ပျော်ရွှင်သာယာသော အိမ်ထောင်ရေး ထူထောင်လိုသူများအတွက်

or log in to view this course.

ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးဆိုတာ တစ်ဦးအပေါ်တစ်ဦး ပွင့်လင်းမှု ၊ ရိုးသားမှု ၊ နားလည်မှုတွေ အခြေခံထားရမယ့်အပြင် ဘဝတိုက်ပွဲကို ရဲဘော်ရဲဘက်တွေအဖြစ် တသက်တာ အတူလက်တွဲသွားနိုင်ဖို့ အချက်များစွာ လိုအပ်တယ်ဆိုတာကို ဤသင်ခန်းစာအား လေ့လာပြီး သိရှိနိုင်ပါတယ်။

Lessons

နှစ်ဖက်မိဘကဏ္ဍ

Author: BurmeseHearts

တကယ်ဆို ကိုယ်ချစ်လို့ လက်ထပ်ပေါင်းခဲ့သူဟာ သူတို့မွေးလာတဲ့ သား (သို့မဟုတ်)သမီး မဟုတ်လား။ ဒါဟာ ကိုယ့်အိမ်ထောင်ဘက်သေဆုံးသည်အထိ ပြောင်းလဲမသွားမယ့် အရာဖြစ်ပါတယ်။

အမျိုးသမီးများ လင်စိတ်သားစိတ် ကုန်ရခြင်းအကြောင်း

Author: BurmeseHearts

အိမ်ထောင်တခုမှာ ဇနီး သို့မဟုတ် ခင်ပွန်း တစ်ဦးဦးက အိမ်ထောင်ထဲမပျော်ပိုက်ရင် သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးဆိုတာကို အပြည့်အဝ ခံစားရပါတော့မလား။

တဖက်လိင်ကို နားလည်မှုပေးမယ်

Author: BurmeseHearts

အပြောမတတ်တဲ့အိမ်ရှင်မနဲ့ နားလည်မှုမပေးနိုင်တဲ့ အိမ်ထောင်ဦးစီး ဆုံတဲ့အခါမှာ ခွန်းတုန့်ပြန် စကားများရာကနေ အိမ်ထောင်ရေးပဋိပက္ခအသွင် ပြောင်းသွားပါတော့တယ်။

ခံစားမှုချင်း ထပ်တူညီလာဖို့ ကိုယ်ချင်းစာ ၊ နွေးထွေးမှုပေးဖို့လိုတယ်လေ

Author: BurmeseHearts

ရောင့်တက်မှာစိုးလို့ဆိုပြီး ချီးမြှောက်စကားမဆို ၊ အားပေးစကားမဆိုဘဲ လျစ်လျူရှုပါများတဲ့အခါ အကျင့်ပါသွားပြီး တဖက်လူအားငယ် ဝမ်းနည်းချိန်မှာ အားပေးဖို့ဟာ ကိုယ့်တာဝန်မဟုတ်သလို ဖြစ်သွားတယ်။

အပြစ်မဆို နှုတ်ချိုချို ဇနီးထိုထို အောင်မြင်သား

Author: BurmeseHearts

သူမှားတယ်ဆိုတဲ့ ကိုယ့်အယူအဆကို ဘေးဖယ်ထားပြီး ငါ့ကိုသာဒီလိုပြောဆိုခံရရင်လို့ ကိုယ်ချင်းစာတွေးပေးပါ။ (လူဆိုတာ အမှားမကင်းတဲ့သူတွေမဟုတ်လား။ အမှန်ချည်းပဲလုပ်နိုင်တဲ့သူမရှိပါဘူး။)

စီးတဲ့ရေ ဆည်တဲ့ကန်သင်း

Author: BurmeseHearts

အိမ်ထောင်တစ်ခု ထူထောင်မယ့် (လက်ထပ်လိုတဲ့) သမီးရည်းစားစုံတွဲတွေဟာ ငွေစုတဲ့အကျင့်ကို အိမ်ထောင်မပြုခင်ကတည်းက စလို့လေ့ကျင့်ယူရမှာဖြစ်ပါတယ်။

အိမ်ထောင်လည်းထိန်းသိမ်းရင်း မိမိကိုယ်လည်းထိန်းသိမ်းစို့

Author: BurmeseHearts

အမျိုးသားနဲ့ အမျိုးသမီးဟာ လိင်မှာတင် ကျား ၊ မ ကွဲပြားရုံမဟုတ်ဘူး။ အကြောင်းအရာချင်းအတူတူ ၊ ဖြစ်ပျက်တာချင်းအတူတူကို ခံစားမှုချင်းကွဲပြားကြတယ်။

လူမျိုးမတူတဲ့ အိမ်ထောင်ရေး

Author: BurmeseHearts

မတူညီတဲ့လူမျိုးဆိုတာ မြန်မာတိုင်းရင်းသားအချင်း အိမ်ထောင်ပြုတာအပြင် မြန်မာနဲ့ တရုတ် ၊ တရုတ်နဲ့ကုလား ၊ ကုလားနဲ့မြန်မာတွေ အပါအဝင် အခြားလူမျိုးခြား ၊ နိုင်ငံခြားသားတွေနဲ့ အိမ်ထောင်ပြုသူတွေကို ဆိုလိုတာ ဖြစ်ပါတယ်။

ရေမြင့်မှကြာတင့်တယ်

Author: BurmeseHearts

အိမ်ထောင်ထူထောင်ထားသူတိုင်းက ပျော်ရွှင်သာယာတဲ့ အိမ်ထောင်ရေးဖြစ်ချင်ကြတယ်။ ဘာဖြစ်လို့ မဖြစ်ကြသလဲ ဘက်ညီသူတွေ မဟုတ်လို့ပါ။

ကိုယ့်မနက်ဖန်တွေကို ဘယ်လိုပုံဖော်ချင်သလဲ

Author: BurmeseHearts

လောကကြီးမှာ မပြောင်းလဲချင်သူဟာ ကောင်းတဲ့ဘက်ကို ဘယ်တော့မှ ပြောင်းလဲလာမှာ မဟုတ်ပါဘူး။ လောကကြီးကို အရွဲ့တိုက် ၊ ကိုယ့်ဘဝကိုယ် မကျေနပ်တဲ့ခင်ပွန်းကို ပေါင်းသင်းမိသူက သူမဘဝကိုလည်း ဘယ်တော့မှ ကျေနပ်လာမှာ မဟုတ်ပါဘူး။