အရွယ်ရောက်သူများအတွက် လိင်သဘာဝ မှတ်ဖွယ်မှတ်ရာ

or log in to view this course.

အရွယ်ရောက်သူများအတွက် လိင်ပညာပေးသင်ခန်းစာ

Lessons

မသင်ချင်သော သင်ခန်းစာ

Author: BurmeseHearts

ကျွန်မအနေနဲ့ သင်ခန်းစာတွေထဲက လိင်ပညာပေး သင်ခန်းစာ သင်ရတာကို စိတ်အညစ်ဆုံးပါ။ဟီရိသြတပ္ပတရားကို လက်ကိုင်ထားကြတဲ့ မြန်မာလူမျိုး သဘာဝအရ ဒီခေါင်းစဉ်အောက်မှာ အမျိုးသမီးတစ်ဦးအနေနဲ့ ဖြစ်နိုင်ရင် မဆွေးနွေး ၊ မသင်ပြလိုပါဘူး။ တကယ်လိုအပ်တဲ့ သင်ခန်းစာတွေ ဦးစားပေး ပို့ချနေချိန် အရွယ်ရောက်ဖို့ စိုင်းပြင်းနေတဲ့ ဆယ်ကျော်သက်လေးတွေနဲ့ အရွယ်ရောက်ပြီးသား လူငယ် ၊ လူရွယ်တွေအတွက် ဒီသင်ခန်းစာဟာ မရှိမဖြစ် လိုအပ်တဲ့ သင်ခန်းစာတစ်ခုပါ။ အပျို ၊ လူပျိုဖြစ်ခါစ မြန်မာနိုင်ငံက ဆယ်ကျော်သက်လေးတွေဟာ သွေးသားပြောင်းလဲမှုအရ တဖက်လိင်ကို အလိုလို စတင်စိတ်ဝင်စားမှုတွေ ဖြစ်ပေါ်လာပါတယ်။ ခံစားမှု မထိန်းနိုင်သူတွေက ချစ်ကြ ၊ ကြိုက်ကြ ၊ တွဲကြတာပေါ့။ ဒီလို ချစ်ကြိုက်တွဲသွားရုံနဲ့ ရပ်နေရင် တော်သေးရဲ့။ ရှေ့တလှမ်းဆက်တက်မယ်ဆိုရင် ဒီလိင်ပညာပေးဟာ မသိမဖြစ် သိထားသင့်တဲ့ [...]

ဖက်ပေါ်ဆူးကျကျ ဆူးပေါ်ဖက်ကျကျ မိန်းမသားဘဝ

Author: BurmeseHearts

သန္ဓေတားနည်းအထွေထွေ ၊ ရက်ရှောင်နည်းအထွေထွေစတဲ့ လိင်ပညာပေး သင်ခန်းစာတွေကို မျှဝေပေးနေတဲ့ စေတနာကို မသင်ချင်သော သင်ခန်းစာ မှာ ဖော်ပြပြီး ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကိုက ကိုယ်တိုင်မိန်းမသားမို့ မိန်းမသားဘဝကို ကိုယ်ချင်းစာနာလို့ ဖြစ်ပါတယ်။ တကယ်လို့များ မလိုချင်တဲ့ကိုယ်ဝန်ရခဲ့ရင် ၊ ဒီကိုယ်ဝန်ရဲ့တာဝန်ယူဖို့ အစစအရာရာ အဆင်သင့်မဖြစ်သေးရင် မွေးလာမယ့်ရင်သွေး နောင်ရေးနဲ့  ထိုအိမ်ထောင်စု နောင်ကြုံတွေ့ရမယ့် ဘဝအခက်အခဲကို စာနာလို့ မျှဝေခြင်းဖြစ်ပါတယ်။ ၁။ မလိုချင်တဲ့ရင်သွေးကို ဖျက်ချမယ်ဆိုရင် အမျိုးသမီးကပဲ ဖျက်ချရတာပါ။ လွယ်မွေးရမယ်ဆိုလည်း အမျိုးသမီးက လွယ်မွေးရတာပါ။ ၂။ တားဆေးတွေကို အမျိုးသမီးတွေကပဲ သုံးကြရတယ်။ အဲဒီတားဆေးအထွေထွေရဲ့ Side Effect တွေကိုလည်း အမျိုးသမီးတွေပဲ ခံကြရတယ်။ ၃။ မွေးလာတဲ့သားသမီးတွေကို နို့ချိုတိုက်ကျွေး ၊ ပြုစုထိန်းသိမ်းသွားဖို့ဆိုတာလည်း  အမျိုးသမီးတွေဖြစ်တဲ့ မိခင်တွေက [...]

မိသားစုဦးရေ ကန့်သတ်ခြင်းသည် ကလေးဖျက်ချခိုင်းခြင်းမဟုတ်

Author: BurmeseHearts

အပြစ်မရှိသော ကလေးသည် မိဘနှစ်ဦး၏ အိမ်ထောင်ရေး ဓါးစာခံများ မဖြစ်သင့်။ မိမိ မကျွေးမွေး မစောင့်ရှောက်နိုင်သောကြောင့် တနည်း ဤကိုယ်ဝန်ကိုလွယ်၍ ကလေးယူရန် မဖြစ်သောကြောင့် ရလာသည့်ကိုယ်ဝန်အား ဖျက်ချခြင်းသည် နည်းမှန်လမ်းမှန်မဟုတ်ပေ။ အသက်ဝင် လူဖြစ်လာမည့်ကလေးဆိုတာ သိရက်နှင့်ဖျက်ချခြင်းသည် မည်သည့်အကြောင်းပြချက်နှင့် အပြစ်မရှိဘူးဆိုဆို ဘာသာရေးအရသော်လည်းကောင်း ၊ ကျန်းမာရေးအရသော်လည်းကောင်း ၊ လူမှုရေးအရသော်လည်းကောင်း မပြုထိုက်သော အရာဖြစ်သည်။ ဆေးပညာရှင်များ၏ လေ့လာတွေ့ရှိချက်အရ ကလေးဖျက်ချဖန် များလာသောအခါ နောင်ရလာသည့် ကိုယ်ဝန်များသည် သူ့အလိုလို ပျက်တတ်လာသည်။ သူ့အလိုလို ခဏခဏ ပျက်တတ်ပါက နောင်ကိုယ်ဝန်များသည် လရင့်လာသည်ထားဦး ကိုယ်ဝန်မှာ မမြဲဘဲ လျှောလိုကလျှော ၊ မလျှောက အချိန်မကျမီ ကလေးမွေးဖွားလာတတ်သည်။ ကလေးမဖျက်ချင်သောကြောင့် ကလေးမလိုချင်သေးသော အိမ်ထောင်ရှင်များ အိမ်ထောင်မှုမပြုရဘူးလား ။ ကလေးမလိုချင်သေးသော အိမ်ထောင်ရှင်များ ကလေးမရနိုင်သော နည်းလမ်းများဖြင့် အိမ်ထောင်မှုပြုနိုင်ကြသည်။ ကလေး သို့မဟုတ် [...]

ကိုယ့်အိုးနှင့်ကိုယ့်ဆန် တန်အောင် စဉ်းစားပါလေ

Author: BurmeseHearts

မိသားစုဦးရေ ကန့်သတ်ခြင်းသည် ကလေးဖျက်ချခိုင်းခြင်းမဟုတ်။ ပြည့်စုံချမ်းသာသော မတောင့်မတ မိသားစုများမှလွဲ၍ အိမ်ထောင်တစ်ခုတွင် ကျွေးမွေးနိုင်သော လူအရေအတွက်မှာ အကန့်အသတ်နှင့် ဖြစ်ပေရာ မိသားစုဝင်ငွေနှင့် မိသားစုဦးရေ ၊ ၎င်းတို့၏ နေထိုင်စားသောက်ရေး ၊ ပညာရေး ၊ ကျန်းမာရေး အစရှိသည်တို့ကို ကြိုတင်တွက်ချက်၍ ဖူလှုံသည်ဟု ယုံကြည်မှုရှိပါမှ သားသမီးဦးရေ မည်မျှယူမည်ကို စဉ်းစားချင့်ချိန်ပြီး ယူသင့်သည်။ မိမိက ဖူလှုံသည်ဟု ယုံကြည်သည့်တိုင် အလုပ်အဆင်မပြေ၍ သော်လည်းကောင်း ၊ ရန်သူမျိုးငါးပါးကြောင့်သော်လည်းကောင်း အခြားအကြောင်းကြောင်းကြောင့် မိသားစုဝင်ငွေနှင့် စုဆောင်းငွေများ လျော့ကျသွားနိုင်သေးသည်။ သားသမီးယူပြီးမှ ဝင်ငွေနှင့် ထွက်ငွေ မမျှတ ၊ မလောက်ငခြင်းသည် သင့်သားသမီးများ အပြစ်မဟုတ် ။ မိဘများ၏ ပေါ့လျော့မှု အပြစ်သာဖြစ်သည်။ သင်တို့ခေါ်သွင်းလာလို့ လူ့လောကထဲရောက်လာသည့် သားသမီး၏ နေထိုင်စားသောက်ရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ ဗာဟီရကိစ္စရပ်များသည် [...]

ရင်သွေးအတွက် အစီအစဉ်ဆွဲခြင်း

Author: BurmeseHearts

ရင်သွေးအတွက် ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုတင် အစီအစဉ်ဆွဲပါ။ အိမ်ထောင်ရက်သား ကျသွားပြီဆိုရင် ရင်သွေးတဖြစ်လဲ ကလေးယူဖို့ကိစ္စဟာ ဇနီးမောင်နှံနှစ်ဦး အထူးဂရုစိုက် ဆွေးနွေးထားရမယ့် အချက်ပါပဲ။ လက်ထပ်ပြီးပြီးချင်း ကလေးယူမှာလား ။ နှစ်ခြားပြီးမှ ကလေးယူမှာလား ။ ဘယ်အချိန် ကလေးယူရင် အကောင်းဆုံးဖြစ်မလဲ ။ ကျွန်မကို တတိယမြောက်မေးခွန်းမေးပြီး အကြံဥာဏ်တောင်းရင်ဖြင့် နှစ်ဦးနှစ်ဖက် စိတ်တူ ၊ သဘောတူ အစစ အဆင်ပြေပြီး ကလေးတစ်ယောက် ပြုစုပျိုးထောင်ဖို့ လူအား ၊ ငွေအား သင့်တင့်တဲ့အချိန်မှာ ယူပါလို့ ဆိုရမှာပါ။ ဘယ်အချိန်ဟာ နှစ်ဦးနှစ်ဖက် စိတ်တူ ၊ သဘောတူ ဖြစ်မှာလဲ စိတ်တူ ၊ သဘောတူလို့ ပြောတဲ့အခါ လွယ်ပေမယ့် တကယ်ဖြစ်ဖို့ကတော့ မလွယ်လှပါ ။ တအူတုံချင်း မောင်နှမရင်းမပြောနဲ့ [...]

ပဋိသန္ဓေတည်ခြင်း လက္ခဏာများ

Author: BurmeseHearts

အမျိုးသမီး နှင့် အမျိုးသား လိင်သင်္ကေတ ကလေးလိုချင်လို့ပဲဖြစ်ဖြစ် မလိုချင်လို့ပဲဖြစ်ဖြစ် ၊ အမျိုးသားနှင့် အတူနေလို့ပဲဖြစ်ဖြစ် မနေလို့ပဲဖြစ်ဖြစ် ဓမ္မတာပေါ်နေသော အရွယ်ရောက် အမျိုးသမီးတိုင်းသည် မိမိတို့၏ ကျန်းမာရေးအတွက် ဓမ္မတာ မှန် ၊ မမှန် ကိုတော့ သတိထားသင့်သည်။ ထိုမှသာ မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာများမှ ရှောင်ကြဉ်နိုင်ကြပေမည်ဖြစ်သလို မိမိ၏ကျန်းမာရေးအားလည်း မချိန်မလွန်ခင် ကုသနိုင်မည်ဖြစ်သည်။ ဓမ္မတာမပေါ်တိုင်း ကိုယ်ဝန်ရှိခြင်းမဟုတ်သလို (မြန်မာကားတွေထဲကလို) ကိုယ်ဝန်ရှိတိုင်း မူးလဲကျ ၊ ပျို့အန်တတ်ကြသည်တော့မဟုတ်။ မိမိ၏ကျန်းမာရေးမကောင်းလို့ ၊ ခန္ဓာကိုယ်တွင်း အင်အားဓါတ်လျော်နည်းနေလို့ ၊ သွေးအားနည်းလို့ ၊ စိတ်ဖိမှုများလို့ စသဖြင့်သော အကြောင်းကြောင်းကြောင့် ဓမ္မတာရပ်ဆိုင်းခြင်း ၊ နောက်ကျခြင်းများ ဖြစ်နိုင်သလို ကိုယ်ဝန်ရှိနေခြင်းကြောင့် ဓမ္မတာရပ်ဆိုင်းခြင်းလည်း ဖြစ်နိုင်သည်။ အထူးသဖြင့် ပဋိသန္ဓေတည်စ တစ်လ ၊ နှစ်လအတွင်းတွင် ကိုယ်ဝန်ရှိသည်ကို [...]

သန္ဓေတားခြင်း

Author: BurmeseHearts

ကလေးတာဝန်မယူနိုင်သေးလျှင် ကလေးမယူသေးတာ အကောင်းဆုံးဖြစ်သည်။ မမျိုးဥနှင့် သုတ်ကောင်တို့ မတွေအောင် တားနိုင်သည့် နည်းလမ်းများစွာရှိသည့်အနက် လက်ရှိ အသုံးပြုနိုင်ကြသော ၊ အသုံးပြုရလွယ်ကူသော နည်းလမ်းများကို တင်ပြလိုက်သည်။ သားကြောဖြတ်ခြင်း အမျိုးသားဖြစ်ဖြစ် ၊ အမျိုးသမီးဖြစ်ဖြစ် ကလေးမယူလိုတော့က သားကြောဖြတ်နိုင်ကြသည်။ ယောက်ျားကို သားကြောဖြတ်ခြင်း ဆိုသည်မှာ ဝှေးစေ့ထုတ်ပစ်ခြင်း ၊ ဖျက်စီးပစ်ခြင်း (သင်းခြင်း) ၊ သုတ်ပြွန်(သုတ်ကြော)ကို ဖြတ်ပစ်ခြင်းများဖြစ်သည် ။ သုတ်ပြွန်ဖြတ်ခြင်းသည် ထိုယောက်ျားအား ကလေးမြုံသွားနိုင်ကြောင်းသိရသည်။  မိန်းမအား သားကြောဖြတ်ပါက ရာသက်ပန် ကလေးမရနိုင်တော့ပေ။  မိန်းမကိုယ်ပြင်ပ၌ သုတ်လွှတ်ခြင်း ထိုနည်းကို အသုံးပြုခြင်းသည် စိတ်မချရပေ။ အဘယ်ကြောင့်ဆိုသော် သုတ်လွှတ်မှ အမျိုးသား၏ သုတ်ကောင်များ ရှိလာသည်မဟုတ် ။ အမျိုးသား၏လိင်တံတွင် အရည်ကြည် စိုစွတ်နေခြင်း ၊ စိုရာမှ ပြန်ခြောက်သွေ့သွားခြင်း စသဖြင့်တို့တွင် [...]

ရက်ရှောင်၍ အတူနေနည်း

Author: BurmeseHearts

အမြဲလည်း ရာဘာမသုံးချင် ၊ မည်သည့်ဆေးများ ၊ ပစ္စည်းများလည်း အသုံးမပြုလိုခြင်း ၊ သူများသိမှာ (အထူးသဖြင့် ဆရာဝန်နှင့် တိုင်ပင်ရမှာ) ရှက်ရွံ့တတ်သော သူများအတွက် အောက်ပါနည်းကို မိတ်ဆက်ပေးလိုက်သည်။ စိတ်ချရသောရက်များနှင့် ရာသီခွင်တွက်ချက်နည်း အမျိုးသား၏သုတ်သည် အမျိုးသမီး၏ မမျိုးဥနှင့် တွေ့ပါမှ သန္ဓေအောင်ခြင်း (ကလေးရခြင်း)ဖြစ်နိုင်ရာ မမျိုးဥ ကြွေနိုင်သည့် အချိန်များကို တွက်ချက်နိုင်သည်။ ရာသီသွေး မှန်မှန်ပေါ်သော အမျိုးသမီးများတွင် မမျိုးဥကြွေခြင်းသည် ရာသီစလာပြီးနောက် ၁၅ရက်နှင့် ၁၉ရက်အကြားတွင် ဖြစ်ပွားသည်ဟု မှတ်ယူနိုင်သည်။ ထိုရက်များအတွင်း အမျိုးသားနှင့်အတူနေပြီး အိမ်ထောင်မှုပြုပါက ကလေးရနိုင်သည်။ ထိုရက်များကို ရှောင်ကြဉ်ပါလျက် ကလေးရသူများလည်း ရှိသည်။ ထိုသူများမှာ ထိုရက်များမတိုင်မီ သုံးရက်လောက်က အမျိုးသားနှင့် အတူနေခဲ့ကြသူများဖြစ်သည်။ အမျိုးသား၏သုတ်သည် သုံးရက်ကြာ အသက်ရှင်နေနိုင်သောကြောင့် မမျိုးဥ မကြွေသေးသည့်အချိန်ဟု စိတ်ချပြီးအတူနေခဲ့ပါက အမျိုးသား၏သုတ်သည် သားအိမ်တွင်း ကပ်ငြိအသက်ရှင်နေပြီး နောင်သုံးရက်အတွင်း မမျိုးဥကြွေသည့်အချိန်တွင် [...]