မွေးကင်းစကလေး ပြုစုပုံနှင့် ကျန်းမာရေး သိမှတ်ဖွယ်ရာများ

or log in to view this course.

မွေးကင်းစကလေး အတွေ့အကြုံမရှိသေးသော ကလေးမိဘများအတွက် မွေးကင်းစကလေး ပြုစုပုံနှင့် ကျန်းမာရေး သိမှတ်ဖွယ်ရာများအား တစုတဝေးတည်း လေ့လာနိုင်ပါပြီ။

Lessons

ကလေး၏ ဦးရေပြားကို ဂရုစိုက်ပါ

Author: BurmeseHearts

မွေးကင်းစကလေး၏ ဦးရေပြားသည် ဦးထိပ်တွင် ပျော့စိစိဖြစ်နေတာကို ဖွဖွထိကိုင်ရုံနှင့် သိနိုင်သည်။ လှုပ်တုတ်တုတ် ဖြစ်နေတာကိုလည်း ဆံပင်ပါးတဲ့ ကလေးတွေမှာ တွေ့မြင်နိုင်သည်။ ထိုနေရာအား ကိုင်လိုက်လျှင် ခပ်နွေးနွေးခံစားရသည်။

မွေးကင်းစကလေးသန့်စင် ၊ ရေချိုး ၊ ခေါင်းလျှော်နည်း

Author: BurmeseHearts

ကလေးရေချိုးပေးတဲ့အခါ အခန်းထဲကလေအေးတွေကို (၁၀))မိနစ်ကနေ (၁၅)မိနစ်ကြိုပြီး ပုံမှန်အခန်းအပူချိန်နဲ့ လေစိမ်းတွေမဝင်အောင် လေးအေးမရှိတဲ့ လေလုံတဲ့အခန်းအသွင်ကို အရင်ဖန်တီးပေးရပါမယ်။

ဂရုစိုက်လိုတဲ့ ဆန္ဒသာလျှင် အရေးအကြီးဆုံးဖြစ်သည်

Author: BurmeseHearts

မိမိကလေးကို အကောင်းဆုံး ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ပေးလိုတဲ့ မိဘဟာ ယင်းအတွက် လိုအပ်တဲ့ ဗဟုသုတကို ကိုယ်တိုင်ရှာဖွေ စုဆောင်းသွားမှာ ဖြစ်ပါတယ်လို့ ဗြိတိန်နိုင်ငံက ကလေးသူငယ်ဆိုင်ရာ စိတ်ပညာရှင် Steve Biddulph က ဆိုထားပါတယ်။

ကလေးငယ်တို့၏ ကိုယ်စိတ်အမှန်ဖွံ့ဖြိုးမှု

Author: BurmeseHearts

မိဘများသတိပြုရမှာက ကလေးရဲ့ ပုံမှန် ကိုယ်ကာယဖွံ့ဖြိုးတိုးတက်မှုဟာ စောပြီးဖွံ့ဖြိုးတာနဲ့ ကလေးရဲ့ အသိဥာဏ် ပိုထက်မြက်မှာမဟုတ်ဘဲ ကိုယ်ကာယဖွံ့ဖြိုးမှုနောက်ကျတဲ့ကလေးဟာ အသိဥာဏ်ထိုင်းမှိုင်းတာ မဟုတ်ပါဘူး။

မွေးကင်းစကလေးရဲ့ အခြေအနေမှန်ကို ဘယ်လိုတွက်ဆမယ်

Author: BurmeseHearts

(၄)ရက်မြောက်နဲ့ (၅)ရက်မြောက်နေ့တွေမှာတော့ နို့စို့တဲ့ပမာဏ များလာတာမို့ ဆီးသွားတဲ့အကြိမ်အရေအတွက်ဟာလည်း များလာမှာ ဖြစ်ပါတယ်။ ဝမ်းကတော့ (၃)ကြိမ်ကနေ (၈)ကြိမ်အထိ သွားနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဝမ်းဟာ ပျော့ပျော့လွယ်လွယ်လေး သွားမှာပါ။ ကလေးကြီးလာလေ ဝမ်းသွားတဲ့ အကြိမ်အရေအတွက် လျော့ကျသွားမှာဖြစ်ပါတယ်။

ကလေးကိုသင်မယ့်စကား

Author: BurmeseHearts

တကယ်ဆို ကလေးတွေမှာ အပြစ်မရှိဘဲ မိဘရဲ့ ဆန္ဒနဲ့ အမြော်အမြင်ကသာ ကလေးရဲ့ အနာဂါတ်ကို ပြောင်းလဲစေတယ်ဆိုရင် မှားမလားနော်။

ကလေးကို နှာခေါင်းက အသက်ရှူကျင့် လေ့ကျင့်ပေးပါ

Author: BurmeseHearts

နှာခေါင်းဟာ အသက်ရှူဖို့ သီးသန့်အင်္ဂါရပ်ဖြစ်တာကြောင့် ဖုန်တွေ ၊ အမှုန်တွေကို စစ်ထုတ်နိုင်ဖို့ အမွှေးတွေက နှာခေါင်းအတွင်းမှာ သဘာဝအလျောက်ရှိနေပါတယ်။

ကလေးသူငယ်ဦးနှောက်ဖွံ့ဖြိုးမှု နှင့် သင်ယူမှုပိုင်းဆိုင်ရာ

Author: BurmeseHearts

ချစ်ခြင်းမေတ္တာမရှိရင် နှိုးဆွပေးတဲ့ခံစားချက် မရှိတဲ့အတွက် ဦးနှောက်က ဆန်းစစ်ဝေဖန်ပြီး အကဲဖြတ်နိုင်တဲ့ ဧရိယာအချို့ဟာ မဖွံ့ဖြိုးတော့ပါဘူးလို့ ကလေးသူငယ်များဆိုင်ရာ စိတ်ပညာရှင် Steve Biddulph က ဆိုခဲ့ပါတယ်။

ဂရုစိုက်မှု မခံရတဲ့ကလေးဟာ ဂရုစိုက်ခံရခြင်းရဲ့ ခံစားမှုကို မသိတော့ပါ

Author: BurmeseHearts

ကလေးငယ်တွေရဲ့ မိဘဟာ ဘယ်သူတွေဖြစ်တယ် ၊ ဘာတွေဖြစ်တယ်ဆိုတာထက် ကလေးမိဘတွေက ကလေးကို ဘာလုပ်တယ် ၊ ဘယ်လိုခံစားချက်မျိုးပေးတယ်ဆိုတာက ကလေးရဲ့ဘဝတလျောက်လုံးအတွက် ပိုအရေးကြီးနေပါတယ်။

ကလေးမီးဖွားပြီးနောက် လိုအပ်သောပစ္စည်းများ

Author: BurmeseHearts

ကျွမ်းကျင်တဲ့ပညာရှင်တွေက ကလေးအိပ်တဲ့ဝန်းကျင်မှာ ကလေး အသက်ရှူမွန်းကြပ်စေနိုင်မယ့် ပစ္စည်းအပိုတွေ မထားဖို့ ၊ ကလေးပါးစပ်ထဲ ထည့်သွင်းနိုင်မယ့် ကလေးလက်လှမ်းမီရာ ပစ္စည်းတွေမထားဖို့ အကြံပေးထားပါတယ်။

အိမ်တွင် ကလေးအတွက် အရေးပေါ် ဆောင်ထားရမည့်ပစ္စည်း

Author: BurmeseHearts

ကိုယ်အပူချိန်တက်နေတဲ့ကလေးကို လူကြီးသောက်တဲ့ဆေးတွေ မတိုက်ရပါဘူး။ အထူးသဖြင့် ကလေးတွေကို ဆရာဝန် ညွှန်ကြားထားတဲ့ဆေး မဟုတ်ဘဲ မတိုက်ရပါဘူး။

ကလေးငယ်များ သင်ယူပုံ

Author: BurmeseHearts

သူ့ကိုထိန်းတဲ့သူဟာ သူ့အပေါ် နွေးထွေးမှု ရှိ မရှိ ၊ အကာအကွယ်ပေးမှု ၊ လုံခြုံမှု ရှိစေတာ ၊ သူငိုရင်ချက်ချင်း ချော့မြှူတာကနေစလို့ အဲဒီလူကြီးမိဘကို စတင်သိတတ် တွယ်တာလာတာတွေ ၊ ကြောက်တတ်လာတာတွေ ဖြစ်လာပါတယ်။

ကလေးဘဝတသက်စာ ပါသွားမယ့် ခံစားချက်နှင့် သင်ယူမှု

Author: BurmeseHearts

ကလေးတွေဟာ မွေးဖွားလာခဲ့ပြီးပါမှ သူတို့အပေါ် လူကြီးမိဘ ပတ်ဝန်းကျင်က သူတို့ဦးနှောက်ထဲ ဘာတွေထည့်ပေးသလဲ ၊ ဘယ်လိုသွန်သင်ဆုံးမ နားလည်ပေးမှုမျိုးနဲ့ ဖွံ့ဖြိုးစေသလဲအပေါ် မူတည်ပြီးတော့ သူတို့တွေရဲ့ တွေးခေါ်မှုစွမ်းအား ၊ တီထွင်မှုစွမ်းအား ၊ အခက်အခဲဖြေရှင်းနိုင်မှု ၊ အရည်အသွေး တိုးတက်ထွန်းပြောင်လာမှုဆိုတာတွေဟာ ဆက်ဖြစ်လာတာပါ။

ကလေးတစ်လအရွယ်အတွင်း အပြင်ထွက်လျှင် လိုအပ်သောပစ္စည်းများ

Author: BurmeseHearts

ကလေးကို မိခင်ကပိုက်ပြီး ကားစီးတာကို ရှောင်ကြဉ်သင့်ပါတယ်။ ကလေးပိုက်ထားတဲ့မိခင်က မောင်းသူဘေးကခုံမှာ မထိုင်သင့်ပါဘူး။

တစ်နှစ်အောက်ကလေးတွေဖြစ်တတ်သော နေထိုင်မကောင်းသည့် လက္ခဏာ အပိုင်း(၁)

Author: BurmeseHearts

တစ်နှစ်အောက်အရွယ်ရှိ မိမိရဲ့ ကလေးဟာ အအေးမိမယ် ၊ ချောင်းဆိုးမယ် ၊ အခြား အပရိက နာဖျားတာတွေ ဖြစ်မယ်ဆိုရင် မစိုးရိမ်ပါနဲ့ ။ ကလေးရဲ့ ကိုယ်ခံအား တိုက်ဖျက်နိုင်စွမ်းတွေက ရောဂါပိုးတွေကို တိုက်ဖျက်ပေးမှာပါ။ ဒီလိုပဲ ကိုယ်ခံအားနဲ့ တိုက်ဖျက်ရင်းက ကလေးတွေဟာ ကိုယ်ခံအားကောင်းလာကြတာဖြစ်ပါတယ်။

တစ်နှစ်အောက်ကလေးတွေဖြစ်တတ်သော နေထိုင်မကောင်းသည့် လက္ခဏာ အပိုင်း(၂)

Author: BurmeseHearts

အနံ့အသက်မကောင်းတဲ့ဝမ်း ၊ ရေခပ်များများပါလာတဲ့ဝမ်း ၊ ဝမ်းမှာ အချွဲတွေ ပါလာတယ်ဆိုရင် ကလေးဝမ်းလျှောပြီလို့ ယူဆလို့ရပါတယ်။ ဒါဟာ ကလေးကိုယ်ထဲ ရောက်ရှိလာခဲ့တဲ့ ရောဂါပိုး ကူးစက်ခံရမှုကို ကလေးကိုယ်က အညစ်အကြေးတွေ စွန့်ထုတ်ပြီး သန့်စင်နေတာ ဖြစ်ပါတယ်။

တစ်နှစ်အောက်ကလေးတွေဖြစ်တတ်သော နေထိုင်မကောင်းသည့် လက္ခဏာ အပိုင်း(၃)

Author: BurmeseHearts

ကလေးမှာ နှင်းခူနာဖြစ်လာရင် မွေးတုန်းကအကောင်းသားနဲ့ ဘာအကြောင်းကြောင့် နှင်းခူနာဖြစ်လာရသလဲဆိုတာကို မိမိအိမ်မှာ အရင်ဆုံး အဖြေရှာရမှာ ဖြစ်ပါတယ်။

ကလေးနှင့် ခြင်ဆေး

Author: BurmeseHearts

ခြင်ဆေးအနံ့တွေ ၊ အငွေ့တွေက ကလေးအသက်ရှူတဲ့အခါ အခက်အခဲဖြစ်စေသလို ရေရှည်မှာ အဆုတ်ချို့ယွင်းတတ်ပါတယ်။