘတွေကလည်း သတိထားမိပါပြီတဲ့။ နောက်တဆင့်က ဒီဝါသနာပျောက်ပျက်မသွားအောင် ထိန်းသိမ်းပျိုးထောင်ပေးဖို့လိုတယ်။ လမ်းမှားရောက်မသွားအောင် ပဲ့ပြင်ထိန်းပြုပေးဖို့လိုတယ်။

ကလေးပဲလေ ပြီး …. ပြီးသွားမှာပါလို့ ရော့တိမ်တဲ့အတွေးနဲ့ ပစ်မထားမိဖို့လည်း လိုတယ်။ ထူးချွန်တဲ့ကလေးရဲ့နောက်မှာ အဲဒီကလေးကို အမြဲအရိပ်တကြည့်ကြည့်နဲ့ လိုအပ်နိုင်တာတွေမှန်သမျှ လိုက်ပံ့ပိုးပေးတဲ့ မိဘအုပ်ထိန်းသူတွေရှိတယ်။ ထူးချွန်တဲ့ကလေးကို လိုချင်တဲ့ကိုယ်ဟာ အဲဒီလိုမိဘမျိုးဟုတ်ရဲ့လား။

ကလေးတိုင်းဟာ သီချင်းသံကြားရင် ဒွန့် .. ဒွန့် .. ဒွန့် .. ဒွန့် .. နဲ့ ရှိတတ်တယ်။ ဒါပေမယ့် နာရီအတော်ရှည်ကြာ မစားအသောက် ၊ မမောမပန် ၊း မငြီးမငြူ ဆို ၊ က ၊ တီးမှုတ်ဖို့ အချိန်မရွေးရှိနေတဲ့ကလေးဟာ ထူးခြားသူလေးပါ။

ယောက်ျားကလေးတိုင်းလိုလို ဘောလုံးကန် ဆော့ကစားမှုမှာ နှစ်သက်တတ်ကြတယ်ဆိုပေမယ့် ပွဲတိုင်းဦးဆောင် ၊ ကန်တိုင်းအောင် ဘောကန်ဖို့ဆို နာရီအတော်ရှည်ကြာ မစားအသောက် ၊ မမောမပန် ၊း မငြီးမငြူ အချိန်မရွေးတက်ကြွနေတတ်တဲ့ကလေးဟာ ထူးခြားသူလေးပါပဲ။

ကစားတိုင်း သေနတ်ကိုင် ပစ်ခတ်နေရတာကိုမှ ခုံမင်တဲ့ ကလေးလေးတွေရှိမယ်။ သူ့ဘေးမှာ အလှပြင်တဲ့သူတွေ တွေ့မြင်နေရတာမျိုးမဟုတ်လည်းဘဲ အလှအပရေးရာကို တသသနဲ့ခုံမင်နေတတ်တဲ့ ကလေးလေးတွေလည်းရှိမယ်။ ယောကျာ်းလေးမို့ ဒါမလုပ်ရ ၊ မိန်းကလေးမို့ ဒါမသင့်တော် ၊ သေနတ်ကိုင်ကစားတိုင်း အရိုက်ခံရ ၊ အလှပြင်ကစားတိုင်း အဆူခံရတဲ့ မိန်းကလေးတွေဟာ ဝါသနာပါရာ ထူးချွန်နိုင်တဲ့ဘက်မှာ လုပ်ကိုင်ခွင့်မရတဲ့သူတွေပါပဲ။

ဒီနယ်ပယ်မှာ မဟုတ်ပေမယ့် အခြားနယ်ပယ်တွေမှာ ဝါသနာပါပြီး ထူးချွန်နိုင်တဲ့ကလေးတွေဟာ မိဘအုပ်ထိန်းသူတွေရဲ့ အကြောင်းအမျိုးမျိုးကြောင့် သူတို့စိတ်ပါရာနယ်ပယ်မှာ လုပ်ခွင့်မရဘဲ ပိတ်ပင်ခံထားရတဲ့ ကလေးငယ်တွေ ၊ ဆယ်ကျော်သက်တွေ ၊ အရွယ်ရောက်လူငယ်တွေလည်းရှိတယ်။

လူတိုင်းမှာ အလှကိုယ်စီရှိကြတယ်ဆိုတာ ကျွန်မလက်ခံတာမို့ ကလေးတိုင်းမှာလည်း အားသာချက်ကိုယ်စီရှိကြတယ်ဆိုတာ ကျွန်မယုံကြည်တယ်။ သူတို့အားသာချက်ကို အုပ်ထိန်းသူမိဘ ၊ သင်ပေးသူဆရာတွေက သတိထားမိပြီး ပံ့ပိုးပေးပါမှ ကလေးဟာ ထူးချွန်တဲ့သူအဖြစ် သတ်မှတ်ခံရနိုင်တာပါ။

ထူးချွန်တဲ့ကလေးတွေနည်းနေတာက ပိတ်ပင်တဲ့မိဘ ၊ သတိထားမှုအားနည်းတဲ့ဆရာ ၊ ပံ့ပိုးမှုမရှိတဲ့အခြေအနေတွေကြောင့်ဆိုရင် မမှားဘူးနော်။ ထူးချွန်တဲ့ကလေးအဖြစ် ရောက်ရှိလာဖို့ ပံ့ပိုးပေးဖို့ဆိုတာ တကယ်ကိုမလွယ်ပါဘူး။ ထူးချွန်အောင် အရမ်းကြိုးစားတဲ့ ကလေးရဲ့နောက်မှာ ကလေးကို အရမ်းပံ့ပိုးတဲ့လူကြီးမိဘ ရှိပါတယ်။

ကလေးတစ်ယောက် အများအသိအမှတ်ပြုခံရတဲ့အထိ ထူးချွန်လာဖို့ဆိုတာ အားထုတ်တဲ့ကလေးရယ် ၊ ဒီလိုအားထုတ်ခွင့်ရအောင် အစစအရာရာ အနောက်ကနေ ပံ့ပိုးလုပ်ကိုင်ပေးနေတဲ့ မိခင်ရယ် ၊ လိုအပ်တဲ့ငွေကြေးတွေ ဖြည့်ဆည်းပေးဖို့ အလုပ်ကြိုးစားလုပ်ကိုင်ရတဲ့ ဖခင်ရယ် ၊ နည်းမှန်လမ်းမှန် မြန်မြန်ဆန်ဆန် သင်ကြားပြသပေးနိုင်တဲ့ ဆရာတွေရှိတယ်။

ထူးချွန်တဲ့ ကလေးမိဘတိုင်းဟာ အရမ်းပင်ပန်းပါတယ်။ ကလေးထက်တောင် ပိုပင်ပန်းနိုင်သေးတယ်။ ဒါပေမယ့် ကိုယ့်သားသမီးထူးချွန်တယ်ဆိုတဲ့ ဂုဏ်သတင်းလေး ၊ ဆုဖလားလေးတွေအတွက် ပီတိစားရင်း ပင်ပန်းသမျှ မပင်ပန်းဘူးထင်ပြီး ပြုံးရွှင်နေတတ်တဲ့ အနန္တကျေးဇူးရှင်မိဘတွေပါ။

ကျွန်မကတော့ ထူးချွန်တဲ့ကလေးတွေရဲ့ သတင်းတွေကို ကြားမြင်ရတိုင်း ဒီကလေးနောက်က ပံ့ပိုးပေးကြတဲ့ မိဘ ၊ ဆရာသမားတွေကို တအားကျေးဇူးတင်မိတယ်။ ထူးချွန်တဲ့ကလေးတွေဟာ ကျွန်မတို့ရဲ့ အနာဂါတ်ကောင်းကင်ကို လှပအောင် တန်ဆာဆင်ပေးတဲ့ သက်တန့်ငယ်လေးတွေပါပဲ။

ထူးချွန်တဲ့ကလေးတွေကြားထဲမှာမှ ပါရမီရှင်လေးတွေလည်း ရှိကြတယ်။ ဝါသနာရယ် ၊ ပံ့ပိုးမှုရယ် ၊ သင်ယူကြိုးစားလေ့ကျင့်မှုရယ် ပေါင်းစပ်ရင် ထူးချွန်တဲ့သူတွေ မွေးထုတ်ပေးနိုင်တယ်။ ဒါပေမယ့် ပါရမီရှင်လေးတွေကတော့ မွေးရာပါဗီဇသန္ဓေအရ ဖြစ်ပေါ်လာခဲ့ကြတာပါ။ ဝါသနာဆိုတာ တစိုက်မတ်မတ် လုပ်ကိုင်ခွင့်မရရင် ယောင်ဝါးဝါးနဲ့ တခြားဟာတွေလုပ်ကိုင်ရင်း တခါတရံမှ ခေါင်းထောင်လာတတ်ကြတာမျိုးလည်း ဖြစ်နိုင်တယ်။

ပါရမီပါလာရင်တော့ ဒါမှဒါ ။ မွေးကတည်းက .. ဒါ ၊ စိတ်အာရုံထဲအမြဲရောက်နေတာလည်း .. ဒါ ၊ လုပ်ကိုင်ချင်တာလည်း .. ဒါ ၊ အသက်မွေးချင်တာလည်း .. ဒါ ၊ တီထွင်ဆန်းသစ်မှု ပြုချင်တာလည်း .. ဒါ ၊ ဒါ မှ ဒါပါပဲ။ သူတို့ဟာ ဒါကို တစိုက်မိုက်မိုက်လုပ်ကိုင်ရင်း နိုင်ငံကျော် ၊ ကမ္ဘာကျော် ပါရမီရှင်လေးတွေ ဖြစ်လာကြတာပါ။

ဝါသနာရှင်တွေကို သူတို့ဘဝ လွှမ်းမိုးနိုင်တဲ့သူတွေက ပိတ်ပင်ထားလို့ရပေမယ့် ပါရမီရှင်လေးတွေကျတော့ လူကြီးမိဘဆရာသမားတွေက ပိတ်ပင်ထားသည့်တိုင် ပိတ်ထားတဲ့အလွှာကို သူ့ဘာသာ ဖောက်ထွက်ပြီး ဒီနယ်ပယ်မှာ သူ့ဘာသာသူ ဆန်းသစ်တီထွင်လို့ တစိုက်မတ်မတ် ကြိုးစားလုပ်ကိုင်ရင်း ပျော်နေကြသူတွေဖြစ်တယ်။ ဒီစိတ်ကြောင့်ပဲ သူတို့တွေဟာ ထူးချွန်တဲ့သူဖြစ်ရုံမက အောင်မြင်တဲ့သူတွေအဖြစ် ရယ်တည်နေတတ်ကြတယ်။

ကိုယ့်သားသမီးဟာ ပါရမီရှင်တစ်ယောက်လို့ ဘယ်လိုသိနိုင်မလဲ။  ဒီအကြောင်းအရာကို ဘာမှ ကိုးကားရေးတာမျိုးမဟုတ်ဘဲ ကျွန်မကြုံတွေ့တဲ့ အတွေ့အကြုံ၊ ကျွန်မနားလည်သလောက်နဲ့ အများနားလည်အောင် အလွယ်ကူဆုံး တိုတိုတုတ်တုတ်ပြောရရင် အောက်ကအချက်တွေနဲ့ သင့်ကလေး ကိုက်ညီနေသလားကြည့်ပါ။

၁။ ကလေးဟာ သိတတ်စလသားအရွယ်ကတည်းကစလို့ ဒီဘက်မှာ ဝါသနာပါကြောင်း ထူးထူးခြားခြား ဗီဇပြခဲ့တယ်။

၂။ ကလေးဟာ ဒါနဲ့ဆက်စပ်ပတ်သက်တာလေးတွေဆိုရင် သူ့ဘာသာအလိုလိုသတိထားမိပြီး စူးစမ်းစိတ်နဲ့ စမ်းသပ်လုပ်ကိုင်နေတတ်တယ်။

၃။ ကလေးငယ်ဟာ ဘယ်လောက်ငယ်ငယ် ဒီဘက်မှာ သင်ယူဖို့ စိတ်အားထက်သန်ပြီး သင်ယူဖို့ လိုက်နာဆောင်ရွက်ရမယ်ဆိုတဲ့အရာတွေကို တသွေမတိမ်းနားထောင်ပြီး လိုက်နာသင်ယူတတ်တယ်။

၎။ ကလေးဟာ တခြားကလေးတွေနဲ့ယှဉ်ရင် ဒီဘက်မှာ သင်ယူတတ်မြောက်မှု အရမ်းလွယ်ကူမြန်ဆန်တယ်။ ဒါကိုသင်ယူဖို့ဆို အမြဲတက်ကြွပြီး အချိန်ကြာကြာသင်ယူ ၊ လေ့ကျင့်ဖို့လည်း မငြီးငြူတတ်သူဖြစ်တယ်။

၅။ ကလေးဟာ ဒီဘက်မှာ ဆရာသင်ထားတာထက်ပိုပြီး သူ့ဘာသာသူ တီထွင်ကြံဆလုပ်ကိုင်လိုစိတ်ရှိတယ်။ အခွင့်ရရင်ရသလို တီထွင်ကြံဆလုပ်ကိုင်တယ်။

ဒီအခြေခံ(၅)ချက်နဲ့ ကလေးဟာ ကိုက်ညီနေပြီဆိုရင် ကိုယ့်ကလေးဟာ ဒီဘက်မှာ ပါရမီပါလာခဲ့တဲ့ ကလေးငယ်လို့ ကောက်ချက်ချနိုင်ပါပြီ။

ကလေးငယ်ကို သူဝါသနာပါရာမှာ ထူးချွန်ဖို့ မြေတောင်မြှောက်ပေးချင်တာပဲဖြစ်ဖြစ် ၊ သူ့ဗီဇသန္ဓေပါလာတဲ့ ပါရမီရှင်လေးကို ပြုစုပျိုးထောင်ပေးလိုတာပဲဖြစ်ဖြစ် မိဘတွေဟာ အောက်ပါအခြေခံအချက်တွေကို ကိုယ်တိုင်ပြင်ဆင်ထားသင့်ပါတယ်။

၁။ ကလေးအပေါ် နားလည်မှုပေးပါ။ စိတ်ရှည်ပါ။ သူ့သင်ယူမှုကို အားပေးဖို့ အဆင်သင့်ရှိပါ။ သူ့ကျရှုံးမှုအပေါ် ခွန်အားပေးဖို့ အဆင်သင့်ရှိပါ။ ထပ်ခါ ထပ်ခါ ကြိုးစားသင်ယူလေ့ကျင့်ဖို့ စိတ်စွမ်းအားမျိုး လေ့ကျင့်ပေးပါ။

(ဒီတချက်နဲ့တင် ပြောရလွယ်တယ်။ လုပ်ရခက်တယ်နော်။ တခြားသူကို စိတ်စွမ်းအားပေးဖို့ဆိုတာ ကိုယ်တိုင်က ဒီလိုစိတ်စွမ်းအားမျိုး လေ့ကျင့်မထားရင် ကိုယ့်မရှိတဲ့အရာကို ဘယ်လိုပေးရပါ့မလဲ။ ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့ဖြစ်နေရင် ကလေးဟာ ငါလုပ်တာကိုပဲ လိုက်လုပ်မှာပါ။ ဒီတော့ ကလေးကိုဒီလိုမျိုးပုံစံဖြစ်စေချင်ရင် ကလေးအနားမှာ အနီးဆုံးရှိနေတဲ့ ကိုယ်တိုင်က ဒီလိုမျိုးပုံစံဖြစ်နေမှ ကလေးဟာ ဒီပုံစံမျိုးဖြစ်လာမှာပါ။)

၂။ ကလေးငယ်ရဲ့ သင်ယူလေ့ကျင့်မှု ၊ တိုးတက်မှု အခြေအနေကို အမြဲမပြတ်လေ့လာပါ။

(ယခင်တပတ် ၊ ယခင်လ စတဲ့ စံချိန်စံနှုန်းတွေနဲ့ နှိုင်းဆပြီး တိုးတက်မှုရှိ ၊ မရှိ ၊ ဘာကြောင့် မတိုးတက်လာသလဲ ၊ ဘာကြောင့် ဆုတ်ယုတ်သွားသလဲ ၊ ဘာကြောင့် တအားတိုးတက်နေသလဲဆိုတဲ့ အကြောင်းအရာတွေကို သတိထားဖို့မမေ့ပါနဲ့။ လိုတိုးပိုလျှော့အခြေအနေတွေကို ဖန်တီးပြုပြင်ပေးဖို့လည်း ကိုယ်ကဦးဆောင်ရမှာပါ။)

၃။ ကလေးသင်ယူမှု ပညာရပ်တွေမှာ ကိုယ်တိုင်က စိတ်ပါဝင်စားမှုမျိုးမရှိသည့်တိုင် ကလေးဘာတွေ ဘယ်လိုသင်နေရသလဲဆိုတာကို နားလည်အောင်တော့ ကြိုးစားလေ့လာပါ။ ဒီဘက်ပိုင်းမှာ တခြားသူတွေက ဘာတွေ ဘယ်လိုလုပ်ပြီး ပိုကောင်းတဲ့ရလဒ်မျိုးထွက်လာတယ် ၊ ဘယ်ဆရာက အချိန်တိုအတွင်း ဘယ်လိုပိုကောင်းအောင် သင်ကြားပေးနိုင်တယ်ဆိုတာတွေကိုလည်း ရှာဖွေစနည်းနာပါ။ ဒီလိုဆရာနဲ့ ဒီလိုနည်းလမ်းတွေကို ပံ့ပိုးပြီး ကလေးကို အကောင်းဆုံးသင်ယူခွင့်ရဖို့ ဖန်တီးပေးပါ။

၎။ ဒီတလိုင်းချည်း ချွန်ထွက်နေထာမျိုးမဟုတ်ဘဲ ဘဝအတွက်အရေးပါတဲ့ စိတ်ထား ၊ လူ့ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် နေထိုင်နည်း ၊ လူနေမှုဘဝမှာ မရှိမဖြစ် ၊ မတတ်မဖြစ်တဲ့ ပညာရပ်တွေ သိရှိတတ်မြောက်ဖို့ လေ့ကျင့်သင်ကြားပေးတာတွေလည်း ထပ်လုပ်ရဦးမှာပါ။

၅။ ဒါတွေအကုန် စိတ်အေးသက်သာစွာ လုပ်ပေးနိုင်ဖို့ဆိုတာ လုံလောက်တဲ့ စားဝတ်နေရေးနဲ့ ပံ့ပိုးနိုင်တဲ့ ငွေအခြေအနေလည်း ရှိဦးမှဖြစ်မှာမို့ ငွေကြေးတောင့်တင်းဖို့ဆိုတဲ့ အခြေခံအချက်လည်း မေ့ပစ်ထားလို့မရပါဘူး။

ဒီအခြေခံ(၅)ချက်နဲ့ ကောင်းကောင်းပြုစုပျိုးထောင်ပေးသွားမယ်ဆိုရင် ကိုယ့်မျိုးဆက်ထဲမှာ ထူးချွန်အောင်မြင်တဲ့ မျိုးဆက်ကလေးကို ပျိုးထောင်နိုင်ပြီပေါ့။ ကိုယ်မထူးချွန်ရင်နေပါစေ ထူးချွန်တဲ့ မျိုးဆက်ကို အဆင့်ဆင့် ပြုစုပျိုးထောင်ပေးသွားနိုင်ရင် ထူးချွန်တဲ့မျိုးဆက်ကို ထိန်းသိမ်းသွားနိုင်မှာပါ။ နောက်မျိုးဆက်ဆိုတာ ဒီမျိုးဆက်ထက် ထူးချွန်နေပါမှ ပိုမိုကောင်းမွန်တဲ့ မျိုးဆက်သစ်တွေကို ပြုစုပျိုးထောင်ပေးနိုင်မှာပါ။

ကိုယ်ဟာ ကိုယ့်မိဘလောက်မထူးချွန်ခဲ့ဘဲ ကိုယ့်သားသမီးဟာလည်း ကိုယ့်လောက်မှ မထူးချွန်ရင် ကိုယ်တာဝန်ရှိနေတဲ့ ကိုယ့်မျိုးဆက်အပေါ် ကိုယ်တာဝန်ကျေပါရဲ့လား …..

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%9d%e1%80%ab%e1%80%9e%e1%80%94%e1%80%ac%e1%80%9b%e1%80%bd%e1%80%84%e1%80%b9%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%95%e1%80%ab%e1%80%9b%e1%80%99%e1%80%ae%e1%80%9b%e1%80%bd%e1%80%84/feed/ 0
ကိုယ်ချင်းစာစိတ်ကလေးများ မေ့နေရင် http://www.burmesehearts.com/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%b8%e1%80%85%e1%80%ac%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba/ http://www.burmesehearts.com/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%b8%e1%80%85%e1%80%ac%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba/#respond Fri, 21 Sep 2018 14:18:09 +0000 http://www.burmesehearts.com/?p=74759

 

ကျွန်မကတော့လေ ဘယ်နိုင်ငံကပဲဖြစ်နေနေ ၊ ဘာလူမျိုးပဲဖြစ်ဖြစ် ၊ ဘယ်ဘာသာပဲ ကိုးကွယ် ကိုးကွယ် ၊ ဘယ်ဘာသာစကားပဲပြောပြော ကိုယ်ချင်းစာစိတ်မရှိရင် လူမပီသဘူးလို့ ထင်မြင်မိတာပဲ။ ကိုယ်တိုင်ကလည်း ကိုယ်ချင်းစာစိတ်ကို အမြဲလက်ကိုင်ထား သုံးနှုန်းပြောဆို လုပ်ကိုင်တွေးပေးလေ့ရှိတယ်။

ကိုယ့်သားသမီးရလာတော့လည်း ဒီစိတ်ကလေးကိုပဲ အမြဲလေ့ကျင့်ပေးတယ်။ ဘာပဲလုပ်လုပ် ၊ ဘာပဲပြောပြော ၊ ဘာပဲတွေးတွေး ကိုယ်ချင်းစာစိတ်ကလေးကို ဦးစားပေးဖြစ်အောင် လေ့ကျင့်ပေးတာပါ။ ကလေးကို သူစကားမပြောတတ်ခင်ကတည်းက ကိုယ်ချင်းစာတတ်ဖို့ ပြောဆိုလေ့ကျင့်ပေးခဲ့တာ။

ကိုယ့်ကိုဒီလိုပြောရင်ကြိုက်သလား ၊ မကြိုက်ရင် သူများကိုလည်း မပြောနဲ့။ ကိုယ့်ကိုဒီလိုလုပ်ရင်ကြိုက်သလား ၊ မကြိုက်ရင် သူများကိုဒီလိုမလုပ်နဲ့။ သူများလည်းကြိုက်မှာမဟုတ်ဘူးလို့ အထပ်ထပ်အခါခါ လေ့ကျင့်သင်ကြားပေးခဲ့တာပါ။

ကလေးဆိုတော့ မနာဖူးရင် နာတယ်ဆိုတာဘာမှန်းမသိဘူး။ ဒီလိုလုပ်လိုက်ရင် သူများ ဘယ်လောက်နာသွားသလဲဆိုတာ မနာဖူးတော့ ကိုယ်ချင်းမစာတတ်ဘူးလေ။ လသားကလေးတိုင်း သူများ ဆံပင်ကို လှမ်းဆွဲတတ်တဲ့ အကျင့်ရှိတယ်။ အားကြီးရင်ကြီးသလောက် သူများမှာ အတော်ခံစားရတာလေ။ သူကတော့ နာပါစေရယ်လို့ တမင်ရည်ရွယ်ဆွဲတာမဟုတ်ဘူး။ သူများနာသွားတာကိုတောင် သဘောတကျ တခစ်ခစ်ရယ်နေရင် ရယ်ဦးမှာ။ သူမှ ဒီလိုနာတတ်မှန်းမသိပဲလေ။

အဲဒီလိုလသားအရွယ်လေးကတည်းက ကိုယ်ချင်းစာစိတ်ဆိုတာကို သန္ဓေကျအောင် လေ့ကျင့်ပေးခဲ့ရမှာ။ တခါတလေ သင်ပေးတဲ့မိဘဆရာတွေဟာ မလုပ်ချင်လည်း တပါးသူ သိနားလည်သွားဖို့ လေ့ကျင့်သင်ကြားပေးခဲ့ရမှာတွေရှိတယ်။ ဒါဟာ ရက်ရက်စက်စက်လုပ်ရက်တာမျိုးမဟုတ်ဘူး။ အတိုင်းအတာတခုအထိ သင်ယူသူ တကယ်နားလည်သွားဖို့ သင်ပေးရတာတွေရှိတယ်။ နာမှန်းမသိတဲ့ကလေးကို သူနာရုံလောက်လေး ပြန်လုပ်လိုက်ရုံနဲ့ သြော်ဒီလိုနာတာပါလားလို့ သိသွားမှာပါ။ ဒီလောက်လေး ဖော့ဖော့လုပ်တာတောင် နာပြီးငိုတယ်ဆို အားနဲ့လုပ်တာခံရတဲ့ တပါးသူမှာ ဘယ်လောက်နာလိုက်မလဲဆိုပြီး ချော့ရင်းရှင်းပြခဲ့ရတာပေါ့။

အကျိုးရလဒ်အနေနဲ့ ကျွန်မရဲ့သမီးဟာ ယခုအချိန်အထိ တပါးသူကို ဆံပင်ဆွဲတာ ၊ ဆိတ်ဆွဲတာ ၊ တွန်းချတာ ၊ ကုန်းကိုက်တာမျိုးတွေ တခါမှ မလုပ်ခဲ့ဖူးဘူး။ အဲဒါတွေအကုန် ကျွန်မကို သူအရင်လုပ်ခဲ့တာ။ အသည်းခိုက်အောင် နာသွားတိုင်း အပြင်မှာ ဆော့ကစားရင်း စိတ်တိုင်းမကျလို့ သူများကလေးကို သူသွားလုပ်ခဲ့ရင်လို့ ကျွန်မတွေးရင်း မိဘချင်း ကိုယ်ချင်းစာတာမို့ အဲဒီလိုတွေမဖြစ်အောင် သူနာရုံလေး ပြန်လုပ်ပြီး ဒီလိုလုပ်ရင် တပါးသူမှာ ဒီလိုပဲခံစားရတယ်။ ကိုယ့်လုပ်တာမကြိုက်ရင် သူများကိုလည်း မလုပ်ရဘူးလို့ သင်ပေးခဲ့တယ်။ ကိုယ့်သားသမီးကို တခြားကလေး လာလုပ်ရင်လည်း ကိုယ်ကြိုက်မှာမဟုတ်ဘူးလေ။

ဒီလိုတွေ လေ့ကျင့်သင်ပေးလာခဲ့တာ လူတွေအပေါ်မှမဟုတ်ဘူး။ တရိစ္ဆာန်လေးတွေလည်း နာကျင်ခံစားတတ်တာမို့ သူတို့တွေကိုလည်း မနှိပ်စက်ရဘူးဆိုတာ သင်ပေးခဲ့တယ်။ သဘာဝဆိုတာ သဘာဝအတိုင်းလှပနေတာမို့ သဘာဝဆိုတာ မဖျက်စီးသင့်ဘူး။ အပင်တွေ ၊ အရွက်တွေကို မဖျက်စီးသင့်ဘူး။ သူတို့အလှအပကို ထိန်းသိမ်းပေးထားမှ ဒီလူ့ပတ်ဝန်းကျင်ဟာနေလို့ ပိုကောင်းမှာ ၊ ပိုလှပသာယာနေမှာဆိုတာမျိုးတွေလည်း သင်ပေးခဲ့တယ်။

ဒီလိုသင်ပေးဖို့ဆိုတာ မိဘနဲ့သားသမီး အချိန်များများပေးပြီး နားဝင်အောင် အကြိမ်ကြိမ် ပြောဆိုလေ့ကျင့်သင်ကြားပေးပါမှ ဒီကိုယ်ချင်းစာစိတ်လေး အသားကျနေမှာ။ ကလေးအနားမှာရှိတဲ့ လူကြီးမိဘတွေကိုယ်တိုင်ကလည်း ဒီကိုယ်ချင်းစာစိတ်လေး လက်ကိုင်ထားပြောဆိုလုပ်ကိုင်တဲ့သူတွေ ဖြစ်ရမှာပေါ့။ ကလေးဆိုတာမျိုးက အတုမြင်အတတ်သင်တာ အရမ်းလွယ်တယ်။ တတ်သွားတဲ့အကျင့်ဆိုးကို ဖျောက်ဖျက်ဖို့သာ ခက်နေတာ။ အကျင့်ဆိုးတွေ ကလေးမှာကူးသွားရင် အတော်အချိန်ယူ ဖျောက်ဖျက်ရတာ။ ကလေးကဆင်ခြေပေးမှာပေါ့ သူတို့ကျလုပ်ပြီး ကိုယ့်တော့ မလုပ်နဲ့ပြောဆိုရိုက်နှက်နေတာကိုး။

အိမ်အကူတွေနဲ့နေတဲ့ ကလေးအများစုမှာ အကျင့်ဆိုးတစ်ခု ကူးသွားတတ်တယ်။ ဒါဟာ အင်မတန်ဖျောက်ဖို့ခဲယဉ်းတဲ့ တန်အောင်ခိုင်းရမယ်ဆိုတဲ့စိတ်ပဲ။ မိဘတွေကိုယ်တိုင်က ဒီလိုစိတ်မျိုးရှိနေရင် ပိုဆိုးတာပေါ့။ အိမ်အကူဟာလည်း လူပဲ။ အရွယ်အလိုက် လေးစားသမှုရှိရမယ် ၊ ကိုယ်လုပ်နိုင်တာ ကိုယ့်တာဝန်ကိုယ်ယူရမယ် ၊ အစစအရာရာ အိမ်အကူလိုက်လုပ်ပေးဖို့တာဝန်ရှိတယ်ဆိုတဲ့စိတ်မျိုးမထားသင့်ဘူးဆိုတာတွေဟာ မိဘတွေက သင်ပေးမှရမှာ။

မိဘတွေကိုယ်တိုင်က ကလေးတခုခုမှောက်သွားရင် အိမ်အကူသွားရှင်း ၊ ကလေးအလုပ် အိမ်အလုပ်မှန်သမျှ အိမ်အကူလုပ် ၊ နောက်ဆုံးအိတ်လွယ် ဖိနပ်စီးပေးတာတွေကအစ ကလေးလုပ်နိုင်နေပေမယ့် ပေးမလုပ်ဘဲ အိမ်အကူသာ လုပ်စေမယ်ဆို ဒီကလေးဟာ ရေသာခိုတဲ့စိတ်နဲ့ တန်အောင်ခိုင်းရမယ်ဆိုတဲ့ စိတ်ကလေး သူ့စိတ်မှာ ကိန်းအောင်းသွားပြီ။ ဒီစိတ်ကြီး အမြစ်တွယ် ကြီးပြင်းသွားခဲ့မယ်ဆိုရင် မကောင်းဘူးပေါ့။

ကြုံလို့ဝေမျှဦးမယ်။ ကျွန်မသမီးကို သူ့ဘာသာ ဖိနပ်စီးတတ်ဖို့ ခပ်လွယ်လွယ်စီးလို့ရမယ့် ကပ်ခွါဖိနပ်လေးတွေကို သုံးနှစ်လောက်အရွယ်ကတည်းက ပေးစီးခဲ့တယ်။ ဘယ်ညာမှားစီးတတ်ပေမယ့် သူ့ဘာသာ စီးတတ်တဲ့အကျင့်ကို အဲဒီအရွယ်ကတည်းက လေ့ကျင့်ပေးခဲ့တာ။ မှားရင် ဘယ်နဲ့ညာ ဘယ်လိုခွဲခြားစီးရတယ်လို့ သင်ပြပြောဆိုပြီး ပြန်စီးပေးတယ်။ ဒါပေမယ့် သူ့ဘာသာသူ အရင်စီးတတ်အောင်ကို အဲဒီအရွယ်ကတည်းက လေ့ကျင့်ပေးခဲ့တာ။ ထိုနည်းလည်းကောင်း ခေါင်းစွတ်ဝတ်ကလေးတွေ သရေကြိုးဘောင်းဘီတွေဆိုရင်လည်း ကောက်စွပ်တတ်အောင် လေ့ကျင့်ပေးခဲ့တယ်။ သူကိုယ်တိုင်ထည့်တဲ့ သူ့ကစားစရာအိတ်သေးလေးဆိုရင်လည်း သူ့ဘာသာသူ လွယ်စေတာပဲ။ တအားလေးနေမှ ဒါမှမဟုတ်လဲ ခရီးဝေးပါမှ ကိုယ်က ကူသယ်တာ။ တကယ်က သူ့အားသူကိုးတဲ့စိတ်ကလေးကို လေ့ကျင့်ပေးတာပါ။

ဒါပေမယ့် သမီးလေးထက် (၆)လလောက်ပိုကြီးတဲ့ သမီးသူငယ်ချင်း ကောင်မလေးတစ်ယောက်ဟာ သူ့ဖိနပ်သူကိုယ်တိုင်မစီးဘဲ သမီးလေးကို ဝတ်ပေးဖို့ အမြဲခိုင်းလေ့ရှိတယ်။ ကိုယ့်သမီးဟာ စိတ်ထဲဘာမှ ကောက်ကက်ပြီး တွေးတတ်သူမျိုးမဟုတ်ဘဲ အရှင်းအတိုင်းပဲ ပြုမူလုပ်ကိုင်တတ်သူမို့ သူချစ်တဲ့သူငယ်ချင်းကို ကူညီတဲ့အနေနဲ့ သူ့ဖိနပ်သူကိုယ်တိုင်စီးပြီးတိုင်း သူငယ်ချင်းဖိနပ်ကိုလည်း စီးပေးလေ့ရှိတယ်။ စီးခိုင်းတဲ့ကောင်းမလေးကတော့ ကျွန်မသမီးလေး သူ့ကိုဖိနပ်စီးပေးတာကို ကျေနပ်လို့ပေါ့။

ပထမ တစ်ကြိမ် ၊ နှစ်ကြိမ်ကတော့ ကျွန်မ မျက်နှာလွှဲထားလိုက်တယ်။ ကလေးချင်းပဲလေလို့ ။ ဒါပေမယ့် ကလေးမိခင်တွေကတော့ ကလေးတွေ ဘေးမှာပေါ့။ သုံးလေးငါးကြိမ်ကျော်လာတော့ ကျွန်မရင်ထဲမကောင်းတော့ဘူး။ အကြောကြီးနဲ့ အမြဲလို ဖိနပ်စီးခိုင်းတဲ့သူများကို ဖိနပ်စီးပေးနေရတဲ့ မြင်ကွင်းဟာ မိခင်ဖြစ်တဲ့ကျွန်မအတွက်တော့ ရင်ထဲမကောင်းဘူး။ သူ့အမေတစ်ယောက်လုံးရှိပါရက် အမြဲလိုလို ကိုယ့်သမီးက စီးပေးနေရတာရယ် ၊ သူ့ထက်ငယ်တဲ့ ကိုယ့်သမီးတောင် သူ့ဘာသာသူစီးဝတ်ရက်နဲ့ သူကတော့ စီးခိုင်းမြဲစီးခိုင်းနေတာရယ်က မျက်စိထဲကန့်လန့် ၊ ရင်ထဲကန့်လန့်ဖြစ်လာတယ်။

တနေ့တော့ သမီးကို ကျွန်မဒီကိစ္စစကားစလိုက်တယ် ဘာလို့သူ့ဖိနပ်ကိုအမြဲစီးပေးရတာလဲပေါ့။ ကိုယ့်သမီးကလည်း စိတ်ရှင်းရှင်းနဲ့ပြန်ဖြေတယ် သူချစ်တဲ့သူငယ်ချင်းက သူ့ကို ကူပြီးစီးခိုင်းတာမို့ သူငယ်ချင်းကိုကူပြီးစီးပေးတာပေါ့။ ဒါပေမယ့် အဲဒီလိုအမြဲစီးပေးနေရတာ အမေ့ရင်ထဲမကောင်းဘူးလို့ သမီးကိုပြောလိုက်တယ်။ သမီးအဲလို စီးပေးနေတာ အမေတွေ့ရင် အမေ့ရင်ထဲ အလိုလိုဝမ်းနည်းတယ်။ ဒါကြောင့် နောက်တခါသူစီးခိုင်းရင် ငါလည်းငါ့ဖိနပ်ငါစီးတယ် ၊ နင်လည်းနင့်ဖိနပ်နင်စီးလို့ ပြောကြည့်ပါလားလို့ မေးမိတယ်။ သမီးက ကောင်းပြီ ၊ အမေဝမ်းမနည်းပါနဲ့ ၊ သူမစီးပေးတော့ဘူး ၊ အဲလိုပြောလိုက်မယ်တဲ့။ နောက်တခေါက်ဖိနပ်စီးခိုင်းတော့ သမီးကအဲလိုပြောပြီး သူ့ဖိနပ်သူစီးပြေးထွက်သွားတော့ အဲဒီကလေးမလေး သူ့ဘာသာသူစီးတယ်။

အဲဒီကလေးမလေး မိဘနှစ်ယောက်စလုံးဟာ အလုပ်လုပ်ပြီး ကလေးဟာ အိမ်အကူနဲ့အချိန်အများစုကို ကုန်ဆုံးသူဖြစ်ပါတယ်။ အိမ်အကူဟာ ကလေးကို ကလေးနဲ့အတူရှိတဲ့အချိန်တိုင်း အစစအရာရာတာဝန်ယူလုပ်ပေးရတာ အိမ်ထဲကော အိမ်ပြင်ကောပါပဲ။ သူများကိုခိုင်းတာ အလေ့အကျင့်တခုဖြစ်နေတော့ ကိုယ်ဒီလိုလုပ်ခိုင်းရင် ကိုယ့်အိမ်အကူမဟုတ်တဲ့ တပါးသူ ဘယ်လိုခံစားရမလဲ ၊ သူ့မိဘဘယ်လိုခံစားရမလဲ ကလေးကော ကလေးမိဘပါ တွေးတတ်တဲ့ အလေ့အကျင့် မရှိလေလို့များလားလို့ ကျွန်မတွေးမိတယ်။ ကိုယ့်သားသမီးကို ဒီလိုခိုင်းရင်ရော ကိုယ်တိုင်က ဘယ်လိုခံစားရမလဲဆိုတဲ့ ကိုယ်ချင်းစာစိတ်ကလေးများရှိခဲ့ရင်လို့လည်း တွေးမိတယ်။ ကလေးမိဘတွေဟာ မြန်မာလူမျိုး ၊ ကိုးကွယ်တာ ဗုဒ္ဓဘာသာပါပဲ။ ဒါကြောင့် ဘယ်နိုင်ငံမှာနေနေ ၊ ဘယ်လူမျိုးဖြစ်ဖြစ် ၊ ဘယ်ဘာသာစကားပဲပြောပြော ၊ ဘယ်ဘာသာပဲကိုးကွယ်ကိုးကွယ် ကိုယ့်ပတ်ဝန်းကျင်ကလူတွေဟာ ကိုယ်ချင်းစာစိတ်ကလေးများ လက်ကိုင်ထားပြီး တွေးခေါ်ပြောဆိုလုပ်ကိုင်တာမျိုး အလေ့အကျင့်မရှိရင် ပိုမိုကောင်းမွန်တဲ့ လူ့ပတ်ဝန်းကျင်ဆိုတာကို ဖန်တီးထိန်းသိမ်းသွားဖို့ဆိုတာ အချိန်ယူရလိမ့်ဦးမယ်။

သားသမီးချင်းကိုယ်ချင်းမစာဘဲ နှိပ်စက်အနိုင်ကျင့်တာ ၊ အဓမ္မပြုကျင့်တာ ၊ ဖျက်ဆီးတာ ၊ လူအချင်းချင်းဒုက္ခပေးရုံမက သတ္တဝါတွေနဲ့ ပတ်ဝန်းကျင်ကိုပါ ဒုက္ခပေးတာ ၊ ရက်စက်စွာပြုကျင့် သတ်ဖြတ်ကြတာတွေရဲ့ အရင်းခံဟာ ကိုယ်ချင်းစာစိတ်မဲ့နေလို့ဆိုရင် မမှားဘူးနော်။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%b8%e1%80%85%e1%80%ac%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba/feed/ 0
ကတိဆိုတာ တည်ဖို့ပါ။ http://www.burmesehearts.com/%e1%80%80%e1%80%90%e1%80%ad%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac-%e1%80%90%e1%80%8a%e1%80%b9%e1%80%96%e1%80%ad%e1%80%af%e1%82%94%e1%80%95%e1%80%ab%e1%81%8b/ http://www.burmesehearts.com/%e1%80%80%e1%80%90%e1%80%ad%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac-%e1%80%90%e1%80%8a%e1%80%b9%e1%80%96%e1%80%ad%e1%80%af%e1%82%94%e1%80%95%e1%80%ab%e1%81%8b/#respond Wed, 19 Sep 2018 15:03:34 +0000 http://www.burmesehearts.com/?p=74753 Promise is promise. ]]>
ဒီနေ့ချက်မယ့် သမီးလေးရဲ့နေ့လည်စာကို သမီးကို ကျောင်းမပို့မီကတည်းက သူဘာစားချင်လဲဆိုတာ မေးထားတတ်တဲ့အကျင့်ရှိတယ်။ ကျွန်မကိုယ်တိုင်ကလည်း အရမ်းကို မေ့တတ်တဲ့အကျင့်ရှိတယ်။ သမီးလေးကိုကျောင်းပို့ပြီး အိမ်အသုံးအဆောင်နဲ့ မီးဖိုချောင်အတွက်လိုအပ်တာတွေ တနင့်တပိုးဝယ်လာခဲ့ပြီး အိမ်ရောက်လို့ အထုပ်အပိုးတွေချမှ သမီးလေးမှာတဲ့ ခေါက်ဆွဲကြော်ကျွေးဖို့ ခေါက်ဆွဲမေ့ခဲ့တယ်။ ဝယ်ဖို့ကိုမေ့ခဲ့တာမို့ အိမ်ကနေ တခေါက် ဈေးပြန်ထွက်ဝယ်မှရမှာ။
သင်ဆိုရင် ဘယ်လိုလုပ်မလဲ?
ခေါက်ဆွဲလေးတခုအတွက် ဈေးပြန်ထွက်ဝယ်မလား?
ဝယ်လာခဲ့တာလေးတွေထဲကပဲ အဆင်ပြေတာ ချက်ကျွေးမလား?
ကျွန်မကတော့ သမီးလေးကို ဒီနေ့သူစားချင်တာ ချက်ကျွေးမယ်လို့ ကတိပေးခဲ့မိတာမို့ အပြင်မထွက်ချင် ၊ ထွက်ချင်နဲ့ပဲ ပြန်ထွက်ပြီးခေါက်ဆွဲပြေးဝယ် သမီးကျောင်းပြန်အမီစားဖို့ အိမ်ပြန်ပြေးချက်ခဲ့တယ်။
သမီးကိုကျောင်းကြိုတော့ ကျွန်မဟာ ခေါက်ဆွဲဝယ်လာဖို့မေ့ခဲ့ပေမယ့် သမီးစားချင်တာ ချက်ကျွေးနိုင်ဖို့ ဈေးတခေါက်ပြန်ပြေးသွားပြီး အမီချက်ထားခဲ့တယ်ပြောတော့ ကျေးဇူးတင်တယ်လို့ပြန်ပြောလာတဲ့ သမီးလေးစကားကိုကြားတော့ ပင်ပန်းသမျှအမောပြေသွားခဲ့တယ်။
ကျွန်မ သမီးကို တိုက်ရိုက်မပြောခဲ့ဘဲ သင်ပေးခဲ့တာကတော့ ကတိဆိုတာ ပေးပြီးရင် တည်ရတယ်။ ဒါ့အပြင် ကျွန်မဟာ သမီးရဲ့ဆန္ဒကို တလေးတစား အလေးထားလုပ်ပေးတတ်တာကိုလည်း မပြောဘဲသိစေခဲ့တယ်။ ငါအမေပဲ ငါချက်ကျွေးတာ ကလေးစားရမယ်။ သူ့ရှေ့ရောက်လာတဲ့ ထမင်းဟင်းပန်းကန်ကိုသာ ကလေးစားရမယ်ဆို သူဘာစားချင်လဲ မမေးခဲ့တဲ့အမေဟာ ကလေးဘာအာသီသရှိနေလဲ သိခွင့်မရနိုင်တော့ဘူး။ ကိုယ်ဘာအာသီသရှိလဲလို့ အမေးလဲ မခံရ ၊ အမေးခံရရင် ငါဘာစားချင်သလဲဆိုတဲ့ အတွေးမျိုးလည်း အလေ့အကျင့်မရှိတော့ တခါတလေ ကိုယ်ဘာစားချင်လို့ စားချင်မှန်းတောင်မသိဘဲ ကျွေးတာလည်း မြိန်မြိန်မစား ဖြစ်နေတတ်တယ်။
ဒီအလေ့အကျင့်ဟာ အစာအာဟာရကိုမှ ကလေးအာသီသရှိတာ ရွေးချယ်ခွင့်ပေးတာမျိုးမဟုတ်ဘဲ ကာတွန်းကား တနေ့၁နာရီလောက် ပြတဲ့အချိန်လေးမှာတောင် မပြခင် သူဘာကာတွန်းကားကြည့်ချင်တာလဲ ၊ ဒီနေ့အိမ်စာအဖြစ် ဘာသင်ယူချင်တာလဲ ၊ ဘယ်သွားချင်တာလဲ ၊ ဘာလုပ်ချင်တာလဲ စသဖြင့်ကို အဖွင့်မေးခွန်းအနေနဲ့ ကလေး သူ့စိတ်သူပိုနားလည်လာအောင် လေ့ကျင့်ပေးလာခဲ့တာ ခုဆို ငါးနှစ်တောင်ရှိပြီပေါ့။
အကျိုးရလဒ်ကတော့ ကလေးဟာ မိဘစီစဉ်ပေးတာကိုပဲ မလုပ်ချင် လုပ်ချင်လုပ်နေ ၊ မစားချင် စားချင်စားနေတာမျိုးမဟုတ်တော့ဘဲ ကိုယ်ဘာလိုချင်လဲဆိုတာ ပြတ်ပြတ်သားသားသိတဲ့ အကျိုးကျေးဇူးကို ရပါတယ်။ ကလေးဟာရေရှည် သူစိတ်ပါဝင်စားရာ လုပ်ကိုင်နေပါမှ သူ့စိတ်နဲ့သူ့ကိုယ် တရှိန်ထိုးတိုးတက်လာနိုင်ပါတယ်။
ကိုယ်ရနေတာလည်း မလိုချင် ၊ ဘာလိုချင်မှန်းလည်းမသိ ၊ ကိုယ်လုပ်နေရတာကိုလည်း စိတ်မဝင်စား ၊ ဘာကို စိတ်အားထက်သန်နေမှန်းမသိ ၊ ဘယ်လိုအလုပ်မျိုးကို ဝါသနာပါမှန်းမသိ ၊ ကိုယ်ဘယ်အရာမှာ အားသန်နေမှန်းမသိရင် ခက်ရချည်ရဲ့နော်။
ရတု (Burmesehearts.com)
]]>
http://www.burmesehearts.com/%e1%80%80%e1%80%90%e1%80%ad%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac-%e1%80%90%e1%80%8a%e1%80%b9%e1%80%96%e1%80%ad%e1%80%af%e1%82%94%e1%80%95%e1%80%ab%e1%81%8b/feed/ 0
မမြင်နိုင်သော အားနည်းချက်များ၏နောက်ကွယ် http://www.burmesehearts.com/%e1%80%99%e1%80%bb%e1%80%99%e1%80%84%e1%80%b9%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac-%e1%80%a1%e1%80%ac%e1%80%b8%e1%80%94%e1%80%8a%e1%80%b9%e1%80%b8%e1%80%81%e1%80%ba/ http://www.burmesehearts.com/%e1%80%99%e1%80%bb%e1%80%99%e1%80%84%e1%80%b9%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac-%e1%80%a1%e1%80%ac%e1%80%b8%e1%80%94%e1%80%8a%e1%80%b9%e1%80%b8%e1%80%81%e1%80%ba/#respond Wed, 05 Sep 2018 10:10:27 +0000 http://www.burmesehearts.com/?p=74738

လူတိုင်းမှာ အားနည်းချက်တွေ ၊ အားသာချက်တွေ ကိုယ်စီရှိနေကြတာမို့ တခြားသူတွေ မမြင်နိုင်သော အားနည်းချက်များဟာ လူတိုင်းမှာရှိကြပါတယ်။ တခါတလေ ကိုယ့်အားနည်းချက်ကို ကိုယ်တိုင် မမြင်ကြတာလည်း ရှိပါတယ်။ ဒီအားသာချက် ၊ အားနည်းချက်တွေအပေါ် အခြေခံဖြစ်ပေါ်လာတဲ့ ရလဒ်တွေဟာလည်း မတူညီတဲ့ရလဒ်တွေကို ဖြစ်စေတာပါ။ တခါတလေ ကြိုးစားအားထုတ်မှုချင်းတူနေပေမယ့် ရလဒ်ချင်းကွာသွားပါတယ်။ ဒါဟာ ကံတရားကြောင့်လားလို့ တချို့ကတွေးကြပေမယ့် ကိုယ်မမြင်နိုင်တဲ့ အားနည်းချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒါတွေကို သတိထားမိလာတဲ့ ကျွန်မဟာ ကျွန်မရဲ့ လုပ်ရပ်အပေါ်မှာ ၊ ကလေးရဲ့ ရလဒ်အပေါ်မှာ အမြဲပြန်လည်သုံးသပ်ပြီး ဘယ်နေရာမှာ အားနည်းချက်တွေရှိနေလို့ ဒီလိုဖြစ်တာလဲ ၊ ဘယ်နေရာမှာ အားသာချက်တွေရှိနေလို့ ဒီလိုရလဒ်ကောင်း ထွက်တာလဲဆိုတာလည်း အမြဲသုံးသပ်ပါတယ်။

ကိုယ်မသိသေးတဲ့ အားနည်းချက်တွေကို သတိထားမိပြီး ပြင်နိုင်ပါမှ ဒီလိုမကောင်းတဲ့ရလဒ်တွေ ထပ်မရှိလာတော့မှာလေ။ ကိုယ့်မှာရှိထားတဲ့ အားသာချက်တွေကို အသုံးပြုပြီး ပိုမိုတောက်ပြောင်အောင် ဖော်ဆောင်လိုက်မယ်ဆို ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ မလွဲမသွေ ရရှိလာမှာပါပဲ။

တခါတလေမှာ မိမိအားနည်းချက်ကြောင့် ဒီရလဒ် သွယ်ဝိုက်ရရှိလာတာကို အခြားလူအပြစ်လို့ တပါးသူကို အပြစ်ဖို့တတ်ကြတယ်။

ဥပမာ(၁)။     ။ သူများတွေက သူတို့အချစ်ရေးမှာ အဆင်ပြေချောမွေ့နေပြီး ကိုယ့်အလှည့်ကျတော့ တွဲတဲ့သူတိုင်းနဲ့ မမြဲနိုင်တာ ကံတရားကြောင့်လား ၊ သူ့ကြောင့်လား ၊ ကိုယ့်ကြောင့်လား။ ကံကြောင့်လည်း တနည်းတဖုံပတ်သက်နေနိုင်သလို ကိုယ်နဲ့လက်တွဲမမြဲနိုင်တဲ့သူတွေကိုမှ ချစ်ကြိုက်ရွေးချယ်ခဲ့မိတဲ့ ကိုယ့်အားနည်းချက်တွေကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။

လူတိုင်းမှာ ပြီးပြည့်စုံသူရယ်လို့မရှိတာမို့ ပြီးပြည့်စုံတယ်လို့ ထင်ရတဲ့ ချစ်သူကို ရရှိထားသည့်တိုင် အားနည်းချက်တွေ ၊ လိုအပ်ချက်တွေ ရှိနေဦးမှာပါ။ ကိုယ့်မှာလည်း လိုအပ်ချက်တွေ ၊ ထောက်ပြစရာတွေ ရှိနေမှာအသေအချာပါပဲ။ ဒီလို သူစိမ်းနှစ်ယောက်က အစပြုတဲ့ အချစ်ရေးမှာ မြင့်သူမှန်းရင် သူနဲ့ထိုက်တန်တဲ့နေရာမှာ ကိုယ်တိုင်က ရပ်တည်နေနိုင်တဲ့ အရည်အချင်းမျိုးတွေရှိနေရမှာပါ။

ကိုယ်လိုချင်တဲ့ အမြင့်ကလူကို အနိမ့်မှာရရှိနေတဲ့ ကိုယ်က လှမ်းနိုင်ရုံ ၊ မှန်းနိုင်ရုံ ၊ သမီးရည်းစားအဖြစ် လက်တွဲခွင့်ရရုံ ၊ ပတ်သက်ခွင့်ရရုံလေးဟာ အဆုံးသတ်သွားတဲ့ အဖြစ်တော့ မဟုတ်သေးပါဘူး။ ရေရှည်လက်တွဲမမြဲတဲ့ သမီးရည်းစားတွေရှိတယ်။ နှစ်ရှည်တွဲပြီးကာမှ ကွဲကွာသွားခဲ့ကြတဲ့ သမီးရည်းစားတွေလည်းရှိတယ်။ အကြောင်းအကျိုးမတိုက်ဆိုင်လို့ လမ်းခွဲကြတဲ့ သမီးရည်းစားတွေလည်း မနည်းတာမို့ သမီးရည်းစားတွေ အိမ်ထောင်ပြုသည်အထိ လက်တွဲမြဲသွားဖို့ဆိုတာ စိန်ခေါ်မှုတရပ်လိုပါပဲ။

ဘာအကြောင်းကြောင့်ပဲ ကွေကွင်းသွားပါစေ ကိုယ်တိုင်က တန်ဖိုးရှိတဲ့သူလို့ ကိုယ့်ကိုယ်ကို သတ်မှတ်ထားတဲ့ မိန်းကလေးတစ်ယောက်အတွက် မိမိရဲ့တန်းဖိုးကို မသိ ၊ တန်းဖိုးထားမှုမရှိတဲ့ အမျိုးသားကို ချစ်သူရည်းစားအဖြစ် လက်တွဲခဲ့မိတာ ကိုယ့်ရဲ့အပြစ်လို့ပဲသတ်မှတ်ရုံရှိတာပေါ့။

ဥပမာ(၂)။     ။ သူများအိမ်ထောင်ရေးတွေ ပျော်ပျော်ရွှင်ရွှင် သာသာယာယာပဲနော်။ ကိုယ့်အိမ်ထောင်ရေးကျတော့ အဆင်မပြေမှုတွေ ၊ စိတ်ဆင်းရဲမှုတွေ အတိဖြစ်နေတယ်လို့ ထင်နေသလား။ အိမ်ထောင်ရေးကံမကောင်းဘူးလို့ မှတ်ယူထားသလား။

သူစိမ်းနှစ်ယောက် တမိုးအောက်နေထိုင်ကြတဲ့ အိမ်ထောင်ရေးမှာ ကိုယ့်ချို့ယွင်းချက်တွေ ၊ အားနည်းချက်တွေကို ခွင့်လွှတ်ဖေးမနိုင်တဲ့သူ ၊ ကိုယ့်အားသာချက်တွေကို တောက်ပြောင်အောင် ထောက်ပံ့မှုပေးပြီး အရောင်တင်ပေးနိုင်တဲ့သူ ၊ အပြန်အလှန် ကြင်နာမှုတွေကို ဆယ်စုနှစ်တွေ ပြောင်းသွားသည့်တိုင် အချစ်တွေမပြောင်းဘဲ သစ္စာရှိစွာချစ်ခင်ယုယနိုင်တဲ့သူနဲ့ အိမ်ထောင်ထူထောင်ဖို့ဟာ အိမ်ထောင်ရှင်တိုင်းမက်တဲ့ အိမ်မက်တခုပါ။

အိမ်ထောင်ပြုစက သာယာသလိုရှိနေပေမယ့် ကြာလေခါးလေ ဆက်ဆံရေးနဲ့ ဒီအိမ်ထောင်ထဲ ခါးသီးမှုတွေချည်း လွှမ်းမိုးနေရင် ဒီအိမ်ထောင်ထဲက ဇနီး ၊ ခင်ပွန်း ၊ သားသမီးလေးတွေမှာ စိတ်ဆင်းရဲမှုတွေ ရှိနေမှာပါ။ ရှုပ်ထွေးသယောင်ရှိတဲ့ အချစ်ရေးထက် အတွင်းကျကျ ပိုရှုပ်ထွေးတာ အိမ်ထောင်ရေးပါပဲ။ အိမ်ထောင်သက်ကြာလာလေလေ ၊ အိမ်ထောင်စုဝင်တွေ တိုးပွားလာလေလေ တာဝန်တွေများလာလေလေပဲ။

စားဝတ်နေရေး ၊ လူမှုရေး ၊ စီးပွားရေး ၊ သားသမီးရဲ့ပညာရေး စတာတွေက အရေးပါတဲ့ အခန်းကဏ္ဍမှာ ရပ်တည်နေသမျှ လင်မယားနှစ်ဦးအကြားက အချစ်ရေးဟာ တဖြည်းဖြည်းမှေးမှိန်လာပါတော့တယ်။ တာဝန်တွေပိလာတော့ မကျေနိုင်တဲ့တာဝန်တွေအကြားမှာ တာဝန်ကျေဖို့နေ့နေ့ညည ကြိုးစားရင်း ကိုယ်တွေနှစ်ဦးအကြားက အချစ်ရေးဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ တဖြည်းဖြည့် မှိန်ဖျော့ လာတာပါ။ ဒီကြားတဲ့ မကျေနိုင်တဲ့တာဝန်တွေဟာ သူ့ကြောင့် ကိုယ့်ကြောင့်လို့ အပြစ်ဖို့စိတ်ကလေးများ ဝင်လာရင်ဖြင့် ရန်ပွဲတွေလည်း စလာပါပြီ။ ဒီအခါ ဇနီးမောင်နှံနှစ်ဦးအကြား မေတ္တာပျက်လာတော့မှာပေါ့။ ဒီကြားထဲ သွေးထိုးစကားတွေကဝင် ၊ အနှောင့်တွေကဝင် ၊ နီးတဲ့သူနဲ့သာ ငြိကြမယ်ဆိုရင် သိပ်မကြာခင် ဒီအိမ်ထောင်ထဲက မိသားစုဝင်တွေဟာ စိတ်ဒဏ်ရာကိုယ်စီနဲ့ အိမ်ထောင်ကွဲရင်ကွဲ ၊ မကွဲရင် စိတ်ဝမ်းကွဲပြီး သူစိမ်းထက်ပိုစိမ်း ၊ ရန်သူထက်ပိုမုန်းကြတော့မယ်။

တခြားသူတွေဟာ မြင်တွေ့ကြုံဆုံနေရတဲ့ ဒီအိမ်ထောင်ရေး ပြဿနာတွေ ကိုယ့်မှာလည်း ဖြစ်နိုင်တယ်။ ဒါတွေမဖြစ်အောင် ဘယ်လိုပြင်ဆင်ထားမယ် ၊ ကိုယ်တွေနှစ်ဦး ဘယ်လိုတိုင်ပင် လုပ်ဆောင်သွားမယ် စသဖြင့်ကို အစကတည်းက သူနဲ့ကိုယ် စိတ်သဘောထားချင်း ၊ တွေးခေါ်လုပ်ဆောင်မှုချင်း ၊ အရည်အချင်းတွေ ၊ မိသားစုတွေပေါင်းစပ်သွားကြဖို့ စသဖြင့်ကို အိမ်ထောင်မပြုခင်ကတည်းက နှိုက်နှိုက်ချွတ်ချွတ် မစဉ်းစား ၊ မတွေးခေါ်ခဲ့တာ ကိုယ့်အပြစ်ပါ။ ကိုယ်ချစ်တဲ့သူနဲ့ ပေါင်းရရင်ပြီးရောစိတ်ထားခဲ့မိတာ ကိုယ့်အားနည်းချက်ပါ။ နေ့ရက်တွေ ၊ အချိန်တွေနဲ့အမျှ လူ့စိတ်ဆိုတာဟာလည်း အခြေအနေအပေါ်မူတည်လို့ ခံစားချက်တွေ ပြောင်းလဲတတ်ကြတာ မမေ့ခဲ့ရင်ကောင်းမယ်။

ဥပမာ(၃)။     ။ သူများသားသမီးတွေ မိဘကို ငယ်ငယ်လေးနဲ့သိတတ် ၊ တော်လိုက်ကြတာ။ ကိုယ့်သားသမီးများ ဆိုဆုံးမလို့မရ ၊ ပြောစကားနားမထောင် ၊ မသိတတ် ၊ မိဘနဲ့ ကန့်လန့်လုပ်လိုက်ရမှ နေသာထိုင်သာရှိလို့ မိဘဖြစ်တဲ့ကိုယ့်မှာ သားသမီးကြောင့် စိတ်ဆင်းရဲနေရတယ်ဆိုတာ သားသမီးကံမကောင်းလို့လား။

ကလေးကိုယ့်ကို တွယ်တာချစ်ခင်စေချင်ရင် ကလေးကို ကိုယ်ဝန်မဆောင်ခင်အချိန်ကတည်းက သူ့အတွက်လိုအပ်မယ့် ပံ့ပိုးမှုတွေလုပ်ပေးဖို့ ငွေကြေးအခြေအနေတောင့်တင်းနိုင်ဖို့ ကြိုးစားပါ။ ကလေးမွေးပြီးမှ သူ့အလိုလိုဖြည့်တင်းပေးသွားမယ်လို့တွေးနေတဲ့ ယခုလုံးလည်ချာလည် ရရစားစား ဘဝမျိုးမှာဆို ကလေးကို အချိန်ပေးနိုင်ဖို့အချိန် ရှားနေပါပြီ။ ကလေးအတွက် လိုအပ်တာတွေဟာ ကလေးမွေးပြီးချိန်ကစလို့ ကလေးအရွယ်ရလာလေလေ စားဝတ်နေရေး ၊ ပညာရေးစတာတွေမှာ ငွေပိုလိုအပ်လာတော့ လိုနေတဲ့ဒီငွေတွေ အပိုရှာဖို့ ကလေးကို အဓိကအုပ်ထိန်းရမယ့်မိခင်ဟာ ကလေးနားမနေနိုင်ဘဲ ငွေရှာနေရပြီလေ။

ကလေးအနားနေရမယ့်အချိန် ကလေးအနားမနေနိုင်ကတည်းက ကလေးနဲ့ ကိုယ့်အကြားမှာ စိတ်ချင်းဝေးနေပါပြီ။ မိဘနဲ့သားသမီးအကြား စိတ်ချင်းဝေးနေရင် ကလေးဟာ မိဘအပေါ် သွေးသားဆက်စပ်မှုအရသာ အဖေ ၊ အမေ ခေါ်နေရပေမယ့် စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ ချစ်ခင်တွယ်တာတာမျိုး ပါးလျနေပါတယ်။ ဒီကြားထဲ မိဘက လုံလောက်စွာမပံ့ပိုးပေးနိုင်ဘူး ၊ တွေ့ရင် အချစ်ခံရတာထက် အဆူခံအရိုက်ခံရတာတွေလည်း များနေမယ် ၊ သားသမီးလုပ်ချင်တာထက် မိဘလုပ်စေချင်တာကိုပဲ ဖိအားပေး လုပ်နေရမယ်ဆိုရင် ကလေးဟာ အရွယ်ရလာလေလေ ဂျစ်ကန်ကန်နဲ့ မိဘနဲ့အစေးမကပ်ဖြစ်နေမှာပါ။

ဆိုဆုံးမလို့မရတဲ့ သားသမီးကို ရနေတာဟာ နည်းမှန်လမ်းမှန် ဆိုဆုံးမမှုတွေ မလုပ်ခဲ့တဲ့ ကိုယ့်ရဲ့အားနည်းချက်ပါပဲ။ ကိုယ့်လက်အောက်မှာရှိနေတဲ့ ကလေးအရွယ်မှာတောင် ကိုယ့်စကားနားမထောင် ကလန်ကဆန်ကလေးဖြစ်နေရင် ကိုယ့်လက်အောက်ကလွတ်သွားတဲ့အရွယ် (ကိုယ်အိုမင်းသွားတဲ့အရွယ်)မှာ သားသမီးဖြစ်သူဆီက ယုယကြင်နာမှုတွေ ၊ သိတတ်မှုတွေဆိုတာ ကိုယ်ခံစားရနိုင်ပါ့မလား။ ကိုယ့်အမွေတွေယူပြီး ကိုယ့်ကိုယ်မစွန့်ပစ်ရင် အတော်ကံကောင်းတယ်လို့များ ဆိုရလေမလား။ ခုနောက်ပိုင်း စွန့်ပစ်ခံဘိုးဘွားတွေ များလာလို့ ဒီလိုရေးရတာပါ။ နောင်နှစ်နှစ်ဆယ်ဆို ဒီ့ထက်များ ပိုဆိုးရွားလာလေမလားလို့ …. အဲဒီစွန့်ပစ်ခံ ဘိုးဘွားတွေထဲ ကိုယ်မပါချင်ရင် ကလေးငယ်စဉ် ကလေးငယ်ကို အချိန်ပေးပါ ၊ မေတ္တာပေးပါ ၊ ဂရုစိုက်ပေးပါ ၊ ကြင်နာမှုတွေပေးပါ ၊ အစွမ်းကုန်ပံ့ပိုးပေးပါ။ မေတ္တာပေးမှ မေတ္တာရတာပါ။

ဥပမာ (၄)။     ။ ကိုယ့်ကလေးဟာ တခြားကလေးတွေနဲ့တန်းတူ ဥာဏ်ရည်လည်းမီတယ် ၊ သူများတန်းတူလည်း ကလေးကို ပံ့ပိုးသင်ယူခွင့်ပေးတယ်။ ဒါပေမယ့် ရလဒ်မှာ သူများကလေးတွေလောက်မကောင်းဘူး။ ဒီလိုရလဒ်ကို မြင်ပြီဆိုတာနဲ့ လူကြီးမိဘတွေဟာ ကလေးကို တန်းပြီးဆူပူကြိမ်းမောင်း ရိုက်နှက်တာမျိုးအထိ လုပ်တတ်ကြတယ်။ ၁၀၀% ကလေးအပြစ်လား ….. အရွယ်ရောက်ပြီး လူကြီးမိဘနဲ့အတူနေတဲ့သားသမီးတွေတောင် မိဘရဲ့ လမ်းပြထိန်းကျောင်းမှုမျိုးမရှိရင် ကိုယ်လုပ်ချင်ရာ ပျော်သလို လုပ်နေတတ်ကြတာမဟုတ်လား။ ကျောင်းနေတဲ့ ကလေးငယ်ငယ်လေးတွေဟာ ကျောင်းပို့ရင် ကျောင်းသွားမယ် ၊ ကျူရှင်ပို့ရင် ကျူရှင်သွားမယ်။ စာကြည့်ခိုင်းရင်ကြည့်မယ်။ စာမကြည့်ခိုင်းရင် တီဗွီ ၊ ဂိမ်း ၊ သူငယ်ချင်း ၊ ကစားစရာ စတာတွေကို အဖော်ပြုကြမှာပါ။ ဒီလို အချိန်တန်ဖိုးချပုံချင်း မတူညီတဲ့အလျောက် ရလဒ်တွေဟာ ကွာသွားမှာပါ။

ကျောင်းနဲ့ကျူရှင်က သင်လိုက်တာတွေကို နှစ်ရက် သုံးရက်တခါ ၊ တပတ်တခါ မိဘက ပြန်မနွေးပေးရင် သင်ပြီးသားဟာတွေ မေ့သွားတတ်တာ သဘာဝပါ။ ကိုယ်ငယ်ငယ်တုန်းကလည်း မေ့ခဲ့ဖူးမယ်။ ဒီကလေးငယ်ငယ်ဟာလည်း မေ့ကောင်းမေ့သွားမှာပါ။ တအားကြာသွားမှ ပြန်ခေါ်နွေးမယ်ဆို အစက ပြန်သင်ရသလို ခက်ခဲကြန့်ကြာနေမှာပါ။ ဒါကြောင့် သင်ပြီးသားစာတွေကို မိဘက ပြန်ဆိုခိုင်း ၊ ပြန်နွေးခိုင်းတာမျိုးတွေ အိမ်မှာအချိန်ပေးမလုပ်ရင် ကျောင်းနဲ့ကျူရှင်က သင်လိုက်တဲ့စာတွေဟာ တကယ့်စာမေးပွဲနားနီးရင် လပေါင်းများစွာ စာကြွေးတင်သမျှ စာပိတော့တာပါပဲ။ စာမေးပွဲနီးမှာ စာအတင်းကျက်ခိုင်းတော့ ကလေးဟာ သူမှတ်နိုင်သမျှလေးနဲ့ပဲ ဖြေခဲ့မှာပါ။ ဒီတော့ တူတူချင်းတက်ပေမယ့် ရလဒ်ကွာသွားတာမျိုးဖြစ်တာပါ။ ဒါဟာ ကလေးအပြစ်ချည်းပဲမဟုတ်ပါဘူး။ ကလေးကို အချိန်ပေးပြီး အိမ်မှာစာလုပ်ဖို့ ကြပ်မတ်မှုမျိုးမပေးနိုင်တဲ့ ကိုယ့်အားနည်းချက်လည်း ပါဝင်တာနေလို့ ကိုယ်မျှော်လင့်ထားတဲ့ ရလဒ်ကောင်းမျိုး မရရှိတာပါ။

အခုဆိုရင် အဘက်ဘက်သောရှုထောင့်က သုံးသပ်ပြထားတဲ့ မမြင်နိုင်သော အားနည်းချက်များ၏နောက်ကွယ်မှာ ဘာတွေဖြစ်နေနိုင်သလဲဆိုတာကို စာဖတ်သူတွေ ကောင်းစွာသဘောပေါက်နားလည်ရင်း ဆောင်သင့်တာတွေဆောင် ၊ ရှောင်သင့်တာတွေရှောင်လို့ ပျော်ရွှင်စရာ မိသားစုဘဝ ၊ ချစ်သူဘဝမှာ ကျေနပ်ပျော်ရွှင်ကြစေဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%99%e1%80%bb%e1%80%99%e1%80%84%e1%80%b9%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac-%e1%80%a1%e1%80%ac%e1%80%b8%e1%80%94%e1%80%8a%e1%80%b9%e1%80%b8%e1%80%81%e1%80%ba/feed/ 0
စာရေးသူနှင့် Report Card http://www.burmesehearts.com/%e1%80%85%e1%80%ac%e1%80%b1%e1%80%9b%e1%80%b8%e1%80%9e%e1%80%b0%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-report-card/ http://www.burmesehearts.com/%e1%80%85%e1%80%ac%e1%80%b1%e1%80%9b%e1%80%b8%e1%80%9e%e1%80%b0%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-report-card/#respond Thu, 14 Jun 2018 16:42:27 +0000 http://www.burmesehearts.com/?p=74722
ကလေးငယ်တွေရဲ့ ပညာရေးတိုးတက်မှုမှတ်တမ်းဟာ ကလေးငယ်တွေ ပညာရေး တိုးတက်မှုအတွက် အလွန်အရေးကြီးပါတယ်။ ဒါ့ထက်ပိုအရေးကြီးတာက ကလေးငယ်တွေရဲ့ Report Card ရတဲ့အခါ အုပ်ထိန်းသူမိဘက ဘယ်လိုတုန့်ပြန် ကိုင်တွယ်သွားသလဲအပေါ်မူတည်ပြီး ရေရှည်ရလဒ် ကွာခြားသွားပါတယ်။
ကျွန်မငယ်ငယ်တုန်းက Report Card အပေါ် ခံစားရတဲ့ခံစားမှုနဲ့ မိဘတွေရဲ့ တုန့်ပြန်မှုကို ကလေးတွေ ကောင်းကျိုးအလို့ငှါ ဝေမျှပေးလိုက်ပါတယ်။ ဒီခံစားမှုဟာ အဲဒီအရွယ်တုန်းက ကလေးငယ်တွေ ခံစားရတဲ့ ခံစားမှုကို ထင်ဟပ်မြင်ယောင်စေမှာဖြစ်ပါတယ်။ ဒီခံစားမှုကို ကလေးသာ ထုတ်မပြောခဲ့ရင် ၊ ဖွင့်ဟမပြောရဲခဲ့ရင် ကလေးငယ်ဘဝအတွက် ဆုံးရှုံးမှုများစွာ ရှိနေနိုင်ပါတယ်။ ဒီခံစားမှုမျိုး မိမိသားသမီးမှာ ရှိနေနိုင်တယ်လို့ မိဘတွေ သိနားလည်ခဲ့မယ်ဆိုရင် ကလေးငယ်ရဲ့ Report Card အပေါ်တူညီတဲ့ တုန့်ပြန်မှုအမှားတွေ မလုပ်မိဖို့ ဆင်ခြင်မိနိုင်မယ်ထင်ပါတယ်။

 

ကျွန်မမိဘတွေက အလုပ်များတယ်။ အိမ်မှာမြင်ရခဲတယ်။ ကျွန်မတို့ငယ်ငယ်တုန်းက ကလေးထိန်းပေးမယ့်သူတွေ အိမ်မှာ သပ်သပ်ရှိနေတော့ ကလေးတာဝန်တွေကို ဒီလူတွေကပဲ အလှည့်ကျ အလျဉ်းသင့်သလို တာဝန်ယူသွားခဲ့တော့ ကလေးငယ်ရဲ့ ပညာရေးဆိုတာကို မိဘတွေက Report Card လက်မှတ်ထိုးတော့မှ သိရတဲ့သဘောပါ။

မိသားစုဝင်တွေထဲမှာ ကျွန်မကစာတော်တယ်။ ဒီလိုစာတော်အောင် ကြိုးစားချင်တဲ့ အကြောင်းရင်းကလည်း ရှိခဲ့တယ်။ ကျွန်မမွေးကတည်းက ချူချာခဲ့တယ်။ အထက်မှာလည်း အစ်ကို ၊ အစ်မတွေရှိပြီး ကျွန်မက အငယ်ဆုံးဖြစ်ပေမယ့် အငယ်ဆုံးပီပီ ဆိုးနွဲ့ခွင့် ကျွန်မမှာ မရှိခဲ့ဘူး။ မိဘတွေက မအားတော့ အနားမှာမရှိဘူးလေ။ ဒါ့အပြင် ချူချာတဲ့ကလေးမို့ အမြဲလိုလို အိပ်ယာထဲမှာ အဖျားတွေနဲ့ နာမကျန်းမှုတွေနဲ့ အဖော်မဲ့နေတတ်တာများတယ်။ ဒီတော့ စာအုပ်တွေက ကျွန်မရဲ့ အဖော်ဖြစ်လာခဲ့တယ်။

ကျွန်မများ စာတော်ရင် မိဘတွေရဲ့ အလေးထားမှု ၊ ဦးစားပေးမှုကလေးများ ရလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျန်းမာရေးထူထူထောင်ထောင်လေး စဖြစ်လာတဲ့ ဆယ်နှစ်ဝန်းကျင်ကနေစပြီး အားကုန်ကြိုးစားလာခဲ့တာ ကျွန်မက အတန်းထဲ ထိပ်ဆုံး(၃)ယောက် နေရာတွေမှာ ရပ်တည်လာခဲ့တယ်။ ပထမဆုံး အဆင့်(၁)ရတဲ့အချိန်က Report Card ကိုကြည့်ပြီး ရင်ခုန်တယ်။ မိဘတွေရဲ့ ချီးကျူးစကားကို ကြားရတော့မယ်ဆိုပြီးတော့ ပျော်တယ်။ ငါ့ကို ဦးစားပေး အလေးထားပြီး ငါလိုချင်တာတွေ ဖြည့်ဆည်းပေးလာမလား မျှော်လင့်ချက်နဲ့ ကြည်နူးခဲ့တယ်။

Report Card မိဘလက်ထဲရောက်တော့ အဆင့်တော်တော်တက်လာတာပဲ။ ဒီအတိုင်းဆက်ကြိုးစား အဆင့်ကျသွားလို့ကတော့ အသိပဲ။ ဒီ့ထက်ပို အမှတ်ကောင်းအောင်ကြိုးစား ၊ အမှတ်ပြည့်ရအောင်ကြိုးစားဆိုတဲ့စကားတွေနဲ့ အဆင့်ကျရင်အသိပဲဆိုတဲ့ စကားတွေက ကျွန်မကို ဝမ်းနည်းကြောက်လန့်သွားစေခဲ့တယ်။ အဲဒီနောက်ပိုင်း ကျွန်မ အတန်းဖြေစာမေးပွဲတွေရဲ့ ရလဒ်နဲ့  Report Card ထွက်လာမှာကို ကြောက်တယ်။ အဖေက အိမ်မှာမရှိသလောက် ခရီးထွက်နေရတာဆိုတော့  အဲဒီ  Report Card ကို လက်မှတ်ထိုးပေးလေ့ရှိတဲ့ အမေ့ဆီယူသွားရမှာ ပိုကြောက်တယ်။ 

အဆင့်(၁)ကနေ (၂)ကျသွားတာမျိုး ၊ (၃)ရောက်သွားတာမျိုး အရင်တခေါက်ထက် အမှတ်ပေါင်းရလဒ် နည်းသွားတာမျိုးတွေဆို ကျောင်းကနေ အိမ်အပြန်လမ်းမှာ ကျွန်မ ကူကယ်ရာမဲ့ဝမ်းနည်းပြီး အငွေ့ပျံပျောက်သွားချင်တဲ့စိတ်တွေနဲ့ အလွန်စိတ်ဓါတ်ကျဝမ်းနည်းနေလေ့ရှိတာ ဘယ်သူမှ မသိခဲ့ဘူး။

ဒီလိုခံစားချက်မျိုးတွေနဲ့ ကလေးငယ်တွေကို မကြီးပြင်းစေချင်ဘူး။ ကျွန်မစာတော်ခဲ့သလားဆို စာတော်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မကိုယ်ကျွန်မ ယုံကြည်ချက် လုံးဝမရှိခဲ့တဲ့ ကလေးငယ်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ကိုယ့်ကို အားပေးချီးမြှောက်မယ့်သူ ကိုယ့်နောက်မှာမရှိဘဲ ကြီမ်းမောင်းစကားတွေ ၊ ရိုက်ချက်တွေကို ကြောက်ကြောက်နဲ့ ဖျစ်ညှစ်ကြိုးစားခဲ့ရတော့ အားမရမှုတွေ ၊ စိတ်အားငယ်မှုတွေ ၊ ဝမ်းနည်းမှုတွေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမဲ့နေခဲ့တာပါ။

မိဘတွေက ဆရာဝန်လုပ်လို့ ပြောတဲ့စကားဟာ ကိုယ့်ရဲ့အနာဂါတ်ဆုံးဖြတ်ချက်ဖြစ်သွားတော့ ကျွန်မကိုယ်ကျွန်မ ဘာဝါသနာပါမှန်း ဘာဖြစ်ချင်မှန်း ဘယ်နေရာမှာ အားသာချက်တွေရှိနေမှန်းမသိတော့ဘူး။ မိဘတွေဖြစ်စေချင်တဲ့ဆန္ဒက ကျွန်မရဲ့ ရည်မှန်းရာ ၊ ရည်ရွယ်ချက်ဖြစ်သွားပြီး ဒါကို မဖြစ်မှာလည်း အသေတွေးကြောက်ခဲ့တယ်။

ကျွန်မဆရာဝန်လည်း ဖြစ်မလာခဲ့ပါဘူး။ မိဘတွေ ဖြစ်စေချင်တာလည်း ဖြစ်မလာခဲ့ ၊ ကိုယ်ဘာဖြစ်ချင်မှန်းလည်း မသိနဲ့ ယောင်ဝါးဝါးအချိန်တွေ နှစ်အတော်ကြာခဲ့တယ်။ စာအုပ်တွေ ချစ်တဲ့စိတ်ကလေးကြောင့်သာ စာကြည့်တိုက်မှာ စာအုပ်တွေနဲ့ အဖော်ပြုရင်း စိတ်လေနေချိန် လမ်းမှားမရောက်ခဲ့တာပါ။

ကျွန်မနေရာမှာရောက်နေခဲ့တဲ့ (စာအုပ်စာပေလည်းမချစ်တတ်တဲ့) လူငယ်လူရွယ်လေးတွေ စိတ်လေပြီး မဟုတ်တာတွေ လုပ်ခဲ့မယ်ဆို ပထမဆုံးဒုက္ခရောက်မှာက ကာယကံရှင်ဖြစ်တဲ့သူတို့ဘဝ ၊ ဒီအရွယ်အထိရောက်အောင် ပြုစုပျိုးထောင်ပြီး အချိန်နဲ့ငွေကြေးတွေ ရင်းနှီးမြှုပ်နှံခဲ့တဲ့ မိဘတွေရင်ကျိုးမှာ ဒုတိယပါ။

စာတွေဖတ်ပြီး ဒါတွေနားလည်လာခဲ့တော့ ငါ့သားသမီးများရှိလာခဲ့လို့ သူ့ရလဒ်မကောင်းရင် သူ့ကို ကောင်းမွန်စွာ လမ်းညွှန်မပြသနိုင်တဲ့ ကိုယ့်ကိုယ်ကို အရင်အပြစ်တင်မယ် ၊ ဘာကြောင့် သူဒီလိုဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို ရအောင်ကိုယ့်ဘာသာ ရှာဖွေမယ် ၊ ရလဒ်ကောင်းထွက်မလာလို့ စိတ်ဓါတ်ကျနေတဲ့ကလေးကို ဆူပူရိုက်ဖို့ထက် နောက်တခေါက်ကောင်းအောင် အတူတိုင်ပင်လုပ်ကိုင်ကြစို့လို့ အားပေးမယ် ၊ ကလေးလက်ရှိအခြေအနေက တိုးတက်လာအောင် ကလေးနဲ့အတူ ဘယ်လို ပူးပေါင်းလုပ်ဆောင်သွားနိုင်မလဲ အဖြေရှာမယ် ၊ ကလေးကို ယခုထက်ပိုပြီး ထိရောက်တဲ့ ပံ့ပိုးမှုတွေပေးမယ် ၊ စိတ်ဓါတ်အင်အား မြှင့်တင်ပေးမယ်။ ရလဒ်ကောင်းလေးများထွက်လာခဲ့ရင် စကားနဲ့ချီးမြှောက်ရုံအပြင် ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာထဲက သူလိုချင်တာတွေ ဝယ်ပေးပြီး ချီးမြှောက်လုပ်ကိုင်ပေးမယ်လို့ ဆုံးဖြတ်ထားခဲ့တယ်။

ဆုံးဖြတ်ထားတဲ့အတိုင်း ကလေးငယ်ငယ်ကတည်းက ထစ်ခနဲ့ရှိ ဆူပူအပြစ်တင်တတ်သူမဖြစ်အောင် လေ့ကျင်လာခဲ့ရတာပါ။ ကိုယ်ငယ်ငယ်တုန်းက ထစ်ခနဲရှိ ဆူပူရိုက်နှက်ခံခဲ့ရတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရတော့ ဒီလိုအကျင့်တွေ ဦးနှောက်ထဲရောက်နေတာကို အတော်ကြိုးစားဖျောက်ခဲ့ရတယ်။ စိတ်တွေရော ၊ လက်တွေရောချုပ်တည်းခဲ့ရတာ အတော်ခက်တယ်။ ဒါပေမယ့် ငါ့လို ငါ့သသမီး တပြန်မခံစားစေရဘူးဆိုတဲ့စိတ်နဲ့ ကျွန်မလေ့ကျင့်ယူလာခဲ့တာ အခုသမီးမူကြိုအရွယ်မှာ ကလေးနဲ့ကျွန်မအကြားမှာ နားလည်မှုအခိုင်အမာတည်ဆောက်လို့ Team Work ဆိုတာကို အခိုင်အမာ ထူထောင်နိုင်ခဲ့ပြီ။

သူ့လေ့လာသင်ကြားမှု အလုံးစုံမှာ အဖော်ပြုရင်း သူတော်တာ ကိုယ်ကောင်းလို့ ၊ သူမတော်တာ ကိုယ်ညံ့လို့ဆိုတဲ့စိတ်မျိုးနဲ့ ကလေးနဲ့သာတူညီမျှခံစားရင်း ပျော်ရွှင်စွာလေ့လာသင်ကြားမှုလမ်းစဉ်ကို ပြုစုပျိုးထောင်လာခဲ့တာ အခုဆို ငါးနှစ်ကျော်ခဲ့ပြီ။ ရလဒ်ကောင်းလေးတွေ စတွေ့လာခဲ့ပါပြီ။ ဒါကြောင့် ကျွန်မရဲ့ငယ်ဘဝက အတွေ့အကြုံ ခံစားမှုတွေ ၊ လက်ရှိလုပ်ကိုင်ဆောင်ရွက်မှုတွေကို ဝေမျှလို့ စာဖတ်သူမိဘတွေလည်း မိမိသားသမီးတွေရဲ့ ပညာရေးခရီးမှာ ဘာတွေရှောင်ပြီး ဘာတွေဆောင်ရမယ်လို့ နည်းနာယူနိုင်လောက်ပြီလို့ ယုံကြည်မိပါရဲ့။ ကလေးဆိုတာ ခံစားမှုတွေ နုနယ်တယ်။ ဖွင့်ဟပြောခွင့်တွေလည်းနည်းတယ်။ မပြောရဲတာကများတယ်။ အကောင်းဆုံးက ကလေးငယ်ကို နားလည်မှုပေးလို့ ဖေးမချီးမြှင့်ပေးခြင်းကသာ အကောင်းဆုံးရလဒ်တွေကို ရရှိစေမှာဖြစ်ပါတယ်။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%85%e1%80%ac%e1%80%b1%e1%80%9b%e1%80%b8%e1%80%9e%e1%80%b0%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-report-card/feed/ 0
မှန်မှန်တိုးတက်သော ကလေးများဖြစ်စေချင် http://www.burmesehearts.com/%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%90%e1%80%80%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8/ http://www.burmesehearts.com/%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%90%e1%80%80%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8/#respond Wed, 13 Jun 2018 15:52:20 +0000 http://www.burmesehearts.com/?p=74714 ကလေးကို ပြုစုပျိုးထောင်ပေးတယ်ဆိုတာ ဆေးပူဖောင်းမှုတ်နေရသလိုပဲ။ ညင်ညင်သာသာ မှုတ်နေရင်းက ဘယ်နေရာကပေါက်ပြီး လေတွေထွက်နေသလဲ ၊ ဘာကြောင့် ကိုယ်မှုတ်တဲ့ ပူဖောင်း မကြီးလာရသလဲဆိုတာလည်း မှုတ်နေရင်းက အဖြေရှာတတ်ရတယ်။ လေမှုတ်နေတာ  ဘယ်အချိန် ရပ်သင့်သလဲဆိုတာလည်း သိရမယ်။ မသိဘဲဆက်မှုတ်နေရင် ပူဖောင်းပေါက်ပြီး အရာမထင်ဖြစ်တတ်တာမျိုးပါ။]]>

မိဘတွေအများစုက ကိုယ့်သားသမီး ၊ ကိုယ့်မျိုးဆက်တွေကို ကိုယ့်ထက် ပိုတော်စေ ၊ ပိုတိုးတက်စေချင်ကြတယ်။ ဒါပေမယ့် ကိုယ့်သားသမီး ရေရှည်တိုးတက်သွားအောင် စိတ်ရော ကိုယ်ပါ ဘယ်လိုပံ့ပိုးမှုမျိုးပေးရမလဲဆိုတာကို သိနားလည်သူတွေ နည်းကြတယ်။ စိတ်ရောကိုယ်ပါ ပံ့ပိုးပေးမှုမျိုးလို့ ဆိုရာမှာ စိတ်အား ၊ ကိုယ်အား တတ်အားသရွေ့ထက်ကို ပံ့ပိုးပေးရမှာပါ။

ယေဘူယျအားဖြင့် ငွေကြေးတတ်နိုင်တဲ့မိဘတွေက ငွေကြေးနဲ့ အကောင်းစားဆိုတာတွေ ဝန်းရံလို့ ကလေးကို ပံ့ပိုးပေးရင် ကလေးဟာ အကောင်းဆုံးလေးဖြစ်လာလိမ့်မယ်လို့ ထင်ကြတယ်။ ငွေကြေးများစွာမတတ်နိုင်တဲ့သူတွေကျတော့ ကလေးကို လူတန်းစေ့ထားနိုင်အောင် ပံ့ပိုးပေးနိုင်ဖို့ ပိုမိုတိုးတက်ကောင်းမွန်တဲ့ ဝင်ငွေတွေရအောင် စုဆောင်းရှာဖွေကြိုးပမ်းရင်းနဲ့ ကလေးကို အကောင်းဆုံးပံ့ပိုးပေးမယ်လို့ ဆုံးဖြတ်ထားတယ်။

အကောင်းဆုံးပေးတိုင်း အကောင်းဆုံးတွေ ဖြစ်ချင်သလို ဖြစ်မလာတတ်တာတွေတာလည်းရှိပါတယ်။ လိုအပ်ချက်တွေရှိနေလို့ပါ။ မိမိလုပ်တဲ့လုပ်ရပ်တိုင်းကို Review ပြန်လုပ်ပါမှ အမှားကြီးမမှားခင် အမှားခြေလှမ်းတွေ ရပ်နိုင်မယ်။ ပိုမိုမှန်ကန်တဲ့ နည်းလမ်းတွေ ပြန်လည်လုပ်ဆောင်နိုင်တယ်။ ဒီ့ထက်ပိုကောင်းလာနိုင်တဲ့ နည်းလမ်းတွေနဲ့ တိုးတက်လာနိုင်တာပါ။ ဒါကြောင့် ဘယ်အရာမဆို Review ပြန်လုပ်ဖြစ်အောင် လုပ်ပါမှ မိမိအခြေအနေကို အချိန်မလွန်မီ ပြန်လည်စမ်းစစ်နိုင်မှာဖြစ်ပါတယ်။

ကလေးရဲ့ပညာရေးဆိုရင်လည်း ကိုယ်ဖြစ်ချင်တာကိုချည်း ရှေ့တန်းတင်ပြီး မဖြစ်ဖြစ်အောင် ကလေးကို တိုက်တွန်းလုပ်ခိုင်းတာမျိုးကိုရှောင်ပြီး ကလေးရဲ့ရှိရင်းစွဲအခြေအနေကို ပထမဆုံး လက်ခံနိုင်အောင်ကြိုးစားပါ။ ဒီအခြေအနေကနေ ကလေးကို ဒီ့ထက်ပိုမိုကောင်းမွန်အောင် ဘယ်လိုလုပ်ကိုင်ပေးလို့ရနိုင်မလဲဆိုတာ တတ်သိနားလည်ပြီး တကယ်စေတနာပါပါ အကြံပေးနိုင်တဲ့ ဆရာသမားတွေ ၊ မိတ်ဆွေအပေါင်းအသင်းတွေ ၊ မိမိကလေးကဲ့သို့ အခြေအနေကနေ တိုးတက်အောင် ပြုစုပျိုးထောင်ပေးခဲ့သူတွေရဲ့ အကြံဥာဏ်ကို ရယူနာခံပြီး အလုပ်သင့်ဆုံးတွေ ပြင်ဆင်လုပ်ဆောင် ပံ့ပိုးပေးပါမှ မိမိကလေးဟာ တရိပ်ရိပ်တိုးတက်လာမှာဖြစ်ပါတယ်။

နံပါတ်(၁)အချက်အနေနဲ့ ကလေးရဲ့ရှိရင်းစွဲအခြေအနေအား မိဘတွေကို လက်ခံဖို့ ပြောတာက အရေးအကြီးဆုံးအချက်မို့ အကြံပြုရတာပါ။ သူများကလေးတော်တိုင်း မိမိကလေးမတော်ရကောင်းလား (ညံ့ရကောင်းလား) သူများကလေးနဲ့ ခိုင်းနှိုင်းလို့ မိမိကလေးကိုချည်း ပြစ်တင်ပြောဆို ငြူစူရိုက်နှက်ကြတာမျိုး မိဘအများစုက လုပ်တတ်ကြတယ်။ ဒါကို တော်စေ ၊ တတ်စေချင်လွန်းတဲ့စေတနာလို့ ယူဆကြတယ်။  ဒီလိုနာနာပြောမှ ကလေးဟာ နာနာကြိုးစားမယ်လို့ မှတ်ယူကြတယ်။ ပတ်ဝန်းကျင်မှာလည်း ကိုယ့်ကလေးကို ဒီလိုပြောဆိုကြသူတွေ ခပ်များများဆိုတော့ ဒါဟာ ရှောင်သင့်တဲ့အချက်လို့ မမှတ်ယူကြတော့ဘူး။ ကိုယ်ငယ်ငယ်တုန်းက ဒီလိုအပြောခံခဲ့ရရင် ကိုယ့်သားသမီးကိုလည်း ဒီလိုပြန်ပြောဖို့ သေချာသလောက်ရှိနေပြီ။ ဒါကိုအမှားလို့မမြင်တော့ဘူး။

သူများကလေးဆိုတာ ကိုယ့်ကလေးမဟုတ်ဘူးလေ။ ပိုနားလည်အောင်ပြောရမယ်ဆို တခြားမိနဲ့ဘက ပေါက်ဖွားလာတဲ့ကလေးဟာ တခြားမိဘရဲ့ မျိုးရိုးဗီဇသွေးတွေနဲ့ဖွဲ့စည်းထားတာဖြစ်လို့ ဒီမိဘတွေရဲ့ ဥာဏ်ကောင်းတာ ၊ ဥာဏ်ရည်ညံ့ဖျုင်းတာတွေ ပါနေပြီး မိမိကလေးကတော့ မိမိတို့ ဇနီးမောင်နှံနှစ်ဦးရဲ့ မျိုးရိုးဗီဇအရ ဥာဏ်ကောင်းတာ ၊ ဥာဏ်ရည်ညံ့ဖျုင်းတာတွေ ဖြစ်နေတာပါ။ ဒီလိုတွေ မျိုးရိုးဗီဇ ကွာခြားနေတာမျိုးအပြင် ကလေးငယ်ကို ကလေးမိဘတွေက ဘယ်လိုကလေးအဖြစ် ပြုစုပျိုးထောင်ပြီး စိတ်ရောကိုယ်ပါ အားပေးမှုတွေ ရှိနေတယ်ဆိုတာကလည်း ကလေးရဲ့ ပညာရေး ၊ ကျန်းမာရေးနဲ့ စိတ်စွမ်းအားရလဒ်တွေမှာ ကွာခြားသွားပါတယ်။

ကိုယ်စိုက်တဲ့အပင်ကအသီးကိုပဲ ကိုယ်ကရိတ်သိမ်းရတာပါ။ ဘူးပင်က ဖရုံသီး မသီးရကောင်းလား မဖြစ်သင့်ဘူးလေ။ ဒါကိုနားလည်ထားဖို့လိုပါတယ်။ လူလူချင်း သူလုပ်နိုင်ရင် ကိုယ်လည်း လုပ်နိုင်ရမှာပေါ့ဆိုပေမယ့် ကလေးဟာ ဘာကြောင့် မလုပ်နိုင်တာလဲ ၊ ဘယ်လိုချို့ယွင်းချက်တွေရှိနေလို့လဲ ၊ ဘယ်လိုအားနည်းချက်တွေ ရှိနေလို့လဲဆိုတာကို အရင်ဆုံးသိအောင်လုပ်ရမှာပါ။

ကလေးကို ပြုစုပျိုးထောင်ပေးတယ်ဆိုတာ ဆေးပူဖောင်းမှုတ်နေရသလိုပဲ။ ညင်ညင်သာသာ မှုတ်နေရင်းက ဘယ်နေရာကပေါက်ပြီး လေတွေထွက်နေသလဲ ၊ ဘာကြောင့် ကိုယ်မှုတ်တဲ့ ပူဖောင်း မကြီးလာရသလဲဆိုတာလည်း မှုတ်နေရင်းက အဖြေရှာတတ်ရတယ်။ လေမှုတ်နေတာ  ဘယ်အချိန် ရပ်သင့်သလဲဆိုတာလည်း သိရမယ်။ မသိဘဲဆက်မှုတ်နေရင် ပူဖောင်းပေါက်ပြီး အရာမထင်ဖြစ်တတ်တာမျိုးပါ။

ငယ်ငယ်တုန်းက စာအရမ်းတော်ပြီး ကြီးလာတော့ ဘာမှ ထွန်းထွန်းပေါက်ပေါက် မဖြစ်လာတာတွေလည်း ကျွန်မမြင်ဖူးတယ်။ တချို့ဆို ငယ်တုန်းကတော်ပြီး ကြီးမှ မိုက်တွင်းနက်သွားတာမျိုးတွေလည်းရှိတယ်။ ငယ်ငယ်တုန်းက ပြောစမှတ်ပြုရအောင်မတော်ပေမယ့် သူ့နေရာနဲ့သူ ပေါက်မြောက်နေတာတွေလည်းရှိတယ်။ ငယ်တုန်းက ညံ့သယောင်နဲ့ ကြီးမှ ထွန်းပေါက်အောင်မြင်နေသူတွေလည်း တွေ့ရတယ်။ ဒါတွေက မိဘတွေရဲ့ ထိန်းသိမ်းပံ့ပိုးပေးမှုနဲ့ ကလေးရဲ့ စိတ်ဓါတ်စွမ်းအားတွေကြောင့် ရေရှည်ရလဒ်မှာ ကွာခြားသွားကြတာဖြစ်ပါတယ်။

ကလေးရဲ့ရှိရင်းစွဲအခြေအနေကို လက်ခံလိုက်ပြီဆိုရင် ကလေးကို တအားအပြစ်တင်တာမျိုး မလုပ်ဖြစ်တော့ဘူး။ အကျိုးကိုချည်း ကြည့်လို့ စိတ်ပျက် ဒေါသထွက်နေတာမျိုးမလုပ်ဘဲ ဘယ်လိုအကြောင်းကြောင့် ဒီလိုအကျိုးရလဒ်မျိုးဖြစ်လာသလဲဆိုတာကို အဖြေရှာနိုင်ပါမှ ဒီလိုဆိုးကျိုးကို ထပ်ခါ ထပ်ခါ မကြုံရမှာဖြစ်ပါတယ်။ ဖြစ်ရတဲ့အကြောင်းကို ရှာတွေ့ပြီဆိုရင် ဒီလိုမဖြစ်အောင်လုပ်မယ်။ ဒီံ့ထက်ကောင်းလာနိုင်မယ့် နည်းလမ်းမျိုးတွေ ရှာဖွေလုပ်ဆောင်သွားမယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ရလဒ်ကို ရရှိလာနိုင်မှာဖြစ်ပါတယ်။

ကလေးဟာ နဂိုတော်ရက် ထက်ရက် ကိုယ်မျှော်လင့်ထားသလိုရလဒ်မျိုး ဖြစ်မလာခဲ့ရင် ကိုယ်ဟာသူ့ကို စိတ်အား၊ ကိုယ်အားအပြည့် ပံ့ပိုးပေးခဲ့ပါရဲ့လားဆိုတာ မိမိကိုယ်ကို အရင်ဆန်းစစ်ပါ။ တခါတလေ ငွေချည်းပံ့ပိုးလို့ ကလေးရဲ့ စိတ်အားငယ်မှုတွေ ၊ စိုးရိမ်ထိန့်လန့်မှုတွေ ၊ အထီးကျန်မှုတွေကို ချေဖျက်မပေးနိုင်ပါဘူး။ မိဘရဲ့ စိတ်ဓါတ်ခွန်အားပေးမှုက ကလေးငယ်တွေအတွက် အများကြီးလိုအပ်ပါတယ်။ သူမလုပ်နိုင်ဘူးလို့ သူ့ကိုယ်သူ ယုံကြည်မှုကင်းမဲ့နေသည့်တိုင် မိဘဖြစ်သူတွေက ငါ့သား/သမီးက လုပ်နိုင်ပါတယ်။ တကယ်လုပ်ရင် ဒီ့ထက်တောင်သာဦးမယ် စသဖြင့် စိတ်အားဖြင့် ပံ့ပိုးပေးမယ်ဆို ကလေးဟာ အားတက်ပြီးကြိုးစားလုပ်ကိုင်လိုစိတ်တွေ တိုးလာမှာဖြစ်ပါတယ်။

Report Card လို့ခေါ်တဲ့ ပညာရေးမှတ်တမ်းဟာ တနှစ်တာ ကလေးရဲ့ပညာရေးမှတ်တမ်းကို ကန့်သတ်ထားတဲ့ လအလိုက် မိဘတွေသိအောင် ၊ သိကြောင်းလက်မှတ်ထိုးအသိပေးတာပါ။ ကလေးရဲ့ ပညာရေးမှတ်တမ်းကို ကလေးမိဘဖြစ်တဲ့ ကိုယ့်လက်ထဲရောက်လာတဲ့အခါ ဘာလုပ်ဖြစ်သလဲ ၊ ဘာပြောဖြစ်သလဲ မိမိကိုယ်ကို အရင်စမ်းစစ်ရမှာပါ။ မိမိရဲ့ တုန့်ပြန်ပြောဆို လုပ်ကိုင်ဆောင်ရွက်ပေးမှုတွေအရ ကလေးရဲ့ ရေရှည်ပညာရေးတိုးတက်မှု ၊ စိတ်အားထက်သန်မှုတွေက ကွာခြားသွားပါတယ်။

စင်္ကာပူမှာ မူကြိုတန်းတက်နေတဲ့ ကျွန်မ သမီးလေး ခြောက်လတစ်ကြိမ် ပညာရေးတိုးတက်မှုမှတ်တမ်း မိဘလက်ထဲရောက်တယ်။ ခြောက်လတစ်ကြိမ် မိဘနဲ့ သမီးရဲ့အတန်းက ဆရာမတွေ တွေ့ဆုံပြီး ကလေးရဲ့ ပညာရေးတိုးတက်မှုအခြေအနေ ၊ ကလေးရဲ့စာရိတ္တ စတာတွေကို မိဘနဲ့ဆရာတွေ တိုက်ရိုက်ဆွေးနွေးခွင့်ရပြီး ပညာရေးမှတ်တမ်းကို မိဘလက်ထဲ တခါတည်း ထည့်လိုက်တာပါ။

ကျွန်မကတော့ မိမိကလေးနဲ့ ဆရာတွေ အတန်းထဲ ဆက်ဆံသင်ကြားမှုအခြေအနေ ၊ အခက်အခဲ ၊ ကလေးနားလည်လွယ်မှု ၊ အတန်းသားတွေနဲ့ သင့်တင့်မှုရှိ မရှိ ၊ ဘာတွေ ကလေးကို ပြင်ဆင်ဆုံးမပေးဖို့လိုမလဲစတာတွေကို ကလေးရဲ့ပညာရေးမှတ်တမ်းမဆွေးနွေးခင် အရေးမေးပါတယ်။ ဆရာ ၊ ဆရာမတွေ ပြောဆိုတာတွေကိုလည်း စာအုပ်နဲ့ချရေးထားတယ်။ များရင် မေ့သွားမှာစိုးလို့ပါ။ အဲဒီအချက်တွေပြီးပါမှ ကလေးရဲ့ ပညာရေးတိုးတက်မှုမှတ်တမ်းကို ဆန်းစစ်ပြီး ဘယ်နေရာတွေမှာ ကလေးကို ဘယ်လိုနည်းနဲ့ တိုးတက်အောင် လုပ်ပေးသင့်သလဲဆိုတာတွေ တချက်ချင်း အကြံဥာဏ်တောင်းတယ်။ ကလေးအတန်းထဲက မိဘအချို့နဲ့ မိတ်ဆွေဖွဲ့ထားပြီး အတန်းထဲက ကိုယ့်ကလေး ၊ သူ့ကလေးအခြေအနေတွေ စသဖြင့် ဖလှယ်ရင်း ကောင်းနိုးရာရာ အကြံဥာဏ်တွေ ရယူတယ်။

ကလေးဟာ တစ်ဦးတည်းတော်နေလို့မဖြစ်ဘူး။ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုမျိုး ၊ ခေါင်းဆောင်မှုပိုင်းဆိုင်ရာတွေမှာ အားနည်းနေမယ်ဆိုရင် ဘယ်လောက်ပဲတော်တော် ခေါင်းဆောင်ကောင်းတစ်ယောက် မဖြစ်လာနိုင်ဘူး။ ခေါင်းဆောင်မဖြစ်တဲ့သူဟာ နောက်လိုက်ပဲဖြစ်မှာပေါ့နော်။ ကလေးဟာ တော်နေဦးတော့ သွက်လက်မှုမျိုးမရှိဘဲ ၊ ကိုယ်ခန္ဓာကြံ့ခိုင်မှု အားနည်းနေမယ်ဆိုရင်လည်း ရေရှည်မှာ ကျန်းမာရေးအတွက် စိုးရိမ်စရာတွေ ရှိနေနိုင်တယ်။ ကလေးဟာ အတန်းဖော်တွေနဲ့ သဟဇာတဖြစ်နေပါမှ အလွှာစုံ စရိုက်စုံကလူတွေကို ဘယ်လို ပေါင်းသင်းနေထိုင်သွားရမယ်ဆိုတဲ့ အသိမျိုးလည်းရရှိမှာဖြစ်တယ်။ ဒါတွေကို မိဘတွေကပဲ လိုသလို ပဲ့ကိုင်ထိန်းသိမ်း ဖြည့်စွက်ပေးနိုင်တာပါ။

ကျွန်မပြောခဲ့ဖူးသလို ကလေးရဲ့ ထက်မြက်တော်မော် ထွန်းပေါက်အောင်မြင်မှုဆိုတာ ကလေးတစ်ဦးတည်းနဲ့ ဆိုင်တာမျိုးမဟုတ်ဘဲ မိဘတွေရဲ့ မျိုးရိုးဗီဇ ၊ ကလေးကို စိတ်ရောကိုယ်ပါ ပြုစုပျိုးထောင်ပေးမှု ၊ လိုအပ်သလို မှန်ကန်စွာပြုစုပျိုးထောင်ပေးသွားမှု ၊ အလိုက်သင့် မှန်ကန်စွာ ပံ့ပိုးပေးသွားမှုတွေနဲ့ အများကြီးဆိုင်ပါတယ်။ ယခုတော်နေဖို့ထက် ရေရှည်တော်သွားဖို့ကို အာရုံစိုက်ပါ။ ယခုအောင်မြင်နေဖို့ထက် ရေရှည် ကိုယ့်ခြေထောက်ပေါ် ယုံကြည်ချက်ရှိရှိရပ်တည်လို့ အောင်မြင်သွားဖို့ကို အာရုံစိုက်ပါ။ မိဘကို အားကိုးပြီး တော်နေဖို့ထက် မိမိကိုယ်ကို အားထိုးပြီး ထွန်းပေါက်အောင်မြင်အောင် လုပ်ဆောင်သွားနိုင်ဖို့ အရေးအကြီးဆုံးဖြစ်ပါတယ်။

အဘက်ဘက်က လက်ရုံးရည် ၊ နှလုံးရည်ပြည့်ဝတဲ့ ကလေးငယ်တွေများလေ ကျွန်မတို့နိုင်ငံဟာ တိုးတက်သထက် တိုးတက်လေဖြစ်မှာပါ။ ကလေးတွေဟာ ကျွန်မတို့နိုင်ငံအနာဂါတ်အတွက် အရေးကြီးပါတယ်။ ကျွန်မအမြင်ကတော့ ကလေးတွေအရေးကြီးသလို ဒီကလေးတွေကို ပြုစုပျိုးထောင်သွားတဲ့ မိဘ ၊ ဆရာတွေက ကလေးကို ဘယ်လို ပြုစု ၊ ပျိုးထောင်သွားသလဲဆိုတာ ပိုလို့ အရေးကြီးနေပါတယ်။ ကလေးငယ်တွေ အနာဂါတ်လှပါမှ ကျွန်မတို့တိုင်းပြည်အနာဂါတ်လှမှာပါ။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%90%e1%80%80%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8/feed/ 0