Welcome, visitor! [ Register | Loginrss  | tw

ပထမဆုံးအကြိမ် တနိုင်ငံလုံးသို့ဖြန့်ချီမည့် ကချင်-မြန်မာ DVD ဇတ်ကား

| အထွေထွေ | September 2, 2011

FacebookGoogle+LinkedInTwitterPinterestShare

ကချင်နှင့်မြန်မာ သရုပ်ဆောင်များ ပူးတွဲ ရိုက်ကူးထားသည့် ကချင်- မြန်မာ ဒီဗီဒီဇာတ်ကားများကို ပထမ ဆုံးအကြိမ်အဖြစ် တစ်နိုင်ငံလုံးသို့ ဖြန့်ချိသွားမည်ဟု သိရှိရပါသည်။

ယင်းဇာတ်ကားများကို ယခင်က ကချင်ပြည်နယ်နှင့် ရှမ်းပြည် မြောက်ပိုင်း ဒေသများတွင်သာ ဖြန့်ချိခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြန့်ချိသည့် ကချင်-မြန်မာ ဇာတ်ကားများအနက် ‘အသည်းကွဲဝိညာဉ်’  ဇာတ်ကားကို  Lucky Boss ထုတ် လုပ်ရေးမှ စတင်ဖြန့်ချိမည်ဖြစ်သည်။

‘အသည်းကွဲဝိညာဉ်’ ကချင်-မြန်မာ ဒီဗီဒီဇာတ်ကားသည် အချစ်၊ ဟာသတို့ ပေါင်းစပ်ထားသည့် ဇာတ်လမ်းဖြစ်ပြီး ကချင်စကားပြောနှင့် ရှမ်းစကားပြော ဇာတ်ဝင်ခန်းများ ပါဝင်မည်ဖြစ်ပြီး ယင်းဇာတ်ဝင်ခန်းများ တွင် မြန်မာစာတန်းထိုး ပြသသွားမည် ဖြစ်သည်။

ဒါရိုက်တာထူးသာ ရိုက်ကူးသည့် ‘အသည်းကွဲဝိညာဉ်’ ဇာတ်ကားတွင် J-Z ဒေါင်လွဏ်း၊ စိုင်းလိတ်၊ နန်းဆုရတီစိုး၊ အောန်ဆိုင်း၊ ကင်းကောင်၊ ခင်လှိုင်တို့နှင့်အတူ ဦးသာကော၊ ဏမ်ဆူဇော်လီ၊ စိုင်းကျော်ဟန်စသည့် ကချင်သရုပ်ဆောင်များ ပါဝင် သရုပ်ဆောင်ထားကြောင်း သိရသည်။

ယင်းဇာတ်ကားကို၂၀၁၁ ခုနှစ်၊ စက်တင်ဘာလဆန်းတွင် စတင်ဖြန့် ချိမည်ဖြစ်ပြီး ‘အစ်ကိုကြီးဆိုသည်မှာ’၊ ‘ပင်လယ်နတ်သမီး’ စသည့် ကချင်-မြန်မာကားများကို ဆက်လက်ဖြန့်ချိ သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းအပြည့်အစုံဖတ်လိုပါက

news-eleven.com

ပုံရိပ်(burmesehearts.com)

(Visited 144 times, 1 visits today)

No Tags

  

Popular Posts

Welcome to BurmeseHearts.com




Forgot?
Register

Social ID များဖြင့် Login ပြုလုပ်ခြင်း

Facebook Friends

Recent Posts

Videos

Read previous post:
လွှတ်တော်အစည်းအဝေး အဋ္ဌမနေ့မှ အမေးအဖြေများ

၂၀၁၁ ခုနှစ် သြဂုတ်လ ၃၁ ရက် နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အ...

လွှတ်တော်အစည်းအဝေး အဋ္ဌမနေ့တွင် တရုတ်အစိုးရပိုင် CCTVရုပ်သံမှ သတင်းယူ

၂၀၁၁ခုနှစ် သြဂုတ်လ ၃၁ ရက် နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ် တော်...

Close