မီးနေသည် ၊ နို့တိုက်မိခင်နှင့် မွေးကင်းစကလေး၏မိဘများ မှတ်သားဖွယ်

or log in to view this course.

ကလေးမီးဖွားပြီးစ မိခင်၏ မီးတွင်းမှမီးနေသည် လိုအပ်များမှသည် ကလေးနို့တိုက်မိခင်၏ အစာအာဟာရနှင့် သိမှတ်ဖွယ်ရာများကို ဖော်ပြပေးထားသည်။

Lessons

သိတဲ့အတိုင်းကျင့်ဖို့ဆိုရင် အစွဲကို အရင်ဖြတ်ပါမှ ဖြစ်မည်

Author: BurmeseHearts

ဆေးဝါးကုသရာမှာဘာရောဂါအတွက် ဘာဆေးသောက်လို့ တခါတည်း မှာကြားလို့ရပေမယ့် အယူအဆလွဲမှားမှုကိုတော့ ဘာကြောင့်ဒီအယူအဆမှားတယ် ၊ အယူအဆအမှန်က ဘယ်ဟာဆိုတာကို ယုံကြည်လက်ခံလာတဲ့အထိ ရှင်းပြရမှာဖြစ်ပါတယ်။ ဒီလိုရှင်းပြပေမယ့်လည်း ကိုယ်တိုင်က အယူအဆအမှားကို မစွန့်ပစ်ဘဲ ဆက်လက်စွဲကိုင်ထားမယ်ဆိုရင် သူမစွန့်ပစ်သရွေ့ အရာမရောက်ပါဘူး။

မီးတွင်းထဲက စိတ်ဖိစီးမှု

Author: BurmeseHearts

ကလေးမီးဖွားလိုက်တာနဲ့ တရိပ်ရိပ်ပြောင်းလဲလာခဲ့တဲ့ ကိုယ်ဝန်ဆောင် ဟော်မုန်းအဆင့်ဟာ တမဟုတ်ချင်း ကျသွားပါတော့တယ်။ ကျသွားတဲ့ ဟော်မုန်းအဆင့် (တမဟုတ်ချင်း ဟော်မုန်းပြောင်းလဲမှု)ကြောင့် မိခင်ဟာ ထိလွယ်ရှလွယ် ခံစားမှုနဲ့ ပြည့်နှက်နေပါတယ်။

သားဦးမိခင်၏ မွေးကင်းစကလေးပြုစုမှု ကိုယ်တွေ့အခက်အခဲ

Author: BurmeseHearts

မိခင်စိတ်ပြည့်ဝတဲ့ မိခင်တိုင်းဟာ ကိုယ့်ရင်သွေးက ဖြစ်ပေါ်လာတဲ့ အရာတွေကို မရွံတော့ဘူး။ ရွံရကောင်းမှန်းလည်း မသိတော့ပါဘူး။ ကလေးကျန်းမာပျော်ရွှင်ရေးကိုပဲ ဦးစားပေးမိတယ်။

ဆေးရုံပေါ်ရှိ မိခင်နှင့်ကလေးအတွက် အကြံပေးချက်

Author: BurmeseHearts

ဆရာဝန် ၊ သူနာပြုတွေဟာ မိမိရဲ့ အနီးဝန်းကျင်မှာ ရှိနေတာမို့ မိခင်များအနေနဲ့ မိမိမသိတာ ၊ သေချာနားမလည်တာ ၊ ထွေပြားနေတဲ့ မိခင်နှင့် မွေးကင်းကလေးနဲ့ ပတ်သက်သော အကြောင်းအရာများ ၊ မွေးကင်းစကလေး နို့တိုက်ကျွေးပုံနဲ့ ပြုစုစောင့်ရှောက်ပုံ မိမိခံစားနေရသော ထူးခြားသည့် နေမထိထိုင်မသာ ဖြစ်မှုများအား ဆေးရုံကမဆင်းခင် အရှင်း မေးမြန်းထားသင့်သည်။

စင်္ကာပူနိုင်ငံမှာ ကလေးမွေးသည့် မြန်မာမိဘများအတွက်

Author: BurmeseHearts

ကလေးမွေးပြီး (၁၄)ရက်ကနေ (၄၂)ရက်အတွင်း လာလျှောက်သူတွေကိုတော့ နောက်ကျမှ လျှောက်ထားတယ်လို့ သတ်မှတ်ပါတယ်။

(၄၂)ရက်ကျော်မှ ကလေးမွေးစာရင်း လျှောက်ထားရင်တော့ ဘာကြောင့် နောက်ကျပြီးမှ လျှောက်ထားရသလဲဆိုတဲ့ ရှင်းလင်းချက်စာနဲ့ ဒဏ်ငွေ အများဆုံး စင်္ကာပူဒေါ်လာ(၁၀၀)ပါ တွဲတင်ရပါတယ်။

မီးဖွားပြီးစမိခင်များ သိကောင်းစရာ

Author: BurmeseHearts

ဗိုက်ခွဲမွေးသူများအဖို့ ဗိုက်၏အောက်ဖက်ပိုင်းတွင် ခွဲထားခြင်းဖြစ်ရာ ထိုနေရာမှ နာကျင်ကိုက်ခဲမှုတို့ကို ခံစားနိုင်သည်။ ဆေးဝန်ထမ်းများ ညွှန်ကြားထားသည့်အတိုင်း အနာကို ဆေးမှန်မှန်ထည့်ပြီး ဒဏ်ရာကောင်းကောင်း မကျက်ခင် အလေးအပင်မခြင်းကို ရှောင်ရှားပါ။

မီးဖွားပြီးစမိခင်သည် အကူအညီလိုသောသူဖြစ်သည်

Author: BurmeseHearts

မိခင်တစ်ဦးရဲ့ စိတ်ရှည်သည်းခံနိုင်မှု ၊ သားသမီးအပေါ် ထားရှိသော ချစ်ခြင်းမေတ္တာ ၊ မိမိဆန္ဒထက် သားသမီးအတွက် ဖြည့်ဆည်းပေးနိုင်မှု စတာတွေဟာ ကလေးမွေးကင်းစအချိန်မှာ ပေါ်လာပါတော့တယ်။ ဒါ့အပြင် ဖခင်တစ်ဦး၏ ချစ်ခြင်းမေတ္တာဆိုတာကိုလည်း ဇနီးကို နားလည် ၊ အားပေးကူညီမှု ၊ အိမ်မှုကိစ္စနှင့် သန့်ရှင်းရေးကိစ္စကူနိုင်မှု (ကူညီနိုင်သူအား ခေါ်ပေးထားနိုင်မှု) ၊ ကလေးငိုလို့ အိပ်ရေးပျက်ရတဲ့ညတွေကို သည်းခံနိုင်မှုမှာလည်း ပေါ်လွင်လာပါတော့တယ်။

မိခင်နို့၏ ဂုဏ်သတ္တိ

Author: BurmeseHearts

ကမ္ဘာပေါ်ရှိ ဆရာဝန်များ ၊ သိပ္ပံပညာရှင်များ ၊ စိတ်ပညာရှင်များ နဲ့ မနုသဗေဒပညာရှင်တို့က ၎င်းတို့ရဲ့ ရှုထောင့်အသီးသီးကနေ အကုန်လုံး တညီတညွတ်တမ်း ထောက်ခံထားတာကတော့ ရင်သွေးငယ်တို့အတွက် မိခင်နို့ရည်ဟာ အကောင်းဆုံးသော အာဟာရဖြစ်ကြောင်းပါ။

နို့မှုန့် ဘယ်ကလာတယ်

Author: BurmeseHearts

တရိစ္ဆာန်နို့ဟာ တိရိစ္ဆာန်လေးတွေအတွက် အသင့်တော်ဆုံးဖြစ်ပြီး လူသားကလေးတွေအတွက် လူသားမိခင်နို့ကတော့ အသင့်တော်ဆုံးပါ။ တံဆိပ်အမျိုးမျိုးကပ်ထားတဲ့ နို့မှုန့်တွေဟာ နွားနို့ ၊ ဆိတ်နို့ စတဲ့ တရိစ္ဆာန်နို့တွေကို တာရှည်ခံအောင်စီစဉ်ပြီး ထုတ်လုပ်ထားတာပါ။

မိခင်ရောကလေးပါ သက်တောင့်သက်သာရှိမည့် ကလေးနို့တိုက်သော ပုံစံများ

Author: BurmeseHearts

အထူးသတိထားရမည်မှာ ကလေးအားနို့တိုက်ကျွေးချိန်တွင် မိခင်မှ သတိမထားမိဘဲ ငိုက်မြည်းသွားခဲ့၍ မိမိရင်သွေး၏နှာခေါင်းအား နို့ဖြင့်ဖိထားမိသလို အနေအထားဖြစ်နေပါက ကလေးဟာ အသက်ရှူမွန်းကြပ်နိုင်ပါသည်။

ကလေးမီးဖွားပြီးနောက် အလုပ်ပြန်ဝင်ရသော မိခင်များအတွက်

Author: BurmeseHearts

မိခင်ရဲ့ သဘာဝနို့သီးခေါင်းနဲ့ နို့ဗူးမှ နို့သီးခေါင်းတို့ဟာ မည်သို့ပင် တူအောင် တုလုပ်ထားသည်ဖြစ်စေ မတူနိုင်ပါ။ အမြင်မတူနိုင်သလို ထိုနို့သီးခေါင်းများအား အားထုတ်စို့ရသော ကလေး၏ အားထုတ်ရမှုလည်း မတူပါ။

မီးဖွားပြီးစမိခင်ဖြစ်လျက် နို့ဘာကြောင့်မထွက်တယ်

Author: BurmeseHearts

ပထမဆုံး မိခင်ဟာ ကလေးကို နို့တိုက်ချင်တဲ့ဆန္ဒရှိရပါမယ်။ နို့တိုက်မိခင်ဟာ အာဟာရပြည့်ဝစွာ စားသုံးရမှာမို့ အစားရှောင်တာတွေကို မပြုဘဲ ကျန်းမာစေတဲ့ အစာမှန်သမျှကို စားသုံးရမှာပါ။

နို့ရည်ညှစ်ထုတ်နည်းများ

Author: BurmeseHearts

မိခင်မပင်ပန်းရအောင် နို့ကျန်တစ်ခါညှစ်ချိန်ဟာ မိနစ်သုံးဆယ်ထက် မပိုရပါဘူး။

လက်နဲ့အသုံးပြုပြီး နို့ကျန်ညှစ်သူတွေက ညှစ်ပြီးချိန်မှာ လက်နဲ့ နို့သီးခေါင်းတဝိုက် ၊ နို့တဝိုက်ကို သန့်ရှင်းမှုပြုရပါမယ်။ နို့သီးခေါင်း ခြောက်သွေ့အက်ကွဲခြင်း မဖြစ်ရအောင် နို့သီးခေါင်းသန့်ရှင်းရာမှာ ဆပ်ပြာ မထိရပါဘူး။

နို့ရည်ထားသိုနည်း ၊ တာရှည်ခံချိန် ၊ နွေးပုံနှင့် သယ်ယူပုံ

Author: BurmeseHearts

ခဲနေတဲ့နို့ရည်ကို နွေးလာအောင် လုပ်မယ်ဆိုရင်ဖြင့် ရေပူထဲမှာ နို့ခဲထည့်ထားတဲ့ ဖန်ခွက်ကို အဖုံးနဲ့ (၁၀)မိနစ်ထားရုံနဲ့ ရပါပြီ။ နွေးထားတဲ့ အဲဒီနို့ခဲ အရည်ပျော်ရည်ကို ရေခဲသေတ္တာ (အခဲခန်းမဟုတ်)ထဲမှာ (၂၄)နာရီ ထားသိုနိုင်ပါတယ်။ အဲဒီ နို့ခဲပြန်နွေးလို့ရလာတဲ့နို့ကို ပြန်ခဲပြီး ပြန်နွေးတာမျိုးမလုပ်ရပါဘူး။

နို့တိုက်မိခင်များ သိကောင်းစရာ

Author: BurmeseHearts

နို့တိုက်ကျွေးပါက နို့သီးခေါင်းထိပ်ကလေးပဲ ကလေးပါးစပ်ထဲဝင်အောင် စို့စေခြင်းထက် အမဲကွင်းတစ်ခုလုံး ကလေးပါးစပ်ထဲဝင်အောင် ကလေးပါးစပ်ဟနေတုန်း ထည့်ပေးလိုက်နိုင်က နို့သီးခေါင်းနာခြင်း ပိုသက်သာစေသည်။

ကိုယ်ဝန်ဆောင်သည်များ ၊ မီးနေသည်များ ၊ နို့တိုက်မိခင်များအတွက် အစာအာဟာရ အပိုင်း(၁)

Author: BurmeseHearts

ဈေးကြီးတာ ၊ ဈေးပေါတာတွေထက် လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားသောက်တဲ့ ဟင်းလျာတွေလောက် ဘယ်အရာကမှ ထူးပြီး အာဟာရပြီးပြည့်စုံနေတာမျိုး မရှိနိုင်ပါ။

ကိုယ်ဝန်ဆောင်သည် ၊ မီးနေသည် ၊ နို့တိုက်မိခင် နှင့် ကလေးများအတွက် အစာအာဟာရ အပိုင်း(၂)

Author: BurmeseHearts

မိခင်စားလိုက်တဲ့ အစားအစာတွေဟာ နို့ထဲကို တိုက်ရိုက်မရောက်ပါဘူး။ မိခင်စားလိုက်တဲ့အစာတွေဟာ မိခင်ဝမ်းထဲမှာ အာဟာရဓါတ်အဖြစ် ပြောင်းလဲပြီး အဆင့်ဆင့် ဓါတ်ပြောင်းလဲမှုတွေ ဖြစ်ပြီးမှ နို့ရည်အဖြစ် ကလေးက သောက်စို့ရတာပါ။ ဒါကြောင့် မိခင်ရဲ့နို့ရည်ဟာ မိခင်ဘာစားစား ရောဂါပိုးမွှားတို့ ကင်းစင်ပါတယ်။

ကိုယ်ဝန်ဆောင်သည် ၊ မီးနေသည် ၊ နို့တိုက်မိခင် နှင့် ကလေးများအတွက် အစာအာဟာရ အပိုင်း(၃)

Author: BurmeseHearts

ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးနို့တိုက်မိခင်တွေကိုယ်တိုင်က အစားရှောင်ရင်း အာဟာရဓါတ်ချို့တဲ့လာတော့ ဒီမိခင်ရဲ့ အာဟာရဓါတ်ကိုမှ မှီတွယ်အားထားနေရတဲ့ ကလေးတွေဟာ သန်စွမ်း ကျန်းမာလာနိုင်ပါတော့မလား။

မီးဖွားပြီးနောက် သားအိမ်အလုပ်လုပ်ပုံ နှင့် ပြန်နလန်ထူသည့်အဆင့်

Author: BurmeseHearts

ရက်သတ္တပတ် (၆)ပတ်မှ (၈)ပတ်အတွင်းမှာ နဂိုမူရင်း သားအိမ်အနေအထားကို ပြန်ရောက်သွားပေမယ့်လို့ ကိုယ်ဝန်လွယ်ထားတုန်းက ကြီးမားပူတင်းခဲ့တဲ့ ဗိုက်ပြင်ကတော့ ဒီကာလတိုတိုမှာ အရင်တုန်းကလို ပြန်ချပ်မသွားပါဘူး။

မီးတွင်းထဲက မီးနေသည်

Author: BurmeseHearts

ပြုစုကြင်နာမှုတွေ မခံစားရလို့ အားငယ်နေတဲ့သူတွေကို အားငယ်တာတွေရပ်ပြီး ကိုယ့်ကိုယ်ကို အားကိုးဖို့ ကျွန်မရဲ့ ကိုယ်တွေ့အဖြစ်ကို ဝေမျှပြီး တိုက်တွန်းလိုက်ပါတယ်။

ကလေးတစ်ဦးနဲ့တစ်ဦး ဘယ်လောက်ခြားယူကြမယ်

Author: BurmeseHearts

ကလေးနို့တိုက်နေလျက် ဒီအတောအတွင်း ရာသီမပေါ်ခဲ့လို့ မမျိုးဥမကြွေဘူးဆိုပြီး အကာအကွယ်မသုံး ၊ တားဆေးမသုံးဘဲ ဇနီးမောင်နှံနှစ်ဦး စပ်ယှက်မိတဲ့အခါမှာ မမျိုးဥကြွေတဲ့အချိန်နဲ့ တိုက်ဆိုင်နေခဲ့ရင် ကလေးရနိုင်ပါတယ်။