ကလေးရေးရာ – BurmeseHearts http://www.burmesehearts.com Online courses marketplace in Burmese language. Become a student, become a teacher, learn Sat, 18 Aug 2018 06:46:16 +0000 en-US hourly 1 https://wordpress.org/?v=4.9.8 http://www.burmesehearts.com/wp-content/uploads/2015/09/cropped-SortingBurmeseNumbersA-32x32.png ကလေးရေးရာ – BurmeseHearts http://www.burmesehearts.com 32 32 စာရေးသူနှင့် Report Card http://www.burmesehearts.com/%e1%80%85%e1%80%ac%e1%80%b1%e1%80%9b%e1%80%b8%e1%80%9e%e1%80%b0%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-report-card/ http://www.burmesehearts.com/%e1%80%85%e1%80%ac%e1%80%b1%e1%80%9b%e1%80%b8%e1%80%9e%e1%80%b0%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-report-card/#respond Thu, 14 Jun 2018 16:42:27 +0000 http://www.burmesehearts.com/?p=74722
ကလေးငယ်တွေရဲ့ ပညာရေးတိုးတက်မှုမှတ်တမ်းဟာ ကလေးငယ်တွေ ပညာရေး တိုးတက်မှုအတွက် အလွန်အရေးကြီးပါတယ်။ ဒါ့ထက်ပိုအရေးကြီးတာက ကလေးငယ်တွေရဲ့ Report Card ရတဲ့အခါ အုပ်ထိန်းသူမိဘက ဘယ်လိုတုန့်ပြန် ကိုင်တွယ်သွားသလဲအပေါ်မူတည်ပြီး ရေရှည်ရလဒ် ကွာခြားသွားပါတယ်။
ကျွန်မငယ်ငယ်တုန်းက Report Card အပေါ် ခံစားရတဲ့ခံစားမှုနဲ့ မိဘတွေရဲ့ တုန့်ပြန်မှုကို ကလေးတွေ ကောင်းကျိုးအလို့ငှါ ဝေမျှပေးလိုက်ပါတယ်။ ဒီခံစားမှုဟာ အဲဒီအရွယ်တုန်းက ကလေးငယ်တွေ ခံစားရတဲ့ ခံစားမှုကို ထင်ဟပ်မြင်ယောင်စေမှာဖြစ်ပါတယ်။ ဒီခံစားမှုကို ကလေးသာ ထုတ်မပြောခဲ့ရင် ၊ ဖွင့်ဟမပြောရဲခဲ့ရင် ကလေးငယ်ဘဝအတွက် ဆုံးရှုံးမှုများစွာ ရှိနေနိုင်ပါတယ်။ ဒီခံစားမှုမျိုး မိမိသားသမီးမှာ ရှိနေနိုင်တယ်လို့ မိဘတွေ သိနားလည်ခဲ့မယ်ဆိုရင် ကလေးငယ်ရဲ့ Report Card အပေါ်တူညီတဲ့ တုန့်ပြန်မှုအမှားတွေ မလုပ်မိဖို့ ဆင်ခြင်မိနိုင်မယ်ထင်ပါတယ်။

 

ကျွန်မမိဘတွေက အလုပ်များတယ်။ အိမ်မှာမြင်ရခဲတယ်။ ကျွန်မတို့ငယ်ငယ်တုန်းက ကလေးထိန်းပေးမယ့်သူတွေ အိမ်မှာ သပ်သပ်ရှိနေတော့ ကလေးတာဝန်တွေကို ဒီလူတွေကပဲ အလှည့်ကျ အလျဉ်းသင့်သလို တာဝန်ယူသွားခဲ့တော့ ကလေးငယ်ရဲ့ ပညာရေးဆိုတာကို မိဘတွေက Report Card လက်မှတ်ထိုးတော့မှ သိရတဲ့သဘောပါ။

မိသားစုဝင်တွေထဲမှာ ကျွန်မကစာတော်တယ်။ ဒီလိုစာတော်အောင် ကြိုးစားချင်တဲ့ အကြောင်းရင်းကလည်း ရှိခဲ့တယ်။ ကျွန်မမွေးကတည်းက ချူချာခဲ့တယ်။ အထက်မှာလည်း အစ်ကို ၊ အစ်မတွေရှိပြီး ကျွန်မက အငယ်ဆုံးဖြစ်ပေမယ့် အငယ်ဆုံးပီပီ ဆိုးနွဲ့ခွင့် ကျွန်မမှာ မရှိခဲ့ဘူး။ မိဘတွေက မအားတော့ အနားမှာမရှိဘူးလေ။ ဒါ့အပြင် ချူချာတဲ့ကလေးမို့ အမြဲလိုလို အိပ်ယာထဲမှာ အဖျားတွေနဲ့ နာမကျန်းမှုတွေနဲ့ အဖော်မဲ့နေတတ်တာများတယ်။ ဒီတော့ စာအုပ်တွေက ကျွန်မရဲ့ အဖော်ဖြစ်လာခဲ့တယ်။

ကျွန်မများ စာတော်ရင် မိဘတွေရဲ့ အလေးထားမှု ၊ ဦးစားပေးမှုကလေးများ ရလာမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျန်းမာရေးထူထူထောင်ထောင်လေး စဖြစ်လာတဲ့ ဆယ်နှစ်ဝန်းကျင်ကနေစပြီး အားကုန်ကြိုးစားလာခဲ့တာ ကျွန်မက အတန်းထဲ ထိပ်ဆုံး(၃)ယောက် နေရာတွေမှာ ရပ်တည်လာခဲ့တယ်။ ပထမဆုံး အဆင့်(၁)ရတဲ့အချိန်က Report Card ကိုကြည့်ပြီး ရင်ခုန်တယ်။ မိဘတွေရဲ့ ချီးကျူးစကားကို ကြားရတော့မယ်ဆိုပြီးတော့ ပျော်တယ်။ ငါ့ကို ဦးစားပေး အလေးထားပြီး ငါလိုချင်တာတွေ ဖြည့်ဆည်းပေးလာမလား မျှော်လင့်ချက်နဲ့ ကြည်နူးခဲ့တယ်။

Report Card မိဘလက်ထဲရောက်တော့ အဆင့်တော်တော်တက်လာတာပဲ။ ဒီအတိုင်းဆက်ကြိုးစား အဆင့်ကျသွားလို့ကတော့ အသိပဲ။ ဒီ့ထက်ပို အမှတ်ကောင်းအောင်ကြိုးစား ၊ အမှတ်ပြည့်ရအောင်ကြိုးစားဆိုတဲ့စကားတွေနဲ့ အဆင့်ကျရင်အသိပဲဆိုတဲ့ စကားတွေက ကျွန်မကို ဝမ်းနည်းကြောက်လန့်သွားစေခဲ့တယ်။ အဲဒီနောက်ပိုင်း ကျွန်မ အတန်းဖြေစာမေးပွဲတွေရဲ့ ရလဒ်နဲ့  Report Card ထွက်လာမှာကို ကြောက်တယ်။ အဖေက အိမ်မှာမရှိသလောက် ခရီးထွက်နေရတာဆိုတော့  အဲဒီ  Report Card ကို လက်မှတ်ထိုးပေးလေ့ရှိတဲ့ အမေ့ဆီယူသွားရမှာ ပိုကြောက်တယ်။ 

အဆင့်(၁)ကနေ (၂)ကျသွားတာမျိုး ၊ (၃)ရောက်သွားတာမျိုး အရင်တခေါက်ထက် အမှတ်ပေါင်းရလဒ် နည်းသွားတာမျိုးတွေဆို ကျောင်းကနေ အိမ်အပြန်လမ်းမှာ ကျွန်မ ကူကယ်ရာမဲ့ဝမ်းနည်းပြီး အငွေ့ပျံပျောက်သွားချင်တဲ့စိတ်တွေနဲ့ အလွန်စိတ်ဓါတ်ကျဝမ်းနည်းနေလေ့ရှိတာ ဘယ်သူမှ မသိခဲ့ဘူး။

ဒီလိုခံစားချက်မျိုးတွေနဲ့ ကလေးငယ်တွေကို မကြီးပြင်းစေချင်ဘူး။ ကျွန်မစာတော်ခဲ့သလားဆို စာတော်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မကိုယ်ကျွန်မ ယုံကြည်ချက် လုံးဝမရှိခဲ့တဲ့ ကလေးငယ်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ကိုယ့်ကို အားပေးချီးမြှောက်မယ့်သူ ကိုယ့်နောက်မှာမရှိဘဲ ကြီမ်းမောင်းစကားတွေ ၊ ရိုက်ချက်တွေကို ကြောက်ကြောက်နဲ့ ဖျစ်ညှစ်ကြိုးစားခဲ့ရတော့ အားမရမှုတွေ ၊ စိတ်အားငယ်မှုတွေ ၊ ဝမ်းနည်းမှုတွေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုမဲ့နေခဲ့တာပါ။

မိဘတွေက ဆရာဝန်လုပ်လို့ ပြောတဲ့စကားဟာ ကိုယ့်ရဲ့အနာဂါတ်ဆုံးဖြတ်ချက်ဖြစ်သွားတော့ ကျွန်မကိုယ်ကျွန်မ ဘာဝါသနာပါမှန်း ဘာဖြစ်ချင်မှန်း ဘယ်နေရာမှာ အားသာချက်တွေရှိနေမှန်းမသိတော့ဘူး။ မိဘတွေဖြစ်စေချင်တဲ့ဆန္ဒက ကျွန်မရဲ့ ရည်မှန်းရာ ၊ ရည်ရွယ်ချက်ဖြစ်သွားပြီး ဒါကို မဖြစ်မှာလည်း အသေတွေးကြောက်ခဲ့တယ်။

ကျွန်မဆရာဝန်လည်း ဖြစ်မလာခဲ့ပါဘူး။ မိဘတွေ ဖြစ်စေချင်တာလည်း ဖြစ်မလာခဲ့ ၊ ကိုယ်ဘာဖြစ်ချင်မှန်းလည်း မသိနဲ့ ယောင်ဝါးဝါးအချိန်တွေ နှစ်အတော်ကြာခဲ့တယ်။ စာအုပ်တွေ ချစ်တဲ့စိတ်ကလေးကြောင့်သာ စာကြည့်တိုက်မှာ စာအုပ်တွေနဲ့ အဖော်ပြုရင်း စိတ်လေနေချိန် လမ်းမှားမရောက်ခဲ့တာပါ။

ကျွန်မနေရာမှာရောက်နေခဲ့တဲ့ (စာအုပ်စာပေလည်းမချစ်တတ်တဲ့) လူငယ်လူရွယ်လေးတွေ စိတ်လေပြီး မဟုတ်တာတွေ လုပ်ခဲ့မယ်ဆို ပထမဆုံးဒုက္ခရောက်မှာက ကာယကံရှင်ဖြစ်တဲ့သူတို့ဘဝ ၊ ဒီအရွယ်အထိရောက်အောင် ပြုစုပျိုးထောင်ပြီး အချိန်နဲ့ငွေကြေးတွေ ရင်းနှီးမြှုပ်နှံခဲ့တဲ့ မိဘတွေရင်ကျိုးမှာ ဒုတိယပါ။

စာတွေဖတ်ပြီး ဒါတွေနားလည်လာခဲ့တော့ ငါ့သားသမီးများရှိလာခဲ့လို့ သူ့ရလဒ်မကောင်းရင် သူ့ကို ကောင်းမွန်စွာ လမ်းညွှန်မပြသနိုင်တဲ့ ကိုယ့်ကိုယ်ကို အရင်အပြစ်တင်မယ် ၊ ဘာကြောင့် သူဒီလိုဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်းကို ရအောင်ကိုယ့်ဘာသာ ရှာဖွေမယ် ၊ ရလဒ်ကောင်းထွက်မလာလို့ စိတ်ဓါတ်ကျနေတဲ့ကလေးကို ဆူပူရိုက်ဖို့ထက် နောက်တခေါက်ကောင်းအောင် အတူတိုင်ပင်လုပ်ကိုင်ကြစို့လို့ အားပေးမယ် ၊ ကလေးလက်ရှိအခြေအနေက တိုးတက်လာအောင် ကလေးနဲ့အတူ ဘယ်လို ပူးပေါင်းလုပ်ဆောင်သွားနိုင်မလဲ အဖြေရှာမယ် ၊ ကလေးကို ယခုထက်ပိုပြီး ထိရောက်တဲ့ ပံ့ပိုးမှုတွေပေးမယ် ၊ စိတ်ဓါတ်အင်အား မြှင့်တင်ပေးမယ်။ ရလဒ်ကောင်းလေးများထွက်လာခဲ့ရင် စကားနဲ့ချီးမြှောက်ရုံအပြင် ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာထဲက သူလိုချင်တာတွေ ဝယ်ပေးပြီး ချီးမြှောက်လုပ်ကိုင်ပေးမယ်လို့ ဆုံးဖြတ်ထားခဲ့တယ်။

ဆုံးဖြတ်ထားတဲ့အတိုင်း ကလေးငယ်ငယ်ကတည်းက ထစ်ခနဲ့ရှိ ဆူပူအပြစ်တင်တတ်သူမဖြစ်အောင် လေ့ကျင်လာခဲ့ရတာပါ။ ကိုယ်ငယ်ငယ်တုန်းက ထစ်ခနဲရှိ ဆူပူရိုက်နှက်ခံခဲ့ရတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းခဲ့ရတော့ ဒီလိုအကျင့်တွေ ဦးနှောက်ထဲရောက်နေတာကို အတော်ကြိုးစားဖျောက်ခဲ့ရတယ်။ စိတ်တွေရော ၊ လက်တွေရောချုပ်တည်းခဲ့ရတာ အတော်ခက်တယ်။ ဒါပေမယ့် ငါ့လို ငါ့သသမီး တပြန်မခံစားစေရဘူးဆိုတဲ့စိတ်နဲ့ ကျွန်မလေ့ကျင့်ယူလာခဲ့တာ အခုသမီးမူကြိုအရွယ်မှာ ကလေးနဲ့ကျွန်မအကြားမှာ နားလည်မှုအခိုင်အမာတည်ဆောက်လို့ Team Work ဆိုတာကို အခိုင်အမာ ထူထောင်နိုင်ခဲ့ပြီ။

သူ့လေ့လာသင်ကြားမှု အလုံးစုံမှာ အဖော်ပြုရင်း သူတော်တာ ကိုယ်ကောင်းလို့ ၊ သူမတော်တာ ကိုယ်ညံ့လို့ဆိုတဲ့စိတ်မျိုးနဲ့ ကလေးနဲ့သာတူညီမျှခံစားရင်း ပျော်ရွှင်စွာလေ့လာသင်ကြားမှုလမ်းစဉ်ကို ပြုစုပျိုးထောင်လာခဲ့တာ အခုဆို ငါးနှစ်ကျော်ခဲ့ပြီ။ ရလဒ်ကောင်းလေးတွေ စတွေ့လာခဲ့ပါပြီ။ ဒါကြောင့် ကျွန်မရဲ့ငယ်ဘဝက အတွေ့အကြုံ ခံစားမှုတွေ ၊ လက်ရှိလုပ်ကိုင်ဆောင်ရွက်မှုတွေကို ဝေမျှလို့ စာဖတ်သူမိဘတွေလည်း မိမိသားသမီးတွေရဲ့ ပညာရေးခရီးမှာ ဘာတွေရှောင်ပြီး ဘာတွေဆောင်ရမယ်လို့ နည်းနာယူနိုင်လောက်ပြီလို့ ယုံကြည်မိပါရဲ့။ ကလေးဆိုတာ ခံစားမှုတွေ နုနယ်တယ်။ ဖွင့်ဟပြောခွင့်တွေလည်းနည်းတယ်။ မပြောရဲတာကများတယ်။ အကောင်းဆုံးက ကလေးငယ်ကို နားလည်မှုပေးလို့ ဖေးမချီးမြှင့်ပေးခြင်းကသာ အကောင်းဆုံးရလဒ်တွေကို ရရှိစေမှာဖြစ်ပါတယ်။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%85%e1%80%ac%e1%80%b1%e1%80%9b%e1%80%b8%e1%80%9e%e1%80%b0%e1%82%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-report-card/feed/ 0
မှန်မှန်တိုးတက်သော ကလေးများဖြစ်စေချင် http://www.burmesehearts.com/%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%90%e1%80%80%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8/ http://www.burmesehearts.com/%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%90%e1%80%80%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8/#respond Wed, 13 Jun 2018 15:52:20 +0000 http://www.burmesehearts.com/?p=74714 ကလေးကို ပြုစုပျိုးထောင်ပေးတယ်ဆိုတာ ဆေးပူဖောင်းမှုတ်နေရသလိုပဲ။ ညင်ညင်သာသာ မှုတ်နေရင်းက ဘယ်နေရာကပေါက်ပြီး လေတွေထွက်နေသလဲ ၊ ဘာကြောင့် ကိုယ်မှုတ်တဲ့ ပူဖောင်း မကြီးလာရသလဲဆိုတာလည်း မှုတ်နေရင်းက အဖြေရှာတတ်ရတယ်။ လေမှုတ်နေတာ  ဘယ်အချိန် ရပ်သင့်သလဲဆိုတာလည်း သိရမယ်။ မသိဘဲဆက်မှုတ်နေရင် ပူဖောင်းပေါက်ပြီး အရာမထင်ဖြစ်တတ်တာမျိုးပါ။]]>

မိဘတွေအများစုက ကိုယ့်သားသမီး ၊ ကိုယ့်မျိုးဆက်တွေကို ကိုယ့်ထက် ပိုတော်စေ ၊ ပိုတိုးတက်စေချင်ကြတယ်။ ဒါပေမယ့် ကိုယ့်သားသမီး ရေရှည်တိုးတက်သွားအောင် စိတ်ရော ကိုယ်ပါ ဘယ်လိုပံ့ပိုးမှုမျိုးပေးရမလဲဆိုတာကို သိနားလည်သူတွေ နည်းကြတယ်။ စိတ်ရောကိုယ်ပါ ပံ့ပိုးပေးမှုမျိုးလို့ ဆိုရာမှာ စိတ်အား ၊ ကိုယ်အား တတ်အားသရွေ့ထက်ကို ပံ့ပိုးပေးရမှာပါ။

ယေဘူယျအားဖြင့် ငွေကြေးတတ်နိုင်တဲ့မိဘတွေက ငွေကြေးနဲ့ အကောင်းစားဆိုတာတွေ ဝန်းရံလို့ ကလေးကို ပံ့ပိုးပေးရင် ကလေးဟာ အကောင်းဆုံးလေးဖြစ်လာလိမ့်မယ်လို့ ထင်ကြတယ်။ ငွေကြေးများစွာမတတ်နိုင်တဲ့သူတွေကျတော့ ကလေးကို လူတန်းစေ့ထားနိုင်အောင် ပံ့ပိုးပေးနိုင်ဖို့ ပိုမိုတိုးတက်ကောင်းမွန်တဲ့ ဝင်ငွေတွေရအောင် စုဆောင်းရှာဖွေကြိုးပမ်းရင်းနဲ့ ကလေးကို အကောင်းဆုံးပံ့ပိုးပေးမယ်လို့ ဆုံးဖြတ်ထားတယ်။

အကောင်းဆုံးပေးတိုင်း အကောင်းဆုံးတွေ ဖြစ်ချင်သလို ဖြစ်မလာတတ်တာတွေတာလည်းရှိပါတယ်။ လိုအပ်ချက်တွေရှိနေလို့ပါ။ မိမိလုပ်တဲ့လုပ်ရပ်တိုင်းကို Review ပြန်လုပ်ပါမှ အမှားကြီးမမှားခင် အမှားခြေလှမ်းတွေ ရပ်နိုင်မယ်။ ပိုမိုမှန်ကန်တဲ့ နည်းလမ်းတွေ ပြန်လည်လုပ်ဆောင်နိုင်တယ်။ ဒီ့ထက်ပိုကောင်းလာနိုင်တဲ့ နည်းလမ်းတွေနဲ့ တိုးတက်လာနိုင်တာပါ။ ဒါကြောင့် ဘယ်အရာမဆို Review ပြန်လုပ်ဖြစ်အောင် လုပ်ပါမှ မိမိအခြေအနေကို အချိန်မလွန်မီ ပြန်လည်စမ်းစစ်နိုင်မှာဖြစ်ပါတယ်။

ကလေးရဲ့ပညာရေးဆိုရင်လည်း ကိုယ်ဖြစ်ချင်တာကိုချည်း ရှေ့တန်းတင်ပြီး မဖြစ်ဖြစ်အောင် ကလေးကို တိုက်တွန်းလုပ်ခိုင်းတာမျိုးကိုရှောင်ပြီး ကလေးရဲ့ရှိရင်းစွဲအခြေအနေကို ပထမဆုံး လက်ခံနိုင်အောင်ကြိုးစားပါ။ ဒီအခြေအနေကနေ ကလေးကို ဒီ့ထက်ပိုမိုကောင်းမွန်အောင် ဘယ်လိုလုပ်ကိုင်ပေးလို့ရနိုင်မလဲဆိုတာ တတ်သိနားလည်ပြီး တကယ်စေတနာပါပါ အကြံပေးနိုင်တဲ့ ဆရာသမားတွေ ၊ မိတ်ဆွေအပေါင်းအသင်းတွေ ၊ မိမိကလေးကဲ့သို့ အခြေအနေကနေ တိုးတက်အောင် ပြုစုပျိုးထောင်ပေးခဲ့သူတွေရဲ့ အကြံဥာဏ်ကို ရယူနာခံပြီး အလုပ်သင့်ဆုံးတွေ ပြင်ဆင်လုပ်ဆောင် ပံ့ပိုးပေးပါမှ မိမိကလေးဟာ တရိပ်ရိပ်တိုးတက်လာမှာဖြစ်ပါတယ်။

နံပါတ်(၁)အချက်အနေနဲ့ ကလေးရဲ့ရှိရင်းစွဲအခြေအနေအား မိဘတွေကို လက်ခံဖို့ ပြောတာက အရေးအကြီးဆုံးအချက်မို့ အကြံပြုရတာပါ။ သူများကလေးတော်တိုင်း မိမိကလေးမတော်ရကောင်းလား (ညံ့ရကောင်းလား) သူများကလေးနဲ့ ခိုင်းနှိုင်းလို့ မိမိကလေးကိုချည်း ပြစ်တင်ပြောဆို ငြူစူရိုက်နှက်ကြတာမျိုး မိဘအများစုက လုပ်တတ်ကြတယ်။ ဒါကို တော်စေ ၊ တတ်စေချင်လွန်းတဲ့စေတနာလို့ ယူဆကြတယ်။  ဒီလိုနာနာပြောမှ ကလေးဟာ နာနာကြိုးစားမယ်လို့ မှတ်ယူကြတယ်။ ပတ်ဝန်းကျင်မှာလည်း ကိုယ့်ကလေးကို ဒီလိုပြောဆိုကြသူတွေ ခပ်များများဆိုတော့ ဒါဟာ ရှောင်သင့်တဲ့အချက်လို့ မမှတ်ယူကြတော့ဘူး။ ကိုယ်ငယ်ငယ်တုန်းက ဒီလိုအပြောခံခဲ့ရရင် ကိုယ့်သားသမီးကိုလည်း ဒီလိုပြန်ပြောဖို့ သေချာသလောက်ရှိနေပြီ။ ဒါကိုအမှားလို့မမြင်တော့ဘူး။

သူများကလေးဆိုတာ ကိုယ့်ကလေးမဟုတ်ဘူးလေ။ ပိုနားလည်အောင်ပြောရမယ်ဆို တခြားမိနဲ့ဘက ပေါက်ဖွားလာတဲ့ကလေးဟာ တခြားမိဘရဲ့ မျိုးရိုးဗီဇသွေးတွေနဲ့ဖွဲ့စည်းထားတာဖြစ်လို့ ဒီမိဘတွေရဲ့ ဥာဏ်ကောင်းတာ ၊ ဥာဏ်ရည်ညံ့ဖျုင်းတာတွေ ပါနေပြီး မိမိကလေးကတော့ မိမိတို့ ဇနီးမောင်နှံနှစ်ဦးရဲ့ မျိုးရိုးဗီဇအရ ဥာဏ်ကောင်းတာ ၊ ဥာဏ်ရည်ညံ့ဖျုင်းတာတွေ ဖြစ်နေတာပါ။ ဒီလိုတွေ မျိုးရိုးဗီဇ ကွာခြားနေတာမျိုးအပြင် ကလေးငယ်ကို ကလေးမိဘတွေက ဘယ်လိုကလေးအဖြစ် ပြုစုပျိုးထောင်ပြီး စိတ်ရောကိုယ်ပါ အားပေးမှုတွေ ရှိနေတယ်ဆိုတာကလည်း ကလေးရဲ့ ပညာရေး ၊ ကျန်းမာရေးနဲ့ စိတ်စွမ်းအားရလဒ်တွေမှာ ကွာခြားသွားပါတယ်။

ကိုယ်စိုက်တဲ့အပင်ကအသီးကိုပဲ ကိုယ်ကရိတ်သိမ်းရတာပါ။ ဘူးပင်က ဖရုံသီး မသီးရကောင်းလား မဖြစ်သင့်ဘူးလေ။ ဒါကိုနားလည်ထားဖို့လိုပါတယ်။ လူလူချင်း သူလုပ်နိုင်ရင် ကိုယ်လည်း လုပ်နိုင်ရမှာပေါ့ဆိုပေမယ့် ကလေးဟာ ဘာကြောင့် မလုပ်နိုင်တာလဲ ၊ ဘယ်လိုချို့ယွင်းချက်တွေရှိနေလို့လဲ ၊ ဘယ်လိုအားနည်းချက်တွေ ရှိနေလို့လဲဆိုတာကို အရင်ဆုံးသိအောင်လုပ်ရမှာပါ။

ကလေးကို ပြုစုပျိုးထောင်ပေးတယ်ဆိုတာ ဆေးပူဖောင်းမှုတ်နေရသလိုပဲ။ ညင်ညင်သာသာ မှုတ်နေရင်းက ဘယ်နေရာကပေါက်ပြီး လေတွေထွက်နေသလဲ ၊ ဘာကြောင့် ကိုယ်မှုတ်တဲ့ ပူဖောင်း မကြီးလာရသလဲဆိုတာလည်း မှုတ်နေရင်းက အဖြေရှာတတ်ရတယ်။ လေမှုတ်နေတာ  ဘယ်အချိန် ရပ်သင့်သလဲဆိုတာလည်း သိရမယ်။ မသိဘဲဆက်မှုတ်နေရင် ပူဖောင်းပေါက်ပြီး အရာမထင်ဖြစ်တတ်တာမျိုးပါ။

ငယ်ငယ်တုန်းက စာအရမ်းတော်ပြီး ကြီးလာတော့ ဘာမှ ထွန်းထွန်းပေါက်ပေါက် မဖြစ်လာတာတွေလည်း ကျွန်မမြင်ဖူးတယ်။ တချို့ဆို ငယ်တုန်းကတော်ပြီး ကြီးမှ မိုက်တွင်းနက်သွားတာမျိုးတွေလည်းရှိတယ်။ ငယ်ငယ်တုန်းက ပြောစမှတ်ပြုရအောင်မတော်ပေမယ့် သူ့နေရာနဲ့သူ ပေါက်မြောက်နေတာတွေလည်းရှိတယ်။ ငယ်တုန်းက ညံ့သယောင်နဲ့ ကြီးမှ ထွန်းပေါက်အောင်မြင်နေသူတွေလည်း တွေ့ရတယ်။ ဒါတွေက မိဘတွေရဲ့ ထိန်းသိမ်းပံ့ပိုးပေးမှုနဲ့ ကလေးရဲ့ စိတ်ဓါတ်စွမ်းအားတွေကြောင့် ရေရှည်ရလဒ်မှာ ကွာခြားသွားကြတာဖြစ်ပါတယ်။

ကလေးရဲ့ရှိရင်းစွဲအခြေအနေကို လက်ခံလိုက်ပြီဆိုရင် ကလေးကို တအားအပြစ်တင်တာမျိုး မလုပ်ဖြစ်တော့ဘူး။ အကျိုးကိုချည်း ကြည့်လို့ စိတ်ပျက် ဒေါသထွက်နေတာမျိုးမလုပ်ဘဲ ဘယ်လိုအကြောင်းကြောင့် ဒီလိုအကျိုးရလဒ်မျိုးဖြစ်လာသလဲဆိုတာကို အဖြေရှာနိုင်ပါမှ ဒီလိုဆိုးကျိုးကို ထပ်ခါ ထပ်ခါ မကြုံရမှာဖြစ်ပါတယ်။ ဖြစ်ရတဲ့အကြောင်းကို ရှာတွေ့ပြီဆိုရင် ဒီလိုမဖြစ်အောင်လုပ်မယ်။ ဒီံ့ထက်ကောင်းလာနိုင်မယ့် နည်းလမ်းမျိုးတွေ ရှာဖွေလုပ်ဆောင်သွားမယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ရလဒ်ကို ရရှိလာနိုင်မှာဖြစ်ပါတယ်။

ကလေးဟာ နဂိုတော်ရက် ထက်ရက် ကိုယ်မျှော်လင့်ထားသလိုရလဒ်မျိုး ဖြစ်မလာခဲ့ရင် ကိုယ်ဟာသူ့ကို စိတ်အား၊ ကိုယ်အားအပြည့် ပံ့ပိုးပေးခဲ့ပါရဲ့လားဆိုတာ မိမိကိုယ်ကို အရင်ဆန်းစစ်ပါ။ တခါတလေ ငွေချည်းပံ့ပိုးလို့ ကလေးရဲ့ စိတ်အားငယ်မှုတွေ ၊ စိုးရိမ်ထိန့်လန့်မှုတွေ ၊ အထီးကျန်မှုတွေကို ချေဖျက်မပေးနိုင်ပါဘူး။ မိဘရဲ့ စိတ်ဓါတ်ခွန်အားပေးမှုက ကလေးငယ်တွေအတွက် အများကြီးလိုအပ်ပါတယ်။ သူမလုပ်နိုင်ဘူးလို့ သူ့ကိုယ်သူ ယုံကြည်မှုကင်းမဲ့နေသည့်တိုင် မိဘဖြစ်သူတွေက ငါ့သား/သမီးက လုပ်နိုင်ပါတယ်။ တကယ်လုပ်ရင် ဒီ့ထက်တောင်သာဦးမယ် စသဖြင့် စိတ်အားဖြင့် ပံ့ပိုးပေးမယ်ဆို ကလေးဟာ အားတက်ပြီးကြိုးစားလုပ်ကိုင်လိုစိတ်တွေ တိုးလာမှာဖြစ်ပါတယ်။

Report Card လို့ခေါ်တဲ့ ပညာရေးမှတ်တမ်းဟာ တနှစ်တာ ကလေးရဲ့ပညာရေးမှတ်တမ်းကို ကန့်သတ်ထားတဲ့ လအလိုက် မိဘတွေသိအောင် ၊ သိကြောင်းလက်မှတ်ထိုးအသိပေးတာပါ။ ကလေးရဲ့ ပညာရေးမှတ်တမ်းကို ကလေးမိဘဖြစ်တဲ့ ကိုယ့်လက်ထဲရောက်လာတဲ့အခါ ဘာလုပ်ဖြစ်သလဲ ၊ ဘာပြောဖြစ်သလဲ မိမိကိုယ်ကို အရင်စမ်းစစ်ရမှာပါ။ မိမိရဲ့ တုန့်ပြန်ပြောဆို လုပ်ကိုင်ဆောင်ရွက်ပေးမှုတွေအရ ကလေးရဲ့ ရေရှည်ပညာရေးတိုးတက်မှု ၊ စိတ်အားထက်သန်မှုတွေက ကွာခြားသွားပါတယ်။

စင်္ကာပူမှာ မူကြိုတန်းတက်နေတဲ့ ကျွန်မ သမီးလေး ခြောက်လတစ်ကြိမ် ပညာရေးတိုးတက်မှုမှတ်တမ်း မိဘလက်ထဲရောက်တယ်။ ခြောက်လတစ်ကြိမ် မိဘနဲ့ သမီးရဲ့အတန်းက ဆရာမတွေ တွေ့ဆုံပြီး ကလေးရဲ့ ပညာရေးတိုးတက်မှုအခြေအနေ ၊ ကလေးရဲ့စာရိတ္တ စတာတွေကို မိဘနဲ့ဆရာတွေ တိုက်ရိုက်ဆွေးနွေးခွင့်ရပြီး ပညာရေးမှတ်တမ်းကို မိဘလက်ထဲ တခါတည်း ထည့်လိုက်တာပါ။

ကျွန်မကတော့ မိမိကလေးနဲ့ ဆရာတွေ အတန်းထဲ ဆက်ဆံသင်ကြားမှုအခြေအနေ ၊ အခက်အခဲ ၊ ကလေးနားလည်လွယ်မှု ၊ အတန်းသားတွေနဲ့ သင့်တင့်မှုရှိ မရှိ ၊ ဘာတွေ ကလေးကို ပြင်ဆင်ဆုံးမပေးဖို့လိုမလဲစတာတွေကို ကလေးရဲ့ပညာရေးမှတ်တမ်းမဆွေးနွေးခင် အရေးမေးပါတယ်။ ဆရာ ၊ ဆရာမတွေ ပြောဆိုတာတွေကိုလည်း စာအုပ်နဲ့ချရေးထားတယ်။ များရင် မေ့သွားမှာစိုးလို့ပါ။ အဲဒီအချက်တွေပြီးပါမှ ကလေးရဲ့ ပညာရေးတိုးတက်မှုမှတ်တမ်းကို ဆန်းစစ်ပြီး ဘယ်နေရာတွေမှာ ကလေးကို ဘယ်လိုနည်းနဲ့ တိုးတက်အောင် လုပ်ပေးသင့်သလဲဆိုတာတွေ တချက်ချင်း အကြံဥာဏ်တောင်းတယ်။ ကလေးအတန်းထဲက မိဘအချို့နဲ့ မိတ်ဆွေဖွဲ့ထားပြီး အတန်းထဲက ကိုယ့်ကလေး ၊ သူ့ကလေးအခြေအနေတွေ စသဖြင့် ဖလှယ်ရင်း ကောင်းနိုးရာရာ အကြံဥာဏ်တွေ ရယူတယ်။

ကလေးဟာ တစ်ဦးတည်းတော်နေလို့မဖြစ်ဘူး။ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုမျိုး ၊ ခေါင်းဆောင်မှုပိုင်းဆိုင်ရာတွေမှာ အားနည်းနေမယ်ဆိုရင် ဘယ်လောက်ပဲတော်တော် ခေါင်းဆောင်ကောင်းတစ်ယောက် မဖြစ်လာနိုင်ဘူး။ ခေါင်းဆောင်မဖြစ်တဲ့သူဟာ နောက်လိုက်ပဲဖြစ်မှာပေါ့နော်။ ကလေးဟာ တော်နေဦးတော့ သွက်လက်မှုမျိုးမရှိဘဲ ၊ ကိုယ်ခန္ဓာကြံ့ခိုင်မှု အားနည်းနေမယ်ဆိုရင်လည်း ရေရှည်မှာ ကျန်းမာရေးအတွက် စိုးရိမ်စရာတွေ ရှိနေနိုင်တယ်။ ကလေးဟာ အတန်းဖော်တွေနဲ့ သဟဇာတဖြစ်နေပါမှ အလွှာစုံ စရိုက်စုံကလူတွေကို ဘယ်လို ပေါင်းသင်းနေထိုင်သွားရမယ်ဆိုတဲ့ အသိမျိုးလည်းရရှိမှာဖြစ်တယ်။ ဒါတွေကို မိဘတွေကပဲ လိုသလို ပဲ့ကိုင်ထိန်းသိမ်း ဖြည့်စွက်ပေးနိုင်တာပါ။

ကျွန်မပြောခဲ့ဖူးသလို ကလေးရဲ့ ထက်မြက်တော်မော် ထွန်းပေါက်အောင်မြင်မှုဆိုတာ ကလေးတစ်ဦးတည်းနဲ့ ဆိုင်တာမျိုးမဟုတ်ဘဲ မိဘတွေရဲ့ မျိုးရိုးဗီဇ ၊ ကလေးကို စိတ်ရောကိုယ်ပါ ပြုစုပျိုးထောင်ပေးမှု ၊ လိုအပ်သလို မှန်ကန်စွာပြုစုပျိုးထောင်ပေးသွားမှု ၊ အလိုက်သင့် မှန်ကန်စွာ ပံ့ပိုးပေးသွားမှုတွေနဲ့ အများကြီးဆိုင်ပါတယ်။ ယခုတော်နေဖို့ထက် ရေရှည်တော်သွားဖို့ကို အာရုံစိုက်ပါ။ ယခုအောင်မြင်နေဖို့ထက် ရေရှည် ကိုယ့်ခြေထောက်ပေါ် ယုံကြည်ချက်ရှိရှိရပ်တည်လို့ အောင်မြင်သွားဖို့ကို အာရုံစိုက်ပါ။ မိဘကို အားကိုးပြီး တော်နေဖို့ထက် မိမိကိုယ်ကို အားထိုးပြီး ထွန်းပေါက်အောင်မြင်အောင် လုပ်ဆောင်သွားနိုင်ဖို့ အရေးအကြီးဆုံးဖြစ်ပါတယ်။

အဘက်ဘက်က လက်ရုံးရည် ၊ နှလုံးရည်ပြည့်ဝတဲ့ ကလေးငယ်တွေများလေ ကျွန်မတို့နိုင်ငံဟာ တိုးတက်သထက် တိုးတက်လေဖြစ်မှာပါ။ ကလေးတွေဟာ ကျွန်မတို့နိုင်ငံအနာဂါတ်အတွက် အရေးကြီးပါတယ်။ ကျွန်မအမြင်ကတော့ ကလေးတွေအရေးကြီးသလို ဒီကလေးတွေကို ပြုစုပျိုးထောင်သွားတဲ့ မိဘ ၊ ဆရာတွေက ကလေးကို ဘယ်လို ပြုစု ၊ ပျိုးထောင်သွားသလဲဆိုတာ ပိုလို့ အရေးကြီးနေပါတယ်။ ကလေးငယ်တွေ အနာဂါတ်လှပါမှ ကျွန်မတို့တိုင်းပြည်အနာဂါတ်လှမှာပါ။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%99%e1%80%bd%e1%80%94%e1%80%b9%e1%80%90%e1%80%ad%e1%80%af%e1%80%b8%e1%80%90%e1%80%80%e1%80%b9%e1%80%b1%e1%80%9e%e1%80%ac-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8/feed/ 0
သူများပြောရင်ယုံမှာလား http://www.burmesehearts.com/%e1%80%9e%e1%80%b0%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%b1%e1%80%bb%e1%80%95%e1%80%ac%e1%80%9b%e1%80%84%e1%80%b9%e1%80%9a%e1%80%b6%e1%80%af%e1%80%99%e1%80%bd%e1%80%ac%e1%80%9c%e1%80%ac%e1%80%b8/ http://www.burmesehearts.com/%e1%80%9e%e1%80%b0%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%b1%e1%80%bb%e1%80%95%e1%80%ac%e1%80%9b%e1%80%84%e1%80%b9%e1%80%9a%e1%80%b6%e1%80%af%e1%80%99%e1%80%bd%e1%80%ac%e1%80%9c%e1%80%ac%e1%80%b8/#respond Mon, 20 Mar 2017 02:13:31 +0000 http://www.burmesehearts.com/?p=74079

သူများပြောတိုင်းယုံမှာလားဆိုတာ သူများတွေရဲ့ ပြောစကားတွေတိုင်း ယုံတတ်သူတွေကိုပါ။ ဘာကြောင့် သူတို့တွေဟာ သူများပြောတိုင်း ယုံတတ်ကြသလဲဆို ပြောဆိုတဲ့အကြောင်း ၊ အပြောခံရသူရဲ့ အကြောင်းတွေဟာ သူတို့အတွက် ယုံချင်စရာကောင်းနေလို့လည်း ဖြစ်နိုင်ပါတယ်။ တနည်းအားဖြင့် သူတို့ဟာ အပြောခံရတဲ့ တဘက်သားအပေါ် ယုံကြည်ချက် လုံးဝမထားနိုင်လို့လည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သူတို့ဟာ တကယ့်ကို ဆင်ခြင်ဥာဏ်နည်းပါးလွန်းကြတဲ့အတွက် ၊ သုံးသပ်နိုင်စွမ်းလည်း နည်းပါးလွန်းကြတဲ့အတွက် သူများပြောသမျှ ယုံနေကြတာပါ။

သူများပြောတိုင်း ယုံတာမျိုးမဟုတ်ဘဲ သူများပြောစကားတွေဟာ အပြောခံရတဲ့သူနဲ့ အကြောင်းအရာကို ပြန်သုံးသပ်စရာမလိုအောင် ကိုယ့်အတွက် ယုံချင်စဖွယ်ဖြစ်နေခဲ့လို့ပါပဲ။ အထူးသဖြင့် ကိုယ်ယုံကြည်အားကိုးတဲ့သူက ပြောလာရင် ၊ ခင်မင်လွန်းတဲ့သူက ပြောလာရင်၊ အကြီးအကဲတွေက ပြောလာရင် မှန်တယ် ၊ မှားတယ် သုံးသပ်အားနည်းပြီး ပစ်ယုံမိတတ်ကြတာများတယ်။ ဒါဟာမှားသလား။

ကျွန်မကိုမေးလာရင်ဖြင့် မှားတယ်လို့ဖြေမှာပါ။ ဘယ်သူမဆို ပြောမှား ၊ အထင်မှား ၊ အမြင်မှား နဲ့ အလုပ်မှားတွေ ဘဝမှာ ကြုံဖူးကြတယ်။ ဒါကိုလက်ခံရင်ဖြင့် ကိုယ့်ကိုလာပြောတဲ့သူဟာလည်း မမှားနိုင်ဘူးလားဆိုတဲ့ သံသယကိုလက်ကိုင်ထားလို့ အကောင်းဆုံးစကားလုံးရွေးချယ်ပြီး ဖြစ်ရပ်ကို ပြန်သုံးသပ်မိမှာပါ။ အထူးသဖြင့် မှားတယ်လို့ အပြောခံရတဲ့ တဘက်သားကို ငဲ့ညှာစာနာစိတ်ကလေးနဲ့ဖြစ်ဖြစ် သူ့ဘက်က မသိမသာရပ်တည်လို့ အခြေအနေကို အပြန်ပြန်အလှန်လှန် သုံးသပ်မိမှာပါ။

ဆက်ဆံရေးအများစုမှာ တတိယယူ (ကြားလူ)တွေကြောင့် ကမောက်ကမ ဖြစ်ရတာတွေဟာ ပိုများတယ်လို့ လက်ခံကြလေမလား။ ဒါကို လက်ခံကြရင်ဖြင့် ကြားလူနဲ့ကြားစကားဆိုတာကို ယုံသင့် ၊ မယုံသင့် ချင့်ချိန်မှာပါ။ ပစ်ယုံပြီး အပြောခံရသူအပေါ် တဘက်နားနဲ့ အပြစ်တွေ တင်နေတာမျိုးလည်း ရှောင်မိမှာပါ။ အမှန်ဖြစ်သင့်တာက တခြားသူတွေ ပြောတာကိုလည်း နားထောင်ရမှာဖြစ်သလို ကိုယ်ကဘာမှ စလမ်းကြောင်းလုပ် အပြစ်ပြောတာမျိုးမဟုတ်ဘဲ အမှားလုပ်သူလို့ စွပ်စွဲခံရသူရဲ့ စကားကိုလည်း အဆုံးအထိ သည်းခံနားထောင်ပေးသင့်တာပါ။ နားဟာ နှစ်ဖက်ရှိတာမို့ တဖက်တည်းရဲ့ အပြောစကားတွေကိုချည်း နားမယောင်သင့်ဘူးလေ။

တခါမှား ၊ နှစ်ခါမှား ၊ အခါခါမှားဖူးပေမယ့် ဒီတခါ သူမမှားတာလည်း ဖြစ်နေနိုင်ပါတယ်။ အခြေအနေမှန်ကို သိဖို့ ၊ မှန်မှန်ကန်ကန် သုံးသပ်နိုင်ဖို့ဆိုရင် မှားခဲ့ဖူးသူကိုလည်း ပြောဆိုခွင့် (နောက်ဆုံးအကြိမ်ဖြစ်ဖြစ်) ပေးလိုက်ပါ။ သူ့စကားတွေ နားထောင်ချိန်မှာ ကိုယ့်ရဲ့ အထင်အမြင်တွေကို ဘေးချိတ်ပြီးမှ နားထောင်ပါ။ ပြီးရင် အခြေအနေမှန်ကို ကိုယ့်ဦးနှောက်နဲ့ မှန်မှန်ကန်ကန် သုံးသပ်ပြီးမှ ဆက်ပြောဆိုသင့်ပါတယ်။ မမှားသင့်ဘဲ မှားသွားတဲ့ အမှားတွေထဲမှာ အထင်လွဲ ၊ အမြင်လွဲနဲ့ ဆုံးဖြတ်လိုက်တဲ့ အမှားတွေက အဆိုးဆုံးပဲ။ ဘာဖြစ်လို့လဲဆို ငါဆုံးဖြတ်တာ မှားသွားပြီလို့ သိသွားတဲ့တနေ့မှာ နောင်တနဲ့ နှစ်ခါ ပူလောင်ရလို့ပါပဲ။

ဆုံးဖြတ်တယ်ဆိုတဲ့နေရာမှာလည်း လတ်တလောကို မကြည့်ဘဲ ရေရှည်စဉ်းစား ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ လတ်တလောကိုသာ ကြည့်ပြီး ဆုံးဖြတ်ရင် လတ်တလောပဲ တခဏတာ ပြေလည်သွားမှာပါ။ တခဏတာပဲ ရှင်းလင်းသွားမှာပါ။ ခဏနေ ပြန်ရှုပ်မှာပဲလေ။ ကိုယ်က အရှည်ကိုကြည့်ပြီးမှ မရှင်းခဲ့ဘဲ။ ဆိုလိုတာက ဒီလူနဲ့ အဆင်မပြေလို့ ဖြေရှင်းတဲ့အခါ ဖြေရှင်းတဲ့နည်းလမ်းဟာ ကာလရှည်အတွက် အကောင်းဆုံးရွေးချယ်ဖြေရှင်းမှု ဖြစ်သင့်ပါတယ်။ တဒင်္ဂလေးအတွက် မစဉ်းစား ၊ မဆုံးဖြတ်သင့်ဘူး။ ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်မဟုတ်လို့ပါ။

ဥပမာ …. ကိုယ့်ကလေးကို ဆရာမက သူများပစ္စည်းခိုးတယ်လို့ မိဘကို ပြောဆိုလာတဲ့ အခြေအနေမျိုးပါ။ ဆရာမဆိုတော့ ယုံကြည်စရာကောင်းတဲ့သူ အခြေအနေမှာရှိတယ်။ ဖြစ်တဲ့ အဖြစ်အပျက်ဟာလည်း ကျောင်းခန်းထဲမှာ (ကိုယ့်မမြင်ကွယ်ရာမှာ) ဖြစ်ပျက်တဲ့ဖြစ်ရပ်။ ဒီလိုအခြေအနေမှာ မိဘအများစုက ဘယ်လိုဆုံးဖြတ်မလဲ။

သူများပြောတိုင်းယုံတတ်တဲ့မိဘ (ကလေးအပေါ်ယုံကြည်ချက်မထားနိုင်တဲ့မိဘ)က ဟုတ်ကဲ့ပါဆရာမ ၊ နောင်ဒီလိုမလုပ်အောင် ကျွန်မကောင်းကောင်း ဆုံးမပါ့မယ်လို့ ဆရာမကို ကတိပေးမယ်။ ကလေးကို ဆရာမရှေ့ ဒီလိုလုပ်ရကောင်းလား ဆူပူကြိမ်းမောင်းရိုက်နှက်နိုင်သလို လမ်းတလျှောက်နဲ့ အိမ်မှာလည်း ကလေးဟာ အဆူခံ၊ အရိုက်ခံ ၊ ဒဏ်ပေးခံရနိုင်တယ်။ ဒီလိုသွန်သင်ဆုံးမခံရတဲ့ကလေးဟာ ဒီတကြိမ်မှာ သူမခိုးဦးတော့ နောင်အကြိမ်တွေမှာ သူခိုးတော့မယ်။ မလုပ်လည်း အဆူခံ ၊ အရိုက်ခံ ၊ ဒဏ်ပေးခံရမယ့်အတူတူ  တန်အောင်လုပ်မယ်ဆိုတဲ့စိတ်ကြောင့် ကလေးဟာ ကိုယ်ဆုံးမသွန်သင်မှုမတတ်လို့ ဆိုးတဲ့ဘက် ရောက်သွားနိုင်ပါတယ်။

သူများပြောရင်ယုံတတ်တဲ့မိဘ (ကလေးအပေါ်သူလုပ်လေမလား သံသယရှိတဲ့မိဘ)က ဆရာမဟာ လိမ်ပြောမှာတော့မဟုတ်ဘူးဆိုတဲ့စိတ်နဲ့ ကလေးမှားတာပဲဖြစ်မှာပါလို့ ကလေးအပေါ် အပြစ်ပုံချလိုက်တတ်တယ်။ သူတို့ဟာ ကလေးအပေါ် နောင်ဒီလိုမလုပ်ရဘူး။ အခုတော့ ဒီလောက်ပဲဆုံးမမယ် ၊ နောင်ဒီလိုအသံမျိုး ထပ်ကြားရရင် ၊ ထပ်တိုင်ခံထိရင် ဒီ့ထက်ပိုဆိုးမယ်ဆိုတာမျိုးနဲ့ ကလေးကို ခြိမ်းခြောက်ဆုံးမမယ်။ ဆူကောင်းဆူ ၊ ရိုက်ကောင်းရိုက် ၊ ဒဏ်ပေးကောင်း ပေးမယ်။ တကယ်လို့များ ကလေးဟာ ဒီအမှားကို မလုပ်ခဲ့ရင် ပြောခဲ့တဲ့ဆရာမနဲ့ ကိုယ့်ကိုအပြစ်တင်ဒဏ်ပေးတဲ့ မိဘအပေါ် မကျေနပ်စိတ်တွေဝင်သွားမယ်။ ကောင်းဖို့ထက် ဆိုးဖို့ပိုအားသာသွားနိုင်တယ်။

မိမိကလေးအပေါ်နဲ့ မိမိရဲ့ သွန်သင်ဆုံးမမှုမှာ ယုံကြည်ချက်အပြည့်ရှိတဲ့မိဘကို ဒီလိုမျိုး ဆရာမပြောလာရင် ဒီလိုမိဘမျိုးတွေက ဒီအဖြစ်အပျက်အပေါ် ဆရာမဟာ ဘယ်လောက်သေချာမှုရှိသလဲ ၊ ကလေးခိုးတာကို ဆရာမမျက်မြင်တွေ့ခဲ့တာလား ၊ တခြားလူပြောလို့သိတာလားဆိုတာကို အရင်မေးမြန်းမှာပါ။ ဆရာမက မျက်စိနဲ့တပ်အပ်တွေ့ခဲ့တယ်လို့ ပြောရင်တောင် အိမ်ရောက်ရင် ကလေးကို ကျွန်မပြန်မေးပြီး နောင်ဒီလိုမလုပ်ဖို့ ဆုံးမပါ့မယ်။ အရင်ကလည်း ဒီလိုမလုပ်ဖို့ ဆုံးမထားတာမို့ ဒီလိုလုပ်ကျင့် ကလေးမှာ မရှိခဲ့ဘူးဆိုတာ ကျွန်မအသိဆုံးဖြစ်ပါတယ်လို့ ကလေးဘက်က ကာကွယ်ပြောဆိုမှာဖြစ်ပါတယ်။ အိမ်ရောက်မှ ကလေးကို သေချာမေးပြီး မှန်မှန်ကန်ကန် ပြောဆိုဆုံးမတာမျိုး လုပ်မှာပါ။

ဆရာမအပြောလည်း အကြောင်းကြောင်းကြောင့် မှားနိုင်တယ်ဆိုတဲ့သံသယ ၊ ကလေးဟာလည်း မှားနိုင်တယ်ဆိုတဲ့ နှစ်ဘက်မျှတ မှန်ကန်တဲ့ သဘောထားကို ရင်ဝယ်ပိုက်ပြီး အဖြစ်မှန်ကို နှစ်ဘက်စကား သေချာနားထောင်ပြီးမှ ကိုယ့်ကလေးကို ကိုယ့်ဘက်ပါလာအောင် ကိုယ့်ဆိုဆုံးမမှုနဲ့သူ့စာရိတ္တ မြဲမြံနေအောင် အားပေးရင်း၊ ထောက်ခံရင်း မကောင်းတာတွေ မလုပ်မိဖို့ ပညာရှိရှိ ဆုံးမသွားမှာပါ။

တခြားသူအပြောကြောင့် ဆရာမက ကိုယ့်ကလေးခိုးတယ်လို့ စွပ်စွဲလာခဲ့တာမျိုးဆိုရင် ကြားလူက နှစ်ယောက်တောင် ဖြစ်သွားပြီ။ အဲဒီတခြားသူဆိုတာ ကိုယ့်ကလေးကို ချောက်တွန်းလိုစိတ်ရှိသူလည်း ဖြစ်နိုင်တယ် ၊ ဆရာမလည်းမှားနိုင်တယ် ၊ ကိုယ့်ကလေးဟာလည်း မှားနိုင်တယ်ဆိုတဲ့ အသိစိတ်ကလေးနဲ့ အဖြစ်အပျက်ကို သေချာနားထောင် သုံးသပ်ပြီးမှ အရင်အဖြစ်တွေ ၊ကိုယ့်ဆိုဆုံးမမှုတွေနဲ့ ကလေးရဲ့ ပင်ကိုယ်စာရိတ္တအခံကိုကြည့် ဆုံးဖြတ်ဆုံးမရမှာပါ။

သားသမီးယုံလို့ စုံလုံးကန်းဆိုတဲ့ စကားလည်းရှိသလို ကိုယ့်သားသမီးကို အုပ်ထိန်းသူမိဘ အထူးသဖြင့် မိခင်ထက် ဘယ်သူက ပိုသိနားလည်နိုင်မလဲနော်။ ကိုယ့်သားသမီးကိုတောင် ကိုယ်ကယုံကြည်မှု မပေးနိုင်ရင် ဘယ်သူက ယုံကြည်ပေးမှာလဲ။ ဒါကြောင့် မှန်တယ်၊ မှားတယ်ဆိုတာ အသာထားလို့  အားနည်းတဲ့ ကိုယ့်သားသမီးကို လူအများရှေ့ အရှက်ရအောင် ပြောဆို ၊ ဆူပူ ၊ ရိုက်နှက်ဆုံးမတာမျိုးတွေကို မိဘအုပ်ထိန်းသူတွေက ရှောင်သင့်ပါတယ်။

တကယ်လို့များ အမှားလုပ်တယ်လို့ အပြောခံရတဲ့သူဟာ ကိုယ့်ချစ်သူ ၊ အိမ်ထောင်ဘက် ၊ မိဘမောင်နှမနဲ့ အရင်းအချာလို ယုံကြည်ချစ်ခင်ရသူတွေ ဖြစ်နေရင်ရော ဘယ်လိုဆုံးဖြတ်မှာလဲ။ လူတွေ၊ အခြေအနေတွေ ကွာခြားနေပေမယ့် မှန်ကန်စွာ ဆုံးဖြတ်ဖြေရှင်းရမယ့် နည်းနာကတော့ ရိုးရှင်းစွာတနည်းပဲရှိပါတယ်။

နားနှစ်ဖက်ရှိတာမို့ ကိုယ့်ခံစားမှုတွေ ၊ အတွေးတွေ ၊ အထင်တွေ အသာထားပြီး နှစ်ဘက်စကားကို နှစ်ဘက်နားနဲ့ စိတ်အေးအေးထားပြီး နားထောင်ပါ။ ဖြစ်ခဲ့ဖူးတာတွေ ၊ ဖြစ်နေတာတွေ ၊ ဖြစ်နိုင်တာတွေကို မှန်ကန်စွာ သုံးသပ်ဆင်ခြင်ပြီးမှ ပြောသင့်တဲ့စကားကိုပြောပါ။ ရေရှည်တွေးခေါ်မျှော်မြင်ပြီးမှ ဆုံးဖြတ်သင့်တာကို ဆုံးဖြတ်ပါ။ လက်သည်းပိုးကိုက်တာလေးကို လက်တဘက်လုံးဖြတ်ပစ်စရာမလိုတဲ့ အခြေအနေဆိုတာ မှန်ကန်စွာ သုံးသပ်နိုင်ပါမှ လက်တစ်ဘက်ကို တသက်တာ မဆုံးရှုံးမှာဖြစ်ပါတယ်။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%9e%e1%80%b0%e1%80%99%e1%80%ba%e1%80%ac%e1%80%b8%e1%80%b1%e1%80%bb%e1%80%95%e1%80%ac%e1%80%9b%e1%80%84%e1%80%b9%e1%80%9a%e1%80%b6%e1%80%af%e1%80%99%e1%80%bd%e1%80%ac%e1%80%9c%e1%80%ac%e1%80%b8/feed/ 0
ကလေးတွေ ပျော်ပျော်လေး သင်ယူစေချင် http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc-%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%b9%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%b9%e1%80%b1%e1%80%9c%e1%80%b8-%e1%80%9e/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc-%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%b9%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%b9%e1%80%b1%e1%80%9c%e1%80%b8-%e1%80%9e/#respond Wed, 01 Mar 2017 09:06:36 +0000 http://www.burmesehearts.com/?p=73980

မိဘတွေက ကလေးတွေကို စာတော်စေချင်တယ်။ တတ်စေချင်တယ်။ ဒီတော့ တွန်းတွန်းတိုက်တိုက်လုပ်ခိုင်းတယ်။ မိဘတွေက တွန်းတွန်းတိုက်တိုက် လုပ်ခိုင်းလေလေ ၊ ကလေးတွေဟာ စိတ်ဖိစီးမှုတွေပိုလာလို့ စိတ်လုပ်ရမှာကြောက်လာလေလေ ဖြစ်လာရင် ကိုယ်ဖြစ်စေချင်တာနဲ့ ကလေးဖြစ်နေတာတွေဟာ ဆန့်ကျင်ဘက် ဖြစ်သွားနိုင်ပါတယ်။

စာလုပ်ရမှာကြောက်တဲ့ကလေးဟာ စာဘက်ထူးချွန်လာနိုင်ပါ့မလား။ လူကြီးမိဘ နဲ့ ဆရာသမားတွေကို ကြောက်လွန်းလို့ ၊ မလွန်ဆန်နိုင်လွန်းလို့ သူတို့ဖြစ်စေချင်သလို နင်းကန်ကြိုးစားလိုက်ရပေမယ့် အဲဒီရလဒ်အပေါ် မပျော်ပိုက်ကြတဲ့ အရွယ်ရောက်သူတွေလည်း အများအပြားရှိကြပါတယ်။

တကယ်ဖြစ်သင့်တာက ကလေးကို သူလုပ်ရမယ့်အလုပ်အပေါ် စိတ်ပါဝင်စားစွာ ပျော်ပျော်ရွှင်ရွှင် လုပ်သွားတတ်ဖို့ ၊ ကိုယ့်တာဝန် ကိုယ်ယူတတ်ဖို့ လူကြီးမိဘ ၊ ဆရာသမားတွေက သင်ပြပေးသင့်တာပါ။ အစကောင်းမှ အနှောင်းသေချာတာပါ။ သင်ယူမှု အစခရီးမှာကတည်းက ကလေးဟာ သင်ယူရမှာ ကြောက်နေပြီ ၊ မပျော်မွေ့ဘူး ၊ စိတ်ဖိစီးမှုတွေ ခံစားနေရပြီဆိုရင် သင်ယူရမှာ သူမလိုချင်တော့ဘူး။ ဒီလိုဆို သူ့အသိစိတ်ဓါတ်နဲ့ သူကြိုးစားတာမျိုး ၊ လိုလိုချင်ချင်နဲ့ ပညာသင်ယူတာမျိုးတွေ ကလေးမှာ ဘယ်ရှိနိုင်တော့မလဲ။

ကျွန်မငယ်ငယ်တုန်းက မူလတန်းအရွယ်အထိ စာဘက်မှာ မထူးချွန်ခဲ့ဘူး။ စတက်ခဲ့ရတဲ့ မူကြိုကျောင်းမှာကတည်းက စာဆိုရင်ကြောက်သွားခဲ့တာဟာ သင်ပေးတဲ့ ဆရာမတွေရဲ့ ဆူပူငေါက်ငမ်းနေတဲ့အသံတွေ ၊ လူမသိသူမသိ ပေါင်တွင်းကြော လိမ်ဆွဲခံခဲ့ရတာတွေ ၊ ကိုယ့်ထက် အတန်းကြီးတွေကို စာမရရင် ပေတံနဲ့ ဗျင်းနေတာတွေ ၊ အဆူခံ အရိုက်ခံရလို့ တဝါးဝါးငိုနေတဲ့ ကျောင်းသား ၊ ကျောင်းသူအသံတွေကြောင့် ငါလည်း တနေ့ ဒီနေရမှာ ဒီလိုအရိုက်ခံရတော့မယ်ဆိုတဲ့အတွေး ဝင်လာပါတယ်။

ဒီတော့ ကျွန်မ မူကြိုကတည်းက ကျောင်းသွားရမှာ ကြောက်တယ်။ ကျောင်းသွားရမယ့်အရေး အိမ်ကတည်းက ငိုလာလိုက်တာ ကျောင်းရှေ့ရောက်တဲ့အထိပဲ။ ဆရာမတို့မိသားစုကိုမြင်ရင် မငိုရဲဘူး။ တိတ်သွားတယ်။ တိတ်တယ်ဆိုတာ ငိုလို့အဆော်ခံရတော့မှာကိုသိလို့ ဆက်မငိုရဲဘဲ တိတ်သွားရတာ။ ဒါကို ကျောင်းလာပို့တဲ့ လူကြီးမိဘက မသိဘူး။ ပြန်ပြောပြလည်း မထူးဘူး။ ဆိတ်ရာ ၊ ရိုက်ရာတွေပါလာလည်း အဲဒီခေတ်က ကိုယ့်ကလေးဆိုးလို့ဗျင်းတာ နာနာဗျင်းမှ မြန်မြန်တတ်မှာလို့ မှတ်ယူကြတဲ့ခေတ်ဆိုတော့ မထူးဘူး။

မူကြိုကနေ ကျောင်းတက်ရတဲ့အရွယ် ကျောင်းမှာ ဆရာ ၊ ဆရာမတွေကလည်း လက်သံပြောင်တယ်။ အရိုက်ခံရမှာ ကြောက်စိတ်နဲ့ စာတော့လုပ်တယ်။ ကိုယ့်တော့ အရိုက်ခံမထိတော့ဘူး။ ဒါပေမယ့် ကျောင်းစာအပေါ် စိတ်ဖိစီးမှုတွေ သိပ်များခဲ့တယ်။ ဘယ်လောက်ထိ စိတ်ဖိစီးမှုတွေများခဲ့သလဲဆို စာမေးပွဲရှိတယ်ဆိုတာ သိရတဲ့နေ့မှာ တခါဖျားတယ်။ စာမေးပွဲနီးရင်ဖျားတယ်။ အောင်စာရင်းထွက်တော့မယ့်အချိန် တခါဖျားတယ်။ ဒီလိုနဲ့ ကျွန်မမူလတန်းအရွယ် (လေးတန်းအထိ) အဖျား သံသရာလည်ခဲ့တယ်။ ဒါတွေဟာ စိတ်ဖိစီးမှုကြောင့်ပါ။

အလယ်တန်းနဲ့ အထက်တန်းအရွယ်မှာတော့ ကိုယ့်မှာရှိတဲ့ စိတ်ဖိစီးမှုတွေကို စာဘက်ထွက်ပေါက်ပေးလိုက်တယ်။ စာကြောင့် စိတ်ဖိစီးမှုတွေ ခံနေရတဲ့ကိုယ်ကို စာတွေကျက်မှတ်ရင်း ပြန်ထွက်ပေါက်ပေးလိုက်တော့ စာဘက်မှာထူးချွန်လာတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုတွေကတော့ မပျောက်သွားဘူး။ ဘယ်မှာသိသာသလဲဆို စာမေးပွဲရှိတိုင်း ၊ စာမေးပွဲနီးတိုင်း ၊ အမှတ်စာရင်းတွေပြောတိုင်း ၊ နောက်ဆုံး ဆုတက်ယူဖို့ ဖိတ်စာတွေ ပေးတဲ့အခါမှာ စိတ်လှုပ်ရှားလွန်ပြီး ဖျားတာမပျောက်သွားခဲ့ဘူး။

ဒီလိုနဲ့တက္ကသိုလ်မှာ ဘွဲ့တခုရဖို့ စာတွေထပ်ကျက်ရပြန်ရော။ နိုင်ငံခြားမှာ ကျောင်တက်ဖို့ စာတွေ ဆက်လေ့လာရ ဆက်တက်ဖြစ်တော့လည်း စာတွေဆက်ကျက်ရနဲ့ အဲဒီအချိန်တွေတုန်းက ကျွန်မကို အလိုချင်ဆုံးဆုတစ်ခုတောင်းပါဆိုရင် စာတွေကျက်ရခြင်းရဲ့ဒုက္ခကင်းပါစေလို့ ဆုတောင်းမိမှာပါ။

အခုလို ကိုယ်တကယ်နားလည်လာတဲ့အချိန် ဒီလိုဆုတောင်း ဘာကြောင့်တောင်းချင်သလဲဆို ကျွန်မဟာ စာတွေကို လိုလိုချင်ချင် ကျက်မှတ်လေ့လာခဲ့တာမျိုး မဟုတ်ခဲ့လို့ဆိုတာ သိလာခဲ့တယ်။ နင်လားဟဲ့သရဲ ငါလုပ်လိုက်မယ်ဆိုတဲ့စိတ်လိုမျိုးနဲ့ နင်လားဟဲ့ ငါ့ကိုလန့်စေတဲ့စာ နိုင်အောင်အလွတ်ကျက်မယ်ဆိုတဲ့စိတ်ကြောင့် ဒီဒုက္ခနဲ့ ခပ်ဝေးဝေးမှာ နေချင်တဲ့စိတ်ဖြစ်လာခဲ့တာ။

ဒီလိုသိနားလည်လာတော့ ကိုယ့်သားသမီးဆိုတာများရှိလာခဲ့ရင် ဖိအားပေးမှုတွေကင်းတဲ့သင်ခြင်းတွေနဲ့ ကိုယ်က အစပျိုး လေ့ကျင့်သင်ပေးမယ်။ ဖိအားပေးမှုတွေ နည်းနိုင်သမျှနည်းတဲ့ ကျောင်းပညာရေးစနစ်ကောင်းကောင်းမှာ ကျောင်းထားမယ်။ သူလေ့လာတာဟာ သူလိုချင်လို့ လေ့လာတာမျိုးပဲ ဖြစ်စေရမယ်။ ဖိအားကြောင့် ကြောက်ကြောက်နဲ့ စိတ်ဖိစီးမှုကြီးစွာ လေ့လာရတာမျိုး မဖြစ်စေရဘူးလို့ ဆုံးဖြတ်ထားခဲ့တယ်။

ကျွန်မသမီးကလေးကို ဟောဒါမျက်လုံး မျက်လုံးကဘာလုပ် ၊ ဟောဒါနှာခေါင်း နှာခေါင်းကဘာလုပ် ၊ ဟောဒါနား နားကဘာလုပ် စသဖြင့်ကို အမူအရာ ၊ ဟာသတွေပြောပြီး သူပါလိုက်လုပ်တတ်အောင် အိမ်မှာစသင်ခဲ့တယ်။ ကစားရင်းသင်တဲ့ပုံစံလိုမျိုးပဲသင်ခဲ့တယ်။ သင်တာကို သင်တာမှန်းမသိစေပဲ တတ်သွားရအောင် သင်တယ်။

စာအုပ် ၊ စာပေတွေကို ချစ်တတ်အောင် သူလသားလေးကတည်းက အဝတ်စနဲ့လုပ်တဲ့ လျှော်ဖွတ်နိုင်တဲ့ စာအုပ်တွေကနေ ၊ ပကျိ ပကျိ အသံမြည်တဲ့ စာအုပ်တွေ ၊ သင်ထောက်ကူ ပစ္စည်းအစုံနဲ့ ကိုယ့်အိမ်မှာ အပြည့်အစုံ ဝယ်ထားပြီး ကျောင်းမှာ သူတွေ့မြင်နိုင်တာတွေကို အိမ်မှာကတည်းက ရင်းနှီးအောင် လေ့ကျင့်ပေးခဲ့တယ်။

တစ်နှစ်ခွဲဆိုတဲ့အရွယ်မှာကတည်းက ကျောက်သင်ပုန်း အဖြူ ၊ အမည်း ၊ ရေးခြစ်စရာစာအုပ် ၊ သူစိတ်ဝင်စားရာရာစာအုပ်တွေ တင်ထားတဲ့စင် ၊ ရောင်စုံခြယ်နိုင်ဖို့ မြေဖြူရောင်စုံ ၊ ကျောက်တံ ၊ ရောင်စုံခဲတံတွေကိုလည်း ဝယ်ပေးခဲ့တယ်။ အဲဒီအရွယ်ဟာ နားမလည်တတ်သေးတော့ ပစ္စည်းအများစုဟာ ပျက်စီးပါတယ်။ စာအုပ်တွေဆိုရင် ကတ်ထူနဲ့လုပ်ထားတဲ့ စာအုပ်တွေတောင် စုတ်ပြဲတာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကလေးကို မဆူခဲ့ဘူး။ စာအုပ်ဟာ ရေးခြစ်စရာ ၊ ဖတ်စရာ ၊ စာအုပ်ဟာ စိတ်ဝင်စားစရာဖြစ်အောင်ပဲ လေ့ကျင့် သင်ကြားပေးခဲ့တာပါ။

နှစ်နှစ်ခွဲ သုံးနှစ်ဆိုတဲ့အရွယ်မှာ သူဟာ အိမ်မှာရှိနေတဲ့ သင်ထောက်ကူ ပစ္စည်းတွေနဲ့ ရင်းနှီးလာတယ်။ ဒီ့မတိုင်မီမှာ သူ့ကိုယ်ပေါ်မှာရှိတဲ့အရာတွေ ၊ သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့အရာတွေကို ကစားရင်း ၊ လမ်းသွားရင်း ၊ ကြုံကြိုက်ရင်း သင်ခဲ့တာတွေပါ။ စာရယ်လို့ တိတိကျကျ ထိုင်သင်တာမျိုး ကလေးလည်း စိတ်မဝင်စားဘူး။ ကိုယ်လည်း ဖိအားပေးလို့ မလုပ်ဘူး။ သုံးနှစ်ကျော်လာတော့ သူရင်းနှီးနေတဲ့ စာအုပ်တွေကို အမေ့ဆီယူလာပြီး ဖတ်ပြခိုင်းတာမျိုး ။ သူကိုယ်တိုင် လိုက်ဖတ်တာမျိုးတွေ လုပ်လာတော့ သင်ပေးရကောင်းလာတယ်။

သုံးနှစ်ကျော်ကျော်လောက်မှာဆို ရောင်စုံခဲတံတွေနဲ့ အရေးစတာမျိုးတွေ သူ့ဘာသူ လုပ်လာတယ်။ ဥပမာ – ၀ ကိုခပ်ကြီးကြီးဝိုင်း မျက်လုံးတွေထည့်ပြီး မျက်လုံးလို့ သူ့ဘာသာသူပြောရင်းဆွဲတာမျိုး ၊ မျက်ခုံးထည့်ပြီး မျက်ခုံးလို့ပြောတာမျိုး ၊ နှာခေါင်းထည့်လို့ နှာခေါင်းလို့ပြောတာမျိုး ၊ ပါးစပ်ပုံဆွဲပြီး ပါးစပ်လို့ပြောတာမျိုးတွေပါ။ ကျွန်မရဲ့သင်ကြားနည်းကတော့ ကလေးကို သင်လို့ သင်နေမှန်းမသိအောင် ကစားရင်းသင်တယ် ။ ပုံဆွဲရင်းသင်တယ်။ တဆင့်ချင်းစီ ခပ်လွယ်လွယ်လေး သင်ပေးသွားတာပါ။

ခပ်လွယ်လွယ်လေးနဲ့ ကစားသလို ၊ ပုံဆွဲသလိုမျိုး တဆင့်ချင်းစီသင်သွားတော့ သင်ယူနေရတာတွေဟာ သူ့အတွက် မခက်ခဲဘူးဖြစ်လာတယ်။ ဘာဟာ ဘာဆိုတာ သူကောင်းကောင်းနားလည်လာရင် သူသိပြီးသား အကြောင်းအရာတွေထဲက ခပ်လွယ်လွယ် စာလုံးပေါင်းနိုင်တာတွေကို ဦးဆုံးသင်ပေးတော့ ကလေးဟာ စာလုံးပေါင်းတွေပါ ရင်းနှီးလာတယ်။ ရေးတတ်လာတယ်။ ဘာကိုမှ ဖိအားပေးမသင်ပေးခဲ့ရဘူး။

ကလေးကိုစာသင်ရင် ကြိမ်လုံးသို့မဟုတ်  ပေတံနဲ့ ထောက်ပြသင်မှ ကလေးအာရုံစိုက်မယ်လို့ ယူဆရင်လွဲနေပါပြီ။ ကျွန်မကလေးကို စာသင်ရင် ဘယ်တော့မှ ကြိမ်လုံးမသုံးသလို ပေတံလည်းမဆောင်ဘူး။ ပထမအကြိမ် သူ့ကိုသင်ရင်းကိုယ်ပါလိုက်ရွတ်တယ်။ နောက်တကြိမ်သူ့ကို တစ်ယောက်တည်း စာလုံးတစ်လုံးချင်းစီထောက်လို့ လိုက်ရွတ်စေတယ်။ ဒါကို ကလေးအများစုက လွယ်လွယ်ကူကူ လုပ်ကြမှာ မဟုတ်ပါဘူး။ ဒီလိုရွတ်ပြီးနောက်မှာ စိတ်ဝင်စားစရာ ကစားနည်းမရှိရင်ပေါ့။

သမီးလေးကတော့ ကျွန်မနဲ့ရွတ်ပြီး သူ့တစ်ယောက်တည်း ရွတ်ရမယ့်အချိန်ဆိုလည်း ပျော်ပျော်ရွှင်ရွှင် လိုက်ရွတ်တယ်။ သူရွတ်ပြီးရင် အမေ့ကို သူပြန်သင်ရမယ့်အလှည့်လေ။ သူထောက်တာကို ကျွန်မက တပည့်တစ်ယောက်လို လိုက်ရွတ်တယ်။ သူ့အဖေရှိနေတဲ့အခါတိုင်း ကျွန်မကို စာထောက်မေးပြီးရင် သူ့အဖေကိုပါ စာထောက်ပြီးမေးတယ်။ သူ့အဖေကလည်း တလေးတစား တစ်လုံးချင်းစီကို ပြန်ရွတ်ဖြေတယ်။ အဲဒီတော့ ကလေးဟာ ဆရာမတလှည့်စီလုပ်တဲ့ ဒီလိုကစားတဲ့နည်းနဲ့တင် လေးခေါက်မှတ်မိသွားတာပေါ့။ ခပ်များများ ကစားပြီးရွတ်လေ ခပ်များများ ဦးနှောက်ထဲစွဲလေမဟုတ်လား။

ကလေးဟာ ကစားရင်း ၊ ဆရာလုပ်ရင်း ၊ အရောင်ခြယ်ရင်း ၊ အမေပုံဆွဲသင်တာကို စိတ်ဝင်တစားကြည့်ရင်း စာတွေရသွားတော့ စာသင်လို့ သင်နေမှန်းမသိဘဲ ကစားနေသလိုဖြစ်နေတာမို့ စာသင်ရတာ ပျော်မွေ့လာပါတယ်။ စာရေးရတာ ၊ စာလုံးပေါင်းတွေ မှတ်ရတာကိုလည်း ပျော်မွေ့လာတယ်။ ဒါ့အပြင်ကျောင်းကဆရာမတွေကလည်း ကလေးတွေကို ရိုက်နှက်သင်တာမျိုးမရှိတဲ့အတွက် စာလုပ်ရမှာပျော်တဲ့ကလေးဟာ ကျောင်းသွားရမှာလည်း တက်ကြွနေတယ်။ ကျောင်းနေပျော်မှ စာတော်မှာလေ။

အရင်းစစ်လိုက်ရင် လက်ဦးဆရာဟာ မိနဲ့ဘပါ။ အိမ်မှာ စိတ်ဖိစီးမှုနည်းနည်း ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ စပြီးလေ့လာခွင့်ရခဲ့တာမျိုးဆို အဲဒီလို လေ့လာခြင်းမှာ ကလေးဟာ ပျော်မွေ့လာမှာပါ။ ဒါ့အပြင် ကျောင်းရွေးမှန်ပြီး ကျောင်းမှာလည်း စိတ်ဖိစီးမှုတွေမရှိဘူးဆိုရင် ကလေးဟာ လေ့လာသင်ယူခြင်းမှာ အားသန်လာပါလိမ့်မယ်။

လေ့လာသင်ယူမှုမှာ အားသန်လာတဲ့အခါ ရည်မှန်းချက်ကြီးရင်ကြီးသလောက် ထွန်းပေါက်မယ့်သူဖြစ်လာမှာပါ။ တကယ်ဆို လေ့လာမှုခရီးအစမှာကတည်းက စိတ်ဖိစီးမှုကင်းစွာ ပျော်ပျော်ရွှင်ရွှင်နဲ့ လေ့လာခွင့်ရဖို့ အထူးအရေးကြီးလှပါတယ်။ ပထမခြေလှမ်းဟာ အရေးအကြီးဆုံးဖြစ်ပါတယ်။ ပထမခြေလှမ်း မြဲမြံခိုင်မာသွားရင် နောက်ထပ် ခြေလှမ်းတွေ ဆင့်ကာ ဆင့်ကာ ၊ အောင်မြင်မှုတွေ ဆင့်ကာ ဆင့်ကာလှမ်းရင်း ခရီးပန်းတိုင်အရောက် ချီတက်နိုင်မှာပါ။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc-%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%b9%e1%80%b1%e1%80%95%e1%80%ba%e1%80%ac%e1%80%b9%e1%80%b1%e1%80%9c%e1%80%b8-%e1%80%9e/feed/ 0
ရိုးစင်းသော ကလေးတို့၏ပျော်ရွှင်မှု http://www.burmesehearts.com/%e1%82%90%e1%80%ad%e1%80%af%e1%80%b8%e1%80%85%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%9e%e1%80%ac-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%82%94%e1%81%8f%e1%80%b1%e1%80%95/ http://www.burmesehearts.com/%e1%82%90%e1%80%ad%e1%80%af%e1%80%b8%e1%80%85%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%9e%e1%80%ac-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%82%94%e1%81%8f%e1%80%b1%e1%80%95/#respond Sat, 18 Feb 2017 11:43:10 +0000 http://www.burmesehearts.com/?p=73893

ကလေးငယ်တွေရဲ့ ပျော်ရွှင်မှုဟာ လူကြီးတွေလိုမဟုတ်ဘဲ ရိုးစင်းလွန်းလှပါတယ်။ မွေးကင်းစကနေ တော်တော်လေးအရွယ်လောက်တဲ့အထိ သူတို့ အလိုလားဆုံးက သူချစ်ခင်တွယ်တာသူတွေရဲ့ အချိန်ပေးဂရုစိုက်မှုဖြစ်ပါတယ်။ ကလေးကို အချိန်ပေးလိုက်တာနဲ့အမျှ သူ့ကို ပိုနားလည်လာတယ်။ ဒီနားလည်မှုတွေထဲမှာ သူ့လိုအပ်မှု ၊ သူ့ဆန္ဒ ၊ သူ့အကြိုက်တွေအပြင် သူ့အားသာချက်နဲ့ သူ့အားနည်းချက်တွေကိုပါ သိနားလည်လာတာပါ။

နှစ်နှစ် ၊ သုံးနှစ်အောက် ကလေးတွေလောက်ပဲ အချိန်ပေးစောင့်ကြည့်ရတာလို့  လူကြီးမိဘတွေ အများစုက ထင်နေကြတယ်။ ကိုယ်က ကလေးကို အချိန်ပေးတာတွေ လျော့လာလေလေ ကလေးနဲ့ ကိုယ့်အကြား နွေးထွေးမှု လျော့နည်းလာလေလေလို့ မှတ်ရမှာပါ။ ကိုယ်ကအချိန်မပေးလေလေ ကလေးတွေနဲ့ ကိုယ်တွေဟာ အနေဝေးလာလေလေ။ ဒီတော့ ကလေးနဲ့ကိုယ့်ရဲ့ဆက်ဆံရေးဟာ စိမ်းလာလေလေ ဖြစ်လာမှာပေါ့။ ဒါဟာကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။

သုံးနှစ်အထက် ကလေးငယ်တွေဟာ သုံးနှစ်အောက် ကလေးငယ်တွေထက် ပိုသိတတ်လာတာမှန်ပါတယ်။ ဒီလိုသိတတ်လာတော့ အရွယ်လေးရလာတာနဲ့အမျှ ကလေးကို ကြည့်ရှုစောင့်ရှောက်ရတဲ့ လူကြီးမိဘဟာ ဟိုးအသေးလေးကအစ လိုက်လုပ်ပေးစရာမလိုတော့လို့ လက်လွတ်လာတဲ့အရွယ်လို့ ပြောကောင်း ပြောကြမှာပါ။

သုံးနှစ်အထက် ကလေးကြီးတွေဟာ ပိုသိတတ်လာတာနဲ့အမျှ သူတို့ရဲ့ဆန္ဒတွေဟာလည်း များသထက်များလာပါတယ်။ ကလေးတွေကို အချိန်ပေးတာ နည်းလာတဲ့လူကြီးမိဘတွေ ၊ ကလေးတွေကို သူ့ဘာသူ ထိန်းလာနိုင်တယ်ဆိုပြီး အနေဝေးလာတဲ့ မိဘတွေဟာ ကလေးတွေ တဖြည်းဖြည်း ကြီးလာလေလေ ၊ အရွယ်ကလေးရလာလေလေ သူတို့  ဘာကို ဆန္ဒရှိလို့ ဘာတွေလိုအပ်နေတယ် ၊ ဘာတွေ တောင့်တနေတယ် ၊ ဘာတွေဖြည့်ဆည်းပေးဖို့ တကယ်လိုတယ်ဆိုတာ သတိထားမိဖို့ ၊ သိရှိလာနိုင်ဖို့ ခက်လာပါတယ်။

ကလေးတွေနဲ့ အနေဝေးတော့ ဆက်ဆံရေးလည်း အေးလာတာနဲ့အမျှ ကလေးဘက်က ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုမှုတွေလည်း မရှိသလောက် နည်းလာပါတယ်။ ဒီလိုဆက်ဆံရေးရှိနေတဲ့ ကလေးကြီးတွေနဲ့ မိဘတွေဟာ တစ်ဦးအပေါ်တစ်ဦး နားလည်မှုတွေ လွဲလာတာမျိုး ၊ အထင်အမြင်တွေ လွဲလာတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုဖြစ်လာတာများလေလေ ကလေးနဲ့လူကြီးမိဘအကြား ဆက်ဆံရေးတွေ ပျက်လာတတ်ပါတယ်။ ဘယ်အချိန်မှာ အသိသာဆုံးလဲဆို ကလေး လူပျိုပေါက် ၊ အပျိုပေါက် ဖြစ်လာတဲ့အချိန်မှာ ပိုသိသာလာပါတယ်။

မိဘနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးမရှိတဲ့ ကလေးတွေဟာ မိဘမဖြစ်စေချင်တာကို ရွေးလုပ် ၊ ရွဲ့လုပ်လေ့ရှိကြတယ်။ အိမ်နဲ့အဆင်မပြေတဲ့ ကလေးတွေဟာ အတတ်ကောင်းတွေကို အရွယ်မတိုင်ခင် ခပ်စောစော စမ်းရာက အရွယ်မတိုင်ခင် ရည်းစားသနာကိစ္စတွေလည်း ပါလာတတ်တယ်။ မြွေကို ခေါင်းကနေ ဘယ်လိုဖမ်းရမယ်ဆိုတာ နားမလည်ဘဲ အမြီးကနေကိုင်ပြီး မြွေနဲ့ကစားတဲ့သူလို တာဝန်ဆိုတာ မသိတတ်သေးခင် ချစ်ကြိုက်သူနဲ့ နယ်လွန်သွားတဲ့အခါ မဖြစ်သင့်တာတွေ ဖြစ်တတ်တာပေါ့။

သုံးနှစ်အောက် ကလေးငယ်တွေကို အချိန်ပေးလို့ အသေးစိတ်ကအစ ကြည့်ရှုစောင့်ရှောက်ပေးဖို့လိုသလို သုံးနှစ်အထက် တဖြည်းဖြည်း သိတတ်နားလည်လာတဲ့ ကလေးတွေကိုလည်း အချိန်ပေးဖို့လိုပါတယ်။ သူတို့ဟာ သိတတ်လာတာနဲ့အမျှ ဖြစ်ချင်တဲ့ဆန္ဒနဲ့ လိုချင်တဲ့ဆန္ဒတွေ များလာပါပြီ။

ဆန္ဒသာရှိပြီး ဖြစ်အောင် ၊ ရအောင် မလုပ်နိုင်သေးတဲ့ ဒီအရွယ်လေးတွေဟာ အလိုမကျစိတ်တွေ ဖြစ်လာပါတယ်။ အလိုမကျတာများလေလေ အလိုမကျစိတ်တွေ ကိန်းအောင်းလေလေမို့ သူတို့မှာ ဖြစ်ချင်တာ ၊ ရလိုတာလေးတွေ ရှိနေတာကို သူတို့မပြောခင် သတိထားမိဖို့ ၊ သင့်တော်ရာကို လိုက်လျောပေးဖို့တွေလည်း လိုပါတယ်။

တကယ်တော့ ကလေးတွေရဲ့ ဆန္ဒတွေဟာ ရိုးစင်းတာများပါတယ်။ သူတို့ဟာ ရိုးရိုးတွေးတာမို့ သူတို့ဖြစ်ချင်တာ ၊ ရလိုတာတွေဟာလည်း ရိုးစင်းနေတာပါ။ ဒါကြောင့် သူတို့ရဲ့ ပျော်ရွှင်မှုဟာလည်း ရိုးစင်းလှပါတယ်။ သူတို့ကို တကယ်ပဲ ပျော်စေချင်တဲ့ဆန္ဒတွေ လူကြီးမိဘမှာ ရှိနေတယ်ဆို သူတို့ကို အချိန်ပေးရုံပါ။ သူတို့ကို အချိန်ပေးပြီး စကားပြောဆွေးနွေးမယ်။ ကစားမယ်။ သူတို့ကို အဖော်လုပ်ပေးမယ်ဆိုရင် ကိုယ်ကအချိန်ပေး ၊ ဂရုစိုက်ပေးတာမို့ သူတို့ဟာ နွေးထွေးတဲ့ မေတ္တာကို ခံစားရပြီး သူတို့ဘဝကို ကျေနပ်ပျော်ရွှင်လာပါတယ်။

လူကြီးတွေးနဲ့ ကလေးတွေးဟာ ခြားနားလှပါတယ်။ လိုချင်တာတွေနဲ့ ပကာသနတွေ ရောထွေးလာတဲ့ လူကြီးမိဘဟာ ကလေးကို လိုလေသေးမရှိ ပံ့ပိုးပေးလိုက်တာ ၊ ဖြည့်ဆည်းပေးလိုက်တာတွေဟာ ကလေးကို ပျော်ရွှင်စေလိမ့်မယ်လို့ ထင်နေတယ်။ မတောင့်မတ ၊ မကြောင့်မကြ မတောင်းပဲလိုလေသေးမရှိ ရနေတဲ့ ကလေးဟာ ဘာအပူအပင်မှမရှိ ပျော်စရာအတိလို့ ထင်နေမယ်ဆို မှားပါတယ်။

ကစားစရာတွေပုံပြီး ကစားဖော်မရှိတဲ့ ကလေးရဲ့ အဖော်မဲ့မှု ၊ သူချစ်တဲ့သူတွေ သူ့ကိုအချိန်မပေးနိုင်တာကို နားမလည်နိုင်ဘဲ လက်ခံပေးနေရတဲ့ အခြေအနေမှာ သူ့အထီးကျန်မှုကို သူကလွဲလို့ ဘယ်သူမှ မသိနိုင်ဘူးလေ။ ကလေးကို တကယ်အချိန်ပေးတဲ့ မိဘတွေကျတော့ ဘာမှ ဝယ်မပေးနိုင်တဲ့ အခြေအနေတွေမှာတောင် ပါးစပ်ထဲရှိရာပုံပြင်တွေ ပြောပြ ၊ ပူစီဖောင်းတွေ ပူဖောင်းတွေ ၊ စက္ကူ လေယာဉ်ပျံနဲ့ စက္ကူလှေလေးတွေဟာလည်း ကလေးပျော်ရွှင်မှုကို ဆောင်ကျဉ်းပေးနိုင်ပါတယ်။

ပျော်ရွှင်မှုထက်ပိုတဲ့အခါ ကလေးဟာ သူ့ဘဝသူ ကျေနပ်နေတာပါ။ ဒီလို သူ့ကို အချိန်ပေးတဲ့သူ ၊ သူ့ဆန္ဒကို နားလည်ပေးတဲ့သူ ၊ သူ့ကို စိတ်ကျေနပ်ပျော်ရွှင်မှုတွေ ရရှိဖို့အလေးထားတဲ့ ဒီလိုမိသားစုထဲမှာ လူဖြစ်လာရတာ စတဲ့ အခြေအနေတွေအပေါ် ကျေနပ်ပြီးသူ့ဘဝကိုသူ ကျေနပ်နေတာပါ။

တခါတလေ ကိုယ်က လိုလေသေးမရှိထားပေမယ့် ကိုယ့်သားသမီးဟာ ဘာကို ကန့်လန့်တိုက်နေမှန်းမသိ မကျေမနပ်နဲ့ ဂျစ်တစ်တစ်ကလေး ဖြစ်နေတယ်ဆိုရင်တော့ သေချာတယ် ကိုယ်နဲ့ ကလေးရဲ့ ဆက်ဆံတွေဟာ နွေးထွေးမှုတွေ ဖြည့်တင်းပေးဖို့ လိုနေခဲ့တာ ဖြစ်နိုင်ပါတယ်။

မကျေမနပ်စိတ်တွေနဲ့ ကြီးပြင်းရမယ်ဆို ဘယ်လိုအခြေအနေမှာမဆို မကြိုက်တဲ့အရာတွေကို ဦးစားပေးတွေးတော့မှာပေါ့။ ဒီလိုဆို စိတ်မကျေနပ်မှုတွေကြောင့် ရခဲလှတဲ့လူ့ဘဝမှာ ပျော်ရွှင်မှုတွေနဲ့ စိမ်းသက်နေနိုင်ပါတယ်။ စိတ်ပျော်မှ လူပျော်တာပါ။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%82%90%e1%80%ad%e1%80%af%e1%80%b8%e1%80%85%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%9e%e1%80%ac-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%82%94%e1%81%8f%e1%80%b1%e1%80%95/feed/ 0
မိခင်စိတ် http://www.burmesehearts.com/%e1%80%99%e1%80%ad%e1%80%81%e1%80%84%e1%80%b9%e1%80%85%e1%80%ad%e1%80%90%e1%80%b9/ Sun, 12 Feb 2017 06:52:46 +0000 http://www.burmesehearts.com/?p=73637 မိခင်မဖြစ်သေးသူတွေ ၊ မိခင်နေရာ မရောက်သေးသူတွေက မိခင်စိတ်ဆိုတာကို အတိအကျ နားလည်ခံစားနိုင်ဖို့ ခဲယဉ်းပါတယ်။ ကျွန်မငယ်စဉ်ကတည်းက ကလေးချစ်တတ်ခဲ့ပေမယ့် အဲဒီချစ်စိတ်နဲ့ မိခင်နေရာရောက်လာတော့ မိမိသားသမီးကို ချစ်စိတ်ဟာ မတူပါဘူး။ ခံစားမှုတွေပိုလေးနက်လာသလို တာဝန်တွေလည်း ပိုရှိလာတာပါ။ ကျွန်မရဲ့မူရင်းစိတ်ဟာ ကြိုမပူတတ်ပေမယ့် ကြိုပြင်ဆင်တတ်တဲ့အကျင့်ကြောင့် အပူလည်း နည်းသူပါ။ ဒါပေမယ့် မိခင်နေရာရောက်လာတော့ အရင်နဲ့မတူ စိုးရိမ်ပူပင်မှုတွေရှိလာပါတယ်။ သားသမီးအတွက် ကြိုတွေးပူတတ်လာတာပါ။ ကိုယ်ဝန်စလွယ်ထားရတာ သိကတည်းက ကလေးဟာ ပုံမှန်ကျန်းမာရေးကောင်းစွာ မွေးဖွားလာဖို့ ဆန္ဒနဲ့ကုသိုလ်တွေ ပြုရပြီ။ မီးဖွားစဉ် မတော်လို့ ကိုယ်ချွတ်ချော်သွားရင်ဆိုတာလည်း တွေးပူတတ်လာခဲ့တယ်။ ဘယ်တုန်းကမှ ရွှေကို မခုံမင်တတ်တဲ့ကျွန်မ အဲဒီကတည်းက ရွှေတွေစစုကျင့်ရခဲ့ပါတယ်။ ရွှေဆိုတာမျိုးက ရှိရင်တန်ဆာ ၊ မရှိရင်ဝမ်းစာ လုပ်လို့ရတယ်လေ။ ကိုယ်မလိုတဲ့အချိန် ထုခွဲရောင်းချလို့ရတာမို့ ငွေပိုငွေလျှံလေးရှိတိုင်း သမီးလေးလည်း ဝတ်ချင် ဝတ်ဖို့အဆင်သင့်ရှိအောင် ၊ နောင် အဆင်မပြေတဲ့အခါ ဒါတွေထုတ်သုံးနိုင်ဖို့ […]]]>

မိခင်မဖြစ်သေးသူတွေ ၊ မိခင်နေရာ မရောက်သေးသူတွေက မိခင်စိတ်ဆိုတာကို အတိအကျ နားလည်ခံစားနိုင်ဖို့ ခဲယဉ်းပါတယ်။ ကျွန်မငယ်စဉ်ကတည်းက ကလေးချစ်တတ်ခဲ့ပေမယ့် အဲဒီချစ်စိတ်နဲ့ မိခင်နေရာရောက်လာတော့ မိမိသားသမီးကို ချစ်စိတ်ဟာ မတူပါဘူး။ ခံစားမှုတွေပိုလေးနက်လာသလို တာဝန်တွေလည်း ပိုရှိလာတာပါ။ ကျွန်မရဲ့မူရင်းစိတ်ဟာ ကြိုမပူတတ်ပေမယ့် ကြိုပြင်ဆင်တတ်တဲ့အကျင့်ကြောင့် အပူလည်း နည်းသူပါ။ ဒါပေမယ့် မိခင်နေရာရောက်လာတော့ အရင်နဲ့မတူ စိုးရိမ်ပူပင်မှုတွေရှိလာပါတယ်။ သားသမီးအတွက် ကြိုတွေးပူတတ်လာတာပါ။

ကိုယ်ဝန်စလွယ်ထားရတာ သိကတည်းက ကလေးဟာ ပုံမှန်ကျန်းမာရေးကောင်းစွာ မွေးဖွားလာဖို့ ဆန္ဒနဲ့ကုသိုလ်တွေ ပြုရပြီ။ မီးဖွားစဉ် မတော်လို့ ကိုယ်ချွတ်ချော်သွားရင်ဆိုတာလည်း တွေးပူတတ်လာခဲ့တယ်။ ဘယ်တုန်းကမှ ရွှေကို မခုံမင်တတ်တဲ့ကျွန်မ အဲဒီကတည်းက ရွှေတွေစစုကျင့်ရခဲ့ပါတယ်။ ရွှေဆိုတာမျိုးက ရှိရင်တန်ဆာ ၊ မရှိရင်ဝမ်းစာ လုပ်လို့ရတယ်လေ။ ကိုယ်မလိုတဲ့အချိန် ထုခွဲရောင်းချလို့ရတာမို့ ငွေပိုငွေလျှံလေးရှိတိုင်း သမီးလေးလည်း ဝတ်ချင် ဝတ်ဖို့အဆင်သင့်ရှိအောင် ၊ နောင် အဆင်မပြေတဲ့အခါ ဒါတွေထုတ်သုံးနိုင်ဖို့ တွေးခေါ်ပြီး စစုတတ်လာတာပါ။

သမီးလေးမီးဖွားပြီးစ ကိုယ်လက်အင်္ဂါနဲ့ ကျန်းမာရေးပုံမှန် ဖြစ်တယ်လို့ကြားရမှ ကိုယ်ဝန်ဆောင်စဉ်တလျောက် ပူပင်ခဲ့ရတဲ့စိတ်တွေ လျော့ကျခဲ့တာပါ။ အဲဒီအချိန်ကစလို့ အရိပ်တကြည့်ကြည့် ချစ်ရတယ်ဆိုတဲ့ မေတ္တာကို ပိုနားလည်လာတယ်။ ဆေးရုံကဆင်းပြီး နောက်တရက်မှာ အသားဝါဝင်လာတဲ့ကလေးကို ဆေးခန်းမှာသွားပြတော့ ကလေးသွေးဖောက်စစ်တယ်။ သွေးဖောက်လိုက်တာနဲ့ အောင်ငိုတဲ့ကလေးငိုသံကြောင့် ပထမဆုံးအကြိမ် မိခင်စိတ်နဲ့ ရင်တွေနာကျင်ခဲ့ရတယ်။ သူ့အစား ကိုယ်ဝင်ခံလိုက်ချင်တဲ့ သနားစိတ်ကလေးပါ။

နောက်ပိုင်းမှာ ကလေးဖျားရင် ကိုယ်ပါစိတ်ဖိစီးပြီး ဖျားတဲ့အထိ ဖြစ်ခဲ့တယ်။ အလွန်ရွံရှာတတ်တဲ့ကျွန်မကို မိခင်စိတ်ဟာ ပြောင်းလဲခဲ့ပါတယ်။ သူများရဲ့ ချွေး ၊ တံတွေး ၊ အပေါ့ ၊ အလေးတွေကို အနံ့မခံနိုင် အလွန်ရွံရှာတတ်ခဲ့တဲ့ကျွန်မ ကိုယ့်သမီးနဲ့ပတ်သက်လာတော့ ရွံစရာလို့ကို မမြင်တော့ပါဘူး။ အရင်တုန်းက အရမ်းရွံတတ်တဲ့ကျွန်မမှ ဟုတ်ပါလေစလို့ အိမ်သားတွေ သတိထားမိတဲ့အထိ ကလေးနဲ့ပတ်သက်ရင် အံဖတ်တွေကအစ မစင်အဆုံး ဘာမှမရွံတတ်ခဲ့ဘူး။

ကိုယ့်သားသမီးအတွက် အဝတ်အစား ၊ အသုံးအဆောင်တွေကို ဘယ်တော့မှ နှမျောတွန့်တိုမှုမရှိ ပိုပိုလျှံလျှံအမြဲရှိစေခဲ့တဲ့ကျွန်မ ကိုယ့်အတွက်များဆို တော်ရိလျော်ရိတွေပဲ မဖြစ်မနေ ဝယ်သုံးဖြစ်တော့တယ်။ ဒီနေရာမှာ ငါဒါလေးသုံးလိုက်မယ့်အစား ကိုယ့်သမီးလေးအတွက် ဒါလေးဝယ်ပေးလိုက်ရင် သူတော်တော် ပျော်သွားမှာပဲဆိုတဲ့အတွေး အမြဲစိုးမိုးနေတော့ ကိုယ့်အတွက်ကိုယ် မသုံးဖြစ်တော့ဘူး။ ကိုယ့်အတွက်ခြိုးခြံလို့ ခင်ပွန်းနဲ့ သမီးအတွက်ပဲ တွေးနေဖြစ်တာ ကျွန်မတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ မိခင်စိတ်ပြင်းထန်တဲ့ အိမ်ရှင်မတိုင်းလိုလို ဒီလိုတွေးတာပါ။

အစားအစာဆိုလည်း ပိုပိုလိုလို ချက်ထား ၊ ဝယ်ထားပါလျက် ဒါလေးတော့ ငါ့သမီးလေးကြိုက်တယ်။ သူစားချင်တဲ့အချိန် မရှိမှာစိုးလို့ ကိုယ်ကမစားဖြစ်တော့တဲ့ အကြိမ်တွေ ကလေးရပြီးကတည်းက များသထက်များလာပါတယ်။ ဒါလေးကတော့ ငါ့ခင်ပွန်းကြိုက်တယ်။ သူပိုမှငါစားမယ်ဆိုတဲ့စိတ်လည်း ကြီးစိုးခဲ့တယ်။ ဒါကို ကျွန်မခင်ပွန်းနဲ့ သမီးလေးက သိနားလည်ကြတော့ သူတို့စားတိုင်း ကျွန်မပါးစပ်ထဲ အတင်းလာခွံ့လေ့ရှိတယ်။ အဲဒီတော့မှပဲ ကိုယ်စားဖြစ်တဲ့အထိ သူတို့ကြိုက်တတ်တာလေးတွေကို ကိုယ်မစားဖြစ်ဘဲ ချန်ထားတတ်ကျင့်လည်း ဖြစ်လာခဲ့တယ်။

အစားအသောက်နဲ့ အသုံးအဆောင်တွေတင် မိသားစုအတွက် ငဲ့သလားဆိုတော့ မဟုတ်ပါဘူး။ ကျွန်မရဲ့အချိန်တွေကိုလည်း ကျွန်မအတွက် မသုံးဖြစ်တော့ပဲ သူတို့အတွက် လုံးဝကို ပေးအပ်ထားတာပါ။ အိမ်အလုပ်တွေ ၊ ကလေးအလုပ်တွေ ၊ စီးပွားရေးတွေနဲ့ ရှုပ်ရှက်ခတ်နေလို့ ကိုယ်အနားယူချင်တဲ့အချိန်မှာ အနားမယူဖြစ်ဘဲ ကိုယ့်သမီးအတွက် ၊ ကိုယ့်ခင်ပွန်းအတွက် အချိန်တွေသုံးဖြစ်ခဲ့တော့ ကလေးအိပ်မှ စာဖတ်တာ ၊ စာရေးတာတွေ လုပ်ဖြစ်ရင်း ကိုယ့်ကိုယ်ပိုင်အချိန်ဆိုတာ ရှားလာပါတယ်။

ကစားစရာတွေရှိပြီး ကစားဖော်မရှိတဲ့ ကလေးရဲ့ အထီးကျန်ခံစားမှုကို နားလည်တယ်။ စာအုပ်တွေရှိပြီး ဖတ်ပြ ၊ ရှင်းပြမယ့်သူမရှိတဲ့ ကလေးရဲ့ အထီးကျန်မှုကို နားလည်တယ်။ စားစရာရှိနေပေမယ့် တစ်ဦးတည်း အထီးကျန်ကျန် စားသောက်နေရမယ်ဆို ကလေးတွေမှာ အထီးကျန်စိတ်တွေ ကပ်ငြိသွားနိုင်တာလည်း သိနေတော့ တခါတလေ ကျွန်မ ညတစ်နာရီ ၊ နှစ်နာရီမှ အိပ်ဖြစ်တယ်။ မနက်ဆို (၇)နာရီဆိုတာ ကျွန်မနောက်အကျဆုံးထချိန်ပါ။

ကလေးကျောင်းနေရင် အချိန်ပိုထွက်လာမယ်ဆိုတဲ့ အတွေးဟာ တကယ်တော့ တက်တက်စင်အောင် မှားပါတယ်။ ကျောင်းသွားပြီဆိုတော့ ကလေးကျောင်းစာတွေ ကိုယ်မှ မလေ့ကျင့်ပေးရင် ဘယ်သူလာလေ့ကျင့်ပေးမှာလဲ။ ကလေးမလိုက်နိုင်လောက်တဲ့ ဘာသာတွေမှာ အပြင်ကျူ ရှင်တော့ ထားပါရဲ့။ အိမ်မှာ ပြန်မလေ့ကျင့်ပေးရင် အချိန်ကုန် ၊ ငွေကုန် ၊ ကလေးရော ကိုယ်ပါ ပန်းတာပေါ့။ ကျောင်းတခေါက် ၊ ကျူ ရှင်တခေါက် အသွားအပြန် ကြိုပို့အချိန်ပေးရ ၊ ငွေပေးရတယ်ဆိုတာ အလကား မဖြစ်သင့်ဘူးလေ။

ကိုယ့်ကလေး ဘယ်ဘက်မှာ ထူးချွန်လို့ ဝါသနာပါနေလဲဆိုတာ မိခင်ပီပီ ဆုံးဖြတ်ရသေးတယ်။ သူဝါသနာပါရာလေးကို အသင့်တော်ဆုံးကျောင်းမှာ မှန်မှန်ကန်ကန် လေ့လာခွင့်ရဖို့ လေ့လာအပ်နှံရမယ့်တာဝန်ဟာ မိခင်တွေမှာရှိနေတာပါ။ အများအားဖြင့် မိခင်က ကလေးနဲ့ အနေများတော့ ဒီတာဝန်တွေဟာ မိခင်ဆီမှာ ပုံကျနေတာပါ။ ဖခင်အချို့က ဒါတွေ သတိထား လုပ်ပေးကောင်း လုပ်ပေးမှာဖြစ်ပေမယ့် မိခင်လောက် သားသမီးတွေနဲ့ လက်ပွန်းတတီး မရှိကြတာများပါတယ်။

ကုန်တာချင်းအတူတူ ကလေးပညာရေးအတွက် ကုန်ရတာ ထိုက်တန်ပါတယ်။ ပညာဆိုတာ မျိုးစေ့လေ။ ဝါသနာရယ် ပညာရယ်ပေါင်းစပ်လိုက်တာဟာ မျိုးစေ့ရယ် ၊ မြေသြဇာရယ်ကို လူဆိုတဲ့ မြေကြီးမှာ စိုက်လိုက်သလိုပါပဲ။ သူဝါသနာပါပါ ကြိုးစားလေလေ သူ့ဘဝအတွက် တသက်စာ အကျိုးရှိလေပဲမဟုတ်လား။ သစ်တပင်ကောင်း ငှက်တသောင်း နားနိုင်ဆိုသလို ကလေးပညာရေးမှာ ရင်းနှီးမြှုပ်နှံလိုက်တာဟာ ကလေးတဘဝစာ ကောင်းစားဖို့အတွက်ပဲ။ ဒါဟာ ပညာအမွေပေးတာပဲပေါ့။

မိခင်တစ်ဦးဖြစ်လာတာနဲ့ အနားယူတဲ့အချိန် နည်းသထက် နည်းလာပြီး တာဝန်တွေ များသထက် များလာတတ်တယ်ဆိုတာ မိခင်ကောင်းတွေ အသိဆုံးဖြစ်ပါတယ်။ အဲဒီတာဝန်တွေဟာ ကလေးသူ့ခြေထောက်ပေါ် သူမရပ်တည်နိုင်သရွေ့ ပေါ့သွားတယ်ဆိုတာမျိုးမရှိပါဘူး။ တိုးလာတာပဲရှိပါတယ်။

အိမ်သားတွေဖျားနာတော့ ကျွန်မက မနားမနေပြုစုပေးလို့ရတယ်။ ကိုယ်ဖျားနာတဲ့အခါ ပြန်နလန်ထူလာဖို့ ကိုယ့်ဘာသာ အားတင်းနေထိုင်ရတယ်ဆိုတာက များတာပါ။ ကလေးဟာ ကျွန်မပြုစုသလို ကျွန်မကို မပြုစုပေးတတ်သေးဘူးလေ။ ကိုယ့်ခင်ပွန်းက စားကောင်းရာတွေ ဝယ်ပေးလာဦးတော့ အချိန်တန် အလုပ်သွားနေရတာမျိုးမို့ ကလေးဝေယျာဝစ္စနဲ့ အိမ်ဝေယျာဝစ္စတွေဟာ အိမ်ရှင်မနေမကောင်းရင် ပုံနေပါတယ်။ အိမ်ဝေယျာဝစ္စက ခင်ပွန်းလုပ်နိုင်တာတွေလုပ် ၊ မလုပ်နိုင်တာတွေ ကိုယ်နေကောင်းမှ ထလုပ်လို့ရပေမယ့် ကလေးဝေယျာဝစ္စဟာ မလုပ်မဖြစ်တွေပါ။

တခါတလေ ကိုယ်နေမကောင်းလျက်နဲ့ ကလေး ကျောင်းကြို ၊ ကျောင်းပို့ ကိုယ်ပဲလုပ်ရတယ်။ အဖျားကြောင့် ရေထိရင် ချမ်းတုန်ဦးတော့ ကလေးရေချိုးသန့်စင်ပေးရမယ့်တာဝန်ဟာ အိမ်ရှင်မတာဝန်ပဲလေ။ ကိုယ်ဖျားလို့ ကလေးကို ရေမချိုးပေးဘူးလို့ လုပ်လို့မှမရတာ။ ကိုယ်က နေမကောင်းလို့ အရည်လေးသောက် အိပ်ယာထဲဝင်ခွေနေချင်ဦးတော့ ကိုယ့်ကလေးက အချိန်တန်ရင် အခါခါ စားချင်နေတာမျိုးမို့ ကျွေးနေကျအချိန်မှာ သူစားစရာတွေရှိနေအောင် ချက်ပြုတ်ပေးရမယ့်တာဝန်ဟာလည်း မိခင်တွေတာဝန်ပါပဲ။

နေကောင်းစဉ်မှာ တရစပ်လုပ်လာခဲ့တဲ့ ကလေးဝေယျာဝစ္စကို မိမိနေမကောင်းလို့ ခဏမလုပ်ဘဲ နားလိုက်မယ်လို့ မရနိုင်ပါဘူး။ လက်မလွတ်သေးတဲ့ ကလေးအမေဟာ ကိုယ်နေမကောင်းပေမယ့် ကလေးဝေယျာဝစ္စတွေလုပ်ဆောင်မှုက အနားယူချင်လို့မရပါဘူး။ အိမ်အကူမရှိတဲ့ ကလေးမိခင်တွေဟာ နေကောင်းလည်းလုပ် ၊ နေမကောင်းလည်းလုပ်ပါ။ ဘာတွေလုပ်ရတယ်လို့ ပြန်ပြောပြရမှာတောင်မောတယ်။ တကယ်ကို မနားမနေလုပ်နေရသူတွေပါ။

တကယ်မိခင်စိတ် ပြည့်ဝသူတွေက ကိုယ့်သားသမီးဝေယျာဝစ္စကို လုပ်ပေးတဲ့သူရှိဦးတော့ မျက်နှာလွှဲမနေနိုင်အောင် ကိုယ့်သားသမီးအလုပ် ကိုယ်လုပ်မှ စိတ်ချတာဟာလည်း မိခင်ကောင်းတွေပေါ့။ သူတို့ဟာ မိခင်လောက် ဘယ်သူမှ ကိုယ့်သားသမီးအပေါ် စိတ်မရှည်နိုင်တာ ၊ စေတနာမထားနိုင်တာ ၊ မချစ်နိုင်တာကို ကောင်းကောင်း သဘောပေါက် နားလည်နေသူတွေမို့ ကလေးတာဝန်တွေကို ကိုယ်တိုင်ပဲဝင်လုပ်လေ့ရှိကြတယ်။

အိမ်မှာလည်း အိမ်မှာမို့ အပြင်မှာလည်း အပြင်မှာမို့ ကလေးကို ဦးစားပေးလိုက်တဲ့ မိခင်တွေဟာ တဖြည်းဖြည်း ကိုယ်ပိုင်အချိန်တွေ နည်းသထက်နည်းလာတယ်။ မျက်စိဖွင့်လိုက်တဲ့ မနက်ကတည်းကနေ ညအိပ်ရာဝင်တဲ့အထိ သူမအတွက် မိမိသားသမီးဟာ ဦးစားပေးနေရာမှာ ရှိနေတာ မိခင်စိတ်ကြောင့်ပါပဲ။

ကိုယ့်ဆန္ဒထက် ကိုယ့်သားသမီးဆန္ဒကို ရှေ့တန်းတင်ဖြစ်တာ ၊ မိမိကိစ္စတွေထက် သားသမီးကိစ္စတွေကို ဦးစားပေးလုပ်ဖြစ်တာတွေဟာလည်း မိခင်စိတ်ကြောင့်ပါပဲ။ ကလေးနေထိုင်မကောင်းရင် မဖြစ်နိုင်မှန်းသိပေမယ့် အဲဒီဝေဒနာတွေအကုန် ကိုယ့်ဆီဆွဲယူပြီး သားသမီးကို မြန်မြန်ပြန်နေကောင်းစေချင်တာလည်း မိခင်စိတ်ကြောင့်ပါပဲ။

သူ သိသိ ၊ မသိသိ အပြစ်ကင်းစင်စွာ အိပ်ပျော်နေတဲ့ သားသမီးမျက်နှာကို တစိမ့်စိမ့်ကြည့်ပြီး ကြည်နူးမိတာလည်း မိခင်စိတ်ကြောင့်ပါပဲ။ သားသမီးရယ်မော ပျော်ရွှင်နေရင် အလိုလို ကိုယ်ပါပျော်နေပြီး သားသမီးမျက်နှာမကောင်းရင် ငါဘာလုပ်ပေးနိုင်မလဲ ၊ ငါဘာလုပ်ပေးရမလဲလို့ အတွေးဒေါင်ချာစိုင်းနေတာ မိခင်တွေပါ။

သားသမီး သိတတ်သည်ရှိစေ ၊ မသိတတ်သည်ရှိစေ မိမိမှာရှိတဲ့ ကိုယ်အား ၊ ငွေအားတွေနဲ့ ဖြည့်ဆည်းပေးချင်တာ မိခင်တွေပါ။ ကိုယ့်သားသမီးကိုထိရင် ကိုယ့်ထိတာထက် နာတတ်တာဟာလည်း မိခင်တွေပါပဲ။ ကိုယ့်သားသမီးကို ကာကွယ်ပေးဖို့ဆို ကိုယ့်အရှက်နဲ့ အသက်ကိုလည်း မငဲ့တွက်တတ်တာ မိခင်တွေပါ။ ဒါတွေဟာ မိခင်တွေမှာပဲ ရှိနေနိုင်တဲ့ မိခင်စိတ်ပါ။ ဒါကြောင့်လည်း မိခင်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို စာဖွဲ့မကုန်နိုင်တာပဲပေါ့။

မိခင်တိုင်း မိခင်ကောင်းအမူအကျင့်တွေ ရှိနေကြတာမျိုးမဟုတ်ပေမယ့် မိခင်ကောင်းတိုင်းဟာ မိခင်စိတ်အပြည့်ရှိကြပါတယ်။ အဲဒီချစ်ခြင်းမေတ္တာကြောင့်ပဲ သူမဟာ သားသမီးတွေရဲ့ ချစ်ခြင်းမေတ္တာ ၊ လေးစားမှု ၊ အားကိုးမှု ၊ ယုံကြည်မှုဆိုတာတွေကို အပြန်အလှန်ရရှိနေတာပဲပေါ့။ လူသားအပါအဝင် သတ္တဝါအသီးသီးရဲ့မိခင်စိတ်ဟာ စွမ်းအားအကြီးဆုံးဖြစ်ပါတယ်။

ရတု (Burmesehearts.com)

]]>
ကျောင်းနေအရွယ် ကလေးငယ်ငယ် http://www.burmesehearts.com/%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%94%e1%80%a1%e1%80%9b%e1%80%bc%e1%80%9a%e1%80%b9-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%84%e1%80%9a%e1%80%b9%e1%80%84/ http://www.burmesehearts.com/%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%94%e1%80%a1%e1%80%9b%e1%80%bc%e1%80%9a%e1%80%b9-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%84%e1%80%9a%e1%80%b9%e1%80%84/#respond Tue, 24 Jan 2017 07:23:47 +0000 http://www.burmesehearts.com/?p=73523

လူကြီးတွေကို သင်တာနဲ့ ကလေးတွေကိုသင်တာ ဘယ်ဟာပိုခက်သလဲလို့မေးရင် ကလေးကိုသင်တဲ့သူတွေက ကလေးသင်ရတာပိုခက်တယ်ပြောမှာဖြစ်သလို လူကြီးသင်ရသူတွေက လူကြီးသင်ရတာပိုခက်တယ်လို့ပြောကြမှာပါ။ ကလေးသင်တဲ့အခါ ကလေးဟာ ချော့လွယ် ၊ ခြောက်လွယ်မို့ ကလေးကိုသင်ရတာပိုလွယ်တယ်လို့ ဆိုကြတာပါ။ လူကြီးတွေကျတော့ နားလည်နေပြီးသားအရွယ်ဖြစ်နေတာမို့ ကလေးတွေလောက် အာပေါက်အောင်မသင်ရတဲ့အတွက် လူကြီးသင်ရတာ ပိုလွယ်တယ်လို့ ပြောကြတာပါ။ တကယ်က သင်တတ်ရင် ဘယ်သူ့သင်သင်လွယ်ပါတယ်။

လူကြီးအရွယ်ဆိုတာ ငွေတန်ဖိုးနားလည်တဲ့ အရွယ်ရောက်လာလေလေ ကိုယ့်ရဲ့အချိန်တွေ ၊ ငွေတွေရင်းပြီး လာတက်ရတဲ့သင်တန်းကို သူတို့အတွက် အရေးကြီးရင် ကြီးသလောက် ကြိုးစားအားထုတ်မှုမျိုး ရှိကြပါတယ်။ လူကြီးတွေကို မတတ်ရကောင်းရဲ့ မာန်မဲဆုံးမလို့မရတာမို့ ဆရာ ၊ ဆရာမတွေက သူတို့တတ်ချင်ရင် သူတို့ပိုတန်ဖိုးထားကြိုးစားကြမယ်လို့ ကြပ်မတ်မှု လွှတ်ပေးတတ်ကြပါတယ်။ ဒါကြောင့် လူကြီးတွေသင်ယူတဲ့ သင်တန်းတွေမှာ အတန်းပြီးရင် တတန်းလုံး ဒီပညာတတ်မြောက် နားလည်သွားလိမ့်မယ် ၊ ဒီပညာနဲ့ ရပ်တည်နိုင်ကြလိမ့်မယ်လို့ တထစ်ချတွက်ထားလို့မရပါဘူး။ ဒီသင်တန်းထဲ ကြိုးစားသူတွေမှပဲ ထူးချွန်လာမှာပါ။ သူတို့ရဲ့ကြိုးစားချင်စိတ်နဲ့ ကြိုးစားအားထုတ်မှုဟာ သူတို့ကိုယ်တိုင်လုပ်ယူမှပဲ ရတာပါ။

ကလေးတွေကျတော့ ဒီလိုမဟုတ်ဘူး။ ကလေးတွေကို သင်တဲ့အခါ တတန်းလုံးအတိုင်းအတာနဲ့ နားလည်တတ်မြောက်အောင် သင်ကြားတတ်ဖို့လိုပါတယ်။ ဒါမှသူတို့ဟာ ဒီအတန်းကစာတွေကို ကျေညက်နားလည်ပြီး နောက်တတန်းကိုဆက်တက်ရင် အခက်အခဲမရှိမှာဖြစ်ပါတယ်။ ကလေးကို မသင်တတ်တဲ့သူနဲ့ သင်တတ်တဲ့သူဆိုတာ ဒီမှာကွာသွားပါတယ်။

ကလေးကို မသင်တတ်တဲ့သူက ကလေးငြိမ်ငြိမ်ကလေးနဲ့သင်နေတာကို နားထောင်မှ ကလေးစာတတ်တယ်လို့ ထင်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ ကလေးကို ခြေမလှုပ် ၊ လက်မလှုပ် ဖြစ်နိုင်ရင် နားရွက်ပါမလှုပ်ဘဲ သင်တာကိုနားထောင် ၊ ရွတ်ခိုင်းတာတွေလိုက်ရွတ် ၊ ကျက်ခိုင်းတာတွေ အလွတ်ကျက် ၊ နှုတ်က အလွတ် ပြန်ရွတ်ပြနိုင်ရင် ကလေးတတ်သွားပြီ။ စာရွက်ပေါ်မှာ အလွတ်ဖြေနိုင်ရင် အောင်ပြီပေါ့။ ကျက်ဖြေစနစ်နဲ့ နှုတ်တိုက်သင်တာတွေကြောင့် တကယ့်ဆိုလိုရင်းအဓိပ္ပါယ် ကလေးရဲ့ဦးနှောက်ထဲ ရောက် ၊ မရောက် သူတို့မစဉ်းစားကြတော့ဘူး။

ကလေးရဲ့ ဦးနှောက်ထဲမှာ သဘောတရားဆိုတာကို နားမလည်ရင် မေ့လွယ် ၊ ပျောက်လွယ် ကလေးဦးနှောက်ဟာ နားလည်မှုကို အခြေမခံတာမို့ သင်ပြီးနောက်မကြာခင် မေ့သွားပြီး ဒါဟာ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို မသိဘဲ စာမေးပွဲမကျအောင် ၊ အမှတ်တွေ အဆင့်တွေတက်အောင် နှုတ်တိုက်ရွတ် ၊ ခေါင်းထဲအသေမှတ်ပြီး စာမေးပွဲခန်းထဲကထွက်လာရင် ဒီဘာသာကို ခေါင်းထဲကထုတ် နောက်ဘာသာကို နောက်ထပ်အလွတ်ကျက်မှတ်လို့ စာမေးပွဲခန်းထဲကမေးခွန်းတွေ အလွတ်ဖြေနိုင်ဖို့ ကြိုးစားကြရပါတယ်။

အလွတ်ကျက်ဖြေတဲ့ကလေးတွေ ပညာသင်နှစ် တတန်းပြီးတတန်းလွန်မြောက်လို့ တက္ကသိုလ်ကဘွဲ့သာရရှိသွားတယ်။ တကယ်လုပ်ငန်းခွင်ထဲရောက်လာရင် တဘဝလုံး ကိုယ်ကြိုးစားခဲ့တာတွေဟာ ကျက်ဖြေခဲ့တာတွေဖြစ်နေတော့ တကယ်သဘောပေါက်နားလည်တာတွေ မရှိဘူး။ ဒီတော့ လုပ်ငန်းခွင်ဝင်ရင် အခြေခံကနေ စပြန်လေ့လာရင် ကိုယ်အလွတ်ကျက်ခဲ့တဲ့စာတွေနဲ့ ပြန်ဆက်စပ်ကြည့်ရတာမျိုးပါ။ အဲဒီအချိန် သူတို့ကျက်ခဲ့ဖူးတဲ့ ပထဝီ ၊ သမိုင်း ၊ ဘောဂ ၊ ဇီဝနဲ့ သီအိုရီအထွေထွေ စတာတွေကို ပြန်မေးကြည့် လာမေးတဲ့သူ အရူးလားလို့ အများစုကတွေးကြမယ်။ ဘာဖြစ်လို့လဲဆိုရင် အများစုက ကျက်ဖြေခဲ့ကြတာမို့ သူတို့ဦးနှောက်ထဲမှာ စွဲစွဲမြဲမြဲ သဘောပေါက်နားလည်ပြီး မှတ်မိနေကြတာမျိုး မဟုတ်လို့ပါ။ အဲဒါကျွန်မအပါအဝင်ပါ။

တကယ်သင်တတ်တဲ့ဆရာဆိုတာကို ကျွန်မအသက်(၁၉)နှစ်လောက်မှာ စတင်ကြုံတွေ့ခဲ့ရတယ်။ သူတို့က အရှင်းဆုံးသဘောတရားကို အရိုးဆုံးသော သင်ပုံသင်နည်းနဲ့ သင်ကြတာ။ အဲဒီလိုဆရာ ၊ ဆရာမသင်တဲ့ ပညာရပ်ဟာ နှစ်တွေဘယ်လောက်ကြာသွားပစေ သူသင်ခဲ့တဲ့စာတွေနဲ့ သဘောတရားဆိုတာကို ဦးနှောက်ထဲစွဲစွဲမြဲမြဲမှတ်မိနေတယ်။ ဒီဟာလေးကို ဒီဆရာမက ဒီလိုလေးသင်ပြ ၊ ပြောပြခဲ့တာလို့ ဟန်အမူအရာလေးနဲ့တကွ စွဲစွဲမြဲမြဲမှတ်မိနေခဲ့တယ်။ ထူးခြားတာက အဲဒီဘာသာရပ်ကို ကျွန်မအလွတ်မကျက်ခဲ့ရဘဲနဲ့ မှတ်မိနေခဲ့တာပါ။ အဲဒီကတည်းက သင်မှန်းမသိဘဲ စွဲစွဲမြဲမြဲ မှတ်မိနေစေမယ့် သင်နည်းတွေကို ကျွန်မစိတ်ဝင်တစား လေ့လာခဲ့တယ်။

ဒီကနေတဆင့် လူတွေရဲ့စိတ်အခြေခံကိုမူတည်ပြီး သင်ပြပေးနိုင်ရင် ပိုသိလွယ် ၊ တတ်လွယ် ၊ မှတ်မိလွယ်တယ်ဆိုတာကိုလည်း နားလည်သဘောပေါက်ခဲ့တယ်။ တတန်းထဲမှာ ဒီဆရာမပဲသင်ကြားလိုက်ပေမယ့် ဒီကျောင်းသားဟာတော်ပြီး ဟိုကျောင်းသားဟာ ရှော်နေတယ်ဆိုတာ သူတို့ရဲ့စိတ်အခြေခံနဲ့ သဘာဝအခြေအနေတွေကို နားလည်သဘောပေါက်ပြီး သူတို့နဲ့ လိုက်လျောညီထွေသော သင်ကြားနည်းတွေနဲ့ သင်ပေးတတ်ရမယ်ဆိုတာကို ကျွန်မ ပိုနားလည်လာခဲ့တယ်။ ဒီကတဆင့်မှာ ကလေးတွေကို ဘယ်လိုသင်ကြားရမလဲဆိုတာ ပိုပြီး ထဲထဲဝင်ဝင်လေ့လာခဲ့ပါတယ်။

ကလေးအရွယ် အခုံမင်ဆုံးဟာ ကစားနည်းတွေပါ။ ကျောင်းနေစနဲ့ စတင်သင်ယူမှတ်သားစ ကလေးငယ်လေးတွေကို ကစားရင်း သင်ပြပေးနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ သူတို့ကို စွဲဆောင်မှုအရှိဆုံး သင်ကြားနည်းဟာ ကစားရင်းသင်တာပါ။ ဒါက သင်မှန်းမသိဘဲ သင်လိုက်တဲ့နည်းပေါ့။ အမှတ်မိဆုံးသင်ကြားနည်းကတော့ သူတို့ရဲ့စူးစမ်းစိတ်ကို နှိုးဆွပြီး သူတို့ရဲ့စိတ်ဝင်စားစူးစမ်းမှုနဲ့ သူတို့ကိုယ်တိုင် အဖြေရှာတဲ့နည်းပါ။ သူတို့ကိုယ်တိုင် ရရှိလာတဲ့ အဖြေဖြစ်တာမို့ မှားသွားရင် ဘာကြောင့်မှားသွားခဲ့တယ်ဆိုတာလည်း စွဲနေတယ်။ မှန်သွားခဲ့ရင်လည်း ဒီနည်းဟာ စွဲနေပါတယ်။

သူတို့အရည်အချင်းကို ဖော်ထုတ်စေတဲ့နည်းနဲ့လည်း သင်တတ်ရပါမယ်။ ဒါကတော့ သူတို့ကို သူတို့ရဲ့ အထင်အမြင် ၊ ယူဆချက်တွေ ၊ သုံးသပ်မှုတွေကို ထုတ်ဖော်ပြောဆိုခွင့်ပြုရမယ်။ ရှက်တတ်တဲ့ကလေးတွေဆိုရင်လည်း သူတို့စိတ်ထဲဖြစ်ပေါ်နေတဲ့ အထင်အမြင် ၊ ယူဆချက်တွေ ၊ သုံးသပ်မှုတွေကို ဘယ်နည်းနဲ့သိနားလည်အောင် လုပ်မလဲ ၊ သူတို့ကိုယ်တိုင်ထုတ်ဖော်ပြောပြချင်အောင် ဘယ်နည်းသုံးမလဲဆိုတာလည်း စိတ်ဝင်စားစရာဖြစ်ပါတယ်။ တချို့ကလေးတွေဟာ ထုတ်ဖော်မပြောတတ်ပေမယ့် သူတို့ရင်ထဲမှာရှိနေတဲ့ ထင်မြင်ယူဆချက်တွေနဲ့ အဖြေတွေဟာ Brilliant Idea (အဖိုးမဖြတ်နိုင်စရာတွေ)လည်း ဖြစ်နေနိုင်ပါတယ်။ ထုတ်ဖော်မပြောလို့ သူမသိဘူးလို့ ကောက်ချက်ချရင် မှားတတ်ပါသေးတယ်။

ကျွန်မပြောခဲ့ဖူးသလို ကျောင်းနဲ့စတင်မိတ်ဆက်တဲ့ကလေးဟာ ကျောင်းသွားရတာကို ပျော်သင့်ပါတယ်။ ကျောင်းသွားရတာပျော်သွားတဲ့နောက်တဆင့်မှာ သင်ယူလေ့လာခြင်းတွေကို စိတ်ရောကိုယ်ပါ အားတက်သရော ပျော်ပျော်ရွှင်ရွှင် ဆည်းပူးလေ့လာသင့်တာပါ။ ကလေးတွေဖြစ်တာမို့ သူတို့ကို ဖိအားပေးပြီး ကြောက်အောင်ခြောက် ၊ ငြိမ်အောင်ဆူရိုက်ရင်း သင်မယ်ဆိုရင်ဖြင့် သူတို့ရဲ့စူးစမ်းစိတ်တွေ ၊ တက်ကြွစိတ်တွေကို ချိုးနှိမ်လိုက်တာဖြစ်ပါတယ်။ ကြောက်လေလေ လူညွန့်တုံးလာလေလေပါ။

အကြောက်တရားအောက် ရောက်သွားတဲ့ကလေးတွေအများစုဟာ ကြောက်စိတ်တွေ ဖုံးလွှမ်းသွားတတ်ပါတယ်။ ကြောက်စိတ်တွေ ကြီးစိုးနေတော့ မလုပ်ရဲ ၊ မကိုင်ရဲ ၊ မပြောရဲ ၊ မဆိုရဲ ၊ မထွင်ရဲ ၊ မထောက်ပြရဲ ၊ မှားလည်း အပြစ်မတင်ရဲ ဖြစ်နေတတ်ပါတယ်။ တချို့သော သူတွေသာ အဲဒီအကြောက်တရားကို ရှားရှားပါးပါး ပြန်တော်လှန်နိုင်ကြတာပါ။ အများစုဟာ ကြောက်စိတ်တွေနဲ့ ပိနေတတ်ကြတာမို့ ဒီနစ်ဟာ ခေါင်းဆောင်တွေ ဖော်ထုတ်ဖို့ထက် နောက်လိုက်တွေဖြစ်လာဖို့ အားပေးနေတာဖြစ်ပါတယ်။

ကလေးကို ကြောက်စိတ်တွေ မကြီးစိုးနေစေချင်ရင် ကလေးကို အပြစ်တင်မာန်မဲတာတွေ လျှော့ပြီး ကလေးဟာ မိမိဆိုလိုရင်းကို နားလည်ဖို့ ဦးစားပေးရမှာဖြစ်ပါတယ်။ ကလေးနားမလည်တာ ၊ မမှတ်မိတာ ၊ လုပ်မြဲလုပ်နေတာတွေဟာ ကလေးနားလည်သဘောပေါက်အောင် မိမိမသင်တတ်သေးဘူးလို့ မှတ်ရုံပါ။ ဒီလိုဆို နောက်တနည်းပြောင်းပြီး သူနားလည်အောင် သင်ပေးရမှာပေါ့။ ဒီလိုနည်းတွေပြောင်းသင်ပေးတဲ့အခါ သူနဲ့ဆက်စပ်တဲ့နည်းအောက်မှာ သူဟာ နားလည်သဘောပေါက်လို့ သင်ယူသွားမှာပါ။

ကိုယ်သုံးတဲ့နည်းဟာ အကြမ်းနည်းတွေချည်း ဖြစ်နေမယ်ဆို ကလေးဟာ နားလည်သဘောပေါက်လို့ လက်ခံပြောင်းလဲလိုက်တာ ဆိုတာမျိုးထက် ကိုယ့်ကိုကြောက်လို့ ပြောင်းလဲလိုက်ရတာလို့ မှတ်ရမှာပါ။ ကိုယ့်ကိုမကြောက်တော့တဲ့တချိန်မှာ သူလက်ခံထားတာတွေကို ကိုယ့်ကိုတော်လှန်ပြီး ဒီနည်းတွေ ကျင့်သုံးတော့မှာပါ။ ဒါကြောင့် ကလေးတကယ်နားလည်သွားအောင် နည်းမှန်လမ်းမှန် သင်ပြပေးတတ်ဖို့ဟာ အလွန်အရေးကြီးတာပါ။

ကလေးကို အပြစ်တင်တာတွေလျှော့ပါလို့ ဆိုလိုတာက အသေးအဖွဲကိစ္စလေးတွေအတွက် ကလေးကို မဆူ ၊ မမာန် ၊ မရိုက်နှက်ပါနဲ့။ ကလေးကို နားလည်မှုပေးပါ။ ဘယ်လိုနားလည်ပေးရမှန်းမသိရင် သူ့အရွယ်တုန်းက ကိုယ်ဘယ်လိုဆိုတာကို ပြန်တွေးပါ။ ကိုယ့်ဆီမှာမရှိတဲ့အကျင့်တွေ ကလေးဆီမှာ ရှိနေရင် ကိုယ့်အိမ်ထောင်ဖက် သို့မဟုတ် ကလေးကို အကျင့်ကူးစေသူတွေ ကလေးအနားမှာရှိနေလို့ဖြစ်ပါတယ်။ ဒါဟာ ကလေးအပြစ်မဟုတ်ပါဘူး။

ကျောင်းမှာပစ္စည်းတွေကျန်ခဲ့တတ်တာ ကလေးအပြစ်မဟုတ်ဘူး။ အဲဒီပစ္စည်းတွေပေါ်မှာ ကလေးရဲ့နာမည်နဲ့ အတန်းဆိုတာ ရေးမှတ်ဖော်ပြပေးထားခြင်းမရှိတဲ့ ကိုယ့်ကြောင့် ကလေးပစ္စည်းပျောက်သွားတတ်တယ်လို့မှတ်ပါ။ ကိုယ်ကလေးဘဝတုန်းကလည်း ပျောက်ခဲ့ဖူးတာပဲလေး။ ပစ္စည်းအခိုးခံရတာလို့ ထင်နေတယ်ဆို ဘာပစ္စည်းဝယ်ဝယ် ပိုပိုလိုလို အနည်းဆုံး နှစ်ခုမှသည် လေးငါးဆယ်ခု ဝယ်ပေးထားပါ။ ဒါဆို ဒီနေ့တခုပျောက်သွားရင် ကလေးနာမည်နဲ့အတန်း ရေးထိုးထားတာကို နောက်တနေ့မှာ ထပ်ထည့်ပေးလိုက်ပါ။ သက်ဆိုင်တဲ့ဆရာမကို ကလေးပစ္စည်းပျောက်သွားတာ အသိပေးပါ။ ကိုယ့်ကလေးကိုလည်း သူ့ပစ္စည်းသူ ဂရုတစိုက် သိမ်းဆည်းသိတတ်ဖို့ဆိုတာ လေ့ကျင့်ပေးပါ။ ဒီလိုဆို ပစ္စည်းပျောက်လို့ အဆူခံ ၊ အရိုက်ခံရတဲ့ဒုက္ခ ကလေးမခံစားရတော့ဘူးပေါ့။

ကလေးတွေကို ရိုက်တာအားမပေးတဲ့ ကျွန်မကိုယ်တိုင် ကလေးဆိုးလာတယ်လို့ ထင်လာတဲ့အချိန်မှာ စတိရိုက်တတ်ပါတယ်။ ဒါဟာ သူလုပ်သင့်တာထက်ပိုနေပြီ ၊ အမေသည်းခံနိုင်တာထက်ပိုနေပြီ။ ဒါဟာ Serious ဖြစ်နေပြီဆိုတာကို အသိပေးရုံပါ။ အဲဒီလိုအချိန်မှာ ကျွန်မ မလိုအပ်ဘဲ တုတ်ကိုင်ရိုက်တာမျိုး မလုပ်ပါဘူး။ ကျွန်မသမီးလေးကို ဟိုးငယ်ငယ်ကတည်းက ကျွန်မလေ့ကျင့်ပေးထားခဲ့ဖူးတယ်။ ရေချိန်ဆိုတာကို သူခံစားသိနိုင်ဖို့ လေ့ကျင့်ပေးထားတာပါ။

ပထမ  –   မလုပ်သင့်ဘူး ။ မလုပ်ရဘူးဆိုတာကို ပြုံးပြုံးလေးအသိပေးပါတယ်။

ဒုတိယ –   မလုပ်ပါနဲ့လား ၊ ရပ်လိုက်ပါလားလို့ လေသံနဲနဲမြှင့်ပြောပါတယ်။

တတိယ  –   မလုပ်နဲ့လို့အမေပြောနေတာမို့ လုပ်နေတာတွေ ကျေးဇူးပြုပြီးရပ်လိုက်ပါလို့ မေတ္တာရပ်ခံလိုက်တယ်။ (ဒါဟာ ကျွန်မရဲ့အမြင့်ဆုံးရေချိန်ပဲ။ ဒီ့ထက်ပိုလာရင် ပေါက်ကွဲတော့မယ်ဆိုတာ လေသံအေးအေးနဲ့ မေတ္တာရပ်ခံလိုက်တာပါ။)

ဒါမှဆက်လုပ်တယ်ဆိုရင်တော့ သူ့တင်ပါးနဲ့ ခြေသလုံးတွေကို ကျွန်မလက်နဲ့ ခပ်ဆတ်ဆတ်လေး တစ်ချက် ၊နှစ်ချက် ရိုက်လိုက်ပါတယ်။ အများအားဖြင့် ပထမနဲ့ ဒုတိယအကြိမ် ပြောချိန်မှာ သူရပ်သွားတာတွေများတာမို့ အကြိမ်နှစ်ဆယ်လောက်ပါမှ တစ်ကြိမ်လောက်ပဲ ရိုက်ရတာမျိုးပါ။ ရက်သတ္တပတ်တိုင်း ရိုက်ရတာမျိုးမဟုတ်တာမို့ နေ့စဉ်ရိုက်နှက်ဆုံးမတတ်သူတွေဟာ ဒီလိုရေချိန်နဲ့ မသင်ခဲ့လို့ဖြစ်နိုင်ပါတယ်။ ကျွန်မသမီးလေး ငယ်ငယ်ကတည်းက ဒီလိုလေ့ကျင့်ပေးထားတာမို့ ကြီးမှလေ့ကျင့်မယ်ဆိုရင် နည်းနည်းတော့ အခက်အခဲရှိနိုင်ပါတယ်။

ကလေးအရွယ်ကြီးလာရင် သူခံနိုင်ရည်အားကောင်းလာတယ် ၊ အသားတွေကျစ်ပြီး တော်ရုံမနာတတ်တော့တာမို့ အမေရိုက်လည်း သာသာပဲဖြစ်နေတတ်ပါတယ်။ ဒီလိုဆို ခပ်မာမာအရာလေးနဲ့ သူနာတယ်ဆိုရုံ တင်ပါးနဲ့ ခြေသလုံးကိုပဲရိုက်ပါတယ်။ အဲဒီနေရာတွေက အသားများတာမို့ ကလေးရဲ့နာကျင်မှုကို ရေရှည်မထိခိုက်စေပါဘူး။ တခြားနေရာတွေမှာဆိုရင် ကိုယ်အားပါသွားရင် အရိုးပါ ထိခိုက်မိနိုင်တယ်။ အရှိုးရာတွေထင်တဲ့အထိ ကလေးကိုရိုက်တာမျိုးကို ကျွန်မအားမပေးပါဘူး။

ရေချိန်ဆိုတာ ကလေးနားလည်အောင် သင်ပေးထားတာက ဘယ်အခြေအနေမှာ သူရပ်သင့်တယ်ဆိုတာကို လေ့ကျင့်ပေးထားတာပါ။ လူတိုင်းမှာ သည်းခံနိုင်ရည်ရှိတယ်။ အဲဒီဘောင်ကို ကျော်လွန်လို့မရဘူးဆိုတာ သူ့ကို လေ့ကျင့်ပေးထားတာဖြစ်ပါတယ်။ တပါးသူကို နာကျင်စေတာမျိုး ၊ စာရိတ္တပိုင်းဆိုင်ရာမျိုး နဲ့ သူအန္တရာယ်ဖြစ်စေနိုင်တဲ့ ကိစ္စတွေမှာဆို အမိန့်သုံးပြီးရပ်ခိုင်းပါတယ်။ ပြေးဆွဲတာမျိုးလုပ်ပါတယ်။ ဒါမှ နားမထောင်ရင်တော့ အနားမှာရှိတဲ့ ခပ်မာမာရိုက်လို့ရရုံပစ္စည်းလေးသုံး ရိုက်ပါတယ်။ ကျွန်မအတွက်တော့ ထမင်းစားတဲ့တူလေးဟာလည်း သူ့ကိုရိုက်လို့ရတဲ့အရာလေးလို့ သတ်မှတ်ပါတယ်။ တုတ်ကြီးကိုင်မှ ကြောက်တတ်တာမျိုး မလိုချင်လို့ပါ။ ကျွန်မတခါမှ သူ့ရိုက်ဖို့သက်သက်ဆိုပြီး တုတ်မဝယ်ထားဘူး။ သီးသန့်လည်းမထားဘူး။ အမေသူ့ကိုရိုက်ဆုံးမတာဟာ အမေလုံးဝလက်မခံတာမို့ မလုပ်ချင်ဘဲလုပ်ရတာ ၊ မရိုက်ချင်ဘဲရိုက်ရတာဆိုတာ သူနားလည်စေချင်လို့ဖြစ်ပါတယ်။

အမေဟာ သူ့ကိုနာစေချင်လို့မဟုတ်ဘဲ သူ့ကိုကောင်းစေချင်လို့ ၊ ဘာကြောင့်ရိုက်ရတယ်ဆိုတာကို ရိုက်ပြီးတဲ့နောက်မှာ သူ့ကိုဖက်ပြီး ပြောပြလေ့ရှိတာမို့ ကလေးဟာ ငိုနေပေမယ့် အမေဘာကြောင့် သူ့ကိုရိုက်ဆုံးမရတယ်ဆိုတာ နားလည်သွားပါတယ်။ ကလေးကိုရိုက်ပြီးမသင်ပါနဲ့ ၊ ရိုက်မှမှတ်သွားမယ်ဆိုတဲစိတ်မျိုး မထားပါနဲ့ ၊ ရိုက်မှ တတ်သွားမယ်ဆိုပြီးတော့လည်း မသင်ပါနဲ့။ ကလေးမှတ်ဥာဏ်မှာ အပေါင်းလက္ခဏာတွေများများထည့်ပြီး အနှုတ်လက္ခဏာတွေကို ဖျောက်နိုင်သမျှဖျောက်ပေးပါမှ ကလေးဟာ အကောင်းမြင် ပျော်ရွှင်ပြီး ဥာဏ်ရည်ထက် ၊ လူ့အရိပ်အကဲ သိနားလည်လို့ လိမ္မာတဲ့သားကောင်း ၊ သမီးကောင်းလေးတွေ ဖြစ်လာမှာပါ။

ရတု (Burmesehearts.com)

 

 

]]>
http://www.burmesehearts.com/%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%94%e1%80%a1%e1%80%9b%e1%80%bc%e1%80%9a%e1%80%b9-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%84%e1%80%9a%e1%80%b9%e1%80%84/feed/ 0
စင်္ကာပူပညာရေးစနစ် http://www.burmesehearts.com/%e1%80%85%e1%80%80%e1%81%a4%e1%80%ac%e1%80%95%e1%80%b0%e1%80%95%e1%80%8a%e1%80%ac%e1%80%b1%e1%80%9b%e1%80%b8%e1%80%85%e1%80%94%e1%80%85%e1%80%b9/ Fri, 20 Jan 2017 02:14:35 +0000 http://www.burmesehearts.com/?p=73510

စင်္ကာပူနိုင်ငံမှာလေ သူတို့နိုင်ငံသားကော ၊ နိုင်ငံခြားသားကော ၊ မိဘကော ၊ ဆရာကောက ကလေးကိုပထမဦးစားပေးရပါတယ်။ ဆရာ ၊ ဆရာမတွေနဲ့ ကျောင်းအုပ်တွေ ၊ မိဘတွေ ကိုယ်တိုင်က ကလေးဟာ ဦးစားပေးရမယ့်သူတစ်ဦးအနေနဲ့ လက်ခံဖြည့်ဆည်းပေးသွားရတာပါ။ ကလေးဟာ လေးစားမှုဆိုတာကို လိုက်နာပြသရပေမယ့် မိဘ ၊ ဆရာတွေက ကလေးကို လုပ်ချင်သလိုလုပ်လို့ရတဲ့ Full Authority တွေ ဒီမှာမရှိကြပါဘူး။ ဒါကို မိဘနဲ့ဆရာတွေက အပြန်အလှန်ထိန်းသိမ်းကြတယ်။

သားသမီးကို မတရားရိုက်နှက်ဆုံးမတတ်တဲ့မိဘဟာ ကလေးပြန်ဖော်လိုက်တာနဲ့ ကလေးဘက်ကရပ်တည်တဲ့အဖွဲ့အစည်းတွေကြောင့် အဲဒီမိဘဟာ ထောင်ဒဏ် ၊ ငွေဒဏ် ၊ ကြိမ်ဒဏ်တွေ ထိုက်သင့်သလို ခံစားကြရတဲ့ဥပဒေ စင်္ကာပူနိုင်ငံမှာရှိလို့ မိဘတွေဟာ ကိုယ့်သားသမီးကို စိတ်နောက်ကိုယ်ပါ ကျိုးကျိုးကန်းကန်းလို့ ရိုက်နှက်ဆုံးမခွင့်မရှိပါဘူး။

ကျောင်းသား ၊ ကျောင်းသူတွေအပေါ် မဟုတ်တာလုပ်ထားတဲ့ဆရာ ၊ ဆရာမတွေနဲ့ ဘယ်သူကိုမဆို မိဘက အစဖော်နိုင်တာနဲ့ အဲဒီသူတွေဟာ ထောင်ဒဏ် ၊ ငွေဒဏ် ၊ ကြိမ်ဒဏ်တွေ ထိုက်သင့်သလိုခံစားရတဲ့အပြင် နာမည်လည်းပျက်ကြတာပါ။ဒီကဆရာ ၊ ဆရာမတွေဟာ ဆရာဂုဏ်ကို အကာအကွယ်ယူလို့ စေတနာနဲ့ စိတ်နောက်ကိုယ်ပါ ဆုံးမမိတာဆိုပြီး ကျောင်းအစည်းရုံးနဲ့ တရားရုံးတော်မှာချေပလို့ မရကြပါဘူး။

ဘယ်အခြေအနေမှာ ဘယ်လောက်အထိ ပြောဆိုဆုံးမခွင့်ရှိတယ် ၊ ဘယ်အခြေအနေဆို ဘယ်လိုတုန့်ပြန်ပြီး ဘယ်သူ့ကို ဆွေးနွေးတင်ပြရမယ်ဆိုတဲ့ အစီအစဉ်တွေ တိတိကျကျ သူတို့မှာရှိပါတယ်။  ဒါကြောင့် ဒီက ဆရာ ၊ ဆရာမတွေဟာ ကျောင်းသား ၊ ကျောင်းသူတွေကို စင်္ကာပူပညာရေးဘုတ်အဖွဲ့က ချထားပေးတဲ့ စနစ်အတိုင်းတလွဲမသွေ လိုက်နာကြရပါတယ်။

ဒီစင်္ကာပူနိုင်ငံက ပညာရေးစနစ်ဟာ ကလေးကို အဓိကဦးစားပေးပြီး ပညာရေး ၊ ကျန်းမာကြံ့ခိုင်ရေးနဲ့ ထူးချွန်တဲ့အနာဂါတ်လူငယ်တွေ ပေါ်ထွန်းလာဖို့အတွက် ဦးစားပေးသင်တာပါ။ ဒီလိုဦးစားပေးသင်ပေးတဲ့အထဲမှာ လိုက်နာသင့်တဲ့ စနစ်ဆိုတာနဲ့ အသားကျဖို့ ကလေးကို အိမ်မှာကော ကျောင်းမှာပါ လေ့ကျင့်သင်ပေးတာပါ။

သူတို့ဟာ ဘယ်လိုကားကောင်း ၊ ပစ္စည်းကောင်းတွေနဲ့ ကလေးကျောင်းကိုလာတယ်ဆိုတာ အလေးထားမကြည့်ကြပါဘူး။ ကလေးဟာ ကျောင်းနဲ့အိမ်ကနေ ကောင်းမွန်တဲ့စနစ်ဆိုတာကို အသားကျခြင်းရှိ ၊ မရှိဆိုတာကို ဦးစားပေးပါတယ်။ ကလေးဘာအသုံးအဆောင်နဲ့ ဘယ်လိုအစားအသောက်တွေစားနိုင်တယ်ဆိုတာ ဦးစားမပေးဘဲ ကလေးဟာ စိတ်ရောကိုယ်ပါ ကြံ့ခိုင်မှု ရှိ ၊ မရှိ ဆိုတာကို ဦးစားပေးကြပါတယ်။

ကလေးမိဘတွေအချင်းချင်း ဂုဏ်တွေ ၊ ငွေတွေ အပြိုင်အဆိုင် ကြွားဝါကြတာမျိုးရှားပြီး ကိုယ့်ကလေး ကျောင်းမှာ စာလိုက်နိုင်ဖို့ဆိုတာကို ပိုဦးစားပေးကြတယ်။ ဒီစင်္ကာပူမှာ ကျောင်းက စနစ်ကောင်းကို လေ့ကျင့်ပေးလိုက်တာမို့ အိမ်ကမိဘတွေဟာ ဒီစနစ် ကလေးမှာမြဲနေဖို့ လိုက်ပံ့ပိုးပေးလိုက်ရုံနဲ့ ကလေးဟာ နိုင်ငံကြီးသားတွေရဲ့ ပြုမူနေထိုင်ရမယ့် စနစ်အောက်မှာ အသားကျသွားပါတယ်။

ဒီက ကျောင်းသား ၊ ကျောင်းသူအချင်းချင်း ငါက ဘယ်မှာဆံပင်ညှပ်တယ် ၊ ဘယ်လိုနောက်ဆုံးပေါ်ပစ္စည်းတွေသုံးလို့ ကာတွန်းနဲ့ ရုပ်ရှင်ဆိုတာတွေကြည့်ပြီး ဘယ်လိုBrand တွေမှ သုံးစွဲတယ်ဆိုတာ တခုတ်တရမပြိုင်ဆိုင်ကြပါဘူး။ ကျောင်းနားချိန်တွေဆို ဘယ်လိုနေရာတွေမှာ ဘာတွေလုပ်ပြီး အပန်းဖြေတယ်ဆိုတာ အပြန်အလှန် ပြိုင်ဆိုင်ကြဖို့ စိတ်မဝင်စားကြတာဟာ ဒီကမိဘတွေ ၊ ဆရာတွေက မဟုတ်တဲ့ အချင်းချင်းပြိုင်ဆိုင်မှုတွေမှာ အားမပေးကြလို့ပါ။ သူတို့လည်း ပြည်ပခရီးတွေထွက်ကောင်းထွက်ပေမယ့် ဒါဟာ မိသားစုအပန်းဖြေကြဖို့သာဖြစ်ပြီး ကြွားဝါဖို့သွားလာကြတာ မဟုတ်ပါဘူး။

မဟုတ်တာမှာ ပြိုင်ဆိုင်ဖို့စိတ်မဝင်စားကြဘဲ တကယ်ပြိုင်ဆိုင်ရမယ့် ကျောင်းစာ ၊ အားကစား ၊ အနုပညာနဲ့ ဖန်တီးမှုတွေကို မိဘဆရာတွေက ဇောင်းပေး ၊ အလေးထားပြတော့ ကျောင်းသား ၊ ကျောင်းသူတွေဟာ ဒီဘက်မှာ အပြိုင်ကြိုးစားကြတယ်။ တိုးတက်နဲ့နိုင်ငံတွေမှာ ကျောင်းတက်တဲ့ ကျောင်းသား ၊ ကျောင်းသူတွေဟာ မိဘတွေ ၊ ဆရာတွေက ထူးချွန်တဲ့ကျောင်းသား ၊ ကျောင်းသူတွေဖြစ်လာဖို့ တအားအလေးထားလွန်းတော့ အတော်စိတ်ဖိစီးကြရတယ်။

ဒါကိုမိဘက လိုသလိုပဲ့ပြင်သွားလို့ရပါတယ်။ မိဘကိုယ်တိုင်က သားသမီးမလိုက်နိုင်တဲ့ ကျောင်းစာကို အမှတ်တွေတက်အောင် အတင်းဖိအားမပေးဘဲ သူဘယ်နေရာမှာ ထူးချွန်နေသလဲ မျက်ခြည်မပြတ် အကဲခတ်ပံ့ပိုးတတ်မယ်ဆို ကိုယ့်သားသမီးဟာ စာဘက်အထူးချွန်ကြီးမဟုတ်တောင် သူ့ပညာနဲ့သူ သူ့ခြေထောက်ပေါ်သူရပ်တည်သွားနိုင်အောင်အထိ ပံ့ပိုးပေးသွားနိုင်ပါတယ်။

ရတု (Burmesehearts.com)

]]>
ကျောင်းနေအရွယ် ကလေးရဲ့မိဘများ http://www.burmesehearts.com/%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%94%e1%80%a1%e1%80%9b%e1%80%bc%e1%80%9a%e1%80%b9-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%9b%e1%80%b2%e1%82%95%e1%80%99/ http://www.burmesehearts.com/%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%94%e1%80%a1%e1%80%9b%e1%80%bc%e1%80%9a%e1%80%b9-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%9b%e1%80%b2%e1%82%95%e1%80%99/#respond Thu, 19 Jan 2017 03:12:05 +0000 http://www.burmesehearts.com/?p=73504

ကလေးကို မူကြိုထားရာကနေ မူလတန်း ၊ အလယ်တန်း ၊ အထက်တန်း စသဖြင့် ပညာအဆင့်ဆင့် ဆက်လက်သင်ကြားစေတဲ့ ကျောင်းသားမိဘတွေဟာ ဘယ်လိုစိတ်ထား ၊ ဘယ်လိုပံ့ပိုးမှုတွေနဲ့ မိမိသားသမီးကို ပံ့ပိုးပေးသင့်သလဲ။ မိဘတိုင်းလိုလိုရဲ့ဆန္ဒဟာ မိမိသားသမီးကို အောင်မြင်ဖြစ်ထွန်းပြီး လိမ်မာတဲ့ သားကောင်း ၊ သမီးကောင်းတွေ ဖြစ်စေချင်ကြတာပါ။

သားသမီးကို အောင်မြင်ဖြစ်ထွန်းပြီး လိမ်မာတဲ့ သားကောင်း ၊ သမီးကောင်းတွေ ဖြစ်စေချင်တဲ့အတွက် သူတို့ ယုံကြည်ရာ ၊ ကောင်းမယ်ထင်ရာ ၊ အဆင်ပြေရာလေးတွေနဲ့ သားသမီးကို ပဲ့ပြင်ပုံသွင်းကြတာပါ။ ကလေးတွေရဲ့အရည်အသွေးတွေဟာ မိဘရဲ့မျိုးရိုးဗီဇ ၊ ဆုံးမသွန်သင်လမ်းပြမှု ၊ ဆရာတွေရဲ့ သင်ပြပဲ့ပြင်မှုတွေနဲ့ တစ်ဦးချင်းစီ အရည်အသွေး ကွာခြားသွားကြပါတယ်။ ဆိုလိုတာက ဘူးပင်က ဖရုံမသီးဘူးလေ။ ကလေးတွေဟာ မျိုးရိုးဗီဇတွေကို အဓိကထားပြီး ကွာခြားသွားကြရာကနေ သွန်သင်ဆုံးမပဲ့ပြင်မှုတွေက သူတို့ကို ကျောက်ကောင်းတပွင့် ဖြစ်လာ ၊ မလာဆိုတာ ကွာခြားသွားကြတာပါ။

တချို့မိဘတွေက ကျောင်းကောင်းထားရင် ဒီကျောင်းကထွက်တဲ့ ကိုယ့်သားသမီးဟာ တော်မော်ထူးချွန်မယ်လို့ ယုံကြည်မျှော်လင့်ကြတယ်။ ကျောင်းရဲ့စနစ်ကတော့မှန်ပါရဲ့ အိမ်နဲ့မိဘတွေရဲ့ စနစ်ဟာ မှားယွင်းနေရင် ဒီကလေးဟာ ကျောင်းကောင်းမှာနေပေမယ့် ထူးချွန်သင့်သလောက် မထူးချွန်လာပါဘူး။ ဒီကျောင်းကထွက်တဲ့ကျောင်းသားတိုင်း ထူးချွန်နေတာမျိုးမဟုတ်သလို ထူးချွန်တဲ့ကျောင်းသားတိုင်းဟာလည်း ဒီလို ကျောင်းကြီး ၊ ကျောင်းကောင်းတွေက ထွက်လာတာမျိုးမဟုတ်ပါဘူး။

ဒီမှာ ကျွန်မက အရည်အသွေးလို့ခေါ်တဲ့ (Quality) ဆိုတာကို ချပြလိုပါတယ်။ မိဘတွေနဲ့ ဆရာသမားတွေဟာ ကလေးတွေရဲ့ အရည်အသွေးကို ဘာနဲ့အကဲဖြတ်ပါသလဲ။ စာထူးချွန်မှုနဲ့လား ၊ လူရည်ချွန်ဆုတံဆိပ်နဲ့လား ၊ စိတ်ဓါတ်အမူကျင့်ကောင်းတွေ ရှိမှုနဲ့လား။ အများစုကတော့ အရှေ့ကနှစ်ခုကို ရွေးချယ်ကြပါတယ်။ ဒါတွေရှေ့တန်းရောက်နေသမျှ စိတ်ဓါတ်အမူအကျင့်ကောင်းဆိုတာတွေ နောက်ရောက်နေမှာပါ။ တကယ်တော့ စိတ်ဓါတ်အမူအကျင့်ကောင်းဆိုတာ ရှေ့ဆုံးမှာရှိနေသင့်တာပါ။ ပြီးတော့မှ ကလေးဝါသနာပါတဲ့ဘက်မှာ ထူးချွန်အောင်ပံ့ပိုးပေးသင့်တာပါ။ ဒီတာဝန်က ကလေးရဲ့ လူကြီးမိဘတွေမှာရော၊ ဆရာသမားတွေမှာပါ ရှိနေသင့်တာပါ။

ငွေနဲ့ဂုဏ်ဆိုတာ ရှေ့ရောက်နေသမျှ စာရိတ္တဟာ နောက်ရောက်နေဦးမှာပဲ။ ဒီတော့ မိဘဆရာတွေဟာ ဘာကိုရှေ့တန်းတင်လို့ ကလေးငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားပေးသလဲဆိုတာ အရမ်းအရေးကြီးပါတယ်။ ဘာမှမသိတတ်သေးတဲ့ကလေးဟာ သူ့အနားရှိသူတွေ တန်ဖိုးထားတဲ့အရာကို အရွယ်ရလာလေလေ တန်ဖိုးထားလာလေလေ ဖြစ်နေတတ်ပါတယ်။ ဂုဏ်မောက်တဲ့မိဘနဲ့ အနေနီးရင် ဂုဏ်မောက်တဲ့သားသမီးလေးတွေ ဖြစ်လာနိုင်တာပေါ့။ တလွဲဆံပင်ကောင်းတဲ့မိဘတွေကြောင့် လမ်းလွဲသွားတဲ့ကလေးတွေလည်း မနည်းမနောရှိနေပါတယ်။

ကျောင်းကြီး ၊ ကျောင်းကောင်းတိုင်း ထူးချွန်တဲ့ကျောင်းသား ၊ ကျောင်းသူတွေချည်း ထွက်လာကြတာမဟုတ်သလို အောင်မြင်တဲ့သူတိုင်းဟာ အောင်မြင်တဲ့မိဘတွေက ပေါက်ဖွားလာကြတာမဟုတ်ပါဘူး။ ဆင်းရဲတဲ့မိဘကလည်း အောင်မြင်တဲ့သားသမီး မွေးထုတ်ပေးနိုင်သလို ကျောင်းသေး ၊ ဆရာ ဆရာမငယ်လေးတွေကနေ စာရိတ္တကောင်းပြီးထူးချွန်တဲ့ ကျောင်းသား ၊ ကျောင်းသူတွေ ထွက်လာတတ်ပါတယ်။ အဓိကဟာ လေ့ကျင့်သင်ကြားပေးတဲ့ စနစ်ဖြစ်ပါတယ်။

တခါတလေ မိဘကကျောင်းကို အထူးအားကိုးကြတယ်။ ဆိုလိုတာက ကျောင်းကနေ အစစအရာရာ ကိုယ့်သားသမီးကို ဟပ်ချလောင်းလို့ စရိုက်တွေအခွံချွတ်ပြောင်းလဲပြီး ဒီကျောင်းထားတာနဲ့ ကျောင်းစာတော် ၊ ထူးချွန်လို့ လိမ္မာတဲ့ကလေးတွေ ဖြစ်လာမယ်လို့ စိတ်ကူးနဲ့သာယာနေတတ်ကြတယ်။ ဒီလိုဆို ကလေးကိုမျက်ခြည်မပြတ်ရှိပြီး လိုသလိုဆုံးမပဲ့ပြင်ပေးရမယ့် မိဘတာဝန်ဆိုတာ ဘယ်သွားထားမလဲ။

ကျောင်းကသွန်သင်ဆုံးမတာတွေမကောင်းရင် ၊ အကျင့်ဆိုးတွေကျောင်းကပါလာရင် ကျောင်းကမကောင်းလို့ဆိုပြီး အပြစ်တင်နေရုံနဲ့ ကိုယ့်သားသမီးရဲ့ အကျင့်စာရိတ္တတွေဟာ ပြန်ပြောင်းကောင်းလာမှာမဟုတ်ပါဘူး။ ဒါကြောင့် ကျောင်းက ဘာအကျင့်တွေ ကလေးဆီမှာပါလာသလဲ ၊ ကျူရှင်က ဘာအကျင့်တွေ ကလေးဆီမှာရှိနေသလဲဆိုတာကို မိဘက အမြဲမျက်ခြည်မပြတ် အကဲခတ်နေရမှာပါ။ ကျောင်းကိုချည်းလုံးဝ ဝကွက်ထားလို့မရပါဘူး။

ကိုယ်ပြုပြင်ဆုံးမတာကောင်းမှ ကိုယ့်သားသမီးဟာ ကောင်းလာမှာပါ။ အတန်းအလိုက် ကျောင်းတွေ ၊ အတန်းတွေ ၊ ဆရာ ၊ ဆရာမတွေ ပြောင်းသွားမှာဖြစ်ပေမယ့် သူ့ကို မွေးကတည်းကနေ လူတလုံး ၊ သူတလုံးဖြစ်ပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့အထိ နည်းမှန်လမ်းမှန် အမြဲသွန်သင်ဆုံးမသွားရမှာ လူကြီးမိဘတွေရဲ့တာဝန်ပါ။

ဒီလို ကလေးအတွက် ဆုံးမပဲ့ပြင်ပေးသွားဖို့ တာဝန်အရှိဆုံးဆိုတဲ့ လူကြီးမိဘတွေကိုယ်တိုင်က တလွဲဆံပင်ကောင်းနေတာမျိုးဆိုရင် လမ်းလွဲသွားတဲ့ကလေးဟာ အမှားလုပ်တာမဟုတ်ဘူးလေ။ ကျွန်မငယ်စဉ်ကနေ လက်ရှိအချိန်အထိ မပြောင်းမလဲ မြင်နေရသေးတာကို ပွင့်ပွင့်လင်းလင်းပြောရမယ်ဆို မြန်မာနိုင်ငံက ကလေးမိဘတွေနဲ့ ဆရာသမားအများစုဟာ ကလေးကို အချင်းထက် အဆင်းမှာ ဦးစားပေးနေကြပါတယ်။ ထပ်ရှင်းအောင်ပြောရပါရင် ကလေးကို စိတ်ဓါတ်ကောင်း ၊ စာရိတ္တကောင်းတွေ ပြုစုပျိုးထောင်ပေးဖို့ထက် မိဘနဲ့ ဆရာသမားအများစုက ဂုဏ်တွေ ၊ ရာထူးတွေကို အသားပေးနေကြတယ်။

ကိုယ်တိုင်က ဂုဏ်နဲ့ငွေတွေအပေါ် အားသာနေတော့ ကိုယ့်သားသမီးကို ကိုယ့်ဘာပံ့ပိုးနိုင်တယ်ဆိုတဲ့အရာပေါ်လွင်အောင် တလွဲပံ့ပိုးပေးကြရာကနေ စမယ်ထင်တယ်။ ကလေးမိဘအချင်းချင်း သူ့ထက်ငါအပြိုင်အဆိုင် ကလေးကို ပံ့ပိုးပေးရာက ဒီမိဘတွေရဲ့ကလေးဟာ သူတို့မိဘတွေပြိုင်နေတဲ့ ဂုဏ်နဲ့ငွေတွေကို စာရိတ္တတွေ ၊ ပညာရေးတွေဆိုတာထက် ပိုအလေးပေးလာကြတယ်။

မြန်မာအစားအစာတွေကို တအားမက်မောလွန်းတဲ့ကျွန်မ မြန်မာနိုင်ငံမှာ မြန်မာစကားပြောပြီး ကျွန်မသမီးလေးကို မြန်မာကျောင်းတွေမှာ ငွေကုန်ကြေးကျ သက်သက်သာသာလေး ပညာသင်ယူစေချင်တာပေါ့။ ကိုယ့်မွေးရပ်မဟုတ်တဲ့ စင်္ကာပူလိုနိုင်ငံမှာ ကိုယ့်ကလေးကို ကိုယ့်ဘာသာစကားမဟုတ်တာတွေပြော ၊ ကိုယ့်လူမျိုးအစားအစာမဟုတ်တာတွေကို စားပြီး ကိုယ့်ဓလေ့မဟုတ်တာတွေနဲ့ ဘယ်ကြီးပြင်းစေချင်ပါ့မလဲ။ ဒါပေမယ့် ကျွန်မအခု ကျွန်မသမီးလေးကို စင်္ကာပူနိုင်ငံမှာပဲ ကျောင်းထားနေရတာဟာ ကျောင်းကမဟုတ်တဲ့ ဂုဏ်တုဂုဏ်ပြိုင်စိတ်ဓါတ်တွေ ကလေးဆီ ကူးမလာအောင်လို့ဖြစ်ပါတယ်။ ဂုဏ်နဲ့ငွေတွေကို အရမ်းအသားပေးနေတဲ့ ကျောင်းသားမိဘတွေနဲ့ ကျောင်းသားတွေရဲ့ တလွဲပြိုင်ဆိုင်ပွဲမှာ ကျွန်မသမီးလေးကို ဝင်မနွှဲစေချင်လို့ပါ။

စင်္ကာပူနိုင်ငံမှာလေ သူတို့နိုင်ငံသားကော ၊ နိုင်ငံခြားသားကော ၊ မိဘကော ၊ ဆရာကောက ကလေးကိုပထမဦးစားပေးပါတယ်။ ဆရာ ၊ ဆရာမတွေနဲ့ ကျောင်းအုပ်တွေ ၊ မိဘတွေ ကိုယ်တိုင်က ကလေးဟာ ဦးစားပေးရမယ့်သူတစ်ဦးအနေနဲ့ လက်ခံဖြည့်ဆည်းပေးသွားရတာပါ။ ကလေးဟာ လေးစားမှုဆိုတာကို လိုက်နာပြသရပေမယ့် မိဘ ၊ ဆရာတွေက ကလေးကို လုပ်ချင်သလိုလုပ်လို့ရတဲ့ Full Authority တွေ ဒီမှာမရှိကြပါဘူး။ ဒါကို မိဘနဲ့ဆရာတွေက အပြန်အလှန်ထိန်းသိမ်းကြတယ်။

သားသမီးကို မတရားရိုက်နှက်ဆုံးမတတ်တဲ့မိဘဟာ ကလေးပြန်ဖော်လိုက်တာနဲ့ ကလေးဘက်ကရပ်တည်တဲ့အဖွဲ့အစည်းတွေကြောင့် အဲဒီမိဘဟာ ထောင်ဒဏ် ၊ ငွေဒဏ် ၊ ကြိမ်ဒဏ်တွေ ထိုက်သင့်သလို ခံစားကြရတဲ့ဥပဒေ စင်္ကာပူနိုင်ငံမှာရှိလို့ မိဘတွေဟာ ကိုယ့်သားသမီးကို စိတ်နောက်ကိုယ်ပါ ကျိုးကျိုးကန်းကန်းလို့ ရိုက်နှက်ဆုံးမခွင့်မရှိပါဘူး။ ကိုယ်စိတ်တိုင်းမကျရင် စိတ်တိုင်းမကျသလို ပစ်ပယ်ဒဏ်ပေးထားခွင့် မရှိကြပါဘူး။

ကျောင်းသား ၊ ကျောင်းသူတွေအပေါ် မဟုတ်တာလုပ်ထားတဲ့ဆရာ ၊ ဆရာမတွေနဲ့ ဘယ်သူကိုမဆို မိဘက အစဖော်နိုင်တာနဲ့ အဲဒီသူတွေဟာ ထောင်ဒဏ် ၊ ငွေဒဏ် ၊ ကြိမ်ဒဏ်တွေ ထိုက်သင့်သလိုခံစားရတဲ့အပြင် နာမည်လည်းပျက် ဖြစ်ကြတာပါ။ ဒါကြောင့် ဒီက ဆရာ ၊ ဆရာမတွေက ကျောင်းသား ၊ ကျောင်းသူတွေကို စင်္ကာပူပညာရေးဘုတ်အဖွဲ့က ချထားပေးတဲ့ စနစ်အတိုင်းတလွဲမသွေ လိုက်နာကြရပါတယ်။ ဒီကဆရာ ၊ ဆရာမတွေဟာ ဆရာဂုဏ်ကို အကာအကွယ်ယူလို့ စေတနာနဲ့ဆုံးမတာဆိုပြီး ကျောင်းအစည်းရုံးနဲ့ တရားရုံးတော်မှာချေပလို့ မရကြပါဘူး။

ဒီစင်္ကာပူနိုင်ငံက ပညာရေးစနစ်ဟာ ကလေးကို အဓိကဦးစားပေးပြီး ပညာရေး ၊ ကျန်းမာကြံ့ခိုင်ရေးနဲ့ ထူးချွန်တဲ့အနာဂါတ်လူငယ်တွေ ပေါ်ထွန်းလာဖို့အတွက် ဦးစားပေးသင်တာပါ။ ဒီလိုဦးစားပေးသင်ပေးတဲ့အထဲမှာ လိုက်နာသင့်တဲ့ စနစ်ဆိုတာနဲ့ အသားကျဖို့ ကလေးကို အိမ်မှာကော ကျောင်းမှာပါ လေ့ကျင့်သင်ပေးတာပါ။ သူတို့ဟာ ဘယ်လိုကားကောင်း ၊ ပစ္စည်းကောင်းတွေနဲ့ ကလေးကျောင်းကိုလာတယ်ဆိုတာ အလေးထားမကြည့်ကြပါဘူး။ ကလေးဟာ ကျောင်းနဲ့အိမ်ကနေ ကောင်းမွန်တဲ့စနစ်ဆိုတာကို အသားကျခြင်းရှိ ၊ မရှိဆိုတာကို ဦးစားပေးပါတယ်။ ကလေးဘာအသုံးအဆောင်နဲ့ ဘယ်လိုအစားအသောက်တွေစားနိုင်တယ်ဆိုတာ ဦးစားမပေးဘဲ ကလေးဟာ စိတ်ရောကိုယ်ပါ ကြံ့ခိုင်မှု ရှိ ၊ မရှိ ဆိုတာကို ဦးစားပေးကြပါတယ်။

ကလေးမိဘတွေအချင်းချင်း ဂုဏ်တွေ ၊ ငွေတွေ အပြိုင်အဆိုင် ကြွားဝါကြတာမျိုးရှားပြီး ကိုယ့်ကလေး ကျောင်းမှာ စာလိုက်နိုင်ဖို့ဆိုတာကို ပိုဦးစားပေးကြတယ်။ ဒီစင်္ကာပူမှာ ကျောင်းက စနစ်ကောင်းကို လေ့ကျင့်ပေးလိုက်တာမို့ အိမ်ကမိဘတွေဟာ ဒီစနစ် ကလေးမှာမြဲနေဖို့ လိုက်ပံ့ပိုးပေးလိုက်ရုံနဲ့ ကလေးဟာ နိုင်ငံကြီးသားတွေရဲ့ ပြုမူနေထိုင်ရမယ့် စနစ်အောက်မှာ အသားကျသွားပါတယ်။

ဒီက ကျောင်းသား ၊ ကျောင်းသူအချင်းချင်း ငါက ဘယ်မှာဆံပင်ညှပ်တယ် ၊ ဘယ်လိုနောက်ဆုံးပေါ်ပစ္စည်းတွေသုံးလို့ ကာတွန်းနဲ့ ရုပ်ရှင်ဆိုတာတွေကြည့်ပြီး ဘယ်လိုBrand တွေမှ သုံးစွဲတယ်ဆိုတာ တခုတ်တရမပြိုင်ဆိုင်ကြပါဘူး။ ကျောင်းနားချိန်တွေဆို ဘယ်လိုနေရာတွေမှာ ဘာတွေလုပ်ပြီး အပန်းဖြေတယ်ဆိုတာ အပြန်အလှန် ပြိုင်ဆိုင်ကြဖို့ စိတ်မဝင်စားကြတာဟာ ဒီကမိဘတွေ ၊ ဆရာတွေက မဟုတ်တဲ့ အချင်းချင်းပြိုင်ဆိုင်မှုတွေမှာ အားမပေးကြလို့ပါ။ သူတို့လည်း ပြည်ပခရီးတွေထွက်ကောင်းထွက်ပေမယ့် ဒါဟာ မိသားစုအပန်းဖြေကြဖို့သာဖြစ်ပြီး ကြွားဝါဖို့သွားလာကြတာ မဟုတ်ပါဘူး။

မဟုတ်တာမှာ ပြိုင်ဆိုင်ဖို့စိတ်မဝင်စားကြဘဲ တကယ်ပြိုင်ဆိုင်ရမယ့် ကျောင်းစာ ၊ အားကစား ၊ အနုပညာနဲ့ ဖန်တီးမှုတွေကို မိဘဆရာတွေက ဇောင်းပေး ၊ အလေးထားပြတော့ ကျောင်းသား ၊ ကျောင်းသူတွေဟာ ဒီဘက်မှာပြိုင်ဆိုင်ကြတယ်။ တိုးတက်နဲ့နိုင်ငံတွေမှာ ကျောင်းတက်တဲ့ ကျောင်းသား ၊ ကျောင်းသူတွေဟာ မိဘတွေ ၊ ဆရာတွေက ထူးချွန်တဲ့ကျောင်းသား ၊ ကျောင်းသူတွေဖြစ်လာဖို့ တအားအလေးထားလွန်းတော့ အတော်စိတ်ဖိစီးကြရတယ်။ ဒါကိုမိဘက လိုသလိုပဲ့ပြင်သွားလို့ရပါတယ်။ မိဘကိုယ်တိုင်က သားသမီးမလိုက်နိုင်တဲ့ ကျောင်းစာကို အမှတ်တွေတက်အောင် အတင်းဖိအားမပေးဘဲ သူဘယ်နေရာမှာ ထူးချွန်နေသလဲ မျက်ခြည်မပြတ် အကဲခတ်ပံ့ပိုးတတ်မယ်ဆို ကိုယ့်သားသမီးဟာ စာဘက်အထူးချွန်ကြီးမဟုတ်တောင် သူ့ပညာနဲ့သူ သူ့ခြေထောက်ပေါ်သူရပ်တည်သွားနိုင်အောင်အထိ ပံ့ပိုးပေးသွားနိုင်ပါတယ်။

ကျွန်မတို့မြန်မာနိုင်ငံသူ /သား တွေဟာ တကယ်ထူးချွန်ရင် အာရှတင်မက နိုင်ငံတကာကပါ အသိအမှတ်ပြုခြင်းခံကြရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းလို ၊ ဦးသန့်လို ၊ ဒေါ်အောင်ဆန်းစုကြည်လို စိတ်ဓါတ်ကော ပညာပါ ထူးချွန်သူလို့ နိုင်ငံတကာက ထောက်ခံထားကြသူတွေ ကျွန်မတို့မြန်မာနိုင်ငံမှာ ရှိပါတယ်။ သူတို့လိုလူမျိုးတွေ ပေါ်ထွန်းသထက်ပေါ်ထွန်းအောင် သူတို့မိဘတွေ သူတို့ကို ဘယ်လိုစိတ်ဓါတ်မျိုးနဲ့ ပျိုးထောင်ခဲ့သလဲဆိုတာကို ကျွန်မတို့က နမူနာယူကြရမှာဖြစ်ပါတယ်။ သေချာတာကတော့ သူတို့မိဘတွေဟာ ဂုဏ်တုဂုဏ်ပြိုင်တွေနဲ့ ကိုယ့်သားသမီးကို မနှစ်ခဲ့ကြပါဘူး။ သူတို့ရဲ့ရှိရင်းစွဲအရည်အချင်းတွေကို ဘေးကလိုသလို ပံ့ပိုးရင်း သူတို့ယုံကြည်ရာလုပ်ကိုင်ခွင့် ပြုခဲ့ကြပါတယ်။ ကျွန်မတို့လည်း ကိုယ့်သားသမီးကို ဒီလိုစိတ်ဓါတ်မျိုးနဲ့ ကိုယ့်သားသမီးကို စနစ်တကျ ပြုစုပျိုးထောင်ပေးသွားကြမယ်ဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံကြီးဟာ ထူးချွန်တဲ့သူတွေ ပေါသထက်ပေါလာမှာဖြစ်ပါတယ်။

အလှူအတန်းအရက်ရောဆုံးနိုင်ငံ (ပရဟိတစိတ်အမြင့်မားဆုံးနိုင်ငံ)အဖြစ် တနိုင်ငံလုံးအတိုင်းအတာနဲ့ ကမ္ဘာမှာ နှစ်နှစ်ဆက်တိုက် ပထမနေရာရပ်တည်နေနိုင်ခဲ့တာဟာ ကျွန်မတို့မြန်မာတွေရဲ့ နဂိုအရင်းခံစိတ်ဟာ အားနည်းသူကို ကူညီတတ်တယ် ၊ လိုရင်လိုသလို ဖေးမတတ်တယ်ဆိုတာ သက်သေပြနေပါတယ်။ ကျွန်မတို့ရဲ့မျိုးဆက်တွေကို ဒီလိုစိတ်ဓါတ်အမွေတွေ ကိုယ်စီလက်ဆင့်ကမ်းပေးပြီး စနစ်နဲ့စာရိတ္တကို ဦးစားပေးသင်ပေးလို့ သူဝါသနာပါနေတဲ့ဘက်မှာ အားပေးမြှင့်တင်ပေးကြရအောင်လား။ ဂုဏ်တုဂုဏ်ပြိုင်တွေမလုပ်ပဲနဲ့လေ။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%94%e1%80%a1%e1%80%9b%e1%80%bc%e1%80%9a%e1%80%b9-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%9b%e1%80%b2%e1%82%95%e1%80%99/feed/ 0
မူကြိုတက်စ ကလေးငယ် http://www.burmesehearts.com/%e1%80%99%e1%80%b0%e1%82%80%e1%80%80%e1%80%ad%e1%80%b3%e1%80%90%e1%80%80%e1%80%b9%e1%80%85-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%84%e1%80%9a%e1%80%b9/ http://www.burmesehearts.com/%e1%80%99%e1%80%b0%e1%82%80%e1%80%80%e1%80%ad%e1%80%b3%e1%80%90%e1%80%80%e1%80%b9%e1%80%85-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%84%e1%80%9a%e1%80%b9/#respond Wed, 18 Jan 2017 05:23:15 +0000 http://www.burmesehearts.com/?p=73491
မွေးကတည်းက ဆိုးလာတဲ့ကလေးရယ်လို့မရပါဘူး။ ဆိုးလာစေတဲ့အကြောင်းတွေကြောင့် ကလေးဆိုးဖြစ်လာတာပါ။

မူကြိုတက်စအရွယ်မှာ ဘာတွေခံစားတတ်ကြသလဲ။ သူတို့ကို ဘယ်လိုနားလည်မှုပေးလို့ ဘာတွေဖြည့်ဆည်းပေးရမလဲ ။ ဘာတွေပံ့ပိုးပေးဖို့လိုသလဲဆိုတာဟာ ကလေးကျောင်းနေပျော်ဖို့ အထူးအရေးကြီးပါတယ်။ ကလေးငယ်ငယ်ကတည်းက Nursery မထားခဲ့ဖူးဘူးဆိုရင် မူကြိုကျောင်းဆိုတာ သူတို့ဘဝမှာ ပထမဆုံး အိမ်နဲ့ခွဲခွါရတဲ့ မှတ်တိုင်တခုပါ။ အဲဒီနေရာမှာ သူတို့ပျော်ပါမှ ဒုတိယအဆင့် ဆည်းပူးခြင်းဆိုတာကို သူတို့ပျော်မှာပါ။

မူကြိုကျောင်းစထားတဲ့နေရာဟာ သူတို့အတွက် စိတ်ဖိစီးစရာနေရာကြီးဖြစ်နေမယ် ၊ အဲဒီမှာရှိတဲ့လူတွေက သူတို့ကို မကြင်နာတတ်တဲ့သူတွေဖြစ်နေမယ်ဆိုရင် သူတို့စိတ်ထဲမှာ အိမ်နဲ့ ၊ မိဘဆွေမျိုးနဲ့ ခဏတာခွဲခွါရတာကို ကြောက်ရွံ့စိုးရိမ်စိတ်ကတမျိုး ၊ သူတို့အပေါ် မကောင်းဘူးလို့ သူတို့မှတ်ယူထားသူတွေနဲ့ နေရတာ ကြောက်ရွံ့စိုးရိမ်စိတ်ကတမျိုး စသဖြင့် ဒီစိတ်တွေ ဖိစီးနေမယ်ဆိုရင်တော့ ဒုတိယအဆင့်ဖြစ်တဲ့ ဆည်းပူးလေ့လာခြင်းဆိုတာကို သူတို့ဟာ စောစီးစွာ ပျော်ပျော်ရွှင်ရွှင် အာရုံမစိုက်နိုင်ကြတော့ဘူးပေါ့။

ဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲဆိုရင် အိမ်နဲ့ခွဲရမှာကြောက်တာ ၊ မိဘ သို့မဟုတ် သူအသားကျနေတဲ့လူတွေနဲ့ ခွဲခွါပြီး တစိမ်းတွေအလယ် တစ်ယောက်တည်းနေရမှာကို ကြောက်တာ ၊ အဲဒီသူတွေဟာ သူ့အပေါ်နူးညံ့ညင်သာစွာမဆက်ဆံတတ်ဘဲ အငိုတိတ်အောင် မာန်မဲအော်ဟစ်တတ်တဲ့သူ ၊ ခြေပါလက်ပါဆုံးမပြီး အငိုတိတ်နည်းတွေ သုံးတတ်တဲ့သူတွေ ဖြစ်နေခဲ့မယ်ဆို သူတို့အတွက် ကျောင်းဟာ ကြောက်စရာကြီးဖြစ်နေမှာပါ။

ကျောင်းစထားချိန် (မူကြိုစထားချိန်)မှာ ကလေးငယ်အများစုဟာ ငိုကြွေးတတ်ကြပါတယ်။ ကျောင်းမှာ ပျော်စရာတွေရှိနေမယ်ဆိုရင် ပထမဆုံးအကြိမ် ကျောင်းဆိုတာနဲ့ မိတ်ဆက်ခံရတဲ့ကလေးဟာ အများဆုံးတပတ် ၊ ဆယ်ရက်လောက်အထိပဲ ငိုတယ်လို့ ကျွန်မသိရပါတယ်။  ကျောင်းဆိုတာကို နားလည်တတ်တဲ့ အသက်အရွယ်မဟုတ်သေးရင်တော့ ကိုယ့်ကလေးအခြေအနေအပေါ်မူတည်လို့ ကျောင်းထားဖို့ အချိန်ရွေးသင့်ပါတယ်။

မူကြိုကျောင်းစနေတဲ့ကလေးဟာ Sharing လို့ခေါ်တဲ့ ဝေမျှခြင်းဆိုတာကို ကောင်းကောင်းနားလည်သိထားရမှာပါ။ မောင်နှမသားချင်းရှိတဲ့ကလေးတွေဟာ အိမ်မှာ ကိုယ့်မောင်နှမကို အမြဲမျှဝေလို့ စားအတူ ၊ ကစားအတူ ရှိနေတာမို့ သူတို့အတွက် သိပ်မခက်ခဲလှပေမယ့် အိမ်မှာ ကလေးတစ်ယောက်တည်းရှိတယ်ဆိုရင် ကလေးပစ္စည်း ၊ ကစားစရာ ၊ ဆော့စရာတွေကို ဘယ်သူနဲ့မှ ဝေမျှစရာမလိုဘဲ သူတစ်ဦးတည်း ဆော့ကစားနေရတာမို့ သူဟာ Sharing ဆိုတာကို အတော်ကျင့်ယူရဦးမှာပါ။ ဒါတောင် မိဘတွေက နားလည်အောင် ကောင်းကောင်းကျင့်ယူသင်ဦးမှပါ။ အလိုလိုက်တဲ့မိဘတွေရဲ့ တစ်ဦးတည်းသော  သား ၊ သမီးတွေဟာ ဗိုလ်ကျအနိုင်ယူတတ်တဲ့အကျင့် ၊ ပစားပေးခံရတဲ့အကျင့်စွဲနေပြီဆိုရင်တော့ အဲဒီအကျင့်ကို အတော်ဖျောက်ယူရဦးမှာပါ။

ဒါကြောင့် မိဘတွေကို အစကတည်းက ကျွန်မအကြံပေးလိုတာက မိမိသားသမီးကို အလိုလိုက်တာပဲဖြစ်ဖြစ် ၊ ဆုံးမတာပဲဖြစ်ဖြစ် ရေရှည်ကို တွေးခေါ်ပြီး ပြုမူဆုံးမလို့ သင်ပေးသင့်တာတွေကို သင်ပေးရမှာပါ။ ကိုယ့်သားသမီးမို့ သူစိတ်မကျေနပ်ရင် အော်ဟစ်ပြောဆိုတာ ၊ ပစ္စည်းတွေလွှင့်ပစ်တတ်တာ ၊ လူးလှိမ့်အော်ဟစ်ငိုပြီး ဆန္ဒပြတတ်တာ ၊ မထင်မှတ်ရင် လက်ပါတတ်တာတွေကို ကိုယ်ကအပြစ်မယူဘူး ၊ ဗွေမယူဘူး ၊ သည်းခံနိုင်တယ်ဆိုပေမယ့် ကိုယ့်သားသမီးမှာ ဒီအကျင့်ကြီးစွဲသွားရင်ခက်ပြီ။ အိမ်ထဲကထွက်ပြီး ကျောင်းစတက်ရမယ့်သူဟာ ဆရာမတွေနဲ့ တခြားကလေးတွေက ကလေးဆိုးလို့ အမည်တပ်ခံရတော့မှာပါ။

ကိုယ့်ကလေးကိုတကယ်ချစ်တယ်ဆိုရင် ကလေးလူဝင်ဆံ့မယ့် အကျင့်စရိုက်တွေ ၊ အပြုအမူ ၊ အပြောအဆိုတွေကို ကလေးလူတောမတိုးခင် (မူကြိုမနေခင်) အိမ်မှာကတည်းက လေ့ကျင့်သင်ကြားပေးရမှာ ကလေးအနီးအနားက လူကြီးမိဘတွေရဲ့ တာဝန်ပါ။ ကိုယ်က ကိုယ့်ကလေးမို့ တသက်တာခွင့်လွှတ်သွားနိုင်ပေမယ့် တစိမ်းတွေက ကိုယ့်ကလေးကို ကိုယ်တွေးမြင်ခွင့်လွှတ်သလို ခွင့်လွှတ်ပေးမှာမဟုတ်ဘူး။ အိမ်မှာအကျင့်ဖြစ်နေတဲ့ အမူအကျင့် ၊ အပြောအဆိုတွေကြောင့် တစိမ်းအလယ် ကလေးဆိုးဆိုတဲ့တံဆိပ် အကပ်ခံရတာ ကလေးအပြစ်မဟုတ်ဘဲ ကလေးကို သွန်သင်ဆုံးမဖို့ ပျက်ကွက်ခဲ့တဲ့ မိဘတွေရဲ့အပြစ်ပါ။

“မိမဆုံးမ ဖမဆုံးမကလေး” ဆိုတဲ့စကားဟာ အပြောခံရတဲ့ကလေးအတွက် နာစရာပါ။ ဘာကိုနာရမှန်းမသိဘဲ အတော်နာကျင်ကြရပါတယ်။ ကိုယ့်အပြစ်မဟုတ်ဘဲ ကိုယ်အပြစ်တင်ခံရသလိုမျိုးပေါ့။ ကိုယ်ဟာပြုမူနေကျအတိုင်း ပြုမူပြောဆိုနေပေမယ့် ကိုယ်အသားကျနေတဲ့ အဲဒီအပြုအမူ ၊ အပြောအဆိုတွေဟာ အများအလယ် ပြစ်တင်စရာ ၊ ရှုံ့ချစရာ ၊ ကဲ့ရဲ့စရာတွေဖြစ်လို့ သိမ်ငယ်ခံစားကြရတာဟာ မိဘတွေက နည်းမှန်လမ်းမှန် သွန်သင်ဆုံးမမှုတွေမပြုခဲ့လို့ လူဆိုးတံဆိပ်အကပ်ခံရတဲ့ ကလေးတွေပါ။

ကလေးဆိုးလို့ အမည်တပ်ခံရတဲ့ကလေးတွေဟာ သိမ်ငယ်စိတ်တွေ ၊ အလိုမကျစိတ်တွေနဲ့ ပိုဆိုးလာတတ်တယ်။ သူတို့ကိုနှိမ်ချလေ ၊ လူရာမသွင်းလေ ဆိုးသထက်ဆိုးလာတတ်ကြတယ်။ ဒါကြောင့် ကိုယ့်ကလေးကို ကလေးဆိုးလေးတွေ မဖြစ်စေချင်ဘူးဆိုရင် နည်းမှန်လမ်းမှန် ဆိုဆုံးမသင်ပြတတ်ဖို့ လိုပါတယ်။

ကလေးဟာ သူ့အရွယ်နဲ့ သူ့နားလည်နိုင်မှု အချိန်မတန်သေးဘဲ ကျောင်းနေရတယ်ဆိုရင် သူနားမလည်တဲ့စာတွေ ၊ လိုက်မမီတဲ့စာတွေကြောင့် သိမ်ငယ်စိတ်တွေ ၊ ကိုယ့်ကိုယ်ကို အားမလိုအားမရစိတ်တွေ ၊ ဆရာမနဲ့ အတန်းဖော်တွေ ကြည့်တဲ့အကြည့်တွေ ၊ မိဘရဲ့ အားမလိုအားမရစကားတွေကြောင့် စာဘက်မှာ စိတ်ပျက်သွားတတ်ကြပါသေးတယ်။ ဒါကြောင့် ကလေးကို သူ့အချိန်နဲ့သူ နည်းမှန်လမ်းမှန် သင်ကြားပြသတတ်ဖို့ဟာလည်း အလွန်အရေးကြီးပါတယ်။

ကျွန်မက တစ်ဦးတည်းသောသမီးလေးကို မွေးထားတာမို့ သမီးသုံးနှစ်အရွယ်မှာ Nursery (1) စတက်ဖို့ ကျောင်းအပ်ခဲ့ဖူးပေမယ့် Sharing ဆိုတာ ကောင်းကောင်းနားမလည် ၊ အိမ်မှာလည်း မောင်နှမတွေနဲ့ ဝေမျှဆော့ကျင့်မရှိ ၊ ကျွန်မအမျိုးသားကလည်း ကလေးကို မျက်နှာတချက်အညိုမခံဘဲ ဖြည့်စွမ်းပေးတတ်သူမို့ ကလေးဟာ ကျောင်းစတက်တဲ့အချိန်မှာ သူ့အနီးအနားရှိတဲ့ကစားစရာတွေဟာ သူတစ်ယောက်တည်း ကစားရမယ့်အရာ ၊ တခြားသူတွေလာယူရင် အသည်းအသန်ငိုတာနဲ့ ကလေးရော မိဘတွေပါ သူအငိုတိတ်အောင် ချော့မော့ဖြောင်းဖျရင်း အတော်စိတ်ဖိစီးခဲ့ကြရဖူးတယ်။

အဲဒီနေ့ကစပြီး ကျွန်မတို့ဇနီးမောင်နှံနှစ်ဦး ဆွေးနွေးပြီး ကလေးကို Nursery (1) မထားတော့ဘဲ နောင်နှစ်မှစထားဖို့ သဘောတူခဲ့ကြပါတယ်။ ကျောင်းမှာသင်တဲ့နည်းတွေ ၊ လေ့ကျင့်ဖို့စာတွေ ၊ ဖတ်ပြဖို့စာအုပ်တွေကို ကျွန်မစုဆောင်းပြီး နေ့စဉ် နာရီဝက်လောက် အချိန်ခြားခြားပြီး ကလေးကို စာဖတ်ပြတာ ၊ အတူအရောင်ခြယ်တာ ၊ ပုံဆွဲတာ ၊ Sharing နဲ့ဆိုင်တဲ့ အကြောင်းအရာကို ပုံပြင်ရော ၊ အလေ့အကျင့်ရော အိမ်နဲ့အပြင်မှာပါ အမျိုးမျိုး လေ့ကျင့်သင်ကြားပါတယ်။ Nursery (1) ကို ကျောင်းမှာ မထားတော့ပေမယ့် အဲဒီမှာသိသင့်တဲ့ အကြောင်းအရာတွေကို အိမ်မှာ လေ့ကျင့်သင်ကြားပေးခဲ့တာပါ။

ဒီနှစ်မှာတော့ မတက်မဖြစ်တဲ့ Nursery (2)ကို သမီးလေး လေးနှစ်မပြည့်မီ စတက်နေပါပြီ။ ကျောင်းစတက်တဲ့ရက်မှာ မိဘနှစ်ဦးစလုံး ကလေးကို အတန်းထဲထိ အတူနေပေးခဲ့ပါတယ်။ ကျွန်မတို့ထားတဲ့ကျောင်းက သုံးရက်တိတိ အတန်းထဲ မိဘလိုက်ခွင့်ပေးပါတယ်။ ဒုတိယနေ့မှာတော့ သမီးလေးကို အတန်းမဆင်းမီ နာရီဝက်လောက် အတန်းထဲမှာထားခဲ့ပြီး သူမမြင်တဲ့နေရာမှာ ကျွန်မပုန်းနေခဲ့ပါတယ်။ အမေပျောက်လို့ရှာငိုနေတဲ့ သမီးလေးအသံကို ကြားတာပေါ့။ တခြားမိဘတွေပြောသလို ရင်မနာပါဘူး။ ဒီနေ့ဟာ မလွဲမသွေကြုံတွေ့ရမှာပဲ။ ကလေးကို လူရာဝင်စေချင်ရင် မိဘရင်ခွင်ထဲမှာ အမြဲထွေးပိုက်ထားဖို့ မဖြစ်နိုင်ဘူးလေ။

တတိယနေ့မှာတော့ သမီးလေးအတန်းထဲအထိ မဝင်တော့ဘဲ တံခါးဝကနေ နှုတ်ဆက်ပြီး အပြင်က သမီးကျောင်းဆင်းချိန်အထိ ကလေးမမြင်အောင် စောင့်ခဲ့ပါတယ်။ ဒီမှာက ပထမသုံးရက်ကို တနေ့ တစ်နာရီခွဲပဲသင်တာ။ နောက်ရက်တွေမှာတော့ တနေ့သုံးနာရီနဲ့ တပတ်ငါးရက်သင်ပါတယ်။ တတိယနေ့မှာလည်း သမီးလေး အသည်းအသန်ငိုပါသေးတယ်။ ဒုတိယနေ့မှာ ကျွန်မသိခဲ့တာက ကလေးဟာ အိမ်ကလူကို မမြင်ရရင်ငိုပေမယ့် နောက်ပိုင်းမှာ အတန်းထဲ အတန်းဖော်တွေ ၊ ဆရာမတွေ ၊ Activity တွေနဲ့ အသားကျပြီး အိမ်ကိုခဏမေ့သွားတတ်ပါတယ်။ အိမ်ကလူချောင်းကြည့်နေတာ ပြန်တွေ့ရင်တော့ ပြန်ငိုပါတယ်။ ကိုယ်စိတ်မချသေးရင် အပြင်က စောင့်ချင်စောင့်ပါ။ ကိုယ့်ကလေး စိတ်ဖိစီးလို့ အသည်းအသန် ငိုနေတာမျိုး မမြင်ချင်ရင်ကိုယ်ရှိနေတာ ကလေးကို ပေးမသိပါနဲ့။

စတုတ္ထနေ့မှာတော့ သမီးရဲ့ကျောင်းက တာဝန်ကျဆရာမတွေတွေဟာ ကျောင်းဆင်ဝင်အောက်ကနေ လာသမျှကလေးတွေကို ကျန်းမာရေးအရင်စစ်ဆေးပြီးမှ သက်ဆိုင်ရာအတန်းတွေဆီ ဆရာမတွေကိုယ်တိုင် လိုက်ပို့ပေးတာမို့ ကျောင်းလာပို့တဲ့မိဘတွေမှန်သမျှဟာ ကျောင်းဝကနေ ကလေးပို့ပြီး လှည့်ပြန်ကြရတာပါ။ ကလေးတက်နေတဲ့ ကျောင်းခန်းနားအထိ ပေးမသွားတော့ပါဘူး။ ဘာဖြစ်လို့လဲဆို ကလေးတစ်ယောက်ငိုရင် ကျန်တဲ့ကလေးအချို့ပါ အိမ်ကိုသတိရပြီး လိုက်ငိုကြတဲ့အတွက် ထိန်းရခက်လို့ဖြစ်ပါတယ်။ အဲဒီနေ့မှာတော့ ကျောင်းဝကနေ ငိုနေတဲ့သမီးကို လက်ပြပြီး ကျွန်မဟာ သမီးကြိုက်တတ်တဲ့အစာတွေ အိမ်ပြန်ယူပြီးပြန်လာခဲ့မယ်လို့ ကတိပေးခဲ့ပါတယ်။ ကျောင်းပြန်ကြိုတဲ့အချိန်မှာ ကလေးကြိုက်တဲ့ အစာနှစ်မျိုး ၊ သုံးမျိုး ယူသွားပြီးမှ သွားကြိုပါတယ်။

ကျောင်းစတက်တဲ့ ငါးရက်မြောက်နေ့မှာ ကျွန်မသမီးဟာ ကျောင်းတက်ရင် မငိုတော့ပါဘူး။ ခုမှကျောင်းနဲ့စရင်းနှီးလာတဲ့သမီးဟာ ကျောင်းဝကနေ အမေကိုလက်ပြလို့ သူ့ဘာသာ ကျန်းမာရေးသွားအစစ်ခံတာ ၊ သူ့ဆရာမနဲ့အတူ သူ့အတန်းဘက်ထွက်သွားတာတွေကို တည်တည်ငြိမ်ငြိမ်လုပ်ရင်း သူကြိုက်တဲ့အစာတွေနဲ့ ပြန်လာဖို့ အမေကိုမှာခဲ့ပါသေးတယ်။ ဒါကြောင့် ကျွန်မရဲ့ နည်းဗျူဟာ အောင်မြင်ခဲ့ပါတယ်။ ကျွန်မသမီးဟာ Play Group ဆိုတာတွေကိုတောင် မသွားခဲ့ဖူးသူပါ။

ကျောင်းဖွင့်တာ တပတ်လောက်ရှိတော့ သမီးလေးအတန်းကို အပြင်ကနေ (အတန်းထဲကကလေးတွေမသိအောင်) ချောင်းကြည့်ခွင့်ရတော့ သမီးလေးဟာ ကျောင်းထားစရက်ပိုင်းအတွင်း အတန်းဖော်အသစ်တွေနဲ့ ပြောဟယ် ၊ ဆိုဟယ်နဲ့ ကစားနေပါပြီ။ ကျောင်းကပြန်လာရင် ကျောင်းမှာသင်တာတွေ အမေမမေးဘဲ သူ့ဘာသာ စိတ်လိုလက်ရ ရွတ်ပြတတ်ပါပြီ။

ကျောင်းသွားတော့မယ်လို့ ကျွန်မရေရွတ်လိုက်တာနဲ့ ငိုသံတစက်မကြားရဘဲ မနက်၇နာရီခွဲ အိပ်ယာထ ၊ သွားတိုက်ရေးချိုးပြီး မနက်စာပါစားလိုက်ပါသေးတယ်။ ကျောင်းက မနက်၈နာရီခွဲစတက်တာလေ။ ဆံပင်ညှပ်တာလည်းမကြိုက် ၊ ဆံပင်အရှည်ကို တခါခါနဲ့အမြဲလုပ်နေတတ်တဲ့ ကျွန်မသမီးလေးဟာ ကျောင်းတက်တဲ့ဒုတိယနေ့ကစလို့ တသက်လုံးအကြောက်အကန်ငြင်းလာခဲ့တဲ့ ဆံပင်စည်းနှောင်ခြင်းအလုပ်ကိုလည်း ကြည်ကြည်သာသာလက်ခံတာ ကျွန်မအတွက်ကတော့ အံ့သြစရာပါ။ ဒါဟာ အတန်းဖော်တွေနည်းတူ လုပ်ဆောင်နေထိုင်တတ်လာတဲ့သဘောပါ။ ဒီလိုပဲဖြစ်သင့်တာပါ။

ဒါတွေ ကျွန်မဘာဖြစ်လို့ပြောပြနေသလဲဆိုတော့ ကျွန်မဟာ သူကျောင်းမတက်မီကတည်းက ကျောင်းမှာသူငယ်ချင်းအသစ်တွေနဲ့ ဘာတွေ ဘယ်လိုဆော့ရမယ် ၊ ဘယ်လိုဆေးရောင်ခြယ်လို့ ၊ ဘယ်လိုကခုန် ကစားကြရတယ်ဆိုတာ စာတွေဖတ်ပြ ၊ ပုံတွေပြောပြ ၊ ဗွီဒီယိုဖိုင်တွေလည်း ဖွင့်ပြလို့ ကျောင်းဟာ ပျော်စရာကောင်းကြောင်း ၊ အမေအနားမှာမရှိပေမယ့် အမေဟာ သူ့အကြိုက်စားစရာတွေနဲ့ သူ့ကို ပြန်လာခေါ်မှာဖြစ်ကြောင်း လေ့ကျင့်ပေးထားခဲ့တာပါ။

ကျောင်းဆင်းရင်လည်း ရက်ခြားဆိုသလို သူ့အတန်းကဆရာမတွေကို နှုတ်ဆက်လို့ ကလေးရဲ့အခြေအနေကို မေးမြန်းပါတယ်။ သမီးရဲ့အတန်းဖော်တွေထဲက ကလေးမိခင်တွေနဲ့လည်း မိတ်ဆွေဖွဲ့ထားပြီး သူ့ကလေး ၊ ကိုယ့်ကလေးအကြောင်းနဲ့ ကျောင်းကဆရာမတွေရဲ့ ကလေးဆက်ဆံပုံတွေ ၊ ကျောင်းကပွဲတွေဆိုတာတွေကိုလည်း ကိုယ်တိုင်ကကူတဲ့အခါဝင်ကူလို့ ကျောင်းနဲ့ကိုယ် ၊ ဆရာမတွေနဲ့ကိုယ် ၊ သမီးလေးအတန်းဖော်တချို့ရဲ့ အုပ်ထိန်းသူတွေနဲ့ လိုက်လျောညီထွေရှိအောင်နေပြီး ကိုယ့်ကလေးရဲ့အခြေအနေကို အမြဲလေ့လာပါတယ်။ ဒါမှ လိုအပ်တာလေးတွေကို ကိုယ့်ဘက်က အချိန်မီပြင်ဆင် ပံ့ပိုးစရာရှိတာတွေ ပံ့ပိုးပေးလို့ရမှာပေါ့။

ကလေးကျောင်းပြန်ကြိုတဲ့အခါ သူ့အကြိုက်အစားအစာတွေကို အပြန်လမ်းမှာစားရင်း စိတ်တက်ကြွမှုကို အရင်ယူပါတယ်။ အိမ်ရောက်ရင် သူလုပ်ချင်တာ (ဥပမာ ကာတွန်းကြည့်တာ)ကို တစ်နာရီလောက် လုပ်ခွင့်ပေးပြီး အစာတခုထပ်ကျွေးပါတယ်။ ကျောင်းသွားတုန်းကတော့ အိမ်ကထည့်ပေးလိုက်တဲ့ ထမင်းဗူးစားခဲ့တာပေါ့။ အိမ်ရောက်တော့ ခဏနေပြီးတခုထပ်လုပ်ကျွေးတာပါ။ ပြီးရင် တစ်နာရီလောက် ကာတွန်းကြည့်ခွင့်ပြန်ပေးတယ်။ ပြီးရင် ကလေးကိုတရေးသိပ်ပါတယ်။ မနက်အစောထတဲ့ ကလေးဦးနှောက်ကို နေ့လည်မှာ ပြန်အနားပေးတဲ့သဘောပါ။

အိပ်ရာနိုးရင် အဆာပြေစားသောက်ပြီး ကလေးနဲ့အတူ စာဖတ်တာ ၊ ပုံဆေးခြယ်တာ ၊ ပုံဆွဲတာ ၊ စာရေးတာတွေ တစ်မျိုးပြီးတစ်မျိုး မရိုးရအောင် အတူကစားရင်းနဲ့ တစ်နာရီခွဲ နှစ်နာရီလောက် စာလုပ်ကြပါတယ်။ ပြီးရင် ညစာကျွေးပြီး မိသားစုအတူ ကစားတာမျိုး ၊ သူကြိုက်တဲ့ကာတွန်းကားပေးကြည့်တာမျိုးတွေလုပ်ပြီးမှ ကလေးကိုအိပ်စေတာဖြစ်ပါတယ်။ ကလေးဟာ ကျောင်းနေချိန်မှာ ကျောင်းမှာလည်းပျော် ၊ အိမ်မှာလည်းပျော် ၊ ကျောင်းမှာသင်တာတွေ စိတ်ဝင်စားလို့ အိမ်မှာသင်တာတွေလည်း စိတ်ဝင်စားမယ်ဆို မူကြိုကျောင်းစနေတဲ့ကလေးဟာ ပထမခြေလှမ်းကို အောင်မြင်စွာလှမ်းတက်နိုင်ပါပြီ။

အစကောင်းမှ အနှောင်းသေချာတာလေ။ ကျောင်းစတက်ရတာပျော်မှ ၊ ပထမဆုံးလေ့လာသင်ကြားရတဲ့ ကျောင်းစာတွေကို စိတ်ပါဝင်စားစွာလေ့လာမှ ပညာသင်ယူဖို့ သူတို့ဟာ စိတ်အားထက်သန်မှာဖြစ်ပါတယ်။ ပညာသင်ယူဖို့ စိတ်အားထက်သန်နေမှ သူတို့ရဲ့ ဆန်းသစ်တီထွင်ဥာဏ်တွေဟာ ကွန့်မြူးလာမှာဖြစ်ပါတယ်။ ဒါဟာ ကျောင်းနေမှ ၊ ကျောင်းပျော်မှ ဆန်းသစ်တီထွင်တတ်တယ်လို့ ဆိုလိုတာမဟုတ်ဘဲ မိမိရဲ့ဆန်းသစ်တီထွင်မှုတွေဟာ သင်ယူလေ့လာမှုတွေနဲ့ အရောင်မတင်ထားရင် အရာမထင်ဖြစ်နေတတ်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

ပြောင်မြောက်တဲ့ ဆန်းသစ်တီထွင်မှုတိုင်းဟာ သင်ယူလေ့လာထားမှုတွေ ရှိမနေဘဲ သူ့အလိုလိုဗြုန်းခနဲ ပေါ်လာတတ်တာမျိုးမဟုတ်တာမို့ မိမိရဲ့ကလေးငယ်တွေကို သင်ယူလေ့လာမှုတွေမှာ ပျော်ရွှင်တတ်ရင်းက သူဝါသနာပါရာတွေမှာ ဆန်းသစ်တီထွင်ပြီး ကြိုးစားလိုစိတ်တွေ ဖြစ်ထွန်းလာအောင် ၊ ဒီကတဆင့် ထူးချွန်အောင်မြင်တဲ့ သားကောင်း ၊ သမီးကောင်းတွေအဖြစ် ပျိုးထောင်ပေးရမှာ မိဘတွေဖြစ်တဲ့ ကျွန်မတို့ရဲ့တာဝန်ပဲဖြစ်ပါတယ်။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%99%e1%80%b0%e1%82%80%e1%80%80%e1%80%ad%e1%80%b3%e1%80%90%e1%80%80%e1%80%b9%e1%80%85-%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%84%e1%80%9a%e1%80%b9/feed/ 0
ကလေးကိုသင်ပေးတဲ့အခါ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%9e%e1%80%84%e1%80%b9%e1%80%b1%e1%80%95%e1%80%b8%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%81%e1%80%ab/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%9e%e1%80%84%e1%80%b9%e1%80%b1%e1%80%95%e1%80%b8%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%81%e1%80%ab/#respond Wed, 11 Jan 2017 10:07:57 +0000 http://www.burmesehearts.com/?p=73469

ဒါက အဖေ ၊ ဒါက အမေ ၊ ဒါက အဖိုး ၊ အဖွား ၊ ဦးဦး ၊ ဒေါ်ဒေါ် ၊ ကိုကို ၊ မမ စတဲ့ အခေါ်အဝေါ်တွေကနေ ဘာပစ္စည်း ဘယ်လိုခေါ်တာ ၊ ဘယ်လိုသုံးရတာ ၊ ဘယ်လိုအသုံးဝင်တာ ၊ ဘယ်လိုအန္တရာယ်ပေးတာ စသဖြင့် ဘဝထဲမှာ ကြုံတွေ့ရမယ့် ကိစ္စရပ် အတော်များများကို သင်ကြားပေးတဲ့ လက်ဦးဆရာအများစုဟာ မိနဲ့ဘဖြစ်ပါတယ်။

ကလေးကို ချော့လို့တမျိုး ၊ ခြောက်လို့တဖုံ ၊ မြှူ လို့တနည်းနဲ့ အမျိုးမျိုးအဖုံဖုံ သင်ပေးတဲ့နည်းတွေထဲက ဘယ်နည်းဟာ အကောင်းဆုံးဖြစ်မလဲ။ ဒါကိုအငြင်းမပွားမီ ကိုယ့်သင်ယူမှုအတွေ့အကြုံနဲ့ ကိုယ့်ဘာသာပြန်စဉ်းစားကြည့်လိုက်ပါ။ ကိုယ်ဟာ ဘယ်အခြေအနေမျိုးမှာ သင်လွယ် ၊ တတ်လွတ် ရှိသလဲလို့။

ပညာရပ်အများစုဟာ စိတ်ဝင်တစားရှိနေတဲ့အချိန်မှာ သင်ယူဖို့အလွယ်ကူဆုံးဖြစ်ပါတယ်။ ကလေးကိုသင်မယ်ဆိုရင်တော့ သူစိတ်ဝင်တစားရှိနေချိန်နဲ့ သူစိတ်ဝင်စားမယ့် ကစားနည်းတွေကနေ သင်ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် ကလေးကို သင်ပေးမယ့်သူဟာ ကလေးစိတ်ဝင်စားတဲ့ နည်းအမျိုးမျိုးကိုသုံးပြီး သင်ကြားပြသနိုင်သူ ဖြစ်သင့်ပါတယ်။

ကလေးဟာ သူ့ဘာသာ စိတ်ဝင်တစားဖြစ်နေတဲ့အချိန်မှာ ဘယ်သူမှမသင်ပေးလည်း အလွယ်တကူတတ်မြောက်သွားတတ်ပါတယ်။ တခါတလေ ဘယ်သူမှမသိဘဲနဲ့တောင် အတတ်ကောင်းတွေ တတ်နေတယ်လို့ ဆိုကြသေးတယ်မဟုတ်လား။ တစ်နှစ်အောက် ကလေးငယ်တွေရဲ့ဦးနှောက်ဟာ သာမာန်အလုပ်လုပ်ချိန်တွေရဲ့ နှစ်ဆ အလုပ်လုပ်တယ်လို့ ကလေးစိတ်ပညာရှင်တွေရဲ့ ရေးသားမှုကို ဖတ်ရှု လေ့လာခဲ့ရတာမို့ တစ်နှစ်အောက် ကလေးငယ်တွေရဲ့ သင်ယူနိုင်စွမ်းဟာ အခြားအချိန်တွေထက် နှစ်ဆမြန်ဆန်နေတာပါ။ ဒါကြောင့် ဘာမှမသိသေးတဲ့ တစ်နှစ်အောက်ကလေးကို သင်ပေးစရာမလိုဘူးလို့ ထင်ရင်မှားတယ်နော်။

တကယ်ဆိုရင် သူစိတ်ဝင်တစားရှိနေချိန် ၊ သင်ယူလိုချိန်မှာ သူသိချင်တာလေးတွေ ၊ စူးစမ်းချင်တာလေးတွေ ၊ တတ်ချင်တာလေးတွေကို သိသင့် သိထိုက်တဲ့အလျောက် တတ်သိနားလည်အောင် သင်ပေးတတ်ဖို့လိုပါတယ်။ ပျံသွားတဲ့လိပ်ပြာကလေး ၊ ငှက်ကလေးတွေကို အထူးအဆန်း လိုက်ငေးတတ်တဲ့ကလေးကို ဒါဟာ လိပ်ပြာ ၊ ဒါဟာငှက် သူတို့ဟာ ပျံတတ်တယ်ဆိုတာမျိုးလောက်တော့ ပြောပြပေးဖို့လိုတာပေါ့။ ကလေးအနီးဝန်းကျင်ရှိနေတဲ့အရာတွေကနေ ကလေးကစားစရာ ၊ ကလေးပတ်ဝန်းကျင်က အကြောင်းအရာတွေကို ကလေးဦးနှောက်လေးနဲ့ လွယ်လင့်တကူ မှတ်နိုင်အောင် လိုရင်းတိုရှင်း သင်ပေးတတ်ဖို့လိုပါတယ်။

ကလေးဟာ သေးငယ်တဲ့သတ္တဝါလေးတွေကို သတိထားမိလာတဲ့အခါ ဒီသတ္တဝါလေးတွေရဲ့အမည် ၊ လုပ်ဆောင်မှုနဲ့ အားနည်းသေးငယ်တဲ့ သူတို့တွေကို ကြင်နာတတ်ဖို့ဆိုတာတွေကိုလည်း လေ့ကျင့်သင်ကြားပေးရဦးမယ်။ အပြင်ထွက်တဲ့အခါ ကြီးသူ ၊ ငယ်သူ ၊ ရွယ်တူနဲ့ အိမ်ကလူမဟုတ်တဲ့ မျက်နှာအမျိုးမျိုးနဲ့သူတွေ ၊ အသားရောင်အမျိုးမျိုးနဲ့သူတွေ ၊ အခြေအနေအမျိုးမျိုးနဲ့သူတွေကိုလည်း လိုက်လျောညီထွေရှိအောင် ပေါင်းသင်းနေထိုင် ဆက်ဆံတတ်ဖို့ ၊ ကိုယ့်အန္တရာယ်ကို ကိုယ်ကြိုတင်ကာကွယ်တတ်ဖို့ ၊ အကူအညီလိုသူတွေကို နှုတ်၏ဆောင်မခြင်း  လက်၏ဆောင်မခြင်းပြုတတ်ဖို့ စတဲ့ လူပီသစွာ နေထိုင်ခြင်းကျင့်ဝတ်တွေကိုလည်း သူနဲ့အပြင်ထွက်လေတိုင်း ကြုံရင်ကြုံသလို အခြေအနေနဲ့ အချိန်အခါအပေါ်မူတည်လို့ သင်ပြပြောဆိုပေးရမှာပါ။

ဒါတွေကို ကလေးအတော်အရွယ်ရမှ သင်ပေးရမယ်လို့ တချို့တွေကတွေးကြတယ်။ အဲဒီလို သူတို့သင်ပေးချင်တဲ့အရွယ်ဟာ ဘယ်အရွယ်လို့တော့ သူတို့ရေရေရာရာမသိပါဘူး။ ဒါပေမယ့် လူကြီးအချို့စိတ်ထဲ လက်ခံထားတာကတော့ တစ်နှစ်ကနေ သုံးနှစ်အရွယ် ၊ တချို့ဆို လေးနှစ် ၊ ငါးနှစ်အရွယ်အထိကို မသိတတ်သေးတဲ့အရွယ်လို့ သတ်မှတ်ပြီး အထက်က အကြောင်းအရာတွေကို ပြောဆိုသင်ပြပေးဖို့ ပျက်ကွက်တတ်ကြတယ်။

အရွယ်မတိုင်သေးဘူးလို့ မသင်ပေးခဲ့တဲ့ရလဒ်က ကိုယ့်ကလေးဟာ ပတ်ဝန်းကျင်နဲ့ သဘာဝဆိုတာကြီးကို စိမ်းသက်နေတတ်ပါတယ်။ ကိုယ်တိုင်လမ်းလျှောက် ၊ ပြေးလွှားနိုင်ပြီး ကောင်းကောင်းပြောဆိုနိုင်တဲ့အရွယ်ရောက်သည့်တိုင် မိသားစုနဲ့သာ သဟဇာတဖြစ်ပြီး တစိမ်းပတ်ဝန်းကျင်မှာ သဟဇာတဖြစ်အောင် မနေထိုင်တတ်ဘူးဆိုရင် ကလေးကို သဘာဝလူ့ဝန်းကျင်မှာ ဘယ်လိုအဆင်ပြေအောင် ဆက်ဆံပေါင်းသင်းရမယ်လို့ သင်ပေးဖို့ ကိုယ်ကပျက်ကွက်ခဲ့တာပါ။

ပေါင်းသင်းဆက်ဆံရေးပိုင်းကို သင်ပေးပြီးရင် ကိုယ့်ဘာသာ ပျော်အောင်နေတတ်ဖို့ကိုလည်း ငယ်ငယ်ကတည်းက လေ့ကျင့်သင်ကြားပေးရဦးမယ်။ ဘယ်သူမှအနားမှာမရှိချိန် ၊ ကိုယ့်အနားရှိသူအားလုံး အလုပ်များနေချိန်မှာ ကိုယ့်အရွယ်နဲ့ ကိုယ့်ဘာသာဂရုစိုက်နိုင်အောင် ၊ ကိုယ့်တာဝန်ကိုယ်ယူတတ်အောင် ရင့်ကျက်တဲ့စိတ်သဘောထားနဲ့ တာဝန်ယူမှုဆိုတာတွေကိုလည်း သင်ပြပေးရဦးမယ်။ ဒါကိုရော ဘယ်အရွယ်ကစ သင်ပေးရမလဲဆို ကလေးကို ကိုယ့်ရေဗူး ကိုယ့်ဘာသာ ကိုင်စို့တတ်အောင် စသင်ပေးတဲ့ လသားအရွယ်ကတည်းက လေ့ကျင့်သင်ကြားပေးရမှာပါ။

ရေဗူးကနေစပြောတာမို့ ဒါနဲ့ပဲဆက်ဥပမာပေးပါမယ်။ လက်နှစ်ဖက်က ကောင်းကောင်းကိုင်ထိန်းတတ်တဲ့အရွယ်မှာ သူ့လက်နဲ့သူ ကိုင်စို့နိုင်အောင် သင်ပေးရမှာဖြစ်ပါတယ်။ လမ်းစလျှောက်တတ်တဲ့အရွယ်မှာ သူ့စိတ်သူနားလည်ပြီး သူရေဆာရင် သူ့ဘာသာ ရေဗူးသွားယူပြီး ရေဗူးအဖုံးဖွင့်သောက်တတ်အောင် လွယ်ကူတဲ့ရေဗူးနဲ့ သူမီနိုင်တဲ့နေရာမှာထားလို့ လေ့ကျင့်ပေးရမှာပါ။

ရေဗူးနဲ့ ရေကစားကောင်းကစားနိုင်ပေမယ့် လုပ်သင့်တာနဲ့ မလုပ်သင့်တာကိုလည်း သူနားလည်အောင် အကြောင်း ၊ အကျိုးပြ သင်ပေးတတ်ရမယ်။ ရေဆော့လို့ ကြမ်းပေါ်ရေတွေဖိတ်ပေနေရင် သူချော်လဲနိုင်တယ်ဆိုတာ သူချော်မလဲခင်နဲ့ ချော်လဲသွားတဲ့အခါတွေမှာ ကောင်းကောင်းမွန်မွန် (မဆူမဆဲ) သင်ပေးပြီး ဒီလိုမဖြစ်အောင် ရေမှောက်ရင် အဝတ်နဲ့ ဒီလိုသုတ်ရတယ်လို့ သင်ပေးရမှာပါ။ ဒီလိုနဲ့နောင်မှာ သူ့ကြောင့် ဖိတ်စင်သွားရင် သူ့ဘာသာသူ တာဝန်ယူ သိမ်းဆည်းရှင်းလင်းတတ်အောင်လည်း သင်ပေးရမှာပါ။

သူ့တာဝန်သူယူတတ်အောင် ဘယ်အချိန်က စသင်ပေးရမလဲဆိုရင် ရှင်းပါတယ်။ မှောက်အောင်လုပ်တတ်ရင် သန့်ရှင်းရေးလည်း လုပ်တတ်ပါတယ်။ သူလုပ်ချင်စိတ်ဖြစ်အောင် ကိုယ်က သူနားလည်အောင် ၊ နာခံလိုစိတ်ရှိအောင် ၊ လိုက်နာကျင့်ကြံလိုစိတ်ရှိအောင် အကြိမ်ကြိမ် နည်းအမျိုးမျိုးနဲ့ အခြေအနေအမျိုးမျိုးကြုံလာတိုင်း လေ့ကျင့်ပျိုးထောင်ပေးရမှာပါ။

သင်ယူဖို့ အလွယ်ဆုံးအချိန်က စိတ်ဝင်တစားရှိနေချိန်ပါလို့ ကျွန်မပြောခဲ့တယ်နော်။ စိတ်ဝင်တစား သင်ယူတတ်စိတ်မရှိသေးတဲ့ လသားကလေးအရွယ်ကတည်းက သူသင်ယူဖို့ စိတ်ပါဝင်စားလာတဲ့ နည်းအမျိုးမျိုး အသုံးပြုလို့ သင်ပေးရမှာပါ။ လသားကလေးကို ဘယ်လိုသင်ပေးရမှာလဲလို့ စောဒကတက်လိုသူတွေကို ကျွန်မကိုယ်တိုင်လည်း သမီးလေး လသားအရွယ်ကတည်းက သူပြန်မမေးနိုင် ၊ မပြောနိုင်ပေမယ့် တတွတ်တွတ် ရှင်းပြပြောဆိုရင်း သင်ပေးခဲ့တာလို့ ပြောပါရစေ။

အဲဒီရလဒ်အနေနဲ့ တစ်နှစ်ခွဲအရွယ်မှာ သမီးဟာ သူ့စိတ်သူ ကောင်းကောင်းနားလည်နေပြီ။ အပေါ့သွားချင်တာ ၊ အလေးသွားချင်တာ ကောင်းကောင်းခွဲခြားသိလို့ ထိန်းချုပ်တတ်နေပြီ။ တနေကုန် ခါးတောင်းကျိုက်လွတ်လာပြီး အပေါ့ဆို သူ့ဘာသာသူ ခွက်ယူပေါက်တတ်ပြီ။ ရေသောက်ချင်ရင် သူ့ဘာသာသူသွားသောက်ပြီး ဖိတ်စင်တာတွေ မြင်တွေ့ရင် ဘယ်သူ့ကြောင့်ဖြစ်ဖြစ် သိမ်းဆည်းရှင်းလင်းပေးတတ်နေပြီ။ ကပ်ခွါဖိနပ်တွေဆို သူ့ဘာသာသူချွတ်တတ် ၊ ဝတ်တတ်နေပြီ။ မသင်ခဲ့တဲ့အကျိုးဆက်က သူရေသောက်ရင် အမေကိုပါရေလာတိုက်တတ်ပြီး သူ့ဖိနပ်နဲ့အတူ အမေ့ဖိနပ်ကိုပါ ဆွဲထုတ်လာလို့ အမေလည်းစီး ၊ သမီးလည်းစီး လုပ်ခိုင်းတတ်နေပြီ။

မွေးကတည်းက ဘယ်ကလေးမှ သိလာ ၊ တတ်လာကြတာမျိုးမဟုတ်ပါဘူး။ သူတို့သိတတ်လိမ္မာလာအောင် ဘေးကလူကြီးတွေက နားလည်အောင် သင်ပြပြောဆိုသင့်တာတွေကို သူ့အချိန်အလိုက် မလွတ်တမ်း လုပ်သွားလိုက်ရုံပါ။ ကြားပါများတော့ နားရည်ဝလာသလိုမျိုး သင်ယူနိုင်စွမ်း နှစ်ဆမြင့်မားနေတဲ့ တစ်နှစ်အောက် ကလေးငယ်လေးတွေဟာ ပြန်မမေးနိုင် ၊ ပြန်မပြောနိုင်ကြသေးပေမယ့် သူတို့ဟာ အသံတိတ်သင်ယူနေကြပါတယ်။ မိဘတွေလုပ်တာ ၊ ပတ်ဝန်းကျင်မှာရှိတဲ့သူတွေလုပ်တာ ၊ သူမြင်နိုင်ကြားနိုင်တဲ့အရာတွေဆီက အတုခိုးလို့ အသံတိတ်သင်ယူနေပါတယ်။

အသံထွက်ပြော ၊ အသံထွက်မေး ပွင့်ပွင့်လင်းလင်းရှင်းပြ သင်ပြပေးရတာက ပိုလွယ်တယ်နော်။ ဘယ်အချိန်က ဘာတွေသင်ယူလိုက်မှန်းမသိတဲ့ စကားမပြောတတ်သေးတဲ့ဒီကလေး ဘာတွေသင်ယူလိုက်တယ်ဆိုတာကို သူပြောဆိုလုပ်ကိုင်မှ ကိုယ်သိခွင့်ရတာရယ်။ ကိုယ့်မပြောဘဲနဲ့ ၊ ကိုယ်သိခွင့်မရဘဲနဲ့ အသံတိတ်ကလေး မြန်မြန်ဆန်ဆန် သူသင်ယူလိုက်တဲ့အရာတွေဟာ မှားနေရင်မှားနေသလောက် ဒုက္ခကြီးပါတယ်။

သူမှတ်ယူထားတာတွေ စွဲမြဲနေရင် ဒါကိုဖျောက်ဖို့ အတော်ခက်တယ်။ တော်တော်လေး အချိန်ယူပြီး စိတ်ရှည်ရှည်ဖျောက်မှရတာ။ ဒါကြောင့် တစ်နှစ်အောက် ကလေးငယ်တွေနဲ့ စကားကောင်းကောင်း မပြောတတ်သေးတဲ့ ကလေးငယ်တွေ အထူးသဖြင့် အဲဒီလို အသံတိတ် အတုမြင်အတတ်သင်တဲ့ အရွယ်လေးတွေကို ကိုယ်ထိန်းရသက်သာရင်ပြီးရောဆိုပြီး တပါးသူလက် မအပ်သင့်ပါဘူး။ ကိုယ်ကလေးအနားမရှိနိုင်တဲအချိန်တွေမှာ ယုံကြည်စိတ်ချရပြီး ကောင်းမွန်တဲ့ အပြုအမူ ၊ နူးညံ့တဲ့အပြောအဆိုနဲ့ စာရိတ္တကောင်းသူတွေလက်ထဲပဲ ကလေးအပ်ပါ။ အကျင့်တွေရောပါလာကုန်မှာ စိုးလို့ဖြစ်ပါတယ်။

တချို့မိဘတွေက ကလေးကို သင်ပေးလိုစိတ်ရှိပေမယ့် ဘာတွေကို ဘယ်လို နည်းမှန် ၊ လမ်းမှန် သင်ပေးရမလဲဆိုတာ မသိကြတာပါ။ အလွယ်ဆုံးနည်းပေးလိုတာက ကလေးကို သူစိတ်ပါဝင်စားတဲ့အချိန် ၊ စူးစမ်းလိုစိတ်ရှိချိန်မှာ သူစိတ်ဝင်စားတဲ့အရာနဲ့ပတ်သက်လို့ ကောင်းကျိုး ၊ ဆိုးကျိုး ၊ အသုံးပြုပုံ ၊ အသုံးဝင်ပုံ ၊ အသုံးမဝင်ပုံ ၊ အန္တရာယ်ပေးနိုင်ပုံ စတာတွေကို သူနားလည် သဘောပေါက်လို့ လက်ခံသွားတဲ့အထိ နည်းအမျိုးမျိုးနဲ့ ရှင်းပြပြောဆိုတတ်ရပါမယ်။ တခါတလေ သင်တုန်းကမတတ်ခဲ့ ၊ လက်မခံခဲ့ ၊ မယုံကြည်ခဲ့တာတွေကို တကယ်လက်တွေ့ကြုံလာတော့မှ လက်ခံသွားရတဲ့အခြေအနေတွေလည်း ကိုယ်ကြုံခဲ့ဖူးတာပဲ။ ဆိုးဆိုးရွားရွားကြီးမဟုတ်ရင် ကလေးကို သူ့ဘာသာ သင်ယူလေ့လာဖို့ အခွင့်အလမ်း ကိုယ်ကဖန်တီးပေးရမှာပါ။

ဥပမာ ပူတယ်ဆိုတာလိုမျိုး ၊ စပ်တယ်ဆိုတာလိုမျိုး ၊ ကျဉ်တယ်ဆိုတာလိုမျိုးတွေလို ဒါလုပ်ရင် ဒါဖြစ်တတ်တယ် ဒီပစ္စည်းဟာ ဒီလိုသက်ရောက်မှုမျိုး ရှိတယ်ဆိုတာကို ကလေးခံနိုင်တဲ့အတိုင်းအတာမျိုးနဲ့ သင်ယူလေ့လာခွင့် လမ်းဖွင့်ပေးရမှာပါ။ အမေပြောတာ ၊ တားတာတွေမယုံသမျှ လက်တွေ့ထိတွေ့ ၊ ကြုံတွေ့လာတော့မှ ဒါဟာ ဒီလိုရှိပါလားလို့ သူ့ဘာသာသူလက်ခံပြီး အမေပြောတာ ၊ အမေသင်တာတွေကို တလေးတစား ၊ ယုံကြည်စွာ နားထောင်လာတာတွေဖြစ်လာတတ်ပါတယ်။ ကိုယ်တိုင်ကကော ဒါတွေကို စာတွေ့သိခဲ့တာလား ၊ လက်တွေ့သိခဲ့တာလား။ ကိုယ်တိုင်က လုပ်ကြည့်လို့ သိလာခဲ့တဲ့အရာတွေကို သူ့ကိုလည်း Safe ဖြစ်လောက်တဲ့ အနေအထားမျိုးဖန်တီးလို့ သင်ယူလေ့လာခွင့် ပြုလိုက်ရမှာဖြစ်ပါတယ်။

သူများကလေးတွေ ဒီအရွယ်မှာ ဒါတွေသိနေပြီ ၊ ဒါတွေလုပ်တတ်နေပြီ ၊ ဒီလိုသိတတ်နေပြီ ၊ ကိုယ့်ကလေးက ဒီလိုမဟုတ်ဘူးဆိုပြီး ကလေးကို အားမလိုအားမရနဲ့ အရင်အပြစ်တင်ပြောဆိုဖို့ စိတ်မစောပါနဲ့။ ကိုယ့်ကလေးမသိတတ်သေးတာဟာ သူ့ကို သိတတ်အောင် သင်ပေးဖို့ ပျက်ကွက်ခဲ့တဲ့ကိုယ်ပါ။ သိလိုတဲ့အချိန်မှာ နင့်အရာမဟုတ်ဘူးလို့ မသင်ပေးခဲ့ဘဲ တချိန်မှာ မသိရကောင်းလား မာန်မဲနေတတ်ရင် ဘယ်သူကမှားနေသလဲ။

ကလေးကိုမသင်ပေးခင်မှာ ကလေးရဲ့ရှေ့မှာ ကိုယ်ဟာစံပြ နေထိုင်ပြောဆိုလုပ်ကိုင်ဖို့ အရမ်းအရေးကြီးပါတယ်။ ကိုယ်မလုပ်နဲ့ပြောတဲ့အရာတွေကို ကိုယ်တိုင်က မလုပ်မိဖို့ ၊ လုပ်ပါလို့ ကိုယ်တိုက်တွန်းလိုတာတွေကို ကိုယ်တိုင်က လုပ်ကိုင်မိနေဖို့ဟာ ကလေးကို ဒါလုပ်ပါ ၊ ဒါမလုပ်ပါနဲ့ပြောဆိုသင်ပြဖို့ထက် ပိုအရေးကြီးနေတာပါ။

ကျွန်မဆို ကလေးကိုယ်ဝန်လွယ်ထားကတည်းက ကလေးမှာ မရှိစေချင်တဲ့ အကျင့်တွေမှန်သမျှကို ကျွန်မကိုယ်တိုင်ရော ကျွန်မခင်ပွန်းထံမှာပါ ဒီအကျင့်တွေစွဲမနေအောင် အချိန်ယူဖျောက်ပါတယ်။ ကလေးမှာ ရှိနေစေချင်တဲ့ အကျင့်တွေကိုလည်း အချိန်ပေးလို့ ကိုယ်တိုင်က ကျင့်ယူခဲ့ပါတယ်။ စာထဲကအရာတွေ မှတ်သားလိုက် ၊ ကိုယ်တိုင်ကျင့်ကြံလိုက်နဲ့ ကိုယ်ဝန်ဆောင်စဉ်တလျောက် ပြင်ဆင်ထားခဲ့တာပါ။ ကလေးမွေးလာတော့ သူ့ကိုပေးချင်တဲ့အကျင့်ကောင်းတွေ ကိုယ့်မှာစွဲနေပြီး မရှိစေချင်တဲ့အကျင့်တွေကို ဖျောက်နိုင်ခဲ့ပါတယ်။

ကံကောင်းတာလား ၊ ကံဆိုးတာလားမသိပေမယ့် သမီးလေးကို ၂၄နာရီ ကျွန်မပဲပြုစုစောင့်ရှောက်ရတော့ သမီးလေးဟာ ကျွန်မဆီကအကျင့်တွေစွဲမြဲသွားခဲ့ပါတယ်။ လုပ်ကျင့်ကိုင်ကျင့်စွဲရုံတင်မဟုတ်ဘူး စားသောက်နေထိုင်ကျင့် ၊ ပြောဆိုကျင့်တွေပါ ကျွန်မနဲ့အတော့်ကို တူနေတာမို့ ကလေးဟာ အနီးဆုံးလူဆီက ကောင်းခြင်း ၊ မကောင်းခြင်းတွေကို စုပ်ယူလေ့လာပြီး အတတ်သင်ယူနေတယ်လို့ လက်တွေ့သိခဲ့ရတာပါ။ ဒါကြောင့် ကလေးကို ဘယ်သူနဲ့ အချိန်အများကြီးကုန်ဆုံးစေသလဲ ကလေးအနားမှာ ရှိနေသူတွေက ဘယ်သူတွေလဲ ၊ ဘယ်လိုအကျင့်စရိုက်မျိုးတွေရှိသလဲဆိုတာကို အလေးပေးဖို့ အထူးအရေးကြီးပါတယ်။

ကလေးအနားရှိနေသူတွေရဲ့ စရိုက်တွေကို အလေးပေးဖို့ ပျက်ကွက်ခဲ့မယ်ဆို ကလေးမှာ ဒီစရိုက်တွေ တွယ်ကပ်စွဲမြဲသွားတော့မှ သတိထားမိတော့မှာပါ။ အမှားတွေလုပ်နေ ၊ ပြောနေတဲ့ ကလေးမှာ အပြစ်မရှိပါဘူး။ ကလေးအမှားတွေ လုပ်ဖြစ် ၊ ပြောဖြစ်အောင် ကလေးကို သတိမမူမိတဲ့ ကိုယ့်ဆီမှာ အမှားကြီးနေတာပါ။ ဒုတိယမှားနေသူတွေကတော့ ကလေးအနားမှာ ဒီစရိုက်မျိုးရှိသူတွေပေါ့။ သူတို့တွေက ကလေးတွေကို ဒီလိုပြော ၊ ဒီလိုလုပ် ၊ ဒီလိုကိုင် ၊ ဒီလိုဖြစ်ရင် ဒီလိုပြုမူရတယ်လို့ သိတမျိုး ၊ မသိတမျိုး သင်ပေးခဲ့သူတွေဖြစ်နေတာပါ။ သူတို့တွေဆီက ကလေးဟာ ကောင်းတာရော ၊ မကောင်းတာရော သင်ယူခဲ့တာပေါ့။

ကလေးမိဘတွေဟာ တနေ့မှာ အနည်းဆုံးနာရီဝက် တစ်နာရီလောက် ကလေးကို လုံးဝအချိန်ပေးပြီး ကလေးနဲ့ကစားပါ။ ကစားရင်းဖြစ်လာတဲ့ ကလေးရဲ့တုန့်ပြန်မှုတွေနဲ့ အပြောအဆိုတွေကို အလေးထားပါ။ မှန်ကန်တဲ့လမ်းကြောင်းပေါ် ပြန်တင်ပေးပြီး ကလေးနားလည်အောင်နဲ့ နားဝင်အောင် (မဆူမဆဲ ၊မရိုက်ဘဲ) သင်ပေးပါ။ ကလေးစကားပြောတတ်ရင် ကလေးစကားကို အလေးထားနားထောင်ပါ။ သူနဲ့အပြန်အလှန်ပြောဆိုဆွေးနွေးကျင့် လုပ်ထားပါ။ ဒီလိုဆိုရင် သူ့အယူအဆနဲ့ သူ့တွေးခေါ်မှုတွေကို ကိုယ်သိလာမှာပါ။ မှားနေရင် မှန်ကန်တဲ့လမ်းကြောင်းပေါ် ပြန်တင်ပေးပါ။ ဒီလိုနည်းတွေနဲ့ ကလေးကို အချိန်ပေးလို့ မှန်ကန်တဲ့လမ်းကြောင်းပေါ် နေ့စဉ်ပြန်တည့်မတ်ပေးရမှာပါ။ အချိန်လွန်သွားမှဆိုရင်တော့ ဒီအကျင့်စရိုက်တွေ ကလေးမှာ ခေါက်ရိုးကျိုးလို့ ပြင်မရဖြစ်နေလိမ့်မယ်။ အထူးသဖြင့် ကလေးဆယ်ကျော်သက်အရွယ်မှ ဒီအကျင့်ကြီးစွဲနေတာ ပြင်ပေးလို့မရမှန်းသိတယ်ဆို အရင်ဆုံး အပြစ်တင်ရမှာ ကိုယ် ကိုယ်တိုင်ပါပဲ။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%80%e1%80%ad%e1%80%af%e1%80%9e%e1%80%84%e1%80%b9%e1%80%b1%e1%80%95%e1%80%b8%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%81%e1%80%ab/feed/ 0
အလေ့အကျင့်ကောင်းများ ကလေးကိုသင်ပေးဖို့ ကနဦးလိုအပ်ချက်များ http://www.burmesehearts.com/%e1%80%a1%e1%80%b1%e1%80%9c%e1%80%b7%e1%80%a1%e1%80%80%e1%80%ba%e1%80%84%e1%80%b9%e1%80%b7%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-%e1%80%80%e1%80%b1/ http://www.burmesehearts.com/%e1%80%a1%e1%80%b1%e1%80%9c%e1%80%b7%e1%80%a1%e1%80%80%e1%80%ba%e1%80%84%e1%80%b9%e1%80%b7%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-%e1%80%80%e1%80%b1/#respond Mon, 09 Jan 2017 08:03:03 +0000 http://www.burmesehearts.com/?p=73455

မိမိရဲ့ရင်သွေးငယ်တွေမှာ အလေ့အကျင့်ကောင်းတွေ ကိန်းအောင်းပြီး အလေ့အကျင့်ဆိုးတွေ စွဲမနေဖို့ မိဘတိုင်းက လိုလားကြပါတယ်။ အာပေါက်အောင် ပြောဆိုဆုံးမ ၊ ရိုက်နှက်ဆုံးမ ၊ ဒဏ်ပေးဆုံးမတာတွေ လုပ်ကိုင်ပေမယ့် သွန်သင်ဆုံးမလို့မရဘဲ မလုပ်ပါနဲ့ဆိုတဲ့ အလေ့အကျင့်ဆိုးတွေကို လုပ်မြဲအတိုင်းလုပ် ၊ လုပ်ပါဆိုတဲ့ အလေ့အကျင့်ကောင်းတွေကို လိုက်မလုပ်ဘူးဆိုရင် မိဘတွေအတွက် စိတ်ညစ်စရာပါ။ ဒါကို ဘယ်လိုဖြေရှင်းကြမလဲ။

ပထမဦးစွာ ကလေးကို အမြဲတာဝန်ယူလို့ ဆုံးမပဲ့ပြင်သွားမယ့်သူဟာ ဘယ်သူလဲလို့ မိသားစုထဲမှာ အရင်ရွေးချယ်ရမှာပါ။ ဒီလူဟာ ကလေးနဲ့ အချိန်များစွာ ကုန်ဆုံးနေတဲ့သူ ဖြစ်သင့်ပါတယ်။ ကလေးအနားအမြဲနေပြီး ကလေးဘာလုပ် ဘာကိုင်တယ် ၊ ဘာတွေကို စိတ်ဝင်စားလို့ ဘယ်လိုပြောဆိုလုပ်ကိုင်နေတယ်ဆိုတာကို အမြဲလို သတိထားကြည့်နေနိုင်တဲ့သူမှ ကလေးကို ပဲ့ပြင်ထိန်းသိမ်း ဆုံးမရတာပိုလွယ်ကူမှာပါ။

ကလေးကို အဓိကသွန်သင်ဆုံးမမယ့်သူဟာ ကလေးကိုအချိန်ပေးပြီး အမြဲလို အရိပ်တကြည့်ကြည့် ကြည့်ရှုစောင့်ရှောက်တဲ့သူ ဖြစ်သင့်တာပါ။ အများအားဖြင့်တော့ အဲဒီသူဟာ ကလေးရဲ့မိခင်ဖြစ်နေတတ်ပါတယ်။ မိခင်ဟာ မိမိသားသမီးအပေါ် စိတ်အရှည်နိုင်ဆုံးသူ ဖြစ်တာမို့ ကလေးကို ထိန်းသိမ်းစောင့်ရှောက် ပဲ့ပြင်ဆုံးမဖို့တာဝန် အဓိကနေရာ ယူထားတဲ့သူဟာ မိခင်ဖြစ်သင့်တာပါ။

မိသားစုထဲမှာ ကလေးကို အဓိက ပဲ့ပြင်ဆုံးမမယ့်သူကို ဘယ်အချိန်ကတည်းက စတင်ရွေးချယ်သင့်သလဲလို့ ကျွန်မကိုမေးရင် ကလေးကို ကိုယ်ဝန်စလွယ်တဲ့အချိန်မှာ နောက်အကျဆုံးထားလို့ ရွေးချယ်ပါ။ ရွေးချယ်ထားတဲ့အတိုင်းလည်း အဲ့ဒီသူကို ကလေးနဲ့ပတ်သက်လို့ ဆုံးမသွန်သင်ဖို့ Full Authority (အာဏာအပြည့်အဝ) ပေးထားရမှာပါ။

ကလေးကို အဓိကဆုံးမပဲ့ပြင်သွန်သင်ပေးသူက ဆုံးမပဲ့ပြင်နေတဲ့အခါ ကလေးဘက်ကနေ တစ်ဦးဦးက ဝင်ကာပေးတာ ၊ သူဆုံးမပဲ့ပြင်နေတာကို ဝင်ပြော၊ ဝင်ဟန့်တွမျိုး မလုပ်မိဖို့လိုပါတယ်။ နှစ်ယောက်တည်း သီးသန့်ခွဲနေတဲ့ ဇနီးမောင်နှံတွေမှာ ဒီလိုကိစ္စမျိုးက ရံဖန်ရံခါသာ ဖြစ်တတ်ပေမယ့် မိဘဆွေမျိုးတွေနဲ့ အတူနေတဲ့ ဇနီးမောင်နှံတွေ ကလေးရလာပြီဆိုရင်တော့ ကလေးဝိုင်းထိန်းပေးမယ့်သူတွေရှိသလို ကလေးကို ဝိုင်းဆုံးမတဲ့သူတွေလည်း များနေမှာပါ။ ပစ္စည်းတခုဟာ တလက်ကိုင်ဆို ပိုသန့်သလိုမျိုး ကလေးကို ဆုံးမတဲ့အခါ တစ်ဦးတစ်ယောက်တည်းက အထူးတာဝန်ယူပြီး အစစအရာရာ ဆုံးမပဲ့ပြင်ပေးသွားတာက ပိုထိရောက်ပါတယ်။

ကိုယ်ဆုံးမနေတုန်း အဖေ အမေက ကလေးကိုဝင်ကာတာ ၊ အဖိုးအဖွားတွေက ဝင်ဟန့်တာ ၊ ဦးလေး အဒေါ်တွေက ဝင်ပြောတာ စသဖြင့်သော အလေ့အကျင့်တွေဟာ ကလေးကို ထိထိရောက်ရောက် မဆုံးမ ၊ မပဲ့ပြင်နိုင်တဲ့ အကြောင်းအရင်းတွေထဲက တခုလိုဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကလေးဟာ ဒီလူတွေရဲ့ အကာအကွယ်ကိုယူပြီး အော်ဟစ်ငိုယိုတာ ၊ ဆောင့်အောင့်တာ ၊ လူးလှိမ့်ဆန္ဒပြတာ ၊ အဲဒီလူနောက်ပြေးကွယ်တာ စသဖြင့် အားကိုးရှာပြီး ကိုယ်ပြောဆိုဆုံးမတာတွေကို မနာခံပါဘူး။ ဒီလို အကာအကွယ်ယူလို့ရနေတာနဲ့အမျှ ဘယ်လောက်ပဲ စည်းကမ်းတွေချချ မလိုက်နာတာတွေကိုလည်း ကြုံနေရဦးမှာပါ။

လိုက်နာရမယ့်စည်းကမ်းတွေကို တစ်ဦးဦးရဲ့အကာအကွယ်ယူပြီး မလိုက်နာလည်း ဖြစ်နေတဲ့အခါ ဒီကလေးဟာ စည်းပျက်ကမ်းပျက်ကလေးဖြစ်လာနိုင်တာပေါ့။ နောင်မှ ကလေးဆိုးတယ်ဆိုရင် ဒါဟာ ကလေးအနီးရှိသူအားလုံးရဲ့တာဝန်ပါ။ မွေးကတည်းက မဆိုးတတ်တဲ့ကလေးဟာ သူတို့တွေကြောင့် ကလေးဆိုးလာတာပါ။ အစကတည်းက နည်းမှန်လမ်းမှန် သွန်သင်ဆုံးမ လေ့ကျင့်ပေးသင့်တာတွေကို မလုပ်ခဲ့ဘဲ စည်းလွတ်ဝါးလွတ် ကြီးပြင်းလာစေခဲ့ပြီးမှ ကလေးဆိုးလေးလို့ တံဆိပ်ကပ်လိုက်တာ မဖြစ်သင့်ပါဘူး။ ဒါတွေကို ကြိုတွေးထားရမှာမို့ ကလေးကို တစိုက်မတ်မတ် ဆုံးမပဲ့ပြင်သွားဖို့တာဝန်ကို ကလေးနဲ့ အချိန်အများဆုံး ကုန်ဆုံးလေ့ရှိသူကို ပေးထားတာ အကောင်းဆုံးဖြစ်ပါတယ်။

ကလေးကိုဆုံးမမယ့်သူ ရွေးချယ်ပြီးပြီဆိုရင် ကလေးကိုနည်းမှန်လမ်းမှန် ဘယ်လိုဆုံးမသွန်သင်ရမလဲဆိုတာ ပိုသိနားလည်လာအောင် စာအုပ်စာပေခပ်များများ ပေးဖတ်ရမှာပါ။ လုပ်ချင်တာပဲသိပြီး ဘယ်လိုလုပ်ရမှန်းမသိရင် အလုပ်ကောင်းစွာမပြီးမြောက်နိုင်သလိုမျိုး ကလေးကို ဆိုဆုံးမတဲ့သူဟာ ဘယ်လိုဆိုဆုံးမရမှန်းမသိရင် ခက်ရချည်ရဲ့။ အဆိုးဆုံးမှာ လွဲမှားစွာ ဆိုဆုံးမနေတဲ့အတွက် ကလေးဟာ ဖြစ်သင့်တာမဖြစ်ဘဲ ၊ မဖြစ်သင့်တာတွေ ဖြစ်သွားတာမျိုး ၊ စိတ်ဒဏ်ရာတွေရသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ကျွန်မတို့ ကလေးယူမယ်လို့ ဆုံးဖြတ်လိုက်ကတည်းက ကိုယ်ဝန်အဆင့်ဆင့် ဖွံ့ဖြိုးတိုးတက်လာပုံ ၊ ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရမယ်ဆိုတာတွေကို စာအုပ်တွေဝယ်ပြီး လေ့လာပါတယ်။ အဲဒီအချိန်မှာ ကျွန်မကိုယ်ဝန်မရှိသေးပါဘူး။ ကိုယ်ဝန်စလွယ်တဲ့အချိန်မှာ ကိုယ့်ရဲ့ကိုယ်ဝန်ကို ဘယ်လိုပြုစုစောင့်ရှောက်ထိန်းသိမ်းရမယ်ဆိုတာ ၊ ဘယ်အစာတွေကတည့်ပြီး ဘယ်အစာတွေကမတည့်ဘူးဆိုတာ ၊ ဘာတွေကလုပ်သင့်ပြီး ဘာတွေက မလုပ်ဘူးဆိုတာကို ကောင်းကောင်းနားလည်နေပါပြီ။ ဒါဟာ ကြိုတင်လေ့လာထားခဲ့တဲ့ အကျိုးကျေးဇူးပါ။

ကျွန်မမှာ ကိုယ်ဝန်ရှိလာပြီဆိုကတည်းက ကျွန်မရဲ့ အနားမှာအဖော်လုပ်ပေးတတ်တဲ့ ကျွန်မခင်ပွန်းနဲ့ ကျွန်မမိခင်တို့ကိုလည်း ကလေးကို သွန်သင်ဆုံးမဖို့တာဝန် ကျွန်မကို အပြည့်အဝပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဆိုလိုတာက ကျွန်မကလေးကို ဆုံးမတဲ့အခါ ၊ လေ့ကျင့်ပေးနေတဲ့အခါ ဝင်မစွက်ဖက်ဖို့ ၊ ကလေးဘက်က ဝင်ကာကွယ်ပေးတာမျိုး မလုပ်ဖို့ပါ။ သူတို့သဘောတူပြီးတဲ့နောက် ကလေးကို ဘယ်လိုနည်းမှန်လမ်းမှန် ဆုံးမပဲ့ပြင် လေ့ကျင့်ပေးရမလဲဆိုတာကို စာတွေအများကြီး ကျွန်မဖတ်ပြီး လေ့လာပါတော့တယ်။ အဲဒီအချိန်မှာ ကျွန်မကိုယ်ဝန် နုနုလေးရယ်ပါ။

ကလေးအပြင်ရောက်မှ သွန်သင်ဆုံးမရမယ့်ကိစ္စကို ကလေးဗိုက်ထဲမှာကတည်းက ဘာလို့ ဖတ်ရှုလေ့လာနေသလဲဆိုတော့ ပွဲမဝင်ခင် အပြင်က လေ့ကျင့်နေတာပါ။ ပွဲစမှ မီးစင်ကြည့်ကမယ်ဆိုရင် ကလေးတစ်ယောက် ထိန်းသိမ်းစောင့်ရှောက်တယ်ဆိုတာ ပွဲတပွဲ ဝင်ကလိုက်တာမျိုး မဟုတ်ဘူးလေ။ ကလေးဘဝတသက်လုံးစာ ဆောင်ရန် ၊ ရှောင်ရန်တွေကို ကလေးငယ်စဉ်ကတည်းက အကျင့်ပါသွားအောင် သွန်သင်လေ့ကျင့်ပေးသွားရမှာဆိုတော့ တဘဝလုံးနဲ့ဆိုင်တယ်။

ကြိုမလေ့ကျင့်ထားခဲ့ဘဲ ပွဲရောက်မှ မီးစင်ကြည့်ကလို့ ပွဲမလှရင် ဘာမှ ဒီလောက်ထိ မဆုံးရှုံးနိုင်ဘူး။ မသကာ ကတဲ့သူအရှက်ကွဲရုံပေါ့။ ကလေးကို သူ့အချိန်နဲ့သူ နည်းမှန်လမ်းမှန် သွန်သင်ဆုံးမလေ့ကျင့်မှု မပေးနိုင်ခဲ့ရင်တော့ ကလေးဘဝဟာ မလှမပဖြစ်နိုင်တယ် ၊ ပျက်စီးသွားနိုင်တယ် ၊ စိတ်ဒဏ်ရာ ရသွားနိုင်တယ် ၊ အဆိုးဆုံးမှာ မသိတတ်မလိမ္မာတဲ့ သားသမီးဆိုးကြောင့် ကိုယ့်ဘဝနေဝင်ချိန်မှာ စိတ်ဆင်းရဲ ၊ ကိုယ်ဆင်းရဲနဲ့ ဘဝဇတ်သိမ်းသွားနိုင်တယ်လေ။

ကလေးကို ဆိုဆုံးမတဲ့သူဟာ ကလေးကိုနားလည်မှုပေးပြီး ဘယ်အချိန်မှာ ဘယ်လို ဆုံးမပဲ့ပြင်လို့ လေ့ကျင့်ပျိုးထောင်ပေးသွားမလဲဆိုတာ ကောင်းကောင်း သိနားလည်ထားသင့်ပါတယ်။ ဒီလိုဆိုဆုံးမတဲ့အခါမှာလည်း မတင်းလွန်း ၊ မလျှော့လွန်း ၊ တခါတလေတင်းလိုက် ၊ တခါတလေလျှော့လိုက် ၊ တခါတလေ လွှတ်ပေးလိုက်နဲ့ ကလေးရဲ့ အရိပ်အကဲကို ကောင်းကောင်းသိနားလည်လို့ လေ့ကျင့်ပျိုးထောင်ပေးသွားရမှာပါ။

ကလေးရဲ့အရိပ်အကဲကို ကောင်းကောင်းသိနားလည်ဖို့ဆိုတာ ကလေးရဲ့အထာကို ကောင်းကောင်း သိနားလည်ထားဖို့လိုသလို ဘယ်အချိန်မှာ ဘယ်လို ထိန်းသိမ်းပဲ့ပြင်သွားရမယ်ဆိုတာလည်း အမြဲသတိရှိနေဖို့လိုပါတယ်။ ထိန်းသိမ်းပဲ့ပြင်ပေးရမယ့်အချိန်မှာ ရေချိန် အတိုးအလျှော့နဲ့ လိုသလို ထိန်းသိမ်းပဲ့ပြင်သွားရမှာမို့ ကလေးရဲ့ရေချိန်ကို ကိုယ်ကောင်းကောင်း သိနားလည်ထားရမှာဖြစ်သလို ကိုယ့်ရေချိန်ကိုလည်း ကလေး ကောင်းကောင်း သိနားလည်အောင် လေ့ကျင့်ပေးထားရပါမယ်။

ရေချိန်ဆိုတာဘာလဲ။ ရေချိန်ဆိုတာ ဘယ်လိုအသံနှုန်း ၊ ဘယ်လိုသတိပေးနှုန်း ၊ ဘယ်အခြေအနေရောက်ပြီဆိုရင်ဖြင့် ရပ်သင့်ပြီဆိုတာကို ဆိုလိုတာပါ။ ကလေးဘယ်အခြေအနေမှာ ဒီအပြောအဆို ၊ ဒီအပြုအမူ ၊ ဒီအကျင့် မရပ်ရပ်အောင် အမြစ်ဖြတ်ဆုံးမသင့်တယ် ၊ ဘယ်အခြေအနေအထိ နားလည်မှုပေးပြီး လွှတ်ထားသင့်တယ်ဆိုတာ ဆိုဆုံးမသူက ကောင်းကောင်း နားလည်ထားရမှာဖြစ်သလို ဘယ်အခြေအနေမှာတော့ အမေဘယ်လောက်ထိ စိတ်တိုနေပြီး ၊ ဘယ်အခြေအနေဆိုရင်တော့ ငါရပ်ကိုရပ်မှဖြစ်တော့မယ်ဆိုတာကိုလည်း ကလေးက ဆိုဆုံးမတဲ့ မိခင်ရဲ့ အရိပ်အခြည် ၊ အသံနှုန်း ၊ ဒေါသနှုန်းတွေကို ကောင်းကောင်းနားလည်အောင် လေ့ကျင့်ပေးထားဖို့ လိုပါတယ်။ ဒါတွေကောင်းကောင်း သိနားလည်ထားပြီဆိုရင်ဖြင့် တစ်ယောက်ရဲ့ရေချိန် တစ်ယောက်ကောင်းကောင်း သိနေပြီပေါ့။

လူဆိုတာ တစ်ဦးနဲ့တစ်ဦး အကျင့်ဗီဇ ၊ စရိုက် ၊ ဆန္ဒနဲ့ အကြိုက်တွေ လုံးဝကြီးထပ်တူကျမနေနိုင်ဘူး။ ဒီအပေါ်လိုက်လို့ အပြုအမူ ၊ အပြောအဆိုတွေလည်း မတူညီကြတာပါ။ ဘဝဆိုတာ ပုံသေနည်းတခု ချတွက်နေသလိုမျိုးမဟုတ်ဘူး။ Live ဖြစ်နေတာမို့ ဘယ်အချိန်မှာ ဘာဖြစ်မယ်လို့ ကြိုမသိနိုင်ဘူး။ ဒီိလိုကြုံလာရင် ဒါလုပ်ရမယ်လို့ ကောင်းကောင်းသဘောပေါက်ထားသည့်တိုင် တကယ်ကြုံလာတဲ့အချိန်မှာ လုပ်သင့်တာမလုပ်ဖြစ်ဘဲ ၊ မလုပ်သင့်တာ လုပ်ဖြစ်သွားတာမျိုး ၊ လုပ်ခဲ့မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် သီအိုရီကိုချည်းပဲ ကျက်နေလို့မရဘူး။ စာတွေ့ချည်းပဲ အလွတ်ကျက် အပိုင်ရနေလို့ ငါတော်လှချည်ရဲ့ မှတ်နေလို့မရဘူး။ သီအိုရီကို လက်တွေ့နဲ့ ပေါင်းစပ်လုပ်ကိုင်ကြည့်လို့ ထွက်လာတဲ့ရလဒ်ကမှ ကောင်းကျိုး ၊ ဆိုးကျိုးဆိုတာကို ဆုံးဖြတ်နိုင်တာပါ။ စာဖတ်အားလည်းနည်း ၊ စာတွေ့မှာလည်းမပိုင် ၊ လက်တွေ့ကြုံတော့မှ အဆင်ပြေသလို ကြည့်လုပ်ကြတာပေါ့ဆိုရင် ဘဝစာမေးပွဲရလဒ်ဟာ ဘယ့်နှယ့်ရှိမလဲ။

အမှားကြီးကြီးမလုပ်မိလို့ ဆိုးရွားမှုကြီးကြီးမားမား မကြုံရရင်တောင် လိမ်ဖယ် လိမ်ဖယ်လေး သွားနေမှာပေါ့။ ဒါကြောင့်မို့လို့ ပွဲမဝင်ခင် အပြင်ကကျင်းပ ၊ အစစ်ကြီးမတိုင်မီ အစမ်းလေ့ကျင့်ရင်း ကလေးမရခင် ကလေးကို နည်းမှန်လမ်းမှန် ဘယ်လိုဆုံးမသွန်သင်သွားရမလဲဆိုတာကို ဖတ်မှတ်ခိုင်းတာပါ။ ကလေးအပြင်ရောက်ပြီဆိုတာနဲ့ ကလေးတာဝန်တွေ ၊ အိမ်တာဝန်တွေများလွန်းလို့ စာဖတ်ချိန်နည်းလာတတ်ပါတယ်။ အထူးသဖြင့် မိခင်တွေပေါ့။

ကလေးကို အလေ့အကျင့်ကောင်းတွေ လေ့ကျင့်ပေးဖို့ဆိုတာ ကလေးနဲ့ အနီးကပ်ဆုံးရှိနေတဲ့ ကလေးမိဘနဲ့ အိမ်ရှိလူကုန် ၊ ကလေးမြင်တွေ့ဆက်ဆံနေရသူတွေဟာလည်း အရေးကြီးနေပါတယ်။ ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့လို့ ကလေးကို သွန်သင်ဆုံးမမယ်ဆို ကြောက်ရတဲ့မိဘရှေ့ ကာလအတိုင်းအတာတခုလောက်အထိ မိဘပြောသလိုလုပ်မှာပါ။ ဒါပေမယ့် အမြဲတမ်းဖြစ်နေမှာကတော့ ကလေးဟာ ကိုယ်ပြောသလိုမလုပ်ဘဲ ကိုယ်လုပ်သလို လိုက်လုပ်မှာပါ။

မိဘနှစ်ဦးစလုံးမှာ တကယ်ကို ဒီလိုပြောကျင့် ၊ လုပ်ကျင့်တွေ ရှိမနေဘဲ ကလေးဟာ တခြားဆိုးရွားတဲ့အကျင့်တွေ ပြောနေ ၊ လုပ်နေ ၊ တတ်နေတယ်ဆိုရင် အကျင့်ကူးတာပါ။ ဒီလိုပြောဆိုလုပ်ကိုင်တတ်သူတွေ ကလေးအနားမှာရှိနေလို့ ၊ ဒါမှမဟုတ်ရင် ကလေးကြည့်ရှုနေတဲ့ ကာတွန်းတွေ ၊ ကလေးတက်နေတဲ့ ကျောင်းကနေ ကူးလာတာမျိုးလည်း ဖြစ်နေနိုင်ပါတယ်။ အကျင့်ဆိုးတွေ စွဲစွဲမြဲမြဲလုပ်ဖြစ်သွားတော့မှ ပြင်မယ်ဆိုရင် ပြင်ရခက်တာပေါ့။

ကလေးကို အမြဲလို အရိပ်အကဲကျင့်ပြီး ဆုံးမနေသူက ကလေးအပြောအဆို ၊ အမူအကျင့်တွေ စတင်ပြောင်းလာတာနဲ့ သတိထားမိပါတယ်။ သတိထားမိရင် အချိန်မီပဲ့ပြင်ဆုံးမနိုင်တာပေါ့။ ဒါကြောင့် ကလေးကို ဆိုဆုံးမပဲ့ပြင်တဲ့သူဟာ ကလေးကို အမြဲလိုအချိန်ပေးနိုင်ပြီး ကလေးအရိပ်အကဲကို ကောင်းကောင်းဖတ်ရှု သတိထားနေတဲ့သူ ဖြစ်သင့်ပါတယ်။

ဘယ်အချိန်ကနေစပြီး ကလေးကို လေ့ကျင့်သင်ကြားပေးသင့်သလဲဆို ကလေးမဟုတ်တာ စတင်ပြောဆို ၊ လုပ်ကိုင်နေချိန်ကနေစပြီး မလုပ်သင့်တာတွေ မပြောဆို မလုပ်ကိုင်မိဖို့ ၊ လုပ်သင့်တာတွေ ပြောဆိုလုပ်ကိုင်မိဖို့ ၊ အတုယူသင့်တာတွေ ယူဖြစ်အောင် သင်ပေးပြီး ၊ အတုမယူသင့်တာတွေ ကလေးမှာ အကျင့်ပါမသွားအောင် လေ့ကျင့်သင်ကြားပေးသွားရမှာပါ။

မဟုတ်တာတွေ မလုပ်သေးတဲ့ကလေးကို ဒါမလုပ်ရဘူးလို့ ကြိုဆုံးမထားရင် ဒါလုပ်ချင်အောင် သွယ်ဝိုက်သတိပေးသလို ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ကြိုတင်စိုးရိမ်ပြီး ဆုံးမတာမျိုးမလုပ်ဘဲ လုပ်တဲ့အချိန်မှ ဒါဟာ မပြောသင့် ၊ မလုပ်သင့်တာ ၊ ဒီလိုပြောဆိုလုပ်ကိုင်မယ့်အစား ဘယ်လိုပြောဆိုလုပ်ကိုင်သင့်တယ်ဆိုတာ ကလေးနားလည်အောင် ၊ အကြောင်းအကျိုးပြပြီး သွန်သင်ဆုံးမပဲ့ပြင်ပေးသွားတတ်ဖို့ လိုပါတယ်။

အနုပညာဆိုတာ ရသမြောက်အနုပညာတခုဖြစ်လာဖို့ စိတ်ကူးပုံဖော်လုပ်ကိုင်ရသလိုမျိုး ကလေးတစ်ယောက်ကို ပဲ့ပြင်ဆုံးမသွားတယ်ဆိုတာ တကယ့်ကိုလေ့းနက်တဲ့ အနုပညာတရပ်ပါ။ ကလေးဆိုတာ ခံစားမှုတွေ ထိလွယ်ရှလွယ် နုနယ်လွန်းတယ်။ ဒီလိုနုနယ်တဲ့ ကလေးငယ်လေးတွေကို ရင့်ကျက်တဲ့အတွေးအခေါ်နဲ့ အပြုအမူတွေ ဘဝတသက်တာလုံးပါသွားအောင် ဦးနှောက်ထဲ ၊ နှလုံးသားထဲ ထည့်သွင်းဆုံးမ ပဲ့ပြင်သွားဖို့ဆိုတာ လွယ်ကူတဲ့အလုပ်လားနော်။ ကျွန်မတို့တွေဟာ ကျွန်မတို့မျိုးဆက်တွေရဲ့နောင်ရေးအတွက် အကောင်းဆုံးအနုပညာကို ရသမြောက်အောင် ပုံဖော်ထုဆစ်သွားကြရမှာပါ။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%a1%e1%80%b1%e1%80%9c%e1%80%b7%e1%80%a1%e1%80%80%e1%80%ba%e1%80%84%e1%80%b9%e1%80%b7%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-%e1%80%80%e1%80%b1/feed/ 0
ကလေးကို စိတ်ပါလက်ပါ အစာစားစေချင်ရင် http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%95%e1%80%ab%e1%80%9c%e1%80%80%e1%80%b9%e1%80%95%e1%80%ab-%e1%80%a1%e1%80%85%e1%80%ac%e1%80%85/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%95%e1%80%ab%e1%80%9c%e1%80%80%e1%80%b9%e1%80%95%e1%80%ab-%e1%80%a1%e1%80%85%e1%80%ac%e1%80%85/#respond Sun, 08 Jan 2017 05:43:05 +0000 http://www.burmesehearts.com/?p=73432

ဘာကြောင့် ကလေးကို ခွံ့ကြသလဲဆိုတာ ကျွန်မခံစားရသလောက်နဲ့ တွေ့ရှိရသလောက် ပြောရမယ်ဆို လသားအရွယ်ငယ်ငယ် ကလေးကို ထမင်းကျိတ်ပြီးခွံ့တာ ၊ ဝါးခွံ့တာတွေကိုလုပ်ရင်းနဲ့ ကလေး သူ့ဘာသာသူစားတတ်အောင် လေ့ကျင့်ပေးဖို့ အချိန်နောက်ကျသွားတာကနေ စပါတယ်။

ကလေးကို သူ့ဘာသာသူ စစားတတ်အောင် လေ့ကျင့်ခွင့်ပေးဖို့ နောက်ကျသွားတဲ့အခါ ကလေးဟာ ကိုယ့်ဘာသာကိုယ် စားရမှာကိုပျင်းရိပြီး ကိုယ်ငယ်စဉ်အရွယ်မှာ လူကြီးကမခွံ့ပေးရင် ကိုယ့်ကိုပစ်ပယ်ထားသလိုလို ခံစားလာတတ်ပါတယ်။ ဒီခံစားချက်ကြောင့်ပဲ လူကြီးခွံ့မှ စားတဲ့အကျင့် ကလေးငယ်မှာ စစွဲလာပါတယ်။

အိမ်မှာနေတဲ့အရွယ် လူကြီးခွံ့မှစားတာဟာ အကြောင်းမဟုတ်ပေမယ့် ကျောင်းပျော် သို့မဟုတ် မူကြိုစနေတဲ့အရွယ် (အိမ်နဲ့စခွဲရချိန်) မှာ ကိုယ့်ဘာသာ မစားတတ်တဲ့ကလေးဟာ စဒုက္ခတွေ့ပါတော့တယ်။ ဆရာမတွေက အိမ်ကလူကြီးမဟုတ်တာမို့ ကိုယ့်ကလေးတစ်ယောက်တည်းကို နေ့စဉ် ထိုင်ခွံ့ပေးနိုင်တာ မဟုတ်ဘူးလေ။ ခွံ့ပေးတယ်ထားဦးတော့ ဒါဟာ အကျင့်ကောင်း သင်ပေးတာမဟုတ်ဘဲ ကလေးကို ကိုယ့်အားကိုယ်ကိုးတတ်ဖို့ ၊ ကိုယ့်တာဝန်ကိုယ်ယူတတ်ဖို့ သင်ပေးရမှာပျက်ကွက်နေတာပါ။

အိမ်ကခွံ့မှစားတဲ့အကျင့် ကလေးကြီးတွေမှာ စွဲနေတုန်းပဲဆိုရင် မူလတန်းကျောင်း တက်သည့်တိုင် ထမင်းချိုင့်ထဲမှာ ထမင်းဟင်းကျန်တွေ အိမ်ပြန်ပါလာဦးမှာဖြစ်ပါတယ်။ သူမကြိုက်တဲ့အစာတွေမို့လို့ သူမစားလာတာလားဆိုပြီး သူကြိုက်တဲ့ဟင်းနဲ့ ထမင်းချိုင့်ထည့်ပေးလိုက်သည့်တိုင် ဟင်းတွေပဲကုန်ပြီး ထမင်းကျန်တွေ အိမ်ပြန်ပါလာတဲ့ အဖြစ်မျိုးနဲ့ ကြုံတွေ့ရနိုင်ပါသေးတယ်။

ကလေးဟာ တကယ်ခွန်အားဖြစ်စေမယ့်အစာတွေကို မခုံမင်ဘဲ သွားရည်စာတွေ ၊ အချိုအချဉ်စတဲ့ အစာတွေကို ခုံမင်နေတာမျိုး ၊ အိမ်က လတ်လတ်ဆတ်ဆတ်ချက်တဲ့ ထမင်းကို ခုံခုံမင်မင်မစားဘဲ အပြင်စာတွေကိုပဲ ခုံမင်နေတာမျိုးလည်းဖြစ်နိုင်ပါသေးတယ်။ ဒီလိုတွေမဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲလို့ ကျွန်မကိုမေးရင် အမြစ်ကနေ မြေလှန်လို့ ကလေးကို ငယ်ငယ်လေးကတည်းက ခွံ့ကျွေးမှစားတဲ့အကျင့်မျိုးကို မမွေးပါနဲ့လို့ ပြောရမှာပါ။

လူကြီးခွံ့မှ ကလေးစားတယ်ဆိုတဲ့အကျင့်ကြီး စွဲလာတယ်ဆိုတာ ကလေးကို ဒီအကျင့်ကြီးစွဲလာအောင် အမြဲခွံ့ကျွေးတတ်တဲ့ လူကြီးကြောင့်ဖြစ်လာတာပါ။ ဒီအကျင့်ကို လူကြီးကလုပ်ခဲ့လို့ ကလေးဟာ ခွံ့ကျွေးမှ စားတဲ့အကျင့်စွဲလာတာပါ။ လူကြီးတွေက ဘာကြောင့် ကလေးတွေကို ထမင်းခွံ့တဲ့အကျင့် စွဲစွဲမြဲမြဲလုပ်လာဖြစ်သလဲဆိုတာကို လေ့လာကြည့်ရအောင်နော်။

ကလေးကို အစာစတင်မိတ်ဆက်တဲ့အချိန်မှာ နို့လို အရည်ကျဲတဲတဲ ထမင်းရည် ၊ ကြက်ပြုတ်ရည်စသဖြင့်ကို ခွံ့တိုက်ရတယ်။ ဒါတွေ သူလက်ခံစားလာတဲ့နောက်ပိုင်း ခပ်ပျစ်ပျစ်လေးတွေ ခွံ့ရတယ်။ နောက်ပိုင်းမှာ ဆန်ကွဲစေ့ မကွဲတကွဲ ၊ မကျေတကျေ ထမင်းလေးတွေကို သွားပေါက်ခါစ ကလေး ဝါးစားတတ်အောင် ခွံ့ရပြန်ရော ၊ သူသွားဖုံးနဲ့ကျိတ်ပြီး ဝါးစားတတ်တဲ့ နောက်ပိုင်းမှာ ဆန်ကွဲစေ့လောက်လေးကို ကျွေးရပါတယ်။ ဒါဟာ ကလေးကို အစာစတင်မိတ်ဆက်တဲ့ အဆင်တွေ့ပေါ့။

မခွံ့မဖြစ် ခွံ့ရတဲ့ အရည်လို ၊ ခပ်ပျစ်ပျစ် အနေအထားလို ၊ မညက်တညက် အနေအထားမှာ ခွံ့ကျွေးရမှာပေါ့။ ဘာဖြစ်လို့လဲဆိုရင် အဲဒီအရွယ်လေးတွေက ကိုယ့်ဘာသာ ပါးစပ်ထဲအရောက် မထည့်တတ်သေးဘဲ မှောက်ချပစ်မယ်ချည်း တရွယ်ရွယ်ဖြစ်နေတဲ့ ခြောက်လဝန်းကျင် အရွယ်လေးတွေ ဖြစ်နေလို့ပါ။ ဒါပေမယ့် ဘာတွေ့တွေ့ ပါးစပ်ထဲကောက်ထည့် ၊ ကောက်စားဖို့ အဆင်သင့်ဖြစ်နေတဲ့ ခုနှစ်လကျော် ရှစ်လအရွယ်ကနေစပြီးတော့ သူ့ဘာသာသူ ဆန်ကွဲစေ့လောက် ထမင်းလေးတွေ ၊ အဲဒီလောက်အရွယ် အသား ၊ အရွက်လေးတွေ ၊ ခေါက်ဆွဲ ၊ ကြာဇံဖတ် သေးသေးလေးတွေကို သူ့ဘာသာသူ ကောက်စားတတ်အောင် လူကြီးက အနားမှာ အဖော်နေပြီးတော့ လေ့ကျင့်ပေးရမှာပါ။

သူ့ဘာသာသူ စတင်ကောက်စားရမယ့်အရွယ်မှာ သူ့မျက်နှာ ၊ သူ့အဝတ်အစားနဲ့ သူ့အနီးဝန်းကျင်မှာ ပေကျံနေမှာပါ။ ဒီလိုပေကျံညစ်ပွနေတာကို လိုက်ရှင်းရတဲ့အလုပ် ရှုပ်လို့လည်း လူကြီးတွေ ခွံ့ကျွေးလိုက်တာ ပိုသက်သာတယ်ဆိုပြီး ကလေးသူ့ဘာသာမစားစေဘဲ ဆက်ခွံ့ကျွေးနေဖြစ်တာပါ။ တကယ်ဆို ရေရှည်အတွက် ရည်ရွယ်လို့ အခုမှာ အလုပ်ရှုပ်ခံပြီး ကလေးသူ့ဘာသာသူ စားတတ်အောင် ၊ စားချင်အောင် ကိုယ်က အနားကနေ ကြီးကြပ်ပြီး သင်ပေးလိုက်လို့ သူ့ဘာသာသူ စားတတ်သွားတဲ့နောက်ပိုင်းမှာ သူ့ကို ထမင်းစောင့်ခွံ့ရတဲ့အလုပ်တခု သက်သာသွားမှာဖြစ်ပါတယ်။

ကျွန်မသမီးအလှည့်တုန်းက အစားအရမ်းကြီးလို့ လေးလစွန်းစွန်းကတည်းက ထမင်းရည်ကျဲနဲ့ အသားပြုတ်ရည်ကြည်ကို စတင်မိတ်ဆက်ခဲ့တယ်။ ခြောက်လအရွယ်လောက်မှာ သူ့ဘာသာသူ ဆန်ကွဲစေ့အရွယ် ထမင်းလေးတွေ ၊ ညှပ်ခေါက်ဆွဲဖတ်လေးတွေ ၊ ခေါက်ဆွဲနဲ့ ကြာဇံဖတ် အတိုအပြတ်လေးတွေကို လိုက်ကောက်စားတတ်အောင် လေ့ကျင့်ပေးခဲ့တယ်။ ပထမတော့ ကိုယ်ကလည်းခွံ့ ၊ သူ့ကိုလည်း ကောက်စားနိုင်အောင် မကွဲနိုင်တဲ့ ပန်းကန်ပြားကြီး (ဗန်းလိုမျိုး)မှာ ချပေးထားတာပါ။ နောက်ပိုင်း သူ့ဘာသာသူ ခပ်များများကောက်စားပြီး ကိုယ်က နည်းနည်းပဲ ခွံ့ပေးတော့တယ်။ ဖိတ်ပေတာတွေများတာမို့ အရင် ကိုယ်ခွံ့ရင် သူစားနေကျထက် နည်းနည်းချင်းစီ ထပ်ဖြည့်ပေးတယ်။

ဇွန်းကို ဟန်ကျပန်ကျကိုင်ပြီး ပါးစပ်ထဲရောက်အောင် မထည့်တတ်သေးတဲ့ ကလေးဟာ ဇွန်းချော်ထိုးရင် သူ့သွားဖုံးနုနုလေးတွေ နာတာမို့ သူ့ဘာသာ လက်မှန်းတည့်အောင် လက်နဲ့ကောက်စားတဲ့နည်းကို အချိန်ကာလ အတိုင်းအတာတခုအထိ အသုံးပြုနိုင်ပါတယ်။ သူ့ဘာသာစားကျင့် ကောင်းကောင်းရလာရင် စတီးမဟုတ်တဲ့ ဇွန်းတွေ  ၊ ခရင်းတွေနဲ့ ကလေးစားတတ်အောင် သင်ပေးပါ။ သင်စမှာ စတီးဇွန်း ၊ ခရင်းတွေက ကလေးချော်ထိုးမိရင် ပိုနာကျင်စေတာမို့ ဇွန်း၊ခရင်း စလေ့ကျင့်ပေးချိန်မှာ ဒါတွေမသုံးခိုင်းတာပါ။ နောက်ပိုင်း ကျွမ်းကျွမ်းကျင်ကျင် ကိုင်စားနိုင်ပြီဆိုရင်တော့ စတီးဇွန်း ၊ ခရင်းတွေနဲ့ စားစေလို့ရပါတယ်။

ဘယ်ဟာမဆို ကလေးကို လုပ်စေချင်လို့ စသင်တဲ့အချိန်မှာ သူ့အတွက် လွယ်လင့်တကူ မနာမကျင် လုပ်ကိုင်နိုင်စေမယ့် နည်းလမ်းနဲ့ ပစ္စည်းတွေက သူဒါကို ရှေ့ဆက်လုပ်ချင်စိတ်ဖြစ်အောင် ဆွဲဆောင်နိုင်ပါတယ်။ ကိုယ်သင်ပေးတဲ့ နည်းလမ်းဟာ သူ့အတွက် ခက်ခဲနေမယ် ဒါမှမဟုတ် သူ့အတွက် နာကျင်သွားစေတာမျိုး ၊ သုံးရတာ အဆင်မပြေတာမျိုး ဖြစ်နေပြီဆိုရင် ကလေးဟာ ဒါလုပ်ဖို့ ကြောက်ရွံ့ငြင်းဆန်နေနိုင်ပါတယ်။

ဒါကိုလူကြီးက နားမလည်ဘဲ ဖိအားပေးလုပ်စေမယ်ဆိုရင် ကလေးဟာ လူကြီးရှေ့မှာ လူကြီးကို ကြောက်လို့သာ လုပ်ဖြစ်သွားတာမို့ ကျေကျေနပ်နပ် ၊ လိုလိုချင်ချင် လုပ်ကိုင်ချင်တာမျိုး မဟုတ်ဘူးလေ။ မကျေနပ်စိတ်အခံနဲ့ လူကြီးအကြိုက် လိုက်လုပ်ရတာများတဲ့ကလေးဟာ နောင်တချိန်မှာ အဲဒီလူကြီးနောက်ကွယ် အဲဒီလူကြီးမကြိုက်တာတွေကို မကျေနပ်တဲ့ အငုံစိတ်ကလေးနဲ့ ခိုးလုပ်လာတတ်ပါတယ်။

ကလေးဟာ ကိုယ့်နောက်ကွယ် ဘာကြောင့် ခိုးလုပ်လာတတ်သလဲ ၊ ဘာကြောင့် ကိုယ့်ကို လိမ်ညာတတ်သလဲဆိုတဲ့ မေးခွန်းရဲ့နောက်ကွယ်မှာ ကလေးဟာ ကိုယ့်အကြိုက်တွေကို သူမကြိုက်ဘဲ လိုက်လုပ် ၊ လိုက်ပြောခဲ့ရလို့လည်း ဖြစ်နိုင်ပါတယ် ၊ သူ့အကြိုက်တွေလုပ်ဖို့ အခွင့်မသာခဲ့တာမို့ ပိတ်ပင်တတ်တဲ့ လူကြီးတွေနောက်ကွယ် စမ်းလုပ်ရင်း ခိုးလုပ်ဖြစ်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ် ၊ ရွဲ့လုပ်တာနဲ့ အတုခိုးမှားတာတွေလည်း ဖြစ်နိုင်ပါတယ်။

သူ့ဘာသာသူ စားတတ်နေတဲ့ ကလေးကိုကျွေးတဲ့အခါ ကိုယ်ကျွေးတဲ့အစာကို သူခုံခုံမင်မင် စားစေချင်ရင် သူ့ကို ကိုယ်စားစေချင်တာကိုချည်း ရွေးကျွေးတာမျိုးမဟုတ်ဘဲ သူစားနေတဲ့အရာကို ကြိုက်လာအောင်နဲ့ သူကြိုက်တဲ့အရာတွေကိုလည်း သတိထားပြီးကျွေးမိအောင် လုပ်ရပါမယ်။ သူစားနေတဲ့အရာကို ကြိုက်လာအောင် ကိုယ်တိုင်က ခုံခုံမင်မင် (ဟန်လုပ်စားတာမျိုးမဟုတ်ဘဲ) စားရပါမယ်။ ကလေးဟာ သူ့ကိုကောင်းတယ်လို့ပြောတာကို ကောင်းတယ်လို့မထင်ဘဲ လူကြီး ခုံခုံမင်မင် စားနေတဲ့အရာတွေကိုမှ ကောင်းတယ်ထင်တာမို့ သူ့ရှေ့မှာ ကိုယ်တိုင်က သူ့ကို ကိုယ်စားစေချင်တာတွေကို ခုံခုံမင်မင် စားပြရမှာပါ။

ဒီလို ကိုယ်ခုံခုံမင်မင် စားပြနေတဲ့ အရာတွေထဲမှာမှ သူကြိုက်တာ ၊ မကြိုက်တာကိုလည်း သူရွေးချယ်စားဦးမှာပါ။ ဒါဟာ သူ့ရွေးချယ်မှုမို့ သူ့ဆန္ဒကို ကိုယ်က လေးစားရမှာပါ။ ဆိုလိုတာက ကိုယ်စားစေချင်တဲ့အစာကို သူမကြိုက်လို့မစားရင် အတင်းဖိအားပေးလို့ ချော့ကျွေး ၊ ခြောက်ကျွေးတာမျိုး မလုပ်ပါနဲ့ ။ အဲလိုလုပ်ရင် ကလေးဟာ ပိုငြင်းဆန်လာတတ်တယ်။ ဒါကြောင့် သူ့ဆန္ဒကို လက်ခံလိုက်ပါလို့ပြောတာပါ။

နို့သောက်သင့်တယ်ဆိုပေမယ့် နို့မသောက်ရင် နို့ပါတဲ့ အစားအသောက်တွေ သူစားဖြစ်အောင် တဖက်လှည့် ကျွေးရမှာပေါ့။ ဒီအတိုင်းပဲ အသား ၊ ကြက်ဥ ၊ ဘဲဥ ၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ ဘယ်လောက် အားဖြစ်စေတယ် ပြောပြော ကလေးကမစားရင် သူကြိုက်တတ်တဲ့ အစာတွေထဲ အာဟာရပြည့်တာတွေကို အရည်ဓါတ်လေးပဲပါပါ ၊ အာဟာရပါသွားသွား ထည့်ချက်ပါ။

သူ့ကျွေးတဲ့အခါ ဒါတွေ သူလက်မခံသေးရင် ဒါတွေပါတာ သူမသိလေအောင် ဖယ်ထုတ်ပြီးမှ သူ့ပန်းကန်ထဲထည့်ပေါ့။ သမီးလေး သုံးနှစ်နီးပါးအထိ အသား ၊ ငါး ၊ နို့နဲ့ ဥအမျိုးမျိုးကို သူမကြိုက်တာမို့ ဒီနည်းနဲ့ပဲ ကျွန်မကျွေးခဲ့တာပါ။ မွေးကတည်းကနေ အခု လေးနှစ်နီးပါးအထိ တခါမှ အားဆေးတွေ ၊ ဗီတာမင်ဆေးတွေ မတိုက်ခဲ့ဘူးပဲနဲ့ ကြံ့ခိုင်ကျန်းမာနေတာ သူစားတဲ့အစာတွေကြောင့်ပါ။ အစာလည်းဆေး ၊ ဆေးလည်းအစာပါ။

ကလေးဟာ သူစားတဲ့အစာကို ခုံခုံမင်မင် အားပါးတရစားတတ်အောင် လေ့ကျင့်ပေးဖို့ အဓိကလိုအပ်ချက်ကတော့ ဒီလိုစားတတ်အောင် လေ့ကျင့်သင်ကြားပေးတဲ့ မိခင် (သို့မဟုတ်) လူကြီးရဲ့ စိတ်ရှည်သည်းခံမှုပါ။ ဒီလူကြီးချက်ပေးလိုက်တဲ့အစာတွေကို ခုံခုံမင်မင်စားအောင် ၊ အားပါးတရ နှစ်နှစ်ခြိုက်ခြိုက် စားအောင်ဆိုတာ ကလေးနဲ့ ဒီလူကြီးအကြားက သံယောဇဉ် ၊ တွယ်တာမှု ၊ ယုံကြည်မှု ၊ အပြန်အလှန် ချစ်ခင်မှုတွေ ရှိမနေဘူးဆိုရင် ကလေးဟာ ကိုယ်စားစေချင်တဲ့အစာကို ခုံခုံမင်မင် မစားပါဘူး။ ဘာဖြစ်လို့လဲဆိုရင် သူတို့နှစ်ဦးအကြားမှာ အပြန်အလှန် ချစ်ခင်တွယ်တယ်မှုနဲ့ ယုံကြည်မှုတွေ ခိုင်မာစွာ မတည်ဆောက်နိုင်သေးလို့ပါ။

တကယ်လို့များ ကိုယ့်ကလေးဟာ အိမ်မှာ ထမင်းကောင်းကောင်းမစားပေမယ့် မူလတန်း ၊ အလယ်တန်း ၊ အထက်တန်းကျောင်းက ပြန်လာရင် ထမင်းဗူးပြောင်အောင်စားထားလို့ စိတ်ကျေနပ်နေတယ်ဆို ကိုယ်က ကလေးရဲ့ လှည့်စားမှု ခံနေရတာပါ။ ကြောက်ရမယ့် မိခင်ရှေ့မှာတောင် အိမ်ကအစာကို ကောင်းကောင်း မစားဘူးဆိုရင် မိခင်မျက်ကွယ် ကျောင်းမှာ သူ့ထမင်းဗူးထဲက ထမင်းဟင်းတွေအကုန်စားခဲ့တယ်ဆိုတာ ယုံစရာကောင်းပါ့မလား။

ထမင်းဗူးထဲက ထမင်းကျန် ၊ ဟင်းကျန်တွေမြင်ရင် မိခင်ဆူပူရိုက်နှက်မှာစိုးလို့ သူများကို သူ့ထမင်းဗူးပေးကျွေးတာဖြစ်နိုင်သလို ထမင်း ၊ ဟင်းတွေ အိမ်ပြန်မရောက်မီ သွန်ပစ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေဆိုတာ အရွယ်ရလာတာနဲ့အမျှ ကိုယ်မလုပ်ချင်တာကို မလုပ်ဘူးလို့ အာခံတတ်လာကြတယ်။ အနည်းဆုံး သူမကျေနပ်တဲ့သူရဲ့နောက်ကွယ်မှာ သူမကျေနပ်တဲ့ကိစ္စတွေကို သူ့နည်းသူ့ဟန်နဲ့ဖြေရှင်းလာတတ်တယ်။ ပထမဆုံးကိုယ်မသိအောင် အာခံပြီး နောက်ပိုင်းမှာ ကိုယ့်ကို ပြန်အာခံလာပါလိမ့်မယ်။ ဒါတွေဟာ မိဘနဲ့ သားသမီးအကြားမှာ နွေးထွေးတဲ့မေတ္တာနဲ့ နားလည်မှုတွေ လုံလောက်အောင် မတည်ဆောက်နိုင်ခဲ့လို့ပါ။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%80%e1%80%ad%e1%80%af-%e1%80%85%e1%80%ad%e1%80%90%e1%80%b9%e1%80%95%e1%80%ab%e1%80%9c%e1%80%80%e1%80%b9%e1%80%95%e1%80%ab-%e1%80%a1%e1%80%85%e1%80%ac%e1%80%85/feed/ 0
ကလေးတွေအတွက် အဓိကကျတဲ့အရာ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%a1%e1%80%93%e1%80%ad%e1%80%80%e1%80%80%e1%80%ba%e1%80%90%e1%80%b2%e1%80%b7%e1%80%a1/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%a1%e1%80%93%e1%80%ad%e1%80%80%e1%80%80%e1%80%ba%e1%80%90%e1%80%b2%e1%80%b7%e1%80%a1/#respond Fri, 23 Dec 2016 01:52:14 +0000 http://www.burmesehearts.com/?p=73312

ဘယ်သူ့သားသမီး ၊ မိဘက ဘာကြီး ၊ ညာကြီး စတဲ့ဂုဏ်ရှိန်တွေကို မမက်မော ၊ မသိရှိသေးတဲ့ ဖြူစင်တဲ့ကလေးငယ်တွေအတွက် မိဘက ဘာကြီးဖြစ်နေနေ သူတို့အတွက် အဓိကမကျပါဘူး။ ဆင်းရဲတဲ့မိဘပဲဖြစ်ဖြစ် ၊ ချမ်းသာတဲ့မိဘပဲဖြစ်ဖြစ် သူတို့အတွက် မိဘကို မိဘလို့ပဲ သိမှတ်ထားရုံပါ။ သူတို့အတွက် အဓိကကျနေတာက သူတို့မိဘဟာ ဘာတွေပြုမူလုပ်ကိုင်နေသလဲဆိုတာပဲ အဓိကကျနေပါတယ်။ မိဘက ဘာကြီး ဆိုတာထက် မိဘက ဘာတွေလုပ်နေတယ်ဆိုတာ သူတို့အတွက် ပိုအလေးထားစရာပါ။

သုံးနှစ်အောက် အရွယ်ကလေးတွေဆိုတာ မိဘ (အထူးသဖြင့် မိခင်)ကို အထူးတွယ်တာတတ်တဲ့အရွယ်ပါ။ ဒီအရွယ်လေးတွေက သူတို့ယုံကြည်နိုင်တဲ့သူဆိုတာကို တစ်ဦး ၊ နှစ်ဦးထက် ပိုမရှိတတ်ကြဘူး။ သူတို့အပေါ် နားလည်မှုပေးနိုင်တဲ့သူ ၊ မေတ္တာထားတဲ့သူ ၊ အနွံအတာခံတဲ့သူတွေကို ပိုယုံကြည် ကိုးစားတတ်ကြတယ်။ ဒီလူတွေ မျက်စိအောက်က ပျောက်သွားမှာကို သိပ်ကြောက်တတ်ကြတယ်။ သူတို့ဟာ ရွှေတန်ဖိုး ၊ ငွေတန်ဖိုး ၊ ရာထူးစည်းစိမ်တန်ဖိုးဆိုတာကို နားမလည်ကြပါဘူး။ ဒါပေမယ့် သူတို့အပေါ် ထားရှိတဲ့ မေတ္တာတရားကို အထူးနားလည်ခံစားတတ်ကြတယ်။

သုံးနှစ်အောက်အရွယ် သားသမီးတွေကို အချိန်ပေးတာနည်းတဲ့မိဘတွေ ၊ နားလည်မှုမပေးစွမ်းနိုင်တဲ့မိဘတွေ ၊ မေတ္တာပေးအပ်ဖို့ မေ့လျော့နေတဲ့ မိဘတွေဟာ သူတို့သားသမီးတွေနဲ့ အနေစိမ်းနေနိုင်ပါတယ်။ (bonding) လို့ခေါ်တဲ့ သားသမီးနဲ့ မိဘအကြားက ဆက်နွယ်မှု ခိုင်မာစွာမရှိထားတဲ့အတွက် အရွယ်တဖြည်းဖြည်းရလာတဲ့ သားသမီးကို ဆိုဆုံးမတဲ့အခါ သားသမီးက အလွယ်တကူ နာလိုခြင်းမရှိတာ ၊ လစ်ရင် လစ်သလို လုပ်တတ်လာတာ ၊ ဒီ့ထက်ဆိုးရင် ရွဲ့ပြီးလုပ်လာတာတွေ ဖြစ်လာတာပါ။

ဖြူစင်တဲ့ကလေးငယ်တွေဟာ လူကြီးတွေ ကောက်ကောက်ပါအောင်လိုက်နေတဲ့ ဂုဏ်ပကာသနအောက်မှာ မသာယာတတ်ကြဘူး။ ကစားစရာတပုံကြီးရှိနေတဲ့ ကလေးတစ်ယောက်အနီးမှာ ကစားဖော် ၊ တီးတိုးပြောဆိုဖော် ၊ သူ့ကိုနားလည်မှုပေးပြီး ဂရုစိုက်ပေးလေ့ရှိသူ မရှိဘူးဆိုရင် အဲဒီ ကစားစရာပုံထဲမှာ အထီးကျန်ဆိုတဲ့ စိတ်ဝေဒနာကို ခံစားတတ်ကြပါတယ်။ အကောင်းဆုံး ကလေးပုခက်နဲ့ ကလေးအသုံးအဆောင်ပစ္စည်းတွေ သုံးစွဲနေရရင်းကပဲ သူလိုချင်တဲ့မိဘဆီက မရရှိတဲ့ မေတ္တာတရားနဲ့ အချိန်ပေးမှုတွေ ၊ လျစ်လျူရှုထားမှုတွေကြောင့် သိမ်ငယ်စိတ်တွေကိုလည်း ခံစားလာကြပါတယ်။

တခါတလေ ကလေးအတွေးနဲ့ လူကြီးအတွေးဟာ ပြောင်းပြန်ဖြစ်နေတတ်ကြတယ်။ ကလေးက မိဘတွေ သူ့အနားရှိနေရင် အရမ်းကောင်းမှာပဲလို့ တွေးပေမယ့် မိဘတွေကတော့ သားသမီးကို ဒီ့ထက်ပြည့်စုံအောင်ထားနိုင်ဖို့ အလုပ်ပိုကြိုးစားလုပ်ရမယ် ၊ ပိုပြီး စီးပွားရှာရမယ်လို့ တွေးကြတယ်။ ကလေးကို တကယ်ချစ်ရင် သူတို့ တကယ်လိုလားတောင့်တနေတာကို ပေးနိုင်ရင် ပိုမကောင်းဘူးလားနော်။

မေတ္တာလိုချင်တဲ့ကလေးကို မေတ္တာပေးမယ် ၊ မိဘရဲ့ အရေးတယူ ဂရုစိုက်မှုခံယူချင်တဲ့ ကလေးကို အချိန်ပေးပြီး ဂရုစိုက်မယ် ၊ သူ့ခံစားချက်နဲ့ လိုအပ်ချက်ဆိုတာကို နားလည်စေချင်တဲ့ ကလေးအတွက် သူ့ခံစားချက်တွေ နားထောင်ပေးမယ် ၊ သူ့လိုအပ်ချက်တွေကို အရေးတယူ ဖြည့်စွမ်းပေးမယ် ၊ သူ့ကို အကောင်းဆုံး နားလည်ပေးမယ်ဆိုရင် သူတို့အတွက် ဒီလိုမိဘမျိုးကို ဘာနဲ့မှ မလဲနိုင်ပါဘူး။

သားသမီးတွေဟာ မတည့်တဲ့မိခင်နဲ့ဖခင်ရဲ့ အပြိုင်အဆိုင်ပေးတဲ့ လက်ဆောင်တွေကို ခံယူဖို့ထက် သူတို့နှစ်ဦးစလုံးနဲ့အတူ မိသားစု စည်းလုံးချစ်ခင်ပျော်ရွှင်မှုဆိုတာကို တောင့်တတာပါ။ မိဘတွေရဲ့ ရန်ဖြစ်စကားတွေ ကြားနေရရင် စိုးရွံစိတ်တွေ ၊ ကြောက်ရွံ့စိတ်တွေ ဝင်လာတတ်ပါတယ်။ သူတို့ဟာ မိဘတွေနဲ့အတူ ရယ်မောပျော်ရွှင်ချင်တာပါ။ သူတို့အတွက် ဘယ်မိဘက ဘာပိုပေးနိုင်တယ်ဆိုတာ အဓိကမကျဘဲ ဘယ်သူက သူ့အပေါ် မေတ္တာတရားနဲ့ နားလည်မှုတွေ ပိုပေးနိုင်တယ်လို့ အဓိကကျနေတာပါ။

ကလေးရှိတဲ့မိဘတွေ အကုန်လုံးကို သူတို့ကလေးနဲ့အတူ စည်းစည်းလုံးလုံး မဖောက်မပြန် ရှိစေချင်ပါတယ်။ ကလေးကို အချိန်ပေးပြီး သူ့ခံစားချက်တွေ နားထောင်လို့  သူ့ဆန္ဒတွေကို နားလည်မှုပေးသင့်ပါတယ် ၊ ဘာကြောင့် မလုပ်ပေးနိုင်တယ်ဆိုတာလည်း အရေးတယူနဲ့ အကျိုးသင့် ၊ အကြောင်းသင့် ရှင်းပြပေးသင့်ပါတယ်။ ကျွန်မတို့လောက် နားမလည်တတ်ဘူးလို့ ကျွန်မတို့က ကလေးတွေကို ထင်နေပေမယ့် ဖြူစင်တဲ့ သူတို့ကလေးတွေဟာ ကျွန်မတို့ထက် ခံစားမှု နုနယ်တတ်ကြပါတယ်။ ဝမ်းနည်းလွယ်ကြပါတယ်။ စိတ်အားငယ်တတ်ကြပါတယ်။ ကျွန်မတို့ မထင်မှတ်ဘဲ လုပ်ကိုင်နေတာတွေက သူတို့ကို ပစ်ပယ်ထားသလိုလည်း ဖြစ်သွားတတ်ကြပါတယ်။ ဒါတွေကို နုနယ်တဲ့ သူတို့စိတ်ထဲမှာ အစွဲကြီးစွဲသွားခဲ့ရင် ဖျောက်ရခက်ပါတယ်။

ငွေပေးပြီး ကလေးကို ကိုယ့်ထက် ပိုဂရုစိုက် နားလည်ပေးနိုင်တဲ့သူ ငှါးထားပေးနိုင်တယ်ဆိုဦးတော့ ၊ ကလေးကို အကောင်းဆုံးဇိမ်ခံပစ္စည်းတွေနဲ့ ခြံရံပြီး အကောင်းဆုံးအရာတွေကို ခံစားစေဦးတော့ ကလေးအနားရှိသူတွေဟာ ကလေး တကယ်လိုလားတောင့်တတဲ့ သွေးသားရင်း မိဘတွေ မဟုတ်ဘူးဆိုရင် ကလေးရင်ထဲက အဲဒီကွက်လပ်နေရာကို ဘယ်သူမှ အစားထိုးဝင်လာဖြည့်ပေးလို့မရပါဘူး။

သုံးနှစ်အောက် ကလေးတွေအတွက် ပထမအရေးအကြီးဆုံးအရာဟာ မိဘမေတ္တာပါ။ ဒီမေတ္တာတရားက ဆင့်ပွားလာမယ့် သူ့အပေါ် နားလည်ပေးမှုပါ။ မေတ္တာတရားရယ် ၊ နားလည်ပေးမှုရယ် ဖြစ်ထွန်းလာဖို့ဆိုတာ သူ့ကို အချိန်ပေးဂရုစိုက်တဲ့သူမှလည်း ဖြစ်မှာပါ။ သူတို့အလိုချင်ဆုံးဆန္ဒဟာ မိဘက သူတို့အပေါ် အချိန်ပေးပြီး ချစ်ခြင်းမေတ္တာတွေ ပေးအပ်ဖို့ဖြစ်ပါတယ်။ ဒီလိုဆို မိဘတွေပေးတဲ့မေတ္တာတရားကြောင့် သူတို့ဟာ ပျော်ရွှင်မယ် ၊ စိတ်လုံခြုံမှုကို ခံစားရမယ် ၊ ကိုယ့်ဘက်မှာ မိဘရှိနေတယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ဘဝမှာ အကောင်းမြင်စိတ်ကလေးတွေ ဖြစ်ထွန်းလာပါတယ်။

အခြေအနေ ၊ ဖြစ်ရပ်ခြင်း ထပ်တူညီရင်တောင် မိဘက အနီးကပ်မေတ္တာပေးအပ် ကြီးပြင်းစေတဲ့ကလေးနဲ့ တခြားသူတွေစောင့်ရှောက်မှုတွေနဲ့ ကြီးပြင်းလာရတဲ့ကလေး ခံစားမှုချင်း ၊ တုန့်ပြန်မှုချင်း မတူညီကြပါဘူး။ အခက်အခဲကိုအသားပေးတွေးသူနဲ့ ဖြေရှင်းရာနည်းလမ်း အသားပေးတွေးသူ ကွာခြားသွားပါတယ်။ ဒါတွေဟာ စိတ်ဓါတ်ကပေးတဲ့စွမ်းအင်တွေပါ။

မိမိသားသမီးကို အကောင်းဆုံးလုပ်ပေးချင်တယ်ဆိုတဲ့မိဘတွေ သားသမီးကို အချိန်ပေးပါ။ မေတ္တာတွေပေးပြီး သူ့ခံစားချက်တွေ နားလည်နိုင်ဖို့ကြိုးစားပါ။ သူတို့ဆန္ဒတွေကို နားထောင်ပေးပါ။ အကြောင်း ၊ အကျိုးဆိုတာတွေကို နားလည်နိုင်ဖို့ စိတ်ရှည်ရှည်နဲ့ရှင်းပြပါ။ ကလေးတွေအတွက် အဓိကလိုအပ်နေတာ ဒါတွေပါ။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%a1%e1%80%90%e1%80%bc%e1%80%80%e1%80%b9-%e1%80%a1%e1%80%93%e1%80%ad%e1%80%80%e1%80%80%e1%80%ba%e1%80%90%e1%80%b2%e1%80%b7%e1%80%a1/feed/ 0
သိတတ်တဲ့သားသမီးတွေဖြစ်ဖို့ ဘယ်လိုလေ့ကျင့်ပေးမလဲ http://www.burmesehearts.com/%e1%80%9e%e1%80%ad%e1%80%90%e1%80%90%e1%80%b9%e1%80%90%e1%80%b2%e1%80%b7%e1%80%9e%e1%80%ac%e1%80%b8%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%bb%e1%80%96%e1%80%85%e1%80%b9/ http://www.burmesehearts.com/%e1%80%9e%e1%80%ad%e1%80%90%e1%80%90%e1%80%b9%e1%80%90%e1%80%b2%e1%80%b7%e1%80%9e%e1%80%ac%e1%80%b8%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%bb%e1%80%96%e1%80%85%e1%80%b9/#respond Thu, 03 Nov 2016 00:26:51 +0000 http://www.burmesehearts.com/?p=71173

မိဘတွေက ကိုယ့်သားသမီးတွေ ကိုယ့်အပေါ်ပြန်သိတတ်တာ ၊ ဖြစ်ပျက်နေတဲ့အခြေအနေတွေကို သူ့ဘာသာသုံးသပ်ပြီး ဘယ်လိုသွားလာနေထိုင် ပြောဆိုရမယ်ဆိုတာ ကိုယ်ကမပြောဘဲ အလိုလို နားလည်သိတတ်နေတာမျိုးကို အလိုရှိကြပါတယ်။ ဒီလိုနားလည်သိတတ်တဲ့ကလေးတွေဖြစ်အောင် ဘယ်လိုဆက်ဆံပြီး ပုံသွင်းသွားနိုင်မလဲ။

ဘယ်လိုဆက်ဆံပုံသွင်းသွားရမလဲဆိုတာကို မပြောမီ ဘယ်အချိန်ကတည်းက သူ့ကို သိတတ်အောင် လေ့ကျင့်ပေးမလဲဆိုတာကို အရင်ပြောရမှာပါ။ သိတတ်စဖြစ်နေတဲ့ လသားကလေးအရွယ်ကတည်းက လေ့ကျင့်ပေးရမယ်ဆိုရင် အံ့သြသွားမလား။ တကယ်ပါ အဲဒီလို လသားကလေးအရွယ်ကတည်းက လေ့ကျင့်သွားရမှာပါ။ ဒါကို စာအုပ်တွေထဲကနေ ဖတ်ရှုလို့ သိလာတာမျိုးမဟုတ်ဘဲ ကျွန်မသမီးလေးကို ကိုယ်တိုင်လေ့ကျင့်ပေးရင်းနဲ့က လေ့ကျင့်ပေးလို့ရတယ်မှန်း သိလာတာပါ။

တစ်လသား ၊ နှစ်လသား ၊ သုံးလသား စသဖြင့် လသားအရွယ်ကလေးတွေကို မသိတတ်သေးဘူးဆိုပြီး မိဘတွေက လူရာသွင်းပြောဆို မရှင်းပြတာတွေ ၊ တစ်နှစ်အောက်နဲ့ တစ်နှစ်ကျော် ၊ နှစ်နှစ်ကျော် ကလေးတွေကို ငယ်သေးတယ်ဆိုပြီး အစစအရာရာ လိုလေသေးမရှိ လိုက်လုပ်ပေးတာတွေ ၊ သူ့အားသူကိုး လုပ်ကိုင်ခွင့်မပေးဘဲ သူ့အရာမဟုတ်ဘူးဆိုတဲ့ စကားတွေ ၊ ဟန့်တားမှုတွေက ကလေးကို မသိတတ်စိတ်တွေ ကြီးစိုးဖို့ အားပေးလိုက်သလို ဖြစ်သွားပါတယ်။

အိမ်အလုပ်တွေကို ကိုယ်ခွဲမရှိ တစ်ယောက်တည်း လုပ်ကိုင်လာခဲ့တဲ့ကျွန်မ လသားလေးကိုလွယ်ရင်း အလုပ်လုပ်ကျင့်ရှိခဲ့တာပါ။ သူ့အိပ်နေချိန်ကလွဲလို့ ကျန်တဲ့အချိန်တိုင်းမှာ အလုပ်လုပ်ရင်းတဘက်နဲ့ သူ့အနားမှာနေပြီး သို့မဟုတ် ကိုယ့်အနားမှာထားပြီး ကလေးထိန်းကျောင်းခဲ့တဲ့ အချိန်တွေပဲဖြစ်နေတော့ ကိုယ်ဘာလုပ်လုပ် ၊ ဘာကိုင်ကိုင် ဒါကဘာလုပ်နေတာ ၊ ဘာကြောင့်လုပ်ရတာ ၊ ဘယ်လိုလုပ်ရင် ပိုထိရောက်တယ်ဆိုတာကို သူမပျင်းအောင် မေးလိုက် ၊ ပြောလိုက် စကားမျှင်မပြတ် လုပ်ကိုင်လေ့ရှိနေတော့ နိစ္စဓူဝ အမေလုပ်ကိုင်နေတာတွေနဲ့သူဟာ အကျင့်ရသွားပါတယ်။

ဘာအလုပ်ကို ဘယ်အချိန်မှာ ဘယ်လိုမျိုးလုပ်ရမယ်ဆိုတာ သူသိနားလည်သွားပြီး ဘာကြောင့်ဒါတွေလုပ်ရတယ် ၊ ဘယ်လောက်ပင်ပန်းတယ်ဆိုတာလည်း အမေကိုကြည့်ပြီး ခံစားနားလည်သွားပါတယ်။ ဒီကနေတဆင့် ကိုယ်ချင်းစာစိတ်တွေဝင်လာတယ်။ အမေကိုချစ်တဲ့စိတ်နဲ့ အမေသက်သာရာ သက်သာကြောင်း အမေ့အလုပ်လေးတွေ ကူလုပ်ချင်စိတ် ၊ စမ်းလုပ်ချင်စိတ်တွေဖြစ်လာပါတယ်။ ကျွန်မသမီးလေးဟာ လက်နှစ်ဘက်စပြီး ကိုင်တတ်စပြုတဲ့ လေးလအရွယ်လောက်ကတည်းက အမေချွေသင်နေတဲ့ ကန်စွန်းရွက်တွေ ဆွဲယူပြီးကူသင်ပါတယ်။

ကလေးတွေ စကူတတ်စ ပြုလာတဲ့အချိန်မှာ မိဘတွေက ပိုရှုပ်တယ် ဝေးဝေးသွားဆိုတာနဲ့ မလုပ်နဲ့ ၊ မကိုင်နဲ့ဆိုတာတွေက ကလေးရဲ့ သိတတ်ကူညီချင်စိတ် ၊ စူးစမ်းချင်စိတ်တွေကို ပိတ်ပင်လိုက်တာပါ။ မလုပ်တတ်လုပ်တတ်နဲ့ သူလုပ်နေတော့ နှစ်ခါပြန်လုပ်နေရတဲ့ ကိုယ်ပင်ပန်းတာပေါ့။ ဒါပေမယ့် အပင်ပန်းခံလိုက်ပါ။

သူ့ကို လုပ်ကိုင်ခွင့်ပေးလိုက်ရင်းကနေ လုပ်ကိုင်ပေးချင်စိတ်တွေ ၊ မိဘကို ကူညီပေးချင်စိတ်တွေကို မွေးမြူပေးလိုက်ပါ။ ဒါဟာ နောင်အနာဂါတ်မှာ သူအရွယ်ကြီးလာတာနဲ့အမျှ ၊ ပိုသိတတ်နားလည်လာတာနဲ့အမျှ လာကူလုပ်ပါလို့မပြောဘဲ ကူလုပ်ပေးဖြစ်အောင် ၊ ကူလုပ်ပေးချင်အောင် လေ့ကျင့်ပေးလိုက်တာပါ။

စပြီးကူလုပ်ပေးချင်စ ၊ ဘယ်ဟာကို ဘယ်လိုလုပ်ရမယ်လို့ လက်တွေ့လုပ်ရင်း လေ့ကျင့်သင်ကြားခါစ ပိစိကလေးအရွယ်မှာ မလုပ်နဲ့ ၊ မကိုင်နဲ့ ပြောထားခဲ့တာတွေ ၊ အရွယ်မတိုင်သေးဘူးလို့ ထင်နေတာတွေက တကယ်အရွယ်တိုင်လာသည့်တိုင်အောင် မလုပ်ချင် ၊ မကိုင်ချင် ၊ ငါ့အလုပ်မဟုတ်ဘူးဆိုတဲ့စိတ်တွေ ကိန်းအောင်းသွားအောင် ၊ ဘယ်အခြေအနေမှာ ဘာတွေ ကူလုပ်ပေးရမယ်ဆိုတာကို နားမလည်နိုင်လောက်အောင် ကူလုပ်ပေးချင်စိတ်တွေ ပျောက်သွားနိုင်ပါတယ်။ အဲဒီအခါတော့မှ ဘာမှအားကိုးလို့မရဘူးလို့ ကလေးကို အပြစ်တင်လို့မရဘူးလေ။ ကိုယ်တိုင်က လေ့ကျင့်သင်ကြားပေးမှုတွေမှာ အားနည်းခဲ့တာပါ။

ကျွန်မဆို သမီးကလေး ဝင်ကူလုပ်ဖို့ ကြိုးစားနေတဲ့ လသားအရွယ်လေးကတည်းက လျှပ်စစ်နဲ့ အပူတွေကလွဲရင် သူ့တနိုင်လေးတွေကို ကိုယ်နဲ့အတူလုပ်ခွင့်ပေးခဲ့ပါတယ်။ ကိုယ်တံမြက်စည်းလှည်းချိန် သူလုလှည်းနေတာမျိုးတွေရှိလာရင် နောက်ထပ် တံမြက်စည်းတစ်ချောင်း ဝယ်ထားပြီး သူမကိုင်တဲ့တစ်ချောင်းနဲ့ ကိုယ်လှည်းတယ်။ ကြမ်းတိုက်လည်း ဒီအတိုင်းပဲ ကူတိုက်ချင်တဲ့သူ့ကို နောက်ထပ်တခုနဲ့ စီစဉ်ပေးပြီး ကူတိုက်ခိုင်းလိုက်တာပါ။ ဟုတ်တာ ၊ မဟုတ်တာ အပထား ဒီလိုကူလုပ်ပေးတာကို ချီးကျူးပေးတယ်။ သူ့ရဲ့ကူညီပေးချင်စိတ်ကို အားပေးမြှင့်တင်တယ်။ နောက်မှသာ ကိုယ်ပြန်လုပ်ရရင် လုပ်ရရောလေ။

ကလေးတစ်နှစ်ကျော်အရွယ် ပစ္စည်းတွေ ဟိုဒီရွှေ့တတ်တဲ့အရွယ်မှာ ဘာလေးယူပေးပါဦး ၊ ဒါလေးကူသယ်ပေးပါဦးနဲ့ သူ့တနိုင်လေးကို တာဝန်ယူ ကူသယ်တတ်စိတ် ကျင့်ပေးတယ်။ အစပိုင်း ယူပေးရကောင်းမှန်းနားမလည်သေးပေမယ့် ပြောပါများ ၊ သင်ပါများတဲ့အခါ နားယဉ်လာတယ်။

ချစ်ခြင်းမေတ္တာနဲ့ နားလည်သိတတ်စိတ် ပေါင်းလိုက်တော့ ရုံးကပြန်လာတဲ့အဖေ့အိတ် တရွတ်တိုက် ကူဆွဲပေးတာတွေ ၊ ဈေးကပြန်လာတဲ့ အမေ့အထုပ်တွေ ပြေးဆွဲပေးတာတွေ ဒီလိုအရွယ်ကတည်းက လုပ်ပေးခဲ့တယ်။ သူ့ကို အမေက ဖိနပ်စီးပေးပြီးသွားရင် အမေစီးဖို့ဖိနပ်ကို သွားထုတ်ယူလာပြီး အမေ့ရှေ့ချပေးတာမျိုးတွေဟာ မသင်ဘဲ တတ်လာခဲ့တာတွေပေါ့။

ဒီ့နောက်ပိုင်း အပြင်ထွက်ရင် ဘီးတပ်ထားတဲ့ သူ့အိတ်ဆွဲ ဒါမှမဟုတ် သူ့ကစားစရာထည့်ထားတဲ့အိတ် သူလွယ်တာမျိုးကိုလည်း လေ့ကျင့်ပေးခဲ့တယ်။ သူ့တာဝန်ကို သူနိုင်သမျှ ထမ်းရမယ်ဆိုတဲ့အသိ ၊ မိဘကို ချစ်ခင်စာနာစိတ်နဲ့ ကူလုပ်ပေးတာမျိုးတွေကို ကလေးငယ်ငယ်ကတည်းက ပြုစုပျိုးထောင် လေ့ကျင့်ပေးခဲ့ရမှာပါ။

ခွေးကြီးမှ လက်ပေးသင်မယ်ဆို ရကောင်းရမယ် ၊ ကြာလိမ့်မယ်။ လုံးဝမရတော့တာလည်း ရှိပါတယ်။ ခိုင်နှိုင်းတာရိုင်းသွားခဲ့ရင် ခွင့်လွှတ်ပါ။ ဒီအကျင့်နဲ့ အသားသေသွားတဲ့ကလေးကို မသိတတ်ရကောင်းလား အပြစ်တင်မယ်ဆို သိတတ်အောင် မလေ့ကျင့် မပျိုးထောင်နိုင်ခဲ့တဲ့ကိုယ်က အဓိကတရားခံ ဖြစ်နေပါတယ်။

ရေချိုးခန်းကထွက်လာတဲ့ အဖေ ၊ အမေကို ခိုင်းစရာမလိုဘဲ သိတတ်စိတ်ကလေးအခြေခံနဲ့ သဘက်ကလေး တောက်တက်တောက်တက် သွားယူပြီးသုတ်ပေးတတ်တဲ့ သားသမီး ၊ ဖိတ်ကျညစ်ပေနေတာတွေ့ရင် လိုက်သုတ်ပြီးအမှိုက်ပုံးထဲကောက်ထည့်လိုက်တဲ့ ကလေးငယ်လေး ၊ ပစ္စည်းတွေ မိဘကမေ့ကျန်ခဲ့ရင်တောင် အနောက်ကနေ သတိထားယူလာပေးတတ်တဲ့သားသမီး စတဲ့ ကောင်းမွန်သောအလေ့အကျင့်တွေ ကလေးမှာဖြစ်လာဖို့ဆိုတာ မိဘနဲ့သားသမီးအကြားက အပြန်အလှန်နားလည်မှုပေးတာ ၊ မေတ္တတရား ခိုင်ခိုင်မာမာတည်ဆောက်ထားတာ ၊ ကိုယ်ချင်းစာတရားတွေသွန်သင်ပေးလို့ ဘဝထဲကောင်းမွန်စွာနေထိုင်နည်းတွေ လေ့ကျင့်ပေးထားဖို့ လိုအပ်နေပါတယ်။

သိတတ်နားလည်တဲ့ သားသမီးဖြစ်လာအောင် သွန်သင်ပြသလေ့ကျင့်ပေးဖို့ဆိုတာ ကလေးအနားမှာ အချိန်ပေးတဲ့သူ ၊ ကလေးနဲ့ကိုယ့်အကြားမှာ နားလည်မှုတွေ အပြန်အလှန် တည်ဆောက်ပေးနိုင်သူ ၊ ယုံကြည်မှု အပြန်အလှန်ထားနိုင်သူတွေမှ ကလေးကို ဆုံးမသွန်သင်လေ့ကျင့်ပေးရတာ လွယ်မှာပါ။

တွေ့ချိန်မှာ တော်တော်လေး သိတတ်တဲ့အရွယ်ရောက်နေတဲ့ကလေးကို ဟိုဟာလုပ်ပေးခိုင်း ၊ ဒါလုပ်ပေးခိုင်း ၊ စိတ်နဲ့အခန့်မသင့်ရင်ဆူမယ် ၊ ရိုက်မယ်ချည်း လုပ်နေရင်တော့ ကလေးဟာ ကိုယ့်အနားကပ်ဖို့ မလိုလားတော့ပါဘူး။ ဒါဟာ သွန်သင်နေရက်က နားဝေးသွားရတဲ့ အကြောင်းရင်းတွေပါပဲ။ သားသမီးတိုင်း မိဘကို သိတတ်စေလိုရင် မိဘတိုင်းကလည်း သားသမီးတွေကို နားလည်သိတတ်မှုတွေပေးလို့ ချစ်ခြင်းမေတ္တာဖြင့် ပျိုးထောင်နိုင်ပါစေ။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%9e%e1%80%ad%e1%80%90%e1%80%90%e1%80%b9%e1%80%90%e1%80%b2%e1%80%b7%e1%80%9e%e1%80%ac%e1%80%b8%e1%80%9e%e1%80%99%e1%80%ae%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%bb%e1%80%96%e1%80%85%e1%80%b9/feed/ 0
ခြားနားမှုတွေရှိနေတဲ့ မိဘနှင့်သားသမီး http://www.burmesehearts.com/%e1%80%bb%e1%80%81%e1%80%ac%e1%80%b8%e1%80%94%e1%80%ac%e1%80%b8%e1%80%99%e1%82%88%e1%80%b1%e1%80%90%e1%80%bc%e1%80%9b%e1%80%bd%e1%80%ad%e1%80%b1%e1%80%94%e1%80%90%e1%80%b2%e1%80%b7-%e1%80%99%e1%80%ad/ http://www.burmesehearts.com/%e1%80%bb%e1%80%81%e1%80%ac%e1%80%b8%e1%80%94%e1%80%ac%e1%80%b8%e1%80%99%e1%82%88%e1%80%b1%e1%80%90%e1%80%bc%e1%80%9b%e1%80%bd%e1%80%ad%e1%80%b1%e1%80%94%e1%80%90%e1%80%b2%e1%80%b7-%e1%80%99%e1%80%ad/#respond Wed, 02 Nov 2016 11:41:02 +0000 http://www.burmesehearts.com/?p=71143

မိဘနဲ့သားသမီး အရွယ်ချင်းမတူညီတဲ့အတွက်ကြောင့် အတွေးချင်း ၊ ခံစားချက်ချင်းကွာခြားပါတယ်။ အရာဝတ္ထုတခု ၊ အဖြစ်အပျက်တခုကို နှစ်ယောက်အတူတူ ကြည့်မြင်နေရင်တောင် တမျိုးစီတွေးတော ခံစားကြတာပါ။ လူချင်းတူပေမယ့် အတွေးချင်း ၊ ခံစားချက်ချင်း လုံးဝထပ်တူညီဖို့တော့ ခက်တယ်လေ။

အတွေ့အကြုံ ၊ အရွယ်နဲ့ တွက်ချက်တတ်လာတဲ့စိတ်တွေကြောင့် လူကြီးတွေဟာ ကလေးတွေ စိတ်ဝင်စားတာကို စိတ်ဝင်စားစရာလို့ မမြင်တော့ဘူး။ တခုခုဝယ်တော့မယ်ဆိုလည်း တန် ၊ မတန် ဆိုတာကို ကိုယ့်အတွေ့အကြုံ ၊ ကိုယ့်စိတ်ဆန္ဒနဲ့ တွက်ချက်တတ်လာတယ်။ ကလေးတွေကျတော့ အဲလိုမဟုတ်ဘူး။ သူတို့ဆီမှာ တန် ၊ မတန်ဆိုတဲ့ တွက်ချက်တတ်စိတ်တွေမရှိဘူး။ ကြိုက်ရင် ကြိုက်တယ် ၊ မကြိုက်ရင် မကြိုက်ဘူးဆိုတဲ့ ဆန္ဒဘွင်းဘွင်းကိုပဲ တွေးတယ်။

ကလေးနဲ့အတူ ဈေးသွားရင်းကြုံဖူးတဲ့ အတွေ့အကြုံနဲ့ နှိုင်ယှဉ်ပြောပါရစေ။ ကလေးကိုချစ်ပေမယ့် တိုင်းထွာသုံးစွဲတတ်တဲ့အကျင့်ကို လေ့ကျင့်ပေးတဲ့ကျွန်မဟာ သမီးကလေးနဲ့အတူ နှစ်ရက်တစ်ခါလောက် ဈေးဝယ်ထွက်ချိန်တိုင်း ဘတ်ဂျက်ပေးထားပါတယ်။ ဒီ့ထက်ပိုလာရင် Out of Budget ဆိုပြီး ဒီ့ပြင်ဟာ ရွေးဖို့ပြောလေ့ရှိတယ်။ မိသားစုလိုက် ဈေးဝယ်ထွက်ရင်တော့ ဒီလိုဘတ်ဂျက်သတ်မှတ်ပေးတာမျိုးမလုပ်ဘဲ အမှတ်တရပျော်ရွှင်မှုတွေကို ပေးလေ့ရှိတာပေါ့။

တနေ့ ကျွန်မနဲ့သမီးနှစ်ယောက်တည်း ဈေးဝယ်ထွက်တုန်း အရုပ်ဆိုင်ထဲ သူ့စိတ်ကြိုက် လိုက်ပတ်ကြည့်နေတဲ့သမီးက အရုပ်ပါကင်တခုကို ကောင်တာမှာငွေရှင်းဖို့တင်ပေးပြီး ကျွန်မကို ဝယ်ခိုင်းတော့ ကျွန်မကအရုပ်ဈေးနှုန်း အရင်ကြည့်လိုက်တယ်။ ဒေါ်လာ ၂၅ဒေါ်လာနီးပါးကျတဲ့အရုပ် ၊ သေးသေးပိစိလေးတွေနဲ့ အိမ်ရောက်ပြီး သိပ်မကြာခင် ဟိုဒီမှာ ပျောက်ပျက်သွားနိုင်တဲ့အရုပ်မျိုးမို့ မဝယ်တော့ဘဲ တခြားအရုပ်အစားထိုး ဝယ်ပေးခဲ့တယ်။

ကျွန်မအတွေးကတော့ မိဘဖြစ်တဲ့ ကျွန်မတို့အရွယ် တွေးတဲ့အတွေးပေါ့။ အမှတ်တရထိုင်ကြည့်နေလို့ရတဲ့ အရုပ်မျိုးလည်းမဟုတ် ၊ ပျောက်ပျက်သွားနိုင်တဲ့ ဈေးကြီးကြီး အရုပ်သေးသေးလေး ၊ အဝတ်ဝယ်လိုက်တာကမှ ဒီလောက်ငွေကို အဆင်ပြေပြေရှိတဲ့ အဝတ်ရနိုင်သေးတယ်။ ဖိနပ်ဝယ်လိုက်ရင်လည်း ဒီလောက်ငွေနဲ့ အဆင်ပြေပြေလေးရတယ်။ ဒီဟာက အိမ်ရောက်လို့ ဖောက်ပြီးတာနဲ့ ပြီးပျောက်သွားမယ့်အရာမို့ မဝယ်ပေးတော့တာ။

အိမ်ပြန်တလမ်းလုံးနဲ့ အိပ်တဲ့အထိ ရှိုကီ ၊ ရှိုကီလို့ သမီးက အော်ဟစ် ငိုယိုပူဆာနေတော့တာ ၊ နောက်တနေ့မနက်နဲ့ နေ့လည်မှာလည်း ရှိုကီဆိုတာကို ပြောပြီးပူဆာနေတုန်း သူပြောတဲ့ရှိုကီဆိုတာ ကျွန်မကော ၊ ကျွန်မခင်ပွန်းကော မသိဘူး ။ စကားမပီတတ်သေးတဲ့ သုံးနှစ်ခွဲမို့လည်း ပြောချင်ရာတွေ ပြောပြီး ပူဆာနေတာဖြစ်မယ်လို့ တွေးမိခဲ့တာ။ နောက်တနေ့ ဈေးဝယ်ပြန်ထွက်တော့ အဲဒီဆိုင်မှာ အဲဒီအရုပ်ကိုပဲ ရှိုကီလို့ပြောပြီး ဝယ်ခိုင်းပြန်ရော။ အဲဒီတော့မှ ပါကင်မှာရေးထားတဲ့ အရုပ်နာမည်ကိုသေချာဖတ်ကြည့်တော့ shopkins ဖြစ်နေတယ်။

ကလေးတွေရဲ့ လေးနက်စွာခံစားနာကျင်တတ်တဲ့ စိတ်ကိုအမြဲအလေးထားတဲ့ကျွန်မက ဒုတိယကြိမ်မြောက် သူလိုလိုချင်ချင် ၊ မက်မက်မောမောဖြစ်နေတဲ့ အဲဒီအရုပ်ကလေးကို ဝယ်ခွင့်ပေးလိုက်တယ်။ ဒီဘက်မှာ ငွေပိုသုံးလိုက်တော့ သူ့အတွက်သုံးဖို့ရာထားတာလေးတွေမှာ ပြန်လျှော့လိုက်တယ်။ ဒီကနေတဆင့် အတွေးနက်နက်ကလေး ကျွန်မရလာခဲ့တယ်။

ကလေးတွေအတွက်က သက်တောင့်သက်သာဖြစ်မယ့် ဘာအဝတ်မဆို အဆင်ပြေပြေလေးဝတ်နေရရင်ကို ပြီးနေတာ။ လူကြီးတွေလို ဘယ်တံဆိပ်က ၊ ဘယ်လိုပုံဆန်းလေးကြောင့် ၊ ဘယ်လိုအသားလေးကြောင့် ၊ ဘယ်လိုချုပ်သားကောင်းလို့ဆိုတာတွေကို နားမလည်ဘူး။ တံဆိပ်ကောင်းကောင်းမကောင်းကောင်း ၊ အထည်တွေ အများကြီးရှိရှိမရှိရှိ သူကြိုက်တတ်တဲ့ အရုပ်တွေအများကြီးနဲ့ သူဆော့ချင်တဲ့အချိန်ဆော့နေရတာမျိုး ၊ စားချင်တဲ့အချိန်မှာ ကြိုက်တာလေးတွေ စားဖို့ရှိနေတာမျိုး ၊ အိပ်ချင်တဲ့အချိန် ထိုးအိပ်ဖို့နေရာရှိရင်ပြီးရော။ သူချစ်တဲ့သူတွေနဲ့ အချိန်တွေကုန်ဆုံးပြီး ကစားစရာ ၊ စားစရာ ၊ ဝတ်စရာလေးတွေ အသင့်အတင့်ရှိနေရင်ကိုက သူတို့အတွက် အားလုံးအဆင်ပြေပြီ ၊ သူချစ်တဲ့သူတွေရဲ့ ဂရုစိုက်မှုမျိုးသာရနေရင် သူတို့အတွက် အားလုံးပြည့်စုံနေပြီလို့ ခံစားနေထိုင်ကြတာပါ။

ကျွန်မတို့လူကြီးတွေကတော့ သူလိုချင်တဲ့ဒါလေးက ဒီလောက်တောင် ပေးဝယ်လိုက်ရမှာ မတန်ဘူးဆိုတာတွေ ၊ ဒီအစား ဘယ်ဟာသာဝယ်လိုက်ရင် အဖတ်တင်သွားမယ်ဆိုတာတွေနဲ့ ကလေးတွေရဲ့ ခံစားချက်နဲ့ လိုလားချက်ဆိုတာတွေ တခါတလေ မရည်ရွယ်ဘဲ မျက်ကွယ်ပြုမိသလို ဖြစ်သွားတတ်တာပါ။  ပူဆာတိုင်းဝယ်ပေးဖို့ဆိုလိုတာမဟုတ်ဘဲ ဒီအရာအပေါ် သူဘယ်လောက်အထိ လိုလားတောင့်သလဲဆိုတာ ခံစားသိပြီး သူ့စိတ်ခံစားမှုနားလည်လို့ ဖြည့်ဆည်းပေးနိုင်ဖို့ဖြစ်ပါတယ်။

ကိုယ့်သားသမီးပဲ ကိုယ်စိတ်ချမ်းသာစေချင်တာပေါ့ဆိုပေမယ့် မသင့်လို့ဆိုတဲ့ လူကြီးအတွေးနဲ့ ကလေးတွေရဲ့ ခံစားချက် ၊ လိုလားချက်တွေကို မျက်ကွယ်ပြုမိသွားတာတွေ ရှိနေပါတယ်။ ကလေးရဲ့ ပျော်ရွှင်သွားမှု ၊ စိတ်ငြိမ်းချမ်းသွားမှု ၊ မိဘရဲ့ဖြည့်စွမ်းပေးမှုကြောင့် ဆန္ဒပြည့်ဝသွားတာတွေနဲ့ ပြန်ချိန်ဆမယ်ဆို ကျွန်မတို့က မတန်ဘူးထင်နေတဲ့ အရာလေးတွေကလည်း တကယ်တော့ တန်နေပါတယ်။

လိုချင်တာမရပါများလို့ ၊ လိုချင်တာပူဆာမိတဲ့သူ အဆူခံ ရိုက်ခံရပါများလေလေ မကျေနပ်စိတ်ကလေးတွေ ကိန်းအောင်းလာလေ ၊ မိမိလိုချင်တာ ရပိုင်ခွင့်မရှိတဲ့ မိမိအနေအထားအပေါ် အလိုမကျစိတ်တွေနဲ့ သူပူဆာလို့မရတဲ့အရာတွေရရှိထားတဲ့ အပေါင်းအသင်းတွေအကြား သိမ်ငယ်လာတတ်တယ်။ ဒီအချိန်ကျတော့မှ ကိုယ်နှမျောခဲ့တဲ့ဒီငွေတွေ ပုံပေးလို့ ကလေးရဲ့ စိတ်ခံစားမှုတွေပြောင်းလဲပစ်မယ်ဆိုရင်တောင် အလွယ်တကူ ပြောင်းလဲပစ်လို့ဖို့မလွယ်ပါဘူး။ စိတ်ဒဏ်ရာတွေရသွားခဲ့ရင် ပိုဆိုးပါတယ်။

သမီးလေးကို သူလိုချင်တာ ဝယ်ပေးပြီးတော့ စားသောက်ဆိုင်မှာ သွားစားတော့ သမီးလေးထက် နည်းနည်းကြီးတဲ့ ကလေးမလေးက သမီးလေး တကိုင်ကိုင်နဲ့ သဘောကျနေတဲ့ ဒီအရုပ်တွေကို ဖြတ်သွားဖြတ်လာ ငေးကြည့်ရင်း shopkins ၊ shopkins လို့ ဝမ်းသာအားရ မျက်လုံးလက်လက်တွေနဲ့ ပြောပေမယ့် သူ့အုပ်ထိန်းသူက မသိယောင်ဆောင်ပြီး ဆက်ထွက်သွားတာတွေ့လိုက်ရတယ်။ သမီးလေးကတော့ သူ့အရုပ်တွေအတွက် ဂုဏ်ယူပြီး တပြုံးပြုံးနဲ့။

ကိုယ်သာမသိတာ သူတို့ကလေးတွေ ဒီအရုပ်ပေါ် ရယူခွင့်တွေရရှိဖို့ ဘယ်လောက်လိုလားကြတယ်ဆိုတာ ကျွန်မသိလိုက်ရတယ်။ တခါတလေမှာ ကျွန်မတို့အတွက် မက်လောက်စရာမရှိပေမယ့် သူတို့အတွက် အရမ်းမက်မောစရာကောင်းနေတတ်ပါတယ်။ ကျွန်မတို့တွေက အကောင်းဆုံး ၊ ဈေးအကြီးဆုံးဆိုတဲ့အရာတွေကိုလည်း သူတို့တွေဟာ သူတို့ချစ်မြတ်နိုးတဲ့ ဖွေဖွေရာရာပစ္စည်းလေးတွေလောက် မက်မောစရာမရှိဘူးလို့လည်း ယုံကြည်နေတတ်ပါတယ်။ အတွေ့အကြုံ ၊ အတွေး အရွယ်နဲ့ ခံစားချက်တွေမတူတာမို့ မက်မောတန်ဖိုးထားတာလေးတွေလည်း ကွဲပြားနေနိုင်တာပဲနော်။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%bb%e1%80%81%e1%80%ac%e1%80%b8%e1%80%94%e1%80%ac%e1%80%b8%e1%80%99%e1%82%88%e1%80%b1%e1%80%90%e1%80%bc%e1%80%9b%e1%80%bd%e1%80%ad%e1%80%b1%e1%80%94%e1%80%90%e1%80%b2%e1%80%b7-%e1%80%99%e1%80%ad/feed/ 0
တနေ့တော့ နားလည်မှာပါ http://www.burmesehearts.com/%e1%80%90%e1%80%b1%e1%80%94%e1%82%94%e1%80%b1%e1%80%90%e1%80%ac%e1%80%b7-%e1%80%94%e1%80%ac%e1%80%b8%e1%80%9c%e1%80%8a%e1%80%b9%e1%80%99%e1%80%bd%e1%80%ac%e1%80%95%e1%80%ab/ http://www.burmesehearts.com/%e1%80%90%e1%80%b1%e1%80%94%e1%82%94%e1%80%b1%e1%80%90%e1%80%ac%e1%80%b7-%e1%80%94%e1%80%ac%e1%80%b8%e1%80%9c%e1%80%8a%e1%80%b9%e1%80%99%e1%80%bd%e1%80%ac%e1%80%95%e1%80%ab/#respond Sat, 17 Sep 2016 13:16:31 +0000 http://www.burmesehearts.com/?p=69950

ရပ်ဝေးမှာအလုပ်သွားလုပ်မှ မိသားစုစားဝတ်နေရေး အဆင်ပြေမယ့် မိဘတွေ ၊ မူရင်းအလုပ်ကိုက မိသားစုနဲ့ခွဲခွါပြီး အဝေးတနေရာမှာ ကာလရှည်ကြာ အလုပ်သွားလုပ်ရတဲ့ လုပ်ငန်းသဘာဝရှိသော မိဘတွေအတွက် သူတို့ရဲ့ဆန္ဒက ဘယ်လောက်ပဲ မိသားစုအနားမှာနေချင်ပါစေ၊ မိသားစုရဲ့အဝေးမှာ နေထိုင်လုပ်ကိုင်ရတဲ့ဘဝကို နားလည်မှုပေးကြရအောင်လား။

ဥပမာအားဖြင့် တာဝန်ကျရာနေရာမှာ သွားရောက်လုပ်ကိုင်ရတဲ့ ဝန်ထမ်းအဖုံဖုံ ၊ သင်္ဘောသား ၊ စစ်သား ၊ တမြေခြားမှာ မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်နေရသူတွေ စသဖြင့် ဒီလိုသူတွေကို သူတို့သားသမီးတွေက အနေဝေးလို့ စိမ်းနေတာကို တိတ်တဆိတ်နားလည်ခံစားရပြီး သားသမီးရဲ့ စိမ်းသက်မှုကို လက်မခံချင်ဘဲ လက်ခံနေရတဲ့ သူတို့အနေအထားကို ဘယ်သူတွေက နားလည်ကိုယ်ချင်းစာပေးနိုင်ပါ့မလဲ။

ကျွန်မမိတ်ဆွေတွေထဲက တယောက်သော သူငယ်ချင်းက သူ့သမီးမသိတတ်ခင်ကတည်းက တမြေခြားမှာ မိသားစုစားဝတ်နေရေးအတွက် ဆယ်နှစ်နီးပါးလောက် အလုပ်သွားလုပ်ခဲ့တာ နှစ်စဉ် ခွင့်ပြန်ချိန် နှစ်ပတ် ၊ သုံးပတ်လောက်လေးနဲ့ မိသားစုတွင်းက နွေးထွေးမှုတည်ဆောက်ဖို့ မလုံလောက်လေသောအခါ ငွေစုမိလို့ အပြီးပြန်လာတော့ သူ့သမီးလေးက သူ့ကို အနေစိမ်းနေခဲ့ပြီလေ။ နိုင်ငံခြားမှာနေတုန်းက သူဟာ ရက်ခြားဆိုသလို မိသားစုကို ဖုန်းခေါ်တတ်ပြီး လူမှုရေး အရှုပ်အရှင်း လုံးဝကင်းသူတစ်ယောက်ပါ။

မြန်မာပြည် ပြန်အခြေချတဲ့သူက ကျွန်မကိုပြောတယ်။ သမီးအနေစိမ်းတာကိုငါသိပါတယ်။ သူက အဖေ့ကိုချစ်လားမေးရင် ချစ်တယ်ပြန်ပြောတဲ့ သမီးလေးရဲ့စကားဟာ ရင်ထဲကမပါမှန်း သူသိပေမယ့် မသိချင်ယောင်ဆောင်ပြီး လက်ခံထားပါတယ်တဲ့။ သေချာတာကတော့ မိသားစုအနားမှာ သူမရှိနေနိုင်တဲ့ ဒီနှစ်တွေအတွက် သူ့သမီးနဲ့ သူ့အကြားက မိသားစုသံယောဇဉ်တွေကို အိမ်ပြန်လာပြီး သုံးနှစ်ကျော် တည်ဆောက်နေသည့်တိုင် အနေစိမ်းမှုတွေ ကာရံထားဆဲဆိုတာ သူလက်မခံချင်ဘဲ လက်ခံထားရတယ်လို့ ပြောဖူးတယ်။

သူတင်မဟုတ်ပါဘူး။ ကလေးမသိတတ်ခင်မှာ ကလေးရဲ့အဝေးမှာ အခြေချနေထိုင်ပြီး နှစ်ရှည် အလုပ်လုပ်ကိုင်နေရတဲ့ မိဘတွေ ကလေးအနားပြန်ရောက်လာရင် ရက်ပိုင်း ၊ လဝက်လောက်သာ ကလေးရဲ့ဖော်ရွေမှု ၊ လိုလားမှုတွေကို ဝမ်းပန်းတသာခံစားနိုင်ပေမယ့် ဒါတွေဟာ ကလေးက သူ့အတွက်ယူလာမယ့် လက်ဆောင်တွေကြောင့် ၊ ငွေကြေးတွေကြောင့် ၊ တမြေခြားကပြန်လာရင် အစားကောင်းတွေစားရမယ် ၊ အဝတ်ကောင်းတွေရမယ် ၊ မိသားစုတွေလျှောက်လည်ပတ်စားသောက်ရမယ်ဆိုတာတွေကြောင့် ဆိုတာကို မြန်မာပြည် ပြန်အခြေချပြီးလအနည်းငယ်အတွင်းမှာ သူတို့သိလာတယ်။

အချိန်ကြာကြာ အိမ်မှာနေလေလေ အမြင်မတော်တာတွေ ဝင်ပြောဆိုဆုံးမတဲ့ ဒီမိဘရဲ့ ဆုံးမစကားတွေကို နားထောင်ရကောင်းမှန်းမသိတာတွေ ၊ နားမထောင်တာ ၊ အရွဲ့တိုက်တာ ၊ အနေစိမ်းတာ ၊ မနွေးထွေးတာ ၊ ကလေးတွေရဲ့အချစ် ကိုယ့်ထံသက်ရောက်မှုမရှိတာ ၊ ဖြစ်သင့်တာထက် အားနည်းနေတာကို ခံစားလိုက်ရတဲ့အခါ လက်မခံနိုင်တဲ့မိဘတွေက အရင်ကထက် သားသမီးကို ပိုပြောဆိုဆုံးမရင်း ဖြစ်သင့်တဲ့ မိဘနဲ့သားသမီးဆက်ဆံရေးကို ပုံသွင်းတဲ့အခါ ခေါက်ရိုးကျိုးနေတဲ့ အေးစက်စက်ဆက်ဆံရေးကို ပြင်မရနိုင်တော့ သားအမိ ၊ သားအဖကြားက ဆက်ဆံရေးကွာဟမှု ပိုသထက်ပိုလာတယ်။

တချို့ကတော့ အေးစက်စက်ဆက်ဆံရေးကို မသိယောင်ဆောင် လက်ခံထားပြီး နွေးထွေးတဲ့ဆက်ဆံရေးကို တဖြည်းဖြည်း စိတ်ရှည်ရှည်တည်ဆောက်ကြတယ်။ ဒီလိုမိဘတွေကို အနေဝေးလို့ အေးစက်စက်စက်ဖြစ်ခဲ့တဲ့ သားသမီးတွေက အနေနီးတဲ့မိဘလောက် မတွယ်တာပေမယ့် သူတို့အကြားက ဆက်ဆံရေးဟာ မိဘနဲ့သားသမီးဆိုတဲ့အသိနဲ့ အဆင်ပြေအောင် ရှေ့ဆက်ကြတယ်။ အနေဝေးခဲ့တဲ့မိဘက ရင်ထဲမှာ မျှော်လင့်ချက်တခုပဲရှိတယ်။ သူတို့ဘာကြောင့် သားသမီးရဲ့အဝေးမှာ နေထိုင်ခဲ့ရတယ်ဆိုတာကို တနေ့တော့ သူတို့သားသမီးတွေ သိနားလည်လာမယ်ဆိုတဲ့ မျှော်လင့်ချက်လေးပါပဲ။

တကယ်လို့များ ကလေးအနားမှာရှိတဲ့ လူကြီးမိဘတွေက ကလေးကို သူ့မိဘဟာ ဘာကြောင့် ကလေးကိုချစ်လျက်နဲ့ ကေ လးရဲ့အဝေးမှာ နေထိုင်လုပ်ကိုင်ပြီး ကလေးအနား ရှိမနေနိုင်တာကို ကလေးနားလည်အောင် ထပ်ခါထပ်ခါ ရှင်းလင်းပြောပြလေ့မရှိဘူးဆိုရင် ကလေးတွေဟာ ဘာအကြောင်းကြောင့် သူတို့မိဘတွေ သူတို့အနား မနေနိုင်ခဲ့တာလဲဆိုတာကို ကာလအတိုင်းအတာတခုအထိ ၊ ဘဝအတွေ့အကြုံရင့်ကျက်တဲ့အထိ မသိ ၊ နားမလည်နိုင်ကြပါဘူး။

အနေဝေးတဲ့မိဘကို ကလေးအနေစိမ်းတယ်ဆိုတာ ကလေးအနားရှိနေတဲ့ လူကြီးမိဘတွေရဲ့ ဆုံးမသွန်သင်မှု ပျက်ကွက်လို့ပါပဲ။ ကိုယ်တိုင်ကလည်း ကလေးအနားရှိနေနိုင်ချိန်လေးတွေမှာနဲ့ မအားတဲ့ကြားက အားလပ်ချိန်တွေ ရှာကြံပြီး သားသမီးကို အချိန်ပေး ဖုန်းခေါ်တာ ၊ အင်တာနက်ကပြောတာစသဖြင့် အဆင်ပြေရာတွေကိုလည်း ကလေးနဲ့ အနေလုံးဝစိမ်းသက်မနေဖို့ သတိထားလုပ်ဆောင်ပေးနေရမှာပေါ့။

တကယ်လို့များသာ ကလေးအနားရှိနေတဲ့ လူကြီးမိဘက အကြောင်းကြောင်းကြောင့် ကလေးအနားရှိမနေနိုင်တဲ့ (အဝေးရောက်နေတဲ့) ကလေးမိဘဟာ ကလေးကို ဘယ်လိုဂရုစိုက်ခဲ့ဖူးတာ ၊ ဘယ်လိုချစ်တာလို့ တဖွဖွပြောပြလေ့ရှိမယ်ဆိုရင် ကလေးရင်ထဲက စိမ်းသက်မှုတွေကို အတိုင်းအတာတခုအထိ ချေဖျက်ပေးပြီး အနေဝေးတဲ့မိဘနဲ့ကလေးအကြား မမြင်ရတဲ့နွေးထွေးမှုလေးကို ဖြစ်ပေါ်စေပါတယ်။

မိဘနှစ်ဦးအကြားက ဆက်ဆံရေးအဆင်မပြေလို့သော်လည်းကောင်း ၊ အိမ်ထောင်ရေးဖောက်ပြန်လို့သော်လည်းကောင်း ၊ အိမ်ထောင်ရေးပြတ်စဲလို့သော်လည်းကောင်း ဒီလိုမိသားစုထဲက ကလေးဟာ သူ့ကိုအုပ်ထိန်းတဲ့ မိဘလူကြီးတွေရဲ့ ပြောဆိုမှုတွေကြောင့် တဖက်မိဘကို မုန်းတီးနေတာ ၊ ပြောဆိုဆက်ဆံရမှာ မသတီတော့တာ ၊ မပတ်သက်ချင်တော့တာ ၊ ဒီ့ထက်ဆိုးရင်တော့ ဒီလိုလိင်တွေဟာ ဒီလိုအကျင့်မျိုးရှိတယ်ဆိုပြီး ဒီလိုလိင်တွေကို အသားလွတ်မုန်းတီးစိတ်ဝင်နေတာတွေ ဖြစ်လာတာပါပဲ။ ဒါဟာမကောင်းပါဘူး။

ဘယ်သူမဆို မကောင်းရင် မကောင်းသူနဲ့ ၊ မကောင်းတဲ့အရာကို ခွဲခြားမြင်တတ်ရမှာပါ။ ဒီလိုခွဲခြားမမြင်ဘဲ သိမ်းကြုံးထင်မြင်ယူဆပြီး ယုံကြည်လိုက်တယ်ဆိုတာ အမြင်လွဲမှားနေလို့ပါပဲ။ ဒါဟာဆုံးရှုံးမှုတခုလည်းဖြစ်ပါတယ်။ လူကောင်းတွေကို သူကောင်းနိုင်တယ်လို့ မမြင်နိုင်တာ ဆုံးရှုံးတာပါပဲ။ ဒီလိင်မျိုးတူတိုင်း ဒီလိုအကျင့်တွေချည်းမဟုတ်ဘူးဆိုတာကို ကလေးငယ်စဉ်ကတည်းက ကွဲကွဲပြားပြား သိရှိအောင် ဆုံးမပြောဆိုရှင်းပြတတ်ဖို့လိုတယ်။

ကိုယ့်အိမ်ထောင်ရေးကံမကောင်းတာကို မကောင်းတဲ့အိမ်ထောင်ရေးကြောင့်လို့လက်မခံဘဲ အိမ်ထောင်ပြုတာမကောင်းဘူး ၊ ယောကျာ်းတွေဟာမကောင်းဘူး ၊ မိန်းမတွေဟာမကောင်းဘူး ၊ ဒီလိုအကျင့်တွေရှိတယ် ၊ မပေါင်းသင်းထိုက်ဘူးဆိုတာတွေ ၊ မယုံကြည်သင့်ဘူးဆိုတာတွေ ကလေးကိုပြောဆိုမိပြိဆိုရင် ကိုယ်ဟာ ကလေးကို Brain Wash လုပ်လိုက်တာပါပဲ။ ဒီလိုဆို လူကြီးဖြစ်လာမယ့် ဒီကလေးဟာ ဒီလိင်ဟာအဆိုးဆိုတဲ့အမြင် လွှမ်းမိုးနေသမျှ ကောင်းမွန်တဲ့သူနဲ့ ပေါင်းသင်းခွင့်လွဲနေနိုင်တယ်။ သူယုံကြည်နေတာ အဆိုးဖြစ်နေလို့ပါ။

ဖြစ်သင့်တာက အနီးမှာ ကလေးအဖေ ၊ အမေ ရှိမနေလည်း သူ့ရဲ့ကောင်းကြောင်းတွေ မကြာမကြာ ကလေးကိုပြောပြပါ။ ဘယ်လိုကလေးကို ဂရုစိုက်ခဲ့ဖူးတယ် ၊ ဘယ်လိုချစ်ခဲ့တာ ၊ အခုမဖြစ်လွန်းလို့ခွဲနေရတာဆိုတာတွေကို ပြောဆိုရင်း ကလေးရဲ့ လွမ်းဆွတ်မှု ၊ တစိမ်းဆန်လာမှုတွေကို ချေဖျက်ပေးရမှာပါ။ တဖက်လူက ကောင်းသည်ဖြစ်စေ ၊ ဆိုးသည်ဖြစ်စေ ဖြေရာဖြေကြောင်းတွေ ပြောဆိုခြင်းဟာ ကလေးအတွက် အကောင်းမြင်မှုကို ခံစားစေတယ်။ တဖက်လူကို မကောင်းပြောတာ ကလေးကြားရလေ့ရှိရင် ကလေးပါ မကောင်းတွေးစိတ် ၊ မကောင်းမြင်စိတ်တွေ ကိန်းအောင်းလာတတ်တယ်။

တကယ်လို့များသာ အနေဝေးခဲ့တဲ့မိဘက သည်းခံစောင့်စားနိုင်တယ်ဆိုရင် ကလေးအတိုင်းပဲ အရွယ်တန့်နေမှာမဟုတ်တဲ့ကလေးဟာ တနေ့တော့ မိဘမေတ္တာနဲ့ မိဘစေတနာတွေကို နားလည်လာမှာပါ။ ဘာကြောင့် သူ့အနားမှာ အချိန်ပေးမနေနိုင်ခဲ့သလဲဆိုတာရယ် ၊ ဘာကြောင့် မေတ္တာပေးဖို့ ပျက်ကွက်ခဲ့ရသလဲဆိုတာကို ကလေးနားလည်လာတဲ့တနေ့ အဆတိုးပြီး ကြင်နာချစ်ခင်လာပါလိမ့်မယ်။ သူအထင်မှားခဲ့တာတွေအတွက် ပိုပေးဆပ်ရင်း သူအေးစက်ခဲ့တာတွေအတွက် ပိုနွေးထွေးလာပါလိမ့်မယ်။ အဲဒီတနေ့ကစပြီး နွေးထွေးတဲ့ သားသမီးရဲ့မေတ္တာတရားတွေကို ခံစားရပြီပေါ့။ သေချာပါတယ်။ တနေ့တော့ သူနားလည်လာမှာပါ။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%90%e1%80%b1%e1%80%94%e1%82%94%e1%80%b1%e1%80%90%e1%80%ac%e1%80%b7-%e1%80%94%e1%80%ac%e1%80%b8%e1%80%9c%e1%80%8a%e1%80%b9%e1%80%99%e1%80%bd%e1%80%ac%e1%80%95%e1%80%ab/feed/ 0
ကလေးတွေဘာကြောင့်ဆိုးကြသလဲ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%98%e1%80%ac%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7%e1%80%86%e1%80%ad%e1%80%af%e1%80%b8%e1%81%be%e1%80%80/ http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%98%e1%80%ac%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7%e1%80%86%e1%80%ad%e1%80%af%e1%80%b8%e1%81%be%e1%80%80/#respond Sat, 27 Aug 2016 10:02:02 +0000 http://www.burmesehearts.com/?p=69447 ဒီလောက်သင်တာတောင် နားမလည်ဘူးလား။ ဒီလောက်ဆိုးရသလား။ နားမပါဘူးလား ။ မှတ်ဥာဏ်မရှိဘူးလား စသဖြင့် မိဘဘိုးဘွား ၊ ဆရာသမားတွေနဲ့ လူကြီးတွေက ကလေးတွေကို ဆူပူငေါက်ငမ်းကြတယ်။ ကလေးဘာကြောင့်ဆိုးရသလဲဆိုတာကိုတော့ အသေအချာ ပြန်သုံးသပ် အဖြေရှာကြတဲ့သူတွေတော့ နည်းတယ်။ ကလေးတွေဘာကြောင့်ဆိုးရသလဲဆိုတာကို လွယ်လွယ်လေး အဖြေပေးရရင် ကျေနပ်မှုမရှိလို့ဆိုးတာပါ။ ဘာကိုမကျေနပ်တာလဲဆိုတာတော့ သူတို့ကိုယ်တိုင် အသိဆုံးပဲဖြစ်မှာပါ။ သူတို့မိဘနဲ့ ခွဲခွါနေရတာကို မကျေနပ်တာလား ၊ မိရင်းဖရင်းမဟုတ်သူကို အမိအဖခေါ်နေရတာကို မကျေနပ်တာလား ၊ နေချင်သူနဲ့မနေရ မနေချင်သူနဲ့ နေရတဲ့ဘဝကို မကျေနပ်တာလား ၊ သိတတ်ကတည်းက ခါးသည်းတဲ့ခံစားမှုတွေကြောင့် မကျေနပ်ချက်တွေနဲ့ စိတ်ဓါတ်ပါ ကြမ်းတမ်းလာခဲ့တာလား ၊ လူကြီးမိဘဆရာသမားတွေရဲ့ ဆိုဆုံးမ မတတ်မှု ၊ လိုရင်လိုသလို မလိုရင်မလိုသလို မျက်နှာသာပေးမှု စတာတွေကို မကျေနပ်တာ စသဖြင့်သော မကျေနပ်ချက်တွေ ကြီးထွားလာလေလေ ကလေးဟာ ဆိုဆုံးမရခက်လေလေ ၊ […]]]>
မွေးကတည်းက ဆိုးလာတဲ့ကလေးရယ်လို့မရပါဘူး။ ဆိုးလာစေတဲ့အကြောင်းတွေကြောင့် ကလေးဆိုးဖြစ်လာတာပါ။
မွေးကတည်းက ဆိုးလာတဲ့ကလေးရယ်လို့မရှိပါဘူး။ ဆိုးလာစေတဲ့အကြောင်းတွေကြောင့် ကလေးဆိုး ဖြစ်လာတာပါ။

ဒီလောက်သင်တာတောင် နားမလည်ဘူးလား။ ဒီလောက်ဆိုးရသလား။ နားမပါဘူးလား ။ မှတ်ဥာဏ်မရှိဘူးလား စသဖြင့် မိဘဘိုးဘွား ၊ ဆရာသမားတွေနဲ့ လူကြီးတွေက ကလေးတွေကို ဆူပူငေါက်ငမ်းကြတယ်။ ကလေးဘာကြောင့်ဆိုးရသလဲဆိုတာကိုတော့ အသေအချာ ပြန်သုံးသပ် အဖြေရှာကြတဲ့သူတွေတော့ နည်းတယ်။

ကလေးတွေဘာကြောင့်ဆိုးရသလဲဆိုတာကို လွယ်လွယ်လေး အဖြေပေးရရင် ကျေနပ်မှုမရှိလို့ဆိုးတာပါ။ ဘာကိုမကျေနပ်တာလဲဆိုတာတော့ သူတို့ကိုယ်တိုင် အသိဆုံးပဲဖြစ်မှာပါ။ သူတို့မိဘနဲ့ ခွဲခွါနေရတာကို မကျေနပ်တာလား ၊ မိရင်းဖရင်းမဟုတ်သူကို အမိအဖခေါ်နေရတာကို မကျေနပ်တာလား ၊ နေချင်သူနဲ့မနေရ မနေချင်သူနဲ့ နေရတဲ့ဘဝကို မကျေနပ်တာလား ၊ သိတတ်ကတည်းက ခါးသည်းတဲ့ခံစားမှုတွေကြောင့် မကျေနပ်ချက်တွေနဲ့ စိတ်ဓါတ်ပါ ကြမ်းတမ်းလာခဲ့တာလား ၊ လူကြီးမိဘဆရာသမားတွေရဲ့ ဆိုဆုံးမ မတတ်မှု ၊ လိုရင်လိုသလို မလိုရင်မလိုသလို မျက်နှာသာပေးမှု စတာတွေကို မကျေနပ်တာ စသဖြင့်သော မကျေနပ်ချက်တွေ ကြီးထွားလာလေလေ ကလေးဟာ ဆိုဆုံးမရခက်လေလေ ၊ ပိုပို ဆိုးလာလေလေ ဖြစ်နေမှာပါ။

ဒါကြောင့် ကလေးတစ်ဦး ဆိုးလာပြီဆိုတာနဲ့ အရင်နဲ့မတူတော့တဲ့ သူ့ရဲ့အပြုအမူ ၊ အပြောအဆိုတွေကို ဂရုစိုက်ရတော့မှာဖြစ်ပါတယ်။ ဒါဟာ သူ့ကို ဆူဖို့ ၊ ဆဲဖို့ ၊ ရိုက်ဖို့ ၊ အော်ဖို့ ၊ ငေါက်ဖို့ ၊ ပြစ်တင်ကြိမ်းမောင်းဖို့ ဂရုစိုက်ကြည့်ခိုင်းတာမဟုတ်ပါဘူး။ သူဘာကို မကျေနပ်တာလဲ ၊ သူဘာကြောင့် ဒီလိုပြောင်းလဲမှုမျိုး ဖြစ်ပေါ်လာရသလဲဆိုတဲ့ အကြောင်းရင်းကိုမြင်အောင် ဂရုစိုက်ကြည့်ခိုင်းတာပါ။

မူရင်းဖြစ်ပေါ်နေတဲ့ ကလေးရဲ့မကျေနပ်ချက်တွေကို တဖြည်းဖြည်း အချိန်ယူလို့ ဖြေဖျောက်ပေးနိုင်ပါမှ ကလေးဟာ ဆိုးတဲ့အကျင့်တွေ ၊ မကျေနပ်စိတ်တွေ လျော့ပါးလာမှာဖြစ်ပါတယ်။ ချက်ချင်းကြီးတော့ နေ့ချင်းညချင်း ပြောင်းလဲယူလို့ရတာမျိုးမဟုတ်ပါဘူး။ အချိန်ယူပြောင်းလဲပြုပြင်သွားရတာမျိုးပါ။ ကလေးစိတ်ဆိုတာ ထည့်ရာပုံစံခွက်ထဲဝင်သွားတဲ့ရေလိုပဲလို့ လူကြီးတွေကပြောကြတယ်။ မှန်သင့်သလောက်မှန်ပါတယ်။ လုံးဝအမှန်ကြီးတော့ မဟုတ်ပါဘူး။

ကလေးဟာ သူနဲ့နေ့စဉ်အတူ အချိန်များများရှိနေတဲ့ လူတွေအပေါ်မူတည်ပြီး ပြောင်းလဲကျင့်ကြံပြောဆိုတတ်ပါတယ်။ ကောင်းတဲ့သူနဲ့ နေတာများရင် ကောင်းတဲ့အကျင့် အနည်းနဲ့အများ ကူးမှာဖြစ်ပြီး မကောင်းတဲ့သူနဲ့ တနာရီ ၊ တရက် ၊ တပတ် ၊ တလလောက်များ ရှိလိုက်ရင်ဖြင့် မကောင်းတဲ့ အတွေးအခေါ် ၊ အမူအကျင့် ၊ အပြောအဆို ကူးစက်မှုဟာ အတော့်ကို ကြောက်စရာကောင်းလောက်အောင် ဖျောက်ရခက်သွားတာမျိုးလည်း ရှိပါတယ်။

တကယ်လို့များကလေးဟာ သူနဲ့အတူရှိနေတဲ့သူရဲ့ အပြောအဆိုနဲ့ လုပ်ရပ်တွေကို မကျေနပ်တာမျိုး ၊ ဖြစ်နေတဲ့ အခြေအနေတွေအပေါ် မကျေနပ်တာမျိုး ၊ ကူးစက်လာတဲ့ အကျင့်နဲ့အပြောအဆိုတွေက အဆိုးဘက်ကို အားသာနေတဲ့အခါ အချိန်မီ ဖြေဖျောက်ပေးတာမျိုး မလုပ်နိုင်ရင် သူ့တဘဝတာလုံး ဒီလိုအမူအကျင့်တွေနဲ့ ကြီးပြင်းသွားတော့မှာပါ။ နောက်ကျမှ သတိထားမိရင် ကလေးဟာ ဒီအမူအကျင့် ၊ အပြောအဆိုတွေနဲ့ ခေါက်ရိုးကျိုးနေပြီး အကျင့်စွဲသွားနိုင်ပါတယ်။

ကလေးတွေ စိတ်မကျေနပ်ရာကနေ အထီးကျန်စိတ်စွဲသွားတာမျိုး ၊ စိတ်ကျရောဂါစွဲသွားတာမျိုး ၊ စိတ်ဒဏ်ရာရနေတာမျိုးတွေလည်း ဖြစ်သွားတတ်ပါတယ်။ ပုံမှန်အားဖြင့် ကလေးတွေဟာ ခြေ ၊ လက်အငြိမ်မနေဘဲ ကုတ်တတ် ၊ ဖဲ့တတ်ကြတယ်ဆိုပေမယ့် ကိုယ့်ကလေးဟာ ခြေတွေ ၊ လက်တွေ နဲ့ မိမိအသားတွေကို သူသတိထားမိလို့ပဲဖြစ်ဖြစ် ၊ သူသတိမထားမိလို့ဘဲဖြစ်ဖြစ် သွေးထွက်လာတဲ့အထိ ကုတ်ဖဲ့နေတတ်တဲ့အကျင့်မျိုးရှိနေရင် ဒီကလေးကို အထူးနွေးထွေးမှုပေးပါ ၊ ယုယမှုပေးပါ ၊ အနူးညံ့ဆုံးဆက်ဆံပါ ၊ အတတ်နိုင်ဆုံးလိုက်လျောပါ ၊ အချိန်ပေးပါ ၊ ကြင်နာစွာနဲ့ ဂရုတစိုက်စောင့်ကြည့်ပါ။ ဒီကလေးဟာ အထက်မှာပြောထားတဲ့ စိတ်အခြေအနေတွေထဲက တခုခံစားနေရလို့ဖြစ်ပါတယ်။ ဒါကို လူကြီးမိဘက အချိန်မီဂရုတစိုက်ကုစားပေးနိုင်ရင်ကောင်းပါတယ်။

နောက်ကျသွားရင်တော့ ဖြစ်နေတဲ့ သူ့စိတ်အခြေအနေတွေက ဆိုးသထက် ဆိုးရွားလာရင် သူဟာ ရထားတဲ့စိတ်ဒဏ်ရာကြောင့် သူ့ကိုယ်သူလည်း ဒုက္ခပေးနိုင်တယ် ၊ အနီးဝန်းကျင်မှာ ရှိနေတဲ့သူတွေကိုလည်း ဒုက္ခပေးလာနိုင်တယ်။ တကယ်လို့များ ကလေးဟာ ငယ်ငယ်ရွယ်ရွယ်လေးနဲ့ စိတ်ဒဏ်ရာရခဲ့မယ် သို့မဟုတ် စိတ်ဒဏ်ရာကို ပမာဏများများနဲ့ အချိန်အတော်ကြာ ခံစားခဲ့ရမယ်ဆိုရင် ဒီခံစားချက်တွေက ကလေးတဘဝလုံးစာ လိုက်ဖျက်တော့မှာပါ။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%80%e1%80%b1%e1%80%9c%e1%80%b8%e1%80%b1%e1%80%90%e1%80%bc%e1%80%98%e1%80%ac%e1%80%b1%e1%81%be%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b7%e1%80%86%e1%80%ad%e1%80%af%e1%80%b8%e1%81%be%e1%80%80/feed/ 0
တန်ဖိုးကြီးကြီးပေးလည်း အစားထိုးလို့မရတဲ့အရာ http://www.burmesehearts.com/%e1%80%90%e1%80%94%e1%80%b9%e1%80%96%e1%80%ad%e1%80%af%e1%80%b8%e1%82%80%e1%80%80%e1%80%ae%e1%80%b8%e1%82%80%e1%80%80%e1%80%ae%e1%80%b8%e1%80%b1%e1%80%95%e1%80%b8%e1%80%9c%e1%80%8a%e1%80%b9%e1%80%b8-2/ http://www.burmesehearts.com/%e1%80%90%e1%80%94%e1%80%b9%e1%80%96%e1%80%ad%e1%80%af%e1%80%b8%e1%82%80%e1%80%80%e1%80%ae%e1%80%b8%e1%82%80%e1%80%80%e1%80%ae%e1%80%b8%e1%80%b1%e1%80%95%e1%80%b8%e1%80%9c%e1%80%8a%e1%80%b9%e1%80%b8-2/#respond Tue, 19 Jul 2016 04:02:51 +0000 http://www.burmesehearts.com/?p=65813

replace

တန်ဖိုးကြီးကြီးပေးလည်း အစားထိုးလို့မရတာ အချိန်ရယ် ၊ အရွယ်ရယ် ၊ ကောင်းမွန်တဲ့ ကျန်းမာရေးဆိုတာရယ် ၊ ရှင်သန်ခွင့်ရရှိခြင်း စတာတွေအပြင် ရင်ထဲကလစ်ဟာသွားတဲ့နေရာပါ။ ရင်ထဲနက်နက်တနေရာမှာ နေရာပေးထားတဲ့သူတစ်ယောက်ကို ဆုံးရှုံးလိုက်ရရင် သူ့နေရာအစားထိုးဖို့ ကြိုးစားပါသော်လည်းမရ ၊ သူ့ကိုပြန်ရယူဖို့ကလည်း မဖြစ်နိုင်တဲ့အခါ ရင်နာရသူက ကိုယ်ဖြစ်သွားပါတယ်။

ရင်တွင်းနက်နက်တနေရာမှာရှိနေတဲ့ ဒီနေရာကို ရယူသိမ်းပိုက်ထားတဲ့ လူပုဂ္ဂိုလ်အဖြစ် တွေးကြည့်ကြရအောင်။ ပထမဆုံး မိဘသာ ဒီနေရာမှာ ရှိနေခဲ့မယ်ဆိုရင် ဒီမိဘကို ဆုံးရှုံးလိုက်ရတဲ့ ဆုံးရှုံးမှုဟာ အတော်ကြီးမားလှပါတယ်။ အားအကိုးရဆုံးဟာလည်းသူ ၊ အယုံကြည်ရဆုံးဟာလည်းသူဆိုတဲ့နေရာမှာရှိနေတဲ့ အမေဖြစ်ဖြစ် ၊ အဖေဖြစ်ဖြစ် ဆုံးရှုံးလိုက်ရမယ်ဆို အတော် အားပြတ်သွားမှာပဲ။

ဆုံးရှုံးလိုက်ရတဲ့ ဒီအမေ ၊ အဖေနေရာ အစားထိုးဝင်လာသူဟာ အမေ ၊ အဖေ နေရာဝင်ထိုင်ပေမယ့် အမေ ၊ အဖေဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူး။ မိထွေး ၊ ပထွေးပဲ ဖြစ်နေမှာပါ။ တချို့သော သားသမီးတွေဟာ အမေ ၊ အဖေ မကောင်းမှန်းသိဦးတော့ ကိုယ့်မိရင်း ၊ ဖရင်းကိုပဲ အမေ ၊ အဖေလို့ ခေါ်ချင်တာပါ။ မိထွေး ၊ ပထွေး ဘယ်လောက်ကောင်းကောင်း စိတ်ထဲက နှစ်နှစ်ကာကာနဲ့ အမေ ၊ အဖေလို့ ပြောင်းခေါ်ရလောက်အောင် သွေးက လက်မခံနိုင်တာတွေရှိတယ်။

မသိ ၊ နားမလည်သေးတဲ့ ကလေးတွေက ဘာကြောင့် အဖေ ၊ အမေ သူတို့အနားမှာ ရှိမနေနိုင်တော့တာလဲဆိုတာ နားမလည်နိုင်သေးပါဘူး။ သူတို့စိတ်ထဲမှာ ရှိနေတာက ရွယ်တူသူငယ်ချင်းတွေ အဖေ ၊ အမေခေါ်ခွင့်ရချိန်မှာ ကိုယ်လည်း ခေါ်ခွင့်ရချင်တာပဲသိတယ်။ သူတို့ရင်ထဲက လစ်ဟာနေတဲ့ဒီကွက်လပ်ကို နောက်ဆုံးပေါ် ကစားစရာတွေနဲ့ အဝတ်အထည်အသုံးအဆောင်တွေက ဖြည့်ဆည်းပေးနိုင်မှာမဟုတ်ဘူး။

ရင်တွင်းနက်နက်တနေရာက ဆုံးရှုံးလိုက်ရသူကို သားသမီးအဖြစ် တွေးကြည့်ရအောင်။ မိဘမေတ္တာကြီးမားသူတွေဟာ သားသမီးဆီ ဘယ်ဘေးအန္တရာယ်မှ မကျစေလိုပါ။ သားသမီးမွေးကင်းစအရွယ်မှာ ကလေးတခုခုများဖြစ်ရင် မိဘတွေ (အထူးသဖြင့်အနီးကပ်ဆုံးမိခင်)ဟာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် စိုးရိမ်ပျာယာခတ်နေတတ်တယ်။

သားဦးမိဘတွေလည်း သားဦးအလျောက် အတွေ့အကြုံမရှိ စိတ်ပူကြသလို အကြီးတွေမွေးထားပြီးပေမယ့်လည်း မွေးလာတဲ့အငယ်ကလေးဟာ သူတို့အတွက် မဖတ်ရသေးတဲ့ ဘဝ စာတမျက်နှာပါပဲ။ တချို့မိဘတွေက သားသမီးအချင်းချင်း ခွဲခြားစိတ်ထားပြီး ချစ်တာ ၊ ဂရုစိုက်တာမျိုးရှိတတ်ပေမယ့် အများစုသောမိဘတွေအတွက်ကတော့ သားဦးကလေးလည်း သားဦးမို့ချစ်တာပဲ ၊ အလတ်လည်းအလတ်မို့ ချစ်တာပဲ ၊ အငယ်လည်းအငယ်မို့ချစ်တာပါပဲ။

သားသမီးကိုရတနာနဲ့ခိုင်းနှိုင်းကြတယ်ဆိုတာ စိန်တဆင်စာထပ်ဝယ်လာလို့ ရှိပြီးသား မြတဆင်စာကို လွှင့်ပစ်လိုက်တာမျိုး မလုပ်တတ်ကြလို့ပါ။ ရတနာဆိုတာ ကာလကြာလေ တန်ဖိုးကြီးလေလိုမျိုး သားသမီးဆိုတာကိုလည်း မိဘတွေက အချိန်နဲ့အမျှ ပိုပိုချစ်လာတတ်ကြတဲ့သဘောရှိပါတယ်။ သားသမီးဖြစ်မယ့်အစား ကိုယ့်ပဲ ဖြစ်စေချင်တယ်။ သားသမီးခံစားရမယ့်အစား ကိုယ်ပဲ ခံစားလိုက်ချင်တယ်။ သားသမီးမတောင်းခင် ဖြည့်ပေးချင်တယ်။ သားသမီးတောင့်တတိုင်းလည်း ပြည့်စေ့ချင်တယ်။ မိဘမေတ္တာဟာ အနန္တပါ။

ရင်တွင်းနက်နက်တနေရာမှာ နေရာယူထားတဲ့ သားသမီးကို ဆုံးရှုံးလိုက်ရမယ်ဆိုရင် နောင်တသား ထပ်မွေးပြီးအစားထိုးဦးတော့ ဒီအဖေ ၊ ဒီအမေ ၊ ဒီသွေးသားကဆက်စပ် ပေါက်ဖွားလာသည့်တိုင် ဒီတစ်ယောက်ဟာ ဟိုတစ်ယောက်နဲ့ အသွင် ၊ ဗီဇ ၊ စရိုက်အပြုအမူတွေတူမှာမဟုတ်ပါဘူး။ တချို့တွေက နောက်ထပ်တယောက် ထပ်မယူချင်လောက်အောင် စိတ်ဓါတ်ကျသွားတာမျိုးလည်း ဖြစ်တတ်တယ်။ ကိုယ့်ကြောင့်များ ကိုယ့်သားသမီး ချွတ်ချော်လွဲမှားသွားတာမျိုးဆိုရင် တသက်တာ ယူကျုံးမရပေါ့။ မပြောမယ့်သာ ဖွင့်ထုတ်မပြောတာ ၊ နောင်တတွေတလှေကြီးနဲ့လေ။

ကိုယ်တိုင်ခံစားနေရချိန် ကိုယ့်ဘေးနားရှိသူတွေက နင်အသုံးမကျလို့ဖြစ်ရတာ ၊ နင့်ကြောင့် ၊ နင့်ကြောင့်လို့ ထပ်တလဲလဲစွပ်စွဲနေတဲ့ စကားလုံးတွေကြောင့် ခံစားနေရတဲ့ အမေ ၊ အဖေရဲ့ စိတ်ဖိစီးမှု ၊ စိတ်ဆင်းရဲမှုတွေဟာ စိတ်ဓါတ်ကျမှုတွေဖြစ်လာတယ်။ သိပ်ဆိုးရွားတဲ့အခြေအနေမှာ နလန်မထူနိုင်တော့တဲ့စိတ်တွေနဲ့ စိတ်ဓါတ်အကြီးအကျယ် ကျသွားနိုင်ပါတယ်။ တချို့မိခင်တွေ ကလေးဆုံးလို့ ဖြေမဆည်နိုင်ဘဲ ရူးသွားကြတာအထိ မြင်ဖူးတယ်။

ရင်တွင်းနက်နက်တနေရာကလူကို ဇနီး ၊ ခင်ပွန်းအဖြစ် စဉ်းစားကြည့်တဲ့အခါ သေတဲ့အထိ မေတ္တာမပျက်ချစ်သွားမယ်ဆိုတဲ့စကားကို သတိရမိတယ်။ တချို့ဆို ကိုယ့်ဇနီး ၊ ကိုယ့်ခင်ပွန်းနဲ့ အကြောင်းကြောင်းကြောင့် သေကွဲ ၊ ရှင်ကွဲ ကွဲခဲ့ရတာတွေရှိပေမယ့် နောက်အိမ်ထောင်ပြုတာမျိုးမရှိဘဲ သူ့နေရာကို အစားထိုးတာမျိုးမလုပ်ဘဲ သေတဲ့အထိ ချစ်သွားကြတာလည်းမြင်ဖူးတယ်။

မြန်မာလူမှုဝန်းကျင်မှာ ဖောက်ပြန်သူတွေများနေတယ်လို့ ကျယ်ကျယ်လောင်လောင်အော်နေတဲ့ အခုခေတ်ထဲ ကိုယ့်ဇနီး ၊ ကိုယ့်ခင်ပွန်းကို လက်လွှတ်ဆုံးရှုံးရမှာ စိုးသူတွေ ၊ တန်ဖိုးထားတတ်သူတွေ အများအပြားလည်းရှိပါသေးတယ်။ မေတ္တာစစ်နဲ့ချစ်ပြီး သစ္စာတရားကို စောင့်သိတန်ဖိုးထားတတ်သူတွေပေါ့။

ချစ်သူတွေအချင်းချင်းမှာလည်း တစ်ယောက်ဆိုတစ်ယောက် တန်ဖိုးထားချစ်သူတွေရှိတယ်။ ခက်တာက ဒီလိုတန်ဖိုးထားတတ်သူတွေဟာ သူတို့လိုတန်ဖိုးထားတတ်သူအချင်းချင်းနဲ့ ဆုံတွေ့ခွင့်ရပါမှ အချစ်ရေး ၊ အိမ်ထောင်ရေး မြဲမြံတာမျိုးပါ။ ချစ်သူရှိပေမယ့် လက်တွဲဖော်မရှိတဲ့သူလိုမျိုး ၊ အိမ်ထောင်ရှိပေမယ့် တိုင်ပင်ဖော်မရှိတဲ့သူလိုမျိုး ဖြစ်နေတဲ့အခါ သူများတွေလို ရေလိုက်ငါးလိုက်စိတ်ထားမျိုးနဲ့ နေလိုက်မယ်လို့ စိတ်ပြောင်းလိုက်ရင် ငါးစိမ်းမြင် ငါးကင်ပစ်တဲ့ခေတ်ကြီးထဲ သူလည်း စိတ်ဓါတ်ပျက်လာတော့မှာပါ။

ရှိသမျှစည်းစိမ်ပုံပေးပြီး ပြန်ဝယ်လို့မရတဲ့ ရင်ထဲနက်နက်တနေရာကလူတွေကို အကြောင်းကြောင်းကြောင့် ဆုံးရှုံးရမှာစိုးရင် ပထမဆုံး တန်ဖိုးထားပေးပါ။ ဂရုစိုက်မှုပေးပါ။ မိမိတတ်နိုင်တာထက် ပိုပြီးပြုစုစောင့်ရှောက်ပါ။ အခါအားလျော်စွာ ပျော်ရွှင်စရာအထိမ်းအမှတ်တွေ လုပ်ပေးရင်း ပျော်ရွှင်မှုတွေ အတူဖန်တီးပါ။ သူ့ခံစားမှုတွေနားထောင်ပြီး ကိုယ့်ခံစားမှုတွေလည်း ဝေမျှပါ။ သူနဲ့အတူရှိနေတဲ့အချိန်တွေကို တန်ဖိုးထားပါ။ ဘဝဟာတိုတောင်းလွန်းတယ်။  နေ့မြင်ညပျောက် အချိန်တိုင်းလည်း ဘာမဆိုဖြစ်ပျက်သွားနိုင်တယ်။ သေကွဲဆိုတာ မလွန်ဆန်နိုင်ပေမယ့် ရှင်ကွဲမကွဲအောင်တော့ ကိုယ်တွေဂရုစိုက်လို့ရတယ်။ နောင်တဆိုတာ ခံစားလို့ကောင်းတဲ့အရာမဟုတ်ပါဘူး။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%90%e1%80%94%e1%80%b9%e1%80%96%e1%80%ad%e1%80%af%e1%80%b8%e1%82%80%e1%80%80%e1%80%ae%e1%80%b8%e1%82%80%e1%80%80%e1%80%ae%e1%80%b8%e1%80%b1%e1%80%95%e1%80%b8%e1%80%9c%e1%80%8a%e1%80%b9%e1%80%b8-2/feed/ 0
အလျော်အစားကြီးတဲ့အိမ်ထောင်ရေး http://www.burmesehearts.com/%e1%80%a1%e1%80%b1%e1%80%9c%e1%80%ba%e1%80%ac%e1%80%b9%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%82%80%e1%80%80%e1%80%ae%e1%80%b8%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%b1/ http://www.burmesehearts.com/%e1%80%a1%e1%80%b1%e1%80%9c%e1%80%ba%e1%80%ac%e1%80%b9%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%82%80%e1%80%80%e1%80%ae%e1%80%b8%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%b1/#respond Fri, 01 Jul 2016 23:58:22 +0000 http://www.burmesehearts.com/?p=63463

လူဖြစ်ရတဲ့ဒုက္ခလို့ မျိုးကျော့မြိုင်က သီချင်းလုပ်ဆိုခဲ့ပေမယ့် သူတပါးကို ကိုယ့်ထက်ပို လိုအပ်မိတယ်ဆိုကတည်းက ဒုက္ခပိုကြီးသွားတာပါ။ သူ့ကိုလိုအပ်နေတော့ သူ့ကို ရယူပိုင်ဆိုင်ချင်လာတယ်။ ဒီကတဆင့် ရယူပိုင်ဆိုင်ဖို့ကြိုးစားရင်းက ရယူပိုင်ဆိုင်ခွင့်ရသွားတယ်ဆို နှစ်ဦးပေါင်းစပ်ခွင့်ရသွားကြတာပေါ့။

အလျော်အစားကြီးတဲ့အိမ်ထောင်ရေးဟာ ဘာများလဲလို့ တွေးမိကြမှာပဲနော်။ တကယ်က လက်ထပ်ပေါင်းသင်းခြင်းပြုသော မပြုသော လက်တွဲဖော်တိုင်းဟာ အလျော်အစား သို့မဟုတ် အမြတ်အစွန်း ကြီးကြီးမားမားရှိလာမယ့်အရာတွေနဲ့ ကစားနေတာပါ။ ပိုရှင်းအောင်ပြောရရင် အိမ်ထောင်မပြုသေးသော လက်တွဲဖော်တွေက ခံစားချက်တွေနဲ့ ရင်းနေကြတာဖြစ်ပြီး အတည်တကျ အိမ်ထောင်ပြုလို့ လက်ထပ်ပေါင်းသင်းလိုက်ကြတဲ့ လက်တွဲဖော်တွေက ခံစားချက်တွေတင်မက ၊ ဘဝတခုလုံး ၊ မျိုးဆက်တခုလုံးကိုပါ ရင်းထားကြတာပါ။ အပျိုကြီး ၊ လူပျိုကြီးတွေကတော့ သူမနိုင် ၊ ကိုယ်မရှုံးအနေအထားမှာ သာယာနေကြတာဆိုတော့ သူတို့က ချွင်းချက်ပေါ့။

စဉ်းစားကြည့်လေ ကိုယ်တွေခံစားချက်တွေတင်မက ၊ ရှေ့ဆက်ရမယ့်ဘဝတခုလုံး ၊ ကိုယ်တွေရဲ့ဂုဏ်သိက္ခာ ၊ ပြန့်ပွားလာမယ့်မျိုးဆက်ဆိုတာတွေကို ကိုယ့်လက်တွဲဖော်လက်ထဲ ရင်းထားကြရတာဆိုတော့ အလျော်အစားကြီးတာပေါ့။ ဒါကြောင့်လည်း အလျော်အစားကြီးတဲ့အိမ်ထောင်ရေးလို့ပြောတာပါ။

ဒါဆိုရင် ဘာလို့ အမြတ်အစွန်းကြီးတဲ့အိမ်ထောင်ရေးလို့ ဆိုပြန်သလဲဆိုတော့ ဘဝလက်တွဲဖော်အစစ်သာ ရရှိခဲ့မယ်ဆိုရင် ကိုယ်ချစ်တဲ့သူနားမှာ ဘဝတသက်တာ နေထိုင်သွားခွင့် ၊ ဒီလူနဲ့ အရာရာ မျှဝေခံစားခွင့် ၊ ဒီလူနဲ့ ဘဝအနာဂါတ်အတူတူ တည်ဆောက်သွားခွင့် ၊ ဒီလူနဲ့သွေးရောထားတဲ့ ကိုယ်တွေမျိုးဆက်ကို ပျိုးထောင်မြှင့်တင်ခွင့် ၊ ဒီလူနဲ့ သေအတူရှင်မကွာ နေထိုင်သွားခွင့်တွေဟာ နည်းနည်းနောနော အမြတ်တွေလား။ လူတိုင်းမရနိုင်တဲ့ ဘဝအမြတ်အစွန်းတွေလေ။

အမြတ်ကိုပဲ မျှော်စားလို့ စီးပွားရေးမလုပ်သင့်သလို အမြတ်ထွက်နိုင်တာတွေကိုချည်း မျှော်လင့်လို့ အိမ်ထောင်မပြုသင့်ပါဘူး။ အရှုံးကို ကြိုတွက်ဆထားပါမှ ကြုံလာရင် မတုန်လှုပ်တမ်း ခံနိုင်ရည်ရှိမှာပေါ့။ ဒီလိုအရှုံးမျိုးကြုံလာရရင် ငါဘယ်လို ရင်ဆိုဖြေရှင်းမယ်လို့ ကြိုတွေးတောပြင်ဆင်ထားရင်တော့ ဒါကြုံလာလည်း မမှုဘူး ။ စိတ်ပျက်အားငယ်လို့ စိတ်ဓါတ်ကျနေတာမျိုးမရှိတော့ဘူး။ ကြိုတွက်ဆ ပြင်ဆင်ထားခဲ့ပြီးသားမို့ ဒါမျိုးကြုံလာရင် ဘာလုပ်မယ်ဆိုတာ အစီအစဉ်ရှိထားပြီးသားလေ။

အချစ်ရေး ၊ အိမ်ထောင်ရေးအဆင်မပြေလို့ ဘဝထဲ ဖြစ်သလို စီးမျောလိုက်တဲ့ အမျိုးသား ၊ အမျိုးသမီးတွေရှိတယ်။ သူတို့တွေက အရှုံးကြုံရနိုင်တယ်လို့ ကြိုမတွေးခဲ့တာ ၊ ဒါကိုလက်မခံခဲ့တာ ၊ လက်မခံနိုင်ခဲ့လို ကြိုတင်ပြင်ဆင်မှုမရှိတာ ၊ ကြိုတင်ပြင်ဆင်မှုမရှိလို့ ကြုံလာတော့ မခံနိုင်ဘဲ ရှော့ခ်ဖြစ်သွားတာ ၊ ကြုံနေတဲ့အခြေအနေကို လက်မခံနိုင်တာ ၊ ဖြစ်ချင်ရာမဖြစ်ရင် ဖြစ်လိုရာဖြစ်ဆိုတဲ့စိတ်နဲ့ ဘဝရေစုန်မျှောလိုက်တာတွေကြောင့် သူတို့ဟာ ဘဝတခုလုံးစာ အလျော်အစားကြီးကြီး ထိုးဆပ်လိုက်တာပါ။ တကယ်တော့ မတန်ဘူးနော်။

ဘဝဆိုတာ ရသမျိုးစုံရှိတယ်။ ဒီရသမျိုးစုံကြောင့်လည်း ခံစားချက်အမျိုးမျိုးကို ခံစားနေရတာ။ အပျော်ချည်းပဲလိုချင်လို့မရဘူး။ အကောင်းချည်းပဲဖြစ်ချင်လို့မရဘူး။ နည်းတာ ၊ များတာသာ ကွာပေမယ့် အကောင်းအဆိုးကတော့ ဒွန်တွဲနေမှာပါပဲ။ ပြီးပြည့်စုံသောသူရယ်လို့ မရှိနိုင်ဘူး။ လိုအပ်ချက်တခုခုကတော့ ရှိနေဦးမှာပဲ။ ဒါကိုနားလည်ပေးဖို့လိုတယ်။

အိမ်ထောင်တခုမမြဲရင် အထိအနာဆုံးက မိန်းမသားတွေလို့ဆိုကြတယ် ။ တကယ်အထိအနာဆုံးက ဒီအိမ်ထောင်ထဲ တိုးပွားလာခဲ့တဲ့ သားသမီးတွေပါ။ သူတို့တွေမှာ မိဘတွေလုပ်သမျှ ခံကြရတာပါ။ အမေနဲ့အဖေ မခွဲပါနဲ့ တားလို့လည်း နာခံမယ့်မိဘတွေဆို ကွဲတဲ့အဆင့်မရောက်ဘူးပေါ့။ တအိမ်တည်းအတူနေတဲ့မိဘတွေ မတည့်ရင် ရန်ပွဲတွေရဲ့သက်သေအဖြစ် နေ့စဉ်သူတို့ မြင်တွေ့နားထောင်နေကြရတာ။ ကံမကောင်းတဲ့နေ့မှာ အဖေ ၊ အမေက ကိုယ့်ကိုတဖက်လှည့်မဲတာ ခံကြရသေးတယ်။ သူတို့တွေဟာ ဒီအိမ်ထောင်စုရဲ့ ဓါးစာခံလေးတွေပါ။

မာနချင်းပြိုင်နေတဲ့ အရွယ်ကောင်းမိဘတွေကြောင့် ဘာမှသွေးမတော်တဲ့သူတစ်ဦးကို အဖေ ၊ အမေ မခေါ်ချင်ဘဲ ခေါ်ရတဲ့အနေအထားတွေလည်း ကြုံရနိုင်တယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်တည်နိုင်သေးသရွေ့ နာနေတဲ့ခံစားချက်တွေနဲ့ မျက်ရည်အဖော်ပြုရတဲ့ရက်တွေကို ဒီကလေး ဖြတ်သန်းရဦးမယ်။

ဒီလိုဆို မှားယွင်းစွာထူထောင်ပြီး လမ်းခွဲသွားခဲ့တဲ့ အိမ်ထောင်ရေးအတွက် အလျော်အစားပေးလိုက်ရတာ ကိုယ်တွေခံစားချက်တွေတင်မက ၊ ရှေ့ဆက်ရမယ့်ဘဝတခုလုံး ၊ ကိုယ်တွေရဲ့ဂုဏ်သိက္ခာတွေတင်မက ကိုယ့်မျိုးဆက်ရဲ့ ခံစားချက် ၊ မျက်ရည်နဲ့ မနက်ဖန်တွေဆိုတာ ကြိုတွေးမိခဲ့မယ်ဆို အသေအချာ အပြန်အလှန်သုံးသပ်ပြီးမှ အိမ်ထောင်ထူကောင်းရဲ့လေ။

တည်ထောင်ပြီးသားအိမ်ထောင်တခုဟာ အမြတ်အစွန်းမရှိရင်နေမယ် ၊ အမြတ်အစွန်းနည်းရင်လည်းနည်းမယ်။ ဒါပေမယ့် ကိုယ်တွေခံစားချက်တွေတင်မက ၊ ရှေ့ဆက်ရမယ့်ဘဝတခုလုံး ၊ ကိုယ်တွေရဲ့ဂုဏ်သိက္ခာတွေတင်မက ကိုယ့်မျိုးဆက်ရဲ့ ခံစားချက် ၊ မျက်ရည်နဲ့ မနက်ဖန်တွေကို အလျော်အစားအဖြစ် ပေးဆပ်လိုက်ရတဲ့ အိမ်ထောင်တခုမဖြစ်ဖို့တော့လိုတယ်လေ။

ရတု (Burmesehearts.com)

]]>
http://www.burmesehearts.com/%e1%80%a1%e1%80%b1%e1%80%9c%e1%80%ba%e1%80%ac%e1%80%b9%e1%80%a1%e1%80%85%e1%80%ac%e1%80%b8%e1%82%80%e1%80%80%e1%80%ae%e1%80%b8%e1%80%90%e1%80%b2%e1%80%b7%e1%80%a1%e1%80%ad%e1%80%99%e1%80%b9%e1%80%b1/feed/ 0