ဆောင်းပါး – BurmeseHearts http://www.burmesehearts.com Online courses marketplace in Burmese language. Become a student, become a teacher, learn Mon, 11 Nov 2019 06:10:18 +0000 en-US hourly 1 https://wordpress.org/?v=5.1.4 http://www.burmesehearts.com/wp-content/uploads/2015/09/cropped-SortingBurmeseNumbersA-32x32.png ဆောင်းပါး – BurmeseHearts http://www.burmesehearts.com 32 32 တသက်တာဒေါင်ဒေါင်မြည်နေဖို့ ကလေးပိစိအရွယ်ကစ ဂရုစိုက်ကြစို့ http://www.burmesehearts.com/%e1%80%90%e1%80%9e%e1%80%80%e1%80%b9%e1%80%90%e1%80%ac%e1%80%b1%e1%80%92%e1%80%ab%e1%80%84%e1%80%b9%e1%80%b1%e1%80%92%e1%80%ab%e1%80%84%e1%80%b9%e1%80%bb%e1%80%99%e1%80%8a%e1%80%b9%e1%80%b1%e1%80%94/ http://www.burmesehearts.com/%e1%80%90%e1%80%9e%e1%80%80%e1%80%b9%e1%80%90%e1%80%ac%e1%80%b1%e1%80%92%e1%80%ab%e1%80%84%e1%80%b9%e1%80%b1%e1%80%92%e1%80%ab%e1%80%84%e1%80%b9%e1%80%bb%e1%80%99%e1%80%8a%e1%80%b9%e1%80%b1%e1%80%94/#respond Wed, 19 Jun 2019 21:18:14 +0000 http://www.burmesehearts.com/?p=74842

ကျွန်မ ကျန်းမာရေးမကောင်းတာကော ၊ အလုပ်တွေပိနေတာကော ၊ ရတဲ့အချိန်တိုင်း ကလေးပညာရေး ၊ ကျန်းမာရေး ၊ မိသားစုသာရေးနာရေးတွေကြောင့် စာမရေးဖြစ်တာ အတော်ကြာပြီး အဆက်ပြတ်နေသလိုရှိပေမယ့် တကယ့်ကို အကျိုးရှိမယ့် ခေါင်းစဉ်လေးတွေ ခေါင်းထဲပေါ်လာတိုင်း ချရေးထားဖြစ်တယ်။ ဒီခေါင်းစဉ်အောက်မှာတော့ ကလေးမိဘတွေအတွက် ၊ ကလေးတွေ နောင်ရေးအတွက် ဒီပို့စ်လေး ရေးတင်မှဖြစ်မယ်ရယ်လို့ဆုံးဖြတ်ပြီး ကိုယ့်အိပ်ချိန်ဖဲ့လို့ အတွေးပေါ်လာတဲ့ မနက် ၂နာရီမှာ ဒီပို့စ်လေး ကောက်ရေးတင်ဖြစ်တာပါ။

ကျွန်မဟာ ငယ်စဉ်ကတည်းက ကျန်းမာရေးချူချာသူတစ်ဦးလို့ စပ်မိစပ်ရာ အရင်ပို့စ်တွေမှာ တပိုင်းတစကျွန်မရေးဖြစ်ခဲ့ပေမယ့် ဘာကြောင့် ဒီလိုမကျန်းမာရသလဲဆိုတဲ့အကြောင်းတော့ မရေးတင်ဖြစ်ခဲ့ဘူး။ ဒေါင်ဒေါင်မြည် ကျန်းမာရေးကို ငယ်စဉ်ကတည်းက မရခဲ့တဲ့ ကျွန်မကိုယ်တိုင်လည်း ဒီလိုဖြစ်နေခြင်းအပေါ် စိတ်ဆင်းရဲမှုပုံထားတာမျိုးမရှိဘူး။ မကျန်းမာတဲ့ကိုယ်ရထားတော့ ကျန်းမာမယ့် နေထိုင်စားသောက်ခြင်းတွေကို ဦးစားပေးရင်း နာခြင်း ၊ သေခြင်းဆိုတာကို မကျန်းမာတိုင်း နှလုံးသွင်းဖြစ်နေတာကပဲ ကောင်းချီးတခုလို အကောင်းဘက်ကတွေးရင်း နေလာခဲ့တာ လူ့သက်တမ်းတဝက်တောင်ကျော်လာခဲ့ပေါ့နော်။

ကျွန်မသမီးလေးရလာတော့ ကျွန်မလို မကျန်းမာတဲ့ကိုယ်နဲ့ မဖြစ်နေစေချင်ဘူး။ ဗုဒ္ဓဘာသာဝင်ဆိုတော့ သူ့ကံပေးသလောက်ပဲ ရမှာပေါ့လို့တွေးပြီး မသွားချင်ဘူး။ အသက်ကိုဥာဏ်စောင့်တယ်ဆိုတာ တကယ်မှန်တယ်။ ဒါပေမယ့် ကိုယ်တိုင် ဥာဏ်စောင့်ဆင်ခြင်လို့ မရနိုင်သေးတဲ့ မွေးကင်းစကလေးအရွယ်ကနေ ကောင်းကောင်း သိတတ်တဲ့ကလေးအရွယ်တွေကို စောင့်ရှောက်တဲ့ လူကြီးမိဘတွေ ဥာဏ်ကြီးပါမှ ဒီကလေးဟာ ဒေါင်ဒေါင်မြည် ကျန်းမာရေးရဖို့ ကံကြီးတယ်လို့ ကျွန်မဆိုချင်ပါတယ်။

ကျွန်မအမေက အစိုးရဝန်ထမ်းမို့ အဲဒီခေတ်က မွေးပြီးတစ်လဆို ရုံးပြန်တက်ရတယ်ဆိုလား အမေပြောဖူးတယ်။ ဒါပေမယ့် အမေရုံးပြန်တက်တဲ့ အချိန်မှာ လသားသာသာအရွယ် ကျွန်မ အဆုတ်ထဲရေဝင်လို့ ဆေးရုံမယ် အတော် ကုလိုက်ရတယ်ဆိုလား အမေပြောတာ ကျွန်မ မှတ်မိနေတယ်။ ဘယ်ကစသလဲ ကျွန်မ မသိနိုင်ပေမယ့် အဲဒီကစတယ်လို့ပဲ ကျွန်မထင်တယ်။ ကျွန်မဟာ အဆုတ်မကောင်းဘူး။ နံရံဆေးသုတ်ထားတဲ့အနံ့ရတာနဲ့ ကျွန်မချောင်းဆိုးဖျားသလို ရာသီဥတုအပူချိန် ရုတ်တရက်ပြောင်းတိုင်းလည်း ကျွန်မဖျားတယ်။ ဖျားတိုင်းလည်း ချောင်းအတော်ပြင်းပြင်းဆိုးတယ်။ ချောင်းအရမ်းဆိုးရင် ဘယ်လောက် မောဟိုက်ခံရခက်တယ်ဆိုတာ အဲဒီဒဏ်ကို ခပ်ပြင်းပြင်းခံစားဖူးသူမှသိမယ်။ ကျွန်မကတော့ အမြဲလို အဲဒီဒဏ်ကို ဖျားတိုင်းခံစားရသလို အဖျားကလည်း အကြောင်းရှာဝင်မယ်ဆိုတာချည်းပဲ။ ဒီလိုနဲ့ အနည်းဆုံးတလတစ်ကြိမ်ဖျား ၊ တခါဖျားတိုင်း တပတ်ကနေ နှစ်ပတ်အထိ နလန်မထူတဲ့ကျွန်မ ဒီပို့စ်ရေးဖို့ ဆုံးဖြတ်လိုက်တာပါ။

ကျွန်မလသားအရွယ် အမေရုံးပြန်တက်တော့ ကျွန်မကို အသက်(၂၀)အရွယ်သာသာ မိန်းမပျို အကူမိန်းကလေးတွေနဲ့ အမေကထားခဲ့တာပါ။ အပျိုငယ်ငယ်လေးတွေဆိုတော့ ကလေးကို ဘယ်လိုသေသေချာချာ ဂရုစိုက် စောင့်ရှောက်ရမယ် ၊ ကလေးကျန်းမာရေးကို ဘယ်လိုအရေးထားရမယ်လို့ မသိခဲ့နိုင်ဘူး။ မြေဇာပင်ကျွန်မ ဆေးရုံရောက်ပြီး ကျန်းမာရေးမကောင်းဖို့ ကံပါလာခဲ့တော့ ဒီဒဏ်ကို ဒီအချိန်ထိခံရတုန်းပဲ။ မသေမချင်း ဒီဒဏ်ခံသွားရမယ်ဆိုတာလည်း သိနေတော့ ဒီလို လသားကလေးအရွယ် ကျန်းမာရေးစောင့်ရှောက်မှုကနေ ကလေးတွေကို မှန်ကန်တဲ့ ကျန်းမာရေးအသိပေးဖို့ အရမ်းအရေးကြီးတယ်ဆိုတာ ကျွန်မ ကိုယ်ဝန်ဆောင်မှ ပိုသိလာတယ်။

ဒီအသိမျိုးပေးတဲ့သူ ကျွန်မဘဝထဲမှာ မကြုံခဲ့ရဘူး။ ဒီအသိကိုတောင် Google မှာ မွေးကင်းစကလေး ဘယ်လို ကျန်းမာရေးပြုစုစောင့်ရှောက်ဖို့ ၊ အရွယ်မမယ်သေးတဲ့ ကလေးတွေကို ဘယ်လို ကျန်းမာရေးစောင့်ရှောက်ဖို့ဆိုတာ ကိုယ်ဝန်ဆောင်မှ ကိုယ့်ဘာသာရှာရှင်း သိလာခဲ့တာမျိုးပါ။ အဲဒီတော့မှ ပိုသိလာတာက လူမမယ်လေးတွေကို ကောင်းကောင်းစောင့်ရှောက်ရုံနဲ့မပြီးသေးဘူး။ အရွယ်ရလာတဲ့ ကလေးငယ်တွေ ၊ ဆယ်ကျော်သက်တွေကိုလည်း မှန်ကန်တဲ့ ကျန်းမာရေးအသိကို နားဝင်အောင် တကယ်သိနားလည်တဲ့အထိ ပြောဖို့ဆိုတာလည်း တကယ်အရေးကြီးမှန်းသိလာတယ်။ ဖြစ်နိုင်ရင် ကျောင်းတွေမှာ အခြေခံဘာသာရပ်အဖြစ် သင်ပေးနိုင်ရင် ပိုတောင်ကောင်းဦးမယ်။

ငယ်ငယ်ကတည်းက အဖျားတွေ အဖော်ပြုပြီး လူမမာငယ်လေးတစ်ယောက်လို ကြီးလာခဲ့ရတဲ့ကျွန်မ အိမ်မှာပဲ အနေများခဲ့တဲ့ကျွန်မ ဆေးလိပ်ငွေ့တွေကို  မနက်ကနေ ညအထိ ရှူရလေ့ရှိတယ်။ အိမ်မှာရှိတဲ့ အမျိုးသားတိုင်းက ဆေးပေါလိပ် လက်ကမချတဲ့သူတွေဆိုတော့ အိမ်ရဲ့ဘယ်နေရာကိုသွားသွား အဲဒီအငွေ့တွေ အမြဲလို ရှူနေရတာကလည်း။ ကျွန်မအဆုတ်မကောင်းရတဲ့ အကြောင်းရင်းတွေထဲကတချက်ပေပဲ။ ဆေးလိပ်နံ့ဆိုတာကို တကယ့်ကို ရှားရှားပါးပါး ရံဖန်ရံခါမှသာ အခန့်မသင့်ရှူရတဲ့  စင်္ကာပူလိုနိုင်ငံမှာ ၊ ဆေးလိပ်မသောက်တဲ့ မိသားစုအသိုင်းအဝန်းမှာ သမီးလေးကြီးပြင်းခွင့်ရတာ ကလေးကံကောင်းတာပေါ့။ ဆေးလိပ်ငွေ့တွေဟာ အဆုတ်ကို အတော် ထိခိုက်တယ်ဆိုတာ ကျွန်မချဲ့မပြောတော့ဘူး။

နောက်တခုက ခြင်ဆေးငွေ့ ကျွန်မ မသိတတ်တဲ့အရွယ်ကနေ အခုအချိန်အထိ မြန်မာပြည်မှာ ခြင်ဆေးခွေတွေကို အသုံးပြုတာ မြင်တွေ့တယ်။ ခြင်ဆေးခွေအငွေ့ဟာ အဆုတ်ကို ဘယ်လိုထိခိုက်တယ်။ ကျန်းမာရေးထိခိုက်တဲ့အထိ မဖြစ်အောင် ဘယ်လိုသုံးရမယ်လို့ ကျွန်မမြန်မာနိုင်ငံက ထွက်လာတဲ့ အသက်၂၆နှစ်အရွယ်အထိ တကယ်မသိခဲ့ဘူး။ သိအောင်ပြောပြမယ့်သူ ကျွန်မအသိုင်းအဝိုင်းမှာ မရှိခဲ့ဘူး။

မြန်မာနိုင်ငံမှာ ခြင်ပေါတယ်။ ခြင်လုံဇကာနဲ့ နေနိုင်သူတွေတောင် ခြင်တွေကို အိမ်ရဲ့ဟိုထောင့်ဒီထောင့်မှာ တွေ့နိုင်သေးတယ်။ ကျွန်မတို့မိသားစုက ခြင်လုံဇကာနဲ့ နေနိုင်တဲ့ အသိုင်းအဝန်းက မဟုတ်ခဲ့ဘူး။ အိမ်အနောက်ဘက်မှာ မြောင်းပိတ်တတ်တဲ့ ရပ်ကွက်နေမိသားစုမျိုးဆိုတော့ နွေ ၊ မိုး ၊ ဆောင်း ခြင်ဒဏ်ခံရလေ့ရှိတယ်။ ညနေစောင်း ကနေ ညခြင်ထောင်ထဲဝင်မှ ခြင်ဆေးခွေကို ငြိမ်းလေ့ရှိတယ်။ တခါတလေ နေ့ဘက်တောင် ခြင်ဒဏ်မခံနိုင်လွန်းလို့ ခြင်ဆေးခွေ ထွန်းရတော့ ဒီခြင်ဆေးငွေ့တွေကိုလည်း နိစ္စဒူဝ ရှူနေရတော့ ကျွန်မရဲ့အဆုတ်ဟာ ဘယ်လာကောင်းနိုင်ပါတော့မလဲ။

ခြင်ဆေးငွေ့ရဲ့ဆိုးကျိုးကို မသိဘဲ ခြင်ဆေးငွေ့ရှိရင် ခြင်မလာဘူးဆိုတဲ့အသိဘဲရှိခဲ့တော့ အထက်တန်းကနေ တက္ကသိုလ်အောင်တဲ့အထိ ကိုယ်စာကျက်တိုင်း ခြင်ဒဏ်ဝေးဖို့ ခြင်ဆေးခွေ ဟိုဘက် ၊ ဒီဘက် လှိုင်လှိုင်ထွန်းခဲ့မိတာကို အရမ်းကို နောက်ကျမှ နောင်တရမိတယ်။ ခြင်နည်းတဲ့ ပတ်ဝန်းကျင်မှာ သမီးလေး ရှင်သန်ကြီးပြင်းခွင့်ရတာကိုလည်း ခုချိန်မှာ ကျွန်မကျေးဇူးတင်မိတယ်။ ဒါဟာ လူနေမှုအဆင့်အတန်း ကွာဟမှုတွေရဲ့ ကြီးမားတဲ့ ကောင်းကျိုး ဆိုးကျိုးတွေလို့ ကျွန်မပြောရင် လွန်လေမလား။

ရွံတဲ့အကောင်ငယ်လေးတွေထဲမှာ ပိုးဟပ်ထိပ်ဆုံးကပါတယ်။ ကျွန်မတို့အိမ်မှာ အတွေ့များတာကလည်း ပိုးဟပ်ပဲ။ အထက်တန်းအရွယ်ကနေစလို့ ပိုးဟပ်ဖြန်းတဲ့ spray တွေကို ကျွန်မ လှိုင်လှိုင်ဖြန်းမှ ပိုးဟပ်ရန်က ဝေးမယ်လို့ ကျွန်မထင်ပြီး တကယ့်ကို လှိုင်လှိုင်ဖြန်းခဲ့တာ။ ဒီ spray ရဲ့ ကျန်းမာရေး ဘေးထွက်ဆိုးကျိုးကို ကျွန်မ မသိခဲ့ဘူး။ သိအောင် ပြောပြမယ့်သူမရှိခဲ့သလို ကျွန်မဒီလို ဖြန်းတာကိုလည်း တားမယ့်သူမရှိခဲ့ဘူး။ ဒါကလည်း ကျွန်မအဆုတ် မကောင်းတဲ့ အကြောင်းတခုပေပဲ။ ဒီ spray နံ့တွေကို ဆယ်စုနှစ်ကျော်ကျော် အမြဲရှူခဲ့တာကိုး။

အခုလို ကျွန်မ ကျန်းမာရေးအသိတွေရှိလာတော့ ဒါတွေဟာ မကောင်းဘူးလို့ ကျွန်မ အသိပေးချင်လာတယ်။ ခြင်မပေါတဲ့အရပ်မှာ ၊ ပိုးဟပ်ရှားတဲ့ ပတ်ဝန်းကျင်မှာ ရောက်နေလို့ ဒီလိုပြောလို့ ရတာပါ။ ခြင်ပေါတဲ့အရပ်မှာ ပိုးဟပ်တွေ အဖော်လုပ်နေရတဲ့ ပတ်ဝန်းကျင်မှာ လက်ရှိ ကျွန်မရှိနေဦးမယ်ဆို ဒီအကောင်တွေရန်ကလွတ်အောင် ဘယ်လိုနေထိုင်ပြီး ၊ ဘာတွေသုံးပြီး ကိုယ့်ကျန်းမာရေး မထိခိုက်အောင် ဘယ်လို ကာကွယ်စောင့်ရှောက်သွားရမယ်ဆိုတာတော့ လက်တွေ့မှာ တကယ်ခက်နေမှာလည်း သိတယ်။

ဒါကြောင့် လူနေမှု အဆင့်အတန်းနိမ့်တဲ့ နိုင်ငံတွေဟာ ကျန်းမာရေး ၊ ပညာရေး ချို့ယွင်းမှုရှိတယ်။ ဒါတွေဟာ တကယ်ကို ဆက်စပ်နေတယ်လို့ ခုကျွန်မကောင်းကောင်း သိနေပြီ။ ကျန်းမာရေးအသိပေးဖို့ ချို့ယွင်းလစ်ဟာနေတာတွေ ၊ လူနေမှုအဆင့်အတန်းနိမ့်တဲ့ ပတ်ဝန်းကျင် ကျယ်ပြန့်နေတာတွေဟာ လူ့အသက်တိုဖို့ ၊ ရောဂါတွေ ပေါများဖို့ ဖြစ်နေတယ်ဆိုတာလည်း မှန်တယ်။ လူဆိုတာ ပတ်ဝန်းကျင်နဲ့နေတာမို့ တစ်ဦးတည်း ကောင်းနေလို့ မရဘူးလေ။ ပတ်ဝန်းကျင်တခုလုံး ညီညီညာညာကောင်းပြီး တိကျတဲ့ စည်းကမ်းတွေ ၊ အပြစ်ပေးမှုတွေ ၊ လိုက်နာမှုတွေ ဟန်ချက်ညီညီရှိနေပါမှ ဒီပတ်ဝန်းကျင်တခုလုံးက ကောင်းနိုင်မှာပါ။

မြောင်းတွေပိတ်လို့ မြောင်းလာမရှင်းတဲ့ စည်ပင်ကို အပြစ်ရှာပြောနေမယ့်အစား ဒီမြောင်းတွေမပိတ်အောင် အမှိုက်တွေ မချကြဖို့ လူတစ်ဦးချင်းစီက လိုက်နာမယ်ဆို ပိတ်ဆို့တဲ့မြောင်းတွေ နည်းလာမယ် ၊ မိုးရွာတိုင်း ရေလျှံတာတွေ နည်းလာမယ်။ ဒါဟာ ပတ်ဝန်းကျင်တခုလုံးကောင်းဖို့အတွက်ပဲ။ ရေမြောင်းတွေမပိတ်ရင် ၊ ခြင်ပေါက်ဖွားနိုင်မယ့်ဟာတွေမှန်သမျှ တက်ညီလက်ညီတားဆီးကြမယ်ဆို ခြင်ပေါတဲ့ဒဏ်က လွတ်မှာပါ။

စင်္ကာပူဟာ အပင်သေးကနေ အကြီးအထိ အပင်တွေ အတော်ပေါပြီး အရမ်းစိမ်းလန်းတဲ့နိုင်ငံပဲ။ရာသီဥတုကလည်း ခုပူပေမယ့် ခဏနေမိုးရွာရင် ရွာချတာမျိုး။ ဒါပေမယ့် မြန်မာနိုင်ငံလို ခြင်မပေါဘူး။ ဒါဟာ နိုင်ငံတွင်းမှာ နေထိုင်သူတွေက တက်ညီလက်ညီ တွေ့လေရာအမှိုက်မပစ်လို့ ၊ အစိုးရနဲ့ပြည်သူပြည်သားတွေ တက်ညီလက်ညီ ကိုယ့်အလုပ်ကိုယ်လုပ် ၊ ကိုယ့်တာဝန်ကိုယ်ယူကြလို့ပဲလို့မြင်တယ်။ ပြီးတော့ ကျန်းမာရေးအသိကိုလည်း အစိုးရက ဘက်စုံကလုပ်ပေးနေသလို ပညာတတ်တွေ ၊ ဗဟုသုတကြွယ်သူတွေများတော့ ကျန်းမာရေးအသိရှိကြတယ်။ လုပ်သင့်တာ ၊ မလုပ်သင့်တာ ခွဲခြားသိပြီး လိုက်နာတဲ့သူများတယ်။

ဘာမှအတုမယူရင်နေ ဒီစိတ်ဓါတ်လေးနဲ့ ကောင်းမွန်တဲ့အကျင့်လေးတွေတော့ ကောင်းကောင်းအတုယူသင့်တယ်လို့ ကျွန်မထင်တယ်။ လူနေမှုအဆင့်အတန်းတော့မြင့်ချင်တယ်။ ဒါပေမယ့် စိတ်ဓါတ်အဆင့်လေးတွေ ၊ ကျန်းမာရေးအသိလေးတွေ ၊ အကျင့်လေးတွေ မမြှင့်တင်ကြဘူးဆိုရင် လူနေမှုအဆင့်အတန်း ပိုမြင့်မားလာဖို့ ဝေးနေဦးမှာပဲ။ အဲဒီအခါ ကျွန်မတို့ရဲ့ နောင်မျိုးဆက်လေးတွေဟာ ဓါးစာခံအဖြစ်နဲ့ ခြင်ပေါလို့ ခြင်ဆေးထွန်း ၊ ပိုးဟပ်များလို့ ဆေးဖြန်း ၊ ကြွက်များလို့ ဆေးချ ၊ ခွေးများလို့ ခွေးရူးကိုက်ခံရ စသဖြင့် ရောဂါတွေ မရသင့်ဘဲရ ၊ မသေသင့်ဘဲသေ ၊ လူ့ဘဝကို လူ့သက်တမ်းစေ့ မနေလိုက်ရသူတွေများလာတာလို့ ကျွန်မပြောရင် မှားလေမလားနော်။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%90%e1%80%9e%e1%80%80%e1%80%b9%e1%80%90%e1%80%ac%e1%80%b1%e1%80%92%e1%80%ab%e1%80%84%e1%80%b9%e1%80%b1%e1%80%92%e1%80%ab%e1%80%84%e1%80%b9%e1%80%bb%e1%80%99%e1%80%8a%e1%80%b9%e1%80%b1%e1%80%94/feed/ 0
အထီးကျန်မှုမှသည် အားသာချက်သို့ ပြောင်းလဲခြင်း http://www.burmesehearts.com/%e1%80%a1%e1%80%91%e1%80%ae%e1%80%b8%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%99%e1%82%88%e1%80%99%e1%80%bd%e1%80%9e%e1%80%8a%e1%80%b9-%e1%80%a1%e1%80%ac%e1%80%b8%e1%80%9e%e1%80%ac%e1%80%81%e1%80%ba/ http://www.burmesehearts.com/%e1%80%a1%e1%80%91%e1%80%ae%e1%80%b8%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%99%e1%82%88%e1%80%99%e1%80%bd%e1%80%9e%e1%80%8a%e1%80%b9-%e1%80%a1%e1%80%ac%e1%80%b8%e1%80%9e%e1%80%ac%e1%80%81%e1%80%ba/#respond Thu, 29 Nov 2018 07:21:01 +0000 http://www.burmesehearts.com/?p=74788 ဘာကြောင့် အထီးကျန်ခံစားရကြသလဲ။ အရိုးရှင်းဆုံးအဖြေက တစ်ဦးတည်း အဖော်မဲ့နေသလို ခံစားရမှုမှာ ထွက်ပေါက်ရှာမတွေ့ ဖြစ်နေလို့ အထီးကျန်တယ်ဆိုပြီး ဖြစ်နေကြတာပါ။ အဲဒီအချိန်မှာ အဖော် အရမ်းလိုအပ်လာတယ်။ ဖြေသိမ့်ပေးမယ့်သူကို တောင့်တတယ်။ အနားရှိစေချင်သူတွေကို တမ်းတတယ်။ စိတ်ပျော်ရာ ပျော်ကြောင်းတွေ လျှောက်လုပ်ကြတယ်။ ဒီအထီးကျန်ခံစားမှုကို ခဏပဲဖြစ်ဖြစ် ၊ လုံးဝပျောက်သွားအောင်ပဲဖြစ်ဖြစ် ကြိုးစားမေ့ဖျောက်တတ်ကြတယ်။ တကယ်လို့များ တစ်ဦးတည်း ဖြစ်နေသလိုလို ၊ ဘက်ပဲ့နေသလိုလို ခံစားရချိန်မှာ ကိုယ့်အတွက် စိတ်ဝင်စားစရာကောင်းမယ့် တခုခုကိုများ အစားထိုးလုပ်ကိုင်နေလိုက်မယ်ဆို ငါအထီးကျန်နေတယ်လို့ တွေးဖို့ အချိန်မရတော့ဘူး။ ငါဘယ်လိုအထီးကျန်ခံစားပြီး ဝမ်းနည်းနေရတယ်လို့ မခံစားဖြစ်ခဲ့ရင် အထီးကျန်တယ်ဆိုတဲ့ စကားလုံးဟာ ကိုယ့်အတွက်ဖြစ်မလာတော့ဘူး။ ဘယ်သူမှလည်း ကိုယ့်အနားမရှိ ၊ ဘာမှလည်း လုပ်စရာမရှိဘူးဆိုပြီး ပျင်းရိနေတာ ၊ အထီးကျန်ခံစားနေတာမျိုးတွေ မဖြစ်တော့ဘူး။ ကျွန်မရဲ့ (၅)နှစ်သမီးလေးက ကျောင်းကအပြန်တနေ့မှာ နှစ်ယောက်တတွဲ တွဲရတဲ့ ကျောင်းဆင်းချိန်မှာ သူ့ကိုတွဲမယ့်သူမရှိဘူး။ သူသိပ်အထီးကျန်ခံစားရတယ်လို့ ပြောလာခဲ့တယ်။ ဒီလိုအဖြစ်မျိုး […]]]>

ဘာကြောင့် အထီးကျန်ခံစားရကြသလဲ။ အရိုးရှင်းဆုံးအဖြေက တစ်ဦးတည်း အဖော်မဲ့နေသလို ခံစားရမှုမှာ ထွက်ပေါက်ရှာမတွေ့ ဖြစ်နေလို့ အထီးကျန်တယ်ဆိုပြီး ဖြစ်နေကြတာပါ။ အဲဒီအချိန်မှာ အဖော် အရမ်းလိုအပ်လာတယ်။ ဖြေသိမ့်ပေးမယ့်သူကို တောင့်တတယ်။ အနားရှိစေချင်သူတွေကို တမ်းတတယ်။ စိတ်ပျော်ရာ ပျော်ကြောင်းတွေ လျှောက်လုပ်ကြတယ်။ ဒီအထီးကျန်ခံစားမှုကို ခဏပဲဖြစ်ဖြစ် ၊ လုံးဝပျောက်သွားအောင်ပဲဖြစ်ဖြစ် ကြိုးစားမေ့ဖျောက်တတ်ကြတယ်။

တကယ်လို့များ တစ်ဦးတည်း ဖြစ်နေသလိုလို ၊ ဘက်ပဲ့နေသလိုလို ခံစားရချိန်မှာ ကိုယ့်အတွက် စိတ်ဝင်စားစရာကောင်းမယ့် တခုခုကိုများ အစားထိုးလုပ်ကိုင်နေလိုက်မယ်ဆို ငါအထီးကျန်နေတယ်လို့ တွေးဖို့ အချိန်မရတော့ဘူး။ ငါဘယ်လိုအထီးကျန်ခံစားပြီး ဝမ်းနည်းနေရတယ်လို့ မခံစားဖြစ်ခဲ့ရင် အထီးကျန်တယ်ဆိုတဲ့ စကားလုံးဟာ ကိုယ့်အတွက်ဖြစ်မလာတော့ဘူး။ ဘယ်သူမှလည်း ကိုယ့်အနားမရှိ ၊ ဘာမှလည်း လုပ်စရာမရှိဘူးဆိုပြီး ပျင်းရိနေတာ ၊ အထီးကျန်ခံစားနေတာမျိုးတွေ မဖြစ်တော့ဘူး။

ကျွန်မရဲ့ (၅)နှစ်သမီးလေးက ကျောင်းကအပြန်တနေ့မှာ နှစ်ယောက်တတွဲ တွဲရတဲ့ ကျောင်းဆင်းချိန်မှာ သူ့ကိုတွဲမယ့်သူမရှိဘူး။ သူသိပ်အထီးကျန်ခံစားရတယ်လို့ ပြောလာခဲ့တယ်။ ဒီလိုအဖြစ်မျိုး နှစ်ကြိမ်ကနေ သုံးကြိမ်လောက်ဖြစ်လာတော့ သူ့ကိုနားလည်အောင် ပြောပြဖို့ အချိန်တန်ပြီလို့ ကျွန်မဆုံးဖြတ်လိုက်တယ်။

ကျွန်မ လသားလေးအရွယ်မရောက်တရောက်မှာ အဆုတ်ထဲရေဝင်လို့ဆိုပြီး အတော်ကုခဲ့ရတယ်လို့ မိသားစုဝင်တွေက ပြောကြတယ်။ အဲဒီကုသမှု အကင်းသေလား ၊ မသေလား ကျွန်မလည်း ဆေးလောကသားမဟုတ်တော့ နားမလည်ဘူး။ ဒါပေမယ့် ကျွန်မဟာ အသက်(၁၀)နှစ်လောက်အထိ အမြဲလို တရှောင်ရှောင်ဖျားနာနေတာ အနွေးထည် ကင်းကင်းလွတ်တဲ့ရက်ဆိုတာရှားတယ်။ ချောင်းမဆိုးတဲ့ရက်ဆိုတာလည်းရှားတယ်။ နှာမစီးတဲ့ရက်ဆိုတာလည်းရှားတယ်။ နွေခေါင်ခေါင် ဖျားတာယူမလား ။ မိုးအေးလို့ဖျားတာယူမလား ။ ဆောင်းတွင်းမို့ဖျားတာယူမလား။ လေစိမ်းတိုက်လို့ဖျားတာယူမလား ။

အိမ်မှာနေလည်းဖျား ၊ ခရီးထွက်လည်းဖျား ၊ တံတားပေါ်က မြစ်တွေချောင်းတွေဖြတ်လည်းဖျား ၊ ပင်လယ်လေခံလည်းဖျား ၊ အပူအအေး မမျှလည်းဖျား ၊ နာက်ဆုံး ရာသီဥတုအပြောင်းအလဲ မိုးလေဝသမကြည့်နဲ့ ကျွန်မသာကြည့်လို့ လူကြီးတွေ နောက်ကြတဲ့အထိ ကျန်းမာရေးမကောင်းတဲ့ ခန္ဓာကိုယ်က အမြဲလိုလို ဖျားနာနေတော့တာပဲ။ ခြင်ကိုက်တာကနေအစ ကိုယ်လက်ဖူးယောင်တာအဆုံး ဘာဖြစ်ဖြစ် ဖျားဖို့ ၊ အိပ်ရာထဲလဲဖို့ပဲ တာဆူနေခဲ့တဲ့ကျွန်မ တခါဖျားရင် အနည်းဆုံးတပတ် နလန်မထူပြန်ဘူး။

ဒီလို လူမမာကလေးဘဝမှာ အဖျားတွေနဲ့ပဲ အဖော်ပြုခဲ့ရတော့ သူငယ်ချင်းတွေနဲ့ ပြေးလွှားကစားရတာမျိုးရှားတယ်။ လူကအဖျားရှိန် နဲ့ ကိုယ်ခံးအားနည်းလို့ ၊ နှလုံးအားနည်းပြီး အမောမခံနိုင်လို့ စတာတွေနဲ့ ကစားတိုင်း ကိုယ်က ပစားပေးအဆင့်ပဲဝင်ရတယ်။

မပြေးနိုင်တဲ့ကိုယ့်ကို ဘယ်သူမှ လိုက်ဖမ်းမယ့်သူလည်းမရှိ ၊ ကိုယ်လိုက်ဖမ်းလှည့်ဆိုပြန်ရင်လည်း သူငယ်ချင်းတွေလောက် မပြေးနိုင်တဲ့ကိုယ်ဟာ ဘယ်သူ့မှ ဖမ်းမမိဘဲ ကစားပွဲဟာ ပျော်စရာမကောင်းတာကြောင့် သူငယ်ချင်းတွေက ကိုယ့်ကို ပြေးချင်ပြေး ၊ မပြေးချင်နေဆိုပြီး ပစားပေးထားခဲ့တာ။ ဒီတာ့ ကိုယ်ဝင်ကစားခွင့်ရသည့်တိုင် ကစားပွဲတိုင်းမှာ လိုက်ဖမ်းမယ့်သူမရှိတဲ့ကိုယ်ဟာ သူတို့ကသပ်သပ် ကိုယ်သပ်သပ်လို ခံစားနေရပြီး ဘေးကနေပဲ တခြားသူတွေကစားတာ ထိုင်ကြည့်ဖြစ်တော့တယ်။

နေမကောင်းတိုင်း အိပ်ယာထဲကမထနိုင်လို့ ကျောင်းပျက် ၊ အတန်းမမှန်တော့ စာမရ ၊ စာမရတဲ့လူမမာကို အဖက်မလုပ်ကြတဲ့ ဒီစာသင်ခန်းထဲမှာ ကျွန်မအတော် အထီးကျန်ခံစားခဲ့ဖူးတယ်။ အဲဒီ အထီးကျန်မှုဆိုတဲ့အရာကို ဘယ်သူ့တိုက်တွန်းအကြံပေးမှုတွေမှ မရခဲ့ဘဲ ကျွန်မတွန်းလှန်ခဲ့ပုံကို သမီးလေးကို ပြန်ပြောပြဖြစ်ခဲ့တယ်။

အထီးကျန်တယ်လို့ ကျွန်မခံစားရတိုင်း ကျောင်းသင်ခန်းစာတွေကို ကျွန်မ အစကနေ ပြန်လှန်ကြည့်တယ်။ တမျက်နှာပြီးတမျက်နှာ နားလည်သထက် နားလည်အောင် အပြန်ပြန်အလှန်လှန်ဖတ်တယ်။ လေ့ကျင့်တယ်။ ကျက်မှတ်တယ်။ နေမကောင်းရင် အိပ်ယာထဲမှာပေါ့။ ကျောင်းမုန့်စားကျောင်းဆင်းချိန်ဆို အတန်းထဲမှာပေါ့။

သူများတွေ အနားယူချိန် ၊ ကစားချိန်တွေမှာ ကျွန်မက အထီးကျန်မှုကို တိုက်ဖျက်ပြီး စာတွေ ပိုလုပ်ဖြစ်တယ်။ ကျောင်းစာတွေ အကုန်ညက်တော့ ပြင်ပဗဟုသုတရစရာစာအုပ်တွေကို အဖေ့စာအုပ်စင်တွေထဲက ရှာယူဖတ်မှတ်ဖြစ်ပြန်ရော။ ဒီလိုနဲ့ ကျွန်မဟာ ဗဟုသုတ အတော်စုံလာခဲ့တယ်။ ဗဟုသုတဆုံတော့ ကိုယ်နဲ့မတည့်တာတွေကဘာ ၊ ဘာကိုရှောင်လို့ ဘာကိုဆောင်ရမလဲ ၊ ကျန်းမာအောင် ဘယ်လိုနေထိုင်စားသောက်ရမလဲစတာတွေကို ဖတ်မိသိရှိလာတယ်။ အဲဒီအတိုင်းနေထိုင်စားသောက်တော့ ပိုကျန်းမာလာတယ်။ ကျန်းမာလာတဲ့ အဲဒီအချိန်မှာ အတန်းထဲ အဆင့် (၁)၊ (၂) ၊ အနိမ့်ဆုံး(၃)နေရာ အမြဲရပ်တည်နေနိုင်ခဲ့တယ်။

အရင်က ကျောင်းမမှန် ၊ စာမရတဲ့လူမမာကို အဖက်မလုပ်တဲ့ အတန်းဖော်တွေ ဒီသင်္ချာအပုဒ်ကို ဘယ်လိုတွက်သလဲလာမေးကြတယ် ၊ ဒီအင်္ဂလိပ်စာမေးခွန်းအဖြေမှန် ဘယ်လိုလဲ လာမေးကြတယ်။ ဒါနားမလည်လို့ ၊ ဟိုဟာနားမလည်လို့ လာမေးသမျှ ကျွန်မဒိုင်ခံ ဖြေပေးတော့ သူငယ်ချင်းတွေများလာတယ်။ နေမကောင်းလို့ ကျောင်းမလာဖြစ်တဲ့ သူငယ်ချင်းတွေရဲ့အိမ်ကိုသွား ကျောင်းမှာသင်တဲ့စာတွေကို သူ့စာအုပ်ထဲကူးပေးဖို့ အိမ်ယူလာ ၊ နောက်တနေ့ ကျောင်းမှာ ပြန်ရှင်းပြနဲ့ ကျွန်မမှာ သူငယ်ချင်းများလာတယ်။ ဗဟုသုတစုံတော့ English Essay နဲ့ မြန်မာစာစီစာကုံးတွေဆို မကျက် ၊ မမှတ်ရဘဲ လက်တန်းစပ်စိုပြီး အကိုးအကားတွေပါသုံးလို့ ရေးနိုင်လာတာ အလယ်တန်းကျောင်းသူဘဝကတည်းကပဲ။

ဒီအကြောင်းကို သမီးကိုပြောပြပြီး သမီးဟာ တခါတရံမှ တစ်ယောက်တည်း အထီးကျန်သလို ခံစာရတာဖြစ်ပြီး ဘယ်သူမှ သမီးကို တမင်ဖယ်ချန်ထားခဲ့တာမျိုးမဟုတ်ကြောင်း ၊ အမေ့လို အပယ်ခံ လူမမာဘဝကနေတောင် ထူးချွန်ပြီး သူငယ်ချင်းတွေအများကြီး ချစ်ခင်အားကိုးမှုခံရအောင် ဘယ်လိုကြိုးစားနေခဲ့ရတယ်ဆိုတာမျိုးကို ရှင်းပြခဲ့တော့ သမီးလေး နားလည်သွားတယ်။ ကျွန်မရဲ့စကားအဆုံးမှာ သူဟာ ပျင်းနေသလိုခံစားရရင် တစ်ယောက်တည်းနေပျော်တတ်အောင်နဲ့ အထီးကျန်သလိုခံစားနေရချိန်မှာ လေ့လာအားထုတ်မှု ပိုလုပ်မယ်လို့ ပြောလာတယ်။

စိတ်ခံစားမှုတွေကို စိတ်စွမ်းအားအဖြစ် ပြောင်းလဲပစ်လိုက်နိုင်ရင် အကောင်းဆုံးပဲ။

အဆိုးဆုံးဆိုတဲ့ အခြေအနေတွေထဲကမှ အကောင်းဆုံးတွေဖြစ်လာအောင် လုပ်နိုင်တဲ့သူဟာ ဘယ်လိုအခြေအနေဆိုးကိုမှ ကြောက်မနေတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ မှန်ကန်တဲ့ထွက်ပေါက်ဆိုတာကို ဘယ်လိုအခြေအနေမျိုးမှာမဆို ရှာဖွေလုပ်ကိုင်တတ်ကြလို့ဖြစ်တယ်။

အထီးကျန်တယ်ဆိုတဲ့အတွေးနဲ့  အားငယ်စိတ်တွေဝင်ပြီး ခံစားရတာလည်း ကိုယ်ပါပဲ။ ဒီခံစားမှုကို တွန်းလှန်ပြီး တိုးတက်အောင် ကြိုးစားအားထုတ်နိုင်တာလည်း ကိုယ်ပါပဲ။

မိမိအတွက် ကိုယ်ကသာ အရှင်သခင် ၊ ကိုယ်ကသာ အဓိက ကြိုးကိုင်နိုင်သူဖြစ်ပြီး မိမိစိတ်ကို တကယ်ခိုင်းစေနေတာ မိမိပါပဲလို့ နားလည်သွားတဲ့တနေ့ တယောက်တည်းလည်း ပျော်ပျော်ရွှင်ရွှင် အောင်အောင်မြင်မြင် ရပ်တည်နေထိုင်နိုင်ပါတယ်။ အဖော်မဲ့မှာလည်းမကြောက် အထီးကျန်မှာလည်း မမှုတော့ဘူးပေါ့။ ဘယ်အခြေအနေမှာမဆို ဒေါင်ကျကျ ပြားကျကျ ရုန်းကန်နေထိုင်သွားနိုင်ပြီလေ။ အဓိက က စိတ်ပါပဲ။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%a1%e1%80%91%e1%80%ae%e1%80%b8%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%99%e1%82%88%e1%80%99%e1%80%bd%e1%80%9e%e1%80%8a%e1%80%b9-%e1%80%a1%e1%80%ac%e1%80%b8%e1%80%9e%e1%80%ac%e1%80%81%e1%80%ba/feed/ 0
ကိုယ်ချင်းစာစိတ်ကလေးများ မေ့နေရင် http://www.burmesehearts.com/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%b8%e1%80%85%e1%80%ac%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba/ http://www.burmesehearts.com/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%b8%e1%80%85%e1%80%ac%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba/#respond Fri, 21 Sep 2018 14:18:09 +0000 http://www.burmesehearts.com/?p=74759

 

ကျွန်မကတော့လေ ဘယ်နိုင်ငံကပဲဖြစ်နေနေ ၊ ဘာလူမျိုးပဲဖြစ်ဖြစ် ၊ ဘယ်ဘာသာပဲ ကိုးကွယ် ကိုးကွယ် ၊ ဘယ်ဘာသာစကားပဲပြောပြော ကိုယ်ချင်းစာစိတ်မရှိရင် လူမပီသဘူးလို့ ထင်မြင်မိတာပဲ။ ကိုယ်တိုင်ကလည်း ကိုယ်ချင်းစာစိတ်ကို အမြဲလက်ကိုင်ထား သုံးနှုန်းပြောဆို လုပ်ကိုင်တွေးပေးလေ့ရှိတယ်။

ကိုယ့်သားသမီးရလာတော့လည်း ဒီစိတ်ကလေးကိုပဲ အမြဲလေ့ကျင့်ပေးတယ်။ ဘာပဲလုပ်လုပ် ၊ ဘာပဲပြောပြော ၊ ဘာပဲတွေးတွေး ကိုယ်ချင်းစာစိတ်ကလေးကို ဦးစားပေးဖြစ်အောင် လေ့ကျင့်ပေးတာပါ။ ကလေးကို သူစကားမပြောတတ်ခင်ကတည်းက ကိုယ်ချင်းစာတတ်ဖို့ ပြောဆိုလေ့ကျင့်ပေးခဲ့တာ။

ကိုယ့်ကိုဒီလိုပြောရင်ကြိုက်သလား ၊ မကြိုက်ရင် သူများကိုလည်း မပြောနဲ့။ ကိုယ့်ကိုဒီလိုလုပ်ရင်ကြိုက်သလား ၊ မကြိုက်ရင် သူများကိုဒီလိုမလုပ်နဲ့။ သူများလည်းကြိုက်မှာမဟုတ်ဘူးလို့ အထပ်ထပ်အခါခါ လေ့ကျင့်သင်ကြားပေးခဲ့တာပါ။

ကလေးဆိုတော့ မနာဖူးရင် နာတယ်ဆိုတာဘာမှန်းမသိဘူး။ ဒီလိုလုပ်လိုက်ရင် သူများ ဘယ်လောက်နာသွားသလဲဆိုတာ မနာဖူးတော့ ကိုယ်ချင်းမစာတတ်ဘူးလေ။ လသားကလေးတိုင်း သူများ ဆံပင်ကို လှမ်းဆွဲတတ်တဲ့ အကျင့်ရှိတယ်။ အားကြီးရင်ကြီးသလောက် သူများမှာ အတော်ခံစားရတာလေ။ သူကတော့ နာပါစေရယ်လို့ တမင်ရည်ရွယ်ဆွဲတာမဟုတ်ဘူး။ သူများနာသွားတာကိုတောင် သဘောတကျ တခစ်ခစ်ရယ်နေရင် ရယ်ဦးမှာ။ သူမှ ဒီလိုနာတတ်မှန်းမသိပဲလေ။

အဲဒီလိုလသားအရွယ်လေးကတည်းက ကိုယ်ချင်းစာစိတ်ဆိုတာကို သန္ဓေကျအောင် လေ့ကျင့်ပေးခဲ့ရမှာ။ တခါတလေ သင်ပေးတဲ့မိဘဆရာတွေဟာ မလုပ်ချင်လည်း တပါးသူ သိနားလည်သွားဖို့ လေ့ကျင့်သင်ကြားပေးခဲ့ရမှာတွေရှိတယ်။ ဒါဟာ ရက်ရက်စက်စက်လုပ်ရက်တာမျိုးမဟုတ်ဘူး။ အတိုင်းအတာတခုအထိ သင်ယူသူ တကယ်နားလည်သွားဖို့ သင်ပေးရတာတွေရှိတယ်။ နာမှန်းမသိတဲ့ကလေးကို သူနာရုံလောက်လေး ပြန်လုပ်လိုက်ရုံနဲ့ သြော်ဒီလိုနာတာပါလားလို့ သိသွားမှာပါ။ ဒီလောက်လေး ဖော့ဖော့လုပ်တာတောင် နာပြီးငိုတယ်ဆို အားနဲ့လုပ်တာခံရတဲ့ တပါးသူမှာ ဘယ်လောက်နာလိုက်မလဲဆိုပြီး ချော့ရင်းရှင်းပြခဲ့ရတာပေါ့။

အကျိုးရလဒ်အနေနဲ့ ကျွန်မရဲ့သမီးဟာ ယခုအချိန်အထိ တပါးသူကို ဆံပင်ဆွဲတာ ၊ ဆိတ်ဆွဲတာ ၊ တွန်းချတာ ၊ ကုန်းကိုက်တာမျိုးတွေ တခါမှ မလုပ်ခဲ့ဖူးဘူး။ အဲဒါတွေအကုန် ကျွန်မကို သူအရင်လုပ်ခဲ့တာ။ အသည်းခိုက်အောင် နာသွားတိုင်း အပြင်မှာ ဆော့ကစားရင်း စိတ်တိုင်းမကျလို့ သူများကလေးကို သူသွားလုပ်ခဲ့ရင်လို့ ကျွန်မတွေးရင်း မိဘချင်း ကိုယ်ချင်းစာတာမို့ အဲဒီလိုတွေမဖြစ်အောင် သူနာရုံလေး ပြန်လုပ်ပြီး ဒီလိုလုပ်ရင် တပါးသူမှာ ဒီလိုပဲခံစားရတယ်။ ကိုယ့်လုပ်တာမကြိုက်ရင် သူများကိုလည်း မလုပ်ရဘူးလို့ သင်ပေးခဲ့တယ်။ ကိုယ့်သားသမီးကို တခြားကလေး လာလုပ်ရင်လည်း ကိုယ်ကြိုက်မှာမဟုတ်ဘူးလေ။

ဒီလိုတွေ လေ့ကျင့်သင်ပေးလာခဲ့တာ လူတွေအပေါ်မှမဟုတ်ဘူး။ တရိစ္ဆာန်လေးတွေလည်း နာကျင်ခံစားတတ်တာမို့ သူတို့တွေကိုလည်း မနှိပ်စက်ရဘူးဆိုတာ သင်ပေးခဲ့တယ်။ သဘာဝဆိုတာ သဘာဝအတိုင်းလှပနေတာမို့ သဘာဝဆိုတာ မဖျက်စီးသင့်ဘူး။ အပင်တွေ ၊ အရွက်တွေကို မဖျက်စီးသင့်ဘူး။ သူတို့အလှအပကို ထိန်းသိမ်းပေးထားမှ ဒီလူ့ပတ်ဝန်းကျင်ဟာနေလို့ ပိုကောင်းမှာ ၊ ပိုလှပသာယာနေမှာဆိုတာမျိုးတွေလည်း သင်ပေးခဲ့တယ်။

ဒီလိုသင်ပေးဖို့ဆိုတာ မိဘနဲ့သားသမီး အချိန်များများပေးပြီး နားဝင်အောင် အကြိမ်ကြိမ် ပြောဆိုလေ့ကျင့်သင်ကြားပေးပါမှ ဒီကိုယ်ချင်းစာစိတ်လေး အသားကျနေမှာ။ ကလေးအနားမှာရှိတဲ့ လူကြီးမိဘတွေကိုယ်တိုင်ကလည်း ဒီကိုယ်ချင်းစာစိတ်လေး လက်ကိုင်ထားပြောဆိုလုပ်ကိုင်တဲ့သူတွေ ဖြစ်ရမှာပေါ့။ ကလေးဆိုတာမျိုးက အတုမြင်အတတ်သင်တာ အရမ်းလွယ်တယ်။ တတ်သွားတဲ့အကျင့်ဆိုးကို ဖျောက်ဖျက်ဖို့သာ ခက်နေတာ။ အကျင့်ဆိုးတွေ ကလေးမှာကူးသွားရင် အတော်အချိန်ယူ ဖျောက်ဖျက်ရတာ။ ကလေးကဆင်ခြေပေးမှာပေါ့ သူတို့ကျလုပ်ပြီး ကိုယ့်တော့ မလုပ်နဲ့ပြောဆိုရိုက်နှက်နေတာကိုး။

အိမ်အကူတွေနဲ့နေတဲ့ ကလေးအများစုမှာ အကျင့်ဆိုးတစ်ခု ကူးသွားတတ်တယ်။ ဒါဟာ အင်မတန်ဖျောက်ဖို့ခဲယဉ်းတဲ့ တန်အောင်ခိုင်းရမယ်ဆိုတဲ့စိတ်ပဲ။ မိဘတွေကိုယ်တိုင်က ဒီလိုစိတ်မျိုးရှိနေရင် ပိုဆိုးတာပေါ့။ အိမ်အကူဟာလည်း လူပဲ။ အရွယ်အလိုက် လေးစားသမှုရှိရမယ် ၊ ကိုယ်လုပ်နိုင်တာ ကိုယ့်တာဝန်ကိုယ်ယူရမယ် ၊ အစစအရာရာ အိမ်အကူလိုက်လုပ်ပေးဖို့တာဝန်ရှိတယ်ဆိုတဲ့စိတ်မျိုးမထားသင့်ဘူးဆိုတာတွေဟာ မိဘတွေက သင်ပေးမှရမှာ။

မိဘတွေကိုယ်တိုင်က ကလေးတခုခုမှောက်သွားရင် အိမ်အကူသွားရှင်း ၊ ကလေးအလုပ် အိမ်အလုပ်မှန်သမျှ အိမ်အကူလုပ် ၊ နောက်ဆုံးအိတ်လွယ် ဖိနပ်စီးပေးတာတွေကအစ ကလေးလုပ်နိုင်နေပေမယ့် ပေးမလုပ်ဘဲ အိမ်အကူသာ လုပ်စေမယ်ဆို ဒီကလေးဟာ ရေသာခိုတဲ့စိတ်နဲ့ တန်အောင်ခိုင်းရမယ်ဆိုတဲ့ စိတ်ကလေး သူ့စိတ်မှာ ကိန်းအောင်းသွားပြီ။ ဒီစိတ်ကြီး အမြစ်တွယ် ကြီးပြင်းသွားခဲ့မယ်ဆိုရင် မကောင်းဘူးပေါ့။

ကြုံလို့ဝေမျှဦးမယ်။ ကျွန်မသမီးကို သူ့ဘာသာ ဖိနပ်စီးတတ်ဖို့ ခပ်လွယ်လွယ်စီးလို့ရမယ့် ကပ်ခွါဖိနပ်လေးတွေကို သုံးနှစ်လောက်အရွယ်ကတည်းက ပေးစီးခဲ့တယ်။ ဘယ်ညာမှားစီးတတ်ပေမယ့် သူ့ဘာသာ စီးတတ်တဲ့အကျင့်ကို အဲဒီအရွယ်ကတည်းက လေ့ကျင့်ပေးခဲ့တာ။ မှားရင် ဘယ်နဲ့ညာ ဘယ်လိုခွဲခြားစီးရတယ်လို့ သင်ပြပြောဆိုပြီး ပြန်စီးပေးတယ်။ ဒါပေမယ့် သူ့ဘာသာသူ အရင်စီးတတ်အောင်ကို အဲဒီအရွယ်ကတည်းက လေ့ကျင့်ပေးခဲ့တာ။ ထိုနည်းလည်းကောင်း ခေါင်းစွတ်ဝတ်ကလေးတွေ သရေကြိုးဘောင်းဘီတွေဆိုရင်လည်း ကောက်စွပ်တတ်အောင် လေ့ကျင့်ပေးခဲ့တယ်။ သူကိုယ်တိုင်ထည့်တဲ့ သူ့ကစားစရာအိတ်သေးလေးဆိုရင်လည်း သူ့ဘာသာသူ လွယ်စေတာပဲ။ တအားလေးနေမှ ဒါမှမဟုတ်လဲ ခရီးဝေးပါမှ ကိုယ်က ကူသယ်တာ။ တကယ်က သူ့အားသူကိုးတဲ့စိတ်ကလေးကို လေ့ကျင့်ပေးတာပါ။

ဒါပေမယ့် သမီးလေးထက် (၆)လလောက်ပိုကြီးတဲ့ သမီးသူငယ်ချင်း ကောင်မလေးတစ်ယောက်ဟာ သူ့ဖိနပ်သူကိုယ်တိုင်မစီးဘဲ သမီးလေးကို ဝတ်ပေးဖို့ အမြဲခိုင်းလေ့ရှိတယ်။ ကိုယ့်သမီးဟာ စိတ်ထဲဘာမှ ကောက်ကက်ပြီး တွေးတတ်သူမျိုးမဟုတ်ဘဲ အရှင်းအတိုင်းပဲ ပြုမူလုပ်ကိုင်တတ်သူမို့ သူချစ်တဲ့သူငယ်ချင်းကို ကူညီတဲ့အနေနဲ့ သူ့ဖိနပ်သူကိုယ်တိုင်စီးပြီးတိုင်း သူငယ်ချင်းဖိနပ်ကိုလည်း စီးပေးလေ့ရှိတယ်။ စီးခိုင်းတဲ့ကောင်းမလေးကတော့ ကျွန်မသမီးလေး သူ့ကိုဖိနပ်စီးပေးတာကို ကျေနပ်လို့ပေါ့။

ပထမ တစ်ကြိမ် ၊ နှစ်ကြိမ်ကတော့ ကျွန်မ မျက်နှာလွှဲထားလိုက်တယ်။ ကလေးချင်းပဲလေလို့ ။ ဒါပေမယ့် ကလေးမိခင်တွေကတော့ ကလေးတွေ ဘေးမှာပေါ့။ သုံးလေးငါးကြိမ်ကျော်လာတော့ ကျွန်မရင်ထဲမကောင်းတော့ဘူး။ အကြောကြီးနဲ့ အမြဲလို ဖိနပ်စီးခိုင်းတဲ့သူများကို ဖိနပ်စီးပေးနေရတဲ့ မြင်ကွင်းဟာ မိခင်ဖြစ်တဲ့ကျွန်မအတွက်တော့ ရင်ထဲမကောင်းဘူး။ သူ့အမေတစ်ယောက်လုံးရှိပါရက် အမြဲလိုလို ကိုယ့်သမီးက စီးပေးနေရတာရယ် ၊ သူ့ထက်ငယ်တဲ့ ကိုယ့်သမီးတောင် သူ့ဘာသာသူစီးဝတ်ရက်နဲ့ သူကတော့ စီးခိုင်းမြဲစီးခိုင်းနေတာရယ်က မျက်စိထဲကန့်လန့် ၊ ရင်ထဲကန့်လန့်ဖြစ်လာတယ်။

တနေ့တော့ သမီးကို ကျွန်မဒီကိစ္စစကားစလိုက်တယ် ဘာလို့သူ့ဖိနပ်ကိုအမြဲစီးပေးရတာလဲပေါ့။ ကိုယ့်သမီးကလည်း စိတ်ရှင်းရှင်းနဲ့ပြန်ဖြေတယ် သူချစ်တဲ့သူငယ်ချင်းက သူ့ကို ကူပြီးစီးခိုင်းတာမို့ သူငယ်ချင်းကိုကူပြီးစီးပေးတာပေါ့။ ဒါပေမယ့် အဲဒီလိုအမြဲစီးပေးနေရတာ အမေ့ရင်ထဲမကောင်းဘူးလို့ သမီးကိုပြောလိုက်တယ်။ သမီးအဲလို စီးပေးနေတာ အမေတွေ့ရင် အမေ့ရင်ထဲ အလိုလိုဝမ်းနည်းတယ်။ ဒါကြောင့် နောက်တခါသူစီးခိုင်းရင် ငါလည်းငါ့ဖိနပ်ငါစီးတယ် ၊ နင်လည်းနင့်ဖိနပ်နင်စီးလို့ ပြောကြည့်ပါလားလို့ မေးမိတယ်။ သမီးက ကောင်းပြီ ၊ အမေဝမ်းမနည်းပါနဲ့ ၊ သူမစီးပေးတော့ဘူး ၊ အဲလိုပြောလိုက်မယ်တဲ့။ နောက်တခေါက်ဖိနပ်စီးခိုင်းတော့ သမီးကအဲလိုပြောပြီး သူ့ဖိနပ်သူစီးပြေးထွက်သွားတော့ အဲဒီကလေးမလေး သူ့ဘာသာသူစီးတယ်။

အဲဒီကလေးမလေး မိဘနှစ်ယောက်စလုံးဟာ အလုပ်လုပ်ပြီး ကလေးဟာ အိမ်အကူနဲ့အချိန်အများစုကို ကုန်ဆုံးသူဖြစ်ပါတယ်။ အိမ်အကူဟာ ကလေးကို ကလေးနဲ့အတူရှိတဲ့အချိန်တိုင်း အစစအရာရာတာဝန်ယူလုပ်ပေးရတာ အိမ်ထဲကော အိမ်ပြင်ကောပါပဲ။ သူများကိုခိုင်းတာ အလေ့အကျင့်တခုဖြစ်နေတော့ ကိုယ်ဒီလိုလုပ်ခိုင်းရင် ကိုယ့်အိမ်အကူမဟုတ်တဲ့ တပါးသူ ဘယ်လိုခံစားရမလဲ ၊ သူ့မိဘဘယ်လိုခံစားရမလဲ ကလေးကော ကလေးမိဘပါ တွေးတတ်တဲ့ အလေ့အကျင့် မရှိလေလို့များလားလို့ ကျွန်မတွေးမိတယ်။ ကိုယ့်သားသမီးကို ဒီလိုခိုင်းရင်ရော ကိုယ်တိုင်က ဘယ်လိုခံစားရမလဲဆိုတဲ့ ကိုယ်ချင်းစာစိတ်ကလေးများရှိခဲ့ရင်လို့လည်း တွေးမိတယ်။ ကလေးမိဘတွေဟာ မြန်မာလူမျိုး ၊ ကိုးကွယ်တာ ဗုဒ္ဓဘာသာပါပဲ။ ဒါကြောင့် ဘယ်နိုင်ငံမှာနေနေ ၊ ဘယ်လူမျိုးဖြစ်ဖြစ် ၊ ဘယ်ဘာသာစကားပဲပြောပြော ၊ ဘယ်ဘာသာပဲကိုးကွယ်ကိုးကွယ် ကိုယ့်ပတ်ဝန်းကျင်ကလူတွေဟာ ကိုယ်ချင်းစာစိတ်ကလေးများ လက်ကိုင်ထားပြီး တွေးခေါ်ပြောဆိုလုပ်ကိုင်တာမျိုး အလေ့အကျင့်မရှိရင် ပိုမိုကောင်းမွန်တဲ့ လူ့ပတ်ဝန်းကျင်ဆိုတာကို ဖန်တီးထိန်းသိမ်းသွားဖို့ဆိုတာ အချိန်ယူရလိမ့်ဦးမယ်။

သားသမီးချင်းကိုယ်ချင်းမစာဘဲ နှိပ်စက်အနိုင်ကျင့်တာ ၊ အဓမ္မပြုကျင့်တာ ၊ ဖျက်ဆီးတာ ၊ လူအချင်းချင်းဒုက္ခပေးရုံမက သတ္တဝါတွေနဲ့ ပတ်ဝန်းကျင်ကိုပါ ဒုက္ခပေးတာ ၊ ရက်စက်စွာပြုကျင့် သတ်ဖြတ်ကြတာတွေရဲ့ အရင်းခံဟာ ကိုယ်ချင်းစာစိတ်မဲ့နေလို့ဆိုရင် မမှားဘူးနော်။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%81%e1%80%ba%e1%80%84%e1%80%b9%e1%80%b8%e1%80%85%e1%80%ac%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%99%e1%80%ba/feed/ 0
မမြင်နိုင်သော အားနည်းချက်များ၏နောက်ကွယ် http://www.burmesehearts.com/%e1%80%99%e1%80%bb%e1%80%99%e1%80%84%e1%80%b9%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac-%e1%80%a1%e1%80%ac%e1%80%b8%e1%80%94%e1%80%8a%e1%80%b9%e1%80%b8%e1%80%81%e1%80%ba/ http://www.burmesehearts.com/%e1%80%99%e1%80%bb%e1%80%99%e1%80%84%e1%80%b9%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac-%e1%80%a1%e1%80%ac%e1%80%b8%e1%80%94%e1%80%8a%e1%80%b9%e1%80%b8%e1%80%81%e1%80%ba/#respond Wed, 05 Sep 2018 10:10:27 +0000 http://www.burmesehearts.com/?p=74738

လူတိုင်းမှာ အားနည်းချက်တွေ ၊ အားသာချက်တွေ ကိုယ်စီရှိနေကြတာမို့ တခြားသူတွေ မမြင်နိုင်သော အားနည်းချက်များဟာ လူတိုင်းမှာရှိကြပါတယ်။ တခါတလေ ကိုယ့်အားနည်းချက်ကို ကိုယ်တိုင် မမြင်ကြတာလည်း ရှိပါတယ်။ ဒီအားသာချက် ၊ အားနည်းချက်တွေအပေါ် အခြေခံဖြစ်ပေါ်လာတဲ့ ရလဒ်တွေဟာလည်း မတူညီတဲ့ရလဒ်တွေကို ဖြစ်စေတာပါ။ တခါတလေ ကြိုးစားအားထုတ်မှုချင်းတူနေပေမယ့် ရလဒ်ချင်းကွာသွားပါတယ်။ ဒါဟာ ကံတရားကြောင့်လားလို့ တချို့ကတွေးကြပေမယ့် ကိုယ်မမြင်နိုင်တဲ့ အားနည်းချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒါတွေကို သတိထားမိလာတဲ့ ကျွန်မဟာ ကျွန်မရဲ့ လုပ်ရပ်အပေါ်မှာ ၊ ကလေးရဲ့ ရလဒ်အပေါ်မှာ အမြဲပြန်လည်သုံးသပ်ပြီး ဘယ်နေရာမှာ အားနည်းချက်တွေရှိနေလို့ ဒီလိုဖြစ်တာလဲ ၊ ဘယ်နေရာမှာ အားသာချက်တွေရှိနေလို့ ဒီလိုရလဒ်ကောင်း ထွက်တာလဲဆိုတာလည်း အမြဲသုံးသပ်ပါတယ်။

ကိုယ်မသိသေးတဲ့ အားနည်းချက်တွေကို သတိထားမိပြီး ပြင်နိုင်ပါမှ ဒီလိုမကောင်းတဲ့ရလဒ်တွေ ထပ်မရှိလာတော့မှာလေ။ ကိုယ့်မှာရှိထားတဲ့ အားသာချက်တွေကို အသုံးပြုပြီး ပိုမိုတောက်ပြောင်အောင် ဖော်ဆောင်လိုက်မယ်ဆို ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ မလွဲမသွေ ရရှိလာမှာပါပဲ။

တခါတလေမှာ မိမိအားနည်းချက်ကြောင့် ဒီရလဒ် သွယ်ဝိုက်ရရှိလာတာကို အခြားလူအပြစ်လို့ တပါးသူကို အပြစ်ဖို့တတ်ကြတယ်။

ဥပမာ(၁)။     ။ သူများတွေက သူတို့အချစ်ရေးမှာ အဆင်ပြေချောမွေ့နေပြီး ကိုယ့်အလှည့်ကျတော့ တွဲတဲ့သူတိုင်းနဲ့ မမြဲနိုင်တာ ကံတရားကြောင့်လား ၊ သူ့ကြောင့်လား ၊ ကိုယ့်ကြောင့်လား။ ကံကြောင့်လည်း တနည်းတဖုံပတ်သက်နေနိုင်သလို ကိုယ်နဲ့လက်တွဲမမြဲနိုင်တဲ့သူတွေကိုမှ ချစ်ကြိုက်ရွေးချယ်ခဲ့မိတဲ့ ကိုယ့်အားနည်းချက်တွေကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။

လူတိုင်းမှာ ပြီးပြည့်စုံသူရယ်လို့မရှိတာမို့ ပြီးပြည့်စုံတယ်လို့ ထင်ရတဲ့ ချစ်သူကို ရရှိထားသည့်တိုင် အားနည်းချက်တွေ ၊ လိုအပ်ချက်တွေ ရှိနေဦးမှာပါ။ ကိုယ့်မှာလည်း လိုအပ်ချက်တွေ ၊ ထောက်ပြစရာတွေ ရှိနေမှာအသေအချာပါပဲ။ ဒီလို သူစိမ်းနှစ်ယောက်က အစပြုတဲ့ အချစ်ရေးမှာ မြင့်သူမှန်းရင် သူနဲ့ထိုက်တန်တဲ့နေရာမှာ ကိုယ်တိုင်က ရပ်တည်နေနိုင်တဲ့ အရည်အချင်းမျိုးတွေရှိနေရမှာပါ။

ကိုယ်လိုချင်တဲ့ အမြင့်ကလူကို အနိမ့်မှာရရှိနေတဲ့ ကိုယ်က လှမ်းနိုင်ရုံ ၊ မှန်းနိုင်ရုံ ၊ သမီးရည်းစားအဖြစ် လက်တွဲခွင့်ရရုံ ၊ ပတ်သက်ခွင့်ရရုံလေးဟာ အဆုံးသတ်သွားတဲ့ အဖြစ်တော့ မဟုတ်သေးပါဘူး။ ရေရှည်လက်တွဲမမြဲတဲ့ သမီးရည်းစားတွေရှိတယ်။ နှစ်ရှည်တွဲပြီးကာမှ ကွဲကွာသွားခဲ့ကြတဲ့ သမီးရည်းစားတွေလည်းရှိတယ်။ အကြောင်းအကျိုးမတိုက်ဆိုင်လို့ လမ်းခွဲကြတဲ့ သမီးရည်းစားတွေလည်း မနည်းတာမို့ သမီးရည်းစားတွေ အိမ်ထောင်ပြုသည်အထိ လက်တွဲမြဲသွားဖို့ဆိုတာ စိန်ခေါ်မှုတရပ်လိုပါပဲ။

ဘာအကြောင်းကြောင့်ပဲ ကွေကွင်းသွားပါစေ ကိုယ်တိုင်က တန်ဖိုးရှိတဲ့သူလို့ ကိုယ့်ကိုယ်ကို သတ်မှတ်ထားတဲ့ မိန်းကလေးတစ်ယောက်အတွက် မိမိရဲ့တန်းဖိုးကို မသိ ၊ တန်းဖိုးထားမှုမရှိတဲ့ အမျိုးသားကို ချစ်သူရည်းစားအဖြစ် လက်တွဲခဲ့မိတာ ကိုယ့်ရဲ့အပြစ်လို့ပဲသတ်မှတ်ရုံရှိတာပေါ့။

ဥပမာ(၂)။     ။ သူများအိမ်ထောင်ရေးတွေ ပျော်ပျော်ရွှင်ရွှင် သာသာယာယာပဲနော်။ ကိုယ့်အိမ်ထောင်ရေးကျတော့ အဆင်မပြေမှုတွေ ၊ စိတ်ဆင်းရဲမှုတွေ အတိဖြစ်နေတယ်လို့ ထင်နေသလား။ အိမ်ထောင်ရေးကံမကောင်းဘူးလို့ မှတ်ယူထားသလား။

သူစိမ်းနှစ်ယောက် တမိုးအောက်နေထိုင်ကြတဲ့ အိမ်ထောင်ရေးမှာ ကိုယ့်ချို့ယွင်းချက်တွေ ၊ အားနည်းချက်တွေကို ခွင့်လွှတ်ဖေးမနိုင်တဲ့သူ ၊ ကိုယ့်အားသာချက်တွေကို တောက်ပြောင်အောင် ထောက်ပံ့မှုပေးပြီး အရောင်တင်ပေးနိုင်တဲ့သူ ၊ အပြန်အလှန် ကြင်နာမှုတွေကို ဆယ်စုနှစ်တွေ ပြောင်းသွားသည့်တိုင် အချစ်တွေမပြောင်းဘဲ သစ္စာရှိစွာချစ်ခင်ယုယနိုင်တဲ့သူနဲ့ အိမ်ထောင်ထူထောင်ဖို့ဟာ အိမ်ထောင်ရှင်တိုင်းမက်တဲ့ အိမ်မက်တခုပါ။

အိမ်ထောင်ပြုစက သာယာသလိုရှိနေပေမယ့် ကြာလေခါးလေ ဆက်ဆံရေးနဲ့ ဒီအိမ်ထောင်ထဲ ခါးသီးမှုတွေချည်း လွှမ်းမိုးနေရင် ဒီအိမ်ထောင်ထဲက ဇနီး ၊ ခင်ပွန်း ၊ သားသမီးလေးတွေမှာ စိတ်ဆင်းရဲမှုတွေ ရှိနေမှာပါ။ ရှုပ်ထွေးသယောင်ရှိတဲ့ အချစ်ရေးထက် အတွင်းကျကျ ပိုရှုပ်ထွေးတာ အိမ်ထောင်ရေးပါပဲ။ အိမ်ထောင်သက်ကြာလာလေလေ ၊ အိမ်ထောင်စုဝင်တွေ တိုးပွားလာလေလေ တာဝန်တွေများလာလေလေပဲ။

စားဝတ်နေရေး ၊ လူမှုရေး ၊ စီးပွားရေး ၊ သားသမီးရဲ့ပညာရေး စတာတွေက အရေးပါတဲ့ အခန်းကဏ္ဍမှာ ရပ်တည်နေသမျှ လင်မယားနှစ်ဦးအကြားက အချစ်ရေးဟာ တဖြည်းဖြည်းမှေးမှိန်လာပါတော့တယ်။ တာဝန်တွေပိလာတော့ မကျေနိုင်တဲ့တာဝန်တွေအကြားမှာ တာဝန်ကျေဖို့နေ့နေ့ညည ကြိုးစားရင်း ကိုယ်တွေနှစ်ဦးအကြားက အချစ်ရေးဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ တဖြည်းဖြည့် မှိန်ဖျော့ လာတာပါ။ ဒီကြားတဲ့ မကျေနိုင်တဲ့တာဝန်တွေဟာ သူ့ကြောင့် ကိုယ့်ကြောင့်လို့ အပြစ်ဖို့စိတ်ကလေးများ ဝင်လာရင်ဖြင့် ရန်ပွဲတွေလည်း စလာပါပြီ။ ဒီအခါ ဇနီးမောင်နှံနှစ်ဦးအကြား မေတ္တာပျက်လာတော့မှာပေါ့။ ဒီကြားထဲ သွေးထိုးစကားတွေကဝင် ၊ အနှောင့်တွေကဝင် ၊ နီးတဲ့သူနဲ့သာ ငြိကြမယ်ဆိုရင် သိပ်မကြာခင် ဒီအိမ်ထောင်ထဲက မိသားစုဝင်တွေဟာ စိတ်ဒဏ်ရာကိုယ်စီနဲ့ အိမ်ထောင်ကွဲရင်ကွဲ ၊ မကွဲရင် စိတ်ဝမ်းကွဲပြီး သူစိမ်းထက်ပိုစိမ်း ၊ ရန်သူထက်ပိုမုန်းကြတော့မယ်။

တခြားသူတွေဟာ မြင်တွေ့ကြုံဆုံနေရတဲ့ ဒီအိမ်ထောင်ရေး ပြဿနာတွေ ကိုယ့်မှာလည်း ဖြစ်နိုင်တယ်။ ဒါတွေမဖြစ်အောင် ဘယ်လိုပြင်ဆင်ထားမယ် ၊ ကိုယ်တွေနှစ်ဦး ဘယ်လိုတိုင်ပင် လုပ်ဆောင်သွားမယ် စသဖြင့်ကို အစကတည်းက သူနဲ့ကိုယ် စိတ်သဘောထားချင်း ၊ တွေးခေါ်လုပ်ဆောင်မှုချင်း ၊ အရည်အချင်းတွေ ၊ မိသားစုတွေပေါင်းစပ်သွားကြဖို့ စသဖြင့်ကို အိမ်ထောင်မပြုခင်ကတည်းက နှိုက်နှိုက်ချွတ်ချွတ် မစဉ်းစား ၊ မတွေးခေါ်ခဲ့တာ ကိုယ့်အပြစ်ပါ။ ကိုယ်ချစ်တဲ့သူနဲ့ ပေါင်းရရင်ပြီးရောစိတ်ထားခဲ့မိတာ ကိုယ့်အားနည်းချက်ပါ။ နေ့ရက်တွေ ၊ အချိန်တွေနဲ့အမျှ လူ့စိတ်ဆိုတာဟာလည်း အခြေအနေအပေါ်မူတည်လို့ ခံစားချက်တွေ ပြောင်းလဲတတ်ကြတာ မမေ့ခဲ့ရင်ကောင်းမယ်။

ဥပမာ(၃)။     ။ သူများသားသမီးတွေ မိဘကို ငယ်ငယ်လေးနဲ့သိတတ် ၊ တော်လိုက်ကြတာ။ ကိုယ့်သားသမီးများ ဆိုဆုံးမလို့မရ ၊ ပြောစကားနားမထောင် ၊ မသိတတ် ၊ မိဘနဲ့ ကန့်လန့်လုပ်လိုက်ရမှ နေသာထိုင်သာရှိလို့ မိဘဖြစ်တဲ့ကိုယ့်မှာ သားသမီးကြောင့် စိတ်ဆင်းရဲနေရတယ်ဆိုတာ သားသမီးကံမကောင်းလို့လား။

ကလေးကိုယ့်ကို တွယ်တာချစ်ခင်စေချင်ရင် ကလေးကို ကိုယ်ဝန်မဆောင်ခင်အချိန်ကတည်းက သူ့အတွက်လိုအပ်မယ့် ပံ့ပိုးမှုတွေလုပ်ပေးဖို့ ငွေကြေးအခြေအနေတောင့်တင်းနိုင်ဖို့ ကြိုးစားပါ။ ကလေးမွေးပြီးမှ သူ့အလိုလိုဖြည့်တင်းပေးသွားမယ်လို့တွေးနေတဲ့ ယခုလုံးလည်ချာလည် ရရစားစား ဘဝမျိုးမှာဆို ကလေးကို အချိန်ပေးနိုင်ဖို့အချိန် ရှားနေပါပြီ။ ကလေးအတွက် လိုအပ်တာတွေဟာ ကလေးမွေးပြီးချိန်ကစလို့ ကလေးအရွယ်ရလာလေလေ စားဝတ်နေရေး ၊ ပညာရေးစတာတွေမှာ ငွေပိုလိုအပ်လာတော့ လိုနေတဲ့ဒီငွေတွေ အပိုရှာဖို့ ကလေးကို အဓိကအုပ်ထိန်းရမယ့်မိခင်ဟာ ကလေးနားမနေနိုင်ဘဲ ငွေရှာနေရပြီလေ။

ကလေးအနားနေရမယ့်အချိန် ကလေးအနားမနေနိုင်ကတည်းက ကလေးနဲ့ ကိုယ့်အကြားမှာ စိတ်ချင်းဝေးနေပါပြီ။ မိဘနဲ့သားသမီးအကြား စိတ်ချင်းဝေးနေရင် ကလေးဟာ မိဘအပေါ် သွေးသားဆက်စပ်မှုအရသာ အဖေ ၊ အမေ ခေါ်နေရပေမယ့် စိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ ချစ်ခင်တွယ်တာတာမျိုး ပါးလျနေပါတယ်။ ဒီကြားထဲ မိဘက လုံလောက်စွာမပံ့ပိုးပေးနိုင်ဘူး ၊ တွေ့ရင် အချစ်ခံရတာထက် အဆူခံအရိုက်ခံရတာတွေလည်း များနေမယ် ၊ သားသမီးလုပ်ချင်တာထက် မိဘလုပ်စေချင်တာကိုပဲ ဖိအားပေး လုပ်နေရမယ်ဆိုရင် ကလေးဟာ အရွယ်ရလာလေလေ ဂျစ်ကန်ကန်နဲ့ မိဘနဲ့အစေးမကပ်ဖြစ်နေမှာပါ။

ဆိုဆုံးမလို့မရတဲ့ သားသမီးကို ရနေတာဟာ နည်းမှန်လမ်းမှန် ဆိုဆုံးမမှုတွေ မလုပ်ခဲ့တဲ့ ကိုယ့်ရဲ့အားနည်းချက်ပါပဲ။ ကိုယ့်လက်အောက်မှာရှိနေတဲ့ ကလေးအရွယ်မှာတောင် ကိုယ့်စကားနားမထောင် ကလန်ကဆန်ကလေးဖြစ်နေရင် ကိုယ့်လက်အောက်ကလွတ်သွားတဲ့အရွယ် (ကိုယ်အိုမင်းသွားတဲ့အရွယ်)မှာ သားသမီးဖြစ်သူဆီက ယုယကြင်နာမှုတွေ ၊ သိတတ်မှုတွေဆိုတာ ကိုယ်ခံစားရနိုင်ပါ့မလား။ ကိုယ့်အမွေတွေယူပြီး ကိုယ့်ကိုယ်မစွန့်ပစ်ရင် အတော်ကံကောင်းတယ်လို့များ ဆိုရလေမလား။ ခုနောက်ပိုင်း စွန့်ပစ်ခံဘိုးဘွားတွေ များလာလို့ ဒီလိုရေးရတာပါ။ နောင်နှစ်နှစ်ဆယ်ဆို ဒီ့ထက်များ ပိုဆိုးရွားလာလေမလားလို့ …. အဲဒီစွန့်ပစ်ခံ ဘိုးဘွားတွေထဲ ကိုယ်မပါချင်ရင် ကလေးငယ်စဉ် ကလေးငယ်ကို အချိန်ပေးပါ ၊ မေတ္တာပေးပါ ၊ ဂရုစိုက်ပေးပါ ၊ ကြင်နာမှုတွေပေးပါ ၊ အစွမ်းကုန်ပံ့ပိုးပေးပါ။ မေတ္တာပေးမှ မေတ္တာရတာပါ။

ဥပမာ (၄)။     ။ ကိုယ့်ကလေးဟာ တခြားကလေးတွေနဲ့တန်းတူ ဥာဏ်ရည်လည်းမီတယ် ၊ သူများတန်းတူလည်း ကလေးကို ပံ့ပိုးသင်ယူခွင့်ပေးတယ်။ ဒါပေမယ့် ရလဒ်မှာ သူများကလေးတွေလောက်မကောင်းဘူး။ ဒီလိုရလဒ်ကို မြင်ပြီဆိုတာနဲ့ လူကြီးမိဘတွေဟာ ကလေးကို တန်းပြီးဆူပူကြိမ်းမောင်း ရိုက်နှက်တာမျိုးအထိ လုပ်တတ်ကြတယ်။ ၁၀၀% ကလေးအပြစ်လား ….. အရွယ်ရောက်ပြီး လူကြီးမိဘနဲ့အတူနေတဲ့သားသမီးတွေတောင် မိဘရဲ့ လမ်းပြထိန်းကျောင်းမှုမျိုးမရှိရင် ကိုယ်လုပ်ချင်ရာ ပျော်သလို လုပ်နေတတ်ကြတာမဟုတ်လား။ ကျောင်းနေတဲ့ ကလေးငယ်ငယ်လေးတွေဟာ ကျောင်းပို့ရင် ကျောင်းသွားမယ် ၊ ကျူရှင်ပို့ရင် ကျူရှင်သွားမယ်။ စာကြည့်ခိုင်းရင်ကြည့်မယ်။ စာမကြည့်ခိုင်းရင် တီဗွီ ၊ ဂိမ်း ၊ သူငယ်ချင်း ၊ ကစားစရာ စတာတွေကို အဖော်ပြုကြမှာပါ။ ဒီလို အချိန်တန်ဖိုးချပုံချင်း မတူညီတဲ့အလျောက် ရလဒ်တွေဟာ ကွာသွားမှာပါ။

ကျောင်းနဲ့ကျူရှင်က သင်လိုက်တာတွေကို နှစ်ရက် သုံးရက်တခါ ၊ တပတ်တခါ မိဘက ပြန်မနွေးပေးရင် သင်ပြီးသားဟာတွေ မေ့သွားတတ်တာ သဘာဝပါ။ ကိုယ်ငယ်ငယ်တုန်းကလည်း မေ့ခဲ့ဖူးမယ်။ ဒီကလေးငယ်ငယ်ဟာလည်း မေ့ကောင်းမေ့သွားမှာပါ။ တအားကြာသွားမှ ပြန်ခေါ်နွေးမယ်ဆို အစက ပြန်သင်ရသလို ခက်ခဲကြန့်ကြာနေမှာပါ။ ဒါကြောင့် သင်ပြီးသားစာတွေကို မိဘက ပြန်ဆိုခိုင်း ၊ ပြန်နွေးခိုင်းတာမျိုးတွေ အိမ်မှာအချိန်ပေးမလုပ်ရင် ကျောင်းနဲ့ကျူရှင်က သင်လိုက်တဲ့စာတွေဟာ တကယ့်စာမေးပွဲနားနီးရင် လပေါင်းများစွာ စာကြွေးတင်သမျှ စာပိတော့တာပါပဲ။ စာမေးပွဲနီးမှာ စာအတင်းကျက်ခိုင်းတော့ ကလေးဟာ သူမှတ်နိုင်သမျှလေးနဲ့ပဲ ဖြေခဲ့မှာပါ။ ဒီတော့ တူတူချင်းတက်ပေမယ့် ရလဒ်ကွာသွားတာမျိုးဖြစ်တာပါ။ ဒါဟာ ကလေးအပြစ်ချည်းပဲမဟုတ်ပါဘူး။ ကလေးကို အချိန်ပေးပြီး အိမ်မှာစာလုပ်ဖို့ ကြပ်မတ်မှုမျိုးမပေးနိုင်တဲ့ ကိုယ့်အားနည်းချက်လည်း ပါဝင်တာနေလို့ ကိုယ်မျှော်လင့်ထားတဲ့ ရလဒ်ကောင်းမျိုး မရရှိတာပါ။

အခုဆိုရင် အဘက်ဘက်သောရှုထောင့်က သုံးသပ်ပြထားတဲ့ မမြင်နိုင်သော အားနည်းချက်များ၏နောက်ကွယ်မှာ ဘာတွေဖြစ်နေနိုင်သလဲဆိုတာကို စာဖတ်သူတွေ ကောင်းစွာသဘောပေါက်နားလည်ရင်း ဆောင်သင့်တာတွေဆောင် ၊ ရှောင်သင့်တာတွေရှောင်လို့ ပျော်ရွှင်စရာ မိသားစုဘဝ ၊ ချစ်သူဘဝမှာ ကျေနပ်ပျော်ရွှင်ကြစေဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%99%e1%80%bb%e1%80%99%e1%80%84%e1%80%b9%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac-%e1%80%a1%e1%80%ac%e1%80%b8%e1%80%94%e1%80%8a%e1%80%b9%e1%80%b8%e1%80%81%e1%80%ba/feed/ 0
လုပ်ငန်းအောင်မြင်ဖို့ လိုအပ်ချက်များနှင့် သတိထားဖွယ်အချက်များ http://www.burmesehearts.com/%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%84%e1%80%94%e1%80%b9%e1%80%b8%e1%80%b1%e1%80%a1%e1%80%ac%e1%80%84%e1%80%b9%e1%80%bb%e1%80%99%e1%80%84%e1%80%b9%e1%80%96%e1%80%ad%e1%80%af%e1%82%94-%e1%80%9c/ http://www.burmesehearts.com/%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%84%e1%80%94%e1%80%b9%e1%80%b8%e1%80%b1%e1%80%a1%e1%80%ac%e1%80%84%e1%80%b9%e1%80%bb%e1%80%99%e1%80%84%e1%80%b9%e1%80%96%e1%80%ad%e1%80%af%e1%82%94-%e1%80%9c/#respond Fri, 19 May 2017 02:51:28 +0000 http://www.burmesehearts.com/?p=74335 သူ့ဆီက ရင်းနှီးမြှုပ်နှံမှု ရယူတာဟာ ကိုယ့်လုပ်ငန်းတခုလုံး သူ့လက်ထိုးအပ်လိုက်ရတာမျိုး မဖြစ်သင့်ပါ။]]>

ပြီးခဲ့တဲ့ မေလ(၁၇)ရက်နေ့ က စင်္ကာပူနိုင်ငံ Suntec Convention Centre မှာ ပြုလုပ်တဲ့ Tech in Asia Conference 2017  ပွဲကို တက်ရောက်ဖြစ်ခဲ့တယ်။ ဒီပွဲဟာ စည်စည်ကားကား မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အောင်မြင်တဲ့လုပ်ငန်းရှင်တွေ ၊ ရင်းနှီးမြှုပ်နှံသူတွေ ၊ သူလိုကိုယ်လို ကြိုးစားနေတဲ့သူတွေ နဲ့ လေ့လာသင်ယူဆဲသူတွေ တွေ့ဆုံကြတဲ့ပွဲပါပဲ။ အောင်မြင်သူတွေရဲ့ မျှဝေစကားတွေကို တိုက်ရိုက်ကြားနာပြီး Networking လုပ်လို့ရတော့ အရမ်းအကျိုးရှိတဲ့ပွဲလေးပါ။ ပွဲက (၁၇)ရက်နဲ့ (၁၈)ရက် နှစ်ရက်တာာ ကျင်းပတာဖြစ်ပေမယ့် ကျွန်မကတော့ ပထမနေ့တရက်ပဲ တက်ရောက်ခဲ့တာပါ။

မိမိလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့ ရင်းနှီးမြှုပ်နှံသူတွေ ရှာဖွေနေတဲ့ Startup လုပ်ငန်းရှင်တွေအတွက် ပွဲက နာယူဖွယ်စကားတွေ ၊ မှတ်သားလုပ်ဆောင်ဖွယ်ရာ အကြောင်းအရာလေးတွေကို ပြန်လည်ဝေမျှချင်ပါတယ်။ အဲဒီစကားတွေကို ပြောခဲ့သူကတော့ Houzz ကို စတင် တည်ထောင်ခဲ့သူတွေထဲကတစ်ဦးဖြစ်ပြီး လက်ရှိမှာ CEO ရာထူးနဲ့ အောင်မြင်စွာရပ်တည်နေတဲ့ Adi Tartarko ပဲဖြစ်ပါတယ်။

သူမဟာ ဘာလုပ်ငန်းလုပ်ပြီး သူမလုပ်ငန်း ဘယ်လောက်အောင်မြင်နေပြီလဲဆိုတာကို Google မှာ Houzz ဆိုတာလေးရိုက်ပြီးလေ့လာနိုင်ပါတယ်။ ကျွန်မက သူမဟောပြောခဲ့တဲ့ မှတ်သားဖွယ်ရာ အကြောင်းအရာလေးတွေ ၊ ဆောင်ရန် ရှောင်ရန်လေးတွေကို အသားပေးရေးသွားမှာဖြစ်လို့ သူမရဲ့လုပ်ငန်းအကြောင်း အကျယ်မချဲ့တော့ပါဘူး။

အောင်မြင်တဲ့ အွန်လိုင်းစီးပွားရေးတခုကို တည်ထောင်လုပ်ကိုင်နေတဲ့ Adi က မိမိလုပ်ငန်း အောင်မြင်ချင်တယ်ဆိုရင် ကိုယ့်ကိုအားပေးနေသူတွေ ဘာလိုချင်သလဲဆိုတာကို သိအောင်ကြည့်ပါတဲ့။  ဒါကိုသိပြီး သူတို့လိုအပ်နေတာတွေကို လုပ်ပေးနိုင်တယ်ဆိုပါမှ ကိုယ့်လုပ်ငန်းဟာ အောင်မြင်သထက် အောင်မြင်လာမှာဖြစ်ပါတယ်။

သူတို့ဒါလိုချင်တာထင်တယ်လို့ ကိုယ့်ဘာသာမှန်းဆပြီး ကိုယ်လုပ်ချင်ရာ လုပ်သွားတာမျိုးမဟုတ်ဘဲ သူတို့ဒါတွေလိုတယ်လို့ ပြောဆိုအကြံပေးမှုတွေက လုပ်ငန်းကို ဘယ်ကဏ္ဍမှာ တိုးချဲ့ရမယ်၊ ပြင်ဆင်ရမယ်လို့ ကိုယ့်ကို လမ်းကြောင်းပေးနေတာပါ။ ကိုယ်က သူတို့ဒါလိုနေတာထင်တယ်ဆိုပြီး လုပ်လိုက်တဲ့အရာဟာ သူတို့တကယ်လိုအပ်နေတဲ့အရာ မဟုတ်ဘူးဆိုရင် ကိုယ်ပေးတာနဲ့ သူတို့လိုချင်တာ လွဲနေပါပြီ။ ဒီလိုဆို ကိုယ်ချဲ့တဲ့လုပ်ငန်းမှာ အားပေးသူတွေ နည်းနေမှာမို့ လုပ်ငန်းချဲ့လို့ ပိုမိုကုန်ကျလာတဲ့ငွေတွေအတွက် အမြတ်ဟာ ထင်သလောက် ပြန်ထွက်လာမှာ မဟုတ်ပါဘူး။ အရှုံးတောင်ပေါ်ချင်ပေါ်လာနိုင်ပါတယ်။

ဒါကြောင့် Adi က မိမိလုပ်ငန်းကို အားပေးနေသူတွေရဲ့ လိုအပ်ချက်တွေ ၊ အဆင်မပြေမှုတွေ ၊ အကြံဥာဏ်တွေကို လုပ်ငန်းရှင်တွေက တကယ်သိရှိအောင် အာရုံစိုက်လုပ်ကိုင်သွားပါမှ မိမိလုပ်ငန်းဟာ အောင်မြင်သထက် အောင်မြင်လာမှာဖြစ်တယ်လို့ ဆိုသွားခဲ့ပါတယ်။

နေရာသစ်မှာ လုပ်ငန်တိုးချဲ့တဲ့အခါမှာ လုပ်ငန်းရဲ့ အပိုကုန်ကျငွေတွေကို လျှော့ချချင်ရင်တော့ မိမိလုပ်ငန်းချဲ့ထွင်တဲ့အရပ်က Local Resources တွေကို သုံးသွားနိုင်ရင် ပိုကောင်းမယ်လို့ ပြောခဲ့ပါတယ်။ ဟိုးအဝေးကြီးကဟာကို ဒီဘက်ကိုပို့ပြီး ဟိုးအဝေးကြီးက ဝန်ထမ်းတွေကို နေရာသစ်မှာ လုပ်ကိုင်စေမယ်ဆိုရင်ဖြင့် မလိုလားအပ်တဲ့ တန်ဆာခတွေ ပိုမိုများပြားလာနိုင်ပါတယ်။ အရေးကြီးတဲ့ အုပ်ချုပ်သူဝန်ထမ်းနေရာအချို့ကလွဲရင် ဒေသတွင်းက ဝန်ထမ်းတွေ ၊ ဒေသတွင်းထွက်ကုန်တွေနဲ့ မိမိလုပ်ငန်းကို ချဲ့ထွင်သွားမယ်ဆိုရင် အချိန်ကုန်လည်းသက်သာ ၊ ငွေကုန်လည်းသက်သာပြီး ပိုထိရောက်လိမ့်မယ်လို့ သူမက ဆိုခဲ့ပါတယ်။

မိမိလုပ်ငန်းရဲ့ အမှန်ကန်ဆုံး ထုတ်ကုန်ဟာ ဝယ်ယူစားသုံးသူ (မိမိလုပ်ငန်းအားပေးသူများ) ရွေးချယ်တဲ့ ထုတ်ကုန်ဖြစ်ပါတယ်။ ကိုယ့်စိတ်ကူးနဲ့ကိုယ် ထုတ်လုပ်လိုက်တဲ့ ထုတ်ကုန်မျိုး မဖြစ်သင့်ပါဘူးလို့ သူမက ထောက်ပြသွားပါတယ်။ တကယ်တော့ သူမက စားသုံးသူတွေရဲ့ လိုအပ်ချက်ကို သိအောင်ကြည့်ခိုင်းတာပါ။ မိမိလုပ်ငန်းကို အားပေးတဲ့ Customer အများစုက ဘာလိုတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိပါမှ မိမိဟာ ဘာပစ္စည်းကို ဦးစားပေးထုတ်သင့်သလဲဆိုတာကို ပိုသိလာမှာပါ။ ဒါကြောင့် ကိုယ့်လုပ်ငန်း ထိထိရောက်ရောက် အောင်မြင်လည်ပတ်ဖို့ဆိုတာ Customer တွေရဲ့ လိုအပ်ချက်သိနေဖို့ အရမ်းအရေးကြီးပါတယ်တဲ့။

တကယ်လို့များ လုပ်ငန်းတည်ထောင်သူဟာ ကိုယ်တစ်ယောက်တည်းမဟုတ်ဘဲ အခြားသူတွေပါ ပါဝင်နေမယ်ဆိုရင်တော့ ဒီလူတွေညီညီညွတ်ညွတ်ရှိနေဖို့ဟာ လုပ်ငန်းရေရှည် တည်တံ့အောင်မြင်ဖို့အတွက် အလွန်အရေးကြီးပါတယ်လို့ သူမက ဆိုခဲ့ပါတယ်။ ကိုယ်ဆုံးဖြတ်တာ သူသဘောမတူ ၊ ကိုယ်အကြံပေးတာတွေသူမကြိုက် ဒီလူတွေအချင်းချင်း တယောက်တပေါက်ဖြစ်နေမယ်ဆို လုပ်ငန်းချဲ့ထွင်ဖို့လမ်းကြောင်းဟာ ဝေဝါးနေနိုင်ပါတယ်။ တည်ထောင်သူအချင်းချင်း အဆင်မပြေလို့ ပြိုကွဲသွားတဲ့ လုပ်ငန်းတွေလည်း အများအပြားရှိနေပါတယ်။ ဒါကြောင့် လုပ်ငန်းတည်ထောင်သူတွေဟာ စိတ်တူကိုယ်တူဖြစ်နေဖို့ဟာ ကုမ္ပဏီရေရှည်တည်တံ့ဖို့ အရေးကြီးနေပါတယ်။

မြန်မာနိုင်ငံမှာ ပိုမိုပွင့်လင်းလာပြီမို့ ဒီခေတ်ကြီးထဲမှာ ရင်းနှီးမြှုပ်နှံသူ (Investor) ရှာလာကြပါပြီ။ ရင်းနှီးမြှုပ်နှံသူတွေကို ရှာနေကြတဲ့ အသေးစားလုပ်ငန်းရှင်တွေ ၊ လုပ်ငန်းစတင်တည်ထောင်သူတွေ သိနားလည်ထားသင့်တဲ့အချက်ကိုလည်း Adi က ပြောပြခဲ့ပါတယ်။ “ဘယ်သူ့ဆီက ငွေယူသလဲ” ဆိုတာ အရမ်းအရေးကြီးပါတယ်။

ငါးစာသာမြင်ပြီး ငါးမြှားချိတ် သတိမထားမိခဲ့ရင် ကိုယ်ကထောင်ချောက်မိသွားမှာပါ။ သူပေးတဲ့ငွေကိုသာမြင်ပြီး ငွေယူပြီးနောက် ဖြစ်လာမယ့် အကျိုးဆက်တွေကို သတိမထားမိဘူးဆိုရင် ကိုယ်နဲ့ကိုယ့်လုပ်ငန်းဟာ သူ့ထောင်ချောက်မိသွားခဲ့ပါပြီ။ ကိုယ့်အကြံဥာဏ် ၊ ကိုယ်စတင်မွေးဖွားပြီး အသက်သွင်းလာခဲ့တဲ့ ဒီလုပ်ငန်းဟာ သူ့ငွေကလေးယူမိရုံနဲ့ သူ့လုပ်ငန်းဖြစ်သွားနိုင်ပါတယ်။ အဆိုးဆုံးအခြေအနေမှာ ကိုယ့်ကိုတောင် ကုမ္ပဏီထဲက ပထုတ်လိုက်နိုင်တဲ့ အခြေအနေလည်း ဖြစ်သွားနိုင်ပါတယ်။ ဦးနှောက်ဖောက်စားခံရတာပေါ့။

မိမိလုပ်ငန်းအတွက် ပထမဆုံးလာရောက်ရင်းနှီးမြှုပ်နှံမယ့် Investor ဟာ အလွန်အရေးကြီးပါတယ်လို့  Adi က ဆိုခဲ့ပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံသူကို ရွေးချယ်သွားဖို့ရာ အလွန်အရေးကြီးနေပါတယ်။ ကိုယ်ဟာ ကိုယ့်ရဲ့အခွင့်အရေးကို ကိုယ်တိုင်သိပြီး ကာကွယ်သွားဖို့လိုပါတယ်။ ကုမ္ပဏီဟာ ဘယ်လမ်းကြောင်းကို သွားမယ် ၊ ဘယ်လိုဦးတည်ပြီး လှုပ်ရှားသွားမယ်ဆိုတာတွေဟာ ဒီကုမ္ပဏီကို စတင်တည်ထောင်ခဲ့တဲ့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ဖြစ်သင့်ပါတယ်။

မိမိအကြံဥာဏ် ၊ မိမိလုပ်ကိုင်ဆောင်ရွက်မှုတွေနဲ့ မိမိလုပ်ကိုင်သွားမယ့် နောင်အနာဂါတ်အစီအစဉ်တွေကို ရင်းနှီးမြှုပ်နှံသူကိုချပြမယ်။ မိမိအကြံဥာဏ် ၊ မိမိလုပ်ကိုင်ဆောင်ရွက်မှုတွေနဲ့ မိမိလုပ်ကိုင်သွားမယ့် နောင်အနာဂါတ်အစီအစဉ်တွေကို ယုံကြည်လို့သာ ငွေပင်ငွေရင်း လာရောက် ရင်းနှီးမြှုပ်နှံသူဖြစ်သင့်ပါတယ်။

ဒါကို Adi က ကားမောင်းတာနဲ့ နှိုင်းယှဉ်ပြောခဲ့ပါတယ်။ မောင်းသူနေရာမှာ ကိုယ်ပဲရှိသင့်တယ်ပေါ့။ ဘယ်လမ်းကြောင်းကနေ ဘယ်လိုသွားမယ်ဆိုတာ ရှေ့ကမောင်းနေတဲ့ ကိုယ့်ဆုံးဖြတ်ချက်ပဲ ဖြစ်သင့်တယ်ပေါ့။ ရင်းနှီးမြှုပ်နှံသူဟာ ကိုယ့်ခရီးစဉ်နဲ့ ကိုယ့်မောင်းနှင်မှုကို ယုံကြည်လို့ နောက်ကလိုက်စီးသူပဲ ဖြစ်သင့်ပါတယ်တဲ့။

ဒီလိုမှမဟုတ်ဘဲ ရှေ့မှာ မောင်းနေတဲ့ကိုယ့်ကို ဘယ်ကွေ့ ၊ ညာကွေ့ ၊ ဟိုလိုမောင်း ၊ ဒီလိုမောင်း ၊ ဟိုကမောင်း ၊ ဒီကမောင်း လုပ်နေမယ်ဆိုရင်တော့ ရေရှည်မှာ အလုပ်မဖြစ်ပါဘူး။ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် ကိုယ်တည်ထောင်ခဲ့တဲ့ ကုမ္ပဏီမဟုတ်တော့ဘဲ ကိုယ်ယူခဲ့တဲ့ငွေကြောင့် ကိုယ့်နေရာမြဲနေဖို့အရေး စိတ်ဖိစီးမှုအပြည့်နဲ့ သူစေရာ လိုက်လုပ်နေရမှာပါ။ ဒီလိုလိုက်လုပ်လို့ ရလဒ်ကောင်းထွက်ခဲ့ရင် သူကနေရာပိုယူလာမှာဖြစ်ပြီး ရလဒ်ကောင်းမထွက်ခဲ့ရင်တော့ မအောင်မြင်တဲ့ကုမ္ပဏီရဲ့ ရှေ့ဆက်တည်မြဲဖို့ လိုအပ်နေတဲ့ငွေ နောက်ထပ် ရှာဖွေဖို့ ခက်ခဲသွားပါလိမ့်မယ်။

ဆိုလိုတာက Seed Round ရပြီး Series A , B, C စသဖြင့် ရင်းနှီးမြှုပ်နှံမှုတွေခေါ်ပြီး ရှေ့ဆက်တက်ဖို့ရာ ပိုခက်ခဲသွားနိုင်ပါတယ်။ ကိုယ့်ကုမ္ပဏီထဲ ခေါ်သွင်းလာခဲ့တဲ့ ငွေထုတ်ပေးသူဟာ ဒီကုမ္ပဏီထဲ ကိုယ့်ထက်နေရာပိုယူနေရင်တော့ ဒါဟာကိုယ့်ကုမ္ပဏီမဟုတ်တော့ဘဲ သူ့ဆုံးဖြတ်ချက်တွေအတိုင်း လိုက်လုပ်ပေးနေရတဲ့ သူ့လက်အောက်ခံ ကိုယ်ဖြစ်သွားပါပြီ။ ကိုယ့်နေရာပျောက်သွားတာပေါ့။ ကိုယ်ရတဲ့ငွေနဲ့ ကိုယ့်နေရာပျောက်သွားတာ ထိုက်သင့်တယ် ၊ မထိုက်သင့်ဘူးဆိုတာ ကာယကံရှင်တွေရဲ့ ဆုံးဖြတ်ချက်ပါ။

Adi က ကိုယ်ဟာ ဘယ်လိုအနေအထားမှာ ရှိနေသင့်သလဲဆိုတာကိုလည်း ရှင်းလင်းပြောဆိုသွားပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်တဲ့ ကိုယ့် Pitch Deck ဟာ အရမ်း Strong ဖြစ်သင့်ပါတယ်။ ဘယ်လမ်းကြောင်းကိုသွားမယ် ၊ ဘာတွေလုပ်ဆောင်မယ် ၊ ဘယ်လောက်သုံးသွားမယ် ဆိုတာ ရှင်းရှင်းလင်းလင်းဖော်ပြထားသင့်သလို ကိုယ့်ကိုယ်ကိုလည်း မှန်ကန်တဲ့လမ်းကြောင်းကနေ ဒါတွေလုပ်ဆောင်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်အပြည့်ထားပါတဲ့။ ဆိုလိုတာက ကိုယ့် Pitch Deck အတွက် ကိုယ်ဟာ Weak ဖြစ်မနေဖို့ လိုပါတယ်။

ကိုယ့် Pitch Deck အပေါ် ကိုယ်တိုင်က ယုံကြည်ချက်အပြည့်မရှိရင် ရင်းနှီးမြှုပ်နှံဖို့ အလားအလာရှိတဲ့ Investor တွေက ဟိုနေရာလေးလျှော့ခိုင်း ၊ ဒီနေရာလေးထပ်ဖြည့်ခိုင်း ၊ ဟိုပြောင်း ဒီပြောင်းနဲ့ ကိုယ့် Pitch Deck ဟာ သူတို့ထင်သလို ပြောင်းထားတာဖြစ်သွားပါတော့တယ်။

တချို့တွေက ပြောင်းထားတာလေးကြိုက်လို့ရင်းနှီးမြှုပ်နှံမယ်ဆို ရေရှည်မှာလည်း သူစိတ်ထင်သလို ဆုံးဖြတ်ပြောင်းလဲမှုတွေအတွက် လိုက်လုပ်ကိုင်ဆောင်ရွက်သွားဖို့ အဆင်သင့်ဖြစ်နေပါစေလေ။ ဒီလိုဆို ကိုယ်ဟာလုပ်ငန်းရှင်မဟုတ်တော့ဘဲ သူခိုင်းတာလိုက်လုပ်ရတဲ့သူတစ်ယောက်ဖြစ်သွားပါပြီလို့ သူမက ထောက်ပြပြောဆိုသွားပါတယ်။ နောင်မှာ လုပ်ငန်းအောင်မြင်ရင် သူ့ကြောင့်ဖြစ်ပြီး မအောင်မြင်ရင် ကိုယ့်ကြောင့်လို့ အပြစ်တင်သွားမှာပါ။ ဒါတွေကို အစကတည်းက ကြိုမြင်ထားသင့်တယ်လို့ သူမက ထောက်ပြပြောဆိုသွားပါတယ်။

လုပ်ငန်းတခုလုံး အောင်မြင်စွာလည်ပတ်နေဖို့ဆိုတာ ကိုယ်တစ်ယောက်တည်းနဲ့ မပြီးပါဘူး။ ကိုယ်နဲ့အတူတည်ထောင်ခဲ့သူတွေ ၊ ကုမ္ပဏီထဲက ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဒီကုမ္ပဏီထဲက ဝန်ထမ်းတွေ နောက်ဆုံး ကိုယ့်လုပ်ငန်းကို အားပေးကြတဲ့ စားသုံးသူ (Customer) တွေ  စည်းလုံးညီညွတ်နေဖို့လိုပါတယ်။

ကိုယ်နဲ့အတူတည်ထောင်ခဲ့သူတွေ ၊ ကုမ္ပဏီထဲက ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဒီကုမ္ပဏီထဲက ဝန်ထမ်းတွေဟာ ကိုယ့်အိမ်မက်ကို အကောင်အထည်ဖော်ပေးသူတွေမို့ သူတို့ကို အလုပ်သဘောအရလို့ သဘောထားဆက်ဆံတာမျိုးမဟုတ်ဘဲ တကယ့်ကို နွေးနွေးထွေးထွေးနဲ့ မိသားစုလို ဆက်ဆံသွားဖို့ဟာ အရေးပါနေကြောင်း Adi က ပြောဆိုသွားပါတယ်။

နိဂုံးချုပ်ပြောရရင် လုပ်ငန်းတခုအောင်မြင်ဖို့ Customer တွေရဲ့လိုအပ်ချက်ကို ဦးစားပေးနားထောင်ပါ။ ပြီးရင်ဖြည့်ဆည်းပေးနိုင်ဖို့ လုပ်ဆောင်ပါ။ ရင်းနှီးမြှုပ်နှံမှုခေါ်မယ်ဆို ပထမဆုံးရင်းနှီးမြှုပ်နှံသူကို အသေအချာရွေးချယ်ပါ။ မိမိအခွင့်အရေးကို မိမိကိုယ်တိုင် ယုံကြည်ချက်အပြည့်နဲ့ ကာကွယ်ပါ။ ဒီကုမ္ပဏီထဲက ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေ ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဒီကုမ္ပဏီထဲက ဝန်ထမ်းတွေဟာ ကိုယ့်အိမ်မက်ကို အကောင်အထည်ဖော်ပေးသူတွေမို့ တန်ဖိုးထားပြီး နွေးနွေးထွေးထွေးဆက်ဆံပါ။ ဒါတွေကတော့  Tech in Asia Conference 2017  ပွဲ ပထမရက်မှာ ဟောပြောသွားခဲ့တဲ့ Houzz  လုပ်ငန်းရဲ့ CEO နဲ့ co-founder တစ်ဦးဖြစ်တဲ့ Adi Tartarko ရဲ့ ဟောပြော ပို့ချမှုတွေဖြစ်ပါတယ်။

ပုံရိပ် (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%84%e1%80%94%e1%80%b9%e1%80%b8%e1%80%b1%e1%80%a1%e1%80%ac%e1%80%84%e1%80%b9%e1%80%bb%e1%80%99%e1%80%84%e1%80%b9%e1%80%96%e1%80%ad%e1%80%af%e1%82%94-%e1%80%9c/feed/ 0
မေတ္တာ ၊ စေတနာ နှင့် ပညာအရင်းခံမှသာ အောင်မြင်သောအလုပ် http://www.burmesehearts.com/%e1%80%b1%e1%80%99%e1%80%90%e1%81%b1%e1%80%ac-%e1%81%8a-%e1%80%b1%e1%80%85%e1%80%90%e1%80%94%e1%80%ac-%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%95%e1%80%8a%e1%80%ac%e1%80%a1%e1%80%9b/ http://www.burmesehearts.com/%e1%80%b1%e1%80%99%e1%80%90%e1%81%b1%e1%80%ac-%e1%81%8a-%e1%80%b1%e1%80%85%e1%80%90%e1%80%94%e1%80%ac-%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%95%e1%80%8a%e1%80%ac%e1%80%a1%e1%80%9b/#respond Sat, 18 Mar 2017 04:43:59 +0000 http://www.burmesehearts.com/?p=74065 ငယ်ငယ်ကတည်းက ကျန်းမာရေး မကြာခဏဆိုသလို ချူ ချာတတ်တဲ့ ကျွန်မတစ်ယောက် ဆေးရုံသို့ တစ်ခေါက်ရောက်ရပြန်တယ်။ မြန်မာနိုင်ငံအလည်ပြန်တုန်း စားချင်တာတွေ စားချင်တဲ့ဆိုင်တွေမှာ စားခဲ့တဲ့ကျွန်မတစ်ယောက် စင်္ကာပူပြန်လာတဲ့ လေယာဉ်ပေါ်မှာ အန်ပြီးဖျားတာ ရက်သတ္တပတ်တပတ်လုံးလည်းဖျား ၊ မစားမသောက်ချင်လို့ မစားမသောက်နဲ့ ကိုယ်အလေးချိန်လည်း တပတ်အတွင်း  နှစ်ကီလိုလောက်ကျသွားပြီး မသင်္ကာလို့ နီးရာဆေးခန်းကဆရာဝန်ပြတော့ ဆရာဝန်ကစမ်းသပ်စစ်ဆေးပြီး ဆေးရုံတက်ဖို့ ဆေးစာချက်ချင်းရေးပေးပါတယ်။ ဒီလိုနဲ့ စင်္ကာပူဆေးရုံကို ကျွန်မချက်ချင်း ရောက်ခဲ့ပါတယ်။ ပထမတော့ Observation Room မှာ နာရီပိုင်းထား ဆီးစစ် ၊ သွေးစစ်နဲ့ စောင့်ကြည့်ပြီး ကုသမှုအချို့ စတင်ပါတယ်။ ဒါပေမယ့် ဘာရောဂါကြောင့် ကျွန်မဒီလိုဖြစ်နေတယ်ဆိုတဲ့ အဖြေတော့ မသိရသေးပါဘူး။  ဆေးရုံတက်ဖို့ သွေးကြောတွေထဲ အပ်တွေလည်း အဆင်သင့်ထည့်ပြီး ဆေးရုံကပေးတဲ့ ဝတ်စုံလည်း ဝတ်ပြီးအဆင်သင့်နဲ့ပေါ့။ ဒါပေမယ့် အဲဒီနေ့က ကျွန်မကျန်းမာရေး ဘာမှထူးထူးခြားခြားမဆိုးရွားလာဘဲ […]]]>

ငယ်ငယ်ကတည်းက ကျန်းမာရေး မကြာခဏဆိုသလို ချူ ချာတတ်တဲ့ ကျွန်မတစ်ယောက် ဆေးရုံသို့ တစ်ခေါက်ရောက်ရပြန်တယ်။ မြန်မာနိုင်ငံအလည်ပြန်တုန်း စားချင်တာတွေ စားချင်တဲ့ဆိုင်တွေမှာ စားခဲ့တဲ့ကျွန်မတစ်ယောက် စင်္ကာပူပြန်လာတဲ့ လေယာဉ်ပေါ်မှာ အန်ပြီးဖျားတာ ရက်သတ္တပတ်တပတ်လုံးလည်းဖျား ၊ မစားမသောက်ချင်လို့ မစားမသောက်နဲ့ ကိုယ်အလေးချိန်လည်း တပတ်အတွင်း  နှစ်ကီလိုလောက်ကျသွားပြီး မသင်္ကာလို့ နီးရာဆေးခန်းကဆရာဝန်ပြတော့ ဆရာဝန်ကစမ်းသပ်စစ်ဆေးပြီး ဆေးရုံတက်ဖို့ ဆေးစာချက်ချင်းရေးပေးပါတယ်။ ဒီလိုနဲ့ စင်္ကာပူဆေးရုံကို ကျွန်မချက်ချင်း ရောက်ခဲ့ပါတယ်။

ပထမတော့ Observation Room မှာ နာရီပိုင်းထား ဆီးစစ် ၊ သွေးစစ်နဲ့ စောင့်ကြည့်ပြီး ကုသမှုအချို့ စတင်ပါတယ်။ ဒါပေမယ့် ဘာရောဂါကြောင့် ကျွန်မဒီလိုဖြစ်နေတယ်ဆိုတဲ့ အဖြေတော့ မသိရသေးပါဘူး။  ဆေးရုံတက်ဖို့ သွေးကြောတွေထဲ အပ်တွေလည်း အဆင်သင့်ထည့်ပြီး ဆေးရုံကပေးတဲ့ ဝတ်စုံလည်း ဝတ်ပြီးအဆင်သင့်နဲ့ပေါ့။ ဒါပေမယ့် အဲဒီနေ့က ကျွန်မကျန်းမာရေး ဘာမှထူးထူးခြားခြားမဆိုးရွားလာဘဲ အဖျားကျဆေးအရှိန်တွေကြောင့် အဖျားလည်း အတော်ကြာကျသွားခဲ့တာမို့ အိမ်ပြန်ခွင့်ရခဲ့တယ်။

နောက်တနေ့မနက်ပိုင်းမှာ ဆေးရုံကကျွန်မကိုဖုန်းဆက်ခေါ်ပြီး ဆေးရုံအမြန်ဆုံးလာတက်ဖို့ပြောပါတယ်။ ကျွန်မရဲ့သွေးထဲမှာ ဘက်တီးရီးယားတွေကို စစ်ဆေးတွေ့ရှိရတာမို့ ဒီဘက်တီးရီးယားတွေ ဘယ်ကလာတယ်ဆိုတာကို အမြန်ဆုံးရှာပြီး ဒီဘက်တီးရီးယားတွေကို သုတ်သင်ရှင်းလင်းရမယ်ပေါ့။ ဒီလိုနဲ့ ကျွန်မဆေးရုံတက်ခဲ့ရတယ်။

ပထမဆုံး ပြင်ပလူနာဌာနမှာ ၂၄နာရီထားပါတယ်။ ကျွန်မကိုထားတဲ့ ပြင်ပလူနာဌာနမှာ ခုတင်၁၀လုံးရှိပါတယ်။ ဒါကလည်း လူနာက တစ်ယောက်တည်းအခန်းယူမလား ၊ အများနဲ့နေမလားဆိုတာကို ရွေးချယ်ရတာပါ။ ကျွန်မက အများနဲ့နေဖို့ ရွေးချယ်ခဲ့တာပါ။ ရောက်တုန်းရောက်ခိုက် စင်္ကာပူဆေးရုံဆိုတာကို စပ်စုချင်သေးတယ်လေ။

ကလေးမွေးတုန်းတခေါက်လောက်ပဲ စင်္ကာပူမှာ ဆေးရုံတက်ဖူးတာဆိုတော့ အခြားရောဂါနဲ့တက်တဲ့အခါ ဘယ်လိုလူနာတွေနဲ့ တွေ့ဆုံရမလဲ ၊ ဘယ်လိုထူးခြားမှုတွေရှိနေမလဲ ၊ မြန်မာနိုင်ငံနဲ့ ဘာတွေ ကွာခြားနေမလဲဆိုတာကို သိချင်ခဲ့တာပါ။ ကျွန်မကိုထားတဲ့ ပြင်ပလူနာဌာနမှာ အငယ်ဆုံးလူနာက ကျွန်မတစ်ယောက်တည်းပါ။ ကျန်တဲ့အရွယ်တွေက အသက်(၅၀)ကျော်ကနေ (၈၀)ကျော်အရွယ်အထိ အမျိုးမျိုးရှိကြပါတယ်။

ကျွန်မရဲ့ ခုတင်ခြေရင်း ဟိုဘက်နံရံမှာ ကျွန်မ အား ၊ ဘား ၊ မား လို့ နာမည်ပေးထားတဲ့ အဖွားတစ်ယောက်ရယ် ၊ ကျွန်မရယ်ပဲ ခုတင်နား လူနာစောင့်မရှိတာ။ ကျန်တဲ့လူနာတွေက ညအိပ်ချိန်ကလွဲရင် အိမ်ကလာပြီး အဖော်လုပ်ကြတယ်။ ည(၈)နာရီကျော်ဆို ပြန်ကြတယ်။ ကျွန်မအမျိုးသားက ကျွန်မသမီးလေးကြည့်နေရလို့ ကျွန်မကို လာမစောင့်နိုင်ဘူး။ သမီးလေးကိုလည်း ဆေးရုံကို ဘာရောဂါမှန်းမသိတဲ့ လူနာတွေကြား မခေါ်လာစေချင်လို့ ကျွန်မအနားမှာ လူနာစောင့်မရှိတာပါ။

အား ဘား မား လို့ ကျွန်မနာမည်ပေးထားတဲ့အဖွားက  ခန့်မှန်းအသက် (၈၀)ကျော်လောက်ရှိမယ်။ မျက်လုံးတွေက အမြဲ ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်နေပေမယ့် ဘာမှမြင်ရပုံမပေါ်ဘူး။ သူ့ဘာသာသူလည်း မထနိုင်ဘူး။ အသိလည်းကပ်နေတဲ့ပုံမရှိဘူး။ နာရီပိုင်းလောက် ခဏလေး အိပ်ပျော်နေချိန်ကလွဲရင် အမြဲတမ်း အား ဘား မား ဆိုပြီး ယောင် ယောင် အော်နေတတ်တာ။ ဒါကြောင့် အား ဘား မားလို့ နာမည်ပေးထားတာ။ ဒီဝါ့ဒ်ထဲ စရောက်စကတော့ ညပိုင်းမို့ ကိုယ်က အအိပ်လည်းဆတ် ၊ လက်နှစ်ဘက်လုံးမှာ ပိုက်တွေနဲ့သွင်းထားတဲ့ ဆေးရှိန်တွေကြောင့်လည်း အိပ်ချင်နေတတ်တဲ့အချိန်တွေမှာ အဖွားရဲ့ အား ဘား မား အော်သံကြောင့် ခဏ ခဏ လန့်နိုးခဲ့ရတယ်။

စိတ်ဝင်စားစရာကောင်းတာက လူနာစောင့်မရှိတဲ့ အား ဘား မား အဖွားကို ဆရာဝန်တွေ ဂရုစိုက်ကြပုံပါ။ အသိမကပ်တာမို့ ဆန်ပြုတ်လိုအရာကို အဖွားမနက်စာစားတယ်။ ဆန်ပြုတ်ထည့်တဲ့ခွက်ကလည်း ခပ်သေးသေးမို့ နည်းနည်းလေးသာ ပါမှာပါ။ ဒါပေမယ့် အသိမကပ်တဲ့အဖွားကို ဖော်ရွေတဲ့ ဆရာဝန်မလေးနှစ်ယောက်က မနက်စာချော့ပြီးခွံ့နေကြတာကို အံ့အားတသင့်နဲ့ ကြည်နူးဖွယ်မြင်တွေ့ရတာပါ။ အသက်နှစ်ဆယ်စွန်းစွန်းအရွယ် နုနုငယ်ငယ်ဆရာဝန်မလေးနှစ်ယောက်က အဖွားကို တရုတ်လိုနှုတ်ဆက်လိုက် မြှူလိုက် ပြုံးပြလိုက် ထမင်းကျွေးတော့မယ်လို့ပြောပြီး ပါးစပ်ဟဖို့ အာ … အာ နဲ့ ကလေးတစ်ယောက်လို စိတ်ရှည်ရှည် ချော့ကျွေးနေတဲ့ မြင်ကွင်းက ကျွန်မအတွက် ကြည်နူးစရာပါ။

တစ်ဦးက အဖွားကို  အာလို့ ပါးစပ်ဟခိုင်းပြီး တဇွန်းခပ်ကျွေးချိန် ကျန်တစ်ဦးက အဖွားရဲ့ လည်မျို နား နားကြပ်ကပ်ထားတယ်။ ပထမတော့ ဘာကြောင့်မှန်း ကျွန်မနားမလည်ပေမယ့် နားကြပ်ကပ်ထားတဲ့တစ်ယောက်က နောက်တစ်လုတ်ကိုခွံ့ဖို့ပြောမှ ခွံ့တဲ့ဆရာဝန်မက အဖွားကို အာလို့ ပါးစပ်ဟခိုင်းပြီး ခွံ့တယ်။ ခွံ့ပြီးရင် မြန် … မြန် … မြန် လို့ ဝါးဟန်လုပ်ပြီး ဝါးစားမျို ချခိုင်းတဲ့ အမူအရာတွေကို တွေ့တော့မှ ဘာကြောင့် လည်မျို နား နားကြပ်ကပ်နားထောင်သလဲဆိုတာကို ကျွန်မနားလည်ခဲ့တာ။ အဖွား အစာတလုပ်မျိုချပြီးမှ နောက်တစ်လုပ်ကို ခွံ့ခိုင်းဖို့ လည်မျိုနား နားကြပ်ကပ်ထားတာကို နားလည်ခဲ့တာ။

ဒီလိုမှမလုပ်ရင် အသိမရှိတဲ့အဖွား အစာသီးနိုင်တယ်။ အစာတွေ အသက်ရှူလမ်းကြောင်းထဲပိတ်နေရင် ပိုဒုက္ခရောက်နိုင်တယ်။ အဖွားလို လူနာရှင်အနားမှာမရှိ ၊ အသိလည်းမရှိတဲ့ လူနာကို သူတို့လို ဆရာဝန်တွေရဲ့ အသေးစိတ်ကလေးကအစ ဂရုစိုက်မှုအတွက် ကျွန်မကြည်နူးရတာပါ။ စိတ်ထဲကနေ ဒီဆရာဝန်မလေးတွေကို ချီးကျူးမိတယ်။ သူတို့ဟာ အလုပ်သဘောအရ လုပ်နေတာထက် တကယ့်ကို အဖွားအပေါ်ဂရုတစိုက် ပျော်အောင် ၊ စားချင်စိတ်ရှိအောင် ကြင်နာစွာပြုစုနေတာ မြင်ရတဲ့ကျွန်မ ကြည်နူးမိတယ်။ အဲဒီဆေးရုံမှာ Special Nurse ငှါးမလားလို့ ကျွန်မကို လာမေးတဲ့သူမရှိသလို Special Nurse လည်းမထားဘူး။ ဝါ့ဒ်ထဲတာဝန်ကျတဲ့ ဆရာဝန်နဲ့ သူနာပြုတွေကပဲ အလှည့်ကျ ပြုစုလုပ်ကိုင်သွားကြရတာ။

ဒီလိုအခြေအနေမျိုးမှာ ကျွန်မအမေကို သတိရမိတယ်။ မြန်မာနိုင်ငံက ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ အစာအဆိပ်သင့်ပြီး ဝမ်းလျှောလို့ ဆေးရုံတက်ခဲ့ရတဲ့ ကျွန်မအမေဟာ ဆေးရုံတက်စက အကောင်းကြီး လမ်းလျှောက်နိုင် ၊ အသိရှိရှိနဲ့ စားနိုင် ၊ သောက်နိုင် ၊ စကားတွေပြောနိုင်ပါရက်နဲ့ လူနာရှင်ဖြစ်တဲ့ သားသမီးတွေ နိုင်ငံရပ်ခြားရောက်နေလို့ အနားမှာ လူနာစောင့်မရှိတဲ့အမေ့ကို Special Nurse နေ့ညငှါးခိုင်းတယ်။

ဒီလိုနဲ့ အမေဟာ ဆေးရုံပေါ် ဝမ်းဆက်လျှောရာက ရက်ပိုင်းအတွင်း သတိလစ်သွားတယ်။ ဆေးရုံမှာ ငွေကြိုသွင်းထားတာမို့ ၊ အမျိုးတွေကိုလည်း စိတ်မပူနဲ့ ပြန်ကောင်းလာမယ်ပြောတာမို့ အမျိုးတွေက ကျွန်မတို့သားသမီးတွေ အဝေးကစိတ်ပူမှာစိုးလို့ သတိလစ်နေတာကို ပြန်မပြောဘူး။ နှစ်ပတ်လောက်နေလို့ သတိပြန်မလည်လာဘဲ တကိုယ်လုံး ဖောရောင်နေတော့မှ ကျွန်မတို့ကို အမျိုးက အသိလှမ်းပေးခဲ့တာ အခြေအနေမကောင်းဘူးတဲ့။

အမျိုးတွေကိုမေးတော့ ဘာရောဂါမှန်းမသိသလို ၊ ဆရာဝန်တွေကလည်း မပြောဘူး ၊ Special Nurse တွေကလည်း မသိဘူးလို့ပြောတယ်တဲ့။ ကျွန်မလေယာဉ်လက်မှတ်ချက်ချင်းစီစဉ်ပြီး အမေ့ဆီလိုက်တော့ အသိမရှိတဲ့ အမေ့နားမှာ ဝတ္ထုဖတ်နေတဲ့ Special Nurse ကိုတွေ့ခဲ့တယ်။ အမေ့ရောဂါအကြောင်း မေးတော့ တုန်တုန်လှုပ်လှုပ်နဲ့ ဘာမှမရှင်းပြနိုင်ဘူး။ ဘာတွေ on ထားသလဲဆိုတာလဲ မပြောနိုင်ဘူး။ တနေ့ထက်တနေ့ တိုးတက်လား ၊ ဆိုးရွားလာလားဆိုတာလည်း မသိဘူး။ ဝါ့ဒ်ကနာ့စ်နဲ့ ဆရာဝန်တွေကိုမေးတော့လည်း ကျွန်မနားမလည်တဲ့ ဆေးပညာမို့လို့ မရှင်းပြနိုင်ဘူးဆိုတော့ ကျွန်မထသောင်းကျန်းမှ အမေ့တာဝန်ယူတဲ့ ဆရာဝန်ကြီးဆိုတာကို အရေးတကြီး ဖုန်းခေါ်ပေးတယ်။

နာရီပိုင်းအတွင်း ဆရာဝန်ကြီးကိုယ်တိုင် ကျွန်မတို့ကို လာတွေ့မှ အမေဟာ ဝမ်းလျှောရင်း ကျောက်ကပ်ထိသွားတာဖြစ်ကြောင်း ၊ အချိန်မီကျောက်ကပ်မဆေးရင် အသက်မမီနိုင်ကြောင်းနဲ့ အခုတောင်မှ အသက်မီလိမ့်မယ်လို့ မသေချာကြောင်းဆိုတာတွေ သိခွင့်ရခဲ့တာပါ။ အိမ်နဲ့ နီးနီးနားနား အမေတက်တဲ့ မဟာမြိုင်ဆေးရုံမှာ ကျောက်ကပ်ဆေးတဲ့စက်မရှိဘူး။ ကိုယ့်ဆေးရုံမှာမရှိတဲ့စက်နဲ့ လူနာကုသမှုလိုတယ်ဆိုတာကို လူနာနဲ့ လူနာရှင်တွေ (ကျွန်မတို့အမျိုးတွေ)ကို အသိမပေးဘဲ ပိုက်ဆံကို ရသလောက် လူနာဆီက ညာယူရင်းဒီလောက်ထိ လူနာအခြေအနေဆိုးသွားခဲ့တာကို အဲဒီဝါ့ဒ်က ဆရာဝန်က သူကြည့်ခ သုံးသောင်းလျှော့ပေးတာကလွဲရင် ဘာမှ တာဝန်ယူတာမျိုး ၊ တောင်းပန်တာမျိုး ၊ မျက်နှာချင်းဆိုင်တာမျိုးတွေ မလုပ်ခဲ့ပါဘူး။

ကျွန်မဆိုလိုတာက တာဝန်ယူမှုနဲ့ တာဝန်ခံမှုအပိုင်းတွေကို နှိုင်းယှဉ်ပြချင်တာ။ တာဝန်ယူတဲ့နေရာဟာ လူနာစောင့်မရှိလည်း တာဝန်သိပြီး တာဝန်ယူတယ်။ တာဝန်မယူတတ်သူတွေက သူတို့ကြောင့် မှားယွင်းသွားပစေဦး ဘာမှတာဝန်ယူမှု မရှိပါဘူး။ ပြောင်းလဲသင့်ပြီဆိုတဲ့အထဲမှာ စိတ်ဓါတ်တွေ အဓိက ပြောင်းလဲပစ်ရမယ်ဆိုရင်မှားမလား။ တာဝန်ယူမှုနဲ့ တာဝန်ခံမှုတွေ ၊ တာဝန်သိတတ်မှုဆိုတဲ့ စိတ်ဓါတ်တွေဆီရောက်ဖို့ ပြောင်းလဲပစ်ရမယ်ဆိုလည်း တာဝန်မယူတတ်သူတွေရှိနေသမျှ တာဝန်မဲ့မှုတွေ ရှိနေမှာပဲ။

ကံကောင်းထောက်မစွာ အဲဒီဆေးရုံကငွေပေးဆင်းခဲ့ပြီး ဆေးရုံပြောင်းကုသခဲ့တဲ့ အမေ သေကံမရောက်အသက်မပျောက်ခဲ့ပါဘူး။ အမေအသက်မရှင်ခဲ့ရင်တောင် အဲဒီဆေးရုံနဲ့ အဲဒီဆရာဝန်တွေကို တရားစွဲဖို့ ကျွန်မမှာ အစီအစဉ်မရှိပါဘူး။ တာဝန်မဲ့သူတွေ များနေတဲ့အရပ်မှာ ဘယ်လောက်ပဲမှန်နေပစေ အချိန်နဲ့ငွေတွေ ရင်းနှီးပြီး အမှန်တရားကို ဘဲဥအစရှာသလို လိုက်ရှာနေရဦးမှာမို့ ဒီလူတွေနဲ့ လုံးဝမျက်နှာချင်းမဆိုင်ချင်တာ ၊ မပတ်သက်ချင်တာ ၊ ခပ်ကင်းကင်း နေလိုက်ချင်တဲ့စိတ်တွေကြောင့်ပဲ ဘာမှ အရှည် အရှည် မလုပ်ဖြစ်တော့ဘူး။

တိုးတက်တဲ့နိုင်ငံနဲ့ မတိုးတက်တဲ့နိုင်ငံ ဘာတွေကွာနေသလဲဆို ခံယူချက်တွေနဲ့ လုပ်ရပ်တွေ ၊ စိတ်နေစိတ်ထားတွေ၊ တာဝန်ခံလုပ်ကိုင်မှုတွေ ကွာနေတာပါ။ ဆရာဝန်ဆိုတဲ့အလုပ်မှာ သင်ယူထားတဲ့ပညာတွေအပြင် လူနာအပေါ်ထားတဲ့ မေတ္တာ ၊ လူနာကို အသက်သာဆုံးဖြစ်စေချင်တဲ့ စေတနာတွေမရှိဘဲ လူနာနဲ့ လူနာရှင်တွေ စိတ်ချမ်းသာအောင် ကုသမှုတွေ မပေးနိုင်ဘူးဆိုတာ ကျွန်မလက်တွေ့ သိခဲ့ရပြီလေ။ လူနာနဲ့လူနာရှင်တိုင်းဟာ တာဝန်ခံပြီး တာဝန်ယူတတ်တဲ့ဆရာဝန် ၊ ပညာသာမက မေတ္တာနဲ့ စေတနာပါစွက်ပြီး ကုသပေးနေတဲ့ ဆရာဝန်ကောင်း ၊ ဆေးဝန်ထမ်းကောင်းတွေနဲ့ မြန်မာနိုင်ငံမှာ တွေ့ဆုံကြပါစေလို့ ဆုတောင်းရုံမှတပါး အခြားမတတ်နိုင်ပြီလေ။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%b1%e1%80%99%e1%80%90%e1%81%b1%e1%80%ac-%e1%81%8a-%e1%80%b1%e1%80%85%e1%80%90%e1%80%94%e1%80%ac-%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%95%e1%80%8a%e1%80%ac%e1%80%a1%e1%80%9b/feed/ 0
လူသတ်သမားကို အကောင်းဆုံးလက်စားချေနည်း http://www.burmesehearts.com/%e1%80%9c%e1%80%b0%e1%80%9e%e1%80%90%e1%80%b9%e1%80%9e%e1%80%99%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%a1%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%86%e1%80%b6%e1%80%af/ http://www.burmesehearts.com/%e1%80%9c%e1%80%b0%e1%80%9e%e1%80%90%e1%80%b9%e1%80%9e%e1%80%99%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%a1%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%86%e1%80%b6%e1%80%af/#respond Wed, 01 Feb 2017 07:54:56 +0000 http://www.burmesehearts.com/?p=73588

ဦးကိုနီနဲ့ ဦးနေဝင်းတို့ကို ဇန်နဝါရီ၂၉ရက်နေ့က ရန်ကုန်အပြည်ပြည်လေဆိပ်မှာ သတ်ခဲ့တဲ့လူသတ်သမားကို အကောင်းဆုံးဘယ်လိုလက်စားချေကြမလဲ။ ကျွန်မဆိုလိုတဲ့ လူသတ်သမားဟာ လက်ရဖမ်းမိထားတဲ့ ဦးကြည်လင်းမဟုတ်ဘူး။ ဘုရားသူခိုး သို့မဟုတ် သွေးအေးလူသတ်သမား အဲဒီတစ်ယောက်ဟာ သူလုပ်ခဲ့တာတွေကြောင့် သူ့စရိတ်နဲ့သူသွားမှာပဲ။ ကျွန်မဆိုလိုတဲ့ လူသတ်သမားဟာ မဖော်နိုင်သေးတဲ့ လူသတ်သမားကို ပြောတာပါ။

တကယ့်လူသတ်သမားအစစ်ဟာ အကြံကြီးတယ်။ နောက်လိုက်များတယ်။ ယုတ်မာကောက်ကျစ်တယ်။ သူ့လုပ်ဆောင်နိုင်မှုဟာ အပြောတခုကလေးနဲ့ ခိုင်းသွားလို့ရတယ်။ သူ့ပါဝါ အင်အားကြီးနေတော့ သူ့ဖြိုရခက်တယ်။ သူ့ဖြိုနိုင်တာ (တနည်းအားဖြင့် သူ့လက်စားချေနိုင်တာ) တနည်းပဲရှိတယ်။ ဒါဟာ ကျွန်မတို့ပြည်သူနဲ့ သူမုန်းတဲ့ လက်ရှိအစိုးရတို့ သွေးစည်းနေကြဖို့ပဲလိုတယ်။ သူက ဒီသွေးစည်းမှုကိုဖြိုချင်တာ။ လက်ရှိအစိုးရကို ထောက်ခံမှုအားနည်းစေချင်တာ။ ဒီအစိုးရအဖွဲ့ထဲမှာ ရှေ့ထွက်ရဲသူတွေနည်းစေချင်တာ။ ထက်တဲ့သူတွေကို အညွန့်ချိုးချင်တာပါ။ ရှေ့မတက်ရဲရင် အစွမ်းအစမရှိတဲ့ အဖွဲ့အစည်းလို့ သူဦးဆောင်တဲ့အဖွဲ့က သက်သေပြချင်တာ။

ဘုရားသူခိုးကို ပေါ်ပေါ်တင်တင် လူသတ်ခိုင်းပြီး ဘယ်လိုတုန့်ပြန်ကြမလဲ သွေးတိုးစမ်းလိုက်တာပါ။ လက်ရှိအစိုးရကိုလည်း သွေးတိုးစမ်းတယ်။ အစွမ်းအစရှိတဲ့ ခပ်ထက်ထက်ပညာရှင်တွေကိုလည်း သွေးတိုးစမ်းလိုက်တာပါ။ ကျွန်မတို့ ဝေဝါးပြီးယောင်နေလေ သူသဘောကျလေပဲ။ ကြောင်က ကြွက်ကို မစားခင် ကစားနေသလိုမျိုး သူက ပညာတတ်ကိုသတ်ပြီး တည်ငြိမ်မှုကို ကစားလိုက်တာပါ။ နောက်ဖက်မှာ နိုင်ငံရေးရည်ရွယ်ချက်တွေ အများကြီးရှိတယ်။

ဒီပဲယင်းတရားခံ ဖော်လို့ရတယ်။ ခိုင်းတဲ့သူရော ၊ လုပ်တဲ့သူတွေရော တကယ်ဖော်ချင် ဖော်နိုင်တယ်။ ဒါပေမယ့် အမေစု လျော်ပေးလိုက်တယ်။ နိုင်ငံတည်ငြိမ်ရေး မပျက်ပြားစေချင်လို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ စတေးခဲ့တဲ့သူတွေ အသက်နဲ့ရော ထောင်ထဲမှာရော စတေးခဲ့ရတယ်။ ဖြစ်ပြီးတာတွေပြီးစေတော့ နောက်ထပ်လူတွေ မစတေးကြဖို့ ၊ ချစ်စကိုရှည်စေ ၊ မုန်းစကိုတိုစေလို့ အမေစုက ရည်ရွယ်ပြီး ပြည်ဖုံးကားချခဲ့တယ်။

သူမရထားခဲ့တဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုက သူမယုံကြည်ချက်အတိုင်း ငြိမ်းချမ်းရေးကိုပဲ ရှေးရှုဖို့ဦးတည်ဖြစ်နေစေတာပါ။ သူမဟာ လက်တုန့်ပြန်ကြရအောင်လို့ ပြောမယ့်သူမျိုးမဟုတ်ဘူး။ သူမကိုထောက်ခံသူတွေကလည်း သူမယုံကြည်ရာအတိုင်း ပံ့ပိုးပေးကြသူမို့ လက်တုန့်ပြန်ဖို့ တန်ပြန်တိုက်စစ်မဆင်ဘူး။ အဲဒီထဲမှာ ဦးကိုနီနဲ့ဦးနေဝင်းတို့ ဆုံးပါးသွားတဲ့အတွက် စကားနာထိုးစစ်လည်းဆင်မှာမဟုတ်သလို နှိုက်နှိုက်ချွတ်ချွတ်ဖော်ထုတ်လို့ တရားခံအစစ်အမှန်ကို ရုံးတော်အရောက် ပြစ်ဒဏ်ကျခံတဲ့အထိ မလုပ်ဘူး။ ချစ်စကိုရှည်စေ ၊ မုန်းစကိုတိုစေ ၊ ယုတ်မာမှုတွေကို သိနေတာမို့ နောက်ထပ်လူတွေကို မနစ်နာစေချင်တဲ့ ငြိမ်းချမ်းတဲ့ဆန္ဒ လက်ရှိအစိုးရခေါင်းဆောင်အဖွဲ့ထဲမှာရှိတယ်။

တကယ့်တရားခံအစစ်က တပ်နဲ့ပြည်သူ အဆင်ပြေနေတာ မကြည်ဖြူဘူး။ ရဲနဲ့ပြည်သူ အဆင်ပြေနေကြတာလည်း မကြည်ဖြူဘူး။ တပ်ကားကြီးနဲ့ပြည်သူတွေကိုကူနေတာ ၊ ရဲကားကြီးနဲ့ ပြည်သူတွေကို ကူနေတာ သူမကြည်ဖြူဘူး။ လက်ရှိအစိုးရနဲ့ တပ်ခေါင်းဆောင်တွေ ပလဲပနံသင့်နေတာလည်း သူမကြည်ဖြူဘူး။ သူဆိုတာဟာ တစ်ဦးတစ်ယောက်ကိုပြောတာမဟုတ်ဘဲ ဒီတစ်ဦးတစ်ယောက်ခေါင်းဆောင်တဲ့ အဖွဲ့အစည်းနဲ့ နောက်လိုက်တွေကိုပြောတာ။ တကယ်တော့ သူတို့က တပ်နဲ့ပြည်သူ ၊ ရဲနဲ့ပြည်သူတွေကို သွေးခွဲနေတာ။ ဥပဒေနဲ့အရေးယူကြေးဆို သူတို့ဦးဆောင်တဲ့အဖွဲ့ကို အရေးယူရမှာ။ တကယ်သွေးခွဲနေတာက သူတို့။ စည်းလုံးသွားရင် သူတို့ရည်မှန်းချက် ပျက်ပြယ်သွားမှာမို့လို့။

နေရာတိုင်းမှာ ကောင်းသူ ၊ မကောင်းသူရှိတာ လက်ခံတယ်ဆို မကောင်းတဲ့ တပ်နောက်လိုက်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ စကားနဲ့ အပြုအမူတွေကြောင့် တပ်တခုလုံးဒီလို ၊ ရဲတဖွဲ့လုံးဒီလိုဆိုပြီး အပြစ်မမြင်လိုက်ပါနဲ့။ မရွံလိုက်ပါနဲ့။ မမုန်းလိုက်ပါနဲ့။ ကောင်းတဲ့သူတွေနစ်နာတယ်။ ကောင်းနေတာတွေနဲ့ ကောင်းချင်စိတ်ကလေးတွေပျောက်သွားမယ်။ ကိုယ်က ကောင်းသူ ၊ ဆိုးသူ ခွဲခြားမြင်ရမှာပါ။ ဒီလိုခွဲခြားမမြင်ရင် တပ် ၊ ရဲနဲ့ ပြည်သူ စည်းလုံးမှုပျက်ပြယ်လာလိမ့်မယ်။ ဒါကို လူသတ်သမားနောက်ကွယ်ကအဖွဲ့ ဖြစ်စေချင်တာ။ သူဖြစ်စေချင်တာ ကိုယ်တွေမလုပ်မိဖို့လိုတယ်။ သူဖြစ်စေချင်တာ ကိုယ်တွေလုပ်မိရင် သူရည်မှန်းချက် ပြည့်မြောက်သွားမယ်။

တပ်အကြီးအကဲကို အမြင်မမှားစေချင်ဘူး။ တပ်ဆိုတာ ထင်းစည်းလိုစိတ်ဓါတ်နဲ့ လုပ်ကိုင်ရတာ။ သမိုင်းအစဉ်အလာမှာ နာမည်ဆိုး အရိပ်မည်းကြီးရှိခဲ့လေတော့ နာမည်ကောင်းဖို့ အရှိန်ယူလိုက် ထဖောက်တဲ့သူတွေကြောင့် နှောင့်နှေးလိုက်နဲ့ သူတို့မှာ ခရီးတွင်တာမဟုတ်ဘူး။ ထဖောက်နေတဲ့သူတွေကို တဖွဲ့တည်းမို့ သိကြပေမယ့် တပ်ဆိုတာ အချင်းချင်း စည်းလုံးရမယ်လို့ ယုံကြည်လုပ်ကိုင်နေကြတာမို့ အချင်းချင်း ထ မဖောင်းလိုဘူး။ ကိုယ့်ပေါင်ကိုယ် လှန်မထောင်းချင်တဲ့အတွက်ကြောင့် သိထားတာနှုတ်ပိတ်နေရသူတွေ တပ်ထဲမှာ အများအပြားရှိကြတယ်။ ပေါက်ကြားရင် ဘယ်ကဆိုတာလည်း ကွင်းဆက်လိုက်ဖို့ သိပ်လွယ်လွန်းတော့ မပြောရဲဘူး။

တဘက်မှာလည်း အခြေအနေကကြပ်တည်း ၊ တဖက်ကလည်း တလွဲမြင်နေတယ်ဆိုရင် တကယ်စိတ်ကောင်းရှိတဲ့ တပ်ဖွဲ့ဝင်တွေတောင် ပြည်သူမုန်းလို့ ဘက်ပြောင်းသွားနိုင်ကြတယ်။ တကယ်တော့ သံဃာ ၊ တပ် ၊ ရဲ ၊ ကျောင်းသား ၊ ပြည်သူ နဲ့ အစိုးရ တဘက်တည်းမှာ စုစည်းမိမယ်ဆို နိုင်ငံ့အင်အား အတော်တောင့်တင်းသွားပြီ။ ဒီလိုဖြစ်သွားမှာကို လူသတ်သမားရဲ့ နောက်ခံအဖွဲ့က သိပ်ကြောက်တယ်။ ဒီလိုမဖြစ်အောင်လို့ သူတို့ဟာ သပ်လျှိုနေတာ။

သံဃာထဲမှာလည်း မဘသဆိုပြီး ဂိုဏ်းကွဲအောင်လုပ်တယ်။ စစ်နဲ့ရဲကို ပြည်သူအထင်လွဲအောင် ပြည်သူတွေဝမ်းနည်းတသဖြစ်ချိန်မှာ ရယ်မောပျော်ရွှင်ပြလို့ မနှစ်လိုတဲ့စကားတွေပြောတယ်။ ပြည်သူအချင်းချင်းမှာကို အုပ်စုတွေ ကွဲထွက် ၊ ပြန့်ထွက်သွားအောင်လုပ်တယ်။ ပြီးတော့ Target ပြန်ရွေးမယ်။ ဒါဟာ သူတို့ဖြစ်စေချင်တာ။ သူတို့ဖြစ်စေချင်တာ ကိုယ်ပြည်သူတွေ မလုပ်မိဖို့လိုတယ်။

ဦးကိုနီနဲ့ ဦးနေဝင်းတို့ကို ပြည်သူတွေ စတေးခဲ့ရတာနဲ့တန်အောင် ပြည်သူတွေထဲက ဦးကိုနီလိုပညာရှိတွေ အများအပြားပေါ်ပေါက်လာအောင် ၊ ရှေ့ထွက်ရပ်တည်ရဲအောင် လုပ်ဆောင်ရမယ်။ အခြားသူကိုမလုပ်ကြံဘဲ ဦးကိုနီကို ဘာကြောင့် သူတို့ Target ထားလုပ်ကြံသလဲဆိုရင် ဦးကိုနီရဲ့ ဥပဒေ ကျွမ်းကျင်မှုကြောင့် နဲ့ ဘာသာရေးသပ်လျှိုလိုမှုကြောင့်ဆိုလည်း မမှားဘူး။ ဘာသာရေးဟာ ယုံကြည်ကိုးကွယ်မှုပဲ။ ကိုးကွယ်မှုကိုဦးစားမပေးဘဲ ယုံကြည်မှုကို ဦးစားပေးကြရအောင် ။

ဦးကိုနီယုံကြည်စွာ လုပ်ကိုင်ပြောဆိုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ လစ်ဟာချက်တွေ ၊ မှားယွင်းနေမှုတွေကို ကျွန်မတို့ အများသိအောင် ဖြန့်ဝေပေးကြမယ်။ သူပြောခဲ့သလို ဒီမိုကရေစီအစိုးရလက်ထက်မှာ မှားယွင်းနေတဲ့ ဒီအချက်အလက်တွေကို အမှန်ဖြစ်သင့်တဲ့အတိုင်း (ဒီမိုကရေစီနိုင်ငံဆိုတဲ့အတိုင်း) အာဏာကို ပြည်သူတွေလက်ထဲမှာပဲ ရှိနေအောင် ပြင်ဆင်ခွင့်ရဖို့ အုံကြွတယ်လို့ နာမည်တပ်လို့မရအောင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြရမယ်။ စည်းလုံးစွာ ဆန္ဒဖော်ထုတ်ကြရမယ်။  ပြည်သူတွေရဲ့ဆန္ဒကို ဒေါ်အောင်စုကြည်ခေါင်းဆောင်တဲ့ အရပ်သားအစိုးရတက်နေတုန်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်းဆုံး ပြင်ဆင်ရမယ်။ ဦးကိုနီဖြစ်စေချင်တဲ့ (လူသတ်သမားနောက်ခံအဖွဲ့ လုံးဝမဖြစ်စေချင်တဲ့) ပဉ္စမမြန်မာနိုင်ငံတော်ကို ပြည်သူ့အာဏာအစစ်အမှန်နဲ့ ဖြစ်ပေါ်အောင် ကြိုးစားရမှာပါ။ ဒါဟာ လုပ်ကြံစေခဲ့တဲ့အဖွဲ့ကို  ဦးကိုနီအတွက် အကောင်းဆုံးလက်စားချေနည်းပဲ။

ဦးနေဝင်းကို ပြည်သူတွေ စတေးခဲ့ရတာနဲ့တန်အောင် ဦးနေဝင်းလို မိမိအသက် ၊ အိုးအိမ်စည်းစိမ် နဲ့ မိသားစုဆိုတာ မငဲ့တွက်ဘဲ  အမှန်တရားဘက်က မတွန့်မဆုတ် ရပ်တည်ရဲအောင် ကြိုးစားကြရမယ်။ ရပ်တည်ပြရမယ်။ ဒါဟာ Leadership Skill တခုပဲ။ သူများကို ခေါင်းဆောင်နိုင်မှ ၊ နောက်လိုက်များနေမှ ခေါင်းဆောင်အရည်အသွေး ရှိတာမျိုးမဟုတ်ပါဘူး။ မိမိကိုယ်တိုင်နဲ့ မိမိရပ်တည်မှုမှာ မတွေမဝေ မှန်မှန်ကန်ကန်ရပ်တည်ရဲတာ ၊ လုပ်ရဲကိုင်ရဲ ၊ ပြောရဲဆိုရဲတာဟာလည်း ခေါင်းဆောင်အရည်အသွေးရှိနေသူပါပဲ။

ပြည်သူတွေကိုယ်စီက ခေါင်းဆောင်အရည်အသွေးတွေနဲ့ အရပ်သားဒီမိုကရေစီအစိုးရဘက်က ရပ်တည်လို့ ပြည်သူ့အာဏာ ပြည်သူ့လက်ထဲအရောက် ကြိုးစားကြမယ်ဆိုရင် ကျွန်မတို့မျိုးဆက်တွေလက်ထဲ အာဏာထည့်ပေးလိုက်တာပါပဲ။ သူတို့ဟာ အာဏာရှင်ကို ကြောက်ဖို့မလိုတော့ဘူးလေ။ ဒီမိုကရေစီအစစ်ကို ပြည့်ပြည့်ဝဝခံစားလို့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိရှိနဲ့ အနာဂါတ်နေ့ရက်တွေမှာ နိုင်ငံရေးစိုးရွံ့မှုတွေ ကင်းနေမှာဖြစ်ပါတယ်။

ပုံရိပ် (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%9c%e1%80%b0%e1%80%9e%e1%80%90%e1%80%b9%e1%80%9e%e1%80%99%e1%80%ac%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%a1%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%86%e1%80%b6%e1%80%af/feed/ 0
ရန်သူကို အမြတ်မကျန်စေနဲ့ http://www.burmesehearts.com/%e1%80%9b%e1%80%94%e1%80%b9%e1%80%9e%e1%80%b0%e1%80%80%e1%80%ad%e1%80%af-%e1%80%a1%e1%80%bb%e1%80%99%e1%80%90%e1%80%b9%e1%80%99%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b1%e1%80%85%e1%80%94%e1%80%b2/ http://www.burmesehearts.com/%e1%80%9b%e1%80%94%e1%80%b9%e1%80%9e%e1%80%b0%e1%80%80%e1%80%ad%e1%80%af-%e1%80%a1%e1%80%bb%e1%80%99%e1%80%90%e1%80%b9%e1%80%99%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b1%e1%80%85%e1%80%94%e1%80%b2/#respond Mon, 30 Jan 2017 10:57:25 +0000 http://www.burmesehearts.com/?p=73570

အများစုက ရန်သူကို အမြစ်မကျန်ချေမှုန်းရမယ်လို့ လက်ခံထားကြတယ်။ ဒါကတော့ စစ်မြေပြင်မှာပါ။ အစဉ်အလာနဲ့ ပုဂ္ဂလိကရေးရာ ရန်ငြှိုးရှိကြတဲ့သူတွေမှာပါ။ ရန်သူကို အမြစ်ချန်ခဲ့ရင် အဲဒီရန်စကလေးက တချိန်မှာ ရန်မီးတောက်အသွင်ပြောင်းပြီး ကိုယ်အားနည်းချိန် ကိုယ်ပြန်ခံရနိုင်တာမို့ ရန်သူကို အမြစ်ပါမချန် သုတ်သင်ပစ်ဖို့ဆိုခဲ့ကြတာပါ။

အခုတော့ လူနေမှုအဆင့်အတန်းတွေက လူမျိုးတုန်းသတ်ဖြတ်လို့ရတဲ့ အခြေအနေတွေ မရှိတော့ဘူး။ လူ့အခွင့်အရေးဆိုတာ တကြော်ကြော်အော်နေကြတာမို့ ကိုယ့်နယ်နိမိတ်ထဲ အုပ်ချုပ်ခွင့်ရသူတွေအပေါ် အုပ်ချုပ်သူအနေနဲ့ ကိုယ်လုပ်ချင်ရာလုပ်နေလို့မရဘူး။ နောက်လိုက်ရှိတိုင်း ကိုယ်လုပ်ချင်ရာ လုပ်နေလို့မရတာကို ဂဒါဖီတို့ ၊ ဘင်လာဒင်တို့က သက်သေပြခဲ့ပြီမို့ အခုခေတ်မှာ လူမျိုးတုန်းသတ်ဖြတ်လို့မရကြတော့ဘူး။

အခုခေတ်မှာ အုပ်ချုပ်သူတွေကော အုပ်ချုပ်ခံတွေကော ပါးနပ်လာကြပြီ။ နည်းပညာတွေကလည်း ခေတ်မီတိုးတက်နေတော့ အရင်ခေတ်တုန်းကလို စိတ်ထင်တိုင်း လှည့်စားလို့မရကြတော့ဘူး။ ရတဲ့သူတွေတော့ရှိတယ်။ သူတို့တွေက အသေအချာ အစီအစဉ်ချပြီး သတင်းအစအနနဲ့ သက်သေတွေမကျန်အောင် ဖျောက်ဖျက်တတ်ကြသူတွေပါ။

ဇန်နဝါရီ(၂၉)ရက်နေ့ ညနေ(၅)နာရီကျော် ရန်ကုန်လေဆိပ်မှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက် – သာမာန်လူတွေက ဒီလိုဖြစ်ပျက်သွားမယ်လို့ ဘယ်ထင်မလဲ။ လုပ်ကြံခံရတဲ့ဘက်ကလည်း ဒီအချိန် ဒီလိုဖြစ်မယ်လို့ ကြိုမသိကြဘူး။ မထင်မှတ်တဲ့အချိန်ဆိုတာကို လုပ်ကြံသူတွေက အသေအချာရွေးချယ်ပြီး ဘယ်အချိန် ၊ ဘာလုပ်မယ်လို့ အတိအကျ အစီအစဉ်ဆွဲထားတာ။

အရင်ခေတ်က သစ္စာခံထားတဲ့သူအပေါ် သစ္စာမဖောက်ဘူးဆိုပြီး သုံ့ပန်းအဖြစ် ဖမ်းမိသည့်တိုင် လျှာကိုက်အသေခံကြတယ်။ ဒီခေတ်က ပါးနပ်လာတယ်။ အခုလူသတ်သမားကို ဖမ်းမိသည့်တိုင် အမှန်တော့ ဘယ်တော့မှ မပေါ်စေရဘူး။ မမိအောင်ပြေး ၊ မိရင်ဘာပြော ၊ ပြောပြီးခဲ့ရင် အစဖျောက်မယ်ဆိုတာ သူတို့ကြံစည် ဇတ်တိုက်ထားပြီးသား။ မန္တလေးကပါလို့ မှတ်ပုံတင်မှာပါတဲ့အတိုင်း လိုက်ရှာ အဖြေဟာ မန္တလေးက မဟုတ်ဘူးတဲ့။

လက်ရမဖမ်းမိခဲ့ရင် မဘသလိုလို ၊ ပုဂ္ဂိုလ်ရေးရန်ငြှိုးလိုလိုနဲ့ ဇတ်တိုက်ထားကြတာ ၊ ဇတ်တိုက်ထားတဲ့အတိုင်း ကွန်မန့်တွေမှာပြောဆိုကြတာတွေ အထင်းသားမြင်နေရတာ ဒီအခြေအနေမှာ ဒီလိုပြောဆိုကြလို့ သင်ထားတဲ့အတိုင်းပဲ။ လက်နက်ကိုင်သူတွေလို့ စွပ်စွဲကြရအောင်ကလည်း လက်နက်ကိုင်သူပုန်တွေက လုပ်ကြံရင် ခေါင်ကိုပဲထိအောင်ပစ်မှာ။ ဒါပေမယ့် မပစ်ရဲဘူး။ ဘာလို့လဲဆို ဆိုးတဲ့သူတွေ တက်လာနိုင်တယ်ဆိုတာသိနေလို့။

ပစ်တဲ့သူသာဖမ်းမမိခဲ့ရင် သို့လောသို့လော ပွက်လောရိုက်လိုက်မယ့်ကိစ္စ။ ဘယ်လိုပဲအကွက်လှည့်လှည့်  ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်မှန်း လူတိုင်းသိကြပါတယ်။ သက်သေမပြနိုင်ကြလို့သာ နေကြရတာ။ ဘာသာရေးနဲ့ အဓိကရုဏ်းတွေဖြစ်အောင် ၊ ဒီကိစ္စအရင်းပြုလို့ လူစုလူဝေးနဲ့ ဆူပူမှုတွေဖြစ်အောင် ဇတ်တိုက်ဖန်တီးထားပြီးသား။ သတိရှိကြဖို့ပဲလိုတာ။

နောက်ကွယ်ကကြိုးကိုင်သူတွေဟာ ခေါင်ကိုထိအောင်ပစ်နိုင်ကြပါတယ်။ ဒါဟာသူတို့အတွက် မခက်ခဲပါဘူး။ ခေါင်စည်းက ဒီလောက်မှမလုံဘဲလေ။ ပြည်သူတွေထဲလည်းသွားတယ်။ ဘယ်သွားသွား လူတစည်စည်ရှိနေတော့ လူထုခေါင်းဆောင်ကိုလုပ်ကြံချင်ရင် လူထုယောင်ဆောင်ပြီး လူထုထဲက ထုရုံပဲ။ ထုလည်းထုခဲ့ဖူးတယ်။ အကြံမအောင်တော့ အတော်ရုပ်ပျက်သွားခဲ့ဖူးတယ်။

အဲဒီခေတ်ကတောင် သတင်းလုံအောင်မဖုံးနိုင်ရင် ဒီခေတ်မှာ ပိုဆိုးမယ်။ သူတို့တက်လာသည့်တိုင်အောင် ယခင်ကထက်ပိုဆိုးတဲ့အခြေအနေနဲ့ ကမ္ဘာ့အလယ်မှာ ရုပ်ပျက်ဆင်းပျက် လူတောမတိုး မျက်နှာငယ်ရမှာ သူတို့ကြောက်တယ်။ ပက်ပက်စက်စက်သာ ရက်စက်ချင်တာ လူရာသွင်းတာလည်း ခံချင်သေးတော့ ဒေါက်တိုင်တွေကို အရင်ဖြုတ်မယ်ဆိုတဲ့သဘော။ အကိုင်းတွေကို လူမသိအောင် တတိတိချိုးရင်း အမြစ်ခုတ်မယ့်သူပေါ်လာတာမျိုး ၊ သူ့ဘာသာ အပင်သေသွားတာမျိုးဆို အမြစ်မလှန်ရဘဲ ကိစ္စပြတ်သွားမယ့်ကိစ္စ သူတို့ဖန်တီးနေတာ။

ဒီလုပ်ကြံမှုကနေ သူတို့က ကျွန်မတို့ပြည်သူတွေကြောက်အောင် ကျွန်မတို့ရင်ထဲ အကြောက်တရားထည့်ပေးလိုက်တာ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားကိုးရတဲ့ဒေါက်တိုင်တွေကို ဒီလိုငါတို့လုပ်နိုင်တယ် ၊ နင်တို့ရှေ့ဆက်ပံ့ပိုးနေရင် နင်တို့လည်း ဒီလမ်းသွားရမယ်လို့ လူထုခေါင်းဆောင်အပါအဝင် ခေါင်းကြီးပိုင်းတွေကိုလည်း ခြောက်လိုက်တာ။ ကြောက်ပြီးမလုပ်ရဲရင် အကြောက်တရားမရှိတဲ့ လက်နက်ကိုင်သူတို့အဖွဲ့က စီစဉ်ထားတဲ့ အကွက်တွေအတိုင်း တဆင့်ချင်း သူတို့လိုရာဖော်ဆောင်သွားကြမှာပါ။

ရန်သူကို အမြတ်မကျန်စေနဲ့လို့ဆိုလိုတာက သူတို့ဖြစ်စေချင်တာကို ကျွန်မတို့မလုပ်မိဖို့လိုတယ်။ သူတို့ကြောက်စေချင်ပေမယ့် ကျွန်မတို့ အမှန်တရားဘက်ကရပ်တည်ဖို့ မကြောက်ကြပါနဲ့။ ဘာသာရေးနဲ့သွေးထိုးနေရင် တူညီတဲ့ပန်းရောင်နိုင်ငံသားအောက်က ဘာသာမတူသူတွေအားလုံး ဒီမိုကရေစီတဘက်တည်းမှာ စုစည်းကြဖို့ပဲလိုတယ်။ ကျွန်မတို့တိုက်နေတာ ဘာသာရေးတိုက်ပွဲမဟုတ်ဘူး။ အာဏာရှင်အမြစ်ပြတ်စေမယ့် ဒီမိုကရေစီတိုက်ပွဲမို့ ဒါကို ရှင်းရှင်းလင်းလင်းသိဖို့ပဲလိုပါတယ်။

အားလုံးသတိလက်လွတ်လို့ မေ့မေ့ပျောက်ပျောက် ဖြစ်သွားချိန်မှာ နောက်ထပ် လုပ်ကြံဦးမှာပါ။ သူတို့ကဘယ်ပြပြီး ညာနဲ့အရှိုက်ကိုထိုးမှာမို့ ဘယ်ပြတိုင်း ဘယ်မယောင်မိဖို့လိုတယ်။ သူတို့ရဲ့ လှည့်ကွက်တိုင်းကို သတိရှိကြဖို့ပဲလိုတယ်။ သူတို့လှည့်ကွက်တိုင်းမှာ သူတို့ဖြစ်စေချင်သလို လိုက်လုပ်မိရင်သူတို့အမြတ်ထွက်သွားပြီလေ။

ဘယ်သူမဆို ကိုယ့်မိသားစုကို တွယ်တာကြတာမှန်ပေမယ့် နိုင်ငံရေးလုပ်တဲ့သူတိုင်းဟာ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေကြတယ်လို့ ကိုယ့်ကိုယ်ကို သတိရှိထားကြဖို့လိုတယ်။ စစ်မြေပြင်က စစ်ကြေငြာလို့ စတိုက်ပြီဆိုကတည်းက တဘက် လုံးဝကျဆုံးသွားတဲ့အထိ သူတပြန် ၊ ကိုယ်တပြန် အတိအလင်း တိုက်ပွဲဝင်သုတ်သင်လို့ရတယ်။ နိုင်ငံရေးစားပွဲမှာတော့ သတိရှိရှိ ပါးနပ်ရတယ်။ ဖြစ်နိုင်တာတွေကော ၊ မဖြစ်နိုင်တာတွေကော သတိရှိရှိ ကြိုတွက်ထားတာတောင် ကိုယ်မထင်တဲ့အချိန် ကိုယ်မထင်တဲ့ထောင့်ကနေ အလစ်ဝင်တွယ်တာ ခံရနိုင်သေးတယ်။

စစ်မြေပြင်မှာ အလံဖြူထောင်ပြီး ပစ်တာတွေလည်းရှိတယ်။ နိုင်ငံရေးစားပွဲဝိုင်းမှာ အတွင်းစည်းထဲဝင်ပြီး လုပ်ကြံတာတွေလည်းရှိတယ်။ စစ်မြေပြင်မှာ ရန်သူကို သနားနေရင် ကိုယ်ကျဆုံးဖို့များတယ်။ နိုင်ငံရေးလုပ်တဲ့သူတွေ ရိုးသားမှုချည်းရှေ့တန်းတင်နေရင် ကိုယ့်ဘက်တော်သားတွေ အနာကြီးနာလိမ့်မယ်။ စစ်မြေပြင်မှာ ဗျူဟာတွေသုံးသလိုမျိုး နိုင်ငံရေးမှာ လှည့်ကွက်တွေ ၊ ပရိယာယ်တွေသုံးပြီး အကွက်ကျကျ စီစဉ်ရတာ။ ရိုးသားသူနဲ့ ကောက်ကျစ်တဲ့သူတွေတဲ့အခါ အချင်းမလှဖြစ်တတ်တာက ရိုးသားတဲ့သူပါ။ အားကြီးတဲ့သူ စားစတမ်းမို့ ကိုယ်တိုင်က အင်အားကြီးနေဖို့အဓိကပဲ။

အစီအစဉ်တကျ အကွက်ချဖို့လိုတယ်ဆိုတဲ့အထဲမှာ Plan A ၊ Plan B ၊ Plan C ကနေ Plan Z ဒီလိုဖြစ်မလာရင် ဟိုလိုဖြစ်အောင်လုပ်မယ်။ ဒီလူကျ ဟိုလူတက်မယ်စသဖြင့် အကွက်ချထားရမှာ။ ခေါင်တစ်ဦးတည်း တည်ထားရင် ခေါင်ထိ အကုန်စား လုပ်သွားလိမ့်မယ်။ သင်သေသွားသော်ဆိုတဲ့ ဆရာဇော်ဂျီရေးသားခဲ့တဲ့ ကဗျာထဲကလို ပညာရှိတွေဟာ နောင်ရေးဆိုတာ ကြိုတွေး ၊ ကြိုရေးပြီး ၊ ကြိုပြင်ဆင်လေ့ရှိကြပါတယ်။

သေချာတာကတော့ ဦးကိုနီဆုံးသွားလို့ NLD ရဲ့ ဥပဒေအသက်ဝင်ဖို့ ပုံဖော်နေတာတွေ ၊ ၂၀၀၈ဖွဲ့စည်းပုံပြင်ဖို့ဆိုတာတွေ ရပ်တန့်သွားမှာတော့ မဟုတ်ပါဘူး။ ဒါကို ဒင်းတို့သိသင့်တယ်။

တဗိုလ်ကျ တဗိုလ်တက်စနစ်ကို ကျင့်သုံးရင်း လေ့ကျင့်မှု အားနည်းနေသေးတဲ့ ဒီမိုကရေစီဘက်တော်သားတွေ အားမနည်းကြဖို့ အခြေအနေက လိုအပ်လာရင် ပြည်သူတွေ မကြောက်မရွံ့အင်အားပြကြဖို့ပဲလိုတာ။ စတင်အသက်ဝင်စ ဒီမိုကရေစီဘက်က ကျားကုပ်ကျားခဲ ရပ်တည်ကြဖို့ပဲလိုတာ။ ကျွန်မတို့ပြည်သူတွေ တက်နေတဲ့အစိုးရ လိုအပ်ချက်လေးတွေ ရှိနေသေးပေမယ့် သူတို့ဘက်က ပံ့ပိုးတာ ၊ သူတို့ဘက်က ဖာထေးတာ ၊ သူတို့ဘက်ကရပ်တည်တာ တူညီတဲ့ဆန္ဒ တခုတည်းအောက်ကပါ။ ကျွန်မတို့တွေ ဒီမိုကရေစီစနစ် မြဲမြံအသက်ဝင်စေချင်တာ။ အာဏာရှင်စနစ် လုံးဝ ကျဆုံးသွားစေချင်တာ။ ပြည်သူ့အစိုးရ လုံးဝပေါ်ထွန်းသွားစေချင်တာ။ လွှတ်တော်ထဲကအစိတ်သား လုံးဝပပျောက်သွားစေချင်တာပါ။ ဒါကြောင့် အုပ်ချုပ်သက်နုသေးလို့ မှားယွင်းမှုလေးတွေ ရှိနေနိုင်တာကို သူတို့စေတနာ နဲ့ အနစ်နာခံခဲ့တာတွေ အသိအမှတ်ပြုလို့ တညီတညွတ်တည်း ခွင့်လွှတ်ကြတယ်။ အားပေးကြတယ်။ နောင်လည်း အားပေးဦးမှာပဲ။ အာဏာရှင်စနစ် လုံးဝကျဆုံးစေရမယ်လေ။

မြန်မာပြည်သူတွေ သွေးမကြောင်ပါဘူး။ ဘယ်အချိန်မှာ ဘာလုပ်ရမလဲသူတို့သိလို့ ဒီမိုကရေစီအရပ်သားအစိုးရ တက်လာတာပေါ့။ ပြောမယ့်သူတွေရှိနေသေးလို့ သိတဲ့သူတွေက မသိချင်ယောင်ဆောင်နေကြတာ။ မြန်မာပြည်က အစွမ်းအစရှိတဲ့ပညာတတ်တိုင်း သုတ်သင်မယ်လို့ တွေးထားတဲ့ အုန်းကြောင်တွေရေ … စင်ပေါ်တက်မှ ပညာရှိလို့ သတ်မှတ်ကြရင်တော့ ခက်ရချည်ရဲ့။

ပြည်သူတွေထဲမှာ ဘယ်ဟာအမှန် ၊ အမှား ခွဲခြားလို့ ဘယ်အခြေအနေမှာ ဘယ်ဘက်ကရပ်တည်ရမယ်ဆိုတာ နိုင်ငံရေးရာဇဝင်မရှိဖူးတဲ့ သာမာန်ယာဉ်မောင်း ကိုနေဝင်းက သက်သေပြသွားခဲ့တယ်လေ။သေနတ်ကိုင်တိုင်း မကြောက်တတ်ကြဘူးလို့ လက်နက်ကိုင်လူသတ်သမားလိုက်ဖမ်းတဲ့ လူအုပ်ကြီး သက်သေပြသွားခဲ့တယ်လေ။ မောင်းတင်အုပ်ချုပ်မယ်ဆိုတဲ့အိမ်မက်ကနေ နိုးထပါတော့ … ပြည်သူတွေက သင့်ကိုအလိုမရှိဘူး။

ပုံရိပ် (Burmesehearts.com)

 

]]>
http://www.burmesehearts.com/%e1%80%9b%e1%80%94%e1%80%b9%e1%80%9e%e1%80%b0%e1%80%80%e1%80%ad%e1%80%af-%e1%80%a1%e1%80%bb%e1%80%99%e1%80%90%e1%80%b9%e1%80%99%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b1%e1%80%85%e1%80%94%e1%80%b2/feed/ 0
ကိုယ့်ရှိတာကို တန်ဖိုးထားလိုက်ပါ http://www.burmesehearts.com/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%b7%e1%80%9b%e1%80%bd%e1%80%ad%e1%80%90%e1%80%ac%e1%80%80%e1%80%ad%e1%80%af-%e1%80%90%e1%80%94%e1%80%b9%e1%80%96%e1%80%ad%e1%80%af%e1%80%b8%e1%80%91/ http://www.burmesehearts.com/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%b7%e1%80%9b%e1%80%bd%e1%80%ad%e1%80%90%e1%80%ac%e1%80%80%e1%80%ad%e1%80%af-%e1%80%90%e1%80%94%e1%80%b9%e1%80%96%e1%80%ad%e1%80%af%e1%80%b8%e1%80%91/#respond Fri, 30 Dec 2016 04:03:34 +0000 http://www.burmesehearts.com/?p=73367

ကျွန်မတို့မှာ စိတ်ဖိစီးမှုတွေ တိုးသထက် တိုးလာစေတဲ့ အကြောင်းအရင်းတချက်က ကိုယ့်မရှိတဲ့အရာကို ပူလောင်တကြီး ရယူလိုတာပါပဲ။ လိုချင်တဲ့ဆန္ဒကြီးလာလေလေ ပူလောင်မှုတွေ တိုးလာလေလေပါ။

ကိုယ့်မှာမရှိတာကိုပဲ လိုချင်စိတ်ပျင်းပြနေတော့ ကိုယ့်မှာရရှိနေတဲ့အရာကို တန်ဖိုးထားရကောင်းမှန်း မသိတော့ဘူး။ ဒီ့ထက်ဆိုးတဲ့အခြေအနေမှာ ရနေတာကို မလိုချင်တဲ့စိတ်တွေ ဝင်လာပြီး ရှိထားတာကို တန်ဖိုးထားရမယ့်အစား မလိုချင်စိတ်တွေနဲ့ ငြိုငြင်စိတ်တွေ ဝင်လာတတ်ပါတယ်။ ရတာမလို လိုတာမရဆိုတာ ဒါပေါ့။

ရှိနေတဲ့ပစ္စည်းလေးဟာ ဟောင်းနေဦးတော့ … ဒါဟာ ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်းမို့ အဟောင်းလည်း အဟောင်းအလျောက် တန်ဖိုးထားပါ။ ဝင်လာတဲ့ အသစ်ကိုလည်း အသစ်အလျောက် တန်ဖိုးထားပါ။

ရှိတာကို တန်ဖိုးထားတတ်တော့ မရတာအတွက် သိပ်ပြီး မပူလောင်တော့ဘူး။ လိုချင်တဲ့စိတ်ပျင်းပြရင် ရနိုင်တဲ့ အခြေအနေရှိအောင် ကြိုးစားရမှာပေါ့။ ဒါပေမယ့် အများစုက ကိုယ့်အိမ်ထဲကနေ သူများအိမ်ဘက်ကြည့်ပြီး သူ့မြက်ခင်းက ပိုစိမ်းနေတယ်လို့ ထင်တတ်ကြတယ်။ သူ့အပင်က ပိုသန်တယ် ၊ သူ့ရှိတာက ပိုကောင်းတယ် ၊ သူရထားတွေကမှ ပိုတန်ဖိုးရှိတယ်လို့ ထင်မြင်ယုံကြည်ပြီး ကိုယ့်ဝန်းကိုယ့်အိမ် ၊ ကိုယ့်မိသားစုနဲ့ ကိုယ်ရရှိထားတာတွေကို တန်ဖိုးထားတတ်ဖို့ မေ့လျော့နေကြတာပါ။

ကိုယ်နဲ့တွဲနေတဲ့ချစ်သူကို တန်ဖိုးထားစိတ်ကလေး ဝင်လာဖို့ဆိုတာ သူ့ရဲ့ကောင်းကွက်တွေကို မြင်အောင်ကြည့်ရမှာပါ။ သူ့ရဲ့အားနည်းချက်တွေကိုလည်း နားလည်ဖြည့်တွေးပြီး ကောင်းတာလေးတွေနဲ့ ဖာသင့်ရင်ဖာ ၊ ခွင့်လွှတ်ပေးသင့်ရင် ခွင့်လွှတ်ပေးပြီး ၊ လျစ်လျူရှုပေးသင့်တာတွေကိုလည်း လျစ်လျူရှုပေးရမှာပါ။ သူဟာ ကိုယ်မဟုတ်ဘူးဆိုတာကို နားလည်ထားတဲ့အခါ မတူညီတဲ့ သူ့အတွေး ၊ သူ့ခံယူချက် ၊ သူ့ရည်ရွယ်ချက်တွေဟာ ကိုယ်နဲ့ မကိုက်ညီရင် ညှိသင့်တာတွေညှိပြီး ညှိမရရင်တော့ နောင်အရှည်ဆိုတာကို မျှော်တွေးကြည့်ရမှာပါ။

ကိုယ့်ချစ်သူကို တန်ဖိုးထားဖို့ မသိတဲ့အခါ တခြားသူတွေက ကိုယ့်လူထက် သာတယ်ဆိုတဲ့စိတ် ဝင်လာရင် ရှိရင်းစွဲအချစ်တွေ လျော့ပါးလာမှာဖြစ်ပါတယ်။ ဒီအခါ နားလည်ပေးဖို့မတွေးဘဲ အပြစ်မြင်စိတ်တွေနဲ့ အပြစ်တင်တာတွေ ဆက်တိုက်ဖြစ်လာတဲ့အခါ ကိုယ်တွေနှစ်ဦးဆက်ဆံရေးဟာ သာယာနာပျော်ဖွယ် မကောင်းတော့ဘူး။ ဒီအခါ ဒီလူနဲ့ကိုယ် အဆင်မပြေဘူးဆိုပြီး ကောင်းမယ်ထင်ရာ နောက်လူနဲ့တွဲ ၊ နောက်လူနဲ့လည်း အဆင်မပြေ ။

ကိုယ့်အနားက လူတွေသာ ပြောင်းသွားတယ်။ သူတို့တွေနဲ့ဆက်ဆံရေးဟာ ရေရှည် ဆက်ဆံရေး ကောင်းမွန်တဲ့အထိ မတည်ဆောက်နိုင်ရင် ကိုယ့်လူမှုဆက်ဆံရေးမှာ ဟာကွက်တွေရှိနေပါပြီ။ ဒါကို ပြင်နိုင်မှဖြစ်မယ်။

သူငယ်ချင်း အယောက်ရာထောင်ချီပြီး ရှိနေဖို့မလိုပါဘူး။ ရှိနေတဲ့သူငယ်ချင်းတွေအပေါ် တန်ဖိုးထားဆက်ဆံပြီး ရေရှည်ခင်မင်မှုဆိုတာ တည်ဆောက်ရမှာပါ။ အရေအတွက်ဟာ အဓိကမဟုတ်ပါဘူး။ အရည်အသွေးကမှ အဓိက ကျတာပါ။ သူငယ်ချင်းတွေ ဘယ်လောက်များများ ကိုယ့်အခက်အခဲတွေကို ယုံကြည်စွာ ရင်ဖွင့်ပြောဆို တိုင်ပင်လို့ရမယ့်လူ တစ်ယောက်မှ ရှိမနေဘူးဆိုရင် ကိုယ့်မှာ သူငယ်ချင်းကောင်း မရှိဘူး ၊ တနည်းအားဖြင့် ကိုယ်ဟာ ပေါင်းသင်းဆက်ဆံရေး တည်ဆောက်မှုမှာ အပေါ်ယံတွေများနေပြီး လေးနက်စွာ မတည်ဆောက်နိုင်သေးဘူးလို့ ယူဆလို့ရပါတယ်။

အိမ်ကဇနီး သို့မဟုတ် ခင်ပွန်းဟာ ကိုယ်မေတ္တာရှိလို့ ရွေးချယ်ပေါင်းသင်းခဲ့တာဆို အဲဒီရှိရင်းစွဲမေတ္တာတွေ တိုးပွားလာအောင် မလုပ်နိုင်ရင်တောင်မှ လျော့ပါးမသွားအောင်တော့ ထိန်းသိမ်းသင့်တယ်။ ကိုယ့်ဇနီးကလွဲရင် တခြားမိန်းမတွေက ပိုလှ ၊ ပိုတော် ၊ ပိုကောင်းတယ်ဆိုတဲ့စိတ်ဝင်လာရင် ၊ ပေါင်းသင်းနေတဲ့ အမျိုးသားကလွဲရင် တခြားအမျိုးသားတွေ ၊ တခြားအိမ်ထောင်ဦးစီးတွေက ပိုအရည်အချင်းရှိပြီး ပိုတော်တယ်လို့ အထင်ကြီးနေရင် ကိုယ့်အိမ်ထောင်ဘက်အပေါ် အထင်သေးစိတ်တွေ တိုးပွားလာဖို့ပဲ ရှိတာပါ။

ကိုယ့်အိမ်ထောင်ဘက်ရဲ့ ကောင်းကွက်တွေကို မမြင်နိုင်ဘဲ အထင်သေးစိတ်တွေ ကြီးစိုးနေမယ် ၊ မကျေနပ်စိတ်တွေ ကြီးစိုးနေမယ်ဆိုရင် သူ့လုပ်ရပ်တွေအပေါ် စိတ်တိုင်းမကျတော့ဘူး။ သူ့ဟာကွက်တွေကို အသားပေးမြင်လာပြီး အပြစ်တွေမြင်လာမယ်။ အပြစ်တွေတင်လာမယ်။ ကိုယ်ဘာလုပ်လုပ် ကိုယ့်အပေါ် မကောင်းဘဲမြင် ၊ မကောင်းဘဲပြောနေပြီး အပြစ်တွေပဲ တင်နေတတ်တဲ့သူဆိုရင် ကိုယ်က ဘယ်လိုသဘောထားမလဲ။

သူ့နေရာကို ဝင်ခံစားပြီး သူ့ခံစားချက်ကို မြင်အောင်ကြည့်ပေးလိုက်မယ်ဆို ကိုယ်ဘာတွေ ပြင်သင့်သလဲဆိုတာ ကိုယ့်ဘာသာကိုယ် ပြန်သိလာမှာဖြစ်ပါတယ်။ ကိုယ့်အပြောနဲ့ ကိုယ့်လုပ်ဆောင်မှုတွေကို သူ့နေရာက ဝင်မခံစားပေးသရွေ့ ကိုယ်ဟာ သူ့ခံစားချက်ကို ဘယ်သိနိုင်ပါ့မလဲ။ ကိုယ့်ရဲ့တဘက်သတ်အမြင်တွေပဲ ကြီးစိုးနေမှာပါ။

ဒီအိမ်ထောင်ထဲမှာ တိုးပွားလာတဲ့ သားသမီးတွေကို ရတနာလို့ တန်ဖိုးထားပြီး တသသ မလုပ်ရင်တောင်မှ အမှိုက်လို့ သဘောမထားသင့်ပါဘူး။ အမှိုက်တခုလို ၊ အရှုပ်တခုလို ၊ အသုံးမဝင်တဲ့အရာအဖြစ် မြင်နေမယ်ဆိုရင် တန်ဖိုးထားဖို့ထက် ပစ်ပယ်ထားဖို့ များနေပါတယ်။ အဆုံးစွန်မှာ စွန့်ပစ်လိုက်တဲ့အထိ ဖြစ်သွားတတ်တယ်။ ဒါဟာ မဖြစ်သင့်ပါဘူး။

ကလေးတွေဟာ မိဘတွေဆွဲခေါ်လို့ လူ့လောကထဲ ရောက်လာကြတာပါ။ မိဘတွေသာ နည်းစနစ်ကျကျ သန္ဓေတားခဲ့မယ်ဆို ကလေးဟာ လူ့လောကထဲ မရောက်လာနိုင်ပါဘူး။ ကိုယ်ခေါ်လို့ရောက်လာတဲ့ ကိုယ့်ရင်သွေးတွေကို တန်ဖိုးထားတတ်ဖို့ ၊ နားလည်တတ်ဖို့ ၊ မေတ္တာပေးဖို့ ၊ နည်းမှန်လမ်းမှန် ဆုံးမပဲ့ပြင်ထိန်းသိမ်းဖို့ ၊ မြေတောင်မြှောက်ပေးဖို့ ၊ သူ့ခြေထောက်ပေါ် ရပ်တည်ခွင့်ပေးဖို့ဆိုတဲ့ တာဝန်တွေကို ကိုယ်ကျေပါမှ သားသမီးဟာလည်း မိဘတွေအပေါ် ကိုယ်ပေးတဲ့အတိုင်း ပြန်တုန့်ပြန်မှာပါ။

ဘာတွေ ဘယ်လောက်လုပ်ပေးပေး မေတ္တာထည့်မပေးထားဘူးဆိုရင် ၊ ကိုယ်ထားတဲ့ မေတ္တာ ၊ စေတနာတွေကို သားသမီးတွေနားလည်အောင် မဖော်ပြတတ်ရင် သားသမီးတွေဟာ မိဘတွေဆီက မေတ္တာမခံစားရတဲ့အတွက် သူတို့ကိုယ်တိုင်လည်း မေတ္တာပြန်မပေးတတ်ကြတော့ဘူး။

စိမ်းသက်တဲ့ဆက်ဆံရေးဟာ မိသားစုထဲမှာ ၊ အိမ်ထောင်စုအတွင်းမှာ ရှိနေရင် ကိုယ်တွေဟာ အတူနေတဲ့ အရင်းနှီးဆုံးတစိမ်းတွေ ၊ သွေးသားတော်စပ်ပြီး စိမ်းသက်နေသူတွေ ဖြစ်နေမှာပါ။ ဒါဟာ အချင်းချင်း နွေးထွေးမှုမရှိလို့ ၊ နားလည်မှုမပေးလို့ ၊ မေတ္တာစေတနာတွေ မပေါ်လွင်ကြလို့ ၊ နာစရာတွေဝင်လာလို့ စသဖြင့်သော အကြောင်းအရာတွေကြောင့် ဖြစ်နေနိုင်ပါတယ်။

ကိုယ်ချစ်ခင်တဲ့သူနဲ့ ပျော်ရွှင်စရာဆက်ဆံရေး တည်ထောင်သွားချင်တယ်ဆိုရင် သူ့ဘက်က ဘယ်လိုရှိရှိ ကိုယ့်ဘက်က မေတ္တာ စပေးပါ ၊ နွေးထွေးမှုတွေပေးပါ ၊ နားလည်မှုတွေပေးပါ ၊ ဂရုစိုက်မှုတွေပေးပါ ၊ မအားတဲ့ကြားကပဲ အချိန်ပေးပါ ၊ ကြင်နာယုယမှုတွေပေးပါ ၊ အနစ်နာခံပေးပါ။ ဒီလိုဆိုရင် တဖက်သားက ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာတရားနဲ့ ဂရုစိုက်မှုတွေကို သတိထားမိလာပြီး ကိုယ့်အပေါ် အနှေးနဲ့အမြန် တူညီတဲ့တုန့်ပြန်မှုတွေ ပြန်ပေးလာမှာပါ။ ချစ်ခြင်းမေတ္တာလောက် အရသာရှိတဲ့ခံစားချက် လောကမှာ မပေါ်သေးဘူးလေ။ မေတ္တာပေးမှ မေတ္တာရတာပါ။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%80%e1%80%ad%e1%80%af%e1%80%9a%e1%80%b9%e1%80%b7%e1%80%9b%e1%80%bd%e1%80%ad%e1%80%90%e1%80%ac%e1%80%80%e1%80%ad%e1%80%af-%e1%80%90%e1%80%94%e1%80%b9%e1%80%96%e1%80%ad%e1%80%af%e1%80%b8%e1%80%91/feed/ 0
တောင်ပေါ်ကမြင်ကွင်း တောင်ခြေကလူ ခံစားသိနိုင်ပါ့မလား http://www.burmesehearts.com/%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9%e1%80%b1%e1%80%95%e1%81%9a%e1%80%80%e1%80%bb%e1%80%99%e1%80%84%e1%80%b9%e1%80%80%e1%80%bc%e1%80%84%e1%80%b9%e1%80%b8-%e1%80%b1%e1%80%90%e1%80%ac%e1%80%84/ http://www.burmesehearts.com/%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9%e1%80%b1%e1%80%95%e1%81%9a%e1%80%80%e1%80%bb%e1%80%99%e1%80%84%e1%80%b9%e1%80%80%e1%80%bc%e1%80%84%e1%80%b9%e1%80%b8-%e1%80%b1%e1%80%90%e1%80%ac%e1%80%84/#respond Thu, 29 Dec 2016 10:29:03 +0000 http://www.burmesehearts.com/?p=73340

“တောင်ပေါ်ကမြင်ကွင်း တောင်ခြေကလူ ခံစားသိနိုင်ပါ့မလား” ဆိုတာ အခြေအနေတခု ရောက်ရှိခံစားနေသူကို တောင်ထိပ်ပေါ် ရောက်နေသူတစ်ဦးအနေနဲ့ ခိုင်နှိုင်းပြီး ဒါတွေကို သိရှိခံစား သိမြင်နိုင်ခြင်း မရှိတဲ့သူတွေကို တောင်ခြေကလူတွေလို့ ခိုင်းနှိုင်းလိုက်တာပါ။ အောင်မြင်ကျော်ကြားနေတဲ့သူ ၊ စည်းစိမ်ဥစ္စာပြည့်စုံတဲ့သူ ၊ အခြွေအရံပေါများပြီး အာဏာပါဝါရှိတဲ့သူတွေကို တောင်ထိပ်ပေါ်ရောက်နေသူတွေလို့ ခိုင်းနှိုင်းထားတာမျိုးဖြစ်သလို စိတ်ချမ်းသာမှုတွေရရှိနေသူတွေ ၊ စိတ်ငြိမ်းချမ်းမှုတွေရရှိနေသူတွေ ၊ ကိုယ်ရောက်တဲ့နေရာမှာ ပျော်ရွှင်ကျေနပ်နေသူတွေ ၊ စိတ်ပိုင်းဆိုင်ရာ ချမ်းသာနေသူတွေကိုလည်း တောင်ထိပ်ပေါ်ရောက်နေသူတွေလို့ ဆိုနိုင်ပါတယ်။

တောင်ပေါ်ကလူတွေ ခံစားသိရှိနေရတာတွေကို တောင်ခြေကလူတွေ မှန်းဆရုံ ၊ မြင်ကွင်းဓါတ်ပုံကြည့်ရင်ခုန်ရုံ ၊ မြင်ကွင်းဗွီဒီယိုကြည့် ပုံဖော်ခံစားရုံပဲ တတ်နိုင်ကြတာပါ။ တောင်ထိပ်ပေါ် မရပ်နိုင်မချင်း တောင်ထိပ်ပေါ် ရောက်နေသူတွေရဲ့ ခံစားချက်ကို ဘယ်သိနိုင်ပါ့မလဲ။ တောင်ဆိုတဲ့နေရာမှာလည်း အမြင့်တွေ အမျိုးမျိုးကွဲပြားကြပါတယ်။ ဒီတောင်ထိပ်အရောက်တက်ဖူးပေမယ့် ဒီ့ထက်မြင့်တဲ့တောင်ကို တက်လိုသူတွေ ၊ အမြင့်ဆုံးတောင်ပေါ်အရောက် ခြေချလိုသူတွေလည်း ရှိပါတယ်။

အောင်မြင်မှုဆိုတဲ့နေရာမှာလည်း လိုလားသူရဲ့ ဆန္ဒအပေါ်မူတည်လို့ အောင်မြင်မှုရေချိန် အမျိုးမျိုး ကွာခြားသွားကြပါတယ်။ ဒီတောင်ထိပ်ပေါ် အရောက်တက်ခဲ့ဖူးပေမယ့် ဒီ့ထက်မြင့်တဲ့ တောင်ထိပ်ပေါ် ခြေချဖူးချင်တဲ့သူတွေရှိနေလို့ ကမ္ဘာ့အမြင့်ဆုံးတောင်ပေါ်ကို သက်စွန့်ဆံဖျား တက်ရောက်ကြတဲ့သူတွေ ရှိလာတာလေ။ အောင်မြင်မှုဆိုတာမှာလည်း ဒီမြို့ ၊ ဒီနယ်မှာ အောင်မြင်တဲ့သူ ၊ လူသိများတဲ့သူတစ်ယောက်ဖြစ်ပေမယ့် တိုင်း ၊ နိုင်ငံကျော်တဲ့အထိ ထင်ပေါ်ကျော်ကြားချင်တဲ့သူတွေရှိသလို တခြားတိုင်းနိုင်ငံထိ ပေါက်ရောက်အောင်မြင်လိုသူတွေလည်းရှိတယ်။

ဖြစ်လိုမှုများလေ ကြိုးစားအားထုတ်ရလေပါ။ ဆက်တိုက်မြင့်တက်ချင်တဲ့လူက ဆက်တိုက် အားထုတ်ရတယ်။ သူများထက်ပိုသာချင်တဲ့သူက သူများထက် ပိုအားထုတ်ရသလို သူများတွေထက် မိမိအချိန်ကို ပိုအသုံးချရတယ်။ သူများတွေက ပြောကြတယ်။ အောင်မြင်ဖို့မလွယ်ဘူးတဲ့။ ကျွန်မအမြင်ကတော့ နည်းမှန်လမ်းမှန် ကြိုးစားအားထုတ်ကြတဲ့သူတိုင်း အောင်မြင်နိုင်ပါတယ်။ ဒါက မခက်ခဲပါဘူး။ ဒီလမ်းသွားရင် ဒီရောက်မှာပဲ။ တကယ်ခက်တာက အောင်မြင်ထားတဲ့အတိုင်းအတာကို ကျမသွားအောင် ထိန်းသိမ်းရတာနဲ့ ၊ ဆက်လက် အောင်မြင်သထက်အောင်မြင်အောင် ကြိုးစားသွားရတာပါပဲ။

ဘယ်လောက်မြင့်တဲ့တောင်ဖြစ်ဖြစ် တောင်ကြီးဖဝါးအောက်ပါ။ မှန်ကန်စွာ ကြိုးစားအားထုတ်သွားမယ်ဆို တနေ့မှာ ထိပ်ဆုံးရောက်လာမှာပါ။ အမြင့်ဆုံးဆိုတဲ့နေရာကို ရောက်လာပါပြီတဲ့ … အမြင့်ဆုံးဆိုတဲ့စကားအတိုင်း ထပ်တက်စရာမရှိတော့ဘူးလေ။ ရိက္ခာပြတ်လပ်လို့ အစာငတ်ပြီး အားမပြတ်ခင် တောင်အောက်ပြန်ဆင်းရပေဦးမယ်။ မဆင်းချင်ရင် တောင်ပေါ်မှာ အငတ်ခံသေလိုက်ရုံရှိတာပေါ့။ ဒီလိုတော့ တော်ရုံမလုပ်ကြတာမို့ တောင်ထိပ်ရောက်ပြီးတဲ့သူအများစုဟာ တောင်အောက်ပြန်ဆင်းကြပါတယ်။ ဒါဟာ တက်ပြီးဆင်းရမယ်ဆိုတဲ့သဘောပါ။

ဘယ်လောက်ထိပဲအောင်မြင်ခဲ့ အောင်မြင်ခဲ့ ကိုယ်ဆက်တက်ချင်ပေမယ့်လည်း အချိန်ကစကားပြောလာတဲ့အခါ အရွယ်ကကျလာမယ် ။ လုပ်ဆောင်နိုင်စွမ်းတွေလည်း ယုတ်လျော့လာနိုင်တယ်။ ဒီအခါ အောင်မြင်မှုရေချိန်ဟာ လျော့ကျလာမှာပါ။ တခါတလေ ကိုယ်က ဟိုတချိန်ကထက် ပိုကြိုးစားပေမယ့် ကိုယ့်ထက်သာတဲ့သူပေါ်လာလို့ ကိုယ့်ထက်အောင်မြင်သွားတဲ့သူတွေလည်း ပေါ်လာနိုင်ပါတယ်။ တနေရာရာမှာ ကိုယ့်ထက်သာနေလို့ ကိုယ့်ထက် သူအောင်မြင်နေတာလို့ လက်မခံနိုင်ရင် စိတ်ဖိစီးမှုတွေ ပိုလာဖို့ပဲရှိတယ်။ အမြဲတမ်း ဆက်တက်နေလို့ မဖြစ်နိုင်တာမို့ တက်ပြီးရင် ဆင်းရမယ့်သဘောအတိုင်း ကိုယ့်နေရာဝင်လာသူတွေ ၊ ကိုယ့်ထက်ကျော်သွားသူတွေကို နေရာဖယ်ပေးဖို့ဆိုတာလည်း ရင်ဆိုင်နိုင်ရမယ်။

မအောင်မမြင်သေးတဲ့သူတွေက အောင်မြင်တဲ့သူရရှိနေတဲ့ ကောင်းကျိုးဆိုတာပဲမြင်တယ် ။ သူတို့ ဘာတွေပေးဆပ်ခဲ့လို့ ဒီနေရာရောက်လာတယ်ဆိုတာ နားလည်ပေးနိုင်တဲ့သူ နည်းတယ်။ မပြည့်စုံသူတွေက ပြည့်စုံသူတွေကို အားကျတယ်။ သူတို့မှာ ဘာတွေ လစ်ဟာနေလို့ ဘယ်လို မပျော်မရွှင် ဖြစ်နေနိုင်တယ်လို့ နားလည်ပေးနိုင်တဲ့သူရှားတယ်။ တော်တဲ့သူတွေရဲ့ ဥာဏ်ပညာကိုပဲ အားကျနေတဲ့သူတွေရှိတယ်။ ဒီနေရာရောက်ဖို့ သူတို့အချိန်တွေ ၊ ပျော်ရွှင်မှုတွေ ပေးဆပ်ခဲ့ရတယ် ၊ ဘယ်လောက် စိတ်ဖိစီးမှုတွေ ရှိနေတယ်ဆိုတာ မြင်အောင်မကြည့်နိုင်တဲ့သူများတယ်။

တောင်ခြေကလူတွေဟာ တောင်ခြေက အတွေးတွေနဲ့ အမြင်တွေ ၊ ခံစားချက်တွေကိုပဲ အမှန်လို့ လက်ကိုင်ထားတဲ့သူများတယ်။ တောင်ပေါ်ကလူတွေကလည်း သူတို့အတွေး ၊ အမြင်နဲ့ သူတို့ခံစားချက်ဆိုတာပဲ ရှေ့တန်းတင်နေရင် တောင်ပေါ်တောင်အောက် အတွေး ၊ အမြင် ၊ ခံစားချက်တွေ တအားကွာခြားသွားနိုင်တယ်။ တောင်ပေါ်ရောက်သွားတဲ့သူကလည်း တောင်အောက်မှာ သူတွေးမြင်ခဲ့တဲ့ အတွေး ၊ အမြင်နဲ့ ခံစားချက်တွေကို မေ့ပျောက်မသွားဖို့လိုတယ်။ ဒါမှ တောင်ခြေကလူတွေ ဘာတွေတွေးပြီး ဘာကြောင့်ဒီလိုပြောဆိုနေတယ်ဆိုတာကို နားလည်ပေးနိုင်မယ်။ လိုအပ်ရင်ဖြည့်ဆည်းကူညီပေးနိုင်မယ်။ ဒီလိုမှမဟုတ်ရင် အမြင့်ကလူတွေနဲ့ အနိမ့်ကလူတွေအကြားမှာ ပဋိပက္ခတွေ ၊ အတွေး ၊ အမြင်တွေ ၊ ခံစားမှုတွေ ၊ လိုအပ်ချက်တွေ ကွားခြားသထက် ကွာခြားလာမှာဖြစ်တယ်။

ဒီအတိုင်းလိုပါပဲ။ အိမ်ထောင်သည်တွေ မြင်တွေ့သိရှိခံစားနေရတာတွေကို အပျို ၊ လူပျိုတွေက အတွင်းကျကျ ဘယ်ခံစားသိရှိနိုင်ပါ့မလဲနော်။ လက်မလွတ်သေးတဲ့ ကလေးကို ဘယ်လို ပဲ့ပြင်ထိန်းသိမ်းလို့ နည်းမှန်လမ်းမှန်ဆုံးမရမလဲဆိုတာ ၊ အိမ်ထောင့်သုခ ဒုက္ခတွေဆိုတာကို အပျို ၊ လူပျိုတွေက ဘယ်သိနိုင်ဦးမလဲ။ ဒီလိုအခြေအနေမျိုးမှာ အိမ်ထောင်သည်တွေကို တောင်ထိပ်ပေါ်ရောက်ရှိနေသူတွေအမြင်နဲ့ ကြည့်မြင်ခံစားနိုင်ပြီး အပျို ၊ လူပျိုတွေကို တောင်ခြေက လူတွေအဖြစ် ကြည့်မြင်ခံစားနိုင်ပါတယ်။

အပျို ၊ လူပျိုတွေရဲ့ အမြင်ကတမျိုး ၊ လက်ထပ်ပြီးစလူတွေ မြင်တဲ့အမြင်ကတစ်မျိုး ၊ ကလေးရခါစ ဇနီးမောင်နှံတွေမြင်တဲ့ အမြင်ကတစ်မျိုး ၊ ကလေးလက်မလွတ်သေးတဲ့သူတွေမြင်တဲ့ အမြင်ကတမျိုး ၊ ကလေးလက်လွတ်သွားတဲ့သူတွေမြင်တဲ့ အမြင်ကတမျိုး ၊ သက်ကြီးစုံတွဲတွေမြင်တဲ့ အမြင်ကတမျိုး စသဖြင့် ဒီအမြင်အမျိုးမျိုးထဲကမှ အိမ်ထောင်ရေးအဆင်ပြေရင် ခံစားချက်တွေ ၊ အတွေးအမြင်တွေ တမျိုးပြောင်းသွားပြီး အိမ်ထောင်ရေးအဆင်မပြေရင် တမျိုးဖြစ်ပြန်ရော။

အချစ်ရေးအဆင်မပြေသူတွေရဲ့ အတွေး ၊ အမြင်တွေဟာ သူတို့အတွေ့အကြုံ ၊ သူတို့ခံစားမှု ၊ သူတို့သုံးသပ်ချက်တွေအရ သူတို့အတွက် မှန်ရင်မှန်နေမှာပါ။ လူတိုင်းအတွက်တော့ မမှန်နိုင်ပါဘူး။ အိမ်ထောင်ရေးအဆင်ပြေသူတွေ အိမ်ထောင်တခုအပေါ် သုံးသပ်ချက်နဲ့ အိမ်ထောင်ရေးအဆင်မပြေတဲ့သူတွေ အိမ်ထောင်တခုအပေါ် သုံးသပ်ချက်ဟာလည်း မတူနိုင်ပါဘူး။ သူတို့တွေ့ကြုံခံစားမှုတွေ ကွဲပြားနေတာနဲ့အမျှ ခံယူချက်တွေ ၊ သုံးသပ်မှုတွေဟာလည်း ကွဲပြားနေမှာဖြစ်ပါတယ်။ ဒီလိုကွဲပြားတဲ့အမြင်တွေကို အငြင်းပွားနေစရာမလိုဘူး။ နားလည်ပေးဖို့ပဲလိုတာ။

သူ့အတွေ့အကြုံနဲ့ သူ့အမြင်တွေဟာ ကိုယ့်အတွက် မမှန်ပေမယ့် သူ့အတွက်မှန်နေနိုင်တယ်ဆိုတာ လက်ခံပေးလိုက်ရုံပါပဲ။ တောင်ပေါ်ကအမြင်နဲ့ တောင်လယ်ကအမြင် ၊ တောင်ခြေကအမြင် စသဖြင့် အမြင်ချင်းမတူနိုင်တာကို လက်ခံပေးလိုက်ရုံပါ။

တခါတလေ ထမင်းတဝိုင်းတည်း စားသောက်နေပေမယ့် အစပ်ကြိုက်သူက အစပ်ကဲမယ်၊ အစပ်မကြိုက်ပေမယ့် ငရုပ်သီးကိုက်မိသူလည်း ရှိမှာပဲ။ ဒီထဲကမှ အချဉ်ညှစ်စားသူလည်းရှိမယ် ။ အဆိမ့်ကိုမှ အရသာတခုလို့ မက်မောသူလည်းရှိနိုင်တယ်။ အခါးကိုမှ မက်မက်မောမော တို့မြုပ်စားတဲ့သူလည်း ရှိနိုင်တယ်။ အချစ်နဲ့ အိမ်ထောင်ရေးမှာလည်း မရည်ရွယ်ဘဲဖြစ်သွားတာတွေရှိသလို ၊ မိမိရွေးချယ်တဲ့အရသာကို မိမိခံစားရတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်သူမပြု မိမိမှုလို့ လက်ခံလိုက်ရုံပါ။

ကျွန်မသဘောနဲ့ ခံယူချက်ကို ပြောရမယ်ဆိုရင်တော့ ကျွန်မက တက်ပြီးရင်ဆင်းရတယ်ဆိုတဲ့သဘာဝကို လက်ခံထားသူပါ။ ဖြစ်ပြီးရင်ပျက်တတ်တယ်ဆိုတာကိုလည်း ကောင်းကောင်း နှလုံးသွင်းထားသူမို့ အောင်မြင်မှုဆိုတာကို အထူးအာသာငမ်းငမ်း လိုက်မဖမ်းတဲ့အထဲ ပါပါတယ်။ မှန်မှန်လေးလှမ်းနေရင် ခရီးပန်းတိုင်ဆိုတာ ရောက်မယ်လို့ လက်ခံထားသူမို့ မှန်မှန်လေးလှမ်းနေသူပါ။

ကိုယ့်ကျော်တက်သွားသူကိုလည်း သူ့ကြိုးစားမှုအတွက် လက်ခုပ်တီးပေးမယ့်သူပါ။ ကိုယ့်တွန်းတိုက်သွားမယ့်သူတွေကိုလည်း သတိထားသူပါ။ လှမ်းတဲ့ခြေလှမ်းတွေကို ကိုယ့်ဘာသာသိနေပြီး ရောက်တဲ့နေရာရဲ့ မြင်ကွင်းဆိုတာကို တန်ဖိုးထားသူပါ။ ဒါကြောင့် ဘယ်နေရာရောက်ရောက် ၊ ဘယ်အခြေအနေကြုံကြုံ  ရင့်ကျက်စွာရင်ဆိုင်ပြီး ဘယ်လိုအကောင်းဆုံး အဖြေရှာလုပ်ကိုင်မလဲလို့ပဲ ဦးစားပေးတွေးသူပါ။

ဘယ်နေရာရောက်ရောက် ကိုယ်ရောက်တဲ့နေရာမှာ ပျော်ရွှင်ကျေနပ်ပြီး မှန်မှန်လှမ်းတက်သွားဖို့ပဲလိုတာပါ။ သူများကိုခြေထိုးတွန်းတိုက်လိုက်မှ ကိုယ်က အောင်နိုင်သူဖြစ်မယ်လို့ စိတ်ထားရှိသူဟာ ကိုယ့်ကိုခြေထိုးတွန်းတိုက်မယ့်သူနဲ့ တနေ့ကြုံရဦးမှာပါ။ အမြင့်ရောက်လေ အကျနာလေဆိုတာကို သိထားရင် အကျမနာအောင် ကျသွားတဲ့အခါ ဘယ်လိုစိတ်ထားလေးနဲ့ ရှေ့ဆက်မလဲဆိုတာ ကြိုတွေးပြင်ဆင်ထားရုံရှိတာပါ။

တကယ်တော့လေ ဘယ်ခြေလှမ်းလှမ်း ကိုယ့်ခြေလှမ်းအပေါ်မှာ စိတ်သန့်သန့် ၊ ယုံကြည်မှုအပြည့်နဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတွေ ၊ မြင်ကွင်းတွေကို တန်ဖိုးထားပြီး အကောင်းဆုံးလုပ်တတ်မယ်ဆို ဘာလုပ်လုပ် ၊ ဘယ်နေရာရောက်ရောက် ကိုယ့်ကိုယ်ကို နဲ့ ကိုယ့်လုပ်ရပ်အပေါ် အမြဲကျေနပ်နေတတ်တဲ့သူ ဖြစ်နေမှာပါ။ မိမိရဲ့ စိတ်ငြိမ်းချမ်းမှုဆိုတာကို သူများက လုပ်ယူဖန်တီးပေးရင်တောင် အမြဲမထိန်းသိမ်းထားနိုင်ဘူး။ တကယ်က မိမိစိတ်ငြိမ်းချမ်းမှုဆိုတာ မိမိကိုယ်တိုင်လုပ်ယူရတာပါ။ ဒီလိုစိတ်ငြိမ်းချမ်းမှုမျိုးကို လူတိုင်းမရဘူးလေ။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%b1%e1%80%90%e1%80%ac%e1%80%84%e1%80%b9%e1%80%b1%e1%80%95%e1%81%9a%e1%80%80%e1%80%bb%e1%80%99%e1%80%84%e1%80%b9%e1%80%80%e1%80%bc%e1%80%84%e1%80%b9%e1%80%b8-%e1%80%b1%e1%80%90%e1%80%ac%e1%80%84/feed/ 0
ဘာပဲကြုံကြုံ ပျော်ပျော်နေတတ်အောင်လို့ http://www.burmesehearts.com/%e1%80%98%e1%80%ac%e1%80%95%e1%80%b2%e1%81%be%e1%80%80%e1%80%b6%e1%80%b3%e1%81%be%e1%80%80%e1%80%b6%e1%80%b3-%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%b9%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%b9/ http://www.burmesehearts.com/%e1%80%98%e1%80%ac%e1%80%95%e1%80%b2%e1%81%be%e1%80%80%e1%80%b6%e1%80%b3%e1%81%be%e1%80%80%e1%80%b6%e1%80%b3-%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%b9%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%b9/#respond Thu, 22 Dec 2016 01:08:03 +0000 http://www.burmesehearts.com/?p=73307 ငွေရှိရင် ၊ အောင်မြင်မှုတွေရှိနေရင် အရာရာပြီးပြည့်စုံသွားမယ်လို့ အများစုက ထင်နေကြတယ်။ အောင်မြင်မှုတွေ ရရှိလာလေလေ ကျဆုံးမှာကြောက်စိတ်နဲ့ အောင်မြင်သထက်အောင်မြင်အောင် ၊ အနည်းဆုံး ရရှိထားတဲ့အောင်မြင်မှု တည်မြဲနေအောင် ကြိုးအားရင်း ၊ အားထုတ်ရင်း စိတ်ဖိစီးမှုတွေကို ခံစားလာကြတယ်။ ကိုယ်ကြိုးစားအားထုတ်သလောက် ဖြစ်မလာတဲ့အခါ ၊ ကိုယ့်အောင်မြင်မှုတွေ ယုတ်လျော့လာတဲ့အခါ အောင်မြင်မှုကို မက်မောတွယ်ဖက်ထားရင် တွယ်ဖက်ထားသလောက် စိတ်ဆင်းရဲမှုခံစားကြရတယ်။ နေ့နေ့ညည ဒီအောင်မြင်မှု တခုတည်းရှေးရှုလို့ အရာရာရင်းနှီးမြှုပ်နှံထားတဲ့သူ ၊ တဘဝလုံးကြိုးစားအားထုတ်လာသူတွေဟာ အောင်မြင်မှုရေချိန်ကျလာတဲ့အခါ စိတ်ဓါတ်ကျလာတတ်ကြတယ်။ အောင်မြင်မှုတွေကျဆုံးလေ စိတ်ဓါတ်ကျလေ၊ ဖြစ်နေတာနဲ့ ဖြစ်ချင်တာမကိုက်ညီတဲ့အခါ တချို့တွေက ဘဝကိုအရှုံးပေးလိုက်ပြီး မိမိကိုယ်ကို သေကြောင်းကြံကြတယ်။ တချို့တွေကျတော့ မူးယစ်သောက်စား ၊ လောင်းကစားတွေနဲ့ ပျော်စရာကြံဖန်ရှာကြတယ်။ တချို့ကျတော့လည်း တရားနဲ့ စိတ်ကလေးကို ပြန်ထိန်းတယ်။ တကယ်ဆို မအောင်မြင်ခင် သာမာန်ဘဝလေးနဲ့ ပျော်ရွှင်အောင်နေတတ်ဖို့ လေ့ကျင့်ထားသင့်တယ်။ ကိုယ့်နောက်လိုက်တဲ့သူတွေ များမလာခင် တစ်ယောက်တည်း ပျော်ပျော်နေတတ်ဖို့ လေ့ကျင့်ထားသင့်တယ်။ ပစ္စည်းဥစ္စာတွေ အများကြီးရှိမလာခင် ဘာမှမရှိတဲ့ အနေအထားမှာ ရှိတာနဲ့ရောင့်ရဲကျေနပ်တတ်အောင် လေ့ကျင့်ထားသင့်တယ်။ ဘာတွေရလာ ရလာ မတည်မြဲတဲ့ […]]]>

ငွေရှိရင် ၊ အောင်မြင်မှုတွေရှိနေရင် အရာရာပြီးပြည့်စုံသွားမယ်လို့ အများစုက ထင်နေကြတယ်။ အောင်မြင်မှုတွေ ရရှိလာလေလေ ကျဆုံးမှာကြောက်စိတ်နဲ့ အောင်မြင်သထက်အောင်မြင်အောင် ၊ အနည်းဆုံး ရရှိထားတဲ့အောင်မြင်မှု တည်မြဲနေအောင် ကြိုးအားရင်း ၊ အားထုတ်ရင်း စိတ်ဖိစီးမှုတွေကို ခံစားလာကြတယ်။ ကိုယ်ကြိုးစားအားထုတ်သလောက် ဖြစ်မလာတဲ့အခါ ၊ ကိုယ့်အောင်မြင်မှုတွေ ယုတ်လျော့လာတဲ့အခါ အောင်မြင်မှုကို မက်မောတွယ်ဖက်ထားရင် တွယ်ဖက်ထားသလောက် စိတ်ဆင်းရဲမှုခံစားကြရတယ်။

နေ့နေ့ညည ဒီအောင်မြင်မှု တခုတည်းရှေးရှုလို့ အရာရာရင်းနှီးမြှုပ်နှံထားတဲ့သူ ၊ တဘဝလုံးကြိုးစားအားထုတ်လာသူတွေဟာ အောင်မြင်မှုရေချိန်ကျလာတဲ့အခါ စိတ်ဓါတ်ကျလာတတ်ကြတယ်။ အောင်မြင်မှုတွေကျဆုံးလေ စိတ်ဓါတ်ကျလေ၊ ဖြစ်နေတာနဲ့ ဖြစ်ချင်တာမကိုက်ညီတဲ့အခါ တချို့တွေက ဘဝကိုအရှုံးပေးလိုက်ပြီး မိမိကိုယ်ကို သေကြောင်းကြံကြတယ်။ တချို့တွေကျတော့ မူးယစ်သောက်စား ၊ လောင်းကစားတွေနဲ့ ပျော်စရာကြံဖန်ရှာကြတယ်။ တချို့ကျတော့လည်း တရားနဲ့ စိတ်ကလေးကို ပြန်ထိန်းတယ်။

တကယ်ဆို မအောင်မြင်ခင် သာမာန်ဘဝလေးနဲ့ ပျော်ရွှင်အောင်နေတတ်ဖို့ လေ့ကျင့်ထားသင့်တယ်။ ကိုယ့်နောက်လိုက်တဲ့သူတွေ များမလာခင် တစ်ယောက်တည်း ပျော်ပျော်နေတတ်ဖို့ လေ့ကျင့်ထားသင့်တယ်။ ပစ္စည်းဥစ္စာတွေ အများကြီးရှိမလာခင် ဘာမှမရှိတဲ့ အနေအထားမှာ ရှိတာနဲ့ရောင့်ရဲကျေနပ်တတ်အောင် လေ့ကျင့်ထားသင့်တယ်။ ဘာတွေရလာ ရလာ မတည်မြဲတဲ့ သဘောတရားကို နှလုံးသွင်းထားသင့်တယ်။ ဒီလိုဆိုရင်တော့ ဘယ်လိုလောကဓံမျိုးပဲလာလာ မကြောက်မရွံ့ ၊ မတုန်မလှုပ် ရင်ဆိုင်နိုင်ပြီ။

ဗုဒ္ဓဘာသာမှာ ပျော်ရွှင်မှုဟာလည်း ဝေဒနာပါ။ ဝမ်းနည်းမှုဟာလည်း ဝေဒနာပါ။ သုခဝေဒနာနဲ့ဒုက္ခဝေဒနာလို့ပဲ ကွာတာပါ။ မမြဲတဲ့သဘောတရားအရ ဖြစ်ပြီးရင်ပျက်ရမှာပါ။ ဒါဟာအပျက်ဘက်ကို နှလုံးသွင်းခိုင်းတာမဟုတ်ဘဲ နောက်ဆုံးမှာ ပျက်သွားမယ်ဆိုတာကို သတိထားခိုင်းတာပါ။ မိုးပေါ်ပျံတက်သွားတဲ့ မီးပုံးပျံတွေ တချိန်မှာပြန်ကျရသလိုမျိုး ၊ တောင်ထိပ်ရောက်ပြီးသွားတဲ့သူတွေ တောင်အောက်ပြန်ဆင်းရသလိုမျိုး တက်ပြီးရင် ပြန်ကျတတ်တာကို သတိထားရုံပါ။ ဒီလိုနှလုံးသွင်းထားတော့ ကျသွားတဲ့အခါ သိပ်ပူပူလောင်လောင် မခံစားရတော့ဘူးပေါ့။

ငွေရှိမှ ၊ ဂုဏ်ရှိမှ ၊ အာဏာရှိမှ ၊ အောင်မြင်မှုတွေရနေမှ စိတ်ချမ်းသာတတ်တဲ့သူမျိုးတွေဟာ ဒါတွေမရှိရင် စိတ်ဆင်းရဲကြတော့မှာပါ။ တကယ်ဆို ထားတဲ့စိတ်ထားလေးက စိတ်ချမ်းသာတယ် ၊ စိတ်ဆင်းရဲတယ်ဆိုတာကို ဖြစ်စေတာပါ။ စိတ်ဆင်းရဲမှုတွေ ခံစားရတာလည်း ဒီစိတ် ၊ စိတ်ချမ်းသာမှုတွေ ခံစားရတာလည်း ဒီစိတ် ၊ ဖြစ်ပျက်သွားတဲ့အပေါ် ဘယ်ဘက်ကရှုမြင်လို့ တွေးခေါ်ခံစားသလဲဆိုတာပဲ မူတည်နေတာပါ။

တကယ်ဆို ငွေပေးပြီးဝယ်လို့မရတဲ့အရာတွေ ဘဝမှာ အများကြီးရှိပါတယ်။ အထူးသဖြင့် အဲဒီအရာတွေဟာ ကိုင်တွယ်လို့မရတဲ့အရာတွေ ဖြစ်နေတတ်တာပါ။ ဖြူစင်တဲ့စိတ်ထား ၊ ထားရှိတဲ့စေတနာ ၊ ပေးအပ်တဲ့ မေတ္တာတရား ၊ စောင့်ထိန်းတဲ့သစ္စာ ဒါတွေကို ငွေနဲ့ပေးဝယ်လို့မရဘူး။ စိတ်အေးချမ်းမှုဆိုတာကို ငွေနဲ့ဖန်တီးယူလို့ရတယ်ထင်ပေမယ့် ငွေချမ်းသာပြီး စိတ်ဆင်းရဲနေသူတွေ ၊ နာမည်ကြီးပေမယ့် စိတ်ဓါတ်ကျနေသူတွေ ၊ အောင်မြင်ကျော်ကြားပေမယ့် အထီးကျန်နေသူတွေလည်း ဒုနဲ့ဒေး ရှိနေပါတယ်။ မိမိရင်တွင်းက စိတ်အေးချမ်းသာမှုဆိုတာကို မိမိကိုယ်တိုင်ပဲ ဖန်တီးယူရတာပါ။

အပြင်ဘက်ကအရာတွေကြောင့် စိတ်ပျော်ရွှင်ချမ်းသာနေရတာမျိုးဆိုရင်တော့ ဒါတွေမရှိတဲ့တချိန်မှာ စိတ်ဆင်းရဲရတော့မှာပါ။ ဒါကြောင့် ဘာမှမရှိလည်း ပျော်ပျော်နေတတ်အောင် ကြိုးစားပါ။ ဘယ်သူမှ အနားမှာမရှိလည်း တကိုယ်တည်း ပျော်ပျော်နေတတ်အောင် ကြိုးစားပါ။ မိမိရတာနဲ့ ကျေနပ်တတ်အောင် ၊ အမြင့်လှမ်းနေပေမယ့် အောက်ခြေမလွတ်အောင် ၊ ရထားတာတွေကို ဝေမျှရင်း ပီတိစားနိုင်ရင်ဖြင့် ဘယ်အခြေအနေမှာမဆို ပျော်ရွှင်နေနိုင်မှာပါ။ ဘာပဲကြုံကြုံ  ကိုယ့်စိတ်ကို ပြန်လည်ဖြေသိမ့်တတ်ဖို့ ၊ အခက်အခဲက နည်းလမ်းရှာလွတ်မြောက်နိုင်ဖို့ ၊ စိတ်ဆင်းရဲစရာဖြစ်နေရင်တောင် ပျော်စရာတွေ ကြံဖန်တွေးတတ်ဖို့ ၊ ဖြစ်နေတာတွေကို ရင်ဆိုင်ရဲအောင် စိတ်ဓါတ်ခွန်အားတွေ စုဆောင်းဖြေရှင်းလိုက်ဖို့ပဲလိုတာပါ။ ဒါမှလည်း ဘာတွေကြုံကြုံ ပျော်ပျော်နေတတ်တဲ့သူဖြစ်မှာပါ။ လောကဓံဆိုတာကို မမှုတော့ဘူးလေ။ တက်တက် ၊ ကျကျ မမြဲဘူးဆိုတာကို သတိထားဖို့ပဲလိုတာပါ။ အားလုံးအမြဲပျော်ရွှင်နေပါစေ။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%98%e1%80%ac%e1%80%95%e1%80%b2%e1%81%be%e1%80%80%e1%80%b6%e1%80%b3%e1%81%be%e1%80%80%e1%80%b6%e1%80%b3-%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%b9%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%b9/feed/ 0
မြန်မာမိန်းကလေးတွေကို စိတ်လုံခြုံမှု ပေးကြပါစို့ http://www.burmesehearts.com/%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac%e1%80%99%e1%80%ad%e1%80%94%e1%80%b9%e1%80%b8%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%80%e1%80%ad%e1%80%af-%e1%80%85/ http://www.burmesehearts.com/%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac%e1%80%99%e1%80%ad%e1%80%94%e1%80%b9%e1%80%b8%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%80%e1%80%ad%e1%80%af-%e1%80%85/#respond Thu, 07 Jul 2016 04:32:24 +0000 http://www.burmesehearts.com/?p=64359

မိန်းမသားဘဝ

မြန်မာမိန်းကလေးတွေကို စိတ်လုံခြုံမှု ပေးကြပါစို့လို့ ခေါင်းစဉ်တပ်လိုက်တော့ လက်ရှိ မြန်မာမိန်းကလေးတွေရဲ့ဘဝဟာ စိတ်လုံခြုံမှု မရရှိကြလို့လားလို့ မေးစရာရှိပါတယ်။ တကယ်တော့ မြန်မာမိန်းကလေးတွေဟာ စိတ်လုံခြုံမှု မရရှိခြင်းအပေါ်မှာ အသားကျသွားခဲ့ရတာပါ။ လူနေမှုအဆင့်အတန်းနိမ့်ကျလို့ ၊ ကျယ်ကျယ်ပြန့်ပြန့် ပညာပေးနိုင်မှုမရှိလို့ ၊ ပတ်ဝန်းကျင်အသိုင်းအဝန်းမှာ စိတ်ဓါတ် အောက်တန်းကျသူတွေရှိနေလို့ ၊ နေ့စဉ်လှုပ်ရှားမြင်တွေ့နေတဲ့ ဒီမြင်ကွင်းတွေဟာ ဖြစ်နေကျလို ဖြစ်သွားတဲ့အခါ ကိုယ်တိုင် စိတ်လုံခြုံမှုမရှိမှန်းတောင် မသိနိုင်တော့တဲ့ အခြေအနေကို ရောက်သွားခဲ့တာပါ။

ကျွန်မ ၆နှစ် ၊ ၇နှစ် ဝန်းကျင် အရွယ်လောက်အထိ အိမ်မှာဧည့်သည်လာရင် ၊ သူတို့က ကိုယ့်ကို လာပါဦးဆိုတိုင်း လူကြီးတွက အတင်းသွားခိုင်း ၊ ထိုင်ခိုင်းခဲ့ဖူးတယ်။ အမျိုးသမီးတွေရင်ခွင်ထဲနဲ့ ပေါင်ပေါ်ရောက်နေရင် ဘယ်လိုမှ မခံစားခဲ့ရပေမယ့် အမျိုးသားတွေရဲ့ပေါင်ပေါ်ထိုင်ရမှာ မနှစ်မြို့စိတ်တွေဝင်လို့ ပေကပ်ကပ်လုပ်တိုင်း အဆူခံခဲ့ရဖူးတယ်။ လူကြီးခေါ်ရင်သွားရမှာကို မနာခံလို့ မယဉ်ကျေးတဲ့ ကလေးမအဖြစ်အမြဲဆူခံထိတယ်။ ဆိတ်ခံထိတယ်။ ဒါပေမယ့် ကိုယ့်ပေါင်ပေါ်တင်ထားပြီး သူ့ပေါင်ကြားကဟာ လှုပ်စိလှုပ်စိလုပ်ပြနေပါတယ်လို့ ကျွန်မ ဘယ်သူ့ကိုမှ မပြောရဲဘူး။ ပြောရကောင်းမှန်းလည်း မသိဘူး။ အမျိုးသားတွေရဲ့ပေါင်ပေါ်မထိုင်ချင်တာပဲသိခဲ့တာ။ ဒါတွေရဲ့တရားခံဟာ ဘယ်သူလဲ။

အလယ်တန်းအရွယ်မှာ ကျူရှင်သွားတော့ အိမ်နဲ့သိပ်မဝေးတာမို့ ဒီလိုပဲ သူငယ်ချင်းပါပါ ၊ မပါပါ တစ်ယောက်တည်း အသွား ၊ အပြန် လုပ်ခဲ့ရတာတွေရှိတယ်။ လူသွားလမ်းကြား ခပ်ကျဉ်းကျဉ်းထဲ မီးရောင်မရှိသလောက် ဖြစ်နေချိန်မှာ အစ်မအရွယ်အပျိုတစ်ယောက်ကို လူပျိုတစ်ယောက်က ချစ်လို့ပါ ဒီစာလေးယူသွားပါ ၊ မယူရင် လမ်းမဖယ်ဘူးလို့ အတင်း လမ်းပိတ်ရပ်ပြီး စာပေးတာမြင်ရတော့ ကိုယ်က ငယ်သေးပေမယ့် ဒီအဖြစ်ကြီးကို မနှစ်မြို့လိုက်တာ။

အစ်မကြီးမျက်နှာက စိတ်ရှုပ်ပြီး အားကိုးရာမဲ့နေသလို ကိုယ့်နောက်ကအတင်းလိုက်ပြီး ပိတ်နေသူကိုဖယ်ခွါ ခရီးဆက်ဖို့ကြိုးစားပေမယ့် တဘက်အမျိုးသားက အတင်းလက်မောင်းဆွဲထားတာမြင်တော့ အဲဒီလူကို လွယ်အိတ်နဲ့ ထုရိုက်ချင်စိတ်တွေ တဖွားဖွားဖြစ်လို့လာခဲ့ဖူးတယ်။ ဒါပေမယ့် မလုပ်ရဲခဲ့ဘူး ၊ လူကြီးတွေကို ကြောက်တတ်တဲ့ စိတ်အခံလေးကရှိနေခဲ့တော့ သွားချင်သူနဲ့ အတင်းတားပြီး ရည်းစားစာပေးနေသူကို ကိုယ်နဲ့မဆိုင်သလိုထားခဲ့လိုက်ရတာ။ စိတ်ထဲမှာတော့ အခုထိ ဒီအဖြစ်အပျက်လေး မြင်ယောင်နေတုန်း။

အဖော်မပါဘဲ အပြင်သွားတဲ့ အစ်မကြီးအပြစ်လို့ တခြားသူတွေဆိုနိုင်ပေမယ့် ည(၈)နာရီဝန်းကျင်ဆိုတဲ့အချိန်ဟာ အလယ်တန်းအရွယ်မှသည် အရွယ်ရောက်သူတိုင်း အဖော်မပါဘဲအပြင်ထွက်တာ မထူးဆန်းဘူးလို့ နိုင်ငံရပ်ခြားရောက်မှ သိလာတယ်။ ထူးဆန်းနေတာက မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ မှောင်ရီပျိုးပျအချိန် အပြင်ထွက်ရင် ၊ ည(၉)နာရီ (၁၀)နာရီကျော် ညဥ့်နက်ချိန်လို့  အများသတ်မှတ်ချိန် အပြင်မှာရှိနေရင် မဟုတ်တဲ့မိန်းကလေးအဖြစ် ကြည့်မြင်တွေးထင်နေတာပါပဲ။

ညခင်းမပြောနဲ့ နေ့လည်ခင်းတွေမှာလည်း သမီးချင်း ၊ နှမချင်းမစာနာတဲ့သူတွေက မသိနားမလည်တဲ့ အပျိုပေါက်အရွယ်တွေကို ပစ်မှတ်ထားတယ်ဆိုတာ ကိုယ်တွေ့နဲ့ရင်း ပြောရဦးမယ်။ မနက်တိုင်း ဆွမ်းခံတဲ့ကိုယ်တော်တွေကို ဆွမ်းလောင်းရမယ့်တာဝန် ကျောင်းပိတ်ရက်တိုင်း ကျွန်မ ယူရတယ်။ အိမ်ရှေ့ရပ်ဆွမ်းခံတဲ့ကိုယ်တော်တွေကို ဆွမ်းလောင်းရတာပါ။ အိမ်ထဲထိတော့ ဝင်ဆွမ်းခံတာမျိုးမရှိပါဘူး။ တခြားကိုယ်တော်တွေ ဆွမ်းလောင်းရတာ ကြည်နူးပေမယ့် ဆွမ်းလောင်းတိုင်း ငှက်ပျောသီးတစ်လုံးကို သင်္ကန်းအတွင်းဖက်က နှိုက်နှိုက်ထုတ်ပေးတဲ့ သက်တော်ငါးဆယ်ဝန်းကျင်ဘုန်းကြီးကို စိတ်ထဲသိပ်ဘဝင်မတွေ့ခဲ့ဘူး။

တခါတလေ ဆွမ်းခွက်တွေကမ်းပေးတဲ့ ကိုယ့်လက်ကို မတော်တဆထိသလိုလိုနဲ့ တို့တို့ထိထိ လုပ်တတ်သေးတယ်။ ငှက်ပျောသီးမကြိုက်လို့ မယူပါရစေနဲ့ပြောလည်း အတင်းပေးတတ်တယ်။ သူ့ကျောင်းကဘယ်မှာ ၊ အတင်းလာလည်ပါ ၊ တယောက်တည်းလာခဲ့ပါလို့လည်း လူလစ်ရင်မိန့်တတ်သေးတယ်။ အိမ်ကိုပြန်ပြောပေမယ့် လူကြီးတွေက တဟားဟားပွဲကျလို့ ကိုယ့်ပြန်နောက်ခံထိသေးတယ်။ အနားမှာအမြဲမရှိတဲ့ ကိုယ့်မိဘကိုတော့ မပြောရဲခဲ့ဘူးလေ။

အလယ်တန်းကျောင်းသူဘဝတုန်းက အိမ်နားကဈေးကို နေ့ခင်းဘက် အိမ်ကခိုင်းတဲ့မုန့်သွားဝယ်ချိန် ရပ်နေတဲ့အမျိုးသားနှစ်ယောက်ထဲက တစ်ယောက် ကျွန်မအနားကပ်လာခဲ့ပြီး ညီမတစ်ခုလောက် ကူညီနိုင်မလားလို့ ကောင်းကောင်းမွန်မွန်မေးလာတော့ ဘာကူညီရမှာလဲပေါ့။ အစ်ကို့ညီမက အစ်ကို့ကို ဈေးထဲကပစ္စည်းမှာလိုက်လို့ အဲဒါ ဘယ်အရွယ်အစားဝယ်ရမှန်းမသိဖြစ်နေတာတဲ့။ မရိုမသေ ညီမအတွင်းခံဆိုဒ်နံပါတ်က ဘယ်လောက်လဲတဲ့။ အစ်ကို့ညီမက ညီမနဲ့အရွယ်မတိမ်းမယိမ်းမို့ပါတဲ့။ စိတ်ထဲ အဲလိုလာမေးရမလား ရှက်သွားပေမယ့် ဆိုင်ကို ကိုယ့်ညီမအသက်ပြောပြီး မေးဝယ်လိုက်ပါလို့ပြောတော့ မဟုတ်ဘူး ညီမရဲ့ဆိုဒ်လောက်ရှိလို့ လက်နဲ့တိုင်းကြည့်လို့ရမလားဆိုပြီးလက်ရှေ့တိုးလာတော့ ကျွန်မ ချာခနဲလှည့်ပြေးတော့တာပေါ့။ အိမ်ရောက်မှအသက်ကောင်းကောင်းရှူ ရဲတယ်။ ရှက်လို့ အိမ်ကိုတော့ ပြန်မပြောပြဖြစ်တော့ဘူး။

ကိုယ်ပိုင်ကားပေါ်ကမဆင်းဖူးတဲ့ အမျိုးသမီးလေးတွေကလွဲရင် ဘတ်စ်ကားကြပ်ကြပ်တိုးဖူးတဲ့ မြို့နေမိန်းကလေးတွေ ၊ အမျိုးသမီးတွေ ကားပေါ်က ထောက်လှမ်းရေးနဲ့တော့ ကြုံဖူးကြမှာပဲ။ ကျွန်မ ခုနှစ်တန်းကျောင်းသူအရွယ်က (အဲဒီတုန်းက ခုနှစ်တန်းကျောင်းသူတွေက ထုပ်ဆီးတိုးလို့ကောင်းတုန်း ၊ ယောကျာ်းလေးတွေနဲ့ ဘောလုံးဝိုင်းကန်တုန်းအရွယ်ပါ။ ခုခေတ်လို ဟိုအကြောင်း ၊ ဒီအကြောင်းတွေ စိတ်ဝင်စားရမှန်း မသိသေးတဲ့ ဟိုဘက်ခေတ် အပျိုပေါက်အရွယ်ပါ။)

ကျောင်းကားနဲ့မပြန်ရတဲ့တနေ့ အိမ်နားရောက်မယ့် (ဗိုက်ပူ)ဘတ်စ်ကားပေါ်မှာမတ်တပ်ရပ်စီးလာရင်း ပြတင်းပေါက်နားရောက်လာတော့ ခါးလေးကုန်း ပြတင်းပေါက်အပြင်ဘက် ခေါင်းထုတ်လို့ ဘာမှအာရုံမထားမိဘဲ ပတ်ဝန်းကျင်ငေးကောင်းနေတုန်း ကိုယ့်နောက်ဘက်နားက မာမာကြီးကို တယောက်ယောက်ရဲ့ လက်ကိုင်ထီးလို့ပဲ ထင်မိခဲ့တာ။

“မင်း နှမသားချင်းမစာနာ ကျောင်းသူလေးကို ထောက်နေရလား ၊ ငါလုပ်လို့သေတော့မယ်” လို့ ဒေါသတွေရှူးရှူးရှဲရှဲထွက်နေတဲ့ ဦးလေးကြီးက ကျွန်မနောက်မှာရပ်နေတဲ့ မျက်နှာခပ်နီနီ အမျိုးသားတစ်ယောက်ကို အော်တော့မှ ကျွန်မလည်း ဘာဖြစ်တာလဲလို့ လှည့်ကြည့်လိုက်တာ အနီးဝန်းကျင်က မျက်လုံးတွေက ကျွန်မဆီမှာ ဘာလို့ကြည့်နေကြမှန်းတောင် ချက်ချင်းမသိနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီအကြည့်တွေကိုတော့ ရှက်မိခဲ့တယ်။ ရှက်ရှက်နဲ့သေချာစဉ်းစားမိတော့မှ ငါကိုယ်တိုင် အနောက်က ထောက်ခံထိခဲ့တာပါလားလို့ လူကြီးတွေပြောစကား အမှတ်တမဲ့ကြားဖူးတာနဲ့ လက်တွေ့ကြုံရတာ ဆက်စပ်မိတော့တယ်။

ဒီလူကတော့ ရပ်တဲ့မှတ်တိုင်မှာ ဒရောသောပါးဆင်းသွားပေမယ့် ကျွန်မက ဆင်းလည်းမဆင်းရဲ ၊ ဒီမျက်ဝန်းတွေအောက်ကလည်း လွတ်ချင်ချင်နဲ့ ငိုချင်စိတ်တွေကြီးစိုးရင်း အိမ်ရောက်လာခဲ့ဖူးတယ်။ မသိနားမလည်လို့ အနေမတတ်ခဲ့တဲ့ အလယ်တန်းအကျောင်းသူအရွယ် ကျွန်မကမှားသလား ၊ နှမသားချင်းမစာနာ ထောက်နေတဲ့သူကမှားသလား ။ အဲတုန်းက ကျွန်မ မဝေခွဲတတ်ခဲ့ဘူး။

အသက် နှစ်ဆယ်ကျော်အရွယ်လောက်မှာ အလုပ်ဆင်းနေပြီ။ အလုပ်က ကားဖယ်ရီရှိတယ်။ တနေ့ အလုပ်တွေတအားကျလို့ အချိန်ပိုဆင်းခဲ့ရတာ ည(၁၀)နာရီကျော်မှ အလုပ်ကကားနဲ့ ကိုယ့်တစ်ယောက်တည်း အိမ်ပြန်ပို့ပေးတယ်။ ဖြစ်ချင်တော့ သမိုင်းလမ်းဆုံနားမှာ ကားပျက်တယ်။ ကားပြင်နေတာ ကားထဲထိုင်စောင့်ရင်း ည(၁၁)နာရီနီးပါးရောက်လာတော့ ကားကဘယ်အချိန်မှ ပြန်ရမယ်မသိ ၊ ကားဒရိုင်ဘာနဲ့ ကိုယ်နှစ်ယောက်တည်းလည်း ဖြစ်မနေချင် ၊ အရမ်းညဥ့်နက်သွားမှာလည်းစိုး ၊ ကိုယ်တစ်ယောက်တည်းနဲ့ တက္ကစီငှါးပြီးတော့လည်း မပြန်ရဲနဲ့ အတော်ဒုက္ခတွေ့တုန်း ကုမ္ပဏီကားဒရိုင်ဘာက နီးနီးနားနား သမိုင်းလမ်းဆုံအထိ သူခြေလျင်လိုက်ပို့ပေးခဲ့တယ်။

အများနဲ့ အများသုံးကားပေါ်စီးတာပဲ။ တခုခုဆို အော်လိုက်မယ်လို့ အရဲကိုးရင်း သမိုင်းလမ်းဆုံကားဂိတ်မှာ ကားစောင့်နေတုန်း နင်ရွာက အေးဘုံမဟုတ်လား ၊ ညဥ့်နက်သန်းခေါင် ဘာလုပ်နေတာလဲ ၊ နင့်အမေနဲ့တိုင်မယ် ၊ လာအိမ်ပြန်လိုက်ခဲ့ဆိုပြီး ကိုယ့်ကို ဆုံးမသလိုလိုနဲ့ ဦးလေးကြီးတစ်ယောက်က ကျွန်မလက်ကို အတင်းဆွဲပြီး ကားဂိတ်ကဝေးရာကို ဆွဲခေါ်ပါရော။ ကျွန်မလည်း အတော်လန့်သွားခဲ့ပြီး သူဆွဲတဲ့နောက် ယက်ကန်ယက်ကန်ဖြစ်နေတဲ့ ကျွန်မက သူဆွဲနေတဲ့လက်တွေကို အတင်းဖြုတ်ဖို့ကြိုးစားပေမယ့် သူ့အားနဲ့ဖြုတ်မရ ၊ အေးဘုံမဟုတ်ဘူးလို့ ကိုယ်ပြောတဲ့စကားလည်း သူတရပ်စပ် ဆူဆူပြောပြောလုပ်နေတဲ့စကားကို မဖုံးနိုင်နဲ့ အတော် အကျပ်ရိုက်သွားခဲ့တယ်။

ဒါပေမယ့် လူတွေနဲ့ဝေးတဲ့နေရာ သူဆွဲခေါ်ရာသာပါသွားရင် ပိုခက်မယ်ဆိုတာ သိတာမို့ လူတွေဝိုင်းကြည့်နေတာကို မရှက်နိုင်တော့ဘဲ ဘာအေးဘုံလဲ အရူးကွက်တွေလာမနင်းနဲ့ ငါ့မှာ မှတ်ပုံတင်ပါတယ်။ လာ အခု သက်သေတွေနဲ့ ရဲစခန်းသွားမယ်။ ငါ့ကို ဆက်ဆွဲခေါ်ရဲ ဆွဲခေါ်ကြည့် အချုပ်ခန်းထဲ အရောက်ပို့မယ်လို့ အသံကုန်ကြုံးအော်ပြီးရုန်းလိုက်မှ ဘေးကလူတွေက ကျွန်မအနားကပ်လာရဲတယ်။ သူတို့အမြင်မှာ တူဝရီးချင်းဖြစ်နေတာလား ၊ သားအဖချင်းဖြစ်နေတာလားထင်နေပုံပဲ။ ကျွန်မအော်လိုက်မှ ဘာမှမတော်မှန်း သတိထားမိပုံရတာ။

ကျွန်မက သူလုပ်သလိုလည်းမခံ ၊ ပြန်လည်းအော် ၊ ချက်နဲ့လက်နဲ့ပြောတဲ့အပြင် လူတွေလည်း ကပ်လာပြီဆိုမှ အေးဘုံနဲ့လူမှားသွားတာဖြစ်မယ်။ ဆောရီး ဆောရီးနဲ့ အရူးကွက်နင်းပြီးထွက်သွားတယ်။ ကျွန်မနေရာမှာ ရှက်ရွံ့ ကြောက်လန့်နေတတ်တဲ့ မိန်းကလေးဆို လူမြင်ကွင်းကနေ လူတွေကွယ်ရာ ပါသွားနိုင်တယ်။ ဟုတ်ကဲ့ အဲဒါ ကျွန်မတို့ခေတ် (၂၀)ရာစုက ရန်ကုန်မြို့တော်မှာပါ။ ဒါဟာ သမရိုးကျ လူမှားတာ မဖြစ်နိုင်ဘူး။ တစ်ယောက်တည်း အဖော်မပါတဲ့ ငယ်ငယ်ရွယ်ရွယ် မိန်းကလေးတွေကို ဦးတည်နေခဲ့တာ သေချာတယ်။

ကျွန်မတစ်ယောက်တည်း ဒီလိုခံခဲ့ရဖူးတာလားဆိုတော့ မဟုတ်ဘူး။ ကျွန်မသူငယ်ချင်းမလေးတွေမှာလည်း သူတို့ဇတ်လမ်းနဲ့ သူတို့ခံခဲ့ရဖူးတာတွေရှိတယ်။ အဖြစ်ချင်းသာမတူကြတာ မိန်းမငယ်လေးတွေကို ဦးတည်ချက်ထားပြီး အမြတ်ထုတ်နေခဲ့ကြတာတော့ ကျွန်မတို့ခေတ်ကတည်းက ရှိနေခဲ့တယ်။

အခုကျတော့ ပိုဆိုးတာပေါ့။ ခေတ်ကလည်း တိုးတက်လာ ၊ မြန်မာနိုင်ငံရဲ့ လူနေမှုအဆင့်က တိုးတက်နေတဲ့ ခေတ်ကြီးနဲ့အမီ လိုက်မမီတော့ ဖြတ်လမ်းလိုက်သူတွေနဲ့ ဒုစရိုက်သမားတွေ စိတ်ကြိုက်ဖြစ်လာတဲ့ခေတ်ကြီးပါ။ ရဲတွေမကြပ်မတ်နိုင်မှန်းလည်းသိ ၊ ဥပဒေကလျော့ရဲမှန်းလည်းသိ ၊ လုံခြုံမှု အလုံအလောက်မပေးနိုင်ဘူးဆိုတာ သူတို့တွေကသိနေတော့ သားကောင်တွေအဖြစ် ခံနေရသူအများစုက မိန်းကလေးတွေ ၊ အမျိုးသမီးတွေ ၊ သက်ကြီးရွယ်အိုအဖွားကြီးတွေ ဖြစ်နေတယ်။

အော်မယ်မကြံနဲ့ ဓါးနဲ့ထိုးလိုက်မယ် ၊ တစ်သိန်းတန်ပစ္စည်းလေးအတွက်လည်း ဓါးထိုးခံရနိုင်တယ် ၊ သမီးရည်းစားပြတ်စဲလိုက်လို့လည်း အသက်ဆုံးရှုံးနိုင်တယ် ၊ အိမ်တက်ခိုးရင်းလည်း နှုတ်ပိတ်သွားနိုင်တယ်။ နေရောင်အောက်မှာတောင် နေထိုင်သွားလာရတာ မလုံခြုံတော့ဘူး။ ကိုယ့်အရိပ်တောင် အနောက်ကလူကပ်ပါလာသလားလို့ ပြန်လန့်နေရတဲ့ခေတ်ဖြစ်နေပြီ။ တကယ်ဆို စိတ်ဓါတ်တွေ အောက်တန်းကျလာလို့ လူတွေပါ လုပ်ရပ်တွေအောက်တန်းကျလာတာပါ။ ဂျာအေးကိုသူ့အမေရိုက်လို့ ဥပဒေ နဲ့ ရဲအင်အား မုန့်လုံးစက္ကူကပ်နေတုန်း တကယ်ခံစားနေရတဲ့သားကောင်တွေက ပြည်သူတွေဖြစ်နေတယ်။ တကယ်ဆို ပြည်သူက ပြည်သူကို ပြန်ဒုက္ခပေးနေတာပါ။

ကျွန်မ ငယ်ငယ်ကတည်းက တွေ့မြင်ထိတွေ့ခံစားခဲ့ရတဲ့ အရာတွေက သမရိုးကျဖြစ်စဉ်တွေလို့ မှတ်ထင်ခဲ့ပေမယ့် မျက်စိပွင့် ၊ နားပွင့် တခြားတိုင်းပြည်တွေကို ရောက်ရှိပြီးတော့မှ ဒါတွေဟာ သမရိုးကျဖြစ်စဉ်တွေမဟုတ်ခဲ့ပဲ ကိုယ်နှုတ်အမူအရာတွေနဲ့ ကိုယ်ဟာ ထိပါးစော်ကားခြင်းခံခဲ့ရပါလားဆိုတာကို သိလိုက်ရတော့ နောင်မျိုးဆက်မိန်းကလေးတွေ ဒီလို မကြုံစေချင်တာအမှန်ပဲ။ ဒါတွေကို ကျယ်ကျယယ်ပြန့်ပြန့် အသိပညာပေးဖို့လိုတယ်။ သို့ပေမယ့်လည်းလေ ဒီလိုအမြင်ဖွင့်ရုံစာတွေပဲ ရေးရုံတတ်နိုင်သေးတဲ့ကျွန်မမှာ မြန်မာလူမှုအသိုင်းအဝန်းက အသားကျနေတဲ့ နေ့ရက်တွေထဲ မြန်မာမိန်းကလေးတွေ စိတ်လုံခြုံမှု ရရှိကြပါစေလို့သာ ဆုတောင်းရုံရှိတာပ။

 

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%bb%e1%80%99%e1%80%94%e1%80%b9%e1%80%99%e1%80%ac%e1%80%99%e1%80%ad%e1%80%94%e1%80%b9%e1%80%b8%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%80%e1%80%ad%e1%80%af-%e1%80%85/feed/ 0
မဖောက်ပြန်သောအနာဂါတ်သို့ http://www.burmesehearts.com/%e1%80%99%e1%80%b1%e1%80%96%e1%80%ac%e1%80%80%e1%80%b9%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac%e1%80%a1%e1%80%94%e1%80%ac%e1%80%82%e1%80%ab%e1%80%90%e1%80%b9%e1%80%9e%e1%80%ad/ http://www.burmesehearts.com/%e1%80%99%e1%80%b1%e1%80%96%e1%80%ac%e1%80%80%e1%80%b9%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac%e1%80%a1%e1%80%94%e1%80%ac%e1%80%82%e1%80%ab%e1%80%90%e1%80%b9%e1%80%9e%e1%80%ad/#respond Sat, 16 Apr 2016 04:14:25 +0000 http://www.burmesehearts.com/?p=48858

ဖောက်ပြန်တတ်သူများလို့ဆိုလိုက်ရင် အိမ်ထောင်ရေးလားလို့ တန်းမြင်မိတယ်။ တကယ်တော့ သမီးရည်းစားတွေထဲမှာ ဖောက်ပြန်တတ်တဲ့သူတွေရှိတယ်။ လူမှုဝန်းကျင်မှာ အကျင့်မစောင့်ထိန်းသူတွေဟာလည်း ဖောက်ပြန်တတ်သူတွေပါပဲ။ တကယ်တော့ ဖောက်ပြန်သူတွေဟာ သူတို့ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကို မစောင့်ထိန်းကြလို့ ဖော်ပြန်သူတွေလို့ နာမည်တပ်ခံရတာပါ။ တစ်ကြိမ်မက ဖောက်ပြန်တတ်သူတွေကိုတော့ အကြိမ်ကြိမ် ဖောက်ပြန်တတ်သူတွေအဖြစ် အယုံအကြည်ကင်းမဲ့လာတတ်ကြပါတယ်။

ဟိုးအရင် ကျွန်မတို့ငယ်ငယ်တုန်းက ဖောက်ပြန်တတ်သူတွေ အများစုဟာ လူလတ်ပိုင်းကနေ လူကြီးပိုင်းတွေ ဖြစ်ကြပါတယ်။ အခုမြင်ရ ၊ ကြားရတာတွေမှာ အပျိုဖော်ဝင်စ ၊ လူပျိုဖော်ဝင်စ အရွယ်လေးတွေပါ စောင့်ထိန်းရမယ့် ကျင့်ဝတ်ဆိုတာကို မစောင့်ထိန်းဘဲ ပျော်ပျော်ကြီး ဖောက်ပြန်နေကြတာ မြင်နေရတော့ စိတ်မကောင်းဘူး။ လူရယ်လို့ လူတောထဲတိုးမယ်မကြံသေးဘူး လူ့ကျင့်ဝတ်ကို မထင်မဲ့မြင်ပြုနေကြတာ လူမှုဝန်းကျင်ကြီး ဖောက်ပြန်ပျက်စီးဖို့ ဖြစ်နေတော့တာပဲ။

ကောင်းမွန်တဲ့ လူမှုဝန်းကျင်ကြီးဖြစ်ဖို့ဆိုရင် လူရယ်လို့ ဖြစ်လာတဲ့ ကလေးအရွယ်မှာကတည်းက လူကြီးမိဘတွေဟာ စံပြကျင့်ဝတ်တွေကို သင်ပြပြောဆိုမယ် ၊ ကိုယ်တိုင်ကလည်း ကလေးအတွက် စံပြဖြစ်အောင် မဖောက်မပြန် အကျင့်စောင့်ထိန်းပြီးနေထိုင်မယ် ၊ ကလေးကျင်လည်ရာ ပတ်ဝန်းကျင်နဲ့ တွေ့မြင်ရာ ရုပ်မြင်သံကြား ၊ ကာတွန်း ၊ ရေဒီယို အစရှိတဲ့ဇတ်လမ်းတွေမှာလည်း ကျင့်ဝတ်စောင့်ထိန်းမှုကို အသားပေးတဲ့ ဇတ်လမ်းတွေ တင်ဆက်ပြသမယ်ဆိုရင် အတုမြင်အတတ်သင်တတ်တဲ့ ကလေးဟာ ကောင်းမွန်တဲ့ကျင့်ဝတ်တွေကို စောင့်ထိန်းရမယ်လို့ ပမာဏ သင်ယူသွားပါတယ်။

ဒီကတဆင့် ကျောင်းနေအရွယ် ရောက်လာမယ်။ ကျောင်းမှာ ပို့ချတဲ့သင်ခန်းစာတွေဟာ လူ့ကျင့်ဝတ်ကို ကောင်းမွန်စွာသင်ကြားပေးနိုင်ပြီး ဒီကျင့်ဝတ်စောင့်ထိန်းခြင်းရဲ့ ကောင်းကျိုးတွေကို သင်ပြနိုင်မယ် ၊ သင်ကြားတဲ့ ဆရာ နဲ့ ဆရာမတွေကလည်း စံပြအနေနဲ့ ကျင့်ဝတ်တွေ စောင့်ထိန်းမယ်ဆိုရင် ဒီကလေးရဲ့ အကျင့်စာရိတ္တကောင်းမွန်ဖို့ ကျင့်ဝတ်တွေ စောင့်ထိန်းတတ်လာဖို့ ဒုတိယအဆင့် အောင်မြင်လာပြီပေါ့။

အတန်းတွေရလာတာနဲ့အမျှ အရွယ်တွေရလာတဲ့ ကလေးအရွယ်ကနေ လူငယ်လေး ဖြစ်လာသူတွေ ကျင်လည်တဲ့ ပတ်ဝန်းကျင်ဟာလည်း ကျယ်ပြန့်သထက် ကျယ်ပြန့်လာပါပြီ။ ဒီလိုကျင်လည်ရာ ပတ်ဝန်းကျင်မှာ ကျင့်ဝတ်စောင့်ထိန်းသူတွေများရင် ကလေးဘဝကတည်းက ကျင့်ဝတ်စောင့်ထိန်းဖို့ ကျင့်သားရလာတဲ့လူငယ်လေးဟာ သူ့လုပ်ငန်းခွင်မှာ ၊ သူကျင်လည်ရာ လူမှုဝန်းကျင်မှာ ကျင့်ဝတ်စောင့်ထိန်းသူတစ်ယောက် ဖြစ်လာမှာပါ။

အခုတော့လေ …. ယောက်ျားကောင်း မောင်းမတစ်ထောင်ဆိုတာကို လက်စွဲကိုင်တဲ့ ဖခင်နဲ့ သူများအိမ်ထောင်ဖြိုခွဲပြီး မိမိအိမ်ထောင် တည်ထောင်ခဲ့တဲ့ မိခင်တွေရဲ့ သားသမီးဟာ နေ့တဓူဝ ကြားနေ ၊ မြင်နေရတဲ့ သူ့မိဘတွေရဲ့ တနေ့တာကဏ္ဍ ၊ ပတ်ဝန်းကျင်ရဲ့ ဝေဖန်ပြောစကားတွေ ၊ ရုပ်မြင်သံကြားတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ကြားနေ ၊ မြင်နေနိုင်တဲ့ ဖောက်ပြန်ခြင်း ဇတ်လမ်းများ ၊ ပတ်ဝန်းကျင်က ဖောက်ပြန်ကြသူတွေရဲ့ အကြောင်းတွေနဲ့ ကျင့်သားရပြီး လူဖြစ်လာရတယ်။

ကျောင်းတက်တဲ့အခါ ငွေမျက်နှာလိုက်တတ်တဲ့ ဆရာ ၊ ဆရာမတွေနဲ့ တွေ့ဆုံလာတဲ့အခါ ၊ ကျောင်းသွားကျောင်းပြန် ကားစီးရင်း အောက်ဆိုဒ်တောင်းကြတဲ့ မော်တော်ပီကယ်တွေကို စမြင်တွေ့အတုယူလာပြီး အောက်ဆိုဒ်(အပိုဝင်ငွေ)ဆိုတဲ့စကားမှာ စိတ်ဝင်စားလာတယ်။ အပိုဝင်ငွေရှိရင် ပိုအဆင်ပြေတယ်လို့ သူဟာ ယုံကြည်လာပြီး ကျင့်ဝတ်စောင့်ထိန်းဖို့ထက် ငွေဝင်ကောင်းဖို့ဆိုတာကို သင်ယူလာပါတယ်။

ဒီလိုစိတ်နဲ့ အရွယ်ရလာတဲ့ကလေးတွေ အရွယ်ရောက်လာတဲ့အခါ မြင်ရ ၊ ကြားသိခဲ့ရတဲ့ အသိ ၊ အတတ်ပညာတွေ (ဖောက်ပြန်ခြင်းအတတ်တွေ)ကို လက်တွေ့ကျင့်သုံးဖို့ အားခဲနေပြီပေါ့။ အိမ်ကပံ့ပိုးပေးနိုင်တဲ့ငွေနဲ့ မလောက်တဲ့အခါ အောက်ဆိုဒ်ရှာတဲ့အနေနဲ့ သင်ခဲ့တဲ့ အတတ်ပညာတွေကို ထုတ်သုံးတတ်လာတယ် ။ ရလဒ်က လူဆင်းရဲနဲ့ လူလတ်တန်းစား အရွယ်ရောက် မိန်းကလေးတချို့ဟာ Sponsor နဲ့ Sugar Daddy ဆိုတဲ့ စကားလုံးတွေကို စိတ်ဝင်စားလာတယ်။ အရွယ်ရောက်ယောကျာ်းလေးတွေကလည်း အားကိုးလောက်တဲ့ မမတွေဆို လာထားပဲ။ တချို့က အကြိမ်ကြိမ် မတွဲရ ၊ မသုံးရလဲနေ တခါအိပ်ပြီး တခါရလာတဲ့ ဝင်ငွေဆိုတာ မက်မောရင်း အရွယ်မတိုင်ခင်မှာ ကြေးစား ဖြစ်မှန်းမသိ အိမ်မုန့်မိုးအပြင်ဘက်က အောက်ဆိုဒ်ရှာလာတော့တယ်။

မိန်းမပျိုလေးတစ်ယောက်အနေနဲ့ တန်ဖိုးထားစရာဆိုတဲ့ အပျိုစင်ဘဝကို လက်တည့်စမ်းသူနဲ့ပဲဖြစ်ဖြစ် ငွေကြောင့်ပဲဖြစ်ဖြစ် အပျိုရည်ပျက်သွားပြီးတဲ့အခါမှာ ဘာမက်မောစရာရှိသေးလို့လဲ။ ကိုယ်တိုင်က မသုံးနိုင်တဲ့ဘဝ ၊ လှချင်တဲ့အရွယ် ၊ ဝတ်စားချင်တဲ့စိတ်တွေက မြင် ၊ ကြား ၊ သင်ယူခဲ့တဲ့ ဖောက်ပြန်ခြင်းအတတ်ပညာနဲ့ ပေါင်းစပ်လိုက်တဲ့အခါ “ကျင့်ဝတ်စောင့်ထိန်းရတယ်ဆိုတာ ပုံပြင်ထဲမှာလားဟင်” လို့ ထင်လာကြတယ်။ ယောကျာ်လေးတွေကလည်း ယောကျာ်းပဲ ကျားဆိုတာ အသားမရှောင်ဘူးဆိုတဲ့စကားနဲ့ လွယ်လွယ်လေး ကျင့်ဝတ်ဖောက်ပြန်တတ်လာတယ်။

အပျိုရည်ပျက်ပြီးသားဖြစ်တဲ့ ကလေးမလေးတွေဟာ ငယ်ရွယ်တဲ့ အသက်ကလေး ၊ နုနယ်တဲ့ရုပ်ကလေး ဗန်းပြလို့ တပွဲထိုးပဲဖြစ်ဖြစ် ၊ ဘဝတသက်တာ အားကိုးလောက်စရာလူကိုပဲဖြစ်ဖြစ် ၊ ငွေတောင့်တင်းသူတွေကိုပဲဖြစ်ဖြစ် ပိုင်းခွင့်ရဖို့ အာရုံစိုက်လာကြတယ်။ ဒီလိုကလေးမလေးတွေ နှောင့်ယှက် ဖောက်ပြားခဲ့လို့ စိတ်မထိန်းနိုင်တဲ့ (ယောကျာ်းကောင်းမောင်းမတထောင် ခံယူထားတဲ့) လူငယ် ၊ လူလတ်အမျိုးသားတွေဟာလည်း ဖောက်ပြန်မှုမှာ သာယာလာကြတယ်။ ဒီကောင်ကလေးတွေ ၊ အမျိုးသားတွေရဲ့ ဖောက်ပြန်ခြင်းခံခဲ့ရတဲ့ စာရိတ္တကောင်းမွန်ပြီး ကျင့်ဝတ်စောင့်ထိန်းတဲ့ မိန်းကလေးတွေ ၊ ကောင်မလေးတွေဟာ ဖောက်ပြန်ခြင်း ခံရပါများလေ အမျိုးသားတွေကို အယုံအကြည်မဲ့လာလေ ဖြစ်လာတယ်။

BurmeseHearts Blog

နှုတ်ခမ်းပဲ့ချင်းမီးမှုတ်ကြတဲ့ဇတ်လမ်း (စာရိတ္တပျက်သူချင်း ဖောက်ပြားကြတဲ့ ဇတ်လမ်း)မှာ စာရိတ္တကောင်းမွန်သူတွေရဲ့ ခံစားချက်တွေဟာ ပွန်းပဲ့နာကျင်ပြီး ဒဏ်ရာနက်နက်ရသွားတဲ့အခါမှာ စိတ်မခိုင်သူတွေက ငါလည်း ဖောက်ပြားမယ် ၊ သူတစ်ယောက်တွဲ ငါနှစ်ယောက်တွဲမယ်ဆိုတာတွေ ဖြစ်လာတယ်။ ဒီလိုစိတ်ဖြစ်တာဟာ ခံစားချက်ကို ဦးစားပေးဖြစ်ပေါ်လာတာမို့ ဒီလုပ်ရပ်ဟာ ကိုယ်နစ်နာဖို့ပဲ ဖြစ်တယ်လို့ မစဉ်းစားမိတော့ဘူး။ မိန်းကလေးတွေ အိမ်ထောင်မကျခင် ဒီလိုလုပ်ရင် ကိုယ့်ရဲ့အပျိုဂုဏ်ရည်မှာ စွန်းထင်းလို့ နစ်နာတာပဲ။ အိမ်ထောင်ကျရက်နဲ့ ဒီလိုလုပ်ရင် ဖောက်ပြားတတ်သူလို့ စွန်းထင်းတာပဲ။ ကလေးရှိရက်နဲ့ ဒီလိုလုပ်ရင်တော့ ကျင့်ဝတ်ပျက်သူအဖြစ် ကိုယ်တင်စွန်းထင်းရုံမက ကလေးရဲ့စိတ်မှာလည်း အစွန်းအထင်းဖြစ်သွားပါတယ်။

ငယ်စဉ်ကတည်းက သင်ယူလာခဲ့တဲ့ အသိ ၊ အတတ် ၊ အတုမြင်အတတ်သင် ပညာတွေ ၊ မြင်တွေ့ ကြားသိရတဲ့ ပတ်ဝန်းကျင်က အဖြစ်အပျက်တွေ ၊ ရုပ်မြင်ဇတ်လမ်းတွေက လွှမ်းမိုးမှုတွေဟာ လူငယ်တွေရဲ့ စာရိတ္တကို စွန်းထင်းစေရုံမက လူလတ်ပိုင်းရောက်နေသူတွေနဲ့ လူကြီးပိုင်းတွေရဲ့ စာရိတ္တတွေ စိတ်ခံစားချက်တွေကိုလည်း ပျက်ပြားစေတယ်။

ကျောင်းပရဝုဏ်အတွင်းမှာလည်း သာယာမှုနောက်လိုက်ပြီး ဖောက်ပြန်ကြတယ် ၊ အလုပ်ခွင်ထဲမှာ နီးစပ်မှုယူပြီး ဖောက်ပြန်ကြတယ် ၊ လမ်းပေါ်မှာလည်း ပါးစပ်သရမ်းပြီး ညီမ ၊ အစ်မ ကိုယ်ချင်းစာ မထောက်ထားဘဲ စကားအသားယူလို့ လျှာအရသာခံကြတယ် ၊ အများသုံးယာဉ်တွေပေါ်မှာ ကားကြပ်တာ အခွင့်ကောင်းယူပြီး ကိုယ်ချင်းကပ် သာယာမှုရှာကြတယ်။ ဖောက်ပြန်တဲ့သူတွေများလွန်းတော့ ဥပဒေက ဖောက်ပြန်ခြင်းခံရသူတွေအတွက် ထိထိရောက်ရောက် ကာကွယ်မှုမပေးနိုင်ဘူး။ ဥပဒေအတိုင်း လုပ်ဆောင်ပါတယ်လို့ ဆိုသူတွေကိုယ်တိုင်က ဥပဒေတွေကို ချိုးဖောက် ဖောက်ပြန်နေရင် သူတို့ပြောနေတဲ့ ဥပဒေဆိုတာကို ဖောက်ပြန်သူတွေက မထင်မဲ့မြင်ပြုလာတယ်။

လူမှုကျင့်ဝတ်တွေဖောက်ပြန်တယ် ၊ အကျင့်စာရိတ္တတွေ ဖောက်ပြန်တယ် ၊ သီလတွေချိုးဖောက်တယ် ၊ လုပ်သင့်တာတွေ မလုပ်ကြဘဲ မလုပ်သင့်တာတွေ လုပ်ကြတယ် ။ ပြည့်စုံသူတွေက အပျော်ရှာရင်းဖောက်ပြားကြတယ်။ မထူးဇတ်ခင်းသူတွေက ပျက်ပြီးသားစာရိတ္တတွေနဲ့ သူများချစ်ခြင်း ကွေကွင်းအောင် ဝင်နှောက်ကြတယ် ၊ သူများအိမ်ထောင် ပျက်ပြားအောင် ဝင်ဖျက်ကြတယ် ၊ မစောင့်ထိန်းတဲ့နည်းတွေနဲ့ သူများဥစ္စာ ကိုယ့်ဥစ္စာဖြစ်အောင် အမျိုးမျိုးကြိုးစားလာကြတယ်။

ဖောက်ပြားတတ်သူတွေများတဲ့ ကျွန်မတို့အနာဂါတ်ကို ပြင်မယ်ဆိုရင် အထက်မှာ ဆိုထားသလို မိဘတွေကိုယ်တိုင်က စံပြနေမယ် ၊ မိဘတွေ အများစုက စံပြနေထိုင်လာကြတဲ့အခါ သူတို့ပတ်ဝန်းကျင် ၊ သူတို့ကလေးပတ်ဝန်းကျင်ဟာ ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်ဖြစ်လာမယ်။ ကျောင်းသင်ခန်းစာတွေနဲ့ ကျောင်းတွင်းပတ်ဝန်းကျင်မှာလည်း ဆရာ ၊ ဆရာမတွေက စာရိတ္တပိုင်းဆိုင်ရာ အောက်ဆိုဒ်မရှာဘဲ ကျောင်းသား ၊ ကျောင်းသူတွေကို သာတူညီမျှ ဆက်ဆံမယ် ၊ အစိုးရရုံးတွေရဲ့ ဆောင်ရွက်ချက်တွေမှာ လာဘ်စားနိုင်ခွင့် နည်းသထက်နည်းအောင် ပွင့်လင်းမြင်သာတဲ့စနစ် ကျင့်သုံးမယ် ။ ပြည်သူတွေရဲ့ ဆန္ဒကို ဦးစားပေးမယ်။ အကျင့်စာရိတ္တကောင်းသူတွေကို လျှို့ဝှက်မဲစနစ်နဲ့ အုပ်ချုပ်သူနေရာခန့်ခွင့်ပေးမယ် ၊ ဒီမဲစနစ်နဲ့ပဲ အကျင့်စာရိတ္တမကောင်းသူတွေကို ရာထူးချမယ်ဆိုရင် အကျင့်စာရိတ္တကောင်းသူတွေ လည်ပတ်စေတဲ့ အုပ်ချုပ်ရေးယန္တရားစနစ်အောက်မှာ အကျင့်စာရိတ္တကောင်းသူတွေသာ မြဲနေမှာဖြစ်ပြီး အကျင့်စာရိတ္တမကောင်းသူတွေအတွက် နေရာမရှိ ဖြစ်လာမှာပါ။

နောက်တဆင့်မှာ အကျင့်စာရိတ္တကောင်းသူတွေ ရေးဆွဲတဲ့ဥပဒေကို ဘက်မလိုက်တတ်တဲ့ ကျင့်ဝတ်စောင့်ထိန်းသူတွေက အတည်ပြုပြီး ဥပဒေချိုးဖောက်သူတွေကို ဥပဒေအတိုင်း နောင်ကျဉ်အောင် စီရင်မယ်ဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံကြီးဟာ လမ်းသွားရင်း ပါးစပ်အရသာခံပြောနေလူတွေဆီက လွတ်မြောက်မယ် ၊ ကြောင်တောင်နှိုက်နေသူတွေလက်က လွတ်မြောက်မယ် ၊ လူတစ်ယောက် စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေ အသက်ဝင်လာတာမို့ လူ့အခွင့်အရေးဆိုတာကို အပြည့်အဝ ရရှိလာမှာဖြစ်ပါတယ်။

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

BurmeseApp on Google Play

]]>
http://www.burmesehearts.com/%e1%80%99%e1%80%b1%e1%80%96%e1%80%ac%e1%80%80%e1%80%b9%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac%e1%80%a1%e1%80%94%e1%80%ac%e1%80%82%e1%80%ab%e1%80%90%e1%80%b9%e1%80%9e%e1%80%ad/feed/ 0
လိုရာလမ်းကြောင်းပေါ်ရောက်နေပြီမို့ စုပေါင်းညီညာကြပါစို့ http://www.burmesehearts.com/%e1%80%9c%e1%80%ad%e1%80%af%e1%80%9b%e1%80%ac%e1%80%9c%e1%80%99%e1%80%b9%e1%80%b8%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%95%e1%81%9a%e1%80%b1%e1%80%9b%e1%80%ac/ http://www.burmesehearts.com/%e1%80%9c%e1%80%ad%e1%80%af%e1%80%9b%e1%80%ac%e1%80%9c%e1%80%99%e1%80%b9%e1%80%b8%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%95%e1%81%9a%e1%80%b1%e1%80%9b%e1%80%ac/#respond Wed, 30 Mar 2016 11:32:21 +0000 http://www.burmesehearts.com/?p=46240

ရွေးကောက်ပွဲအနိုင်ရကတည်းက ရင်တထိတ်ထိတ်နဲ့ စောင့်မျှော်ခဲ့ရတဲ့ဒီရက် …. အစိုးရသစ်သို့ တရားဝင်အာဏာလွှဲပြောင်းပေးအပ်သည့်ရက် …. အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီ။ အိနြေ္ဒသိက္ခာရှိစွာ တာဝန်လွှဲပြောင်းပေးအပ်ခဲ့တဲ့ရက် … အမုန်းတွေအစား အပြုံးတွေဖလှယ်တဲ့ရက် … ပြည်သူပြည်သားတွေ တရားဝင် စိတ်လွတ်ကိုယ်လွတ် ပျော်နိုင်တဲ့ရက် … စောင့်မျှော်ခဲ့ရတာ နှစ်ပေါင်းငါးဆယ်ကျော်ခဲ့တဲ့ အရပ်သားအစိုးရစစ်စစ် တရားဝင် အာဏာရတဲ့ရက် … ပြောလို့ဆုံးနိုင်ဦးတော့လား အပျော်တွေလေ။

တခြားသူလက်ထဲရောက်သွားတဲ့ ကိုယ်တမြတ်တနိုးထားတဲ့ပစ္စည်းကလေး စုတ်ပြတ်သတ်နေဦးတော့ ကိုယ့်လက်ထဲပြန်ရောက်တာကိုပဲ ကျေနပ်ရမယ့်အခြေအနေပါ။ အားလုံးကောင်းဖို့ အကောင်းဘက်ကတွေးကြစို့ …. ဘယ်သူတွေ ဘာတွေလုပ်ခဲ့တယ်ဆိုတာ နောက်ကြောင်းပြန်အပုပ်ချပြီး အချိန်ကုန်မနေဘဲ လုပ်သင့်တာတွေကို အရှိန်အဟုန်မြှင့်တင်လို့ (၅)နှစ်ဆိုတဲ့ လုပ်ခွင့်ရကာလကလေးမှာ (ကိုယ်ချစ်သော အရပ်သားအစိုးရတက်တုန်းမှာ) အစိုးရက ပြည်သာဖို့ကြိုးစားနေစဉ် ကိုယ်တွေကလည်း ကိုယ့်အစွမ်းအစတွေတိုးမြှင့်နိုင်ဖို့ ၊ ကိုယ့်ပညာကတဆင့် ဝင်ငွေတွေ တိုးမြှင့်နိုင်ဖို့ ၊ ကိုယ့်မိသားစု ပညာရေးနဲ့ ဘဝရေးကို တိုးမြှင့်ပေးနိုင်ဖို့ ၊ နိမ့်ကျဘဝတွေကို ဖေးမတိုးမြှင့်ပေးနိုင်ဖို့ စတာစတာတွေကို အစိုးရနဲ့ပြည်သူ လက်တွဲညီညီချီတက်ရဦးမှာမို့ သူများမကောင်းကြောင်းလိုက်ပြောရုံနဲ့ ကိုယ်ကောင်းသွားမှာမဟုတ်ဘူးလေ။ ဒီတော့ ကောင်းမွန်သောအနာဂါတ်ကိုချီတက်ဖို့ ကိုယ်တိုင်က ကောင်းအောင်ကြိုးစားကြစို့ပါ။

အရင်အစိုးရဆိုတာက ဝတ်စုံပြောင်းဝတ်တဲ့အစိုးရလို့ပြောပြော ၊ အရေခွံလဲတဲ့အစိုးရလို့ပြောပြော ရာထူးကြီးသူ (သူတို့) အချင်းချင်းထဲကမှ အသင့်တော်ဆုံးလူကို သမ္မတရွေးကောက်တင်မြှောက်ပြီး အစိုးရဖြစ်စေခဲ့တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ယခင်သမ္မတဟောင်းကြီး ဦးသိန်းစိန်ကိုလည်း ကြံဖန်ကျေးဇူးတင်ရမှာပါပဲ။ အာဏာလွှဲပြောင်းပေးအပ်ပွဲ ငြိမ်းငြိမ်းချမ်းချမ်း အောင်မြင်စွာပြီးဆုံးသွားသည်အထိ ကောင်းကောင်း ထိန်းကွပ်ပေးနိုင်ခဲ့လို့ပါ။ ဒီအတွက် ကျေးဇူးတင်ထိုက်သူအားလုံးကို ပြည်သူတွေအစား ကျေးဇူးတင်တယ်လို့ ဒီကနေတဆင့်ပြောပါရစေ။

သူတို့အချင်းချင်းထဲက အတင်းကာရော မစဉ်းစားမဆင်ခြင် ချုပ်ဆိုထားခဲ့တဲ့ စီမံကိန်းတွေထဲကမှ သမ္မတဦးသိန်းစိန်ဟာ လူထုဆန္ဒရှေ့ထားပြီး မြစ်ဆုံစီမံကိန်း ရပ်တန့်ထားခဲ့တယ်။ ကြေးနီစီမံကိန်းမှာတော့ လက်လျော့ထားခဲ့တယ်။ ဒီအစိုးရမတိုင်မီချုပ်ကိုင်ထားခဲ့တဲ့ ဆက်သွယ်ရေးပိုင်းတွေ ပွင့်လာခဲ့ပြီး မြို့နေလူတန်းစားအများစု ဖုန်းကိုင်နိုင်ခဲ့တယ်။ လွတ်လပ်စွာစီတန်းဟောပြောခွင့် မယ်မယ်ရရ မရခဲ့ပေမယ့် စာနယ်ဇင်းလွတ်လပ်ခွင့်တွေလည်း အထိုက်အလျောက်ပွင့်လာခဲ့တယ်။ အထူးခြားဆုံးကတော့ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ အာဇာနည်နေ့အခမ်းအနားကို တတိုင်းတပြည်လုံးအတိုင်းအတာနဲ့ ကျင်းပခွင့်ရခဲ့တယ်။ ဗိုလ်ချုပ်ရာပြည့်အခမ်းအနားကိုလည်း ခြိမ့်ခြိမ့်သဲကျင်းပနိုင်ခဲ့တယ် စတဲ့ ဒီလိုကောင်းကွက်တွေကိုပဲ ယူကြည့်မယ်ဆိုရင် သမ္မတဦးသိန်းစိန်ဟာ သူ့လုပ်ပိုင်ခွင့်တွေထဲကမှ လုပ်နိုင်သလောက်ကို အကောင်းဆုံးလုပ်ခဲ့တယ်လို့ တွေးပေးကြပါစို့။

လုပ်နိုင်သလောက်ပဲလုပ်ခဲ့တယ်လို့ဆိုရတာဟာ သမ္မတတစ်ဦးအလျောက် လုပ်သင့်သလောက်မလုပ်ခဲ့ဘူးလို့ယူဆရင်လည်းရပါတယ်။ ဒီလိုမယူဆခင် သူဟာလည်း စစ်ဘက်က အရပ်ဘက်ပြောင်းပြီး သမ္မတလုပ်လာခဲ့သူတစ်ယောက်လို့ လက်ခံရုံပါ။ သူကျွမ်းကျင်တဲ့အရာဟာ စစ်ရေးဖြစ်နေတာမို့ ရှုပ်ထွေးလှတဲ့နိုင်ငံရေးမှာ နိုင်ငံရေးပညာသီးသန့်လိုက်စားထားတဲ့ဂုရုတွေလောက် သူ မလုပ်နိုင်ခဲ့တာကို အခုအချိန်မှာ (အရပ်သားအစိုးရစစ်စစ်ရနေချိန်) နားလည်ပေးလိုက်ကြပါစို့။ ကျွန်မကတော့ သမ္မတဟောင်းဦးသိန်းစိန်ကို ကြံဖန်ချီးကျူးပါတယ်။ ပြီးခဲ့တဲ့ငါးနှစ်က သူ့ထက်သဘောထားတင်းမာသူသာ သမ္မတတစ်ဦးဖြစ်ခဲ့မယ်ဆိုရင် ယနေ့မှာ ကျွန်မတို့ဟာ ဒီလိုအရပ်သားအစိုးရစစ်စစ် ရဖို့အခွင့်အရေး ရှိနေနိုင်ပါရဲ့လားလို့တွေးပြီး သမ္မတဟောင်းဦးသိန်းစိန်ကို ကြံဖန်ကျေးဇူးတင်တာပါ။

ကျွန်မဟာ တခါတလေ ကိုယ့်အရည်အချင်းနဲ့ မပြည့်မီနေတဲ့ လုပ်ပိုင်ခွင့်ရနေရာတခု ထိုင်ရတဲ့အခါမှာ ဒီအဖွဲ့အစည်းထဲ ကိုယ့်ထက် အလုပ်အပေါ် စေတနာထားလုပ်နိုင်သူ မရှိဘူးလို့ သိမြင်လိုက်တဲ့အခါမှာ ကိုယ်နဲ့မထိုက်တဲ့နေရာကို တာဝန်အရဝင်ထိုင်ပြီး အကောင်းဆုံးလုပ်ကိုင်ခဲ့ရတာမျိုးရှိပါတယ်။ ကိုယ်နဲ့မထိုက်တဲ့နေရာနေရတော့ စိတ်တော့မသန့်ဘူးပေါ့။ တကယ်ထိုက်တန်တဲ့သူပေါ်လာရင် ကိုယ်တိုင်က Request လုပ်ပြီး နေရာကနှုတ်ထွက်ပေးခဲ့ဖူးတယ်။ နေရာကအရေးမကြီးပါဘူး။ လုပ်ငန်းတခု အောင်မြင်စွာ တင့်တင့်တယ်တယ် ပြီးမြောက်သွားဖို့က အရေးကြီးတာမဟုတ်လား။ ကိုယ့်ထက် ပိုလုပ်နိုင်တဲ့အရည်အချင်းရှိတဲ့သူ ၊ တကယ်လည်း စေတနာထားလုပ်မယ့်သူရှိနေရင် ဘာကြောင့် ကိုယ့်နေရာ အလိုက်သိသိ မဖယ်ပေးနိုင်ရမှာလဲနော်။ ကိုယ်မလုပ်နိုင်ဘဲ လုပ်နိုင်သယောင်နဲ့ ဝင်ထိုင်နေတာကမှ အလုပ်လည်းမပြီးမြောက် ၊ ကိုယ့်အုပ်ချုပ်မှုအောက်က အဖွဲ့အစည်းလည်းနုံချာ ၊ ကိုယ်တိုင်လည်း စိတ်မလုံနိုင်ဘဲ အဲဒါကမှ တကယ့်ရှက်စရာနော်။

BurmeseHearts Blog

အခုအစိုးရသစ်တက်လာပြီ။ ကိုယ်လိုချင်တဲ့ပါတီကလူတွေ နေရာရလာပြီ။ လူထုစိတ်တိုင်းကျဖြစ်ပြီဆိုတော့ လူထုကိုသူတို့ဘာပေးဆပ်မလဲဆိုတာ မမျှော်လင့်ခင် ကိုယ်လုပ်နိုင်တာကို ကိုယ်တိုင်စလုပ်ကြရအောင်လား …. ကိုယ့်ပတ်ဝန်းကျင်သန့်ရှင်းစေချင်ရင် ကိုယ်တိုင်က ကိုယ့်ပတ်ဝန်းကျင်သန့်ရှင်းအောင် အရင်ပြောင်းလဲနိုင်ရမယ်။ ဆေးလိပ်တိုနဲ့အမှိုက်တွေ ၊ ကွမ်းတံတွေးတွေ လက်လွတ်စပယ် စွန့်ပစ်တာတွေကို သတိထားပြီးနေရာတကျ ၊ စနစ်တကျ စွန့်ပစ်မယ်။ စုပေါင်းညီညာစွမ်းအားနဲ့ စည်းကမ်းမဲ့စွန့်ပစ်သူတွေကို အများအားနဲ့တားဆီးမယ်။ ကိုယ်တိုင်လည်း တပတ်တခါဖြစ်ဖြစ် စုပေါင်းရှင်းလင်းမယ်ဆိုရင် ရှုပ်ပွညစ်ပေနေတဲ့ ပတ်ဝန်းကျင်ဟာ လုပ်တာလေးတွေ အရှိန်ရလာတာနဲ့အမျှ သန့်ရှင်းသပ်ရပ်လာမှာပါ။

အစိုးရက တို့အခွင့်အလမ်းအတွက် ဘာတွေလုပ်ပေးမှာလဲဆိုတာ မမျှော်ခင် ကိုယ့်အခွင့်အလမ်းကို ကိုယ်တိုင်လမ်းဖောက်ကြရအောင်လား …. ကိုယ့်တကိုယ်ရည်စာ ၊ ကိုယ့်မိသားစုစာ ပညာရေး ၊ ကျန်းမာရေး ၊ ပျော်ရွှင်ရေးတွေအတွက် အချိန်ကို အကျိုးရှိရှိ အသုံးချမယ်ဆိုရင် အချိန်နဲ့အမျှ အကျိုးရှိလာမှာဖြစ်ပါတယ်။ ကိုယ်ဒုက္ခရောက်တဲ့အချိန် ကိုယ့်ကိုကူညီတဲ့သူရှိစေချင်ရင် တပါးသူဒုက္ခရောက်နေစဉ်မှာ ကိုယ်တိုင်ကစ နိုင်သမျှလေး ကူကြရအောင်လား။ ယခုလည်း စိတ်ကျေနပ်ချမ်းသာ ၊ ဗုဒ္ဓဘာသာဝင်ဆို နောင်သံသရာလည်းကောင်းတာပေါ့။ ဘာသာတိုင်းမှာ တပါးသူအား ကူညီဖေးမခြင်း ၊ ကယ်တင်ခြင်းဆိုတာ ကောင်းမွန်သောလုပ်ရပ်အဖြစ် အစဉ်ရှိနေတာပါ။

ကိုယ်တွေ့ကြုံဆက်ဆံရတဲ့နေရာတိုင်းမှာ စေတနာထားပြီး စနစ်တကျလုပ်ကိုင်တာမျိုး ဖြစ်စေချင်တယ်ဆို ကိုယ်တိုင်က ကိုယ့်လုပ်ပိုင်ခွင့်ထဲရောက်လာတဲ့အခါ စေတနာထားပြီး အလုပ်မြန်ဆန်ပြီးမြောက်အောင် လုပ်ကိုင်ပေးရမှာပါ။ တစ်ဦးချင်စီက ဒီလိုစိတ်ထားမျိုးနဲ့လုပ်ကိုင်မယ်ဆိုရင် စေတနာသဒ္ဒါတရားထက်သန်တဲ့ မြန်မာလူမျိုးတွေဟာ ခပ်မြန်မြန်လေး အာရှနိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်မှာပေါ့။ ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်မယ်လို့မပြောတာဟာ ကျွန်မတို့ဟာ နှစ်ငါးဆယ်ကျော် နောက်ကောက်ကျခဲ့ပြီမို့ အနီးဆုံးအာရှနိုင်ငံတွေကို မှီအောင်လိုက်နိုင်ဖို့ စနစ်ရယ် ၊ လူအားရယ်ပေါင်းပြီး အချိန်နဲ့အမျှ အားသွန်ခွန်စိုက် စုပေါင်းညီညာစွာ လုပ်ကိုင်ကြရမှာပါ။

နိုင်ငံကြီးတိုးတက်ဖို့ဆိုတာ နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ အစိုးရနဲ့ပြည်သူ အစေးမကပ်လို့သာ အစိုးရအဆက်ဆက်ကို ကလန့်တိုက်နေခဲ့ကြတာမဟုတ်လား။ အားများတဲ့ပြည်သူတွေ တစ်ဦးချင်စီက စတင်ပြောင်းလဲပြီး နိုင်ငံကြီးသားပီသစွာ ကိုယ့်တာဝန်ကိုယ်သိမယ်ဆိုရင် မြန်မာနိုင်ငံကြီး တိုးတက်ပြောင်းလဲဖို့ဆိုတာ လက်တကမ်းအလိုမှာပါ။ ပြည်သူတွေညီတာကို အရပ်သားအစိုးရစစ်စစ် အာဏာရဖို့ မဲပေးခဲ့တဲ့ ရွေးကောက်ပွဲက သက်သေပြနိုင်ခဲ့ပြီပဲ။ ဒီတခါလည်း နိုင်ငံတော်ကြီး စနစ်ကျကျ တိုးတက်ဖွံ့ဖြိုးဖို့ နိုင်ငံသားတိုင်းက အစိုးရနဲ့ပူးပေါင်းမယ် ၊ အဖျက်စိတ်ရှိသူတွေကို တာဝန်သိသိနဲ့ဖော်ထုတ် အပြစ်ပေးမယ် ၊ ကိုယ်တိုင်က စတင်ပြောင်းလဲပြီး ခြမစားတဲ့ စနစ်ကျကျ အစိုးရယန္တရားကို ပြည်သူတစ်ဦးချင်းစီ ၊ ဝန်ထမ်းတစ်ဦးချင်းစီက စတင်အကောင်အထည်ဖော်လိုက်မယ်ဆို ခပ်မြန်မြန်လေး ခရီးရောက်မှာပါ။

အဆုံးမှာ ဘုန်းတော်ဘွဲ့ရွတ်တယ်လို့ဆိုဆို အချီးကျူးထိုက်ဆုံးသူကို ချီးကျူးရမှာပါပဲ။ ကိုယ့်မိသားစုနဲ့ ကိုယ်ကျိုးကိုစွန့်လွှတ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ဖို့ နှစ်သုံးဆယ်နီးပါး မြှုပ်နှံခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူးပါရစေ။ သူမဟာ ပန်းပျိုးလက်သက်သက်ပါ။ ကိုယ်ပျိုးတဲ့ပန်း ကိုယ်မပန်ရလည်းနေပါစေ ၊ ကိုယ်စိုက်တဲ့အသီး ကိုယ်မစားရလည်းနေပါစေ ၊ ကိုယ်ပျိုးတဲ့အပင်ရိပ် ကိုယ်မခိုရလည်းနေပါစေ အများအကျိုးရှိမယ်ဆို ကိုယ့်အသက်နဲ့ ကိုယ်ကျိုးတွေကိုလည်း စွန့်လွှတ်ရဲတဲ့ အံ့ဖွယ်ခေါင်းဆောင်ကောင်းပါ။ ဒါတွေဟာလည်း သူမဖခင်ရဲ့သွေးတွေ သူမကိုယ်ထဲစီးဆင်းနေရုံနဲ့မဟုတ်ဘဲ သူမရဲ့ပင်ကိုယ်ဗီဇစရိုက် ၊ သူမ လေ့လာခဲ့သော ပညာဗဟုသုတနဲ့ သူမ ကျင့်ကြံနေသော တရားဘာဝနာတို့က သူမအား လမ်းကြောင်းမှန်ကို မတွေမဝေ ၊ တစိုက်မတ်မတ် လျှောက်လှမ်းစေတာပဲဖြစ်မှာပါ။

သူမဟာ ကမ္ဘာ့ခေါင်းဆောင်တွေ အတုယူရအောင် ငါတော့ဘယ်လိုလုပ်လိုက်မယ်ဆိုတဲ့စိတ်ထားမျိုးနဲ့ လုပ်တာမဟုတ်ဘဲ သူမစိတ်ထားနဲ့လုပ်ရပ်တွေကိုက ကမ္ဘာ့ခေါင်းဆောင်တွေ အတုယူဖို့ဖြစ်နေတာ မြန်မာပြည်သူ ၊ ပြည်သားတွေအတွက် ဂုဏ်ယူစရာပါ။ ငါဆောက်ခဲ့တဲ့ဇတ်စင်ပေါ်မှာ မင်းသမီးအဖြစ် ငါမကရရင်လည်းနေပါစေ ၊ ဇတ်ပို့နေရာက လိုရင်လည်းကမှာပဲ ၊ ပရိသတ်တစ်ယောက်အနေနဲ့ ပွဲခင်းထဲဆင်း လက်ခုပ်တီးရရ ၊ ဘယ်ထောင့်ဘယ်နေရာမှာပဲ နေရပါစေ မြန်မာပြည်သူ ၊ ပြည်သားတွေ အေးချမ်းရင်တော်ပါပြီဆိုတဲ့ သူမစိတ်ဓါတ်လေးကိုက ချစ်စရာကောင်းနေတာ ၊ အတုယူစရာကောင်းနေတာပါ။ ဒီစိတ်ဓါတ်နဲ့ ဒီလုပ်ရပ်တွေကြောင့်ပဲ မြန်မာပြည်သူ ၊ ပြည်သားတွေသာမက ကမ္ဘာ့ခေါင်းဆောင်တွေရဲ့အာရုံတွေ ၊ ထောက်ခံမှုတွေကို သိမ်းကျုံးရယူထားတာပါ။ ဒီလိုခေါင်းဆောင်မျိုး ရရှိထားတာ ကျေးဇူးအထူးတင်ရှိပါတယ်။

မြန်မာပြည်သူ ၊ ပြည်သားတွေအတွက် စေတနာထားနိုင်လွန်းတဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ခေတ်ကိုမီတုန်း ၊ သူမ ဦးဆောင်သော ပါတီက အစိုးရနေရာရတုန်း ၊ သူမ ပါတီ လုပ်ပိုင်ခွင့်ရှိတုန်း လုပ်ကိုင်နေတုန်းမှာ ဒီခေါင်းဆောင်အတွက် ၊ ဒီနိုင်ငံအတွက် ကျွန်မတို့ ပြည်သူတွေ ၊ ပြည်သားတွေ ၊ ဝန်ထမ်းတွေလည်း ကျရာနေရာက ထမ်းနိုင်တာ ဝင်ထမ်းပြီး သမိုင်းအသစ်မှာ ပါဝင်ကြရအောင်လား။ ပြိုင်တူတွန်းလို့ ဒီမိုကရေစီခရီးဆီ ရွေ့ခဲ့ပြီမို့ တစ်ဦးချင်းစီက တာဝန်သိစွာ ညီညီညာညာ လုပ်ကိုင်ဆောင်ရွက်ကြမယ်ဆို အချိန်တိုအတွင်း မြန်မာနိုင်ငံဟာ တိုးတက်မှုအရှိန်အဟုန်ကောင်းကောင်းနဲ့ အောင်မောင်းခတ်နိုင်ပြီပေါ့။

ပုံရိပ် (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%9c%e1%80%ad%e1%80%af%e1%80%9b%e1%80%ac%e1%80%9c%e1%80%99%e1%80%b9%e1%80%b8%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%95%e1%81%9a%e1%80%b1%e1%80%9b%e1%80%ac/feed/ 0
တပြည်ရောက် ရန်ကုန်သူမြန်မာမလေး http://www.burmesehearts.com/%e1%80%90%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%80%e1%80%b9-%e1%80%9b%e1%80%94%e1%80%b9%e1%80%80%e1%80%af%e1%80%94%e1%80%b9%e1%80%9e%e1%80%b0%e1%80%bb%e1%80%99%e1%80%94/ http://www.burmesehearts.com/%e1%80%90%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%80%e1%80%b9-%e1%80%9b%e1%80%94%e1%80%b9%e1%80%80%e1%80%af%e1%80%94%e1%80%b9%e1%80%9e%e1%80%b0%e1%80%bb%e1%80%99%e1%80%94/#respond Sat, 12 Mar 2016 01:52:18 +0000 http://www.burmesehearts.com/?p=43263
ဓါတ်ပုံထဲက စလုံးမလေးဟာ နှင်းပွင့်မဟုတ်ပါဘူး။ လူချမ်းသာမိန်းကလေးပါ။
ဓါတ်ပုံထဲက စလုံးမလေးဟာ နှင်းပွင့်မဟုတ်ပါဘူး။ လူချမ်းသာမိန်းကလေးပါ။

တိုးတက်တဲ့နေရာမှာ တိုးတက်တဲ့အနေအထားအလျောက် ဒီအဆင့်အတန်းကို အမီလိုက်နိုင်ဖို့ လှုပ်ရှားရုန်းကန်ကြရတာပါ။ တောသားမြို့ရောက်ဆိုတဲ့စကားလို မဖွံ့ဖြိုးသေးတဲ့နေရာကနေ တိုးတက်ဖွံ့ဖြိုးတဲ့နေရာကို ရောက်လာတဲ့သူတွေဟာ မမြင်ဖူးတာတွေ ၊ မတွေ့ဖူးတာတွေ ၊ မခံစားဖူးတာတွေမှာ နည်းမှန်လမ်းမှန် နေထိုင်သုံးစွဲရမယ်ဆိုတာမသိဘဲ ယစ်မူးတတ်ကြပါတယ်။ အထူးသဖြင့် လှချင်ပချင်တဲ့မိန်းကလေးတွေဖြစ်ပါတယ်။

မိန်းကလေးတွေလို့ဆိုထားတဲ့အတွက် တောကမိန်းကလေး ၊ မြို့ကမိန်းကလေး ၊ တောင်ပေါ်ကမိန်းကလေး ၊ မြေပြန့်ကမိန်းကလေး ဘယ်သူမဆို လှချင်ပချင်တဲ့မိန်းကလေးတွေ တိုးတက်ခေတ်မီတဲ့ မြို့ကြီးပြကြီး ၊ နိုင်ငံကြီးလို နေရာမျိုး ရောက်သွားတဲ့အခါ နဂိုရှိနေတဲ့ လှချင်ပချင်စိတ်ကလေးကြောင့် မဝတ်ဖူးတဲ့အဝတ်တွေ ၊ မသုံးဖူးတဲ့အသုံးအဆောင်တွေ ၊ ဒီနေရာနဲ့ အဆင့်အတန်းမီအောင် လှုပ်ရှားရုန်းကန်လုပ်ကိုင်ကြရတဲ့ အခြေအနေတွေကြောင့် စိတ်ဖိစီးမှုဒဏ်မခံနိုင်တဲ့အဆုံး လမ်းမှားရောက်သွားတတ်ကြပါတယ်။

ဘယ်သူမှ အမြဲတမ်းမမှန်ဘူးလေ။ မှားတတ်ကြတဲ့သဘာဝရှိတဲ့အလျောက် မှားတာကို အပြစ်လုပ် မဆိုချင်ပေမယ့် ဒီလမ်းမှားကနေ လမ်းမှန်ကို ပြန်တည့်မတ်နိုင်အောင် ဘယ်လိုစိတ်ထားမျိုးနဲ့ လုပ်ကိုင်သွားတယ်ဆိုတာက ဒီလူရဲ့ခံယူချက် ၊ စိတ်နေစိတ်ထားနဲ့ လုပ်ဆောင်မှုတွေက သက်သေပြနေပါတယ်။ တိုးတက်တဲ့နေရာဌာနတွေကို ရောက်ရှိသွားတဲ့ လှပချင်စိတ်ကြီးစိုးသော မိန်းကလေးအများစုဟာ (အထူးသဖြင့် ငယ်ရွယ်နုနယ်သေးတဲ့ မိန်းကလေးတွေ) ပျက်စီးတတ်ကြပါတယ်။ စိတ်ဓါတ်ပျက်စီးလို့ လူရောအိနြေ္ဒသိက္ခာပါ ပျက်စီးသွားခဲ့ရတာပါ။

ဒါပေမယ့် တချို့တွေကျတော့ မဖြစ်လို့ဆိုတဲ့ အခြေအနေမှာ ဒီလိုမျိုး လှုပ်ရှားရုန်းကန်နေရပေမယ့် ကောင်းမွန်တဲ့ အခွင့်အရေးဆိုတာကို လုပ်ယူတယ် ။ တတ်နိုင်သမျှရုန်းထွက်တယ်။ ရုန်းထွက်လိုစိတ်ပြင်းထန်မှလည်း ရုန်းထွက်ဖြစ်တာပါ။ လုံးဝရုန်းထွက်သွားနိုင်ပြီဆိုရင်တော့ လမ်းမှန်ကိုရောက်ရှိပြီပေါ့။ တနယ်တကျေးမှာပျက်စီးလည်း ဘယ်သူသိတာမှတ်လို့ဆိုတဲ့စိတ်တွေနဲ့ စိတ်ထင်တိုင်း ပျက်စီးနေခဲ့ပြီး ကိုယ့်ရပ်ဌာနေပြန်တော့ ရိုးသားကြီးပွားသွားတဲ့ မိန်းမပျိုလေးတစ်ယောက်လို ပြန်တတ်ကြတာလည်း တွေ့ဖူးတယ်။ ဘယ်သူမှမသိဘူးလို့ခံယူထားပေမယ့် ကိုယ့်ကိုယ်ကို အသိဆုံးဖြစ်တယ်လေ။ အဲဒါတော့လိမ်မရဘူး။ ကိုယ့်စိတ်ကကိုယ့်ကို ခြောက်လှန့်တိုက်ခိုက်နေတာ အဆိုးဆုံးပဲ။

ပြည်ပရောက်မှ စိတ်ဓါတ်ရော သိက္ခာပါ ပျက်စီးသွားတဲ့ မိန်းကလေးတွေကို တွေ့ဖူးပေမယ့် ကျွန်မစိတ်ထဲ စွဲစွဲမြဲမြဲမှတ်မိနေတဲ့ အမျိုးကောင်းသမီးလေး (တပြည်ရောက် ရန်ကုန်သူမြန်မာမလေး) အကြောင်းကို မိန်းကလေးတွေရဲ့ စိတ်ဓါတ်ပဲ့ကိုင်နိုင်မှု အရည်အချင်းအလို့ငှါ မျှဝေလိုက်ပါတယ်။ နာမည်ရင်းမသုံးချင်လို့ သူမနာမည်ကို နှင်းပွင့်လို့ပဲ အမည်ပေးကြပါစို့။

BurmeseHearts Blog

ဖြူဖြူချောချောလေး နှင်းပွင့်က ရန်ကုန်ကနေပြီး စင်္ကာပူနိုင်ငံမှာ ပညာလာသင်တဲ့မိန်းကလေးပါ။ နှင်းပွင့်ရဲ့မိသားစုက အဆင်းရဲကြီးမဟုတ်သလို မချမ်းသာပါဘူး။ တမိသားစုလုံးမှာ မုဆိုးမမိခင်နဲ့ နှင်းပွင့်နှစ်ယောက်တည်းရှိပြီး အိမ်မှာရှိသမျှ အဖိုးတန်ပစ္စည်းမှန်သမျှကိုထုတ်ရောင်း ၊ မလောက်လို့ လိုတဲ့ငွေတွေကိုချေးငှါးပြီးမှ ရေရှည်ဘဝအရေးအတွက် စွန့်စားပြီး စင်္ကာပူနိုင်ငံမှာ ကျောင်းတက်ဟန်ပြပြီး ကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အရေးကို လာရှာသူတစ်ယောက်ပါ။ နှင်းပွင့်က မြန်မာနိုင်ငံက ဟိုတယ်ကြီးတစ်ခုမှာ ဧည့်ကြိုတာဝန်ကို နှစ်ရှည်ကောင်းကောင်းလုပ်ခဲ့ဖူးသူပါ။

စင်္ကာပူရောက်တော့ ကျောင်းစားရိတ်သွင်းပြီးပေမယ့် ကုန်ကျဖို့ရှိနေသေးတဲ့ လစဉ် နေစားရိတ် ၊ စားစရိတ် ၊ ခရီးစရိတ်တွေပါ သူမအိမ်က မပို့ပေးနိုင်ပါဘူး။ သူမက ချေးငှါးလာခဲ့တဲ့ငွေတွေပြန်ဆပ်ဖို့ ၊ အတိုးတွေပြန်ဆပ်ဖို့ ၊ မိခင်ရဲ့ စားဝတ်နေရေးအဆင်ပြေအောင် ပံ့ပိုးဖို့ဆိုတဲ့တာဝန်အကြီးကြီး ထမ်းထားရသူပါ။ ဒီတော့ စင်္ကာပူရောက်လို့ ကျောင်းသားကဒ်ရပြီဆိုတာနဲ့ သတင်းစာတွေကနေ အလုပ်စလျှောက်တော့တာပဲ။

အဲဒီခေတ်တုန်းက စင်္ကာပူနိုင်ငံမှာ ကျောင်းသားတွေအလုပ်လုပ်မယ်ဆို  အစိုးရကျောင်းက ကျောင်းသားတွေ ၊ အစိုးရတဝက် ပုဂ္ဂလိကတဝက်ပိုင်ဆိုင်တဲ့ ကျောင်းသား ၊ ကျောင်းသူတွေကိုပဲ ကန့်သတ်အချိန်နဲ့ အလုပ်လုပ်ခွင့်ပေးတာပါ။ ဒါတောင်မှ နိုင်ငံသားတွေနဲ့ အမြဲတမ်းနေထိုင်ခွင့်ရသူတွေကိုပဲ ဦးစားပေးတာပါ။ ကျန်တဲ့အလုပ်တွေ လုပ်မယ်ဆို အလုပ်ရှင် နဲ့ အလုပ်သမား နားလည်မှုယူပြီး ခိုးလုပ်ရတဲ့သဘောပါ။ မတော်လို့ ရဲစစ်တဲ့အချိန်နဲ့မိသွားခဲ့ရင် ကိုယ့်ကျောင်းသားကဒ် အသိမ်းခံရနိုင်ပါတယ်။ ပုဂ္ဂလိကကျောင်းမှာ ခြောက်လတာသင်တန်းပဲလာတက်တဲ့ နှင်းပွင့်ဟာ အဆင်ပြေမယ်ထင်ရာ အလုပ်တွေလျှောက်ရင်းနဲ့ PUB မှာ Customer Service အတွက် မိန်းကလေးလိုတယ်ဆိုတဲ့ အလုပ်ခေါ်စာကိုလည်း လျှောက်မိတယ်။ စင်္ကာပူရောက်တဲ့နေ့ကနေ တပတ်အတွင်းမှာလို အဲဒီPUB မှာ နှင်းပွင့် အချိန်ပိုင်းအလုပ်သမားအနေနဲ့ အလုပ်ရခဲ့တယ်။

မြန်မာနိုင်ငံမှာ ညဘက်(၁၂)နာရီအထိ အလုပ်ဆင်းခဲ့ရတဲ့နှင်းပွင့်ဟာ ဟိုတယ်ကကားနဲ့ပဲ ပြန်လေ့ရှိပြီး ကလပ်ဆိုတာလည်းမရောက်ဖူး ၊ ညဘဝဆိုတာတွေကိုလည်း မကြုံဖူးတဲ့ မိန်းကလေးတစ်ယောက်ပါ။ ဒီတော့ နိုင်ငံခြား PUB က Customer Service အလုပ်ဆိုတာကိုလည်း မြန်မာနိုင်ငံမှာ ဧည့်ကြိုလုပ်ခဲ့သလိုပဲလုပ်ရမယ်လို့ ခပ်ရိုးရိုးတွေးပြီး လုပ်ကိုင်ခဲ့တာပါ။ ဒီ PUB မှာ သောကြာ ၊ စနေ ၊ တနင်္ဂနွေ တပတ်သုံးရက် တရက် စင်္ကာပူဒေါ်လာ(၅၀) နှုန်းနဲ့ ဆင်းပေးပြီး ဧည့်သည်ကို PUB က အရက်တွေ ၊ ဘီယာတွေ မှာယူသောက်ဖို့ ဆွဲဆောင်နိုင်မယ်ဆို တခွက်ကို စင်္ကာပူဒေါ်လာ(၅)ဒေါ်လာ ကော်မရှင်ရပါတယ်။ အလုပ်ချိန်က ည(၉)နာရီစပြီး PUB ပိတ်တဲ့အချိန် မနက်(၃)နာရီဝန်းကျင်လောက်အထိ ဖြစ်ပါတယ်။

PUB ဆိုတဲ့သဘောကို အလုပ်လုပ်တော့မှ နှင်းပွင့်စသိလိုက်ရတာက သူမလုပ်တာ ဧည့်ကြိုအလုပ်တင်မဟုတ်ဘဲ မူးမူးရူးရူးနဲ့ တောင်ကိုင် ၊ မြောက်ကိုင် ၊ လူကို ညအိပ်ဖော်ဟုတ်လိုဟုတ်ငြား စမ်းသူတွေတွေ့လာရတော့တာပဲ။ အလုပ်ကိုက ဧည့်သည့်တွေကြိုရင်း အရက်သောက်ဖို့ ဆွယ်ရတဲ့အလုပ်မို့ အမူးသမားတွေနဲ့ချည်း ဆက်ဆံရတာပါ။ တခါတလေ တညတည်းမှာတင် ဧည့်သည်ပေးတဲ့မုန့်ဖိုးအပါအဝင် ဒေါ်လာ နှစ်ရာ ၊ သုံးရာအထိ ဝင်ငွေရှိပေမယ့် မိန်းမကောင်းလေးမို့ ဒီအလုပ်မှာ မမွေ့လျော်ပါဘူး။

တချို့ဧည့်သည်တွေဆိုရင် အမူးလွန်ပြီး သူမကို သူ့ကားနဲ့လိုက်ပို့ခွင့်ရမှ ဆိုင်ပိတ်ရမယ်လို့ ရစ်ပြီးမပြန်တဲ့သူတွေ ၊ သောင်းကျန်းသူတွေအထိ ရှိခဲ့တယ်လို့ နှင်းပွင့်ကပြောပါတယ်။ အမူးသမား ၊ အကြမ်းသမားတွေကို ပြန်ကြမ်းလို့မရတာမို့ အဲလိုအချိန်တွေမှာ သူမက နောက်နေ့တော့ လိုက်ပါ့မယ် ၊ ဒီနေ့တော့ ကိုယ့်ဘာသာကိုယ် အိမ်ပြန်လိုက်ပါလို့ ချော့လွှတ်ခဲ့ရတယ်တဲ့။ သူမကတော့ အလုပ်ပြန်ချိန်တိုင်း အလုပ်ကလိုက်ပို့တဲ့ကားနဲ့ပဲ အိမ်ပြန်မြဲပြန်ဆဲပါ။

တနင်္ဂနွေလို ညမျိုးမှာအလုပ်ဆင်းရင် မနက် (၄)နာရီကျော်ကျော်မှ အိမ်ပြန်ရောက်တဲ့နှင်းပွင့်ဟာ မနက်(၉)နာရီတက်ရမယ့်ကျောင်းချိန်အမီရောက်ဖို့ (၇)နာရီခွဲလောက်ကတည်းက ရေမိုးချိုးပြင်ဆင်သွားရတဲ့အခါ ရထားပေါ်မှာ မတ်တပ်ရပ်ရင်း အိပ်ပျော်သွားတဲ့အထိ ပင်ပန်းတဲ့နေ့တွေကို သည်းခံပြီး တဖက်ကလည်း ဒီအလုပ်ကရုန်းထွက်ဖို့ကြိုးစားပါတယ်။

မင်္ဂလာဆောင်ပွဲတွေမှာ အချိန်ပိုင်းစားပွဲထိုးအဖြစ် တနာရီ စင်္ကာပူဒေါ်လာ(၅)ဒေါ်လာနှုန်း ၊ တညငါးနာရီကနေ အလုပ်များချိန်ဆို (၁၀)နာရီအထိ ဆင်းရတဲ့အလုပ်ကို အတန်တန် လျှောက်ထားပြောဆိုပြီးမှ နှင်းပွင့်ရခဲ့ပါတယ်။ ဒီအလုပ်က လုပ်ဖို့ပေါ်လာမှ ဖုန်းဆက်ခေါ်တာမို့ တပတ်ဘယ်နှစ်ရက်လုပ်ရမယ်ဆိုတာ မသေချာသလို အများအားဖြင့် (၅)နာရီပဲဆင်းရတာမို့ သူမနေစားရိတ် ၊ စားစရိတ် ၊ အကြွေးတွေပြန်ဆပ်ဖို့နဲ့ အမေ့ဆီပို့ဖို့အတွက်တော့ အဆင်မပြေလှတဲ့အလုပ်ပါ။

ဒီတော့ PUB မှာ အလုပ်ဆက်လုပ်ရင်း ငွေစုတယ် ၊ အချိန်ပိုင်းစားပွဲထိုးအလုပ်ကိုလည်း ကြိုးစားပမ်းစားလုပ်ရင်း နာမည်ကောင်းရဖို့ကြိုးစားတယ်။ သူမရဲ့ကြိုးစားမှုနဲ့ ရိုးသားမှုတွေကြောင့် ဟိုတယ်မန်နေဂျာအချို့က အေးဂျင့်ကို သူမနာမည်နဲ့ခေါ်လာတဲ့အထိ သူမဟာ အချိန်ပိုင်းစားပွဲထိုးအလုပ်မှာ နာမည်ကောင်းရခဲ့ပါတယ်။ အဲဒီကနေတဆင့် သူမဟာ စင်္ကာပူနိုင်ငံက ဟိုတယ်ကြီးတခုမှာ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ခြင်းခံရတယ်။ ခုဆို တော်တော် ရာထူးကြီးနေလောက်ပါပြီ။

နှင်းပွင့်သာ တပတ်သုံးညဆင်းရုံနဲ့ အနည်းဆုံး ရှစ်ရာ ၊ ကိုးရာ အလွယ်တကူဝင်နေတဲ့ PUB မှာ ဆက်လုပ်နေမယ်ဆိုရင် ၊ မရေရာဘဲ ပင်ပန်းလှတဲ့ အချိန်ပိုင်းစားပွဲထိုးအလုပ်ကို ကြိုးကြိုးစားစားမလုပ်ခဲ့ဘူးဆိုရင် သူမဟာ ဘာဆက်ဖြစ်မှာလဲတွေးစရာမလိုတော့အောင် လမ်းမှားရောက်သွားတော့မှာပေါ့။ အခုဆိုရင် သူမဟာ ရိုးရိုးသားသားနဲ့ ကြိုးစားလိုစိတ်ရှိတဲ့ မြန်မာမိန်းကလေးတွေနဲ့ တွေ့ကြုံတဲ့အခါမှာ သူမအသိအကျွမ်းတွေရဲ့ အလုပ်မှာသွင်းပေးတာမျိုး ၊ သူမလုပ်နေတဲ့ဟိုတယ်မှာ နေရာလွတ်တွေရှိရင် ထောက်ခံမှုပေးပြီး သွင်းပေးတာမျိုးတွေနဲ့ ရိုးသားတဲ့ ပြည်ပရောက် မြန်မာမလေးတွေကို လမ်းမှားမရောက်ဖို့ တတ်နိုင်သမျှ ကူညီနေသူပါ။

ရည်းစားတောင်မထားခဲ့ဖူးတဲ့ နှင်းပွင့် PUB မှာကြုံရတဲ့အနေအထားဟာ စက်ဆုပ်ဖွယ်ငရဲတခုပါပဲတဲ့။ သူမဟာ ဒါကိုစက်ဆုပ်ရွံရှာပေမယ့် အနေအထားတခုအရ သတိကြီးကြီးဆက်လုပ်ရင်း ငါလုပ်ချင်တာ ဒီအလုပ်မျိုးမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကို အမြဲသတိပေးနေခဲ့ပါတယ်တဲ့။ ရလာတဲ့ငွေတွေကို အိမ်ပြန်ပို့တိုင်း ငါ့သိက္ခာနဲ့လဲရတဲ့ငွေတွေဆိုပြီး ဒီငွေတွေအပေါ် အရမ်းတန်ဖိုးထားတဲ့အတွက် ဝတ်စား ၊ ပျော်ပါးတာမျိုးမရှိဘဲ အပေါဆုံးနေအိမ်မှာ တခန်းတည်း (ထမင်း ၊ ဟင်းချက်ခွင့်မရှိ)ငှါးနေသူမို့ စမူဆာလေးနဲ့ မနက် ၊ ညစာတွေ အလွယ်တကူ ရေနဲ့မျောချစားခဲ့ပါတယ်တဲ့။ ဟိုတယ်မှာ အချိန်ပိုင်းစားပွဲထိုးအလုပ်ရတော့ တနေကုန် မြေပဲလှော်လေး ၊ ရေလေးပဲသောက်ပြီး အစာခံခဲ့တဲ့သူမဟာ ဟိုတယ်ရောက်မှ အတိုးချစားပြီး ချွေတာခဲ့တယ်လို့လည်း ကျွန်မကို ပြောခဲ့ဖူးပါတယ်။

အခြေအနေ ၊ အကြောင်းကြောင်းကြောင့် နှင်းပွင့်လို တန်ဖိုးရှိတဲ့မိန်းကလေးမျိုးတွေလည်း PUB မှာ ၊ ကလပ်မှာ လုပ်ကိုင်နေနိုင်တာမို့ အဲဒီက အမျိုးသမီးတိုင်းဟာ စာရိတ္တပျက်ပြားနေတဲ့ အမျိုးသမီးတွေလို့ သိမ်းကျုံးစွပ်စွဲလို့မရပါဘူး။ အဓိက က လူတစ်ဦးချင်းစီရဲ့ ခံယူချက် ၊ စိတ်ဓါတ်နဲ့ စဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက်မှုပါပဲ။ ဆန္ဒရှိရင် နည်းလမ်းတော့ရှိပါတယ်။ မဆုတ်မနစ် ကြိုးစားလုပ်ကိုင်သွားဖို့ပဲလိုတာပါ။ ကိုယ်နဲ့ထိုက်တန်နဲ့နေရာကို ကိုယ့်အရည်အချင်းနဲ့ ကိုယ်တိုင်လုပ်ယူရရှိတဲ့ပီတိဟာ အပြောင်မြောက်ဆုံးသော အောင်မြင်မှုကို ခံစားခြင်းပဲပေါ့။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%90%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%80%b1%e1%80%9b%e1%80%ac%e1%80%80%e1%80%b9-%e1%80%9b%e1%80%94%e1%80%b9%e1%80%80%e1%80%af%e1%80%94%e1%80%b9%e1%80%9e%e1%80%b0%e1%80%bb%e1%80%99%e1%80%94/feed/ 0
သင်ယူမှုတွေရဲ့ နှလုံးသားဗဟိုချက်ဖြစ်ဖို့ လုပ်ဆောင်နေသော Burmese Hearts http://www.burmesehearts.com/%e1%80%9e%e1%80%84%e1%80%b9%e1%80%9a%e1%80%b0%e1%80%99%e1%82%88%e1%80%b1%e1%80%90%e1%80%bc%e1%80%9b%e1%80%b2%e1%82%95-%e1%82%8f%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8/ http://www.burmesehearts.com/%e1%80%9e%e1%80%84%e1%80%b9%e1%80%9a%e1%80%b0%e1%80%99%e1%82%88%e1%80%b1%e1%80%90%e1%80%bc%e1%80%9b%e1%80%b2%e1%82%95-%e1%82%8f%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8/#comments Wed, 09 Mar 2016 11:48:20 +0000 http://www.burmesehearts.com/?p=42105

လေ့လာသင်ယူမှုကနေ လူတစ်ယောက်ရဲ့ဘဝကို အကောင်းဘက်သို့ အကျိုးသက်ရောက်အောင်လုပ်နိုင်တဲ့ ကျွမ်းကျင်မှုဆိုင်ရာ အရည်အချင်းမျိုးတွေရှိပါတယ်။ ဘာသာစကားလေ့လာခြင်း ၊ ကုဒ်တွေလေ့လာခြင်း ၊ ဘယ်လို STEM လုပ်ရမယ်ဆိုတာ လေ့လာခြင်း ၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာကနေတဆင့် တစ်ဦးချင်းစီရဲ့ အရည်အချင်းတွေကနေ အောင်မြင်မှုဆီ အကျိုးရှိရှိတက်လှမ်းနိုင်ပါတယ်။

ဒီနေ့လို အင်တာနက်ခေတ်ကြီးထဲမှာ မိမိဘာသာ သင်ယူလေ့လာလိုသူတွေအတွက် ရွေးချယ်စရာ အမြောက်အမြားရှိပါတယ်။ Youtube ကတော့ အွန်လိုင်းပေါ်ကနေ လေ့လာသင်ယူလို့ အကောင်းဆုံးနေရာတခုပေါ့။ ကျောင်းတွေ ၊ တက္ကသိုလ်တွေရဲ့ စရိတ်စက အစွန်းထွက်ကလေးလောက်နဲ့ Youtubeမှာ လေ့လာသင်ယူရင်း အလုပ်ရနိုင်တဲ့ အရည်အချင်းထိ ရရှိသွားနိုင်တာမို့ သင်ယူမှုပိုင်းဆိုင်ရာမှာ လိုအပ်နေတဲ့ ဟာကွက်ကြီးကို ဖြည့်ပေးထားတာပါ။

ပညာတတ်အထက်တန်းလွှာနဲ့ ကျန်လူဦးရေ အရမ်းကို အဟပ်ကွာနေတဲ့ မြန်မာနိုင်ငံမျိုးမှာ ဒီလိုမျိုး သင်ယူလေ့လာခွင့်ရှိဖို့ဆိုတာ အထူးအရေးတကြီးကို လိုအပ်နေပါတယ်။

၂၀၁၅ခုနှစ် ဇူလိုင်လက ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာညီလာခံမှာ Burma/Myanmar Studies in July 2015 ဆိုတဲ့ခေါင်းစဉ်နဲ့ မပိုပိုသောင်းဝင်းက တင်ပြခဲ့တဲ့ academic paper အရ ဖိနှိပ်ချုပ်ချယ်သော စစ်အစိုးရအုပ်စိုးခဲ့တဲ့ နှစ်ငါးဆယ်ကာလမှာ အဆင့်မြင့်ပညာရေးဟာ ဖျက်ဆီးခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။

How tech and new media revolutionised Myanmar’s election process နဲ့ ပတ်သက်တဲ့ အကြောင်းအရာကိုလည်း ဖတ်ရှုနိုင်ပါတယ်။

ဒီပြဿ      နာကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၁၉၈၈ခုနှစ်တွင် အထူးတလည်ထောက်ပြခဲ့ပါတယ်။ အဲဒီတုန်းက ကျောင်းသားတွေခေါင်းဆောင်တဲ့ အစိုးရဆန္ဒပြပွဲကြီးကြောင့် နိုင်ငံတဝန်းလုံးက တက္ကသိုလ်ကျောင်းတွေဟာ နှစ်နှစ်ကြာပိတ်ပစ်တာခံခဲ့ရပါတယ်။ (သုံးနှစ်အကြာမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကြီးကို ရခဲ့တာဖြစ်ပါတယ်။)

ပြီးခဲ့တဲ့နှစ်အနည်းငယ်ကနေစပြီး အစိုးရအရာရှိတွေက ပညာရေးဘက် ဖိဖိစီးစီးပြန်လုပ်လို့ ပညာရေးကဏ္ဍတိုးတက်အောင် ဟာကွက်ကြီးဖြည့်ဆည်းနိုင်ဖို့ အရေးတယူဆောင်ရွက်ခဲ့ပါတယ်။

ဒါတွေကိုတလျောက်လုံးခံလာခဲ့ရတဲ့ မြန်မာနိုင်ငံက သာမာန်လူတန်းစားတွေဟာ အခုလို ခေတ်သစ်စီးပွားရေးစနစ်ကြီးထဲမှာ အလုပ်အကိုင်ရရှိဖို့လိုအပ်တဲ့ အရည်အသွေးတွေကို ဘယ်ပုံဘယ်နည်းနဲ့ သူတို့ဘာသာသူတို့ လေ့လာသင်ယူနိုင်မှာလဲ။

ဒီလိုဆိုရင်တော့ အင်တာနက်ကိုအသုံးပြုလို့ စင်္ကာပူနိုင်ငံမှာ အခြေစိုက်ထားတဲ့ Burmese Hearts ဆိုတာကို ရိုက်ထည့်လိုက်ပါတော့။

 

Burmese Hearts

မြန်မာစကားသုံးစွဲပြောဆိုတဲ့ ကမ္ဘာတဝန်းက မြန်မာတွေအတွက် တက္ကသိုလ်နဲ့ကျောင်းတွေအပြင်ဘက်မှာ သင်ယူလေ့လာလို့ရမယ့် e-learning marketplace တခုအဖြစ် Burmese Hearts ရှိနေကြောင်းကို တည်ထောင်ခဲ့သူတွေထဲကတစ်ဦးဖြစ်တဲ့ Alex Robu က e27 ကို ပြောဆိုခဲ့ပါတယ်။

၂၀၁၀ခုနှစ်ကတည်းက Burmese Hearts ကို တည်ထောင်ခဲ့တာဖြစ်ပေမယ့် ၂၀၁၅ခုနှစ် ဇွန်လစတင်ပြီး အွန်လိုင်းကနေ လေ့လာသင်ယူလို့ရမယ့် နေရာတခုအဖြစ် ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ စင်္ကာပူမှာ အခြေစိုက်ထားတာဖြစ်ပေမယ့် လတ်တလောအတွင်းမှာပဲ ရင်းနှီးမြှုပ်နှံသူတွေနဲ့တွေ့ဆုံဖို့  မြန်မာနိုင်ငံကို ခရီးထွက်ခဲ့တယ်လို့ Alex Robu က e27 ကို ပြောဆိုခဲ့ပါတယ်။

ပထမဆုံးခြောက်လတာဖြစ်တဲ့ မတ်လ(၄)ရက်နေ့မတော့ Burmese Hearts မှာ သင်ယူလေ့လာသူပေါင်း (၉၀၀၀)လောက်နဲ့ သန်းချီတဲ့စာမျက်နှာတွေကို လေ့လာဖတ်ရှုခဲ့သူတွေနဲ့ ဝေဝေဆာဆာဖြစ်နေခဲ့ပြီလေ။  သင်ခန်းစာပေါင်း ၆၀၀ကျော်ရှိတဲ့ လက်ရှိအချိန်မှာ တလကို ပျမ်းမျှ စာမျက်နှာ ၂၀၀,၀၀၀ ကြည့်ရှုလေ့လာနေကြပြီပေါ့။

အခြားဝန်ထမ်းတဦးလေမှမရှိဘဲ ခင်ပွန်းဖြစ်တဲ့ Alex Robu နဲ့ ဇနီးဖြစ်တဲ့ သီရိမြတ်စန္ဒာတို့ နှစ်ဦးတည်းအဖွဲ့ သေးသေးကလေးက လုပ်ဆောင်နေတဲ့ ကြီးမားသော Facebook community ဟာ တကယ့်ကိုစိတ်ဝင်စားစရာပါ။ Page ဟာ မတ်လ၄ရက်နေ့မှာ like လုပ်ထားသူဦးရေ ၁၄၀,၀၀၀ ရှိနေပြီး တနေ့တည်းမှာတင် အခါခါ like လုပ်သူဦးရေ တိုးမြဲတိုးလျက်ရှိနေကာ မြန်မာစကားပြောတဲ့ အစုအဖွဲ့ဝင်တွေနဲ့ အပြန်အလှန်ပြောဆိုနေတာပါပဲ။

ပြီးခဲ့တဲ့ ဇွန်လက like ၇၀၀၀ လောက်အခြေအနေကနေ နှစ်ယောက်တည်းစွမ်းအားနဲ့ ဒီလောက်အထိ တိုးတက်အောင်မြင်အောင် လုပ်နိုင်တာကတော့ ချီးမွမ်းစရာပါပဲ။

Burmese Hearts က သင်တန်းတွေကို အခမဲ့ဖော်ပြခွင့်ပြုမှာဖြစ်ပြီး ဝက်ဘ်ဆိုဒ်ပေါ်ကနေ သင်တန်းအပ်နှံတဲ့ ကျောင်းသား ၊ ကျောင်းသူ အရေအတွက်အပေါ်မှာ ဝန်ဆောင်ခကောက်ခံပြီး ဝင်ငွေတွေရရှိမှာဖြစ်ပါတယ်။ ဘယ်လိုသင်တန်းမျိုးတွေလဲဆိုရင် ပြည်တွင်းက Burmese Hearts နဲ့ လက်တွဲလုပ်ကိုင်တဲ့ သင်တန်းကျောင်းတွေက သင်တန်းတွေအပြင် ပြည်ပက သင်တန်းကျောင်းတွေမှာလည်း တက်ရောက်လိုက Burmese Hearts ကတဆင့် တက်ရောက်နိုင်တော့မှာပါ။

ဒါ့အပြင် ကုမ္ပဏီတွေကနေ ‘Learning for Business’ လို့ခေါ်တဲ့ စီးပွားရေးနဲ့သက်ဆိုင်တဲ့ သင်ယူလေ့လာမှုမျိုးတွေကို subscription fee တွေနဲ့ သင်ယူလေ့လာတာမျိုးတွေကိုလည်း လုပ်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ပညာရေးနဲ့ သက်ဆိုင်ရာ သင်ထောက်ကူပစ္စည်းတွေကိုလည်း Burmese Hearts ရဲ့ e-commerce platform ကနေ ဝယ်ယူသွားနိုင်အောင် လုပ်ပေးသွားမှာဖြစ်ပါတယ်။ သင်ထောက်ကူပစ္စည်းတွေထဲမှာ game တွေ puzzle တွေနဲ့ ကလေးငယ်တွေ သင်ယူမှုပိုင်းဆိုင်ရာ ကစားစရာအရုပ်တွေကိုလည်း ထည့်သွင်းရောင်းချပေးသွားမှာဖြစ်ပါတယ်။

Scarcity of talent a big obstacle in Myanmar: Work.com.mm MD နဲ့ ပတ်သက်တဲ့ အကြောင်းအရာကိုလည်း ဖတ်ရှုနိုင်ပါတယ်။

startup community လို့ခေါ်တဲ့ စတင်တည်ထောင်စ ကုမ္ပဏီငယ်အသိုင်းအဝန်း ၊ e27 လို မီဒီယာအဖွဲ့အစည်းတွေ ၊ တန်ဖိုးအမျိုးမျိုးကွဲပြားချက်တွေနဲ့ အုပ်စုအမျိုးမျိုး ကွဲပြားနေတဲ့ စီးပွားရေးလုပ်ငန်းတွေ (တည်ထောင်သူတွေ)ကို ဒီကုမ္ပဏီက သတိပေးနေတာ တခုရှိပါတယ်။

ဒါကတော့ စီးပွားရေးမှာ သိင်္ဂဿ      မြင်းလိုမျိုး အထူးတလည်တန်ဖိုးထားစရာ စီးပွားရေးစနစ်ပုံစံမျိုး ရှိနေရမှာပါ။ ရသင့်ရထိုက်တာတွေ မရရှိခဲ့တဲ့လူထုကို အကျိုးပြုနေချိန်မှာ ရင်းနှီးမြှုပ်နှံသူတွေက ရင်းနှီးမြှုပ်နှံဖို့ စိတ်မဝင်စားဘူးဆုံးဖြတ်ရုံနဲ့ ဒီလိုကုမ္ပဏီငယ်လေးဟာ ခပ်ဖြည်းဖြည်းနဲ့ ကျပ်ကျပ်တည်းတည်း သွားသင့်သလား။ 

 

ခပ်ရိုးရိုး အမေနဲ့အဖေရဲ့ လုပ်ငန်း

Burmese Hearts ဆိုတာ အလုံးစုံ ကိုယ့်ငွေကိုယ်စိုက်လုပ်ထားတဲ့ လုပ်ငန်းငယ်လေးတခုပါ။

အချိန်ပြည့် အလုပ်ဆင်းနေသော အဖေဖြစ်တဲ့ Robu နဲ့ အိမ်မှုကိစ္စရော ၊ ကလေးကိစ္စတွေကို တစ်ဦးတည်း တာဝန်ယူလုပ်ကိုင်နေတဲ့ စန္ဒာဟာ တယောက်နဲ့တယောက် နားလည်မှုယူပြီး တာဝန်ခွဲဝေလို့ မိဘတာဝန်နဲ့ လုပ်ငန်းတာဝန် မျှယူနေကြတာပါ။

ဘယ်လို လုပ်ငန်းတာဝန်မျှယူသလဲဆို မိခင်ဖြစ်တဲ့စန္ဒာက ကလေးအိပ်နေချိန် နာရီပိုင်းလေးမှာ ဝက်ဘ်ဆိုဒ်ပေါ် အလုပ်တွေလုပ်နေပါတယ်။

အကောင်းဆုံးဖြစ်ဖို့ အာရုံထားလုပ်ဆောင်ရတဲ့အတွက် အချိန်အကန့်အသတ်နဲ့ အလုပ်လုပ်ရတာဟာလည်း တနည်း အကျိုးရှိစေပါတယ်။ အချိန်ပိုင်းအလုပ်သမား ၊ အချိန်ပြည့်အလုပ်သမား တစ်ဦးမှမရှိဘဲ တလကို ပျမ်းမျှ စာမျက်နှာ ၂၀၀,၀၀၀ ကြည့်ရှုလေ့လာနိုင်တဲ့ အဆင့်ထိရောက်ဖို့ ဟိုးအစ အကြမ်းထည်ကနေ လုပ်ဆောင်ခဲ့တာပါလို့ Robu က ဆိုခဲ့ပါတယ်။

ခင်ပွန်းဖြစ်တဲ့ Robu က IT/technical ပိုင်း တာဝန်ယူထားချိန်မှာ ဇနီးဖြစ်တဲ့ စန္ဒာက သမီးရည်းစားနဲ့ ဇနီးမောင်နှံနှစ်ဦးဆက်ဆံရေးဆိုင်ရာတွေ ၊ ကိုယ်ဝန်ဆောင်မှသည် ကလေးအရွယ်အဆင့်ဆင့်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဆုံးမသွန်သင်နည်းဆိုင်ရာတွေ ၊ လေ့လာသင်ယူသင့်တဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက်မြှင့်တင်မှုပိုင်းဆိုင်ရာ သင်ခန်းစာ စတဲ့ content တွေ ဖန်တီးဖို့ တာဝန်ယူထားပါတယ်။

သင်ခန်းစာအများစုဟာ ၃မိနစ်ကနေ မိနစ်နှစ်ဆယ်အထိ သင်ယူချိန်ကြာမြင့်တဲ့ သင်ခန်းစာတွေဖြစ်ပြီး ဖတ်ရှုနိုင်တဲ့သင်ခန်းစာ ၊ နားထောင်ရတဲ့သင်ခန်းစာ နဲ့ ကြည့်ပြီးသင်ယူရတဲ့သင်ခန်းစာတွေလည်း ပါဝင်ပါတယ်။ တချို့တွေကတော့ ဗွီဒီယိုရယ် ၊ ဖတ်ရှုသင်ယူရမှာနဲ့ လေ့ကျင့်လုပ်ရမှာတွေလည်း ပါဝင်ပါတယ်။  သင်ခန်းစာတွေ မသင်ယူခင်မှာ သင်ယူသူတွေဟာ အကဲခတ်လေ့လာနိုင်အောင်လည်း Review ဖန်တီးပေးထားတယ်လို့ Robu က ဆိုပါတယ်။

Rocket Internet’s hotel booking startup Jovago enters Myanmar နဲ့ ပတ်သက်တဲ့ အကြောင်းအရာကိုလည်း ဖတ်ရှုနိုင်ပါတယ်။

လုပ်ငန်းအစီအစဉ်တွေကို တစိုက်မတ်မတ် လုပ်ကိုင်ဆောင်ရွက်လာခဲ့တဲ့ ဒီအဖွဲ့ငယ်လေးဟာ သူတို့ရဲ့ လုပ်ငန်းစီမံကိန်းအပေါ်မှာ စွဲစွဲလမ်းလမ်းချစ်စိတ်နဲ့ လုပ်ကိုင်ဆောင်ရွက်လာခဲ့တယ်ဆိုတာတော့ မပြောပြလည်းဘဲ မြင်သာထင်သာရှိနေစေပါတယ်။ e-commerce နဲ့ fintech ကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံမှုရှာဖို့လွယ်ပေမယ့် စီမံကိန်းလုပ်ငန်းတွေကတော့ ရင်းနှီးမြှုပ်နှံမှုရှာဖို့မလွယ်ပါဘူး။ ဒါပေမယ့် ဒီအရာကလည်း အမှတ်တခု ဖြစ်နေမှာပါ။

လက်တွေ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ပြီး Transaction နဲ့ Subscription ပေါ် မူတည်ပြီးရတဲ့ငွေ ၊ marketplace ပုံစံမျိုး တည်ဆောက်ထားတဲ့ လုပ်ငန်းပုံစံတွေအပြင် ဒီလုပ်ငန်းစီမံကိန်းအပေါ် စိတ်နှစ်လုပ်ကိုင်နေတဲ့ တည်ထောင်သူတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေအတွက် ဒီလုပ်ငန်းဟာ လုံလောက်သော စိတ်ဝင်စားမှု ရှာတွေ့ရင်တွေ့မှာပါလို့ Robu က ဆိုပါတယ်။

Robu ကို သတင်းဆောင်းပါးတင်ဆက်သူက ၂၀၁၆ အတွက် ကောင်းခြင်းမင်္ဂလာဟာ ဘာလဲလို့ မေးတဲ့အခါမှာ အခြားနေရာတွေကို တိုးချဲ့သွားမယ်တို့ ၊ Series A ရင်းနှီးမြှုပ်နှံမှုကြီး ရယူမယ်တို့ ၊ ဝင်ငွေဘယ်လောက်ဝင်ရမယ်လို့ ရာထားချက်ပြည့်မီအောင် လုပ်ကိုင်သွားမယ်တို့ သူက မဖြေခဲ့တဲ့အတွက် ဒါဟာ အသားပေးတင်ဆက်စရာဖြစ်သွားပါတယ်။

သူ့အတွက် ကောင်းခြင်းမင်္ဂလာပေးတဲ့ ၂၀၁၆ ဆိုတာ သင်ယူသူတွေကို သင်ယူနိုင်မယ့်အရာတွေ ပိုမိုတိုးမြှင့်ပေးနိုင်တာ ၊ ရှေ့ဖြစ်လာမယ့် တစုံတခုကို မျှော်မြင်ထားနိုင်ဖို့ဖြစ်တယ်လို့ သူက ဖြေဆိုခဲ့ပါတယ်။ ဒါဟာ သင်ယူသထက် သင်ယူချင်စိတ်တွေရှိလာအောင်နဲ့ သူတို့ဘဝတွေကို ပိုမိုကောင်းမွန်အောင် ပြောင်းလဲနိုင်ဖို့ဖြစ်တယ်လို့ ဖြေဆိုခဲ့ပါတယ်။

၂၀၁၆ ၊ မတ်လ (၈)ရက်၌ e27တွင် ဖော်ပြပါရှိခဲ့သော Myanmar is changing, and Burmese Hearts makes sure education is the heart of it ဆိုသည့် သတင်းဆောင်းပါးအား သင့်လျော်သလို ဖြည့်စွက်ဘာသာပြန်ထားခြင်းဖြစ်သည်။

link : https://e27.co/myanmar-changing-burmese-hearts-makes-sure-education-heart-20160308/

ပုံရိပ် (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%9e%e1%80%84%e1%80%b9%e1%80%9a%e1%80%b0%e1%80%99%e1%82%88%e1%80%b1%e1%80%90%e1%80%bc%e1%80%9b%e1%80%b2%e1%82%95-%e1%82%8f%e1%80%bd%e1%80%9c%e1%80%b6%e1%80%af%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8/feed/ 1
အမျိုးသမီးများ၏ဘဝ http://www.burmesehearts.com/%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%81%8f%e1%80%98%e1%80%9d/ http://www.burmesehearts.com/%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%81%8f%e1%80%98%e1%80%9d/#respond Sun, 31 Jan 2016 11:20:21 +0000 http://www.burmesehearts.com/?p=35060

အမျိုးသမီးတွေဖြစ်တဲ့ မိခင်တွေကိုယ်တိုင်က ကိုယ်ဝန်လွယ်ထားရရင် သားကလေးမွေးချင်ကြတယ်။ ခင်ပွန်းနဲ့ မိသားစုတွေကလည်း သားကလေး မွေးလာရင်ကောင်းမယ်လို့ မျှော်လင့်စောင့်စားကြသူများတယ်။ ဘာရရ ချစ်ရမှာပေါ့ဆိုကြပေမယ့် သားကလေးဆို ကောင်းတာပေါ့ဆိုတဲ့ ခံယူချက်ကြီးက ယောက်ျားလေးမွေးရင် မိန်းမမြတ်ဆိုတဲ့ ယုံကြည်ချက်ကနေ ဆင်းသက်လာတယ်လို့ပြောရင် မှားမလားနော်။

ယောကျာ်းလေး မွေးလာရင် မြတ်တယ်လို့ သတ်မှတ်လိုက်ပြီဆိုကတည်းက မိန်းကလေးချည်းမွေးတဲ့မိခင်ဟာ မမြတ်ဘူးလို့ အလိုလို နှိမ့်ချသတ်မှတ်လိုက်တာမဟုတ်လား။ လူရယ်လို့မသိတတ်ခင်မှာတင် လူကြီးမိဘတွေရဲ့ ရှေးထုံးယုံကြည်ချက်တွေကြောင့် မွေးလာတဲ့သမီးလေးဟာ ကန့်သတ်ချက်အောက်ကို အလိုလို ရောက်မှန်းမသိ ရောက်သွားခဲ့ပါပြီ။

မိန်းကလေးတွေဟာ စိတ်တွေကို မိန်းကလေးပီသအောင် နေထိုင်ခြင်းဆိုတဲ့ ထုံးတမ်းစဉ်လာတွေရဲ့အောက်မှာ ချုပ်တည်းခဲ့ကြရပါတယ်။ အရွယ်တူယောကျာ်းလေးတွေကိုတော့ ဒီလိုများမြောင်တဲ့ကန့်သတ်ချက်မျိုးတွေ သိပ်မရှိလှဘဲ ယောကျာ်းလေးဆိုတာ ဒီလောက်တော့ရှိမှာပေါ့လို့ ဖော့တွေးပေးကြတယ်။

အရွယ်ရောက်တဲ့ယောက်ျားလေးဟာ ကိုယ်ချစ်တဲ့မိန်းကလေးကို သူမ သဘောတူတူ မတူတူ အနောက်ကလိုက်ပြီး ရည်းစားပြောတာ ၊ စာလိုက်ပေးတာ ၊ သူချစ်ကြောင်း တနည်းနည်းတဖုံဖုံ ဒီမိန်းကလေးသိအောင် နည်းအမျိုးမျိုးသုံးပြီး ကြိုးစားခွင့်ရနေတဲ့အချိန်မှာ အရွယ်ရောက် မိန်းကလေးဟာ သူချစ်တဲ့ယောကျာ်းလေးကို ရေလာမြောင်းပေးလုပ်ရုံ ၊ အထာပေးရုံအပြင် သူချစ်နေကြောင်းကို တရားဝင်ထုတ်ဖော်ပြောဆိုခွင့် (မြန်မာထုံးထမ်းစဉ်လာအရ) မရှိပါဘူး။ ဒီလိုဖွင့်ထုတ်ပြောမိရင် ဘယ်လိုမိန်းကလေးပါလိမ့်လို့ အထင်သေးခံရနိုင်တယ်။

မိန်းကလေးတို့အိနြေ္ဒ ရွှေပေးလို့မရဆိုတာနဲ့ ကိုယ့်ခံစားမှုကို အရှိအတိုင်းဖော်ပြခွင့်တွေကို ကန့်သတ်ထားပြီး ဒီလိုလုပ်ရင်တော့ အိနြေ္ဒသိက္ခာမရှိတဲ့မိန်းကလေး ၊ တန်ဖိုးမဲ့တဲ့မိန်းကလေးလို့ တဘက်ယောကျာ်းလေးနဲ့ ဒီအကြောင်းကိုသိတဲ့ ပတ်ဝန်းကျင်က သတ်မှတ်လေ့ရှိကြပါတယ်။ ဒါက ကျွန်မတို့ခေတ်အထိပေါ့။ ဒီဘက်ခေတ်မှာတော့ ကိုရီးယားကားတွေထဲ မိန်းကလေးက စပြောတာတွေပေါ်လာတော့ ရည်းစားစကားကို မိန်းကလေးတွေ စပြောနေပြီလားတော့မသိဘူး။ ဒါပေမယ့် မိန်းကလေးတိုင်းတော့ ဒီလိုလုပ်မယ်မထင်ပါဘူးလေ။ မိန်းကလေးတို့အိနြေ္ဒ ရွှေပေးလို့မရဆိုတာနဲ့ ကန့်သတ်ချက်တွေ ရှိနေတာကိုး။

မိန်းကလေးတွေ တန်ဖိုးအတက်ဆုံးအချိန်က ကိုယ့်ကိုချစ်တဲ့သူက ကိုယ့်အချစ်ရအောင် ပိုးပန်းနေတဲ့အချိန်ပါပဲ။ ဒီမိန်းကလေးရဲ့အချစ်ကို လက်ခံရရှိဖို့ ကြိုးစားနေသူများလေ (ပိုးပန်းနေသူတွေများလေ) ဒီမိန်းကလေးက တန်ဖိုးတက်လေလို့ ဆိုရမလိုပါပဲ။ ဒီထဲကမှ ကိုယ့်ကို တကယ်ချစ်တယ်လို့ ယုံကြည်ရပြီး ကိုယ်ကလည်း သူ့ကိုချစ်တယ်လို့ ခံစားရတဲ့သူကို မြန်မာမိန်းကလေးတွေက ရွေးချယ်ပြီး ခေါင်းငြိမ့်အဖြေပေးလေ့ရှိပါတယ်။ ဒီခေတ်ထဲမှာတော့ သိပ်ကြာကြာ ဈေးမကိုင်ရဲပါဘူး။ သူများနောက်ပါသွားမှာစိုးလို့ ခပ်မြန်မြန်နဲ့ အဖြေပြန်ပေးရတာမို့ ကိုယ်နဲ့သင့်တော်၏ ၊ မသင့်တော်၏ ကြာကြာစဉ်းစားရွေးချယ်ခွင့် နည်းလာပါတယ်။

ဈေးကွက်စကားနဲ့ပြောရမယ်ဆို ကျွန်မတို့မိန်းမသားတွေဟာ အဝန်းအဝိုင်းအပြင်ဘက်က ပစ္စည်းအစုံအလင်ကို စိတ်ကြိုက် သွားရောက်ရွေးချယ်ခွင့် မရှိကြဘဲ ကိုယ့်စည်းဝိုင်းထဲဝင်လာတဲ့ အသည်တွေထဲက အကောင်းဆုံးအသည်ရဲ့ ကုန်ပစ္စည်းကို ရွေးချယ်ကြရတာပါ။ ဒီအသည်မကောင်းလို့ ဟိုအသည်ပြောင်းရွေးပါများရင် မျက်နှာများသူရယ်လို့ သမုတ်ခံထိပေမယ့် ယောကျာ်းလေးတွေကျတော့ သူတို့စိတ်ကြိုက် ဖြန့်ကျက်ရွေးချယ်ခွင့် ရှိနေပါတယ်။

ဒါကြောင့် ကျွန်မတို့ အမျိုးသမီးတွေဟာ ပစ္စည်းကောင်းလိုချင်တယ်ဆိုရင် ကိုယ့်စည်းဘောင်ကို ကျယ်သထက်ကျယ်အောင် အမြင်ချဲ့နိုင်ဖို့လိုပါတယ်။ ပိုပြီးမြင်အောင်ပြောရရင် နယ်ပယ်ခပ်ကျဉ်းကျဉ်းလေးထဲမှာပဲ နေထိုင်နေရင် ဒီနယ်ပယ်ထဲကလူတွေနဲ့ပဲ နီးစပ်နိုင်တာမို့ ကိုယ်ကျင်လည်တဲ့ ပတ်ဝန်းကျင်နယ်ပယ်ကို ချဲ့နိုင်သမျှချဲ့ထွင်ရပါမယ်။ ပညာတတ်လိုချင်ရင် ပညာတတ်အသိုင်းအဝန်းထဲရောက်အောင် ကိုယ်တိုင်လည်း ပညာတတ်နေမှဖြစ်ပါမယ်။ ပစ္စည်းရှိအသိုင်းအဝန်းထဲ ဝင်ဆန့်ချင်ရင် ကိုယ်တိုင်က ပစ္စည်းရှိရင်ရှိ ၊ ဒါမှမဟုတ် အရည်အချင်းရှိပါမှ သူတို့ကျင်လည်ရာ အသိုင်းအဝန်းက အကောင်းဆုံးဆိုတဲ့လူနဲ့ နီးစပ်ခွင့်ရကြမှာပါ။

သုံးနိုင်တဲ့သူနဲ့ဆုံချင်လို့ နိုက်ကလပ်တက်တာမျိုး ၊ လောင်းကစားဝိုင်းတွေသွားတာမျိုး ၊ ဘားတွေသွားတာမျိုးဆိုရင် ဒီလူတွေနဲ့ဆုံချင်ဆုံနိုင်ပါတယ်။ ဒါပေမယ့် သူကျင်လည်ရာနေရာဟာ ဒီနေရာမို့ ကိုယ်နဲ့အိမ်ထောင်ကျပြီးရင်လည်း နိုက်ကလပ်တက်တာ ၊ လောင်းကစားလုပ်တာ ၊ သောက်စားမူးယစ်ပျော်ပါးတာတွေ ခွင့်လွှတ်နိုင်ဖို့ ကြိုပြင်ဆင်ထားရမှာပေါ့။

ကိုယ်ဟာ ဘယ်လိုအိမ်ထောင်ဘက်မျိုး လိုချင်တယ်ဆိုတာကို ဦးစွာစဉ်းစားပြီးမှ ဒီလိုလူမျိုးတွေ ကျင်လည်ရာအသိုင်းအဝန်းထဲ ကိုယ်ဝင်ဆန့်နိုင်အောင် ကိုယ့်တန်ဖိုး ၊ အသိပညာနဲ့ အရည်အချင်းတွေကို မြှင့်တင်ပါမှ ကိုယ်နဲ့ထိုက်တန်တဲ့သူကို ရရှိမှာပါ။ ငါးရရင်ပြီးရော တွေ့တဲ့ငါးကောက်ဖမ်းတာ ၊ ငါးမရရင် ရေချိုးပြန်သလိုမျိုး ဒီလူမရလည်း ရတဲ့လူယူလိုက်တာမျိုးတွေဟာ အသွားမတော်တလှမ်း ၊ အစားမတော်တလုတ်ပါ။ မတော်တဲ့သူနဲ့ရခဲ့ရင် မတော်ရာဘဝမှာ မျက်ရည်သုတ်ပြီး နေရမှာပေါ့။

BurmeseHearts Blog

မိန်းကလေးတွေ ဒုတိယအကြိမ်တန်ဖိုးအတက်ဆုံးအချိန်ဟာ မင်္ဂလာဆောင်ဖို့ တောင်းရမ်းချိန်ပါပဲ။ မြန်မာထုံးတမ်းအစဉ်အလာအရ တန်ဖိုးရှိတဲ့သတို့သမီးကို သူမရဲ့ သတို့သားလောင်းက တန်ဖိုးထားရင်ထားသလောက် တောင်းရမ်းကြပြီး သမီးရှင်တွေအဖို့ ဒီအချိန်ဟာ ဈေးကိုင်လို့အကောင်းဆုံးအချိန်ဆိုလည်း မမှားပါဘူး။ အပျိုစင်တွေ ဒီလောက်တန်ဖိုးရှိနေချိန်မှာ ခိုးရာနောက်လိုက်သွားတဲ့ မိန်းကလေးတွေကတော့ အမျိုးသားဘက်က ကန်တော့ပွဲနဲ့ ပြန်လာအပ်ရင် ကျေနပ်လိုက်ရတာပါပဲ။

ခိုးရာနောက် လိုက်ပြေးသွားတဲ့ သမီးရှင်တွေအဖို့ ဈေးမကိုင်နိုင်တော့တဲ့အပြင် ကိုယ့်သမီးဟာ ရပ်သိရွာသိ ဒီလူနောက်လိုက်သွားခဲ့ပြီမို့ ဒီလူနဲ့လက်ထပ်ဖြစ်အောင် ၊ ယူဖြစ်အောင်ကိုပဲ အဖြစ်စီစဉ်ပေးလည်း လက်ခံရမယ့် အခြေအနေဖြစ်သွားပါတယ်။ ဒါကြောင့်မိဘတွေက ကိုယ့်ဈေးကိုယ်မချနဲ့ ၊ ကိုယ့်တန်ဖိုးကိုယ်မချနဲ့ ၊ နင့်တန်ဖိုးက ဒီလောက်ပဲရှိလားလို့ ကရုဏာဒေါသောနဲ့ ပြောတတ်ကြတာပါ။

အိမ်ထောင်ဖက်က သဘောထားတဲ့ မိန်းကလေးတွေရဲ့တန်ဖိုးဟာ အိမ်ထောင်ပြုပြီးရင် စတင်ကျဆင်းလာတယ်လို့ ယေဘူယျဆိုလို့ရပါတယ်။ လက်ထပ်ပြီးရင် ဒီမိန်းကလေးကို ငါပိုင်သွားပြီဆိုတဲ့ ခင်ပွန်းဖြစ်သူရဲ့ စိတ်ချလနှစ်ဦးဆက်ဆံရေးမှာ ယုယမှုတွေ လျော့ပါးလာပေမယ့် အိမ်ထောင့်တာဝန်တွေမှာတော့ အမျိုးသမီးတွေမှာ ပိုလာပါတယ်။ အပြင်အလုပ်ထွက်လုပ်သူချင်းတူပေမယ့် ဇနီးက အိမ်ပြန်ရောက်ရင် ချက်ပြုတ် ၊ ဆေးကြော ၊ လျှော်ဖွပ် ၊ မီးပူတိုက်စတဲ့ အိမ်ထောင့်တာဝန်အများစုကို အိမ်ရှင်မ ပီသအောင် လုပ်ကိုင်ကြရပါတယ်။က်ချ ဖြစ်သွားစိတ်က အိမ်ထောင်သက်ရင့်လာတာနဲ့အမျှ ဂရုစိုက်ယုယမှုတွေဟာ ပြောင်းပြန်စီးလုနီးပါးဖြစ်သွားတယ်။ မယူခင်တုန်းက သဲသဲလှုပ်ဂရုစိုက်တတ်တဲ့ခင်ပွန်းဟာ ယူပြီးနှစ်ကြာလာလေ ဂရုစိုက်မှုတွေ ပါးသွားလေ ၊ နောက်ပိုင်းမှာ ဇနီးသည်ကို ဂရုစိုက်စရာ မလိုဘူးလို့ထင်လာတဲ့ ခင်ပွန်းတွေကိုလည်း တွေ့လာရပါတယ်။ 

အိမ်အကူခေါ်နိုင်တဲ့မိသားစုဖြစ်သည့်တိုင် အိမ်တွင်းစီမံကွပ်ကဲမှု စနစ်ကျဖို့ကို အမျိုးသမီးတွေက အသေးစိတ်ကအစ ညွှန်ကြားရပါတယ်။ မညွှန်ကြားရင် ဖြစ်ချင်တိုင်း ဖြစ်နေတာပေါ့။ အိမ်အကူမခေါ်နိုင်တဲ့ မိသားစုတွေမှာတော့ အပြင်အလုပ်လည်းထွက်လုပ် ၊ အိမ်ထဲကဝေယျာဝစ္စမှန်သမျှလည်းလုပ် ဒီအလုပ်တွေမပြီးရင် ၊ အိမ်ကြီးက ရှုပ်ပွညစ်ပေနေရင် ၊ ဗိုက်ဆာလို့မှ အိမ်မှာစားစရာမရှိရင် ၊ သွားစရာရှိလို့မှ မီးပူတိုက်ပြီးသားမရှိရင် ၊ ဖြည့်စရာမရှိတဲ့ပစ္စည်းတွေ အိမ်မှာမရှိဘဲ ပြတ်လပ်ပါများနေရင် အိမ်ရှင်မ မပီသဘူးလို့ ခင်ပွန်းက သတ်မှတ်လိုက်ပါတယ်။ ဆွေမျိုး ၊ ပတ်ဝန်းကျင်က သတ်မှတ်လိုက်ပါတယ်။ ဒီလို အသတ်မှတ်မခံရဖို့ အိမ်တွင်း ၊ အိမ်ပြင်အလုပ်တွေ ကျုံးလုပ်လိုက်ဦးပေါ့။

စိတ်ဖြေလျော့မှုအပိုင်းမှာ အမျိုးသမီးတွေက ရင်ထဲခံစားရသမျှကို နီးစပ်ရာ ဖွင့်ထုတ်ပြောမိရင်း ဖြေလျော့တတ်ပေမယ့် အပြောမတော်လို့ ဒုက္ခများတာ ၊ ဆက်ဆံရေးပျက်တာတွေ ကြုံပါများရင် ကိုယ့်ပါးစပ်ကို ကိုယ်ထိန်းသိမ်းထားရင်း ကိုယ့်ခံစားချက်တွေကို ဖွင့်ထုတ်ဖြေလျော့ခွင့် နည်းပါးလာချိန်မှာ ခင်ပွန်းသည်တွေက လ္ဘက်ရည်ဆိုင်မှာထိုင်ပြီး အချိန်းဖြုန်းလည်း လူမှုဝန်းကျင်မှာ အမြင်ကောင်းတယ် ၊ အမျိုးသားတွေ အရက်ဆိုင်သွားလည်း သင့်တော်တယ် ၊ ဘီယာဆိုင်သွားလည်း သင့်တော်တယ် ၊ အဆိုတော်မတွေ ပန်းကုန်းတက်စွပ်လည်း သင့်တော်တယ် ၊ ကာရာအိုကေဆိုင်သွားလည်း သင့်တော်တယ် ၊ အနှိပ်ခန်းသွားလည်း သင့်တော်တယ် ဖြစ်နေပါတယ်။ အိမ်မှာကျန်ခဲ့တဲ့ ဇနီးသည်ကတော့ ရုပ်ရှင်ကားလေးကြည့် ၊ သီချင်းလေးနားထောင် ၊ စာအုပ်လေးဖတ် ၊ တခုခုလုပ်စား ၊ ခင်ရာမင်ရာ အိမ်ခေါ်ရင်ခေါ် မခေါ်ရင် ကိုယ်ကအိမ်လည်သွားပေါ့။ ဒါတွေကလည်း အားနေသူတွေမှ လုပ်နိုင်တာပါ။

ကိုယ်ဝန်လရင့်လာချိန်ကနေစပြီး ကိုယ့်စိတ်ဆန္ဒဆိုတာတွေ နောက်ပို့ထားရတာ မိန်းမသားတိုင်းလိုပါပဲ။ သားသမီးတာဝန် ၊ ခင်ပွန်းတာဝန် ၊ အိမ်ထောင့်တာဝန် ၊ စီးပွားရေးလိုအပ်ချက်တွေအလယ် အိမ်ရှင်မအများစုဟာ ထွက်ပေါက်မရှိ ပိတ်မိနေတတ်ပါတယ်။ သူတို့တွေရဲ့ဖြေသိမ့်ရာက ခင်ပွန်းရဲ့ နားလည်ဖေးမမှု ၊ နိုင်သလောက်လေး ကူညီပေးမှုနဲ့ သားသမီးတွေရဲ့ သိတတ်မှုလေးတွေပဲ ဖြစ်ပါတယ်။

လူက စိတ်ရောကိုယ်ပါ ထွက်ပေါက်မရှိ ပင်ပန်းနေချိန်မှာ ကိုယ့်ကိုအိမ်အကူလောက်သာ သဘောထားတဲ့ခင်ပွန်း ၊ လိုအပ်ချိန်မှအသုံးပြုပြီး မလိုရင် ချောင်ထိုးထားတတ်တဲ့ခင်ပွန်း ၊ ဖောက်ပြန်တဲ့ခင်ပွန်း ၊ လောင်းကစားမက်တဲ့ခင်ပွန်း ၊ မစွဲကောင်းတာတွေ စွဲနေတဲ့ခင်ပွန်း စသဖြင့်သော မကြင်နာတတ်တဲ့ခင်ပွန်းတွေနဲ့ တဘဝစာရှေ့ဆက်ရတဲ့ အိမ်ထောင်ရှင်မတွေရဲ့ဘဝဟာ ကူကယ်ရာမဲ့တဲ့ဘဝပါ။ မျှော်လင့်ချက်မဲ့တဲ့ဘဝပါ။

ခင်ပွန်းက အရက်မူးလာရင် တုတ်ထိုးအိုးပေါက် ဟုတ်တာရော ၊ မဟုတ်တာရော ရမည်ရှာပြောနေချိန်မှာ ဇနီးသည်ကတော့ အမူးသမားနဲ့ ဖက်ပြိုင်ပြောလည်း သူကမူးပြီးအိပ်ပော်ျသွားလို့ မနက်ရောက်ရင် ဘာမှပြန်မှတ်မိမှာမဟုတ်ဘူး။ ခံစားရမယ့်ဇနီးသည်သာ ခင်ပွန်းအမူးပြေသွားလည်း စိတ်ထဲကနာကျင်မှုတွေမပြေနိုင် ၊ အကြိမ်များစွာခံစားရလေ စိတ်ဒဏ်ရာတွေက ရင့်သထက်ရင့်လာလေနဲ့ နာကျည်းလာတတ်တယ်။

ဇနီးသည်ဟာ စိတ်ရောကိုယ်ပါ ပင်ပန်းဆင်းရဲလေ သူ့ရဲ့ သည်းခံနိုင်ရည်အားဟာ ကျဆင်းလာလေ၊ ဇနီးသည်ဟာ ဆွေမျိုးအသိုင်းအဝန်းနဲ့ စီးပွားဥစ္စာတောင့်တင်းလေ ခင်ပွန်းသည်အပေါ် သည်းခံနိုင်မှု အားနည်းလေ ၊ ဇနီးသည်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမြင့်မားလေ သည်းခံနိုင်မှု အားနည်းလေ ၊ မာနကြီးလေ သည်းခံနိုင်မှုနည်းလေ ၊ အတတ်ပညာနဲ့ ဥာဏ်ပညာမြင့်မားလေ ခင်ပွန်းမပီသတဲ့ ခင်ပွန်းအပေါ်ကို သည်းခံနိုင်မှုနည်းလေ ဖြစ်တတ်ပါတယ်။

မှားယွင်းတဲ့အိမ်ထောင်ရေးကြီးကနေ ရုန်းထွက်ချင်သူတွေရှိပေမယ့် မြန်မာလူမှုဝန်းကျင်က တခုလပ်ချင်းတူတောင် အမျိုးသမီးတခုလပ်ဆိုတာကို ပိုရှုံ့ချတယ် ၊ အိမ်ထောင်ဘက်ဆုံးရှုံးရသူချင်းအတူတူ မုဆိုးမဆို ပိုအထင်သေးတယ်။ ဘာအကြောင်းကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာကို သုံးသပ်ဖို့ထက် ရှုံ့ချဖို့က ရှေ့ဆုံးကပါ။ လင်ကွဲ ၊ လင်ဆုံး အမျိုးသမီးတွေကို လက်တွဲခေါ်ဖို့သာ တွန့်ဆုတ်ရင် တွန့်ဆုတ်မယ်။ အတင်းအဖျင်းပြောဖို့ ၊ အထင်သေးဖို့ ၊ ရှုံ့ချဖို့ဆိုရင် အများစုက လက်တွဲညီကြတယ်။

ဒါတွေကြောင့်ပဲ မြန်မာအမျိုးသမီးတွေဟာ ပတ်ဝန်းကျင်မျက်နှာ ၊ မိဘဆွေမျိုးမျက်နှာ ၊ သားသမီးမျက်နှာတွေ ငဲ့တွေးပြီး ကိုယ့်အပေါ်မကောင်းတဲ့လင်ယောက်ျားကိုလည်း ဆက်ပေါင်းကြတယ်။ ဆက်ပြီး အနှိပ်ဆက်ခံကြတယ်။ ဒီအိမ်ထောင်ဟာ မိုက်တွင်းတခုဖြစ်ဦးတော့ နက်သထက်နက်အောင် တဆုံးတိုးဝင်ကြတယ်။ အသက်ဆုံးလို့ ဘဝဆုံးတဲ့အထိပဲ။

အမျိုးသမီးတွေရဲ့အခွင့်အရေးနဲ့ ဘဝကို မြန်မာနိုင်ငံမှာ ဘယ်လိုမြှင့်တင်ပါတယ်ပြောပြော မယားကိုရိုက်ပြီးနှိပ်စက်နေတဲ့ လင်ယောက်ျားကို မယားဖြစ်သူ အမှုမဖွင့်သရွေ့ ဘယ်သူကမှ အလိုက်တသိ ဖမ်းဆီးအရေးယူမှုမပြုဘူး။ တခါတလေ မယားက ရပ်ကွက်ရုံးမှာတိုင်သည့်တိုင် လင်မယားဘဲ သည်းခံလိုက်ပါဆိုတာနဲ့ ဖြန်ဖြေတာတွေရှိတယ်။ မိဘတွေဖွင့်ပြောရင် လင်နဲ့မယားဒီလိုပဲ ထူထောင်ပြီးသားအိမ်ထောင် မကွဲကောင်းဘူး။ ငဲ့ညှာထောက်ထားစရာတွေရှိတယ်။ သည်းခံလက်စနဲ့ ဆက်သည်းခံလိုက်ပါဆိုတဲ့ စကားတွေနဲ့ အမျိုးသမီးတွေဟာ အခွင့်အရေး ဆုံးရှုံးနေကြတယ်။

စင်္ကာပူလိုနိုင်ငံမျိုးမှာတောင်မှ သူ့အိမ်ထဲသူ ရုန်းရင်းဆန်ခတ်သံတွေ ကျယ်ကျယ်လောင်လောင် ကြားနေပြီဆိုရင် မဖြစ်သင့်တာမဖြစ်အောင် ပတ်ဝန်းကျင်က ရဲစခန်းကို သတိပေးတယ်။ ရဲတွေက မိနစ်ပိုင်းအတွင်းရောက်လာပြီး အခြေအနေကို စစ်ဆေးတယ်။ အားနည်းတဲ့သူဘက်က ဥပဒေအတိုင်းရပ်တည်တယ်။ ကာယကံရှင်တွေ ဖြစ်ချင်တာတွေနဲ့ ဖြစ်သင့်တာတွေကို ကြားကဝင်ဆွေးနွေးပေးတယ်။ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ ၊ သက်ကြီးရွယ်အိုတွေရဲ့ ရပိုင်ခွင့်ဆိုတာကို အကာအကွယ်ပေးတယ်။ မြန်မာနိုင်ငံမှာတော့ “ပဲကြီးလှော်ကြား ဆားဝင်မညပ်ဘူး ၊ ဓါးခုတ်ရာ လက်ဝင်မရှိုဘူး ၊ ကြားသုံးကြား မဝင်ဘူး” ဆိုတဲ့ ခံယူချက်တွေကြောင့် အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေ ၊ သက်ကြီးရွယ်အိုတွေရဲ့ အခွင့်အရေးတွေဟာ ဆုံးရှုံးသထက် ဆုံးရှုံးလာတာပါ။

ဒီစာဖတ်ပြီးရင် အားနွဲ့တဲ့ အမျိုးသမီးတွေရဲ့ဘဝကို စာနာနိုင်ပါစေ ။ ရွေးချယ်ခွင့်နည်းတဲ့ အမျိုးသမီးတွေရဲ့ဘဝကို နားလည်နိုင်ပါစေ။ ပေးဆပ်မှုကြီးတဲ့ အမျိုးသမီးတွေရဲ့ဘဝကို ငဲ့ညှာနိုင်ပါစေ။ သနားညှာတာမှုတွေနဲ့ အားနွဲ့တဲ့ အမျိုးသမီးတွေအပေါ် ဖေးမနိုင်ပါစေ။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%81%8f%e1%80%98%e1%80%9d/feed/ 0
မိခင်များ မကျန်းမာတဲ့အခါ http://www.burmesehearts.com/%e1%80%99%e1%80%ad%e1%80%81%e1%80%84%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-%e1%80%99%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%81/ http://www.burmesehearts.com/%e1%80%99%e1%80%ad%e1%80%81%e1%80%84%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-%e1%80%99%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%81/#respond Tue, 12 Jan 2016 01:26:15 +0000 http://www.burmesehearts.com/?p=29959

သားသည်မိခင်တွေဟာ သူတို့ကလေးကို လွယ်ထားရတဲ့အချိန်မှသည် ကလေးဘယ်အရွယ်ရောက်ရောက် နောက်ကြောင်း စိတ်မဖြောင့်နိုင်သူတွေဖြစ်ပါတယ်။ ကျွန်မဆိုလိုတဲ့ မိခင်တွေဆိုတာ သားသမီးသံယောဇဉ်ကြီးမားတဲ့ မိခင်အများစုကို ဆိုလိုတာဖြစ်ပြီး သားသမီးသံယောဇဉ်ဆိုတာ ဘာမှန်းမပြောပြတတ်တဲ့ အပေါ့စား မိခင်တွေတော့ မပါဝင်ပါဘူး။ အပေါ့စားမိခင်ဆိုတာ သားသမီးတွေရလာပေမယ့်လည်း ခပ်ပေါ့ပေါ့တွေး ၊ ခပ်ပေါ့ပေါ့နေထိုင်တတ်သူတွေကို ဆိုလိုတာပါ။

ကိုယ့်အရေးထက် သားသမီးအရေးကို လေးလေးနက်နက် တွေးသူတွေကျတော့ စားစား ၊ သွားသွား သားသမီးအရေးဆိုတာ ရှေ့ဆုံးကနေ အတွေးထဲ ၊ အစီအစဉ်ထဲ ၊ လုပ်ကိုင်ဆောင်ရွက်မှုတွေထဲ ဦးစားပေးတတ်သူတွေပါ။ “ဒီကလေးတွေနဲ့ ငါ သေသာ သေလိုက်ချင်တော့တယ်။” လို့ အဖန်ဖန်ရေရွတ်တတ်တဲ့ မိခင်တွေဟာ သေဖို့နေနေသာသာ နေမကောင်း နာမကျန်းဖြစ်ဖို့တောင် စိတ်မဖြောင့်နိုင်သူတွေပါ။ ဒါကို သူတို့မကျန်းမမာဖြစ်ပြီး အိပ်ယာထဲလဲတဲ့အခါ ပိုသိသာလာပါတယ်။

သားသမီးတွေကိစ္စ ကိုယ်လုပ်ကိုင်နိုင်တုန်းက လုပ်ပေးနိုင်သမျှ လုပ်ပေးနေတာမို့ မလုပ်ကိုင်နိုင်တော့ရင်ဆိုတဲ့အတွေး မိခင်တွေခေါင်းထဲ မဝင်လာတတ်ပေမယ့် အလုပ်ဒဏ်ပိလို့ပဲဖြစ်ဖြစ် ၊ ဇရာပိလို့ပဲဖြစ်ဖြစ် ၊ ရောဂါပိလို့ပဲဖြစ်ဖြစ် ၊ တဒင်္ဂဖျားနာလို့ပဲဖြစ်ဖြစ် သူတို့လုပ်ကိုင်နေကျ အလုပ်တွေ မလုပ်ကိုင်နိုင်တော့တဲ့အခါ သူတို့ဟာ သူတို့ရဲ့ကျန်းမာရေးထက် သားသမီးတွေ အဆင်မပြေမှာ ၊ အိမ်မယ် အဆင်မပြေမှာ ၊ ခင်ပွန်းအဆင်မပြေမှာကို ပိုပူပန်တတ်ကြပါတယ်။ ဒါ မှန် ၊ မမှန်ကို မိခင်တွေ နာမကျန်းဖြစ်တဲ့အခါ သတိထားကြည့်ပေါ့။ ဖခင်တွေလည်း အလားတူစိတ်မျိုး ဖြစ်နိုင်ပေမယ့် မိန်းမသားဖြစ်တဲ့ မိခင်က မိသားစုကို ပိုခင်တွယ်တာ ၊ ပိုပူပင်တတ်တာ ၊ ပိုစိုးရိမ်ပြီး စိတ်မဖြောင့်တတ်တာတွေက ဖခင်တွေထက် ပိုကြီးမားတယ်။ ဘာဖြစ်လို့လဲဆို အိမ်ထဲက အလုပ်ယန္တရားကြီး အဆင်ပြေပြေ လည်ပတ်နေဖို့က သူမဦးဆောင်နေတာလေ။

ကလေး မနက်စာအရံသင့်စားရအောင် ၊ ကျောင်းသွားမယ့်သားသမီး နဲ့ အလုပ်သွားမယ့်ခင်ပွန်း ထမင်းချိုင့် အလျင်မီအောင် ၊ ဘုရားဆွမ်း ၊ ပန်း ၊ ရေချမ်း ၊ ဆီမီး မပြတ်ဖို့အပြင် အိမ်က ဆပ်ပြာမှုန့် ၊ ကိုယ်တိုက်ဆပ်ပြာ ၊ သွားတိုက်ဆေးကအစ မီးဖိုချောင်သုံးပစ္စည်းတွေ မပြတ်လပ်အောင် ဖြည့်ရတာ ၊ လသားကလေးနဲ့ လူမမယ်ကလေးအတွက် လိုအပ်တာတွေ ဖြည့်ဆည်းရင်း  ၊ မျက်စိဒေါက်ထောက်ထိန်းရင်း အိမ်မှုကိစ္စတွေလုပ်ကိုင်ရတာ ၊ သူမအလုပ်တွေပြောရင် မိုးမလင်းမီ မျက်စိနှစ်လုံးမပွင့်တပွင့် အချိန်ကနေ မိုးချုပ် ညအိပ်ရာဝင်ချိန်အထိ အိမ်မက်ထဲမှာတောင် လုပ်စရာတွေ ပုံနေတတ်တာမျိုးပါ။

သူတို့နာမကျန်းဖြစ်လို့ အိပ်ယာထဲ မဖြစ်မနေလှဲနေရရင်တောင် ဒီအချိန် ငါဘာလုပ်ရမယ် ၊ ကလေးတွေ ရေချို့ပြီးရဲ့လား ၊ အဆင်ပြေပြေစားသောက်ကြရဲ့လား ၊ အဝတ်လျှော်မီးပူတိုက် ဘယ်သူလုပ်ပေးပါလိမ့် ၊ အဆင်ပြေကြရဲ့လား စသဖြင့် စိတ်စွဲပြီး အိမ်ရာထဲကနေ လှမ်းပူနေတတ်တာမျိုးပါ။ သူတို့များ ထိုင်နိုင်လာပြီဆိုရင် မထနိုင်ပေမယ့်လည်း ထိုင်လျက်ကလေး လုပ်ရတဲ့အိမ်အလုပ်တွေ လုပ်နေတတ်တာမျိုးပါ။

ကလေးတွေ နေမကောင်းလို့ပဲဖြစ်ဖြစ် ၊ ခင်ပွန်းနေမကောင်းလို့ပဲဖြစ်ဖြစ် ဖွယ်ဖွယ်ရာရာလေး ဝယ်ချက်ပြုတ် ပြင်ဆင်ပေးတတ်တဲ့သူမ ၊ ကိုယ့်မိသားစုဝင်တွေ အမြန်နလန်ထအောင် ပြုစုရင်း ၊ ချက်ပြုတ်ရင်း စိုးရိမ်ပူပင်တတ်တဲ့သူမ နာမကျန်းဖြစ်တဲ့အခါ သူမအနားမှာ ပြု စုပေးတဲ့သူမရှိတာတောင် ရင်နာဖို့သတိမရဘဲ မိသားစုဝင်တွေအတွက် အိပ်ရာထဲက ပူပင်ပေးနေတဲ့ သူမရဲ့မေတ္တာဟာ စာဖွဲ့ရနိုင်ရိုးလားနော်။ သူမရုပ်သွင်ကနေဖြစ်ဖြစ် ၊ သူမရဲ့ စကားတွေကနေဖြစ်ဖြစ် သူမရဲ့ ပူပင်မှုကို သိမြင်နိုင်ပေမယ့် သူမရင်ထဲက ပူပန်မှုတွေကို သူမလောက် ကျွန်မတို့ မသိနိုင်ကြပါဘူး။

BurmeseHearts Blog

ဒီလိုအပူအပင်ကြီးလို့လည်း မိခင်တွေဟာ တော်ရုံ မနာဖျားချင်ကြဘူး ၊ နာဖျားရင်လည်း အနားယူဖို့ ခေါင်းမာတတ်ကြပါတယ်။ မတတ်နိုင်တဲ့မိခင်တွေက သူမကိုကုရင်း ကုန်သွားမယ့်ငွေတွေကို နှမျောလို့ပဲဖြစ်ဖြစ် ၊ အနားမယူချင်လို့ပဲဖြစ်ဖြစ် ၊ တော်ရုံခံစားရတာလေးကို အစာလေးနဲ့ ၊ နီးစပ်ရာ ကောင်းနိုးရာရာ မြန်မာဆေးလေးနဲ့ ၊ ကြားဖူးနားဝ အင်္ဂလိပ်ဆေးနဲ့ သက်သာလိုက်ချင်တာမျိုးပါ။

တတ်နိုင်တဲ့မိခင်တွေကျပြန်တော့လည်း တော်ရုံခံစားရတဲ့ဝေဒနာကို သွားမကုလိုကြဘူး။ အဲဒီအတွက် အချိန်မပေးလိုတာလည်းပါတယ် ၊ ရောဂါလေးမဖြစ်စလောက်လို့ သူတို့ထင်နေရာကနေ ရောဂါကြီးတွေ စစ်ဟယ် ၊ ဆေးဟယ်ပေါ်လာရင် ကုနေရဦးမယ် ၊ ဆေးရုံတက်နေရဦးမယ် စတဲ့ အိမ်ကမိသားစုနဲ့ ခွဲနေရမယ်ဆိုတဲ့ အတွေးနဲ့တင် တော်ရုံ ဆေးရုံဆေးခန်းမှာ သွားမပြလိုကြဘူး။ မိသားစုဝင်တွေများ တခုခုဖြစ်ကြည့် “အပ်နဲ့ထွင်းရမယ့်ဟာ ပေါက်ဆိန်နဲ့ ပေါက်နေရဦးမယ်” ဆိုပြီး ကုသမှုတွေယူဖို့ ဆော်သြတတ်သူ ၊ ဦးဆောင်ဦးရွက်ပြု ပြီး ဆေးရုံဆေးခန်း ပူပူပင်ပင်ခေါ်သွားတတ်သူဟာ မိခင်ပါပဲ။

အိမ်ရှင်မ မိခင်ဖြစ်သူမကျန်းမာလို့ ရက်ပိုင်းလေး အိပ်ရာထဲလဲသွားရင်တောင် ပြန်နလန်ထူလာချိန်မှာ လုပ်စရာတွေက အရင်ထက် အဆပေါင်းများစွာ စောင့်ကြိုလို့နေပါပြီ။ ဘာအလုပ်တွေလဲဆိုတော့ အိမ်မှာရှိတဲ့ အိမ်ထောင်ဦးစီးနဲ့ သားသမီးတွေ မမြင်တတ်တဲ့ ၊ လုပ်နေကျလည်းမဟုတ်တဲ့ အလုပ်တွေပါ။ သူမအိပ်ရာပေါ်က ဆင်းလိုက်ပြီဆိုတာနဲ့ လျှော်စရာအဝတ်တွေ ပုံနေနိုင်ပါတယ်။ အိပ်ယာခင်း ၊ ခေါင်းအုံးစွပ်မှသည် လိုက်ကာတွေကိုလည်း သူမဟာ ချွတ်လဲလို့ လျှော်နေနိုင်ပါတယ်။ နေမကောင်းတုန်း မပြောင်မလင်ဖြစ်နေတဲ့ ကြမ်းတွေကို သူမဟာ ဆေးချင်ဆေးနေနိုင်ပါသေးတယ်။ အိမ်သားတစ်ဦးချင်းစီရဲ့ ဗီရိုထဲက ပွနေတဲ့ အဝတ်အစားတွေနဲ့ စားပွဲပေါ်က စာအုပ်တွေ ၊ စာရွက်တွေကိုလည်း စီရရီလေးနဲ့ လုပ်ပေးချင်ပါသေးတယ်။ ဖုန်တွေ ၊ ကြပ်ခိုးတွေ ရှင်းချင်ပါသေးတယ်။

ရေချိုးခန်းဝင်ပြီဆိုရင်လည်း ဝယ်စရာရှိတာတွေ ၊ ဖြည့်စရာရှိတာတွေ ဗြစ်တောက်ဗြစ်တောက်ပြော ဦးနှောက်ထဲမှတ်သားရင်း ကျိချွဲနေတဲ့ ရေချိုးခန်းနံရံတွေ ၊ ကြမ်းပြင်တွေ ၊ ရေအိမ်နံရံ ၊ ကြမ်းပြင်တွေနဲ့ သန့်ရှင်းစရာရှိတာတွေ ၊ နံစော်နေတာတွေကို တရစပ်လုပ်ကိုင်ချင်ပါသေးတယ်။ မီးဖိုချောင်ဝင်တဲ့အခါမှာလည်း အားလုံးကို သူမ ကျန်းမာစဉ်တုန်းကလို အကျအန သပ်သပ်ရပ်ရပ်လေး ခင်းကျင်းထားသိုလို့ သန့်ရှင်းချင်ပါသေးတယ်။

မီးပူတိုက်ရမယ့်အဝတ်တွေ ၊ ဖာထေးရမယ့်အဝတ်တွေ ၊ ပစ်ထုတ်ရမယ့်အဝတ်တွေကိုလည်း သူမဟာရွေးချယ်ပြီး သင့်ရာ သင့်ရာ လုပ်ကိုင်နေပါဦးမယ်။ အိမ်ပြန်ရောက်လာမယ့် အိမ်သားတွေ အဆင်သင့် စားနိုင်မယ့် ဟင်းအမယ်တွေကို ရှိတာလေးနဲ့ ချက်ပြုတ်နိုင်အောင် သူမ စဉ်းစားချက်ပြုတ်နေနိုင်ပါသေးတယ်။ ဒါတွေဟာ အိမ်ရာထဲကနေ ထနိုင် ၊ သွားနိုင်လာစ အိမ်ရှင်မကောင်းတွေရဲ့ မပြီးစီးနိုင်သော အလုပ်တွေပါ။

သူမ အိပ်ရာထဲလဲနေချိန် သူမ ပူပင်နေတဲ့အလုပ်တွေအပြင် ခင်ပွန်းနဲ့သားသမီးအရေးကိုလည်း ပူပင်နိုင်ပါသေးတယ်။ သူမ ပူပင်နေတဲ့အိမ်သားတွေက အိပ်ရာထဲကသူမကို ချိုသာစွာ ဆက်ဆံပါရဲ့လား ၊ အနွံအတာခံလို့ ပြုစုပါရဲ့လား ၊ စိတ်အေးရအောင် ဖြေသိမ့်ပေးပါရဲ့လား ၊ ခံတွင်းတွေ့အောင် ကျွေးမွေးပါရဲ့လား ၊ နွေးထွေးစွာ ကြင်နာပါရဲ့လား။

သူမကို ဒီမိသားစုက တန်ဖိုးထားသည်ဖြစ်စေ ၊ တန်ဖိုးမထားသည်ဖြစ်စေ သူမကတော့ သူမ မရှိရင် ဒီမိသားစု ကမောက်ကမ မဖြစ်ရလေအောင် သူမဖြည့်ဆည်းပေးနေကျအရာတွေကို နေမကောင်းပေမယ့်လည်း ဖြည့်ဆည်းပေးချင်သူပါ။ မကျန်းမာပေမယ့်လည်း ကိုယ့်အတွက်မပူ အများအတွက် ပူပေးသူပါ။ ပူညံပူညံ သူမအသံတွေ မကြားရရင် ငြိမ်းချမ်းတယ်လို့ မိသားစုဝင်တွေ ထင်ကောင်း ထင်နေနိုင်ပေမယ့် ပူညံပူညံ သူမသာမရှိရင် ဒီခင်ပွန်းနဲ့ ဒီသားသမီးတွေ ဒီအိမ်ထောင်ထဲ တကယ် ငြိမ်းအေးစွာ နေနိုင်ပါ့မလား ……

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%99%e1%80%ad%e1%80%81%e1%80%84%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-%e1%80%99%e1%80%80%e1%80%ba%e1%80%94%e1%80%b9%e1%80%b8%e1%80%99%e1%80%ac%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%81/feed/ 0
အားဆေးဆိုသည်မှာ http://www.burmesehearts.com/%e1%80%a1%e1%80%ac%e1%80%b8%e1%80%b1%e1%80%86%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%9e%e1%80%8a%e1%80%b9%e1%80%99%e1%80%bd%e1%80%ac/ http://www.burmesehearts.com/%e1%80%a1%e1%80%ac%e1%80%b8%e1%80%b1%e1%80%86%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%9e%e1%80%8a%e1%80%b9%e1%80%99%e1%80%bd%e1%80%ac/#respond Mon, 04 Jan 2016 10:05:56 +0000 http://www.burmesehearts.com/?p=27990

အားဆေးဆိုတာဘာလဲ။ အားဆေးဆိုတာ ဗီတာမင်ဆေးတွေကို ဆိုလိုပါတယ်။ ဗီတာမင်များဟာ လူတွေအဖြစ် မရှိမဖြစ် လိုအပ်တယ်ဆိုပေမယ့် ဗီတာမင်တွေ ပိုစားလို့ ပိုဝလာတယ်ဆိုတာမရှိဘဲ ဗီတာမင်လျှော့စားလို့ ပိုပိန်သွားတယ်ဆိုတာလည်း မရှိပါဘူး။ ဒါပေမယ့် အစာစားချင်တဲ့စိတ်ဖြစ်အောင် ဖော်စပ်ထားတဲ့ဆေးတွေကို အစားများရာကနေ အစားအစာတွေ များများစားဖြစ်ပြီး ပိုဝလာတာမျိုးတော့ရှိပါတယ်။ ဒီလို အစာစားချင်စိတ်ဖြစ်စေတဲ့ဆေးတွေ စားသောက်တာဟာ ဗီတာမင်ဆေးတွေ စားတာမျိုးတော့မဟုတ်ပါဘူး။

အထူးသဖြင့် ကလေးတစ်ယောက် ဝလာဖို့ ဗီတာမင်ဆေးတွေချည်း စားနေလို့ မရပါဘူး။ ဗီတာမင်ချည်းစားနေရုံနဲ့ လူတစ်ယောက်လိုအပ်တဲ့ အာဟာရဓါတ်တွေ ပြည့်ပြည့်ဝဝ ရရှိလာတာမျိုး မဟုတ်ပါဘူး။ လူတစ်ယောက်ကြီးထွားဖို့အတွက်

(၁) အသားဓါတ် (အသားဓါတ်ကို အသား ၊ ငါး ၊ ပဲအမျိုးမျိုး ၊ နို့ ၊ ကြက်ဥ ၊ ဘဲဥ စတဲ့အရာတွေက ရရှိနိုင်ပါတယ်။)

(၂) အင်အားဓါတ် ( အင်အားဓါတ်ကို ဆန် ၊ ဂျုံ ၊ ပြောင်း ၊ ထန်းလျက် ၊ သကြား စတဲ့အရာတွေက ရရှိနိုင်ပါတယ်။ )

(၃) အဆီ (အဆီဓါတ်ကို မြေပဲ ၊ နှမ်း ၊ နေကြာ စတာတွေကအပြင် တရိစ္ဆာန်ရတဲ့အဆီဖြစ်တဲ့ ဝက်ဆီ ၊ အမဲဆီ ၊ ထောပတ် စတာတွေကနေ ရရှိနိုင်ပါတယ်။)

(၄) ဗီတာမင် (ဗီတာမင်ကို ဟင်းသီးဟင်းရွက်နဲ့ လူတို့စီမံဖော်စပ်ထားတဲ့ ဆေးဝါးတွေကနေ ရရှိနိုင်ပါတယ်။)

(၅) သတ္တုဓါတ်များနဲ့ (ဟင်းသီးဟင်းရွက်နဲ့ လူတို့စီမံဖော်စပ်ထားတဲ့ ဆေးဝါးတွေကနေ ရရှိနိုင်ပါတယ်။)

(၆) ရေတို့ လုံလောက်မျှတစွာရှိနေဖို့ လိုအပ်ပါတယ်။

ဒီလိုလိုအပ်တဲ့အရာတွေကို ပြည့်ပြည့်ဝဝ လုံလုံလောက်လောက် ရရှိနေမယ်ဆိုရင် ကလေးဟာ ဝလာမှာဖြစ်ပါတယ်။

လူတစ်ယောက်ဟာ အသားတစ်မျိုးတည်းစားနေရုံနဲ့ ဝဖြိုးမလာနိုင်သလို အင်အားဓါတ်တမျိုးတည်းစားရုံနဲ့ ကြီးထွားလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဗီတာမင်တွေချည်း ထိုင်စားနေရုံနဲ့ ဖွံ့ဖြိုးလာမှာ မဟုတ်ပါဘူး။

ဗီတာမင်ဆေးဝါးတွေထဲမှာ ဘယ်ဆေးဟာ အကောင်းဆုံးရယ်လို့ ပုံသေသတ်မှတ်ထားလို့ မဖြစ်နိုင်ဘဲ အမယ်များများပါတဲ့ ဗီတာမင်နဲ့ အမယ် တစ်မျိုးတည်း ၊ နှစ်မျိုးတည်း ပါဝင်တဲ့ ဗီတာမင်ဆေးဝါးများရယ်လို့ ခွဲခြား သတ်မှတ်လို့ရတာပါ။ ဗီတာမင်ဆိုတာ လိုသမျှပဲစားရတာပါ။ လိုတာထက်ပိုစားရင် ဝမ်းထဲ ၊ ဆီးထဲကနေ ပြန်ထွက်ကုန်တာဖြစ်ပါတယ်။

ဗီတာမင်ဆေးတွေဟာ ဈေးကြီးတိုင်း အမယ်စုံစုံလင်လင် ပါဝင်တာမဟုတ်ဘဲ အချို့ ဗီတာမင်ဆေးဝါးတွေက ရောင်းပန်းလှအောင်ပြုလုပ်ပြီး ဈေးတင်ရောင်းချကြတာ ဖြစ်ပါတယ်။

ကလေးကို တကယ် ကျန်းကျန်းမာမာနဲ့ ဝစေချင်တယ်ဆိုရင် ဗီတာမင်ဆေးတမျိုးတည်း မကျွေးဘဲ အသား ၊ ငါး ၊ ဆန် ၊ ဟင်းသီးဟင်းရွက် ၊ သစ်သီးဝလံ စတာတွေ အစုံကျွေးရမှာဖြစ်ပါတယ်။ ဒါတွေ ဝဝလင်လင်ကျွေးပါမှ ကလေးဟာ ဝလာမှာပါ။

ရောဂါဖြစ်နေလို့ ပိန်နေတဲ့ကလေးကို ဝအောင် အရင်မကြိုးစားသင့်ဘဲ ရောဂါပျောက်အောင် အရင်ကြိုးစားရမှာပါ။ ရောဂါရှိနေသမျှ ကလေးဟာ အလေးချိန် ဆုတ်ယုတ်နေဦးမှာဖြစ်တဲ့အတွက် ရောဂါမကုဘဲ ကလေးဝအောင်လို့ အားဆေးတွေ ကျွေးနေတာဟာ ပလိုင်းပေါက်နဲ့ ဖားကောက်နေသလိုပါပဲ။

ဥပမာ တီဘီရောဂါရှိနေတဲ့ကလေးကို တီဘီရောဂါ အရင်ပျောက်ကင်းအောင်မကုဘဲ ဝလာအောင် ဗီတာမင်ဆေးတွေ စွတ်ကျွေးနေလို့ ကလေးဟာ ဝလာမှာမဟုတ်ပါဘူး။ တီဘီရောဂါ ပျောက်အောင်မကုသမျှ ကလေးဟာ ဆက်ပိန်နေဦးမှာဖြစ်ပါတယ်။ တီဘီရောဂါကို ကုသနေဆဲကာလမှာလည်း အာဟာရ ပြည့်ပြည့်ဝဝကျွေးဖို့ လိုအပ်ပါသေးတယ်။ ရောဂါရှိနေတဲ့ကလေးကို အာဟာရပြည့်ပြည့်ဝဝ မကျွေးဘူးဆိုရင် ကလေးဟာ မူလရှိနေတဲ့ တီဘီရောဂါအပြင် အာဟာရချို့တဲ့ တဲ့ ရောဂါပါ ဝင်လာနိုင်ပါတယ်။

ကလေးတစ်ဦးဖျားပြီဆိုရင် အဖျားပျောက်အောင် အရင်ကုရမှာဖြစ်ပါတယ်။ ဒီလိုအဖျားပျောက်ဖို့ ကုနေတဲ့အချိန်မှာ အစာဖြတ်ထားတာမျိုး မလုပ်ရပါဘူး။ ဖျားလို့ တကိုယ်လုံးပူနေတဲ့ ကလေးရဲ့ကိုယ်ဟာ အပူပိုလို့ အင်အားပိုသုံးရပြီး အင်အားဓါတ်ပိုလိုအပ်နေတာပါ။ ဒါကြောင့် ဒီလိုအချိန်မျိုးမှာ အင်အားဓါတ်ရရှိစေတဲ့ အစာအာဟာရတွေကို မဖြတ်ပစ်ဖို့ လိုပါတယ်။

သို့ပေမယ့် ကလေး ၊ လူကြီးမရွေး နေမကောင်းဖြစ်နေစဉ်မှာ နေကောင်းတုန်းကလို အစာမာမာတွေ ကျွေးတာမျိုးမဟုတ်ဘဲ အစာမြန်မြန် ကျေညက်လွယ်တဲ့ အစားအစာမျိုးကို ဦးစားပေး ကျွေးရပါတယ်။ ပြီးတော့ ခဏ ၊ ခဏလည်း ကျွေးရမှာဖြစ်ပါတယ်။ နေမကောင်းဖြစ်နေချိန်မှာ အစာတဝကြီး ကျွေးတာမျိုး ရှောင်ကြဉ်ရမှာပါ။

အူရောင် ၊ အူပေါက်တာမျိုး ဖြစ်နေတယ်ဆိုရင်တော့ အစာကျွေးတာကို ခဏရပ်ထားရမှာဖြစ်ပါတယ်။ အစာရပ်ထားဖို့ လိုအပ်ရင် ဆရာဝန်က ညွှန်ကြားမှာဖြစ်ပြီး ဆရာဝန်က အစာရပ်ထားဖို့ မပြောသမျှ သင့်တော်တဲ့ အစာကျွေးဖို့ လိုအပ်နေပါတယ်။ ကလေး ဝမ်းသွားနေတယ်ဆိုရင်လည်း ကျေလွယ်တဲ့ အစာတွေကို နည်းနည်းစီ ကျွေးနိုင်ပါတယ်။

ကလေးဟာ နေမကောင်းလို့ ဖြူဖပ်ဖြူရော်ဖြစ်နေတာကို အားရှိအောင် အားဆေးတွေကျွေးရုံနဲ့ ကလေးဖြူဖပ်ဖြူရော်ဖြစ်နေတာ သက်သာလာမှာမဟုတ်ဘဲ သင့်တော်မျှတတဲ့အစာကို ဆက်ကျွေးမွေးပါမှ ကလေးဟာ ခပ်မြန်မြန် ပြန်ထူထောင်လာနိုင်မှာဖြစ်ပါတယ်။

ဗီတာမင်ဆေးတွေကို လူတွေက အားဆေးလို့ ခေါ်ခဲ့တဲ့အတွက် ဗီတာမင်ဆေးတွေစားရုံနဲ့ လူတွေဟာ အားဖြစ်တယ် ၊ ဝဖြိုးပြီး အလေးချိန်တိုးတယ်လို့ မှားယွင်းယူဆနေကြတာပါ။

ရတု (Burmesehearts.com)

 

]]>
http://www.burmesehearts.com/%e1%80%a1%e1%80%ac%e1%80%b8%e1%80%b1%e1%80%86%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%9e%e1%80%8a%e1%80%b9%e1%80%99%e1%80%bd%e1%80%ac/feed/ 0
နေဝင်ချိန်များအား နှိုင်းယှဉ်ခြင်း http://www.burmesehearts.com/%e1%80%b1%e1%80%94%e1%80%9d%e1%80%84%e1%80%b9%e1%80%81%e1%80%ba%e1%80%ad%e1%80%94%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%82%8f%e1%82%88%e1%80%ad%e1%80%84%e1%80%b9/ http://www.burmesehearts.com/%e1%80%b1%e1%80%94%e1%80%9d%e1%80%84%e1%80%b9%e1%80%81%e1%80%ba%e1%80%ad%e1%80%94%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%82%8f%e1%82%88%e1%80%ad%e1%80%84%e1%80%b9/#comments Fri, 25 Dec 2015 08:06:41 +0000 http://www.burmesehearts.com/?p=24738

BurmeseHearts - elder - myanmar video

နေ့တစ်နေ့မှာ အရုဏ်ဦးအလှရှိသလို ဆည်းဆာအလှလည်း ရှိသင့်တာပေါ့နော်။ သစ်ပင်အကိုင်း ၊ အခက် ၊ အရွက်တွေတောင်မှ နုသစ်ချိန် နဲ့ ရင့်ရော်ချိန်ဆိုတာရှိပါတယ်။ သတ္တဝါတွေမှာလည်း ငယ်နုချိန် နဲ့ အိုမင်းချိန်ဆိုတာ ရှိပါတယ်။

လူတွေဟာ အိုမင်းမစွမ်းဖြစ်လာရင် အနည်းနဲ့အများ စိတ်ဓါတ်ကျဆင်းလာတတ်ပါတယ်။ ဒီလိုစိတ်ဓါတ်ကျလာတဲ့လူတွေထဲမှာမှ ဝင်ငွေလုံလုံလောက်လောက် မရှိတဲ့သူတွေ ၊ သားသမီးပေးစာကမ်းစာ ငံ့တလင့်လင့် မျှော်ကိုးနေထိုင်ရသူတွေ ၊ မသိတတ်တဲ့ သားသမီးရရှိထားသူတွေ တနည်းအားဖြင့် သားသမီးတွေရဲ့ မျက်ကွယ်ပြုထားခြင်း ခံရသူတွေ ၊ ကိုယ်တိုင် ကျန်းမာရေးမကောင်းသူတွေ ၊ စားဝတ်နေရေးအဆင်မပြေသူတွေနဲ့ သားဆိုး သမီးဆိုး ပိုက်ထားရသူတွေဟာ အိုမင်းမစွမ်းဖြစ်ပါမှ အတော့်ကို စိတ်ဓါတ်ကျဆင်းရပါတယ်။ သူတို့ရဲ့ ဘဝနေဝင်ချိန်ဟာ မလှပတတ်ဘူးပေါ့။ တချို့ကျတော့လည်း မပြင်နိုင်တော့တဲ့ အတိတ်အတွက် နောင်တတွေပိုက်ပြီး နေဝင်မျိုးချုပ်သွားကြရပါတယ်။

ကျွန်မတို့ မြန်မာနိုင်ငံက အာရှသူ ၊ အာရှသားတွေဆိုတော့ အာရှတွေ တွေးတောလုပ်ကိုင်သလို လုပ်ကိုင်လေ့ရှိကြသူတွေပါ။ အလေ့အကျင့်ချင်း ခပ်ဆင်ဆင်တူကြပါတယ်။ ဒီလိုအာရှနိုင်ငံတွေထဲကမှ ကမ္ဘာနဲ့ယှဉ် တိုးတက်ထွန်းကားနေတဲ့ နိုင်ငံနှစ်ခုက ဘဝနေဝင်ချိန်တွေကို ကျွန်မက နှိုင်းယှဉ်ပြလိုတာပါ။

အားလုံးသိကြတဲ့ စင်္ကာပူနိုင်ငံ နဲ့ ဂျပန်နိုင်ငံ ဒီနှစ်နိုင်ငံက သက်ကြီးရွယ်အိုတွေရဲ့ ဘဝနေဝင်ချိန်တွေကို ကျွန်မက အပြုသဘောသက်သက် နှိုင်းယှဉ်လိုတာဖြစ်ပါတယ်။ သူတို့တွေဆီက ကောင်းတဲ့အပြုအမူတွေကို ကောင်းဖို့အတွက် ယူကြမယ်။ မကောင်းတဲ့အပြုအမူတွေကို ကောင်းဖို့အတွက် ပယ်ကြမယ်လေ။

ကျွန်မဟာ စင်္ကာပူနိုင်ငံမှာနေပြီး ဂျပန်သူငယ်ချင်းမတွေ ရှိသူပါ။ စင်္ကာပူနိုင်ငံမှာနေတော့ စင်္ကာပူနိုင်ငံက လူတွေအကြောင်း မျက်မြင်လေ့လာနိုင်တာပေါ့။ ဂျပန်နိုင်ငံက လူတွေအကြောင်းကိုတော့ ဂျပန်သူငယ်ချင်းတွေကို မေးမြန်းရင်း စာအုပ်စာပေတွေဖတ်ရှုရင်း ၊ အင်တာနက်မှာ ရှာဖွေရင်း တကယ်စိတ်ဝင်စားဖို့ကောင်းတဲ့ ကွာခြားချက်ကို ထင်းထင်းကြီး တွေ့လိုက်ရပါတယ်။

စင်္ကာပူနိုင်ငံ နဲ့ ဂျပန်နိုင်ငံမှာ အများသိကြတဲ့အတိုင်းပါပဲ။ အိုမင်းမစွမ်းသူတွေ ၊ မစွမ်းမသန်တွေ ၊ ဒုက္ခိတတွေ ၊ ကလေးသူငယ်တွေ ၊ ကိုယ်ဝန်လွယ်ပိုးထားသူတွေကို အများသုံးယာဉ်တွေမှာ အတော်ဦးစားပေးပါတယ်။ ဦးစားပေးရအောင် အစိုးရကိုယ်တိုင်က နေရာတွေ သတ်မှတ်ထားပေးပြီး စီမံပေးထားတာပါ။ ဒီတော့ ဒီလိုအခြေအနေမျိုးဖြစ်နေလို့ အိမ်ထဲမှာပဲအောင်းပြီး သိပ်စိတ်ဓါတ်ကျစရာမရှိဘူးပေါ့။ အစိုးရက ဒီလိုဘဝအခြေအနေမပေးသူတွေ အများသူငါ အသုံးပြုရတဲ့ နေရာတွေကို အကူအညီမလိုဘဲ အဆင်ပြေပြေသွားရောက်နိုင်အောင် ဆင်ခြေလျောတွေ ၊ ကင်မရာပါပြီး အသံထွက်ပြောဆိုပေးတဲ့ ဓါတ်လှေကားတွေ ၊ သူတို့အတွက်သီးသန့် အများသုံးရေအိမ်တွေ နေရာတိုင်းလိုလိုမှာ စီစဉ်ပေးထားပါတယ်။ သူတို့သုံးစွဲတဲ့ ငွေမှာကအစ မျက်မမြင်တွေကို သူ့အမှတ်အသားနဲ့သူ မှတ်သားအသုံးပြုနိုင်အောင် ဖန်တီးပေးထားပါတယ်။ သူများအလိမ်မခံရအောင် ၊ ကိုယ့်အားကိုယ်ကိုးနိုင်အောင် အတွေးအခေါ်ရှိရှိ အစိုးရက လုပ်ကိုင်ဆောင်ရွက်ပေးထားပါတယ်။ ဆိုလိုတာက သူတို့အစိုးရတွေက သူတို့နိုင်ငံသားတွေအတွက် ဘယ်လိုအခြေအနေမှာရှိနေပစေ အခွင့်အရေးရရှိအောင် အထောက်အပံ့ပေးထားကြပါတယ်။

အခုကျွန်မပြောမှာက အစိုးရထောက်ပံ့မှုမဟုတ်ဘဲ သူတို့ကျင်လည်နေရတဲ့ ဘဝကို နှိုင်းယှဉ်လိုတာပါ။ အားလုံးသိကြတဲ့အတိုင်း အများအားဖြင့် အလုပ်သမားတွေရဲ့ အလုပ်ချိန်ဟာ စင်္ကာပူနိုင်ငံမှာ ရှည်လျားတယ်။ ဂျပန်မှာကျတော့ ရှာကောင်းကောင်းနဲ့ နှစ်လုပ် ၊ သုံးလုပ် အချိန်လုပြီး လုပ်ကြတယ်။ တူညီတာကတော့ ပျမ်းမျှအားဖြင့် သူတို့တွေရဲ့ဘဝဟာ အားလပ်ချိန် ရှားပါးကြပါတယ်။ ( မြန်မာနိုင်ငံမှာလို အားရင် လ္ဘက်ရည်ဆိုင်ထိုင်ပြီး ဟိုအကြောင်း ၊ ဒီအကြောင်း ငွေမရဘဲ တနေကုန် ထိုင်ဆွေးနွေးကြဖို့ သူတို့မှာ အချိန်မရှိပါဘူး။)

တမိသားစုတည်းက တအိမ်တည်း နေကြသူတွေတောင် တခါတလေ မျက်နှာချင်းဆိုင် ပြုံးပြနှုတ်ဆက်ခွင့်မရတဲ့အချိန်တွေလည်း ရှိကြပါတယ်။ ဆိုလိုတာက မိသားစုကို သိပ်အချိန်မပေးနိုင်ကြတဲ့ Life Style မျိုးနဲ့ နေကြတာပေါ့။ တချို့တွေကျတော့ ဒီလိုဘဝမှာကျင်လည်ရင်း ပျော်စရာကို လုံးဝမခံစားရဘဲ စိတ်ဖိစီးမှုတွေများလွန်းလို့ အဆုံးစီရင်ကြတာတွေတောင်ရှိပါတယ်။ အထူးသဖြင့် ဂျပန်နိုင်ငံမှာ ဒီအဖြစ်တွေ ပိုများပါတယ်။

BurmeseHearts Blog

သူတို့ရဲ့ ဒီလိုတနေ့တာကျင်လည်မှုတွေဟာ အိမ်ထောင်မကျခင်နဲ့ အိမ်ထောင်ကျပြီး သိပ်ကွာခြားမှုမရှိကြပါဘူး။ ဒါပေမယ့် ဘယ်မှာ အကြီးအကျယ်ကွာခြားသွားလဲဆိုရင် သားသမီးယူတဲ့အချိန်မှာ စင်္ကာပူနိုင်ငံက မိခင်တွေနဲ့ ဂျပန်နိုင်ငံက မိခင်တွေဟာ အတော့်ကို ကွာခြားသွားကြပါတယ်။ ဒီနှစ်နိုင်ငံစလုံးမှာ မွေးဖွားနှုန်းတွေ ကျဆင်းတယ်ဆိုပေမယ့် စင်္ကာပူနိုင်ငံက မွေးဖွားနှုန်းကျဆင်းမှုဟာ ပိုဆိုးပါတယ်။ စင်္ကာပူနိုင်ငံသားတွေမှာ မွေးဖွားနှုန်းအတော်ကျဆင်းနေပြီး အိုမင်းတဲ့အဘိုးအဘွားဦးရေ တိုးလာတဲ့အတွက် တကယ်အလုပ်လုပ်ကိုင်နိုင်တဲ့ လူငယ် ၊ လူရွယ်အရေအတွက် အတော်ရှားပါးလာပါတယ်။ ဒါကြောင့် နိုင်ငံတိုးတက်နေတာနဲ့အမျှ ပြည်ပက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ လုပ်အားအပေါ် မှီခိုနေရတာပါ။

ဒီလိုမွေးဖွားနှုန်းကျတဲ့အတွက် မွေးဖွားနှုန်းတက်လာအောင်ဆိုပြီး အစိုးရက ထောက်ပံ့မှုတွေ ၊ လိုချင်စရာတွေဖြစ်တဲ့ အိမ်ရာစီမံကိန်းတွေ ၊ ပညာရေးအထောက်အပံ့ ၊ ကျန်းမာရေးအထောက်အပံ့တွေနဲ့ ဆွယ်လို့ စင်္ကာပူနိုင်ငံက မွေးဖွားနှုန်း အနည်းငယ် တိုးတက်လာတယ်ဆိုပေမယ့် ကျေနပ်ရလောက်အောင်တော့ မတိုးတက်လာပါဘူး။ သူတို့တွေဟာ အချိန်ရှားပါးကြတဲ့အပြင် ရတဲ့အချိန်ကလေးမှာ ကိုယ့်စိတ်ဖြေဖို့အတွက် အပျော်အပါးထွက်ရှာတာမျိုး ၊ ပြည်ပခရီးထွက်လို့ စိတ်ဖြေဖျောက်တာမျိုးတွေမှာ အသားကျနေတော့ သားသမီးရလာတဲ့အခါ ဒီသားသမီးတာဝန်က သူတို့အတွက် အတော်ပိုလာတာပါ။

စင်္ကာပူနိုင်ငံမှာ ကလေးမီးဖွားပြီးတဲ့မိခင်အများစုဟာ မီးဖွားခွင့်ပြည့်တာနဲ့ အလုပ်ပြန်ဝင်လုပ်တဲ့သူတွေများပါတယ်။ ဒီတော့ သူတို့အိမ်က ကလေးကို အိမ်ဖော်နဲ့သော်လည်းကောင်း ၊ အိမ်ဖော်အပါအဝင် မိသားစုဝင်တဦးဦးရဲ့ ကြီးကြပ်မှုနဲ့သော်လည်းကောင်း ၊ ကလေးထိန်းဂေဟာကိုပို့ပြီးသော်လည်းကောင်း ထားခဲ့ကြပါတယ်။ အလုပ်ကပြန်လာရင် နာရီရှည်ကြာလုပ်ခဲ့တဲ့ အလုပ်ကစိတ်ဖိစီးမှုတွေနဲ့ အတော် စိတ်လက်ပင်ပန်းနေပြီမို့ သားသမီးကို အချိန်ပေးဂရုစိုက်နိုင်တယ်ဆိုတာ မရှိပါဘူး။ သားသမီးကို အချိန်လု ဂရုစိုက်ကြတဲ့သူတွေက တပတ်လုံးနေမှ စနေ ၊ တနင်္ဂနွေ နှစ်ရက် သို့မဟုတ် စနေ နေ့တဝက်နဲ့ တနင်္ဂနွေ တစ်ရက်  သို့မဟုတ် ကိုယ့်နားရက် တစ်ရက်သာ ရှိပါတယ်။

စင်္ကာပူနိုင်ငံမှာ အိမ်ဖော်ကို တနင်္ဂနွေတစ်ရက် မဖြစ်မနေ အနားပေးဖို့ သတ်မှတ်ပေးထားတာမို့ အိမ်အကူ ကလေးထိန်းမရှိတဲ့ ဒီလိုအချိန်တွေမှာ မိဘနှစ်ဦးစလုံး ကလေးနဲ့ ပျော်ပျော်ရွှင်ရွှင် အချိန်ပေးကစားဖို့ထက် အမေ အိမ်အလုပ်တွေ လုပ်နေရင် အဖေက ကလေးထိန်းပြီးနေ ၊ အဖေမအားရင် အမေထိန်းစနစ်နဲ့ ထိန်းကြတာပါ။ တခါတရံတော့လည်း ဒီလိုရက်မျိုးမှာ အိမ်အလုပ်တွေ လုပ်မနေတော့ဘဲ မိသားစုအကုန်လုံး တနေကုန်ထွက်လည်လို့ မိသားစုအချိန်ဆိုတာကို ဖန်တီးကြပါတယ်။

တကယ်တွက်ကြည့်ရင် တနေ့(၂၄)နာရီနဲ့ (၇)ရက်ဆို နာရီပေါင်း (၁၆၈)နာရီဖြစ်မယ်။ အလုပ်လုပ်တဲ့ နေ့တွေထဲမှာ တနေ့တနာရီ ကလေးကို အချိန်ပေးရင် အဲဒီ(၆)ရက်စာ (၆)နာရီရှိမယ်။ စနေနဲ့တနင်္ဂနွေ နှစ်ရက်စာ တနေကုန်မှာ ကလေးကို သီးသန့်အချိန်ပေးချိန်ဟာ အိပ်ချိန်ဖယ်လိုက်ရင် ပျမ်းမျှ(၁၀)နာရီပေါ့။ ဒီတော့ (၁၆၈)နာရီရှိတဲ့ ရက်သတ္တပတ် တပတ်လုံးမှာ စင်္ကာပူနိုင်ငံကမိဘတွေ ကလေးကို အချိန်ပေးနိုင်တာ ပျှမ်းမျှ (၁၆)နာရီကနေ (၂၄)နာရီထက်တော့ မပိုပါဘူး။ ဘာဖြစ်လို့လည်းဆိုရင် မိဘတွေ အကုန် အပြင်ထွက်လုပ်ပြီး သားသမီးကို တခြားသူလက် ဝကွက် အပ်ထားလို့ဖြစ်ပါတယ်။

ဂျပန်နိုင်ငံက အိမ်ထောင်သည်အမျိုးသမီးအများစုဟာ ကလေးယူမယ်လို့ ဆုံးဖြတ်လိုက်ကတည်းက ကလေးစာပေတွေဖတ်ရှုလေ့လာပြီး ဖတ်ရှုထားတဲ့စာတွေအတိုင်း ကိုယ်ဝန်ကို စောင့်ရှောက်တယ် ၊ မွေးလာပြန်တော့လည်း အများစုက မိခင်ကိုယ်တိုင်ပဲ ကလေးကို စောင့်ရှောက်ဂရုစိုက်ကြပါတယ်။ ဂျပန်နိုင်ငံမှာ ခြောက်နှစ်အောက်ကလေးငယ်တွေကို ကလေးစိတ်ဖြစ်တယ်လို့ မသတ်မှတ်ကြသေးဘဲ ဘုရားနဲ့ လူ့ဘဝစပ်ကြားမှာ ရှိနေတဲ့ စိတ်ကလေးတခုလို့ သတ်မှတ်ပြီး ခြောက်နှစ်အောက်ကလေးငယ်တွေကို တကယ့်ကို တန်ဖိုးထား ဆက်ဆံကြပါတယ်။ ဒါဟာ သူတို့တွေရဲ့ ရိုးရာယုံကြည်မှုတခုဖြစ်ပါတယ်တဲ့။

ဂျပန်နိုင်ငံမှာ မိဘတွေက သူတို့ကလေးငယ်တွေအတွက် ဘယ်လိုစိတ်ထားနဲ့ ပြုစုစောင့်ရှောက်သလဲဆိုတာကို သုတေသနပြုထားတဲ့သူ ရေးထားတဲ့ စာတမ်းထဲကအချို့ကို ကျွန်မဖော်ပြပေးလိုက်ပါတယ်။ သူတို့တွေဟာ မိခင်နဲ့ကလေးကြားထဲက ဆက်နွယ်မှုကို တအားတန်ဖိုးထားပါတယ်။ အမေတွေဟာ သူတို့ရဲ့ ကလေးငယ်တွေနဲ့အတူအိပ်ပြီးတော့ အိပ်ခန်းတစ်ခန်းတည်းရှိတဲ့ အိမ်မှာ ကလေးငယ်ရှိတယ်ဆို မိခင်နဲ့ကလေးငယ်တွေ နွေးနွေးထွေးထွေး ဆက်ဆံရေးရှိဖို့ ၊ လွတ်လွတ်လပ်လပ် အိပ်စက်ကြနိုင်ဖို့ ဖခင်ဟာ ဇနီးနဲ့ကလေးတွေကို အိပ်ခန်းပေးပြီး သူကတော့ အိပ်ခန်းအပြင်မှာ ထွက်အိပ်လေ့ရှိပါတယ်တဲ့။

ကလေးငယ်တွေကို ဖွတာ ၊ ပွတာ ၊ ရှုပ်တာ ၊ ဆူညံအော်ဟစ်နေတာ ၊ ကစားတာ စသဖြင့်သောကလေးသဘာဝနဲ့ ပြုမူသမျှကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးထားပြီး ခွင့်လွှတ်သည်းခံလို့ လိုက်သိမ်းဆည်းရှင်းလင်းလေ့ရှိကြသူတွေပါတဲ့။ ဒါပေမယ့် ကလေးငယ်တွေဟာ မိဘကို မှီခိုစိတ်ရှိပြီး မှီခိုခွင့်ရှိရမယ့်လို့ သူတို့ယုံကြည်သလို မေတ္တာကပေးတဲ့ စိတ်အင်အားနဲ့ သူတို့ဘဝကို ရေရှည် ကောင်းမွန်စွာ ရင့်ကျက်တဲ့ အတွေးအခေါ်တွေနဲ့ ရပ်တည်သွားကြမယ်လို့ သူတို့က ယုံကြည်ပြီး ဒီအတိုင်း ပြုမူဆက်ဆံ လုပ်ကိုင်ကြပါတယ်။ အထူးသဖြင့် နှစ်နှစ်အောက် ကလေးငယ်တွေ မိခင်ကို လိုအပ်တဲ့ ဘယ်အချိန်မဆို ၊ ဘယ်နေရာမဆိုမှာ မိခင်က ကလေးအတွက် အမြဲအဆင်သင့် ရှိနေတတ်ပါတယ်။

သေချာတာကတော့ ဂျပန်နိုင်ငံက မိဘတွေရဲ့ ကလေးသူငယ်ပြုစုပျိုးထောင်မှုစနစ်ဟာ ကလေးငယ်တွေကို နားလည်မှုပေးလို့ ပျော်ရွှင်စွာကြီးပြင်းဖို့ အချိန်ပေးစောင့်ရှောက်တာဖြစ်ပြီး စင်္ကာပူနိုင်ငံက မိဘတွေရဲ့ ကလေးသူငယ်ပြုစုပျိုးထောင်စုစနစ်ဟာ ဂျပန်လူမျိုးတွေနဲ့ လုံးဝဆန့်ကျင်ခြားနားလို့နေပါတယ်။ သူတို့နှစ်နိုင်ငံစလုံးဟာ ဝင်ငွေမြင့်မားတဲ့ နိုင်ငံတွေဖြစ်ပြီး ကလေးငယ်ရှိတဲ့ မိသားစုတွေအတွက် အစိုးရထောက်ပံ့မှုတွေဟာ အထိုက်အလျောက်ရှိနေတာမို့ စားဝတ်နေရေးအခြေအနေကြောင့် ဝင်ငွေမလောက်လို့ ထွက်လုပ်ရတာမျိုးမဟုတ်ပါဘူး။


BurmeseHearts Courses
BurmeseApp

စင်္ကာပူနိုင်ငံရော ဂျပန်နိုင်ငံနိုင်ငံရော နှစ်နိုင်ငံစလုံးမှာ အသက်ခြောက်ဆယ်ကျော်တဲ့ သက်ကြီးရွယ်အိုတွေ အလုပ် လုပ်ကိုင်လိုရင် လုပ်ကိုင်ခွင့်ရရှိအောင် စီစဉ်ပေးထားပါတယ်။ ကျွန်မက စင်္ကာပူနိုင်ငံမှာနေတော့ စင်္ကာပူနိုင်ငံက သက်ကြီးရွယ်အိုတွေရဲ့ ဘဝအခြေအနေတွေကို မျက်ဝါးထင်ထင်နိစ္စဓူဝ တွေ့မြင်နေရတာပါ။ စင်္ကာပူက သက်ကြီးရွယ်အို အဘိုးအဘွား အများစုက သန့်ရှင်းရေးအလုပ်တွေ ဝင်လုပ်ကြတာပါ။ စားပြီးပေကျံနေတဲ့ စားပွဲတွေကို သူတို့လိုက်သိမ်းပြီး ရှင်းလင်းတယ်။ ရုံးနဲ့ကျောင်းအပြင် အများသုံးနေရာက ရေအိမ်တွေကို သန့်ရှင်းရေးလုပ်တယ်။ တံမြက်စည်းလှည်း ၊ အနိမ့် မှန်သုတ် စတဲ့ အခြေခံအလုပ်တွေကို စင်္ကာပူနိုင်ငံက သက်ကြီးရွယ်အိုတွေ လုပ်ကိုင်ကြပါတယ်။ အစိုးရက ထောက်ပံ့မှုပေးထားတယ်ဆိုပေမယ့် အလုပ် မလုပ်ကိုင်နိုင်သူတွေကို အစိုးရကစုပေးထားတဲ့ CPF ဆိုတဲ့ ငွေကလေးထဲကနေ သူတို့ဘဝနေဝင်ချိန်လေးကို ဖြတ်သန်းကြရပါတယ်။

စင်္ကာပူနိုင်ငံမှာ အိုနေတဲ့ (၇၀)နီးပါး သက်ကြီးစုံတွဲတွေ တစ်ယောက်ကိုတစ်ယောက် အဖော်ပြုလို့ သွားလာရတာ ၊ လမ်းမလျှောက်နိုင်တဲ့ တစ်ယောက်လှည်းတစ်ယောက်တွန်းပေးနေရတာ ၊ တချို့တတ်နိုင်သူတွေက အိမ်ဖော်ငှါးပြီး သက်ကြီးမိဘကို ပြုစုခိုင်းထားတာ ၊ လူအိုရုံပို့ပေးထားတာတွေ ကျွန်မမြင်နေရတယ်။ သေချာတာက အလုပ်လုပ်နိုင်တဲ့ သက်ကြီးရွယ်အိုပဲဖြစ်ဖြစ် ၊ အလုပ်မလုပ်နိုင်တဲ့ သက်ကြီးရွယ်အိုပဲဖြစ်ဖြစ် စင်္ကာပူနိုင်ငံက သက်ကြီးရွယ်အို အများစုဟာ ကျွန်မသတိထားမိသလောက် အမြဲလိုလို အလိုမကျတဲ့မျက်နှာနဲ့ ဘာကိုမှန်းမသိ စိတ်တိုမကျေမနပ်ဖြစ်နေတတ်တယ်။

ကိုယ်ကစာနာမှုနဲ့ ပြုံးရယ်ပြလည်း သူတို့ဟာ ကြောင်နေလားဆိုတဲ့အကြည့်နဲ့ မပြုံးမရယ်ပြန်ကြည့်မှာပါ။ ဓါတ်လှေကားထဲမှာ ကိုယ့်ဘာသာ ဘီးတပ်လှည်းတွန်းထွက်ရခက်နေတဲ့ သက်ကြီးဘိုးဘွားကို သွားကူညီတွန်းပေးဦးတော့ “ရတယ် ၊ မကိုင်နဲ့” ဆိုတဲ့စကားကိုလည်း အများအားဖြင့် ကြားရပါတယ်။ သေချာတာက သူတို့ရဲ့ နေဝင်ချိန်တွေကို သူတို့ မကျေနပ်ကြပါဘူး။ သူတို့ဘေးနားမှာ သူတို့ကို ဂရုတစိုက်ဖေးမမယ့် သားသမီး အများအားဖြင့် မရှိပါဘူး။ သူတို့ကို ပျော်ရွှင်အောင် အဖော်ပြုပေးမယ့်သူတွေကို သူတို့ရှာနေပေမယ့် သူတို့မွေးထားတဲ့သားသမီးတွေဟာ သူတို့ဘဝကို သူတို့ဆက်လျှောက်ရင်း မိဘကတော့ သူတို့ရဲ့နေဝင်ချိန်တွေကို သူတို့ဘာသာ ရုန်းကန်ကြရပါတယ်။

ဂျပန်နိုင်ငံက သက်ကြီးရွယ်အိုတွေကိုကျတော့ သူတို့မိသားစုတွေဟာ အတော်ကြည့်ရှု စောင့်ရှောက်ကြပါတယ်။ သွေးဆုံးတော့မယ့် မိခင်စိတ်ဓါတ်မကျဖို့ သားသမီးတွေက အားပေးလေ့ရှိကြတယ်။ နေမကောင်းတဲ့ မိဘတွေရှိရင် အလုပ်ကို လုံးဝပစ်ထားလို့မရသည့်တိုင် အချိန်လုပြီး သွားကြည့်တယ်။ မြေးတွေ ၊ မြစ်တွေနဲ့ အဘိုးအဘွား လုံးဝမစိမ်းနေရအောင် အိမ်ခွဲနေကြပေမယ့် မကြာမကြာ တွေ့ဆုံလည်ပတ်လေ့ရှိတယ်။

ကိုယ့်ကို ကလေးဘဝက ကြည့်ရှုစောင့်ရှောက်ပေးခဲ့တဲ့မိဘကို သူတို့အိုမင်းမစွမ်းရှိချိန်မှာ ပြန်ပြုစုစောင့်ရှောက်ပေးရမယ်လို့ နားလည်တယ်။ လုံးဝအဆင်မပြေရင်လို့ လူအိုရုံပို့ရင်တောင် အားရင်အားသလို အချိန်လုပြီး အလည်အပတ် သွားရောက်လည်ပတ်တယ်။ အားပေးစကားတွေပြောတယ်။ ပျော်ရွှင်အောင် ဟာသတွေပြောတယ်။ အားအင်တွေပေးတယ်။ ဒါကြောင့် ဂျပန်နိုင်ငံက သက်ကြီးရွယ်အိုတွေဟာ သူတို့ရဲ့နေဝင်ချိန်တွေကို စိတ်အေးအေးနဲ့ြ့ကံကြံ့ခိုင်ရင်ဆိုင်ကြတယ်။ နူးညံ့တဲ့အပြုံးတွေလည်း ဒီလိုဘဝနေဝင်ချိန်တွေမှာ ဆက်ပြုံးနိုင်တယ်။ ဒါတွေဟာ မေတ္တာကပေးတဲ့ စွမ်းပကားတွေပါ။

ကျွန်မတို့ရဲ့ ဘဝနေဝင်ချိန်တွေကို စင်္ကာပူနိုင်ငံက သက်ကြီးရွယ်အိုတွေလို အထီးကျန်ဆန်ဆန် ကျော်ဖြတ်ချင်သလား ၊ ဂျပန်နိုင်ငံက သက်ကြီးရွယ်အိုတွေလို အပြုံးလေးဆောင်လို့ ကျော်ဖြတ်ချင်ပါသလား။

အခုအချိန်အထိ ကျွန်မတို့နိုင်ငံမှာ ဘိုးဘွားရိပ်သာတွေကလွဲလို့ အစိုးရအဆင့် သက်ကြီးထောက်ပံ့မှု အစီအစဉ်တွေ စင်္ကာပူနိုင်ငံကလို ၊ ဂျပန်နိုင်ငံကလို မရှိပေမယ့် ကျွန်မတို့သားသမီးတွေကို ဂျပန်လူမျိုးမိဘတွေ ပျိုးထောင်သလို ပျိုးထောင်ပေးမယ်ဆိုရင်ဖြင့် ကျွန်မတို့ဘဝနေဝင်ချိန်တွေဟာ အနည်းဆုံးတော့ အထီးကျန်ဆန်ဆန် မဖြစ်လောက်တော့ပါဘူး။ ကျွန်မတို့ ဘာသာရေးအဆုံးအမမှာကိုက မိဘကို ကျေးဇူးဆပ်တဲ့အနေနဲ့ လုပ်ကျွေးပြုစုရမယ်လို့ သင်ထားပြီးသားလေ။ ဒါတွေလုပ်ကိုင်ပေးချင်တဲ့ စေတနာ သဒ္ဒါတရားတွေ တိုးပွားအောင် မေတ္တာလေး ဖြည့်စွက်ထားကြပါစို့။ မေတ္တာပေးမှ မေတ္တာရတာပါ။

ရတု (Burmesehearts.com)

 

BurmeseApp on Google Play

]]>
http://www.burmesehearts.com/%e1%80%b1%e1%80%94%e1%80%9d%e1%80%84%e1%80%b9%e1%80%81%e1%80%ba%e1%80%ad%e1%80%94%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%a1%e1%80%ac%e1%80%b8-%e1%82%8f%e1%82%88%e1%80%ad%e1%80%84%e1%80%b9/feed/ 1